← Chapters

ဘော့စ်ဖေးရဲ့ ဇာတ်ညွှန်း

Vol. 22 Ch. 316

ဘော့စ်ဖေးရဲ့ ဇာတ်ညွှန်း

Vol. 22 Ch. 316

ဘော့စ်ဖေးဆီက စကားတစ်ခွန်းတည်းနဲ့ ၁၀ နှစ်တာလောက် သင်ကြားခဲ့ရသည့် ပညာများကို ချေပနိုင်ပါသည်။

ကျောင်းမှာသင်ကြားခဲ့ရသည့် လူသားရင်းမြစ် စီမံခန့်ခွဲရေး ပညာအကုန်လုံး အသုံးမဝင်တော့သလို ဟောက်ယွင် ခံစားလိုက်ရသည်။ သူမ သင်ယူခဲ့သမျှက ဘော့စ်ဖေးရဲ့ လိုအပ်ချက်တွေနဲ့ လုံးဝ ကိုက်ညီမှု မရှိပေ။

သို့သော်လည်း ထန်းတာ့နဲ့ ဘော့စ်ဖေးတို့ရဲ့ လည်ပတ်ပုံလည်ပတ်နည်းက ဒီလိုပဲဖြစ်သည်။ ဘော့စ်ဖေးက အမြဲတမ်း ထူးခြားနေသူ ဖြစ်၏။ ထို့ကြောင့် သူ့ဝန်ထမ်းတွေကို စီမံရာမှာလည်း ထူးခြားတဲ့ သီအိုရီနဲ့ နည်းလမ်းတွေ ရှိမှာ သိသာပါသည်။

ဟောက်ယွင် ခေါင်းငြိမ့်လိုက်ပါသည်။ “ကောင်းပါပြီ ဘော့်စဖေး။ အဲ့ဒီကိစ္စတွေကို HR ဌာနတာဝန် ထားလိုက်ပါ။ ကျွန်မတို့ အားလုံးကို သေချာ ဆောင်ရွက်လိုက်ပါ့မယ်”

ဒီ NPC ကြီးထံမှ မဟာ ကာလရှည် မစ်ရှင်ကြီး တစ်ခုကို ဟောက်ယွင် ရရှိလိုက်သည်။ ဆန်းသစ်နေသည့် စိတ်အားထက်သန်မှုများ၊ ဆုံးဖြတ်ချက် ပြတ်သားမှုများနဲ့အတူ သူမ ထွက်သွားပါတော့သည်။

ဖေးချမ့် ခဏလောက် နားလိုက်ပြီး ရုပ်ရှင် ဇာတ်ညွှန်းကို ဆက်ရေးလေသည်။

နိုဝင်ဘာလ ၂ ရက်နေ့ အင်္ဂါနေ့…

မနက် ၁၀ နာရီစွန်းစွန်းအချိန်တွင် ဖေးချမ့် ရုံးခန်းထဲ ဝင်လာခဲ့သည်။ သူ့လက်ပ်တော့ကို ဖွင့်ကာ စာဖိုင်တစ်ခုဖွင့်လိုက်ပြီး ရုပ်ရှင် ဇာတ်ညွှန်းကို နောက်ဆုံးတည်းဖြတ်မှုများ ဆောင်ရွက်လိုက်သည်။ ဒီနေ့ ဇာတ်ညွှန်းကို အပြီးသပ်ကာ ဟွမ်းစစ်ပေါ်တို့ဆီကို ပို့ပေးချင်နေပါသည်။

တခြားနည်းလမ်းမရှိပါ။ ဖေးချမ့် အမြဲတမ်း သွက်သွက်လက်လက်နဲ့ ဆုံးဖြတ်ချက် ပြတ်သားစွာ အလုပ်ကို လုပ်တတ်သောကြောင့် ဖြစ်ပါသည်။

ဇာတ်လမ်း၏ ယခင် ပုံစံကြမ်းကို အခြေခံအဖြစ် အသုံးပြုပြီး အသေးစိတ်များကို ဖေးချမ့် အချောသပ်လိုက်သည်။ အသေးစိတ်တွေ ပိုပြီး ထည့်လေလေ ဟွမ်းစစ်ပေါ်နဲ့ ကျူးရှောင်စဲတို့ သူ့ရည်ရွယ်ချက်များကို နားလည်မှုလွဲနိုင်ချေ ပိုနည်းလေလေ ဖြစ်သည်။

