ပတ္တမြားနွံနစ်နေသည့်ပိုင်မျန်မျန်.....
Vol. 43 Ch. 602
နည်းပြချီချန်းဆီမှ ထွက်ခွာပြီးနောက် လီလော့ အိပ်ဆောင်သို့ ပြန်လာခဲ့သည်။ရှင်းဖူ သည် ဘာကိုမှဂရုမစိုက်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော်လည်း ပိုင်မျန်မျန် ပျောက်ဆုံးနေပုံရသည်။ အမြန်လမ်းလျှောက်ရင်း နောက်ဆုံးတွင် သန့်စင်ရေးအလုပ်ရုံအတွင်း၌ သူမကို ရှာဖွေတွေ့ရှိခဲ့သည်။
သူမသည် သက်တောင့်သက်သာရှိသော ၀တ်စုံကို ၀တ်ဆင်ထားသော်လည်း သူမ၏ သေးသွယ်သော အရပ်ကြောင့် အဝတ်ပုံထဲတွင်မြုပ်နေသလိုဖြစ်နေသည်။ သူမက ပန်းရောင်ဖဲကြိုးကို အသုံးပြုပြီး သူမရဲ့ သွယ်လျတဲ့ခါးမှာ ခါးပတ်တစ်ခုလို ၀တ်ဆင်ထားသည်။
ပိုင်မျန်မျန်သည် လက်ရှိတွင် သန့်စင်ရေးဆိုင်ရာ လုပ်ဆောင်ချက်အချို့တွင် ပါဝင်နေပြီး သူမ၏ အလုပ်စားပွဲပေါ်တွင် မရေမတွက်နိုင်သော ပစ္စည်းများနှင့် ပြည့်နေပါသည်။
"ဘာလုပ်နေတာလဲ?"
လီလော့ သူ့ဘေးနားတွင် မတ်တပ်ရပ်ပြီး လှမ်းကြည့်လိုက်တော့ သူမသည် ဝိညာဉ်ရည်အသစ်များနှင့် သန့်စင်သောအလင်းများကို အမှန်တကယ်တီထွင်ဖန်တီးထားခြင်းမဟုတ်သောကြောင့် စကားပြောဆိုရန်အဆင်ပြေသည်ဟု တွေးလိုက်မိသည်။
အာရုံစူးစိုက်ထားသော ပိုင်မျန်မျန်သည် နောက်ဆုံးတွင် သူမဘေးတွင် တစ်စုံတစ်ယောက်ရှိနေသည်ကို သတိပြုမိပြီး ကြောက်လန့်တကြား ခြေလှမ်းများစွာ နောက်သို့ ခုန်လိုက်သည်။ လီလော့က ကုန်ကြမ်းများနှင့် မတိုက်မိအောင် သူမ၏ လက်ကောက်ဝတ်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး ထိန်းပေးလိုက်ရသည်။
"ဘယ်တုန်းက ခေါင်းဆောင်ရောက်လာတာလဲ။"
ပိုင်မျန်မျန်၏ အပြစ်ကင်းသော မျက်နှာသည် ရှက်ကိုးရှက်ကန်းဖြင့် နီရဲလာသဖြင့် တအံ့တသြ တုန်လှုပ်သွားသည်။
လီလော့က သူ့လက်ကိုလွှတ်လိုက်ပြီး...
"အင်း၊ ငါရောက်နေတာ သိပ်မကြာသေးပေမယ့်.... မင်းအလုပ်ရှုပ်နေလို့ မင်းကိုမနှောင့်ယှက်ဖို့ဆုံးဖြတ်လိုက်တယ်...."
ပိုင်မျန်မျန်သည် နူးညံ့ချိုသာသော အပြုံးကို ထုတ်ပြရင်း သူမ၏အလုပ်စားပွဲသို့ ပြန်သွားကာ ပစ္စည်းများ အမြောက်အမြားကို ညွှန်ပြပြီး....
" လျှို့ဝှက်ရေအရင်းအမြစ် ဒါမှမဟုတ် အလင်းအရင်းအမြစ်ဖော်မြူလာတွေ တောင်းဆိုထားတာ မှတ်မိသေးရဲ့လား....အခု အဲ့တာတွေကိုလေ့လာနေတာ.... ရှီးယန်စံအိမ်က မကြာသေးမီက ရှပြည်ထောင်စုမှာ ဂုဏ်အသရေအချို့ကို ပြန်လည်ရရှိခဲ့ပေမယ့် ဝိဉာဉ်ရည်တွေချည်းပဲထုတ်လုပ်နေတာမို့ သန့်စင်တဲ့အလင်း မရှိသေးဘူး....အဲ့တာကြောင့် သန့်စင်တဲ့အလင်းတွေ ထုတ်လုပ်ဖို့ လျှိ့ဝှက်အလင်းအရင်းမြစ်ဖော်မြူလာတွေရှာနေတာ....."
