← Chapters

တကယ့် ဂန္တဝင်လက်ရာ ဖြစ်လာလိမ့်မယ်

Vol. 22 Ch. 317

တကယ့် ဂန္တဝင်လက်ရာ ဖြစ်လာလိမ့်မယ်

Vol. 22 Ch. 317

ထိုဒိုင်တွင် ကိုယ်ပိုင် လုံးချင်းအိမ်ရှိသည်။ ထို့အပြင် ကောင်မလေးများကို နေ့ဘက်မှာလည်း အပြင်ခေါ်ထုတ်နိုင်စွမ်း ရှိသည်။ ဇာတ်လိုက်မင်းသမီးက ဒီ့ထက် ပိုလှပသည့် ကမ္ဘာကို မြင်လိုက်ရပြီ ဖြစ်ပါသည်။

ထို့ကြောင့် သူမ ဇာတ်လိုက်မင်းသားနဲ့အတူတူ ကျဉ်းကျဉ်းကျုတ်ကျုတ် လူ ၂ ယောက် အာကာသယာဉ်လုံးထဲမှာ နေဖို့ကို စိတ်မဝင်စားတော့ခြင်း ဖြစ်၏။

သူမ ဇာတ်လိုက်မင်းသားနဲ့ စောစော အဆက်ဖြတ်ကာ ဒိုင်နဲ့ အတူ ပေါင်းဖက်ချင်သော်လည်း လွန်ခဲ့သည့် ရက်ပိုင်းလောက်က ထိုဒိုင်မှာ သူမကို အဆက်ဖြတ်သွားခဲ့သည်။ သူမ သူ့သတင်း အစအနတောင် မကြားရတော့ပါ။

ဇာတ်လိုက်မင်းသမီး စွန့်ပစ်ခံလိုက်ရပြီဆိုတာကို ဇာတ်လိုက်မင်းသား သိနေပါပြီ။ ဧကန္တ ထိုဒိုင်က အသစ်အဆန်းကို စမ်းကြည့်ချင်တာသာ ဖြစ်ပြီး ဇာတ်လိုက်မင်းသမီးနဲ့ အတူတူ တစ်သက်လုံး ပေါင်းဖက်ဖို့ စိတ်ကူးမရှိလောက်ပါ။

စိတ်လျှော့ပြီးနောက် ဇာတ်လိုက်မင်းသားက သူမကို တာဝန်ယူဖို့ ဆုံးဖြတ်လိုက်ပါသည်။

သို့သော်လည်း ဇာတ်လိုက်မင်းသမီးက သူ့ကို ငြင်းဆန်ကာ ထွက်သွားခဲ့ပါတော့သည်။

ထိုအချိန်ကစလို့ ဇာတ်လိုက်မင်းသားရဲ့ ဘဝကြီး အရောင်အဆင်း ကင်းမဲ့သွားပါတော့သည်။ သူ စုထားတဲ့ ငွေနဲ့ သူ့အတွက်သူ ပိုကျယ်ဝန်းသည့် နေရာတစ်ခုကို ဝယ်ယူခဲ့သည်။ သူ့တီဗီပရိုဂရမ်တွေမှာ ကြော်ငြာတွေကို ရှင်းထုတ်ဖို့ ငွေလည်း ပေးခဲ့သည်။ ဖျော်ဖြေရေး နည်းလမ်းများကို ထပ်မံဝယ်ယူခဲ့သည်။ သူ့ကိုယ်သူ အားပေးဖို့အတွက် စားကောင်းသောက်ဖွယ်များ ဝယ်စားခဲ့သည်။

သူ့လက်ကျန်ငွေလေးနဲ့ သူ အမြဲ စောင့်ကြည့်နေတတ်သည့် တီဗီပရိုဂရမ်ထဲက အစီအစဉ်တင်ဆက်သူ ကောင်မလေးကို ဘောက်ဆူးပေးလိုက်ပြီး ‘ကျေးဇူးတင်ပါတယ်’ ဟူသည့် စကားတစ်ခွန်းကို ပြန်လည် ရရှိလိုက်ပါသည်။ ယောင်ဝါးဝါး ဘဝမျိုးကို ပြန်လည် ရောက်ရှိသွားခဲ့သည်။ ပဟေဠိအစီအစဉ်များတွင် ဂရုတစိုက် ပါဝင်မည့်အစား ဆုကြေးမြင့်သည့် ပဟေဠိ အစီအစဉ်များတွင် သူ့ငွေ အကုန်လုံးကို လောင်းထည့်လိုက်သည်။ တစ်ခါတစ်လေ အချီကြီးရကာ စိတ်ကြိုက် စျေးဝယ်ပစ်လိုက်သည်။ တစ်ခါတစ်လေမှာတော့ အားလုံးကို ဆုံးရှုံးသွားပြီး အလောင်းကောင်လို အိပ်ယာထဲမှာပဲ ရက်ပေါင်းများစွာ လှဲနေလိုက်ရပါသည်။

