← Chapters

စိတ်ဝိဉာဉ်အဆင့်တက်သည့်အခါ ကံကြမ္မာနှင့်ရုပ်ခန္ဓာကန့်သတ်မှုများကိုလွန်မြောက်သွားသည်......

Vol. 43 Ch. 599

စိတ်ဝိဉာဉ်အဆင့်တက်သည့်အခါ ကံကြမ္မာနှင့်ရုပ်ခန္ဓာကန့်သတ်မှုများကိုလွန်မြောက်သွားသည်......

Vol. 43 Ch. 599

လီလော့၏ လက်ရှိအသွင်အပြင်ကြောင့် စုရှင်း မနေနိုင်ဘဲရယ်ချလိုက်မိသည်။

"မင်းရဲ့အိမ်မှာ မြို့စားနှစ်ယောက်ရှိတယ်....လီတိုင်ရွှမ်နဲ့တန်တိုင်လန်တို့က မြို့စားအဆင့်ပညာရပ်တွေ မထားခဲ့ဘူးလို့တော့ လာမပြောနဲ့...."

သာမာန်ကျောင်းသားအတွက် မြို့စားအဆင့်ပညာရပ်သည် ဝေးကွာ၍ လက်လှမ်းမမှီသောအရာများဖြစ်သည်။ တစ်ခုချင်းစီကိုကျွမ်းကျင်ပညာရှင်များကသာ ပိုင်ဆိုင်ကြပြီး ၎င်းတို့၏တန်ဖိုးကို တွက်ချက်၍မရနိုင်ပေ။ ပြီးနောက် ရှပြည်ထောင်စုတစ်ခုလုံးတွင် မြို့စားအများအပြားရှိခဲ့သည်။

လီလော့မှာလည်း မြို့စားအဆင့် မိဘနှစ်ပါးရှိတာကြောင့် ခြွင်းချက်မရှိသင့်ပေ။

"ကျွန်တော့်မိဘတွေက မြို့စားအဆင့်ပညာရပ်တချို့ကို ချန်ထားခဲ့ပေမဲ့ ဒါတွေက ကျွန်တော်နားမလည်နိုင်တဲ့ အရာတွေပါ..."

လော့လန်အိမ်တော်စာကြည့်တိုက်၏ အနက်ရှိုင်းဆုံးတွင် လီတိုင်ရွှမ်နှင့်တန်တိုင်လန် တို့၏ ချန်ရစ်ခဲ့သော မြို့စားအဆင့်ပညာရပ်နှစ်ခုရှိသည်။ ၎င်းတို့သည် လော့လန်အိမ်တော်၏အခြေခံအုတ်မြစ်ဖြစ်သည်။ သို့သော်လည်း လီလော့ ပြောခဲ့သည့်အတိုင်း အဆိုပါ မြို့စားအဆင့်ပညာရပ်နှစ်ခုသည် အဆင့်အတန်းမြင့်မားပြီး သုံးစွဲဖို့ မြင့်မားသော လိုအပ်ချက်တစ်ခု ရှိနေသောကြောင့် ၎င်းတို့သည် ယခုအချိန်တွင် သူ့အတွက် မသင့်လျော်သေးပေ။

ရှန့်ပိန်းတွေ့ဆုံပွဲ တွင် လန်လန်အသုံးပြုသော မင်ဘုရင်ကျမ်းစာ၏ အကြမ်းဖျင်းစွမ်းရည်များကို သူတွေ့မြင်ခဲ့သည်။ ထို့ကြောင့် ယခုအခါ သူသည် သူ့ကိုယ်ပိုင်ဟု ခေါ်နိုင်သော မြို့စားအဆင့်ပညာရပ်ကို အလွန်စိတ်ဝင်စားပြီး တောင့်တနေပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင် မြို့စားအဆင့်ပညာရပ် ၏လိုအပ်ချက်များက ဟာသမဟုတ်ကြောင်း သူနားလည်ခဲ့သည်။ လက်ရှိ သူ့ အနေနဲ့အလှမ်းကွာဝေးနေဆဲပင်....

လန်လန်သည် ထိုပညာရပ်ကိုမလေ့ကျင့်မီ ကောင်းကင်ပုလဲအဆင့် ခွန်အားကို ရယူခဲ့ရသည်။ ဒါဟာ အရည်အချင်းနဲ့ အခွင့်အလမ်း နှစ်ခုလုံးရှိနေရမည့် အဓိပ္ပါယ်ပင်......