ပထမဆုံး စိတ်ကူးယဉ်သိပ္ပံ အကြောင်းအရာများ ပေါင်းထည့်ရမည်။

ဖေးချမ့် ခေတ္တစဉ်းစားကြည့်လိုက်ပြီး ရှုပ်ထွေး ရိုးအီနေသည့် စိတ်ကူးယဉ်သိပ္ပံ အကြောင်းအရာများကို ရှောင်တာ အကောင်းဆုံး ဖြစ်မည်ဟု ဆုံးဖြတ်လိုက်ပါသည်။

ဆိုလိုရင်းက အာကာသ စစ်ယာဉ်ကြီးများနဲ့ အချိန် ခရီးသွားခြင်း စသည်တို့ ပါဝင်မှာ မဟုတ်ပါ။

ဘာကြောင့်နည်း။

အဘယ့်ကြောင့်ဆိုသော် ဖေးချမ့်၏ မူရင်း ရည်ရွယ်ချက်က ကွန်ပျူတာ အထူးပြုလုပ်ချက်များအတွက် ငွေကို ဖြုန်းနိုင်သမျှ ဖြုန်းဖို့ ဖြစ်သည်။ သို့သော် ကွန်ပျူတာ အထူးပြုလုပ်ချက်များက အလွန်လှပသွားပြန်ရင်လည်း ပရိတ်သတ်က ပိုက်ဆံပေးကြည့်ရကျိုးနပ်သည်ဟု ထင်သွားနိုင်သည်။ ဒီလိုဆို ဖေးချမ့် ဘာလုပ်ရမလဲ။

ထိုကွန်ပျူတာ အထူးပြုလုပ်ချက်များကိုလည်း ထည့်သွင်း၊ ပရိတ်သတ်မကြိုက်အောင်လည်း သေချာအောင် လုပ်ရမည်။

အချိန်ခရီးသွားခြင်းလို အရာတွေကို ရှောင်တာ အကောင်းဆုံးဖြစ်လိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ဖေးချမ့်၏ ဇာတ်ညွှန်းက မပြည့်မစုံ ဖြစ်နေသောကြောင့် ဖြစ်သည်။ ဟွမ်းစစ်ပေါ်နဲ့ ကျူးရှောင်စဲတို့လို စိတ်ကူးယဉ်ကြမ်းသည့် မအေပေးများက သူ့ဇာတ်ညွှန်းသူ ပြန်မမှတ်မိနိုင်လောက်အောင် ပြောင်းပစ်လိုက်နိုင်ခြေ ရှိသည်။

အချိန်ခရီိးသွားခြင်းလို အရာမျိုးနဲ့ဆို သူတို့ အများကြီး ဖန်တီးခွင့်ရသွားလိမ့်မည်။ ဒါ ဖေးချမ့်ကို စိုးရိမ်စေပါသည်။

လူတစ်ယောက်တည်းနဲ့ ပြီးသွားမည့် ဇာတ်ညွှန်းမျိုး သူတို့ကို မစဉ်းစားစေချင်ပါ။ ဥပမာ ဇာတ်လိုက်က ကိုယ့်ဖာသာကိုယ် ကင်မရာကိုင်ရိုက်၊ ကိုယ့်ကိုယ်ကိုနဲ့ ကိုယ်ပြန်အိပ်၊ ကိုယ့်ကိုယ်ကို သတ်သေ၊ ကိုယ့်ကိုယ်ကို လက်ထပ်သွားသော ဇာတ်လမ်းမျိုးတွေ ဖြစ်သည်။

ထို့ကြောင့် သေချာ စဉ်းစားပြီးနောက် ကောင်းကွက်များအောက်တွင် ယုတ်ညံ့သည့် အကြံအစည်များကို ထည့်သွင်းဖို့ ဖေးချမ့် ဆုံးဖြတ်လိုက်ပါသည်။

ဇာတ်လမ်းကို စိတ်ကူးယဉ်သိပ္ပံ အသွင် ပေးလိုက်မည် ဖြစ်သော်လည်း စိတ်ကူးယဉ် သိပ္ပံနဲ့ သက်ဆိုင်သည့် ဇာတ်ဝင်ခန်း အကြီးစားကြီးများ ထည့်သွင်းမှာ မဟုတ်ပါ။ ဒီရုပ်ရှင်က နေ့စဉ်ဘဝများနဲ့သာ ရိုးရိုးရှင်းရှင်း သက်ဆိုင်နေလိမ့်မည်။

