← Chapters

တော်ဝင်တံဆိပ်ကိုအသက်သွင်းခြင်း....

Vol. 43 Ch. 601

တော်ဝင်တံဆိပ်ကိုအသက်သွင်းခြင်း....

Vol. 43 Ch. 601

"ဟမ့်... ခန္ဓာကိုယ်တောင့်သားပဲ....."

လီလော့၏ နှစ်ပေါင်းများစွာ လေ့ကျင့်မှုကို ချီချန်းက အကြည့်တချက်နှင့်ပင်ဖောက်ထွင်းမြင်နိုင်ခဲ့သည်။

လီလော့သည် သူ့ခန္ဓာကိုယ်အကြောင်း အမျိုးသမီးတစ်ဉီးမှ အခုလိုပွင့်ပွင့်လင်းလင်း ဝေဖန်ခြင်းမျိုးမကြုံဖူးသောကြောင့် သိသိသာသာ အရှက်ရသွားခဲ့သည်။ ထို့ကြောင့် သူသည် နားမကြားသလိုသာဟန်ဆောင်နေလိုက်တော့သည်။

နည်းပြချီချန်းက ခပ်ထေ့ထေ့ ရယ်မောလိုက်ပြီး တော်ဝင်တံဆိပ်ကို ဆုပ်ကိုင်လိုက်ပြီး သူမ၏ ပဲ့တင်ထပ်သ့စွမ်းအားကို လက်ချောင်းထိပ်များမှတဆင့် ထည့်သွင်းပေးလိုက်သည်။ ပဲ့တင်ထပ်သံ စွမ်းအားများသည် ဒီရေကဲ့သို့ ကျောက်စိမ်းပြားအတွင်း စီးဆင်းသွားပြီး လျှံထွက်နေသော စွမ်းအင်များကြောင့် အပိုင်းပိုင်းကွဲသွားစေသည်။ ထို့နောက် မရေမတွက်နိုင်သော အစိမ်းရောင်အပိုင်းအစများသည် ငှက်တစ်ကောင်နှင့် ဆင်တူသည့် အရာတစ်ခုထဲသို့ ပေါင်းစည်းသွားသည်။

ထိုအခါ သူမက လက်ချောင်းများကို ဆန့်ထုတ်လိုက်ကာ လီလော့၏နောက်ကျောဆီသို့ အပိုင်းအစများကိုပစ်လွှတ်လိုက်သည်။

ဒီလို ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုတွေက သူ့နောက်ကျောတစ်လျှောက်က ကြွက်သားတွေအားလုံးကို တင်းတင်းရင်းရင်းဖြစ်စေခဲ့သည်။ သူ့ခန္ဓာကိုယ်က အန္တရာယ်ကို အလိုလို တုံ့ပြန်နေ၏။

လီလော့သည် ထိုရိုးစင်းသော အမူအရာများကို သူ့ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့သည်ကိုပင် အံ့သြသွားမိသည်။ နည်းပြချီချန်းက အဲဒီပစ္စည်းတွေထဲကို အင်အားနည်းနည်းလောက်ထည့်ထားရင် သူ့ခန္ဓာကိုယ်မှာ သွေးထွက်သံယိုအပေါက်တွေ အများကြီးကျန်နေလိမ့်မယ်...

"ဒါက မြို့စားတစ်ယောက်ပိုင်ဆိုင်တဲ့ စွမ်းအားလား?"

ဤကြောက်စရာကောင်းသောအလားအလာကို တွေးလိုက်သောအခါ လီလော့၏စိတ်ထဲတွင် တုန်လှုပ်သွားသည်။ ယခု သူသည် ဧရာမသားရဲကြီးရှေ့ရောက်နေသော ကဿ်ပေါက်လေးသဖွယ်ပင်....

"ဟမ့် မင်းရဲ့ ခန္ဓာကိုယ်က သိသိသာသာ ထွားလာတယ်...."