ဒီလိုပဲ ၅ နှစ်တာ ကုန်လွန်သွားခဲ့သည်။

တစ်နေ့တော့ ခေါင်းချောင်နေသည့် ဇာတ်လိုက်မင်းသားလည်း ပုံမှန်အတိုင်းပဲ တီဗီပရိုဂရမ်ကို ကြည့်နေခဲ့သည်။

ရုတ်တရက်ကြီး သူအားလုံးပုံအောထားသည့် ပဟေဠိ အစီအစဉ်တစ်ခုတွင် အနိုင်ရသွားမှန်း မြင်လိုက်ရ၏။ သူ ပုံအောထားသည့် ငွေထက် ၁၀ ဆကို ပိုင်ဆိုင်သွားခဲ့ပါသည်။

သူ့ဘဏ်အကောင့်ထဲမှာလည်း ယခင်ကထက် ငွေတွေ အများကြီး ပုံလာခဲ့သည်။ သူ သာမန်ပြည်သူတစ်ယောက်အဆင့်ကို ရောက်သွားပြီဟု ဆိုနိုင်ပါသည်။

ဇာတ်လိုက်မင်းသားက ဇာတ်ခုံ အလှည့်အပြောင်းကြောင့် အပျော်လွန်သွားခဲ့သည်။ ဒီသတင်းကောင်းကို ဇာတ်လိုက်မင်းသမီးအား ပြောပြဖို့ မစောင့်နိုင်ခဲ့ပါ။

သို့သော်လည်း သူမကို ရှာမတွေ့တော့ပေ။ သူ့ရဲ့ အချိန်အကန့်အသတ် ၃ နာရီ အတွင်းမှာပဲ ဇာတ်လိုက်မင်းသမီး မြို့ကနေ ထွက်မသွားပါစေနဲ့ဟူသည့် မျှော်လင့်ချက်လေးဖြင့် မြေလှန်ရှာဖွေခဲ့သည်။

ဒီလိုနဲ့ ဇာတ်လိုက်မင်းသား သူမကို ရှာဖွေရင်း အချိန် ၁ လ ကုန်လွန်သွားခဲ့သည်။ ဇာတ်လိုက်မင်းသမီးရဲ့ ခြေရာ ဘာတစ်ခုမှ မရရှိတော့ပါ။ သူ့မှာ တခြား နည်းလမ်း မရှိတော့သဖြင့် ဇာတ်လိုက်မင်းသား အကြံတစ်ခု တွေးမိသွားသည်။ ပင်ကိုယ်စွမ်းရည်ရှိုးတစ်ခုတွင် ပါဝင်ဖို့အတွက် ငွေတွေကို သုံးဖို့ ဆုံးဖြတ်လိုက်ပါသည်။ ထိုသို့ရောက်ပါက ဇာတ်လိုက်မင်းသမီးကို ချစ်မြတ်နိုးကြောင်း ဖွင့်ပြောကာ တစ်သက်လုံး သူမကို စောင့်မျှော်နေခဲ့တာဖြစ်ကြောင်း… သူ့ဘေးကို သူမ ပြန်လာခဲ့ဖို့ မျှော်လင့်ကြောင်း ပြောလိုက်မည်။

ပင်ကိုယ်စွမ်းရည်ရှိုးများက အတော်လေး ကျယ်ပြန့်ပါသည်။ ထိုရှိိုးတွေကို ထုတ်လွှင့်ပြသလိုက်တာနဲ့ ဇာတ်လိုက်မင်းသမီးလည်း သူ့မက်ဆေ့ကို မြင်နိုင်လောက်ပါသည်။