နိမ့်ပါးသော ဆရာသခင်အဆင့်လောက်ဖြင့် လန်လန်ကို အတုမခိုးနိုင်ပေ။

စွန်းတရှန်သည် မြို့စားအဆင့်ပညာရပ်ကိုလည်း ပိုင်ဆိုင်ထားသော်လည်း ၎င်းမှာ မပြည့်စုံချေ။ ၎င်း၏ စွမ်းအားသည် ပြီးပြည့်စုံသော အခြေအနေနှင့် ဝေးကွာသောကြောင့် လီလော့ ၎င်းကို စိတ်မဝင်စားပေ။

သူတကယ်လိုချင်ခဲ့တာက ပြီးပြည့်စုံပြီး သင့်လျော်တဲ့ မြို့စားအဆင့်ပညာရပ် တစ်ခုပါ......

ဒုတိယကျောင်းအုပ်စုရှင်း ထုတ်ပြောရန် အစပြုခဲ့သည့်အချက်မှာ အရင်းခံအကြောင်းရင်းတစ်ခု ရှိနေသည်ဟု ဆိုသည်။ သူ့အတွက် ပြီးပြည့်စုံမယ့် အရာတစ်ခု ရှိကောင်းရှိနိုင်မလား။ ဒီအတွေးတွေက လီလော့ကို ရင်ခုန်စိတ်လှုပ်ရှားစေခဲ့ပါသည်။

ဒုကျောင်းအုပ်စုရှင်းက.....

"ခပ်မိုက်မိုက် ဆရာသခင်အဆင့်တောင်မှ ခမ်းနားတဲ့ မြို့စားအဆင့်ပညာရပ် ကို စိတ်ဝင်စားတယ်ပေါ့.... မင်းကိုယ်မင်း အလှမ်းကျယ်လွန်းနေတယ် မထင်မိဘူးလား... နဂါးအဆင့်ပညာရပ်ကိုတောင် မကျွမ်းကျင်နိုင်သေးဘူးမလား....."

"အဲလိုလုပ်ဖို့ အချိန်မလုံလောက်ခဲ့လို့ပါ... ! ဒါ့အပြင် ရွေးချယ်စရာတွေက နည်းသေးတယ်! အပြန်အလှန်အားဖြင့် ဆရာသခင်အဆင့်လောက်နဲ့ နားလည်ပြီး လေ့ကျင့်နိုင်တဲ့ မြို့စားအဆင့်ပညာရပ် တကယ်ရှိခဲ့ရင် ရှာတွေ့ဖို့ ခက်မှာဘဲ...အကယ်၍ အဲ့လိုမျိုး ကျင့်ကြံရေးလောကရဲ့ဒီလောက်ကောင်းတဲ့အခွင့်အရေးကို ဘာလို့စွန့်လွှတ်ရမှာလဲ?...." ဟု အကြွင်းမဲ့စိတ်အားထက်သန်စွာတိုက်တွန်းခဲ့သည်။

ဒုကျောင်းအုပ်စုရှင်းက ပြုံးလိုက်ပြီး.... "//စိတ်ဝိဉာဉ်အဆင့်တက်သည့်အခါ ကံကြမ္မာနှင့်ရုပ်ခန္ဓာကန့်သတ်မှုများကိုလွန်မြောက်သွားသည်//ဆိုပြီး မြို့စားအဆင့်ပညာရပ်တွေမှာ စကားပုံတစ်ခုရှိတယ်.....အဲ့တာက အမှန်တကယ်တော့ အနိမ့်ဆုံးကနေ အပြင်းထန်ဆုံးအဆင့် မြို့စားအဆင့်ပညာရပ် လေးမျိုးအား ရည်ညွှန်းထားတာပါ.... ပေါင်းစည်းခြင်းအဆင့်..., ဝိဉာဉ်အဆင့်သို့တက်လှမ်းခြင်းအဆင့်...,ကံတရားအဆင့်နဲ့ ရုပ်ခန္ဓာကန့်သတ်ချက်ကိုလွန်မြောက်သောအဆင့်ဆိုပြီး ခေါ်ဝေါ်သတ်မှတ်တာကြောင့် မြို့စားအဆင့်ကျွမ်းကျင်သူတွေက ကောင်းကင်နဲ့မြေပြင်ကစွမ်းအားတွေကိုချေးယူနိုင်တာ...."