နည်းပြချီချန်းသည် လီလော့၏လက်ရှိ စိတ်အခြေအနေကို လုံးဝ သတိမမူမိဘဲ သူ၏ အပြောင်းအလဲများကို အံ့သြစွာ မှတ်ချက်ပေးခဲ့သည်။

ရှန့်ပိန်းတွေ့ဆုံပွဲတွင် သူ၏ ကာယခွန်အား သိသိသာသာ တိုးတက်လာသည်။

"ဟုတ်တယ်... မဟူရာလေပြင်းအင်ပါယာမှာ ယှဉ်ပြိုင်နေစဉ် မိုးကြိုးတောင်တန်းမှာ မစ်ရှင် သွားလုပ်တုန်းက မိုးကြိုးနတ်ဘုရားဖွဲ့စည်းခွင့်ရခဲ့တယ်..." ဟု လီလော့က ရိုးရိုးသားသား ရှင်းပြလိုက်သည်။

"နင်က ကံကောင်းသားပဲ....မဟူရာလေပြင်းအင်ပါယာရဲ့ မိုးကြိုးနတ်ဘုရားက အရှေ့ပိုင်းကုန်းမြေတခွင် ကျော်ကြားတယ်.... မဟူရာလေပြင်းအင်ပါယာကို တည်ထောင်ခဲ့တဲ့ ဧကရာဇ်က သူ့ကို အထွတ်အထိပ်အထိ သန့်စင်ပေးခဲ့ပြီး တုနှိုင်းမရတဲ့ ခန္ဓာကိုယ်မျိုးရရှိခဲ့တယ်လို့ဆိုကြတယ်.... ခန္ဓာကိုယ်ခွန်အားသက်သက်နဲ့ အဆင့်ငါးမြို့စားအဆင့်ကိုယှဉ်န်ိုင်တယ်...လက်သီးတစ်ချက်နဲ့တင် လီတစ်သောင်းအကွာအဝေးထိ ပျက်စီးစေနိုင်တယ်ဆိုပြီး ဒဏ္ဍာရီတွင်ခဲ့တယ်....."

လီလော့ အနည်းငယ် ထိတ်လန့်သွားပြီး တုန်လှုပ်သွားမိသည်။ ဤမျှကြီးမားသော အကွာအဝေးကိုဖြတ်၍ လမ်းကြောင်းတစ်ခုကိုဖောက်လုပ်ရန် ခန္ဓာကိုယ်ခွန်အားသက်သက်ကိုသုံးခဲ့တယ်တဲ့လား....မဟူရာလေပြင်းအင်ပါယာကို တည်ထောင်ခဲ့တဲ့ ဧကရာဇ်ဟာ တကယ့်ကို ရက်စက်ကြမ်းကြုတ်လွန်းလှသည်။ သူ့ကို လူ့အသွင်သဏ္ဌာန်ရှိသော သားရဲဟု ခေါ်ခြင်းက ပို၍သင့်လျော်ပေလိမ့်မည်။

စကားပြောနေစဉ်တွင် နည်းပြချီချန်းသည် မရေမတွက်နိုင်သော အပိုင်းအစများကို စီးဆင်းပြီး စိတ်ပိုင်းဖြတ်ထားသည့် ပုံစံအတိုင်း ရွေ့လျားနိုင်ရန် ဆက်လက်လမ်းညွှန်ခဲ့သည်။လီလော့၏ကျောပြင်ပေါ်တွင် အပ်ချည်မျှင်နှင့်တူသည့် ပြေပြစ်သော လှုပ်ရှားမှုကို ထပ်ခါတလဲလဲ ပြုလုပ်နေပါသည်။

ထိုအချိန်တွင် လီလော့သည် သူ၏ ကျောပေါ်တွင် စူးစူးရှရှ နာကျင်မှုကို တဖြည်းဖြည်း ခံစားလာရသည်။ သူ့ကြွက်သားတွေ ထုံကျင်လာပြီး ခန္ဓာကိုယ်ထဲကို အရာဝတ္တုတစ်ခု စိမ့်ဝင်သွားသလို ခံစားလိုက်ရသည်။

