← Chapters

တောင်ဝင်တံဆိပ်....

Vol. 43 Ch. 598

တောင်ဝင်တံဆိပ်....

Vol. 43 Ch. 598

လီလော့သည် ဒုကျောင်းအုပ်စုရှင်း၏ စကားကို ကြိုတင်မျှော်လင့်ခဲ့သော်လည်း စိတ်ပျက်မိသည် ။ ကြယ်တာယာခရီးရှည်ကောလိပ်သည် ထူးထူးခြားခြား ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့သော်လည်း ကျောင်းသားတစ်ဦးအတွက်နှင့် မရေမတွက်နိုင်သော နှစ်များအတွင်း တည်ဆောက်ခဲ့သော ကြားနေရေး ရပ်တည်ချက်ကို ရိုးရှင်းစွာ မဖယ်ရှားနိုင်ခဲ့ပေ။

" ဟူးးး ဒါဆို ကောလိပ်ရဲ့ အရည်အချင်းအရှိဆုံး ကျောင်းသားနှစ်ယောက်ဟာ နှစ်လလောက်ကြာမှ ကမ္ဘာကြီးရဲ့ မျက်နှာစာကနေ ပျောက်ကွယ်သွားလိမ့်မယ်လို့ ကျွန်တော်ထင်တယ်..."

လီလော့က စိတ်ပျက်အားငယ်နေသည့်ပုံဖြင့် သက်ပြင်းချလိုက်သည်။

ဒုကျောင်းအုပ်စုရှင်းသည် ပီပီပြင်ပြင်လွမ်းဆွေးပြနေသော လူငယ်ကို စိုက်ကြည့်နေသည့်တိုင် သနားစရာ ခံစားချက်ကို မခံစားနိုင်ပေ။

"အဲ့လောက်ကြီးကံဆိုးစရာအကြောင်းမရှိဘူး.... လော့လန်အိမ်တော်ကို ခွေးအတစ်အုပ်က မက်မောနေနိုင်ပေမယ့် လီတိုင်ရွှမ်နဲ့တန်တိုင်လန်တို့က ဒီဖြစ်ရပ်အတွက် ကြိုတင်ပြင်ဆင်မှုမျိုး မထားခဲ့ဘူးလို့တော့လာမပြောနဲ့..... 'တကယ်ကို ထိန်းထားလို့မရလောက်အောင် အန္တရာယ်ရှိနေပါစေ ကျန်းချင်းအာနဲ့မင်းသာ ကောလိပ်ထဲရောက်နေရင် ရှပြည်ထောင်စုမှာ ဘယ်သူမှ မင်းတို့ကို မထိခိုက်စေနိုင်ဘူးလို့ ငါ အာမခံတယ်.... “

ကောလိပ်သည် ဘက်မလိုက်နိုင်သော်လည်း လီလော့နှင့်ကျန်းချင်းအာတို့သည် ထူးထူးခြားခြား ကျောင်းသားများ ဖြစ်နေဆဲဖြစ်သည်။ ဤအထောက်အထားကို သူတို့ဆက်လက်ထိန်းသိမ်းထားသရွေ့ ကောလိပ်သည် ၎င်းတို့အား အဆုံးမရှိသော အကာအကွယ်ပေးမည်ဖြစ်သည်။

လက်တွေ့ကျကျပြောရလျှင် ကောလိပ်သည် မည်သည့်ကျောင်းသားကိုမျှ ဤကဲ့သို့ ကာကွယ်မပေးဘူးပေ။ သို့သော်လည်း လီလော့ နှင့်ကျန်းချင်းအာတို့သည် ၎င်းတို့၏ တန်ဖိုးနှင့် အလားအလာကို သက်သေပြခဲ့သဖြင့် ပေးဆပ်ရကျိုးနပ့ယ်မည်သာ...

