← Chapters

ကျော်ကြားမှု....

Vol. 43 Ch. 600

ကျော်ကြားမှု....

Vol. 43 Ch. 600

နည်းပြချီချန်း၏နေထိုင်ရာသို့သွားရာလမ်းတွင် ဒုတိယကျောင်းအုပ်စုရှင်း ၏သတိပေးချက်ကို ဆက်လက်စဉ်းစားခဲ့သည်။

"ရွှေနဂါးဘဏ်ကိုသတိထားရမယ်တဲ့လား....ဒါက ဘာကိုဆိုလိုတာလဲ... ရွှေနဂါးဘဏ်တိုက်ကလည်း လော့လန်အိမ်တော်ရဲ့လျှို့ဝှက်ချက်တွေကို မက်မောနေတာလား....ဒါမှမဟုတ် သူက ဉက္ကဌယုဟုန်ရှီကို တိတိကျကျ ရည်ညွှန်းနေတာ ဖြစ်နိုင်တယ်...."

"အရင်တုန်းက ဆက်ဆံရေးအကြောင်းတွေးကြည့်ရင် ယုဟုန်ရှီက ငါ့အပေါ် ကောင်းကောင်းဆက်ဆံခဲ့သားပဲ...ဒါတွေကလုပ်ဇာတ်တွေဖြစ်နေမလား..."

ဤအကျပ်အတည်းအသစ်အတွက်ဆက်လက်တွေးတောနေချိန်တွင် လီလော့ ၏နဖူးသည် အရေးအကြောင်းများဖြင့် တွန့်သွားသည်။ရွှေနဂါးဘဏ်တိုက်သည် လော့လန်အိမ်တော်ထက် သာလွန်သော နောက်ခံရှိသည့် တိုက်တန်အင်အားစုဖြစ်သည်။ ချမ်းသာကြွယ်ဝမှုနှင့်ပတ်သတ်လျှင ၎င်းတို့ကို ရှပြည်ထောင်စုတွင် မည်သူမျှမယှဉ်နိုင်ပေ။

ယုဟုန်ရှီသည် ရှပြည်ထောင်စုရှိဘဏ်ခွဲ၏ဥက္ကဌဖြစ်သော်လည်း သူမသည် အဖွဲ့အစည်းအတွင်းရှိ အင်အားစုများစွာထဲမှ တစ်ဦးသာဖြစ်သည်။ လော့လန်အိမ်တော် ၏လျှို့ဝှက်ချက်များကိုတပ်မက်သူများထဲမှာအခြားအဖွဲတွေရောပါနေသလား....

အခါနေစိတ်ပူနေလို့လဲ ဘာမှမထူးနိုင်ပေ။ လာမည့်ဘေးပြေးတွေ့လိုက်ဖို့သာရှိတော့သည်။

နောက်ဆုံးတွင် အတွေးများကိုဖယ်ထုတ်ပြ ခေါင်းမော့ကြည့်လိုက်တော့ မရေမတွက်နိုင်သော ကျောင်းသားများက သူ့ကို စိုက်ကြည့်နေကြသည်ကို သဘောပေါက်လိုက်သည်။စီနီယာ ကျောင်းသား အချို့ပင်လျှင်လေးစားမှုဖြင့် သူ့ကို စိုက်ကြည့်နေကြသည်။

ဤသည်မှာ ရှန့်ပိန်းတွေ့ဆုံပွဲကိုအနိုင်ရခြင်း၏ရလဒ်ဖြစ်သည်။

သူသည် အသန်မာဆုံး ကြယ်တစ်ပွင့် ကျောင်းသား၏ ဘွဲ့ကို ရရှိခဲ့ပြီး ၎င်း၏ စွမ်းရည်များကို အကျယ်တဝင့် ပြသနိုင်ခဲ့သည်။ ရောနှောအဆင့်ပြိုင်ပွဲတွင် သူမည်မျှပါဝင်ကူညီခဲ့သည်ကို လူအများမသိကြသော်လည်း အနိုင်ရသောအဖွဲ့၏အဖွဲ့ဝင်တစ်ဦးအနေဖြင့် သူသည် ထူးထူးခြားခြား တစ်စုံတစ်ရာကို လုပ်ဆောင်နိုင်ခဲ့ကြောင်း ၎င်းတို့သိရှိခဲ့ကြသည်။