မရေမတွက်နိုင်သော အစိမ်းရောင် အပိုင်းအစများသည် ငှက်များနှင့်တူသော အစိမ်းရောင် အမှုန်အမွှားများအဖြစ် သူ့ကျောပြင်ပေါ်တွင် အဆက်မပြတ် ဆင်းသက်လာသည်။ တဖြည်းဖြည်းနဲ့ အစိမ်းရောင်တောင်ပံလို တက်တူးတစ်ခု ရုပ်လုံးပေါ်လာတယ်။ ၎င်းသည် ပတ်ဝန်းကျင်အပေါ် လွှမ်းမိုးမှုရှိသည်ဟု ထင်ရသည့် အလင်းတန်းတစ်ခု ထုတ်လွှတ်ကာ အရှိန်ပြင်းစွာ စီးဆင်းနေသော လေကို အရှိန်မြှင့်ပေးသည်။ ခဏကြာတော့ နည်းပြချီချန်း က ရပ်တန့်လိုက်ပြီး...

"ပြီးပြီ...ပဲ့တင်ထပ်သံစွမ်းအားကို နောက်ကျောကို ဖြန့်ပြီး စမ်းကြည့်ပါ...."

လီလော့က နာခံစွာဖြင့် တော်ဝင်တံဆိပ်ရှိရာနေရာဆီသို့ ပဲ့တင်ထပ်သ့စွမ်းအားအချို့ကို ပို့လွှတ်လိုက်သည်။ တစ်ခဏအတွင်း သူ့တစ်ကိုယ်လုံး စိမ်းပြာရောင်လွှမ်းနေပြီး တောင်ပံတစ်စုံက မွေးကင်းစ လိပ်ပြာတစ်ကောင်လို လွင့်ပျံသွားပုံရသည်။ အလင်းရောင်ဖြင့် ပြုလုပ်ထားသော အတောင်ပံကြီးတစ်စုံသည် လီလော့၏ ကျောပြင်ပေါ်မှ ဖြည်းညှင်းစွာ ဖြန့်ကျက်ထွက်ပေါ်လာသည်။ တစ်ခုစီက အလျားတစ်ပေခန့်ရှိပြီး အတောင်များသည် တစ်ကြိမ်သာ ပေါ့ပါးစွာ ပျံသွားသော်လည်း ထိုသေးငယ်သော လှုပ်ရှားမှုမှ မုန်တိုင်းတစ်ခု ဖြစ်ပေါ်စေနိုင်သည်အထိပြင်းထန်သည်။ အကွာအဝေး အနည်းငယ်မျှသာ ရွေ့လျားနေသော်လည်း အမြင်အာရုံ မှုန်ဝါးသွားသည်ကို ခံစားရပြီး လျင်မြန်သော အရှိန်ဖြင့် လေဟာနယ်ကို ဖြတ်ကျော်ရန် လုံလောက်သော အရှိန်ရနေပြီဟု ခံစားမိလာသည်။

"ဆန်းကြယ်သော ဝိညာဉ်တောင်ပံ တိမ်းရှောင်ခြင်းပညာရပ်..." လီလော့၏ မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာသည်။ ဤသည်မှာ စစ်မှန်သော လွတ်မြောက်ခြင်း ပညာရပ်၏ စွမ်းအားကို ပထမဆုံးအကြိမ် တွေ့ကြုံခံစားခဲ့ရခြင်း ဖြစ်သည်။ အကျိုးသက်ရောက်မှုသည် ရိုးရှင်းစွာပင် မယုံနိုင်လောက်အောင် အဖိုးတန်သော အသက်ကယ်ဝှက်ဖဲဖြစ်နေပြီး မည်သူမျှ သူ့ကို ချည်နှောင်နိုင်မည်မဟုတ်ပေ။

" ဆန်းကြယ်သော ဝိညာဉ်တောင်ပံ တိမ်းရှောင်ခြင်းပညာရပ်က အခြေခံအားဖြင့် လူတစ်ယောက်အတွက် အရှိန်မြှင့်ဖို့သာ အသုံးဝင်တယ်.... ဒါကို မြို့စားအဆင့်အောက်က ဘယ်သူမှ လိုက်မှီနိုင်မှာမဟုတ်ဘူး.... ကံမကောင်းတာက နင်က လုံလောက်အောင်မသန်မာသေးတဲ့အတွက် ဒီပညာရပ်ရဲ့စွမ်းအားအပြည့်အဝကိုထုတ်မသုံးနိုင်တာပဲ....."