"လော့လန်အိမ်တော်ကို ကျွန်တော့်မိဘတွေ သွေး၊ ချွေးရင်းပြီးတည်ထောင်ခဲ့တာ ...ကျွန်တော့်လက်ထဲမှာ ဖုန်မှုန့်တွေလို ပြိုကျသွားရင် ရှက်စရာကောင်းတယ်..... ကျွန်တော်က ဝတ္တရားမကျေတဲ့သားမိုက်ပါ...." လီလော့ သက်ပြင်းချလိုက်သည်။

"အသက်ရှင်နေသ၍ မျှော်လင့်ချက်ရှိသေးတယ်.... လီတိုင်ရွှမ်နဲ့တန်တိုင်လန်

ပျောက်ကွယ်သွားပြီး သူတို့ရဲ့ တည်နေရာနဲ့ အဆင့်အတန်းကို မသိရပေမယ့် အနာဂတ်မှာ သူတို့ပြန်လာတော့မှာ မဟုတ်ဘူးဆိုတာ ဘယ်သူမှ အသေအချာ မပြောနိုင်ဘူး.... ဒါ့အပြင် မင်းနဲ့ ကျန်းချင်းအာတို့ရဲ့ အလားအလာနဲ့ အရည်အချင်းတွေက သူတို့ထက်မလျော့ဘူး... မြို့စားအဆင့်ရောက်ဖို့ မင်းတို့ နှစ်ယောက်အတွက် အချိန်တစ်ခုပဲလိုတယ်.... အဲဒါပြီးသွားရင်တော့ မင်းတို့နှစ်ယောက်အတွက် လော့လန်အိမ်တော်ကို ပြန်လည်တည်ဆောက်ပြီး ကလဲ့စားချေဖို့ သိပ်ခက်တော့မှာ မဟုတ်တော့ဘူး.... ရှပြည်ထောင်စုမှာ ဘယ်သူ မင်းတို့ကို တားနိုင်မလဲ အဆုံးထိ ခါးခါးသီးသီး ရုန်းကန်နေစရာ မလိုပါဘူး..... နောက်ကို ခြေတစ်လှမ်းဆုတ်ပြီး အနာဂတ်မှာ ပိုကောင်းတဲ့ အောင်မြင်မှုတွေအတွက် ပစ္စုပ္ပန်မှာ စွန့်လွှတ်သင့်ရင်စွန့်လွှတ်နိုင်ရမယ်.... ရိုးရိုးသားသားပြောရရင် လော့လန်အိမ်တော် ပိုင်ဆိုင်တဲ့ လုပ်ငန်းတွေက သိပ်မသေးပေမယ့်၊ မင်းနဲ့ ကျန်းချင်းအာ တို့က ဒါတွေ သိပ်ဂရုစိုက်နေစရာ မလိုဘူး.... မင်းမှာသာခွန်အားနဲ့ စစ်မှန်တဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထားသရွေ့ အဲဒါတွေကသာ လော့လန်အိမ်တော်အတွက် တကယ်ကို အရေးပါတဲ့ အရာပဲ"

အခြေအနေကို စိတ်ရှည်ရှည်နဲ့ ရှင်းပြတဲ့အတွက် စုရှင်းရဲ့ လီလော့အတွက် ဂရုစိုက်မှုနဲ့ စိုးရိမ်မှုဟာ ထင်ရှားပေါ်လွင်နေသည်။ ဘဝကို ဇွတ်အတင်းချည်နှောင်ခြင်းသည် သူတို့ရွေးချယ်နိုင်သည့် တစ်ခုတည်းသော မိုက်မဲသော ဆုံးဖြတ်ချက်ဖြစ်သည်။

လီလော့ ခေါင်းညိတ်ပြီး ပြုံးလိုက်သည်။

“ဒုကျောင်းအုပ်...စိတ်ချပါ...ကျွန်တော်ကညမဆင်မခြင် အုတ်နံရံကို ခေါင်းနဲ့ပြေးတိုက်မယ့် လူစားမျိုးမဟုတ်ပါဘူး.... အခြေအနေ ပိုဆိုးလာရင် စွန့်လွှတ်သင့်တာစွန့်လွှတ်မှာပါ...အဲ့မတိုင်ခင်ထိတော့ ကာကွယ်နိုင်သလောက်ကာကွယ်ဖို့ကြိုးစားမှာပါ...."

စုရှင်း သက်ပြင်းတစ်ချက်ချလိုက်ပြီး...

"မင်း ကောလိပ်နယ်မြေထဲကို ဝင်နိုင်သရွေ့တော့ တော်ဝင်တရားရုံးက မင်းကို လက်လွှတ်ဖို့ အတင်းအကြပ် ဖိအားပေးနိုင်မှာမဟုတ်ဘူး.... ဒီလိုအခြေအနေမျိုးမှာ လော့လန်အိမ်တော် မရှိတော့တဲ့အတွက် အကာအကွယ်ပေးရမယ့် ပြဿနာရှိမှာမဟုတ်ဘူး။ မင်းရဲ့ ပြိုင်ဘက်တွေက အမြစ်တွေကို ဖယ်ချင်ရင်တောင်မှ မလုပ်နိုင်ဘူးဆိုတာကို သူတို့ သဘောပေါက်မှာပါ.... သူတို့က ငါတို့ကို လျစ်လျူရှုပြီး ရှေ့ဆက်တိုးမယ်ဆို ကျောင်းမှန်းကန်မှန်းသိသွားစေရမယ်....."