ထို့ကြောင့် ဇာတ်လိုက်မင်းသားက ပင်ကိုယ်စွမ်းရည်ရှိုး စင်မြင့်ပေါ်ကို ရောက်လာခဲ့သည်။

မီးရောင်အောက်တွင် မတ်တပ်ရပ်နေရင်း သူ့ကောင်မလေးကို ခိုးကာ စွန့်ပစ်သွားခဲ့သည့် ယုတ်မာသော ဒိုင်ကို ဇာတ်လိုက်မင်းသား စိုက်ကြည့်လိုက်၏။

ဇာတ်လိုက်မင်းသာား၏ တစ်ခုတည်းသော ရည်ရွယ်ချက်က ဇာတ်လိုက်မင်းသမီးကို ချစ်ကြောင်း ပြောပြီး သူမကို ဘယ်လောက်လွမ်းသလဲ အားလုံး ရှေ့မှာ ထုတ်ဖော်ပြောဖို့ ဖြစ်သည်။ သူတို့နှစ်ယောက် အတူတူ ဖြတ်သန်းခဲ့သည့် လှပသော အမှတ်တရများအကြောင်းကို ပြောချင်ရုံသာ ဖြစ်သည်။

သို့သော်လည်း ထိုဒိုင်၏ ကြောင်သူတော်ကြွက်သူခိုး မျက်နှာထားကို မြင်သောအခါ ဇာတ်လိုက်မင်းသား စိတ်လွတ်သွားခဲ့၏။

မိုက်ခရိုဖုန်းကို ကိုင်လျက် ထိုအကဲဖြတ်ဒိုင် ဘယ်လောက် ယုတ်မာမှန်း ပရိတ်သတ်ကို ပြောခဲ့သည်။ ထိုဒိုင်က သိုးရေခြုံသော ဝံပုလွေဖြစ်ကြောင်း၊ ဇာတ်လိုက်မင်းသားရဲ့ ကောင်မလေးကို အရှက်မရှိ ခိုးယူပြီး ဖြူစင်တဲ့ ကောင်မလေးကို ဘယ်လို စွန့်ပစ်ခဲ့ကြောင်း စွပ်စွဲလိုက်သည်။

ဒိုင်ကို သူသိထားသမျှထဲ အကျည်းတန်ဆုံး ဆဲနည်းများဖြင့် ဆဲဆိုလိုက်ပြီး ဖိသိပ်ထားခဲ့ရသည့် မကျေနပ်မှုများ၊ နောင်တများ၊ ဒေါသများကို ဖွင့်ချလိုက်ပါသည်။

အခမ်းအနား တစ်ခုလုံး တိတ်ဆိတ်သွားခဲ့၏။

ထိုသို့ ခေတ္တ တိတ်ဆိတ်သွားပြီးနောက်တွင် အားလုံးက လက်ခုပ်သြဘာသံများ ကျယ်လောင်စွာ ချီးမြှင့်ပေးလိုက်ကြပါသည်။

အဆဲခံလိုက်ရသည့် ဒိုင်ကတောင် ရယ်မောကာ လက်ခုပ်တီးပေးလိုက်ပြီး ဇာတ်လိုက်မင်းသားကို လက်မထောင်ပြလိုက်ပါသည်။

သူ့ဘေးက မိန်းကလေးဒိုင်ကလည်း အလွန် ကြေကွဲနေသည့်ပုံစံပင်။ မျက်ရည်များကို သုတ်ရင်း ဇာတ်လိုက်မင်းသားကို အသိအမှတ်ပြုကြောင်း ထောက်ခံဖို့ သူမရှေ့က ခလုတ်ကို နှိပ်လိုက်ပါသည်။

ဒိုင်လူကြီးများရှေ့တွင် စက်ဝိုင်း ၄ ခု မီးလင်းလာ၏။

ဆိုလိုတာက မဲ ၄ ခုရကာ ဇာတ်လိုက်မင်းသား အောင်မြင်သွားပြီ ဖြစ်သည်။

မီးအလင်းရောင်များက ချက်ချင်းပဲ တဖျပ်ဖျပ် လင်းလာကာ စတိတ်စင်ပေါ်မှာ ရောင်စုံမီးခိုးများက တခြား ကွန်ပျူတာ အထူးပြုလုပ်ချက်များနဲ့အတူ ပေါ်လာသည်။