လီလော့ ခေါင်းညိတ်လိုက်သည်။ သူ၏ ပဲ့တင်ထပ်သံစွမ်းအားကို ပို့လွှတ်နေရင်း

အတောင်များ၏ နှေးကွေးမှုကို ခံစားရပြီး သူ၏ ပဲ့တင်ထပ်သံစွမ်းအားသည် ၎င်း၏ စွမ်းရည်ကို အပြည့်အဝ ထုတ်ဆောင်နိုင်လောက်အောင် မသိပ်သည်းကြောင်း ထင်ရှားစွာ ညွှန်ပြနေသည်။ သို့သော်၊ သူသာ မြေနတ်ဆိုးခန္ဓာအဆင့်သို့တက်သွားသည်နှင့်၊ တောင်ပံများကိုယခုထက်ပို၍အသုံးပြုလာနိုင်မည်ဖြစ်သည်။

မြေနတ်ဆိုးခန္ဓာသည် ပိုးတုံးလုံးဘဝမှ လိပ်ပြာအဖြစ် အသွင်ကူးပြောင်းသလို ဖြစ်စဉ်တစ်ခုဖြစ်သည်။

"တော်ဝင်တံဆိပ်က တော်တော်အသုံးဝင်ပေမယ့်.... လုံးလုံးမပျောက်ကွယ်ခင် ငါးကြိမ်ပဲသုံးလို့ရတယ်..."

နည်းပြချီချန်းက သူ့ကို စိတ်ရှည်ရှည်နဲ့ ထပ်ပြီး သတိပေးခဲ့သည်။

"ငါးကြိမ်ပဲလား?"

လီလော့ ဝမ်းနည်းသလိုခံစားနေရ၏။ သို့တိုင်၊ တော်ဝင်တံဆိပ်သည် ပြင်ပအဆင်တန်ဆာတစ်ခုမျှသာဖြစ်ပြီး သူ့အတွက် မွေးရာပါအရာမဟုတ်ကြောင်း သူနားလည်ခဲ့သည်။ မဟုတ်ရင် ဘယ်သူက ခါးသီးစွာကျင့်ကြံနေဉီးမည်နည်း....

"တော်ဝင်တံဆိပ်က ဘယ်လောက်တနလဲ...?"

လီလော့ စူးစမ်းလိုစိတ်ကြောင့် မေးလိုက်သည်။

"တတိယတန်း တော်ဝင်တံဆိပ်တစ်ခုကိုပုံမှန်အားဖြင့် ... ကောင်းကင်ရွှေ သုံးသန်းခန့် တန်ကြေးရှိတယ်.... ဒါပေမယ့် ရှပြည်ထောင်စုက စျေးကွက်တွေမှာ တစ်ခုကိုတောင် ရှာတွေ့ဖို့မလွယ်ဘူး..... ဒါတွေကို ဖန်တီးဖို့ ပါဝင်ပစ္စည်းများစွာလိုအပ်တဲ့အပြင် တချက်လေးမှားလိုက်တာနဲ့ အကုန်အလဟာသဖြစ်ကုန်ရော.....နင့်လို ချမ်းသာကြွယ်ဝတဲ့ လော့လန်အိမ်တော်သခင်လေးက ဒါမျိုးထပ်မဝယ်ချင်ဘူးလား..."

"သုံးသန်း?"

လီလော့ အံ့သြနေမိသည်။ ဝိဉာဉ်ရည်တွေဖ်ို့တောင်ပိုက်ဆံကိုညှစ်ထုတ်နေရတာ ဒါမျိုးသာဝယ်မယ်ဆို စီးပွားပျက်ကိန်းစိုက်သွားနိုင်တယ်......