လီလော့သည် သူမ၏ ကြင်နာသော အပြုအမူကြောင့် အလွန်ထိရှသွားပြီး မျက်လုံးများကို မှိတ်ထားလိုက်သည်။
"မျန်မျန်! မင်းကအကောင်းဆုံးပဲ!"
သူ့ရဲ့ တောင်းဆိုချက်တွေကို သူမ ကောင်းကောင်းမှတ်မိဖို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့သလို ပြီးမြောက်ဖို့ ကြီးမားတဲ့ အားထုတ်မှုကိုလည်း မမျှော်မှန်းထားခဲ့ပေ။
"ဒီပစ္စည်းတွေကို မင်းကိုယ်တိုင်ဝယ်ခဲ့တာလား...."
လီလော့က သေတ္တာတစ်လုံးကို ညွှန်ပြလိုက်သည်။ အတွင်းတွင် အဆင့်မြင့်သော ဝိညာဉ်ပစ္စည်း အများအပြားပါဝင်ပြီး စျေးအလွန်ကြီးသော ပစ္စည်းများလည်းပါရှိသည်။
ပိုင်မျန်မျန်က မသိမသာ တုန့်ပြန်မှုဖြင့် အနည်းငယ် ခေါင်းညိတ်လိုက်သည်။
"ဒါတွေကို ငါ့ရဲ့ အမှတ်တွေနဲ့ဝယ်လို့ရတဲ့ ကောလိပ်ကနေ ဝယ်ခဲ့တာ... ငါက ဒါတွေကိုမသုံးတတ်သေးပေမယ့် ငါ့မှာ ပိုက်ဆံနည်းနည်းရှိတယ် ဆိုတာ မမေ့နဲ့.... တစ်ခါတလေ ငါ့အစ်မကို သူလိုအပ်တဲ့အရာတွေဝယ်ဖို့ချေးပေးလိုက်သေးတယ်......"
သူမမျက်နှာပေါ်တွင် အောင်ပွဲခံအပြုံးတစ်ခု ပေါ်လာသည်။
ဒါကို အံ့အားသင့်စရာလို့ မတွေ့ခဲ့ပေ။ သူမ၏ ဝိညာဉ်ရည်များကို သန့်စင်ခြင်းနှင့် အလင်းများ သန့်စင်ခြင်းဆိုင်ရာ နည်းလမ်းအသစ်များကို လွတ်လပ်စွာ တီထွင်နိုင်မှုနှင့်အတူ ပိုင်မျန်မျန်သည် ကောင်းကင်ရွှေများစွာကို စုဆောင်းနိုင်ခဲ့သည်။
" ငါဒီလိုပြောခဲ့တာကို ငါ့အစ်မကိုပြန်မပြောနဲ့နော်... သူက အရမ်းရှက်တယ်၊ ရှက်လွန်းရင် နင့်ကို ရိုက်နှက်နိုင်တယ်"
ပိုင်မျန်မျန်က ငြီးတွားပြီး ပြောလိုက်သည်။
လျှို့ဝှက်ချက်တစ်ခု မတော်တဆ ပေါက်ကြားသွားခဲ့ပြီ... လီလော့က သိသိကြီးဖြင့် ပြုံးနေလိုက်သည်။ ပိုင်တုတုသာ ဒါကို သိသွားရင် သူမအတွက် တစ်ခုတည်းသော အဖြေနှင့် ထွက်ပေါက်သည် များပြားလှသော အကြမ်းဖက်မှုမျာနှင့် သိမ်းကျုံး ရိုက်နှက်ခြင်းကို ကောင်းစွာ ခံရပေမည်။
"ကောင်းပြီ၊ မင်းမှာပိုက်ဆံရှိတာက မင်းရဲ့ကိုယ်ပိုင်ပြဿနာပဲ... လျှို့ဝှက်အလင်းအရင်းအမြစ်ကို သုတေသနလုပ်ရာမှာ မင်းရဲ့အကူအညီကို ဘယ်လိုလုပ်အလကားလက်ခံနိုင်မလဲ .....ဒါပေမယ့် ဒီလိုအမျိုးမျိုးသောအခကြေးငွေတွေအတွက် မင်းရဲ့အိတ်ကပ်ထဲကနေစိုက်ထုတ်ပြီး ပေးချေမလို့လား.... မင်းက အပြစ်ကင်းစင်ပြီး နုံအလွန်းတယ်..... မင်းဘွဲ့ရပြီးတာနဲ့ အဲဒီမရိုးသားတဲ့စံအိမ်တွေက မင်းကို အခွင့်ကောင်းယူပြီးဂုတ်သွေးစုပ်ကြလိမ့်မယ်...."