ဆိုလိုတာက အွန်လိုင်းပေါ်ကနေ ကြည့်ရှုနေသည့် လူတွေလည်း ဇာတ်လိုက်မင်းသားရဲ့ တင်ဆက်မှုကြောင့် ခံစားသွားရပြီး ဘောက်ဆူးများ ပေးနေခြင်း ဖြစ်သည်။

ဇာတ်လိုက်မင်းသားက စတိတ်စင်ပေါ်ရှိ တောက်ပနေသည့် ဂဏန်းများကို ကြည့်လိုက်၏။ ထိုဘောက်ဆူးများကျေးဇူးကြောင့် လွန်ခဲ့သည့် နှစ်များစွာထဲ သူပိုင်ဆိုင်ခဲ့သမျှထက် အများကြီး ပိုများသည့် ပမာဏကို ပိုင်ဆိုင်သွားခဲ့ပါသည်။

သူ ဆဲဆိုလိုက်သည့် အကဲဖြတ်ဒိုင်ကလည်း သူ့တင်ဆက်မှုကို အလွန်မြင့်မားစွာ ချီးကျူးနေ၏။ ဒီလောက် အားရဖို့ကောင်းသည့် စကားဝိုင်းရှိုးမျိုးကို မကြည့်ရတာ ဘယ်လောက်ကြာပြီဖြစ်ကြောင်းပါ ပြောခဲ့သေးသည်။

ထိုဒိုင်က ဇာတ်လိုက်မင်းသားကို ငြိမ်းချမ်းရေး သင်္ကေတတစ်ခု ကမ်းလှမ်းလိုက်ပြီး ဇာတ်လိုက်မင်းသားကို ကိုယ်ပိုင် တီဗီပရိုဂရမ်တစ်ခု ဖန်တီးဖို့ ကူညီပေးချင်ကြောင်း ပြောလိုက်သည်။

ဒါဘာအဓိပ္ပာယ်လဲ ဇာတ်လိုက်မင်းသား ကောင်းကောင်း သိပါသည်။

ဆိုလိုရင်းက သူ့ကိုယ်ပိုင်တီဗီပရိုဂရမ်မှာ ကြည့်ရှုသူ သိန်းချီပြီး သို့မဟုတ် သန်းချီပြီး ရှိလာပါက သူ့မှာ စိတ်ကူးတောင် မယဉ်နိုင်သည့် စည်းစိမ်နဲ့ ဂုဏ်တွေ ရရှိသွားတော့မှာပဲ ဖြစ်သည်။

တခြား သူဌေးတွေလိုမျိုး သူနေနိုင်ပြီ။ နေ့အချိန်မှာ အပြင်ထွက်နိုင်ပြီဖြစ်ပြီး ဧရာမ လုံးချင်းအိမ်ကြီးမှာလည်း နေနိုင်ပြီ။ သူ့ဘေးမှာ အမျိုးသမီး အစေခံများ ကြိုက်သလောက် ဒူးထောက်ခိုင်းနိုင်ကာ သူ့ကို လတ်လတ်ဆတ်ဆတ် ခူးထားသည့် စပျစ်သီးများ ကျွေးခိုင်းနိုင်သည်။

ဇာတ်လိုက်မင်းသားက အောင်ပွဲခံရင်း ထိုဒိုင်ကို အားရပါးရ ကျေးဇူးတင်လိုက်ပါသည်။

ထိုအချိန်တွင် စတိတ်စင်ပေါ်မှာ သူက အဓိက ကြယ်ပွင့် ဖြစ်သည်။

ထိုနေ့ညက တီဗီပရိုဂရမ် အဆုံးသတ်သွားတော့ ဇာတ်လိုက်မင်းသားကို အသားဖြူဖြူ ခပ်လန်းလန်း ခပ်ငယ်ငယ် ကောင်လေး နှစ်ယောက်က ဝန်ဆောင်မှု ပေးခဲ့သည်။ လုံးချင်းအိမ်ကြီးတစ်လုံးဆီ ပြောင်းရွှေ့လိုက်ကာ ဇိမ်ခံကားကြီး မောင်းလျက် သူ အမြဲတမ်း စိတ်ကူးယဉ်ခဲ့ရသည့် ဘဝမျိုးကို နေထိုင်လိုက်ပါသည်။