ထားလိုက်တော့... စကတော့ဝယ်မလို့စိတ်ကူးနေသေးတယ်....စျေးနှုန်းကြားလိုက်ရတော့ စိတ်ကူးကိုစွန့်လွှတ်လိုက်တော့မယ်.....

လော့လန်အိမ်တော်သည် ကောင်းကင်သို့ ပြန်လည်တက်လှမ်းနေနိုင်သော်လည်း ၎င်းတို့၏အမြတ်ငွေသည် တစ်သန်းကျော်လောက်သာရှိသေးသည်။ တတိယတန်း တော်ဝင်တံဆိပ် သုံးခု၊ လေးခုတဲ့လား.... မေ့လိုက်ပါတော့.....

နည်းပြချီချန်းက သူ့ကိုကြည့်ပြီးပြုံးနေသည်။

"တော်ဝင်တံဆိပ်တွေကို အလယ်ပိုင်းကုန်းမြေမှာ အတော်အတန်တွေ့ရလေ့ရှိတယ်.... ပြင်ပတိုက်ကြီးတွေမှာတော့ ရှားပါးတာမို့စျေးနှုန်းမြင့်မားနေတာ....."

" ဟမ်...အလယ်ပိုင်းကုန်းမြေ..."

လီလော့ ၏အမူအရာမှာ အနည်းငယ်အသက်ဝင်လာသည်။ ထိုနယ်မြေတွင် သဘာဝစွမ်းအင်သည် ပို၍သိပ်သည်းပြီး စုစည်းကာ အဖိုးတန် ကောင်းကင်ရတနာများစွာကို မွေးဖွားပေးသည်။ ၎င်းတို့သည် များပြားလှသော အရင်းအမြစ်များစွာကို ရယူသုံးစွဲနိုင်သောကြောင့် ကောင်းကင်ဘုံကိုစိန်ခေါ်နိုင်သော အရည်အချင်းများစွာကို မွေးဖွားပေးသည်။ထို့ကြောင့် အလယ်ပိုင်းကုန်းမြေတွင် ပါရမီရှင်များစွာရှိနေသည်မှာ မထူးဆန်းတော့ပေ။

"ဘာပဲဖြစ်ဖြစ် တော်ဝင်တံဆိပ်ကို အသက်သွင်းထားပြီးပြီမို့ မင်းရဲ့အဝတ်အစားတွေပြန်ဝတ်လို့ရပြီ..."

နည်းပြချီချန်းက သူမလက်တွေကို ဖုန်ခါရင်း ပြောလိုက်သည်။

လီလော့က ဒုကျောင်းအုပ်စုရှင်းနှင့်ဆွေးနွေးခဲ့သည့် မြို့စားအဆင့်ပညာရပ်အကြောင်း ချီချန်းကိုပြောပြလိုက်သည်။

"မြို့စားအဆင့်ပညာရပ်လား.... မင်းက တကယ်ကို ရည်မှန်းချက်ကြီးတဲ့သူပဲ..."

