ဝိုင်းရိုက်ခံရတဲ့ စထွင်မာ(၂)
Vol. 43 Ch. 534-B
“အရက်လား။ ဟုတ်တယ်။ ငါ စန်းဖန်းနဲ့ သောက်လာတာ။ ငါအခု ရေခဲမြို့တော်ရောက်နေလို့ သူ ငါ့ကို ဧည့်ခံပေးတာလေ”
“သူက ဘယ်လိုနေလဲ ဟုတ်လား။ သူက ချောပါတယ်။ ဒါပေမယ့် ငါ့လောက်တော့ မချောဘူး။ ဟားဟား…။ ဒုံးပျံနှစ်ခုပေးတဲ့အတွက် ကျေးဇူးပါ တာ့မာဟွား”
“ကြည့်ဦး။ ဒီနေ့ နှင်းတွေအရမ်းကျတော့ တော်တော်လေးအေးတယ်။ ဒါပေမယ့် ပျော်ဖို့ကောင်းပါတယ်။ အိုး ဒါနဲ့စကားမစပ် ဟိုနားမှာ ငါ့သူဌေးတို့မိသားစုလုပ်ထားတဲ့ နှင်းလူသားသုံးရုပ်ရှိတယ်။ ငါ မင်းတို့ကို ပြပေးမယ်”
စွန်းဒုန်ဟမ်က ရှေ့ရှိ ပန်းခင်းဆီသို့ အမြန်လျှောက်သွားပြီး ကင်မရာကို ချိန်လိုက်သည်။
“လှတယ်မလား။ ငါ အခု ဘယ်ရောက်နေတာလဲ ဟုတ်လား။ အခု တန်ဖိုးကြီးဗီလာဧရိယာ ပထမရေခဲပင်လယ်ကွေ့မှာ…”
ထိုသို့ဖြင့် စွန်းဒုန်ဟမ်သည် ထိုနေရာတွင် ထိုင်ကာ လိုက်ဖ်လွှင့်နေခဲ့သည်။
အအေးဒဏ်ကြောင့် အိမ်ထဲသို့ ဝင်ရန် ဆုံးဖြတ်လိုက်သည်။ အနည်းငယ်မူးနေသဖြင့် အနည်းငယ် စိတ်ကြည်သွားရန် မျှော်လင့်ထား၏။
သူ လိုက်ဖ်လွှင့်နေစဉ် အနက်ရောင် Paramelas ကား သုံးစီးသည် ညာဘက် မီတာ ၄၀ ၅၀ အကွာ လမ်းမပေါ်တွင် ဖြည်းညှင်းစွာ မောင်းနှင်လာသည်။
ရှေ့ဆုံးကားထဲတွင် ရှေ့ခရီးသည်ထိုင်ခုံ၌ ထိုင်နေသည့် ကတုံးဆံပင်ပေါက်ကေနှင့်လူက ရုတ်တရက် ပြောသည်။ “ဟမ် အပြာရောင်စု့(တ်) ဦးထုပ်အနီနဲ့ကောင်က ငါတို့ ကလပ်မှာတွေ့ခဲ့တဲ့ကောင်မဟုတ်လား။ ချီးပဲ။ ရပ်ဦး”
ကားရပ်လိုက်ပြီးနောက် ကတုံးဆံပင်ကေနှင့်လူက အနောက်ထိုင်ခုံရှိ လီရှောင်ရှောင်အား ဖတ်ထားသည့် ဝေ့ကျောက်တုန်ကို ကြည့်လိုက်သည်။
“သခင်လေးဝေ့ ကျွန်တော်တို့ သူ့ကို သွားရိုက်ရမလား”
ဝေ့ကျောက်တုန်က ပန်းခင်းဘေးတွင် ထိုင်နေသည့် စွန်းဒုန်ဟမ်အား တစ်ချက်လှမ်းကြည့်လိုက်သည်။
“မင်းသဘောပဲ”
“သွားကြမယ်”
ကတုံးဆံပင်ကေနှင့်လူက လီရှောင်ရှောင်ကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးကာ တံခါးဖွင့်၍ ထွက်သွားသည်။ သူက နောက်ကားများထဲရှိ သူ၏ညီအစ်ကိုများကို လက်ဝှေ့ယမ်းပြလိုက်ပြီး လူခြောက်ယောက်အုပ်စု တိတ်ဆိတ်စွာဖြင့် ထွက်သွားကြသည်။