ရုပ်ရှင်ကို ကြော်ငြာရာတွင်လည်း ‘ပြည်တွင်းထုတ် စိတ်ကူးယဉ်သိပ္ပံရုပ်ရှင်’၊ ‘စိတ်လှုပ်ရှားစရာ ဇာတ်လမ်း’၊ ‘လှပသည့် ကွန်ပျူတာအထူးပြုလုပ်ချက်များ’ စသည်ဖြင့် ကြော်ငြာသွားမည် ဖြစ်သည်။ ဒီလိုဆို ပရိတ်သတ်တွေကို မျှော်လင့်ချက်ကြီးကြီးမားမား ပေးလိုက်သလို ဖြစ်သွားမည်။

သူတို့ ရုပ်ရှင်ရုံထဲရောက်မှ ကွန်ပျူတာ အထူးပြုလုပ်ချက်တွေလည်း ဘာမှမပါ၊ ခပ်လန်းလန်း ဇာတ်ဝင်ခန်းတွေလည်းမပါ၊ စိတ်ကူးယဉ်သိပ္ပံနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေလည်း အလွန်နည်းပါးနေသည့် ရုပ်ရှင်ကိုသာ မြင်ကြရလိမ့်မည်။ ဇာတ်လမ်းက အပေါ်ယံ စိတ်ကူးယဉ်သိပ္ပံ အမည်ခံထားသည့် သာမန် ခေတ်သစ် ဇာတ်လမ်းမျိုးသာ ဖြစ်မည်။ ထို့အပြင် ဇာတ်လမ်းကလည်း အလွန်အမင်း အဆိပ်အတောက် ဆန်နေပါလိမ့်မည်။

သူတို့အကုန်လုံးကို ပေါက်ကွဲသွားစေပါလိမ့်မည်။

ဒေါသထွက်နေသည့် ပရိတ်သတ်က ပိုက်ဆံ ပြန်ပေးဖို့ ချက်ချင်း တောင်းဆိုကြလိမ့်မည်။

ဇာတ်လမ်းကို အဆိပ်အတောက် အများဆုံး ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုလည်း ဖေးချမ့် အသေးစိတ်များ ဆက်လက် စဉ်းစားမည် ဖြစ်သည်။

ဇာတ်လိုက်မင်းသားက ဘာမှ မရှိသည့် ကပ်ဖားလျက်ဖားကောင် တစ်ကောင် ဖြစ်သည်။ ဒီ ယေဘုယျ ပုံစံကြမ်းကိုတော့ ပြောင်းလဲလို့မရပါ။ သို့သော် ကပ်ဖားလျက်ဖား လုပ်သော်လည်း ဘာမှ မရှိတဲ့ကောင် ဖြစ်အောင် ဘယ်လိုလုပ်သင့်လဲ။

ဒါကို စဉ်းစားဖို့အတွက် ဖေးချမ့် ဦးနှောက် တော်တော်စားခဲ့ရပါသည်။

အရမ်းပျော့လွန်းတာကို ရွေးလိုက်ပါက ဇာတ်လမ်းက အဆိပ်အတောက်သိပ်ဖြစ်မာ မဟုတ်တော့ပါ။ လူတွေကလည်း သိပ်ပြီးမုန်းတီးကြမှာ မဟုတ်ပါ။

ထို့ကြောင့် အဆိပ်အတောက် ပြင်းအားကို ထပ်တိုးချဲ့ရမည်။

ယခု သူ့မှာ ဇာတ်လမ်းရဲ့ ယေဘုယျ ပုံကြမ်း တစ်ခုရှိနပြီ ဖြစ်သဖြင့် ကျန်အသေးစိတ်များကို ရေးသားဖို့ ဖေးချမ့် ဉာဏ်ကွန့်မြူးသွားပါပြီ။ ခပ်မြန်မြန်ပဲ ကီးဘုတ်ကို ရိုက်ကာ သူ့အတွေးအားလုံးကို စကာလုံးများအဖြစ် ပြောင်းလဲလိုက်သည်။

အနာဂတ်မှာ နည်းပညာတွေက အများကြီး ဖွံ့ဖြိုးတိုးတက်လာသည်။

လူသားတွေနေရာကို စက်ရုပ်တွေနဲ့ အစားထိုးပြီး အလုပ်ကြမ်း အများစုကို နေရာယူသွားကြလိမ့်မည်။ အလုပ်ကြမ်းသမား အများစုက ၎င်းတို့၏ လုပ်ငန်းများဆုံးရှုံးကာ ဆင်းရဲငတ်မွတ်လာကြမည်။