တစ်နေ့တော့ တစ်စုံတစ်ယောက်က သူနဲ့ တွေ့ဖို့ တောင်းဆိုလာသည်။

ဇာတ်လိုက်မင်းသမီးက တကယ်ပဲ သူ့တီဗီပရိုဂရမ်ကို ကြည့်ခဲ့ကာ ဇာတ်လိုက်မင်းသားနဲ့ တွေ့ဖို့ မျှော်လင့်မိကြောင်း ပြောကာ အဆက်အသွယ် ပြန်လုပ်ချင်ခဲ့သည်။

ဇာတ်လိုက်မင်းသားက ချက်ချင်းပဲ မင်းသမီးကို အိမ်ပေါ်ခေါ်ခဲ့သည်။

သူက ယခု သူဌေးဖြစ်နေပြီ ဖြစ်သဖြင့် သူ့ဘန်ဂလိုဆီ တစ်နေ့တာ ဘယ်လိုအချိန်မျိုးမှာမဆို ဘယ်သူ့ကိုဖြစ်ဖြစ် ခေါ်တွေ့နိုင်သည်။

ဇာတ်လိုက်မင်းသမီး သူ့ကို မြင်လိုက်ရတော့ မျက်ရည်များဝဲသွား၏။

သို့သော်လည်း ကောင်မလေး ငယ်ငယ်ချောချောလေး တစ်ယောက်ကို ဖက်ထားပြီး ဇာတ်လိုက်မင်းသားက သွေးအေးစွာဖြင့် ဇာတ်လိုက်မင်းသမီးကို မျက်နှာလာပြရဲသေးသည်ဟု လှောင်ပြောင်ခဲ့သည်။

သူမ ကြမ်းပြင်ပေါ်တွင် ကျုံ့ကျုံ့လေး ဒူးထောက်ကာ သူ့သားကို ပျိုးထောင်နိုင်ဖို့ အတွက် ငွေနည်းနည်းပေးဖို့ ဇာတ်လိုက်မင်းသားကို တောင်းပန်ခဲ့၏။

‘သား’ဟူသည့် စကားလုံးကို ကြားသည့်အခါ ဇာတ်လိုက်မင်းသား ပိုပြီးတောင် ဒေါသထွက်သွားသည်။ သို့သော်လည်း သူမကို ကန်ထုတ်ချင်စိတ်အား ချက်ချင်း ပြန်ထိန်းလိုက်ပါသည်။

သေချာ စဉ်းစားပြီးနောက် သူမအတွက် ငွေတချို့ လွှဲပေးလိုက်ပြီး သူ့ကို ဘယ်တော့မှ လာမရှာတော့ဖို့ ပြောလိုက်ပါသည်။

ဒီကိစ္စကို အပြီးအပြတ် ရှင်းလင်းပြီးနောက် ဆိုဖာတွင် ကျောမှီပြီး ဝိုင်နီလေးသောက်လျက် စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်ပါသည်။

သူမအပေါ် ခံစားချက်ရှိနေသေးသဖြင့် သို့မဟုတ် သူမအတွက် စိတ်မကောင်းသဖြင့် ငွေလွှဲပေးလိုက်ခြင်း မဟုတ်ပါ။

ထိုနေ့ည တီဗီပရိုဂရမ်ထဲတွင် သူနဲ့ ဇာတ်လိုက်မင်းသမီးတို့ရဲ့ အချစ်ဇာတ်လမ်းကို စိတ်ခံစားချက် ပြည့်ဝစွာဖြင့် ရိုက်ကူးဖို့ ရှိနေသေးသဖြင့် ဖြစ်ပါသည်။

ပရိတ်သတ်က ဇာတ်လိုက်မင်းသမီး ဘယ်သူဖြစ်ဖြစ် ဂရုမစိုက်တာကို သူ သိပါသည်။ သူမကို ရှာတွေ့သွားကြပါက သူ့တီဗီပရိုဂရမ်ကို စိတ်ဝင်စားမှု နည်းသွားနိုင်၏။

ဇာတ်လိုက်မင်းသမီးကတော့ ပရိတ်သတ်ရဲ့ စိတ်ထဲမှာ အလှပဆုံး မေးခွန်းသင်္ကေတတစ်ခုအဖြစ်သာ ကျန်ရစ်ခဲ့လိမ့်မည်။