ချီချန်းက သူ့ကျောင်းသားကို အံ့သြတကြီးနဲ့ သေချာစိုက်ကြည့်နေ၏။

"မြို့စားအဆင့်ပညာရပ်ကို လေ့ကျင့်တာက ကျားအဆင့်ပညာရပ်နဲ့ နဂါးအဆင့်ပညာရပ်ကိုလေ့ကျင့်တာနဲ့ လုံးဝမတူဘူး...သာမန် ဆရာသခင်အဆင့်တွေကမြို့စားအဆင့်ပညာရပ်ကို ပြီးပြည့်စုံတဲ့အဆင့်ထိလေ့ကျင့်နိုင်ရင်တောင် ပါရမီရှင်တွေကို ဖိနှိပ်နိုင်ဉီးမှာမဟုတ်ဘူး.... ဒါပေမယ့် ပဲ့တင်ထပ်သံနှစ်ခု အသုံးပြုသူတစ်ယောက်အနေနဲ့ ဒီလိုပညာရပ်ကိုလေ့ကျင့်ရာမှာ အကျိုးကျေးဇူးအချို့ရှိတယ်ဆိုတာ ဝန်ခံရလိမ့်မယ်....မင်းက ပဲ့တင်ထပ်သံပညာရပ်တွေနဲ့ပတ်သတ်ရင် အရည်အချင်းအချို့ရှိပုံရတယ်...နင်သာ ဆရာသခင်နဲ့ မြို့စားအဆင့်ပညာရပ်ကို အောင်မြင်စွာ သင်ယူနိုင်ရင် ဝှက်ဖဲတစ်ခု ဖြစ်လာမှာ သေချာတယ်....အဲ့လို သင်ယူနိုင်စွမ်းရှိသူတွေကို အလယ်ပိုင်းကုန်းမြေမှာတောင် ပါရမီရှင်တွေအဖြစ်သတ်မှတ်ကြတယ်....."

နည်းပြချီချန်းက သက်ပြင်းချလိုက်ပြီး.... "နောက်နှစ်ရက်လောက် အနားယူလိုက်ပါ.... အဲဒါပြီးရင် သိုင်းစာကြည့်တိုက်ကို လိုက်ပို့ပေးမယ်.... မင်းနဲ့ လိုက်ဖက်တဲ့ပညာရပ်တစ်ခု ရှာတွေ့နိုင်ရင် ဝမ်းသာအားရ လမ်းပြပေးပါ့မယ်....."

လီလော့သည် သူမ၏ ကြင်နာမှုအတွက် အလွန်ကျေးဇူးတင်နေမိသည်။ ကျန်းချင်းအာနှင့်အတူ တစ်လကျော်လောက် ပြိုင်ပွဲဝင်နေခဲ့သည့်အတွက် အိမ်တော်အရေးကိစ္စများကိုဖြေရှင်းဖို့နှစ်ရက်လောက်တော့ ခွင့်ယူရလိမ့်မည်။

"ဟဲ..ဟဲ ... ဆရာ..."

လော့လန်အိမ်တော်၏ အခြေအနေကို တွေးရင်း သူ့မျက်လုံးထဲတွင် အတောက်ပဆုံးသော အပြုံးများပျောက်ကွယ်သွားပြီး ဒေါသအရိပ်အယောင်များ ပေါ်လာသည်။

" ဘာလဲ?"

သို့သော် အမှန်မှာ၊ နည်းပြချီချန်းသည် ၎င်း၏တောင်းဆိုချက်အသစ်နှင့် ပတ်သက်၍ သံသယဝင်နေပြီဖြစ်သည်။

" နှစ်လအတွင်း လော့လန်အိမ်တော်ရဲ အိမ်တော်စုဝေးပွဲ အကြောင်း ဆရာ ကြားဖူးတယ် မဟုတ်လား ....ကျွန်တော့်အိမ်က တကယ်ဒုက္ခရောက်နေပြီ...... ကျွန်တော်တို့က ဒုကျောင်းအုပ်စုရှင်းကို အကူအညီတောင်းခဲ့ပေမယ့် သူ မကူညီနိုင်ခဲ့ဘူး...ရက်ရက်စက်စက် ငြင်းပယ်ခဲ့တယ်! !"

လီလော့က လေးနက်သောအမူအရာဖြင့် သက်ပြင်းချလိုက်သည်။

နည်းပြချီချန်း ပြုံးလိုက်ပြီး...

"ကောင်းပြီ၊ ဒီတောင်းဆိုချက်က အရမ်းများလွန်းတယ်...ကောလိပ်က ကြားနေအဖွဲ့အစည်းဖြစ်ပြီး၊ ဘယ်သူမှ စည်းမျဉ်းကို မပြောင်းလဲနိုင်ဘူး.... ဒါကလည်း သူမရဲ့ တာဝန်ရဲ့ တစ်စိတ်တစ်ပိုင်းပဲလေ...."