ကံကောင်းစွာဖြင့် အခြေခံလူမှုပတ်ဝန်းကျင် သက်သာချောင်ချိရေး ဝန်ဆောင်မှုများကို အားကိုးပြီး စားစရာ၊ နေစရာများ ရနိုင်ပါသည်။ ဇာတ်လိုက်မင်းသားက အလုပ်မဲ့အကိုင်မဲ့ သူဆင်းရဲ တစ်ယောက် ဖြစ်ပြီး ရှင်သန်ဖို့အတွက် အခြေခံ လူမှုပတ်ဝန်းကျင် သက်သာချောင်ချိရေး ဝန်ဆောင်မှုများနဲ့ အရေးပေါ် ကယ်ဆယ်ရေးများကို မှီခိုနေရသူ ဖြစ်သည်။

အာကသယာဉ်ခန်း တစ်ခုလို အခန်းထဲမှာနေပြီး အိပ်ရင်တောင် ကွေးကွေးလေး အိပ်ရသည်။ အိပ်ယာမှာ သတိမထားဘဲ ထထိုင်ဖို့ ကြိုးစားမိပါက မျက်နှာကြက်နဲ့ ခေါင်းနဲ့ ရိုက်မိနိုင်သည်။

အရေးပေါ်ကယ်ဆယ်ရေး ဝန်ဆောင်မှုများ ကျေးဇူးကြောင့် နေ့စဉ် အသင့်စား အစားအသောက်များကို ရရှိနိုင်သည်။ မီးခိုးရောင်သန်းနေသည့် ဂျုံနှစ်လို အရာမျိုးထဲ ရေနွေးလောင်းထည့်ပြီး တစ်နေ့တာ အာဟာရ လိုအပ်ချက်ကို ဖြည့်တင်းနိုင်သည်ဆိုရုံလောက် ရှိသည်။

ဇာတ်လိုက်မင်းသား နေထိုင်သည့် အာကာသယာဉ်ခန်းထဲတွင် တီဗီတစ်လုံး ရှိ၏။ ဒါက သူ့အတွက် တစ်ခုတည်းသော ဖျော်ဖြေမှုဖြစ်သည်။

တီဗီပရိုဂရမ်တွေမှာလည်း ကြော်ငြာပေါင်းစုံနဲ့ ပြည့်နှက်နေသည်။ သူ့မှာ ပိုက်ဆံ မရှိသဖြင့် ကြော်ငြာတွေကို ကျော်လို့လည်း မရပါ။

တီဗီပေါ်မှာ ဂိမ်းတွေကစားနိုင်သလို တခြား သူတွေနဲ့ စကားပြောလို့ရသည်။ သို့သော် ဒါတွေ အကုန်လုံး လုပ်ဖို့ဆို ငွေလိုပါသည်။ ဇာတ်လိုက်မင်းသားက ကြော်ငြာတွေ ကျော်ဖို့တောင် ပိုက်ဆံ မရှိသဖြင့် တခြား ဖျော်ဖြေမှု နည်းလမ်းများကို မတတ်နိုင်ပါ။

ထို့ကြောင့် ဇာတ်လိုက်မင်းသားက ကြော်ငြာများနဲ့ တီဗီပရိုဂရမ်များကို ကြည့်ရင်းနဲ့သာ နေ့ရက်များကို ကုန်ဆုံးခဲ့ရသည်။ နေ့တိုင်း ၃ နာရီလောက် အာကာသယာဉ်လုံးထဲက ထွက်ပြီး အပြင်မှာ လမ်းလျှောက်သည်။

အဘယ့်ကြောင့်ဆိုသော် အပြင်ဘက် ကမ္ဘာကလည်း လူသားတွေ လွတ်လွတ်လပ်လပ် ခံစားနိုင်သည့် အရာမျိုး မဟုတ်တော့ပေ။

သူဌေးတွေဆို နေ့စဉ် မနက် ၆ နာရီမှ ညနေ ၆ နာရီအထိ အပြင်ထွက်နေလို့ ရသည်။ သာမန် ပြည်သူတွေက နေ ၆ နာရီမှ ည ၁၂ နာရီ အထိ အပြင်ထွက်လို့ရသည်။ ဇာတ်လိုက်မင်းသားလို ဆင်းရဲမွဲတေသူတွေကတော့ သန်းခေါင် ၁၂ နာရီမှ မနက် ၃ နာရီအတွင်းသာ အပြင်ထွက်လို့ ရပါသည်။