လီလော့ သည် သူ၏ကိုယ်ကျိုးမဖက်သော စိတ်ဓာတ်ကို စတင်ပြသနေပြီဖြစ်သည်။
"မင်းကံကောင်းလို့သာ သီလရှိတဲ့ ငါလိုလူနဲ့တွေ့ခွင့်ရတာ မင်းဘွဲ့ရပြီးရင် ရှီးယန်စံအိမ် က မင်းရဲ့သုတေသနတွေအားလုံးအတွက် အပြည့်အ၀ ရန်ပုံငွေရှာပေးလိမ့်မယ်..... စိတ်မပူပါနဲ့ ငါမင်းကို ဘယ်တော့မှ အခွင့်ကောင်းမယူဘူး...မင်းကိုသေချာဂရုစိုက်ပေးမှာပါ။ မင်းငါနဲ့အလုပ်လုပ်တဲ့အခါ မိသားစုရဲ့နွေးထွေးမှုကို ခံစားရမှာပါ"
"ဒါဆို ဒီဖိတ်ခေါ်ချက်အတွက် ကျေးဇူးတင်ပါတယ် ခေါင်းဆောင်"
"တကယ်တော့ အနာဂတ်မှာ လိုအပ်တဲ့ ပစ္စည်းတွေရှိရင် ငါ့ကိုလာပြော...... ရောနှောအဆင့်ပြိုင်ပွဲမှာ ကျောင်းတွင်းရမှတ် ဘယ်လောက်ရခဲ့လဲ သိလား.... 120,000! အဲဒါတွေအားလုံးကို ဝိညာဉ်ပစ္စည်းတွေအဖြစ် ပြောင်းလဲခဲ့မယ်ဆိုရင်၊ 10 နှစ်ကြာ သုတေသနလုပ်ဖို့ လုံလောက်နိူင်တယ်...သိရဲ့လား...!"
"ဝိုးးး! ခေါင်းဆောင်၊ နင်က တကယ်ကို အံ့သြစရာပဲ"
ပိုင်မျန်မျန်၏ မှိန်ဖျော့သော မျက်နှာသည် စစ်မှန်သော အပြုံးဖြင့် ပွင့်လန်းနေသည်။
"ဒါပေမယ့် ခေါင်းဆောင်... နင် ငါ့အနားမှာရှိရင် သုတေသနကို ငါ အာရုံမစိုက်နိုင်ဘူး..."
ပိုင်မျန်မျန်က အလုပ်စားပွဲပေါ်ရှိ ပစ္စည်းများကို တစ်ချက်ကြည့်လိုက်သည်။ ဆွဲဆောင်မှုရှိတဲ့ လီလော့နဲ့ အချိန်ဖြုန်းပြီး စကားပြောရတာကို နှစ်သက်ပေမဲ့ လုပ်စရာတွေ အများကြီးရှိပါသေးသည်။
ပိုင်မျန်မျန်သည် ရှီးယန်စံအိမ် အတွက် လျှို့ဝှက်အလင်းအရင်းအမြစ်ကို ပေးဆောင်ရန် အာရုံစိုက်နေကြောင်း သိရသဖြင့် လီလော့ သက်ပြင်းချလိုက်မိသည်။
"မျန်မျန် မင်းရဲ့ ရည်ရွယ်ချက်တွေက ဖြူစင်ပြီး မွန်မြတ်တယ်....အဲ့ဒါကြောင့် ငါ့ကိုငါတွန်းအားပေးမှဖြစ်မယ်လို့ ခံစားနေရတယ်...."
"ခေါင်းဆောင်...နင် တကယ် ဆန္ဒရင်တောင် အစ်မချင်းအာဆီကနေ ခွင့်တောင်းသင့်တယ်....... နင့်ရဲ့ခန္ဓာကိုယ်ကို ဘယ်လိုအသုံးပြုရမယ်ဆိုတာ နင် ကိုယ်တိုင် ဆုံးဖြတ်နိုင်မယ်မထင်ဘူး..."