ထို့ကြောင့်၊ သူသည် ယခုအခါ ကောလိပ်၏ သြဇာရှိသော ပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။

အချို့သောနည်းများဖြင့် သူသည် အမာခံခုနှစ်ဉီး၏ အဆင့်အတန်းကိုပင် ရောက်ရှိခဲ့သည်။

ထို့အပြင် လုံကူရှန့်ပိန်းကိုရရှိထားပြီး အရိပ်လှိုဏ်ဂူကို နှိမ်နှင်းခြင်းဖြင့် လှိုဏ်ဂူအတွင်းမှ ကမ္ဘာခြားသက်ရှိများ၏ အန္တရာယ်သိသိသာသာလျော့နည်းသွားမည်ဖြစ်သည်။ ရလဒ်အနေဖြင့် အသက်မည်မျှကယ်တင်နိုင်မည်နည်း......

ထို့ကြောင့် ကျောင်းသားများသည် သူရဲကောင်း သုံးယောက်အပေါ် လေးလေးနက်နက် ကျေးဇူးတင်နေကြခြင်းပင်.....

မာနမကြီးဘဲ အားလုံးကိုဖော်ရွေစွာပြုံးပြနေသဖြင့် သူ့အား အထင်ကြီးလေးစားနေကြသည်။

ဒါတွေအားလုံးဟာ ရှပြည်ထောင်စုရဲ့ မျိုးဆက်သစ်လူငယ်တွေရဲ့ တောက်ပတဲ့ အရည်အချင်းတွေပါပဲ.... ဘွဲ့ရပြီးသည်နှင့် ၎င်းတို့သည် မလွှဲမရှောင်သာ ရပ်တည်ပြီး ခွန်အားကို လက်ကိုင်ထားသူများ ဖြစ်လာကြမည်ဖြစ်သည်။ ယနေ့ ကောင်းမွန်သောဆက်ဆံရေးတည်ဆောက်ခြင်းသည် လော့လန်အိမ်တော် ၏အနာဂတ်အခြေခံအုတ်မြစ်ကို ခိုင်မာအားကောင်းစေနိုင်သည်။

အထူးသဖြင့် ပဲ့တင်ထပ်သံပြုပြင်သူခန်းမမှ ပါရမီရှင်များသည် လီလော့ လိုချင်တောင့်တသော ရတနာများဖြစ်သည်။လီလော့သည် ရှီးယန်စံအိမ်ကို အကောင်းဆုံးသောစံအိမ်ဖြစ်စေချင်သည်။

ဒီလိုမှမဟုတ်ရင်၊ အရည်အချင်းမပြည့်မီဘဲ၊ သူ့အဆင့်မြင့်လျှို့ဝှက်ရေအရင်းအမြစ်နဲ့ ဖော်မြူလာတွေ တန်ဖိုးမဲ့ကုန်လိမ့်မည်။

အထူးသဖြင့် ကျောင်းသားတွေရဲ့ အမြင်ကို ကြည့်ရင် လော့လန်အိမ်တော်ဟာ တဖြေးဖြေး မြင့်တက်လာပုံရပြီး၊ လီလော့ကလည်း တစ်ဦးတည်းသောကိုယ်စားပြုသူမဟုတ်ပေ။ရှီးယန်စံအိမ်က ကြယ်သုံးပွင့်ခန်းမ၏ ပါရမီရှင် ကျန်းချင်းအာနှင့်လည်း သက်ဆိုင်နေသည်။ သူမ ဘွဲ့ရပြီးသည်နှင့် ကောလိပ်၏ ကျောင်းသားများကို အုပ်စိုးသူအဖြစ် သူမ၏ ဒဏ္ဍာရီကိုရေးထွင်းနိုင်မည့်သူဖြစ်သည်။သူမ၏ ဂုဏ်သတင်းက ကုန်းရှန်ကျွင်းနှင့် မင်းသမီးတို့ကိုပင် ကျော်လွန်သွားနိုင်သည်။

ဟုတ်ပါတယ်၊ လာမယ့်နှစ်လအတွင်းမှာ သူတို့ရဲ့အိမ်တော်စုဝေးပွဲရဲ့အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့အရင်ကြိုးစားရပေဉီးမည်။

"ကျေးဇူးကန်းတဲ့ကောင် ဖေဟောင်

ကို အမြစ်နှုတ်ပစ်ရလိမ့်မယ်!"