မနက် ၃ နာရီမှ မနက် ၆ နာရီအထိ အပြင်ကမ္ဘာတွင် သန့်ရှင်းရေးများ အကြီးအကျယ် ပြုလုပ်ကြသည်။ ဒါမှ သူဌေးတွေက မနက် ၆ နာရီအချိန်ကစပြီး ပြန်ခံစားနိုင်မှာ ဖြစ်ပါသည်။

ဆင်းရဲမွဲတေသူတွေသာ သတ်မှတ်ထားသည့် အချိန်ပြင်ပတွင် အပြင်သို့ ထွက်မိပါက ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမည်။

ရလဒ်အနေဖြင့် သူဆင်းရဲ အများစု၏ ခန္ဓာကိုယ် အချိန်ခန့်မှန်းချက်များက လုံးဝ ဗရုသုက္ခ ဖြစ်ကုန်ကြသည်။ သူတို့ကို အပြင်ထွက်ခွင့် ပေးထားသည့် အချိန်အခိုက်အတန့်ကို တန်ဖိုးထားကြ၏။ သူတို့အတွက် ဒါက တစ်နေ့တာမှာ အရေးအကြီးဆုံးအချိန် ဖြစ်ပါသည်။

အမှန်ပင်။ တိတိကျကျပြောရလျှင် ဇာတ်လိုက်မင်းသားလို သူဆင်းရဲတွေက လုံးဝ အလုပ်လက်မဲ့ဖြစ်နေတာတော့ မဟုတ်ပေ။

၎င်းတို့ အကြိုက်ဆုံး တီဗီပရိုဂရမ်ကို ကြည့်ခွင့်ရှိပြီး မဲပေးခွင့်ရှိသည်။

ထိုပရိုဂရမ်များကို သူတို့ ဘယ်လောက်ကြာကြာ ကြည့်သလဲဆိုတဲ့အပေါ် မူတည်ပြီး ပစ္စည်းတချို့ဝယ်ယူနိုင်မည့် စိတ်ကူးယဉ် ငွေကြေးတချို့ ရနိုင်ပါသည်။ အဝတ်အစားကောင်းများ၊ အရသာရှိသည့် အစားအသောက်များ၊ အရသာရှိသည့် အအေးများ၊ အရက်များ စသည်တို့ ပါဝင်သည်။

တီဗီပရိုဂရမ်တိုင်းတွင် ပဟေဠိတစ်ခုစီလည်း ပါဝင်သည်။ ထိုပဟေဠိများတွက် ကိုယ်ပိုင်ငွေကို သုံးပြီး လောင်းကြေးထပ်ကာ အနိုင်ရရှိသွားပါက စိတ်ကူးယဉ်ငွေကြေးများ ပိုရနိုင်ပါသည်။

တချို့ပရိုဂရမ်တွေဆို ပဟေဠိများမှ ငွေများ ရရှိကာ သူဆင်းရဲအဆင့်မှ မြင့်တက်လာသည့် သာမန်ပြည်သူ သို့မဟုတ် သူဌေးများကို ဖိတ်ကြားကာ ပရိုဂရမ်အတွင်း ၎င်းတို့၏ အတွေ့အကြုံများကို မျှဝေခိုင်းသည်။

ဇာတ်လိုက်မင်းသားက ဒါကို အလွန် စိတ်ဝင်စားပါသည်။ ဆုံးရှုံးမှုတချို့ရှိသလို အမြတ်တချို့လည်းရှိခဲ့ပါသည်။ သို့သော် သူက အတော်လေး ပါရမီပါသူ ဖြစ်၏။ ထို့ကြောင့် တစ်ခါတစ်လေ ငွေနည်းနည်း အနိုင်ရရှိကာ ကိုယ့်ကိုယ်ကို ဘီယာဖြင့် ဆုချလေ့ရှိပါသည်။