လီလော့ သူ့ကို စိုက်ကြည့်နေသည်။
"မှားတယ်! ငါက လော့လန်အိမ်တော်ရဲ့ တကယ့်အိမ်ရှင်သခင်ပဲ.... ငါ့ကို ဘယ်သူမှ လွန်ဆန်ရဲမှာ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့မှာ ဖြေရှင်းစရာတွေရှိလို့ ကျောင်းကနေခွင့်ယူထားတယ်.... ကျေးဇူးပြုပြီး သုတေသနကိုပဲအာရုံစိုက်ထားပါ........."
ထို့နောက် သူမအား လက်ပြနှုတ်ဆက်ကာ ထွက်ခွာသွားခဲ့သည်။
ပိုင်မျန်မျန်က သူ ထွက်သွားသည်နှင့် လျှို့ဝှက်အလင်းအရင်းအမြစ် သုတေသနကို တစ်ဖန် အာရုံစိုက်လိုက်ပြန်သည်။
တစ်ဖက်တွင် လီလော့သည် အိပ်ဆောင်မှထွက်ကာ ကောလိပ်၏အစွန်အဖျားသို့သွားခဲ့သည်။
"ကျစ်...ကျစ်... လော့လန်အိမ်တော်မှာ ငါ့ကို ဘယ်သူမှ အသိအမှတ်မပြုဘူး.... တစ်နေ့နေ့ တစ်ချိန်ချိန်မှာ စစ်မှန်တဲ့ အုပ်စိုးသူဆိုတာ သိလာစေရမယ်....“
ပိုင်မျန်မျန် သူ့ကို ဘယ်လိုမြင်လဲဆိုတာ သတိရလို့ လီလော့ ငြီးတွားလိုက်သည်။
"ဘာတွေပြောနေတာလဲ... "
ထိုအချိန်တွင် ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။ သူ့ခေါင်းကို မော့ကြည့်လိုက်တော့ ရင်းနှီးတဲ့ လူသုံးယောက်က အရိပ်ရသစ်ပင်ကြီးရဲ့ အောက်ကနေ သူ့ကို ကြည့်နေကြသည်။
အလယ်မှာ တစ်ယောက်က ကျန်းချင်းအာ ဖြစ်ပြီး မင်းသမီးနဲ့ ယန်လင်းချီကတော့ သူ့ နံဘေးမှာ......
သူတို့ သုံးယောက်သည် စွဲမက်ဖွယ် အလှကိုယ်စီပိုင်ဆိုင်သူများ ဖြစ်ကြကာ အတူ မတ်တပ်ရပ်လိုက်သောအခါ ဖြတ်သွားသော ကျောင်းသားတိုင်း၏ အကြည့်များကို စွဲဆောင်နေ၏။
တစ်ဖက်တွင် လီလော့သည် ကျန်းချင်းအာ ၏မေးခွန်းကို ပြန်ဖြေရင်း ပြုံးလျက် သူမရှိရာဆီ သွားခဲ့သည်။
“ငါ့ရဲ့ အောင်မြင်မှုတွေကို ပြန်တွေးပြီး ဒီပြိုင်ပွဲကို အနိုင်ရပေမဲ့ ရုန်းမထွက်နိုင်ဘူးဆိုတာ သိလာတယ်....အခုထိ တုန်လှုပ်နေတုန်းပဲ....."
"ချင်းအာ...သူလိမ်နေတာ.... ငါ့ရဲ့ ပင်ကိုယ်အသိစိတ်က သူ တခြားမိန်းကလေးနဲ့ ပရောပရည်လုပ်နေတယ်လို့ပြောနေတယ်...." ဟု ယန်လင်းချီက မာဆတ်ဆတ် ပြန်ဖြေသည်။
"အစ်မလင်းချီ....ကျွန်တော်တို့နှစ်ယောက်ကိုရန်တိုက်ပေးဖို့မကြိုးစားပါနဲ့.... ဒါမှမဟုတ်ကျွန်တော့်ရဲ့ နည်းစနစ်တွေကို မြည်းစမ်းကြည့်ချင်လို့လား။"
လီလော့ကလည်း ပြန်ခြိမ်းခြောက်လိုက်သည်။
"အိုး? ဒါဆို စမ်းကြည့်လိုက်မယ်.... နင် ငါ့ကို အန္တရာယ်ပြုရင် နင့်အတွက် ရှီးယန်စံအိမ်ကို ဘယ်သူ တာဝန်ခံပေးမလဲ ကြည့်ကြသေးတာပေါ့......"
လီလော့ ဘာပြန်ပြောရမှန်းပင်မသိတော့ချေ......