ယခုချိန်တွင် သူမ၏ နူးညံ့နွေးထွေးသော အပြုံးနှင့် ဆန့်ကျင်ဘက် အေးစက်ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်ကို သူမထံမှ ခံစားနိုင်သည်။

ကျန်းချင်းအာနှင့်လီလော့တို့သည် သူမ စိတ်ကူးယဉ်ခဲ့သော ပျိုးပင်ကောင်း နှစ်ပင် ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် ကောလိပ်အတွက် များစွာ အထောက်အကူ ပြုခဲ့သည်။ ကံမကောင်းစွာပဲ၊ ကျောင်း၏ကြားနေသဘောထားနှင့် သူမကိုယ်စားပြုသည့်အရာကြောင့် လွန်ဆန်နိုင်ဖို့မဖြစ်နိုင်ပေ။ မဟုတ်ပါက၊ တောင်းဆိုချက်ကို သူမ တတ်နိုင်သလောက်ဖြည့်ဆည်းပေးလိမ့်မည်မှာ သေချာပါသည်။

ဤသည်မှာ ၎င်းတို့အတွက် ရင်းနှီးမြှုပ်နှံမှုပုံစံတစ်ခုလည်းဖြစ်သည်။ ဤကျောင်းသားနှစ်ဦးစလုံးသည် တပြိုင်နက် ထူးခြားသောတန်ဖိုးကို ကိုင်စွဲထားကြသည်။

"ဒါဆို အခုကတည်းက လေးလေးနက်နက် ကျေးဇူးတင်ထားနှင့်ပါ့မာ်..."

လီလော့က သူ့အား ကျေးဇူးတင်ကြောင်း ရိုးရိုးသားသား ဖော်ပြခဲ့သည်။ ဤသည်မှာ ဒုတိယကျောင်းအုပ်စုရှင်းက ကူညီပေးနိုင်သည့်အတိုင်းအတာဖြစ်ကြောင်း သူနားလည်ခဲ့သည်။ ဤကြားနေရေးစည်းမျဥ်းများကို ဗဟိုကျောင်းသားသမ္မဂ္ဂမှ ချမှတ်ထားသောကြောင့် ဖောက်ဖျက်ဖို့မဖြစ်နိုင်ပေ။

ဗဟိုကျောင်းသားသမ္မဂ္ဂသည် မြင့်မားပြီး ဝေးကွာသော အယူအဆတစ်ခု ဖြစ်နိုင်သော်လည်း ၎င်းတို့တွင် လိုက်နာမှု ရှိစေရန်အတွက် နည်းလမ်းများစွာရှိသည်။ ဥပမာအားဖြင့်၊ ၎င်းတို့သည် ကောလိပ်တစ်ခုသို့ ပေးထားသည့် ကျင့်ကြံမှုအရင်းအမြစ်များကို လျှော့ချလိုက်လျှင် ကျောင်းသားအားလုံးအတွက် ကြီးမားသော ဂယက်ရိုက်ခတ်မှုများ ဖြစ်စေနိုင်သည်။

ထို့ကြောင့် လီလော့ သူမ၏ ဆုံးဖြတ်ချက်ကို စိတ်မဆိုးခဲ့ပေ။

တကယ်တော့ ကောလိပ်က သူတို့ကို ကောင်းကောင်း ဆက်ဆံတယ်လို့ပင် ပြောလို့ရသည်။အထူးသဖြင့် ကျန်းချင်းအာရဲ့ အခြေအနေကို သုံးသပ်ကြည့်မယ်ဆိုရင်..... သူမသည် အသက်ငယ်ငယ်ကတည်းက အဆင့်ကိုးအလင်းပဲ့တင်ထပ်သံအသုံးပြုသူအဖြစ် သတ်မှတ်ခံခဲ့ရပြီး အဆုံးမရှိသော အလားအလာကို ပိုင်ဆိုင်ထားသည်။ ရလဒ်အနေဖြင့် သူမသည် လော့လန်အိမ်တော်၏ ရန်သူများ၏ မရေမတွက်နိုင်သော ပရိယာယ်များကို ခံစားကြုံတွေ့ခဲ့ရသည်။ ကျောင်းက လုံခြုံတဲ့ ခိုကိုးရာကို ထောက်ပံ့ပေးပြီး သူမကို စနစ်တကျ အကာအကွယ်မပေးဘူးဆိုရင် မြို့စားအဆင့်ကျွမ်းကျင်သူတောင်မှ သူမကို ဖယ်ရှားဖို့ ပေါ်လာနိုင်သည်။