"အဲ့တာဆို ဆရာ သူ့အစား ကူညီပေးနိုင်မလား ....သေချာပေါက်ကျေးဇူးမမေ့ပါဘူး.... လော့လန်အိမ်တော်က ဆရာ့ကို ဘက်ပေါင်းစုံကနေ ပံ့ပိုးပေးပါ့မယ်...."

လီလော့က သူ့စိတ်ထဲက စကားတွေကို ထုတ်ပြောလိုက်သည်။

"ဒုတိယကျောင်းအုပ်စုရှင်းက ငါ့ကို

ရှပြည်ထောင်စုရဲ့ အာဏာတိုက်ပွဲတွေမှာ ပါဝင်ခွင့်ပေးမယ်လို့ မင်းတကယ်ထင်နေတာလား......"

"ကျွန်တော့်မှာ အစီအစဉ်ရှိတယ်..."

"ဘာလဲ?"

"ဆရာ ရာထူးကနေ ခဏနှုတ်ထွက်လိုက်....ကိစ္စတွေပြီးမှ ကောလိပ်ကို ပြန်ဝင်ပါ....ကျွန်တော် တော်တယ် မဟုတ်လား"

နည်းပြချီချန်းသည် သူ၏ သည်းမခံနိုင်သော တောင်းဆိုမှုကို ကြားသောအခါ သူ့ကို စိုက်ကြည့်နေသည်။

"မင်းကိုယ်မင်း ဟုတ်လှပြီထင်မနေနဲ့ ဒုကျောင်းအုပ်စုရှင်း နဲ့ ကျန်တဲ့သူတွေကို အရူးတွေလို့ ထင်နေတာလား......"

လီလော့ ရယ်လိုက်သည်။ ဟုတ်တယ်၊ ဒါက လုံးဝကို အဓိပ္ပါယ်မဲ့တဲ့ အဆိုပြုချက်တစ်ခုဆိုတာ သူသိထားလို့ ဟာသတစ်ခုအနေဖြင့်ပြောလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့်၊ သူသည် အန္တရာယ်မရှိသောကြောင့် သူ၏အစီအစဉ်အပေါ် သူမ၏တုံ့ပြန်မှုကို မြင်ရန် စူးစမ်းနိူင်ခဲ့သည်။

ထို့နောက် လက်ပြနှုတ်ဆက်ကာ ထွက်ခွာသွားခဲ့သည်။

မဏ္ဍပ်အတွင်းမှ နည်းပြချီချန်းသည် လီလော့၏ကျောကို ဆက်လက်စောင့်ကြည့်နေခဲ့သည်။

"လီတိုင်ရွှမ်နဲ့တန်တိုင်လန်... မင်းတို့နှစ်ယောက်က တကယ်ကို အားကိုးလို့မရတဲ့ လူစားတွေပဲ... မင်းတို့ရဲ့ ကလေးတွေကို ဒီလိုအခြေအနေမျိုးမှာ မဘယ်လိုလုပ်ပစ်ထားနိုင်ခဲ့တာလဲ"

လီလော့သည် လာမည့် အိမ်တော်စုဝေးပွဲမှ ဖြစ်ပေါ်လာသော ဖိအားအပြည့်ကို ခံစားနေရရှာသည်။ ရလဒ်အနေနဲ့ သူ့အဆင့်အတန်းနဲ့ ခွန်အားကို မြှင့်တင်ဖို့ အခွင့်အလမ်းတိုင်းကို ရအောင်ကြိုးစားနေသည်။ သို့သော်၊ ဤအရာသည် အပြောလွယ်သလောက် လုပ်ရခက်နေသည်။

နည်းပြချီချန်းသည် သူမရှေ့မှ လက်ဖက်ရည်ပူပူတစ်ခွက်ကို ဖြည်းဖြည်းချင်းချကာ တံခါးမှ စိတ်ဝင်စားစရာကောင်းသော ကျောင်းသားထွက်သွားသည်ကို ကြည့်နေသည်။ သူမအကြည့်က အနည်းငယ် တောက်ပလာပြီး ဆုံးဖြတ်ချက်တစ်ခု ချလိုက်လေတော့သည်။

All Chapters