သူမ ဘယ်လောက် စုတ်ချာနေသလဲ မြင်သွားကြပါက ဇာတ်လိုက်မင်းသား ကြိုးစားပမ်းစား ဖန်တီးခဲ့ရသည့် ‘စိတ်ကူးယဉ်အမျိုးသမီးလေး’၏ ပုံရိပ် လုံးဝ တစ်စစီ ပျက်စီးသွားလိမ့်မည်။

စတိတ်စင်ပေါ် မတက်ခင် ဇာတ်လိုက်မင်းသားက ဒိုင်ကို မြင်သွားသေးသည်။

တစ်ချိန်တုန်းက ဒီဒိုင်ကို အတွင်းထဲထိ စိမ့်နေအောင် မုန်းတီးခဲ့ဖူးသည်။ သို့သော်လည်း အခုတော့ ထိုဒိုင်က သူ့ရဲ့ ငွေကြေး ထောက်ပံ့သူနဲ့ သူ့အတွက် ပေါ်လဲ့လို ဖြစ်နေပါပြီ။ သူက ဇာတ်လိုက်မင်းသားကို ဘဝသစ်တစ်ခု ပေးခဲ့၏။

ထို့ကြောင့် ဇာတ်လိုက်မင်းသားက ထိုဒိုင်ကို ချက်ချင်း လေးစားသွားပါသည်။

ဒိုင်က သူ့ကို ဂုဏ်ပြုလိုက်ပြီး ဒီနေ့အပိုင်းက အလွန်အရေးကြီးကာ ဇာတ်လိုက်မင်းသား ကောင်းကောင်း တင်ဆက်နိုင်ဖို့ မျှော်လင့်ကြောင်း ပြောလိုက်၏။

ဇာတ်လိုက်မင်းသားအတွက် Surprise တစ်ခုလည်း ပြင်ဆင်ထားသေးကြောင်း ဒိုင်က ပြောလိုက်သည်။ ဇာတ်လိုက်မင်းသားက ဘာပွဲတော်ကြောင့်လဲ ပြန်စဉ်းစားကြည်မှ သူ့မွေးနေ့ ဖြစ်နေမှန်း မှတ်မိသွားပါသ်။

စတိတ်စင်ပေါ် တက်လိုက်ပြီး ဇာတ်လိုက်မင်းသား မျက်ရည်ကျစရာ အသံမျိုးနဲ့ စကား စတင်ပြောခဲ့ပါသည်။ သူနဲ့ ဇာတ်လိုက်မင်းသမီးတို့ရဲ့ အချစ်ဇာတ်လမ်းအကြောင်းကို ဖော်ပြပြီး ကံထူးရှင် ပရိတ်သတ်တချို့နဲ့ စကားပြောကာ သူတို့ကို အချစ်ရဲ့ အဓိပ္ပာယ် အစစ်အကြောင်း ရှင်းပြလိုက်ပါသည်။

ထို့နောက် အင်တာနက်ကွန်နက်ရှင် ပျက်သွားပြီး ဧည့်ခန်းထဲမှာ ဇာတ်လိုက်မင်းသားမှ ဇာတ်လိုက်မင်းသမီးကို လှောင်ပြောင်ခဲ့သည့် ပုံရိပ်များ ဖန်သားပြင်ပေါ် ပေါ်လာပါသည်။

ဇာတ်လိုက်မင်းသား ဂယောင်ချောက်ချား ဖြစ်သွား၏။ ဖန်သားပြင်ကို ကာဖို့ ကြိုးစားသော်လည်း အသုံးမဝင်ပေ။ တိုက်ရိုက်ထုတ်လွှင့်သည့်အခါ ဒီဗီဒီယိုကို ပရိတ်သတ်၏ ဖန်သားပြင်ပေါ်တွင် တိုက်ရိုက် ပြသနေသောကြောင့် ဖြစ်ပါသည်။ ဇာတ်လိုက်မင်းသား၏ ဂယောင်ချောက်ချား အပြုအမူက သူ့ကို ဟာသကြီးတစ်ခုလို ပိုဖြစ်သွားစေရုံသာ ဖြစ်သည်။