ကျန်းချင်းအာက.... "မင်းတို့နှစ်ယောက် ကလေးဆန်ဆန်ရန်ဖြစ်မနေကြနဲ့တော့....."
လီလော့ ပြုံးလိုက်မိသည်။ အခုလိုအသေးစားရန်ပွဲများကို သူတကယ်လွမ်းဆွတ်နေခဲ့ပါသည်။ ရှန့်ပိန်းတွေ့ဆုံပွဲတွင် အန္တရာယ်များနှင့် ရင်ဆိုင်ရပြီး ရန်ပွဲများ ပြည့်နှက်နေခဲ့သည်မဟုတ်လော.... အဲဒါနဲ့ ယှဉ်ရင် ကျောင်းသား ဘဝဟာ သူလိုချင်တောင့်တတဲ့အရာတစ်ခုဖြစ်ပြီး သူ့ရဲ့ တင်းမာတဲ့ အာရုံကြောတွေကို ပြေလျော့သွားစေသည်။ ဤနေရာသည် ခင်မင်ရင်းနှီးမှု၏ နွေးထွေးမှုကို ခံစားနိုင်သည့် တစ်ခုတည်းသောနေရာဖြစ်သည်။ အကယ်၍ လော့လန်အိမ်တော် သည် နှစ်လအတွင်း ဆိုးရွားသော အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်ရတော့မည် မဟုတ်ပါက၊ ကျောင်းသားဘဝကို လွတ်လွတ်လပ်လပ် ခံစားနိုင်ပါလိမ့်မည်။
"ချင်းအာ... ငါတို့အိမ်ပြန်ရအောင်"
လီလော့က ထိုသို့ပြောသော်လည်း ကျန်းချင်းအာက ခေါင်းခါလိုက်သည်။
"ငါနဲ့လင်းချီ အရင်ပြန်နှင့်မယ်....နင်ကတခြားတစ်နေရာကိုသွားရမယ်....."
ထိုအချိန်တွင် သူသည် အနည်းငယ် စိတ်လှုပ်ရှားနေသော မင်းသမီးကို လှည့်ကြည့်လိုက်သောအခါတွင် သူဘာကြောင့် ဤနေရာတွင် ရှိနေသည်ကို နားလည်သွားသည်။ ဧကရာဇ်ငယ်ကို နောက်ဆုံးအကြိမ် ကုသမှုပေးသည်မှာ တစ်လနီးပါးရှိပြီဖြစ်သောကြောင့် သူ့အကူအညီကို လိုအပ်နေပေမည်။
"ဂျူနီယာ လီလော့၊ ငါ နင့်ကို ထပ်ပြီး ဒုက္ခပေးရတော့မှာပဲ...."
"မင်းသမီးကို ကျွန်တော် ကတိပေးထားပြီးပြီသားပဲ...."
ဒီလိုနဲ့ လေးယောက်လုံး ကောလိပ်ကနေ ထွက်လာခဲ့ကြသည်။ ကျန်းချင်းအာနှင့် ယန်လင်းချီတို့က လော့လန်အိမ်တော် သို့ ပြန်သွားခဲ့ကြပြီး လီလော့သည် ဂုဏ်သိက္ခာရှိသော သံချပ်ကာတပ်သားများစောင့်ကြပ်ထားသော တော်ဝင်ရထားလုံးပေါ်သို့ မင်းသမီးနှင့်အတူ လိုက်ပါသွားခဲ့သည်။
နှစ်ယောက်သား နေရာယူပြီးသည်နှင့် လှည်းမောင်းသမားက ရထားလုံးကို လျင်မြန်ချောမွေ့စွာ ရှေ့သို့ လမ်းညွှန်ခဲ့သည်။
လီလော့သည် ခတ္တအနားယူရန်သူ့ရှေ့မှ ကောင်းကင်အလှကို တစ်ချက်ကြည့်လိုက်သည်။ သို့သော် မင်းသမီးသည် တောက်ပသော အပြုံးမျိုး ရုတ်တရက်ပြုံးလိုက်ပြီး...
"လီလော့၊ အခု ရိုးရိုးသားသား ပြောကြည့်ရအောင်.... ကြက်သွေးရောင်ဗိုလ်ချုပ် သေဆုံးမှုက နင်နဲ့ပတ်သတ်နေတယ်မလား...."
သူမ၏ ရုတ်တရတ်မေးခွန်းက သူ့ကို အံ့အားသင့်သွားစေသော်လည်း မတုန်လှုပ်ခဲ့ပေ။