တစ်နေ့တော့ ဇာတ်လိုက်မင်းသားက အပြင်ကမ္ဘာထဲ နောက်တစ်ဖန် ထပ်ထွက်လာခဲ့သည်။

သူ့နည်းတူး သူဆင်းရဲ့ ဇာတ်လိုက်မင်းသမီးကို မတော်တဆ ဆုံမိသွာား၏။ ဇာတ်လိုက်မင်းသမီးက ထူးထူးခြားခြား လှပ၊ ဆွဲဆောင်မှု ရှိနေတာမျိုး မဟုတ်သော်လည်း သန့်ရှင်းစင်ကြယ်ပြီး ချစ်ဖို့ကောင်းပါသည်။

ဇာတ်လိုက်မင်းသားအတွက်တော့ သူမက အလွန်ထူးခြားစွာ ဆွဲဆောင်မှုရှိလို့နေသည်။ သူမကို စတင်ချစ်ကျွမ်းဝင်သွားပါသည်။

ဇာတ်လိုက်မင်းသားက သူ့ရဲ့မွေးရာပါ ဟာသဉာဏ်ကို အသုံးပြုပြီး သူမကို စကား စပြောခဲ့သည်။ တခြားပြိုင်ဘက်တွေကို အနိုင်ယူပြီး ဇာတ်လိုက်မင်းသမီးရဲ့ နှလုံးသားကို အနိုင်ရခဲ့ပါသည်။

ထိုနေ့ကစပြီး သူတို့ကို သတ်မှတ်ပေးထားသည့် အပြင်ထွက်ချိန် ၃ နာရီတွင် အတူတူဆုံကြကာ စားကောင်းသောက်ဖွယ်များ အတူတူစားကြ၊ သို့မဟုတ် စျေးပေါပေါ ဖျော်ဖြေရေး ပုံစံများအတွက် အတူတူ ငွေသုံးကြလေ့ ရှိသည်။

သူတို့နှစ်ယောက်စလုံးရဲ့ ဆက်ဆံရေးက ခပ်မြန်မြန်ပဲ ရိုမတ်တစ်ဆန်လာခဲ့ပါသည်။

ဇာတ်လိုက်မင်းသားက ခြစ်ကုပ်ချွေတာ စုဆောင်းပြီး ပဟေဠိအစီအစဉ်များတွင်လည်း ဂရုတစိုက်ပါဝင်ခဲ့သည်။ သူကြိုးစားပမ်းစား ရှာဖွေထားသည့် ပိုက်ဆံလေးတွေ အားလုံး ဆုံးရှုံးသွားမှာကြောက်လို့ ဖြစ်ပါသည်။

သူတို့နှစ်ယောက်စလုံး အတူတူနေဖို့ လုံလောက်မည့် နေရာလေးတစ်ခုကို ဝယ်နိုင်အောင် ငွေစုခဲ့သည်။

သူ့စိတ်က ဒါကိုပဲ စွဲမြဲနေခဲ့သဖြင့် ဇာတ်လိုက်မင်းသမီးအတွက် အချိန်ကြာမြင့်စွာ လက်ဆောင်တွေ မဝယ်ပေးနိုင်တော့သလို စားကောင်းသောက်ဖွယ်များလည်း မကျွေးနိုင်တော့ပေ။

ဇာတ်လိုက်မင်းသမီးက စိတ်မဆိုးပါ။ ထို့အစား အလွန်ခွင့်လွှတ်နားလည်ပေးပြီး ဇာတ်လိုက်မင်းသားကို အားပေးအားမြောက်ပြုခဲ့ပါသည်။ တစ်နေ့ကျတော့ ဇာတ်လိုက်မင်းသားက သူတို့နှစ်ယောက် နေထိုင်ဖို့ လုံလုံလောက်လောက် ကျယ်ဝန်းသည့် အာကာသယာဉ်လုံးတစ်ခုကို ဝယ်ဖို့ ပိုက်ဆံလုံလောက်သွားပါသည်။

ထိုအချိန်တွင် သူတို့ သာမန်ပြည်သူတွေ ဖြစ်လာနိုင်ဖို့ မင်းသား၏ ငွေရှာပုံက နှေးကွေးလွန်းနေသည်ဟု မင်းသမီးက ဆိုသည်။ သူမက ပင်ကိုယ်စွမ်းရည်ရှိုးတစ်ခုမှာ ပါဝင်ချင်နေ၏။ ဒါမှ သူမ ပါဝင်ခွင့် ရရှိခဲ့သော် သူတို့ ငွေကို ပိုမြန်မြန် ရှာနိုင်မှာဟု ဆိုသည်။