သတ်ဖြတ်လိုသော အေးစက်သော အရိပ်အမြွက်က သူ့ထံမှဖြာထွက်လာသည်။ ဖေဟောင်သည် လော့လန်အိမ်တော်ရှိ ပြဿနာအားလုံး၏ မူလရင်းမြစ်ဖြစ်သည်။ သူသည် ၎င်းတို့၏ တပ်ဖွဲ့များနှင့် စီးပွားရေးလုပ်ငန်း တစ်ဝက်ကို ထိန်းချုပ်ထားပြီး ယခု အိမ်တော်သခင်ရာထူးကိုလည်းမျက်စောင်းထိုးနေပြီ.... နောက်ဆုံးတွင် သူသည် သူအမြဲလိုချင်သော ပန်းတိုင်များပြည့်မီရန် စိတ်ကူးယဉ်ဆန်သော အစီအစဥ်တစ်ခုဖြင့် အိမ်တော်ကို သိမ်းပိုက်ရန် အသေးစိပ် အစီအမံကို ကြိုးကိုင်ခဲ့သည်။

ဖေဟောင်ကို ဖယ်ရှားလိုက်မှသာလျှင် လော့လန်အိမ်တော်၏အတွင်းပိုင်း မတည်ငြိမ်မှုများ ရပ်တန့်သွားနိုင်သည်။ နောက်ဆုံးတွင် အိမ်တော်သည် တစ်ဖန်ပြန်လည်ကောင်းမွန်လာပြီး ၎င်း၏ယခင်ကြွယ်ဝမှုပုံစံကို ပြန်လည်ရရှိမည်ဖြစ်သည်။

ထို့ကြောင့် အိမ်တော်စုဝေးပွဲသည် အရေးကြီးသော အချိုးအကွေ့ဖြစ်လိမ့်မည်။ လော့လန်အိမ်တော်သည် လီလော့နှင့်ကျန်းချင်းအာ၏လက်ထဲတွင် ပြန်လည်အသက်ဝင်လာသည့် လက္ခဏာများပြသနေသောကြောင့် ဖေဟောင် အစွမ်းကုန်ရုန်းကန်ရမည်မှာ သေချာပါသည်။ နောက်ဆုံးတွင် သူ၏ အာဏာသိမ်းမှုကို စတင်ရန် နောက်ထပ်အခွင့်အရေး မရှိနိုင်တော့ပေ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဖေဟောင် တစ်ယောက်တည်းက လီလော့ရဲ့ စိုးရိမ်မှုနဲ့ မထိုက်တန်သေးပေ။ ပိုစိတ်ရှုပ်စရာကောင်းတာက သူ့နောက်ကွယ်က လျှို့ဝှက်ထားတဲ့ စွမ်းအားတွေပင်.....

မှောင်ရိပ်ထဲမှာ ဝှက်ထားတဲ့ လက်က ရန်သူအစစ်ပဲ.....

နှစ်လဆိုတာ သိပ်ကို အချိန်နည်းလွန်းလှသည်။

ဤကာလတွင် ပြဿနာများစွာကို ဖြေရှင်းရမည်။ သူသည် သူ၏တတိယပဲ့တင်ထပ်သံကို ဆုပ်ကိုင်ထားနိုင်သောကြောင့် မြေနတ်ဆိုးခန္ဓာအဆင့်သို့ ဖြတ်ကျော်ဝင်ရောက်ဖို့လည်းကြိုးစားရဉီးမည်။ သူမှာရှိပြီးသား ပဲ့တင်ထပ်သံများကို အဆင့်မြှင့်တင်ရန်နှင့်ပညာရပ်အသစ်ကို လေ့ကျင့်ရန်လည်း ကြိုးပမ်းမည်ဖြစ်သည်။ ရှန့်ပိန်းတွေ့ဆုံပွဲတွင် ရရှိခဲ့သော သင်ခန်းစာများကြောင့် နဂါးအဆင့်ပညာရပ်များကိုပိုမိုလေ့ကျင့်ရန်လည်း သဘောပေါက်လာခဲ့သည်။

နောက်ဆုံးအနေနဲ့ကတော့ မြို့စားအဆင့်ပညာရပ်ကိုရွေးချယ်ရဉီးမည်.....