ဝေ့ကျောက်တုန်က ၎င်းကို ကြည့်ဖို့ စိတ်မဝင်စားချေ။ သူ၏အာရုံက ဘေးနားရှိ အလှလေးကိုသာ အပြည့်အဝ အာရုံစိုက်ထား၏။ မသိလိုက်စွာဖြင့် သူ၏လက်တစ်ဖက်က သူမ၏အင်္ကျီအောက်ပင် ရောက်ရှိသွားပြီး ကျန်လက်တစ်ဖက်က ဒရိုင်ဘာအား လက်ဝှေ့ယမ်းပြလိုက်သည်။
ကားသုံးစီးက ရှေ့သို့ ဖြည်းညှင်းစွာ မောင်းလာ၏။
စွန်းဒုန်ဟမ်မှာ အန္တရာယ်ကို သတိမပြုမိခဲ့ချေ။
ဖုန်းကို ကိုင်ထားရင်း ဗီလာကို လှမ်းကြည့်ကာ “တခြားသူတွေ အိမ်နေကြပြီထင်တယ်။ ငါလည်း နည်းနည်းလေး ချမ်းလာပြီ။ နောက်ထပ် နှစ်မိနှစ်လောက် ထိုင်နေပြီးရင် အခန်းထဲ ပြန်တော့မယ်။ လိုက်ဖ်ကိုတော့ နောက်ထပ် နာရီဝက်လောက်ပဲ ဆက်လွှင့်ဖြစ်မယ်။ ဒီနေ့ စောစောအိပ်ပြီး မနက်ဖြန်ကျရင် စန်းဖန်းနဲ့ အပြင်သွားစရာရှိတယ်”
သူက စကားပြောနေရင်းဖြင့် အချိန်နှင့်အမျှ ကောမန့်စခရင်များကို ကြည့်နေသည်။ “ဘာလဲ။ ငါ့နောက်မှ တစ်ယောက်ယောက် ရှိနေတယ် ဟုတ်လား။ ညဘက်ကြီးဆိုပြီး ငါ့ကို မခြောက်နဲ့နော်”
“ဘာလို့ ပြေးရမှာလဲ”
စွန်းဒုန်ဟမ်က ကောမန့်စခင်များကို ကြည့်ပြီး အေးခဲသွားသည်။ သူ ခေါင်းကို လှည့်ကြည့်လိုက်ရာ ကြီးမားသည့် နှင်းလုံးကြီးတစ်ခုက သူ၏ခေါင်းဆီ ဝင်မှန်လာသည်။
“အမ်”
အနည်းငယ်မူးနေသော်လည်း ၎င်းက သူဌေးကို ကိုယ်စားပြုသည့် နှင်းလူသားရုပ်၏ ဦးခေါင်းဖြစ်ကြောင်းကိုတော့ မှတ်မိသည်။
“ချီးပဲ” စွန်းဒုန်ဟမ် အော်ဟစ်လိုက်၏။
“ဘန်း”
စွန်းဒုန်ဟမ်သည် သူ၏ နှာခေါင်းထဲနှင့် ခေါင်းပေါ်တွင် နှင်းများ ခံစားလိုက်ရသည်။
တစ်စုံတစ်ယောက်က သူ့အား တိုက်ခိုက်သည်ကို သူ သိလိုက်ရ၏။
သူ ထွက်ပြေးချင်သော်လည်း ချော်လဲကာ မြေကြီးပေါ် လဲကျသွားသည်။ ထို့ကြောင့် ခန္ဓာကိုယ်ကို ကွေး၍ ဦးခေါင်းကို လက်နှစ်ဖက်ဖြင့် ကာကွယ်ထား၏။
နောက်ထပ် နှင်းဘောလုံးတစ်ခုက သူ့ကို ထပ်မံထိမှန်သွားပြီး ကန်ချက်အချို့ကိုလည်း ခံစားလိုက်ရသည်။
ထိုလူက အော်ဟစ်ဆဲဆိုလိုက်သည်နှင့်…
အခြားလူများမှာ ၎င်းကို သတိပြုမိသွားကြသည်။
ဝမ်ကျန်းဖန်း၊ ဝမ်မင်၊ ယုံကျားရှင်း၊ လန်ယွဲ့၊ ကျောက်ဖုန်းနှင့် လောင်မုံ့တို့ ချက်ချင်း နိုးလာကြ၏။
ကျန်းဟန်က ပို၍လျင်မြန်စွာ နိုးလာသည်။
သူက စိတ်ဝိဉာဉ်အာရုံကို အသုံးပြု၍ ဖြစ်ပျက်နေသည်များကို သိလိုက်သည်။