ဇာတ်လိုက်မင်းသားက ကန့်ကွက်၏။ ထို့ကြောင့် သူတို့ရဲ့ ပထမဆုံး အငြင်းပွားမှု ဖြစ်ပေါ်ခဲ့ပါသည်။

နောက်တစ်နေ့ ဇာတ်လိုက်မင်းသားက အလွန် အပြစ်ရှိသလို ခံစားလိုက်ရ၏။ အချိန်အကြာကြီး စဉ်းစားပြီးမှ သူစုထားသည့် ငွေအကုန်လုံးကို မင်းသမီးအား ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်သည။ ဒါမှ သူမရဲ့ အိပ်မက်နောက်ကို လိုက်နိုင်မှာ ဖြစ်သည်။

ပင်ကိုယ်စွမ်းရည်ရှိုးတွင် ဇာတ်လိုက်မင်းသမီး ပါဝင်သည့် နေ့တွင် သူမရဲ့ ချစ်သူဖြစ်သည့် ဇာတ်လိုက်မင်းသားက ကြော်ငြာကင်းလွတ်ခွင့် နေ့တစ်နေ့ကို ဆုအဖြစ် ရခဲ့၏။ ဆိုလိုရင်းက အပိုင်းတစ်ပိုင်းလုံးကို ကြော်ငြာများကြောင့် စိတ်ရှုပ်စရာ မလိုတော့ဘဲ အစမှ အဆုံးအထိ ကြည့်ရှုနိုင်သည့် သဘော ဖြစ်သည်။

ဇာတ်လိုက်မင်းသမီးက စင်ပေါ်မှာ သီချင်းဆို ကပြရင်း သူမရဲ့ ပင်ကိုယ်စွမ်းရည်ကို ပြသဖို့ ကြိုးစားသည်။ ဇာတ်လိုက်မင်းသားက သေချာ စောင့်ကြည့်နေသော်လည်း ပရိုဂရမ်က လုံးဝ စိတ်ဝင်စားဖို့ မကောင်းဘူးဟု ထင်သွားပါသည်။

ဇာတ်လိုက်မင်းသမီး တင်ဆက်မှု ပြီးဆုံးသွားသော်လည်း အကဲဖြတ် ဒိုင် ၄ ဦးအနက် ၁ ဦးသာ သူမကို ထောက်ခံခဲ့သည်။

ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းအရ ပြိုင်ပွဲဝင်တွေက ထောက်ခံချက် ၃ ခုထက် အပိုရမှ အောင်မှာ ဖြစ်သည်။

တခြား အကဲဖြတ်ဒိုင်များက ဇာတ်လိုက်မင်းသမီးရဲ့ ပြစ်ချက်များကို ထောက်ပြ၏။ သူမ ကသည့်အခါတွင် တောင့်တောင့်ကြီး ဖြစ်လွန်းနေခြင်း၊ သူမပုံစံက မဝံ့မရဲ ဖြစ်နေခြင်း၊ သူမ သီချင်းဆိုပုံဆိုနည်းကလည်း မှားယွင်းနေပြီး အသက်ရှူပုံက မငြိမ်ဖြစ်နေသည်။ သူမ ကီးလည်း ကြောင်နေပါသည်။ စင်ပေါ်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် စတိတ်စင်ပေါ်က တာဝန်တွေကို မေ့ပျောက်သွားခဲ့သည်။

သူမကို ထောက်ခံသည့် တစ်ဦးတည်းသော အကဲဖြတ်ဒိုင်က သူမ ဝတ်ထားတာ လှပသည်ဟု ထင်သည့် ယောက်ျားလေးဒိုင် တစ်ယောက်သာ ဖြစ်သည်။ ရှိုးပွဲအတွက် ထိုအဝတ်အစားကို ငှားဖို့ သူတို့ ငွေတွေ အများကြီး သုံးခဲ့ရသည်။ ဒါမှ ဇာတ်လိုက်မင်းသမီးက အပြစ်ကင်းစင်သည့် ကောင်မလေး ပုံစံ ပေါက်နေမှာ ဖြစ်သည်။

သူမ အလွန်အမင်း စိတ်ဓာတ်ကျစွာဖြင့် ပင်ကိုယ်စွမ်းရည်ရှိုးမှ ထွက်လာခဲ့ပါသည်။

သို့သော်လည်း ဇာတ်လိုက်မင်းသားကတော့ ရင်ထဲမှာ အောင်ပွဲခံလိုက်ပါသည်။ အဘယ့်ကြောင့်ဆိုသော် သူမသာ အောင်မြင်သွားပါက သူတို့ ဒီ့ထက်ပိုပြီး ဝေးကွာလာနိုင်ရုံသာ ရှိမှာကို သိနေသောကြောင့် ဖြစ်ပါသည်။