"အခု အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ ပေါင်းစည်းခြင်းအဆင့်က မြို့စားအဆင့်အောက်က မည်သူမဆိုနားလည်နိုင်တဲ့အရာဖြစ်တယ်..... အောင်မြင်မှုဆိုတာ အရည်အချင်းနဲ့ ကံကောင်းခြင်းတွေကနေ လာတာပါ....."

လီလော့ ခေါင်းညိတ်လိုက်သည်။ လော့လန်အိမ်တော်တွင် ဝိဉာဉ်အဆင့်မြို့စားပညာရပ်ရှိသောကြောင့် မတူညီသော မြို့စားအဆင့်ပညာရပ်၏ အဆင့်များကို နားလည်ခဲ့ပါသည်။ သာမန် မြို့စားအဆင့်ကျွမ်းကျင်သူပင်လျှင် ဤအဆင့်မျိုး ပိုင်ဆိုင်ရန် ခက်ခဲနိုင်သည်။

လေ့ကျင့်ရန်လိုအပ်ချက်မှာလည်း ပေါင်းစည်းခြင်းအဆင့်ထက် အဆများစွာ မြင့်မားသည်။ ထို့ကြောင့် သူ့လက်ရှိအခြေနေဖြင့် နားလည်ရန် မဖြစ်နိုင်ပေ။

သူ၏ကိုယ်ရေးကိုယ်တာအကဲဖြတ်မှုအပေါ်အခြေခံ၍ သူ၏ခွန်အားသည် ပို၍မြင့်မားလာလျှင်ပင်၊ သူကိုင်တွယ်နိုင်မှုရှိနိုင်သည်မှာ ပေါင်းစည်းခြင်းအဆင့် ဖြစ်သည်။

"မြို့စားအဆင့်ပညာရပ်တွေက နေရာတိုင်းမှာ တွေ့ရလေ့ရှိတဲ့ ဂေါ်ဖီထုပ်တွေမဟုတ်ဘူး....သူတို့တွေက သိပ်တန်ဖိုးကြီးလွန်းတယ်..... ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ နောက်ခံသမိုင်းကြောင်းကို သုံးသပ်ကြည့်ရင်တောင် ရရှိနိုင်တဲ့အရေအတွက်က သိပ်အများကြီးမရှိဘူး...ဒါတွေကို လက်တွေ့အသုံးချဖို့မြင့်မားတဲ့လိုအပ်တွေကိုဖြည့်စည်းနိုင်မှဖြစ်မယ်....ဉပမာ စွန်းတရှန်ကိုပဲကြည့်....သူ့ရဲ့ တဝက်တပျက်မြို့စားအဆင့်ပညာရပ်က သူနဲ့အင်မတန်လိုက်ဖက်တယ်....သူသာ မြေနတ်ဆိုးခန္ဓာအဆင့်ရောက်ရင် အပြည့်ပဝအသုံးပြုနိုင်မှာသေချာတယ်....."

"အမှန်တိုင်းဝန်ခံရမယ်ဆိုရင် မင်းမှာ ထူးခြားတဲ့ အချက်တွေရှိတယ်။ တကယ်တော့ မင်းမှာ တခြားသူတွေထက် အားသာချက်ပိုရှိနိုင်တယ်....ဘာကြောင့်လဲဆိုတာ မင်းသိလား....."

လျင်မြန်သော တွေးခေါ်မှုတစ်ခုက ဖြစ်နိုင်ခြေအရှိဆုံး အဖြေများကို ဖော်ထုတ်ပြသခဲ့သည်။

"ဘာလို့လဲဆိုတော့ ပဲ့တင်ထပ်သံနှစ်ခုကို ကိုင်တွယ်နိုင်လို့လား?"