သို့သော် ယခုအချိန်တွင် ဇီယန်က သူ၏ကိုယ်ပေါ်တွင် ရှိနေသဖြင့် မလှုပ်ရှားချေ။ သူ စိတ်ဝိဉာဉ်စွမ်းအားကို အသုံးပြုတော့မည့်အချိန်တွင် ကျောက်ဖုန်း ပြေးလာသည်ကို တွေ့လိုက်ရ၏။ ထို့ကြောင့် သူ ဘာမှ မလှုပ်ရှားတော့။
“ဝှစ်”
ကျောက်ဖုန်းမှာ အလွန်လျင်မြန်၏။
ညတစ္ဆေတစ်ကောင်ပမာ နှင်းများပေါ် ရိပ်ခနဲ ရိပ်ခနဲပင်။
သူ၏နောက်တွင် လောင်မုံ့၊ လန်ယွဲ့နှင့် သက်တော်စောင့်အဖွဲ့က ပြေးလာကြသည်။
ဝမ်ကျန်းဖန်းနှင့် ဝမ်မင်တို့က အခြေအနေကို မြင်သွားသည့်အချိန်တွင် အပြင်ကို ထွက်မလာကြတော့။ ပြတင်းပေါက်တွင် ရပ်ကာ အောက်ကို ငုံ့ကြည့်နေကြ၏။
စွန်းဒုန်ဟမ်သည် သူ အရိုက်ခံရသည်ကို သိရှိပြီး အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
သို့သော် သူ ခုနှစ်ကြိမ် ရှစ်ကြိမ်ခန့်သာ အကန်ခံရသည့်ပုံပေါ်၏။ တကယ်တမ်းတွင် သူက အောက်ခံဂျာကင်ကို ဝတ်ဆင်ထားသဖြင့် သိပ်ပြီး မနာကျင်ပေ။ သူ၏ခေါင်းကို ဦးတည်လာသည့် ကန်ချပ်နှစ်ချက်ကို လက်ဖြင့် ကာထားသဖြင့် လက်ဖမိုးနှင့် လက်မကိုသာ အနည်းငယ် နာကျင်ထုံထိုင်းသွားစေသည်။ တခြားဘာမှ မခံစားလိုက်ရ။
“ဘန်း ဘန်း ဘန်း”
ထိုအသံများ၏နောက်တွင် ညည်းတွားသံများ ထွက်ပေါ်လာ၏။
စွန်းဒုန်ဟမ် ခေါင်းပေါ်က နှင်းများကို ခါချလိုက်ပြီး “အစ်ကိုဖုန်း…”
“မင်းအဆင်ပြေလား”
ကျောက်ဖုန်း ရောက်လာပြီး သူ့အား ဆွဲထူ၏။
ခေါင်းမပါတော့သည့် နှင်းလူသားနှစ်ရုပ်ကို မြင်ပြီးနောက် ကျောက်ဖုန်း၏မျက်နှာ အနည်းငယ် မှုန်မှိုင်းသွားသည်။
၎င်းကို မုန့်မုန့်သာ မြင်တွေ့သွားလျှင် ကောင်းတော့မည်မဟုတ်။
“အဲဒါက…” စွန်းဒုန်ဟမ် ခေါင်းကုတ်လိုက်ပြီး အနည်းငယ် ရှက်ရွံ့စွာဖြင့် “ပြဿနာဖြစ်စေမိလို့ တောင်းပန်ပါတယ် အစ်ကိုဖုန်း”
ကျောက်ဖုန်းက ခေါင်းကို အသာယမ်းလိုက်ပြီး မြေကြီးပေါ် လဲနေသည့် လူခြောက်ယောက်ကို အေးစက်စွာ ကြည့်လိုက်၏။
သူတို့အားလုံး ညည်းတွားနေကြသည်။ ရုတ်တရက် ထွက်ပေါ်လာသည့် ထိုလူများကို ကြည့်လိုက်ရင်း ဘာတွေဖြစ်နေလဲဆိုတာကို သိရှိရန် ကြိုးစားနေကြသည်။
သူတို့က ဘယ်အချိန်က ဒီကို ရောက်လာတာလဲ…
“မင်းဘယ်သူလဲ” ကတုံးဆံပင်နှင့်လူက သူ့အနားကပ်လာသည့် ကျောက်ဖုန်းကို ကြည့်၍ ပြောသည်။
ကျောက်ဖုန်းက ဘာမှပြန်မပြော။
သို့သော် သူ၏ညာဘက်ခြေထောက်က ကတုံးဆံပင်နှင့်လူ၏ ခြေထောက်ပေါ် တက်နင်းလိုက်သည်။