ဒုကျောင်းအုပ်စုရှင်း က သူမရဲ့ ရည်ရွယ်ချက်တွေကို ရှင်းလင်းပြောပြခဲ့ပါသည်။ ကောလိပ်သည် လော့လန်အိမ်တော်ကို မကာကွယ်နိုင်သော်လည်း ၎င်းတို့နှစ်ဦး အန္တရာယ်ရှိလျှင် ၎င်းတို့၏လုံခြုံရေးကို အာမခံပေးမည်ဖြစ်သည်။ ဤသည်မှာ သူတို့အတွက် လွတ်မြောက်ရာလမ်း၊ ရှင်သန်ခြင်း၏ နောက်ထပ်လမ်းဖြစ်သည်။

မည်သည့်အကျိုးအမြတ်ကိုမဆို တွန်းအားပေးခြင်းသည် ဒုတိယကျောင်းအုပ်၏ ကျေးဇူးကို ထိပါးစေပြီး ၎င်းတို့ကြားရှိ လက်ရှိဆက်ဆံရေးကို ပျက်စီးစေမည်ဖြစ်သည်။

ဒုကျောင်းအုပ် စုရှင်းသည် ဤစကားဝိုင်း ပြီးဆုံးတော့မည်ကို ညွှန်ပြရန် သူမ၏လက်ကို လီလော့ဆီသို့ ဝှေ့ယမ်းလိုက်သည်။ ထို့နောက် သူမလက်ကောက်ဝတ်ရှိ အိတ်ကပ်စက်လုံးကို ပွတ်ဆွဲလိုက်သည်နှင့် သူမ၏လက်ထဲတွင် အစိမ်းရောင်စာလိပ်တစ်ခု ပေါ်လာသည်။

ထိုစာလိပ်ကို သန်မာသော ဝိညာဉ်သားရဲ၏ သားရေဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။၎င်းပေါ်တွင် လျှို့ဝှက်ဆန်းကြယ်ပြီး စွဲမက်ဖွယ်ကောင်းသော အလင်းတန်းများ ထွင်းထုထားသည်ကို မြင်တွေ့နိုင်ပြီး၊အလင်းတန်း အဆက်မပြတ် ဖြတ်သန်းစီးဆင်းနေပြီး အရာဝတ္တုကို အသက်ဝင်စေမည့်ပုံပေါ်သည်။

ပို၍အရေးကြီးသည်မှာ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ ၎င်းမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

ဒုကျောင်းအုပ်စုရှင်းက လက်ညှိုးညွှန်လိုက်သည့်အခါ လီလော့၏ မျက်လုံးများရှေ့တွင် အစိမ်းရောင်စာလိပ်အတွင်းမှ တစ်ဟုန်ထိုးထွက်ပေါ်လာသောအလင်းတန်းများပေါ်ထွက်လာသည်။ တောက်ပမှုအတွင်းတွင် အစိမ်းရောင်အမွေးအတောင်များသည် စွမ်းအင်၏ရုပ်သဏ္ဍာန်ဖြစ်လာပုံရသည်။