"အော်...ဒီလိုဆိုတော့လဲ နင်က ငါထင်ထားသလောက်မတုံးဘူးပဲ.... ဟုတ်တယ်... မြို့စားအဆင့်ပညာရပ်တွေက အသုံးပြုသူရဲ့ ပဲ့တင်ထပ်သံနှစ်ခုရဲ့ စွမ်းအားရဲ့ စစ်မှန်တဲ့အမြုတေကို အခြေခံထားတာပါ....ဒါပေမယ့် ဒီနေရာမှာ ငါပြောချင်နေတာက ပဲ့တင်ထပ်သံနှစ်ခုကို စစ်မှန်တဲ့ အသုံးချမှုကိုပြောတာ.... မင်းရဲ့ တပိုင်းတစ အသုံးချမှု မဟုတ်ဘူး"

လီလော့သည် ရုတ်တရတ် အနှိမ်ခံရခြင်းအတွက် အနည်းငယ် အံသြသွားသည်။ မြို့စားအဆင့်ပညာရပ်အကြောင်းပြောနေတာမဟုတ်ဘူးလား။ သူ့ရဲ့ အရည်အချင်းကို ဘာလို့ ဝေဖန်နေတာလဲ. ...ဆရာသခင်အဆင့်က မြို့စားအဆင့်နဲ့ဘယ်လိုယှဉ်လို့ရမှာလဲ....

" ပဲ့တင်ထပ်သံနှစ်ခုရဲ့အသုံးပြုမှု ဘယ်လောက် တိမ်မြုပ်နေပါစေ ဒါက အသုံးဝင်နေဆဲပဲ...ဒါ့ကြောင့် မင်းရွေးချယ်ရမယ့်မြို့စားအဆင့်ပညာရပ်က မင်းရဲ့မွေးရာပါပင်ကိုယ်စွမ်းရည်တွေနဲ့လိုက်ဖက်နေရင် အောင်မြင်ဖို့အခွင့်ရေးပိုများလာမယ်....."

လီလော့၏ အကြည့်များ တောက်ပလာပြန်သည်။အဲ့လိုသာဆို သူ့မှာ ရွေးချယ်စရာတွေ ပိုရှိမှာ သေချာတယ်....

သူသည် ရေနှင့်သစ်သားပဲ့တင်ထပ်သံ နှစ်ခုစလုံးကို ပိုင်ဆိုင်ထားပြီး၊ အကူပဲ့တင်ထပ်သံအဖြစ် အလင်းနဲ့မြေပဲ့တင်ထပ်သံရှိသည်။

"ဒီလိုလုပ်ရအောင်....သုံးရက်လောက်ကြာရင် ပြန်လာခဲ့.... နည်းပြချီချန်းက မင်းကို သိုင်းစာကြည့်တိုက်ရဲ့ ထိပ်တန်းအဆင့်ကို ပို့ဆောင်ပေးလိမ့်မယ်.... အထဲမှာ ကောလိပ်က စုဆောင်းထားတဲ့ မြို့စားအဆင့်ပညာရပ် အားလုံးကို သိမ်းဆည်းထားတာမို့ စိတ်ကြိုက်ရှာဖွေနိူင်တယ်.... သင့်တော်မယ့် ပညာရပ်ကိုရှာတွေ့ဖို့ ဆုတောင်းပေးလိုက်ပါတယ်.....” ဟု ဒုတိယကျောင်းအုပ် စုရှင်းက အကြံပြုသည်။

လီလော့ ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည်။ နောက်ဆုံးတော့ အခွင့်အရေးတစ်ခု ရခဲ့ပြီ.....

"အရင်ဆုံး သေချာညှိနှိုင်းရအောင်... မင်း မြို့စားအဆင့်ပညာရပ်ကို ရွေးပြီး အောင်မြင်အောင် လေ့ကျင့်နိုင်ရင် မင်းရဲ့ အမှတ် 120,000 ကိုပဲ ငါယူထားမယ်.... မင်း မအောင်မြင်ရင် အမှတ် 50,000 ထပ်ပေးရလိမ့်မယ်"

လီလော့ စိတ်ပျက်အားငယ်စွာဖြင့်.....

"ခဏနေပါဉီး... ကျရှုံးခဲ့ရင်တောင် အမှတ် 50,000 ထပ်ပေးရမယ်.... ဒါသက်သက်အနိုင်ကျင့်နေတာမဟုတ်ဘူးလား....."