“ဂျွတ်”
သူ အော်ဟစ်ခါနီးတွင် ကျောက်ဖုန်းက သူ၏လည်ပင်းကို ကန်ထည့်လိုက်ရာ မူးနောက်သွားပြီး သေလုမျောပါးဖြစ်သွား၏။
“ဝှစ် ဝှစ် ဝှစ်”
ကျန်ငါးယောက်၏မျက်နှာများမှာ သိသိသာသာ ဖြူဖျော့သွားသည်။
သူတို့ တုန်ယင်နေကြ၏။
“ဘာတွေဖြစ်နေတာလဲ”
“သူက ဘယ်လိုလုပ် ဒီလောက်စွမ်းအားကြီးနေတာလဲ”
“ငါ…ငါတို့က ဝေ့ကျောက်တုန်ရဲ့ လက်အောက်ငယ်သားတွေပဲ။ မင်း….” ဤအချိန်တွင် ကျန်သူများမှာ ကြောက်လန့်နေကြသည်။
လူအများအပြားက သူတို့အား ဝိုင်းထားသဖြင့် ပြေးစရာ နေရာမရှိချေ။
ကျောက်ဖုန်းက စကားပြောလာသည့် လူသုံးယောက်ကို တစ်ချက်သာ ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ သူ့ဘေးနားရှိ လောင်မုံ့က သူတို့အား ဝင်ရောက်ရိုက်နှက်ပေးလိုက်သည်။
နာကျင်မှုဝေဒနာကြောင့် သုံးယောက်လုံး မူးဝေသွားကြသည်။
၎င်းကိုမြင်တော့ စွန်းဒုန်ဟမ်၏နှုတ်ခမ်းများ တုန်ယင်သွားသည်။
ကာကွယ်ပေးခံရတာ အရမ်းကောင်းတာပဲ…
သူ ခဏလောက် စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။ “အစ်ကိုဖုန်း ငါရှင်းပြပါ့မယ်”
ဖြစ်ပျက်ခဲ့သည်များကို သူ ရိုးရိုးရှင်းရှင်းပဲ ပြောပြလိုက်သည်။
ကျောက်ဖုန်းက အဖြစ်အပျက်ကို သိရှိပြီးနောက် ဘာမှမပြောချေ။ သူက ကျန်လူနှစ်ယောက်ကို မထူးမခြားနား ကြည့်လိုက်ရင်း စကားတစ်ခွန်းသာ ပြောလိုက်သည်။
“ထွက်သွား”
“ဟုတ်… ဟုတ်ကဲ့ပါ” နှစ်ယောက်သား စိတ်သက်သာရာရသွားကြသည်။ သူတို့က စကားမပြောနိုင်လောက်အောင် ကြောက်လန့်သွားခဲ့ကြရုံသာဖြစ်သည်။
သူတို့ ဘာစကားမှ မပြောမိခဲ့သောကြောင့်သာ အရိုက်မခံခဲ့ရခြင်းဖြစ်သည်။
နှစ်ယောက်သား ကြောက်လန့်စွာဖြင့် မတ်တပ်ရပ်နေကြသည်။ သူတို့ထွက်ပြေးခါနီးမှာ သူတို့၏အပေါင်းအပါများကို မေ့သွားတော့မတတ်ပင်။
တစ်ယောက်ကို လူနှစ်ယောက်စီ တွဲကာ ဆွဲထုတ်သွားကြ၏။
သူတို့၏နောက်ကျောကို ကြည့်ရင်း ကျောက်ဖုန်း ခေါင်းယမ်းလိုက်သည်။
ထိုနောက် ပျက်စီးသွားသည့် နှင်းလူသားရုပ်နှစ်ခုကို ကြည့်ကာ ပြောလိုက်သည်။ “အဲဒါတွေကို ပြန်ပြင်လိုက်ရအောင်”
ထိုသို့ဖြင့် ညနက်သန်းခေါင်ကြီး သူတို့ နှင်းလူသားများကို ပြန်ပြင်ကြသည်။
ကံကောင်းထောက်မ၍ ထိုနှင်းလူအကြီး နှစ်ရုပ်သာ ပျက်စီးသွားခဲ့သည်။