ဤအရာသည် အလွန်အမင်းအခက်အခဲသောကြောင့် အိပ်မက်တစ်ခုလို ဖြစ်နိုင်သော်လည်း၊ လီလော့ ကိုယ်တိုင်က အောင်မြင်ဖို့အတွက် ယုံကြည်မှု သိပ်မရှိပေ။အကယ်၍ မြို့စားအဆင့်ပညာရပ်ကို လေ့ကျင့်ရာမှာ ကျရှုံးခဲ့လျှင် နဂါးအဆင့်ပညာရပ်များကိုသာ အာရုံစိုက်ပြီး ကြိုးစားအားထုတ်တော့မည်။

နောက်ဆုံးတွင် သူသည် အကြံအစည်များနှင့် အစီအစဉ်များကိုတွေးတောနေရင်း နည်းပြချီချန်း၏သို့ ရောက်ရှိခဲ့သည်။ တံခါးကို ပေါ့ပေါ့ပါးပါးခေါက်ရင်း တိတ်ဆိတ်နေသော ခြံဝင်းထဲသို့ ဝင်လညသောအခါ ဝါးပရိဘောဂများဖြင့် တန်ဆာဆင်ထားသည့် မဏ္ဍပ်အတွင်း၌ သူ၏ဆရာသည် ထိုင်လျက် ငြိမ်သက်စွာ သူ့ကို ကြည့်နေသည်။

"ကြယ်တစ်ပွင့်ခန်းမရဲ့ အသန်မာဆုံးကျောင်းသားအနေနဲ့ ဘယ်တော့များမှ သက်တောင့်သက်သာ နေရမှာလဲ..."

"မင်းရဲ့အောင်မြင်မှုအတွက် မင်းဘာလို့ဂုဏ်ယူနေတာလဲ....ဖရဲသီးတစ်လုံးခွဲပြီး ဖရဲစေ့ထုတ်သလို ကြိုးစားမှုလေးကို မာန်တက်ပြမနေနဲ့......"

ချီချန်းက လီလော့ကို ခပ်ချဉ်ချဉ်ကြည့်ပြီး ပြန်ပြောလိုက်သည်။

"ကျင်းထန်ရှုနဲ့လုမင်တို့က ကြုံရာကျပန်းအမြောက်စာလေးတွေမဟုတ်ဘူး... အဆင့်ကိုးတန်းတပိုင်းနဲ့ ပဲ့တင်ထပ်သံနှစ်ခုအသုံးပြုသူတွေပါ... သူတို့က ကြယ်တစ်ပွင့်ပြိုင်ပွဲရဲ့ အခြားသော ပြိုင်ပွဲဝင်တွေနဲ့ နှိုင်းယှဥ်မယ်ဆိုရင်တောင် အားနည်းတယ်လို့ ယူဆလို့မရသူတွေ.... ဆရာ့အနေနဲ့ အဲ့လောက်ကြီး ချီးကျူးနေစရာမလိုပါဘူး....လက်ဖက်ရည်တစ်ခွက်လောက်တိုက်ရုံနဲ့တင် ဒီတပည့်ကကျေနပ်နေမှာပါ....."

လီလော့က သူ့ဆရာနဲ့ မျက်နှာချင်းဆိုင် ထိုင်ခုံမှာ ဝင်ထိုင်ပြီး အရေထူစွာ ပြုံးနေလိုက်သည်။

"အိုး? တစ်ယောက်ယောက်က ရဲရင့်ရင့်ကျက်လာပြီလား ကြည့်လိုက်ရအောင်... မင်းက ဒီလောက်အောင်မြင်တဲ့သူဆိုတော့ မင်းကို တခြားကျောင်းသားတွေ လေ့လာဖို့ ရှန်းလိသစ်ပင်ပေါ်မှာ ချိတ်ဆွဲထားရင် ကောင်းမယ်မထင်ဘူးလား.... မင်းရဲ့ ထူးချွန်မှုကိုကျောင်းသားတွေ အတုယူဖို့လေ..."