တုံ့ပြန်မှုကို အပြည့်အ၀မျှော်လင့်ရင်း စုရှင်း က မာနကြီးစွာ တုံ့ပြန်ခဲ့သည်

"အင်း၊ ဒါကလည်း မင်းကို အထူး လေ့ကျင့်ပေးမှာမို့တောင်းရတာပါ... ဒါက ကျောင်းရဲ့ အရန်ငွေတွေကို မလွဲမသွေ လျော့နည်းသွားစေပြီး ဘာအကျိုးအမြတ်မှ မမြင်ရဘူး... အကယ်၍ သာမာန်အားဖြင့် မြို့စားအဆင့်ပညာရပ်ကိုလေ့ကျင့်ပြီး 20%လောက်သာအောင်မြင်စွာထုတ်သုံးနိုင်ပေမယ့် ကောလိပ်ကပေးမယ့်အကူအညီနဲ့ဆို 50% အထိ တက်သွားလိမ့်မယ်...ဒါ့ကြောင့် ပေးသင့်တယ်လို့မထင်ဘူးလား....."

" 50%?"

လီလော့ နောက်ထပ် အံ့အားသင့်မှုတစ်ခုကြောင့် တုန်လှုပ်သွားပြန်သည်။ ဒါက ဘယ်လိုမျိုး အထူးလေ့ကျင့်နည်းလဲ....

"ဒါပေမယ့် လူတစ်ယောက်နဲ့တစ်ယောက် မတူဘူး..." သူမက ဆက်ပြောသည် ။

လီလော့က မျက်မှောင်ကြုတ်လိုက်ပြီး အံတင်းတင်းကြိတ်ကာ....

"ကောင်းပြီ ကျွန်တော် သဘောတူတယ်!"

စျေးနှုန်းကြီးသည်ဟုထင်ရသော်လည်း မြို့စားအဆင့်ပညာရပ် ကိုလေ့ကျင့်ခြင်းသည်သူ့အတွက်တန်ဖိုးရှိစေလိမ့်မည်။ရှန့်ပိန်းတွေ့ဆုံပွဲတွင်ပါဝင်ပြီးနောက် သူ၏လက်ရှိခွန်အားမှာ မလုံလောက်ကြောင်း သေချာနားလည်ခဲ့ရသည်။

အမြီးသုံးချောင်းကောင်းကင်ဘုံဝံပုလွေသည် ပြင်ပခွန်အားမျှသာဖြစ်ပြီး ၎င်း၏ကိုယ်ပိုင်ခွန်အားကို တည်ဆောက်မှသာ ရေရှည်တွင် အဆင်ပြေနိုင်မည်ဖြစ်သည်။

မြို့စားအဆင့်ပညာရပ်သည် အရေးကြီးသော အခိုက်အတန့်တွင် ပေါက်ကွဲစေတတ်သော စွမ်းအားများကို ပေးစွမ်းရန်အတွက် ပြီးပြည့်စုံပါသည်။

ဒုကျောင်းအုပ်စုရှင်းသည် ဤအချိန်တွင် ပို၍ပင် တောက်ပနေပုံရပြီး သူမ လက်ခုပ်တီးကာ....

"လီတိုင်ရွှမ်နဲ့တန်တိုင်လန် တို့ရဲ့သားက မျှော်လင့်ထားတဲ့အတိုင်း တကယ်ရဲရင့်ပါတယ်.... ငါပြောစရာရှိတာအကုန်ပြောပြီးသွားပြီ.... မင်းရဲ့ နည်းပြချီချန်း ကိုရှာပြီး တော်ဝင်တံဆိပ်ကို ကို အသက်သွင်းဖို့အတွက် သူ့အကူအညီကို လက်ခံလိုက်တော့......"

လီလော့က ခေါင်းညိတ်ပြီး ထွက်သွားဖို့ ထရပ်လိုက်သည်။

တံခါးဖွင့်ခါနီးမှာ စုရှင်းရဲ့ အသံထွက်လာပြန်သည်။

"နောက်ဆုံးတစ်ခု သတိပေးလိုက်က်မယ်.... ရွှေနဂါးဘဏ်တိုက်ကို သတိထားဖို့ မမေ့နဲ့.... အထူးသဖြင့် လာမယ့် အိမ်တော်စုဝေးပွဲမှာ....."

လီလော့ တစ်စုံတစ်ခုကို သတိရသွားသလို အနည်းငယ် တွေဝေသွားသည်။ သို့သော်လည်း ဒုကျောင်းအုပ်စုရှင်းကို ဘာမှပြန်မပြောဘဲ လှည့်ထွက်လာခဲ့လိုက်တော့သည်။

All Chapters