ယခု ဇာတ်လိုက်မင်းသမီး၏ အိပ်မက်များ ရိုက်ချိုးခံလိုက်ရသဖြင့် သူတို့ အနာဂတ်တစ်ခုကို အတူတူ စိတ်ကူးယဉ်လို့ ရပါပြီ။

သူတို့ ပြန်ဆုံတော့ ဇာတ်လိုက်မင်းသားက ဇာတ်လိုက်မင်းသမီးကို နှစ်သိမ့်ပေးခဲ့ကာ သူတို့ အတူတူနေနိုင်မည့် အာကာသယာဉ် တစ်ခုကို ဝယ်ဖို့ ငွေထပ်စုပြန်ပါသည်။ တီဗီ ပရိုဂရမ်များစွာကို အချိန်ယူကြည့်ရှုကာ ၎င်းတို့၏ နည်းလမ်းများကို လေ့လာခဲ့သည်။ ဒါမှ ပဟေဠိအစီအစဉ်တွေမှာ သူ ဂရုတစိုက် ပါဝင်နိုင်မှာ ဖြစ်သည်။

သူ ပါဝင်သည့် ပဟေဠိတိုင်းမှာ အနိုင်ရနိုင်ဖို့ သေချာအောင် လုပ်ရပါမည်။

နောက်တော့ ဇာတ်လိုက်မင်းသမီးက သူတို့ ချိန်းတွေ့ချိန်များတွင် အာရုံများ လွင့်သထက် လွင့်လာသည်။ ဇာတ်လိုက်မင်းသား စကားပြောနေစဉ် မကြာခဏ စိတ်ပါဝင်စားမှု မရှိဘဲ ရီဝေစွာဖြင့်သာ ခေါင်းငြိမ့်နေလေ့ ရှိပါသည်။

ဇာတ်လိုက်မင်းသားက ဒါကို အတွေးမလွန်ခဲ့ပေ။ ဇာတ်လိုက်မင်းသမီး၏ အိပ်မက် ပျက်ဆီးသွားခြင်းကြောင့်သာ ဖြစ်မည်ဟု ယူဆခဲ့ပြီး တစ်နေ့ကျ ပြန်ကောင်းသွားမှာပါဟု သေချာခံယူထားခဲ့သည်။

နောက်ဆုံးတော့ ဇာတ်လိုက်မင်းသားက ပိုကြီးသည့် အာကာသယာဉ်လုံးတစ်ခုကို ဝယ်ဖို့ ငွေလုံလောက်သွားခဲ့သည်။ နောက်ဆုံးတော့ သူတို့ အတူတူနေနိုင်ပြီဟု ပျော်ရွှင်စွာဖြင့် ဇာတ်လိုက်မင်းသမီးကို ပြောခဲ့ပါသည်။

သို့သော်လည်း ပထမဆုံးအကြိမ်အဖြစ် ဇာတ်လိုက်မင်းသမီး ဒေါသပေါက်ကွဲသွားကာ ဇာတ်လိုက်မင်းသားအပေါ် စိတ်ကစဉ့်ကလျား ဖြစ်လာခဲ့သည်။

‘နင်ဘာမှ နားမလည်ဘူး’ ဟုသာ ဆက်တိုက် အော်နေပြီး လမ်းခွဲဖို့ အကြိမ်ကြိမ် ပြောခဲ့၏။

ဇဝေဇဝါဖြစ်စွာဖြင့် စိတ်ဓာတ်ပြိုလဲခါနီး အချိန်တွင် ရုတ်တရက် ဇာတ်လိုက်မင်းသမီးက ဗိုက်ကြီးနေမှန်း ဇာတ်လိုက်မင်းသား သိလိုက်ရပါသည်။

ဇာတ်လိုက်မင်းသမီးက သူ့ကို ပွင့်ပွင့်လင်းလင်း ပြောလိုက်ပြီး တစ်ချိန်လုံး ပင်ကိုယ်စွမ်းရည်ရှိုးက ဒိုင်နဲ့ ဖောက်ပြန်ခဲ့မှန်း ဝန်ခံလာပါသည်။

All Chapters