လက်များ၍ အလုပ်တွင်၏။ ထိုနေရာတွင် သူတို့ နှင်းများကို စလုံးကြသည်။
တစ်ချိန်တည်းမှာပင် ကတုံးဆံပင်လူနှင့် သူ၏အပေါင်းအပါများမှာ နှစ်ယောက်က ကျန်သည့်လေးယောက်ကို တွဲသွားကြ၏။ သူတို့နေထိုင်ရာ အိမ်သို့ ပြန်ရောက်ရန် အတော်လေးရုန်းကန်ခဲ့ရသည်။
၎င်းက ဝေ့ကျောက်တုန်၏ ဗီလာဖြစ်ပြီး ထိုငယ်သားများက ယာယီသာ နေထိုင်ကြသည်။
နာရီကို ကြည့်လိုက်ပြီး ငယ်သားများထဲမှ တစ်ယောက်က ဝေ့ကျောက်တုန်တစ်ယောက် အရေးကြီးကိစ္စတစ်ခုခု ကိုင်တွယ်မနေရလောက်တော့ဟု တွေးကာ အမြန်ဖုန်းဆက်လိုက်သည်။
သို့သော် ဖုန်းက အချခံလိုက်ရ၏။
သူ ထပ်ခေါ်တော့ ဖုန်းစက်ပိတ်သွားသည်။
ခဏလောက် စဉ်းစားပြီးနောက် သူနှင့် သူ၏အဖော်က ဒဏ်ရာရနေသူများကို ဆေးရုံပို့ပေးလိုက်ကြသည်။
ဖြစ်ပျက်ခဲ့သည်များကို သခင်လေးဝေ့အား ပြောပြရန် မနက်အထိ စောင့်ရတော့မည်ထင်၏။
ကျောက်ဖုန်းနှင့် အခြားသူများမှာ နှင်းလူများကို ပြင်ရန် အချိန် ၁၀ မိနစ် ယူခဲ့ရသည်။
ထိုအချိန်တွင် စွန်းဒုန်ဟမ်က မြေကြီးပေါ်မှ ဖုန်းကို ကောက်ယူလိုက်၏။
သူ တစ်ချက်ကြည့်လိုက်ရာ…
ကောမန့်စခရင်များက ဟိုမှသည်မှ တက်နေသေး၏။
“စထွင်မာ ဘာဖြစ်သွားတာလဲ”
“ချီးပဲ။ ခုနက အော်သံတွေ ထွက်လာတယ်။ စထွင်မာကို လူတစ်စုက တိုက်ခိုက်တာပဲ”
“ငါဘာလုပ်ရမလဲ။ အစ်ကိုဒုန်မှာ ဘာပြဿနာတက်တာလဲ”
၎င်းကိုမြင်တော့ စွန်းဒုန်ဟမ်၏နှုတ်ခမ်းများ အနည်းငယ် တုန်သွားသည်။
ဝဘ်ဆိုဒ်၏ တရားဝင်စီမံခန့်ခွဲသူများပင် လာစစ်ဆေးကြ၏။
နောက်တစ်နေ့တွင် သူ့အကြောင်း ခေါင်းကြီးပိုင်းတွင် ပါဝင်တော့မည်မှာ သံသယရှိစရာမလိုတော့။
ခေါင်းစဉ်က “နာမည်ကြီးစထွင်မာ ညနက်ပိုင်း လိုက်ဖ်လွှင့်နေစဉ် လူတစ်စု၏ တိုက်ခိုက်မှုကို ခံရခြင်း” (ကလပ်မှာ မီးခြစ်ငှားတဲ့ကိစ္စနဲ့ ပြဿနာတက်ပြီး သံဖိနပ်နဲ့ဝိုင်းကန်ခံခဲ့ရတဲ့ ဆယ်လီကိုတောင် သတိရသွားတယ်)
၎င်းက သေချာပေါက် အာရုံစိုက်မှုများစွာကို ဆွဲဆောင်နိုင်ပေလိမ့်မည်။
စွန်းဒုန်ဟမ် ခါးသီးစွာ ရယ်မောလိုက်ပြီး အမြန်ပြောလိုက်၏။ “ငါအဆင်ပြေပါတယ်။ နားလည်မှုလွဲသွားတာပါ။ ဘာမှမဖြစ်ပါဘူး။ နောက်ကျနေပြီ။ ငါ လိုင်းပိတ်တော့မယ်။ အားလုံးပဲ ဂွတ်နိုက်ပါ”
စွန်းဒုန်ဟမ်က ကင်မရာကို လက်ခါပြရင်း လိုင်းပိတ်လိုက်သည်။