နည်းပြချီချန်းသည် လော့လန်သခင်ငယ်၏ ကြီးကျယ်ခမ်းနားသော အပြုအမူကို လုံးဝ ဂရုမစိုက်ဘဲ အေးစက်စွာ ရယ်မောနေ၏။

လီလော့ ထိုအကြံဥာဏ်ကိုကြားသောအခါ ထိတ်လန့်သွားသည်။ အကယ်၍သာ အမှန်တကယ်ဖြစ်ခဲ့ပါက၊ သူ၏အသစ်အသစ်သောဂုဏ်သတင်းကိုတည်ဆောက်ရာတွင် ခက်ခဲသောအလုပ်အားလုံး အချည်းနှီးဖြစ်ကုန်လိမ့်မည်။ သို့သော် အမြဲသွက်လက်ပြီး လိုက်လျောညီထွေရှိတဲ့ လီလော့က ခေါင်းမာမာနဲ့ ငြင်းမှာမဟုတ်လဲ ရေလိုက်ငါးလိုက်ဖြင့်သာ စကားကိုလျှောချလိုက်သည်။

"ဆရာ၊ ဒုကျောင်းအုပ်စုရှင်းကမှာ ကျွန်တော့်ကိုအများကြီး ပိုဂရုစိုက်သေးတယ်.... ဆရာက ကျွန်တော့်ရဲ့ အချစ်ဆုံး နည်းပြမဖြစ်ချင်ဘူးလား....."

"အဲ့ဒါဆို သူ့ကိုပဲသွားရှာလိုက်လေ... "

ကောင်စုတ်လေးကများ ငါ့ကိုဂရုမစိုက်ဘူးလို့ ပြောရဲတယ်.... အရင်က ကူညီပေးခဲ့တာတွေ ဘယ်ချောင်သွားထိုးလိုက်ပြီလဲ...

"ဒါက မဖြစ်နိုင်တာတော့ သေချာတယ်.... ရှန်ဆိုတဲ့ ခွေးကို သတ်ဖို့ ကျွန်တော်တို့မဟာမိတ်ဖွဲ့ထားတယ်လေဗျာ....."

"တကယ်လို့ ဂရုစိုက်တတ်တဲ့ စုရှင်းကသာ ဒီစကားကို တစ်ချက်လောက်ကြားလိုက်ရင် နင့်ကိုကျောင်းထုတ်ပစ်မှာသေချာတယ်...."

"ဟုတ်ပါတယ်၊ ဒါက ကျွန်တော်နဲ့ဆရာ့ကြားက လျှို့ဝှက်ချက်ပဲ.... အဲဒီသားရဲက ဆရာ့ရဲ့အကြံပြုချက်တွေကို ကန့်လန့်တိုက်နေတာ သေကိုသေသင့်တယ်..."

နည်းပြချီချန်းက သက်ပြင်းတစ်ချက်ချလိုက်ပြီး သူမရဲ့အကြည့်က အနည်းငယ်နူးညံ့သွားပုံရသည်။ရှန်ကျင်းရှောင်ကိစ္စနှင့်ပတ်သက်လာလျှင် နှစ်ယောက်စလုံး စကားလုံးသက်သက်ထက်ပို၍ သဘောတူညီခဲ့ကြသည်မဟုတ်လော....

သူ့ဆရာရဲ့ အပြောင်းအလဲကို မြင်တော့ လီလော့က ဝမ်းသာအားရနဲ့ တော်ဝင်တံဆိပ်ကို အမြန်ထုတ်လိုက်ပြီး....

"လေးစားအပ်ပါသော နည်းပြ ချီချန်း၊ ကျွန်တော့်မှာ တောင်းဆိုစရာလေးရှိလို့....."

နည်းပြချီချန်းသည် တော်ဝင်တံဆိပ်ကို အမြန်စစ်ဆေးလိုက်ပြီး.... "တတိယတန်း တော်ဝင်တံဆိပ်...ဗဟိုကျောင်းသားသမဂ္ဂအဖွဲ့ချုပ်မှာ ဘဏ္ဍာတော်ကောင်းများ စုဆောင်းထားပုံပဲ....အရင်က ရှန့်ပိန်းတွေ့ဆုံပွဲမှာ ကြယ်နှစ်ပွင့်ကျောင်းသားတွေကိုသာထုတ်ပေးခဲ့တာ....ကြည့်ရတာအခြေအနေတွေအမှန်တကယ် တိုးတက်လာပုံရတယ်...."

ထို့နောက် သူမ လီလော့ကို တစ်ချက်ကြည့်လိုက်ပြီး...

"ဒါဆို မင်းအဝတ်အစားတွေ ချွတ်လိုက်....."

All Chapters