"ဒါဘာလဲ?" လီလော့က စိတ်ဝင်တစား မေးသည်။

"ဒါက တကယ်ကို ထူးခြားတဲ့ ကျောင်းသားအတွက် ဗဟိုကျောင်းသားသမ္မဂ္ဂကပေးတဲ့ နောက်ထပ်ဆုတစ်ခုပါပဲ....တော်ဝင်တံဆိပ်ဆိုတာကို မင်းကြားဖူးမှာပါ။ ဒါဟာ သာမန်ထက်ထူးခြားတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတဲ့ လောင်စာအဖြစ် မြို့စားအဆင့်ကျွမ်းကျင်သူတွေက ဖန်တီးထားတဲ့ အရာတစ်ခုပါ... မင်းရှေ့က စာလိပ်ထဲမှာ ပုံရိပ်ယောင်တောင်ပံရှောင်တိမ်းခြင်း ပါတယ်....အဲ့တာကတတိယအဆင့်တော်ဝင်တံဆိပ်ပညာရပ်ဖြစ်ပြီး ပညာရပ်အဖွဲ့ချုပ်က ပံ့ပိုးပေးထားတဲ့ အရည်အသွေးအမြင့်မားဆုံး အလယ်အလတ်တန်းသား တော်ဝင်တံဆိပ်....သူ့ရဲ့လုပ်ဆောင်ချက်က ရိုးရှင်းပါတယ်....အလင်းတစ်ဖျပ်တစ်ဖျပ်ကြားကနေ လွတ်မြောက်နိုင်စေမယ့် ကိုယ်ပွားတစ်ခုကို ဖန်တီးပေးနိုင်တယ်.....ဒီတံဆိပ်က ရန်သူကိုအာရုံများစေပြီး လွတ်လမ်းဖန်တီးပေးနိုင်တာမို့ မြို့စားအဆင့်တွေတောင်ဖမ်းမမိနိုင်ဘူး....."

လီလော့ ဒါကိုကြားတော့ ရယ်ရမလား ငိုရမလားမသိတော့ပေ။ ဒုကျောင်းအုပ်စုရှင်း က သူ့အတွက် အရမ်းဂရုစိုက်ပုံရသည်။ ပေးသောဆုသည်ပင်လျှင် ထိုးစစ် သို့မဟုတ် ခံစစ်စွမ်းရည်မရှိဘဲ လွတ်မြောက်ရန်ဖြစ်သည်...

သို့သော်၊ တစ်ချက်စဉ်းစားကြည့်လျှင် ... သာမန်မြို့စားတစ်ဦးပင် ဖမ်းမမိနိုင်သော ပညာရပ်တစ်ခုဖြစ်သည်... ထိုအရာသည် အမှန်တကယ်ပင် စိတ်လှုပ်ရှားဖွယ်ကောင်းသော အဆိုပြုချက်တစ်ခုဖြစ်သည်။

ဒါက သူ့အတွက် လုံလောက်တဲ့ အကာအကွယ်ဖြစ်မှာ သေချာပါတယ်။

ထို့ကြောင့် ဒုကျောင်းအုပ်စုရှင်း၏ ရည်ရွယ်ချက်ကောင်းများကို ငြင်းပယ်ရန် မရွေးချယ်ခဲ့ပေ။

"တော်ဝင်တံဆိပ်ကို အသက်သွင်းဖို့ လိုအပ်နေသေးတယ်...ဒါ့ကြောင့် နည်းပြချီချန်းကိုရှာပြီး သူ့အကူအညီကိုယူလိုက်ပါ"

လောဘတကြီး စာလိပ်ကို လီလော့ လုယူလိုက်သည်။

"နောက်ပြီး ပြိုင်ပွဲမှာ အမှတ် 120,000 ရခဲ့တယ်မလား...."

လီလော့က အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ ပြိုင်ပွဲတွင် ရရှိသော အမှတ်များကို ကျောင်းတွင်းရမှတ်များအဖြစ်သို့ ပြောင်းလဲနိုင်သည်၊ ဆိုလိုသည်မှာ ယခုအခါ သူသည် ကြီးမားသော စည်းစိမ်ဥစ္စာများကို ပိုင်ဆိုင်ထားပြီဖြစ်သည်။ ဤအရာအားလုံးကို ကျင့်ကြံမှုအရင်းအမြစ်အဖြစ်သို့ ပြောင်းလဲနိုင်သည်။

"ဒါက တကယ်ကို ကြောက်စရာကောင်းတဲ့ ပမာဏတစ်ခုပဲ...."

ဒုကျောင်းအုပ် စုရှင်းပင်လျှင် နာကျင်ခြင်းအတွက် လျော်ကြေးပေးရမည်ဟု တွေးကာ ပြုံးရုံသာ ပြုံးကာ အဆုံးတွင် သက်ပြင်းအနည်းငယ် ချလိုက်မိသည်။

"ဒါဆို လီလော့... မင်း မြို့စားအဆင့်ပညာရပ်ကို စိတ်ဝင်စားလား..."

လီလော့၏ မျက်လုံးများ ပန်းကန်ပြားများကဲ့သို့ ကျယ်လာပြီး ဝမ်းသာအားရ မျှော်လင့်ရင်း သူ့မျက်လုံးထောင့်မှ မျက်ရည်တစ်စက် ကျဆင်းလာသည်။

All Chapters