အခန်းထဲကို ပြန်ရောက်တော့ စွန်းဒုန်ဟမ်သည် ရိုးရိုးရှင်းရှင်း သန့်ရှင်းရေးလုပ်သည်။
ရေချိုးပြီး အိပ်ရာဝင်ခဲ့၏။
နောက်တစ်နေ့တွင် သူနိုးလာသည်နှင့်…
“ဒင်…”
စွန်းဒုန်ဟမ်၏ဖုန်းက မြည်လာ၏။
စန်းဖန်း ဖုန်းခေါ်ခြင်းဖြစ်သည်။
“မနေ့ညက ဖြစ်တဲ့ကိစ္စ သူသိသွားတာလား”
စွန်းဒုန်ဟမ် အေးခဲသွားပြီး ဖုန်းကို ကောက်ကိုင်လိုက်သည်။
“ဒုန်ဟမ် မနေ့က မင်းကို လူတစ်စုက တိုက်ခိုက်တယ်ဆို”
“အတိုင်းအတာတစ်ခုအထိပါ”
“ချီးတဲ့မှပဲ” စန်းဖန်း ဒေါသတကြီးဖြင့် အော်ပြောလိုက်သည်။
၎င်းက စွန်းဒုန်ဟမ်အား အံ့အားသင့်သွားစေ၏။
“ဘာလို့ မင်း ဒီလောက်လွယ်လွယ်နဲ့ အံ့ဩထိတ်လန့်သွားတာလဲ”
“မင်းကို ဝေ့ကျောက်တုန်က တိုက်ခိုက်တာလား” စန်းဖန်းက ဒေါသတကြီး မေးသည်။
“သူ့လက်အောက်ငယ်သားတွေပါ”
“အခု မင်းဘယ်လိုနေသေးလဲ” စန်းဖန်းက ကမန်းကတမ်းမေး၏။
“ငါအဆင်ပြေပါတယ်။ ငါ နည်းနည်းပါးပါးပဲ အကန်ခံခဲ့ရတာ”
“ဟူး…” စန်းဖန်း စိတ်သက်သာရာရသွား၏။
သို့သော် စွန်းဒုန်ဟမ်က ထပ်ပေါင်းပြောလိုက်သည်။ “ဒါပေမယ့် သူ့လက်အောက်ငယ်သားတွေတော့ ဆိုးဆိုးရွားရွားဖြစ်သွားတယ်။ လေးယောက်က ခြေထောက်တွေ ကျိုးသွားတာ”
“ဘာ” စန်းဖန်း၏အသံက ၃ ဒက်စီဗယ် တိုးလာ၏။ “သူတို့ကို မင်း ရိုက်လိုက်တာလား။ ချီးပဲ။ မင်းက အစွမ်းထက်လှချည်လား”
“ငါမဟုတ်ပါဘူး။ ငါက ဘယ်လိုလုပ် သူတို့ကို နိုင်မှာလဲ” စွန်းဒုန်ဟမ် ခါးသီးစွာ ပြုံးလိုက်၏။
“အဲဒါဆို ဘယ်သူတုန်း”
အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် စွန်းဒုန်ဟမ် နောက်ဆုံးတွင် ပြန်ဖြေလိုက်သည်။
“အင်း.. ငါ့သူဌေးလည်း ဒီကိုရောက်နေတာလေ။
သူတို့ကို ရိုက်လိုက်တာ ငါ့သူဌေးရဲ့ လက်အောက်ငယ်သားတွေ။
အဲဒီကောင်တွေက တခြားနေရာမှာ ပြဿနာရှာရင် ငါဘာမှ လုပ်နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် ငါ့သူဌေးနေတဲ့ ခြံဝန်းရဲ့ ဂိတ်ပေါက်မှာဆိုတော့ သူတို့ ခြေထောက်ကျိုးသွားတာပဲ အရမ်းကံကောင်းနေပြီ”
ထိုသို့ ပြောလိုက်ပြီးနောက်…
စွန်းဒုန်ဟမ်သည် ဖုန်းထဲမှ ဂလောက်ဂလောက်အသံကို ကြားလိုက်ရသည်။
ကြမ်းပြင်ပေါ် ဖုန်းလွတ်ကျသွားပုံရ၏။
ငါးစက္ကန့်ခန့်ကြာပြီးနောက်…
စန်းဖန်းက အော်ပြောလိုက်၏။ “ဝိုး မင်းရဲ့အင်အားကြီးတဲ့ သူဌေးလည်း ဒီကိုရောက်နေတာပေါ့”