ပရိတ်သတ်လည်း စတင်ပြီး ပေါက်ကွဲလာသည်။ ဒေါသထွက်နေသည့် ကြည့်ရှုသူများစွာက ချန်နယ်ကော်လမ်တွင် ဇာတ်လိုက်မင်းသားကို ဆဲဆို ကြိမ်းမောင်းကြသည်။

ဇာတ်လိုက်မင်းသားရဲ့ ဂုဏ်သတင်းနဲ့ ပုံရိပ်တို့ လုံးဝ ပျက်စီးသွားခဲ့ပါပြီ။

အကဲဖြတ်ဒိုင်က သူ့ရဲ့ အခက်အခဲကို ကူညီဖို့ စိတ်ကူးမရှိပါ။ ထို့အစား အစောပိုင်းတုန်းက သူတို့ လက်မှတ်ရေးထိုးခဲ့ကြသည့် စာချုပ်ကို ရှေ့နေတစ်ယောက်အား ပြန်ယူခိုင်းလိုက်၏။ ဇာတ်လိုက်မင်းသား၏ အပြုအမူက ကုမ္ပဏီ၏ ဂုဏ်သိက္ခာကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့၏။ ထို့ကြောင့် တစ်သက်လုံး ရှာဖွေရမည့် ငွေပမာဏမျိုး ကုမ္ပဏီကို အလျော်ပေးရမည်ဟု ဆိုလိုက်ပါသည်။

အရာအားလုံးကို ဆုံးရှုံးသွားသည့် ဇာတ်လိုက်မင်းသားကို ကြည့်ရင်း အကဲဖြတ်ဒိုင်က သစ္စာဖောက်တစ်ယောက်လို ပြုံးလိုက်ပါသည်။

ဇာတ်လိုက်မင်းသား သူ့ကို စင်ပေါ်မှာ ဆဲဆိုခဲ့တုန်းက အချိန်အတွက် ကလဲ့စား ပြန်ချေနိုင်လိုက်ရုံသာမကဘဲ သူ့တီဗီပရိုဂရမ်ရဲ့ ကြည့်ရှုသူ အရေအတွက်နဲ့ နာမည်တို့ကိုပါ တက်လာအောင် လုပ်နိုင်ခဲ့ပါသည်။

သူ့ဘေးက မိန်းမလှလေးကို ဆွဲခေါ်လိုက်ပြီး ပရိုဂရမ်၏ နောက်ထပ် အပိုင်းအတွက် သူမကို တင်ဆက်သူ လုပ်ခိုင်းလိုက်ပါသည်။

ထို့နောက် ကင်မရာရိုက်ကွက် ပြောင်းလဲသွားသည်။ ဇာတ်လိုက်မင်းသား သေးငယ်သည့် အာကာသယာဉ်လုံးလေးထဲရှိ အိပ်ယာပေါ်တွင် လှဲလျောင်းနေသည်။ သူ့လက်ဖြင့် လှမ်းကိုင်လို့တောင် ရသည့် မျက်နှာကြက်ကို ငေးကြည့်နေ၏။

သူ့ပုံစံက ဖုတ်ကောင် တစ်ကောင်လိုပင်။

ဇာတ်ညွှန်း ရေးပြီးနောက် ဖေးချမ့် နောက်တစ်ခေါက် သေချာ ပြန်ဖတ်လိုက်သည်။ သူဇာတ်ညွှန်းရေးဖူးတာ ပထမဆုံးအကြိမ်ဖြစ်သည့်အတွက် အတော်လေး ကောင်းသည့်ပုံ ပေါ်ပါသည်။

အနည်းဆုံးတော့ ဇာတ်လမ်းက ပြည့်စုံသွားပါပြီ။ အစကတည်းက သူ သတ်မှတ်ထားသည့် ရည်ရွယ်ချက် အားလုံးကိုလည်း ထည့်သွင်းနိုင်ခဲ့သည်။

ဥပမာအားဖြင့် ဇာတ်လိုက်မင်းသားကိုပဲ ကြည့်ပါ။ ဇာတ်လမ်းအစမှာ သူ့ဘဝက သနားဖို့ ကောင်းခဲ့သည်။ သူ တန်ဖိုးထားသည့် ကောင်မလေးတစ်ယောက်နဲ့ တွေ့ဆုံဖို့ အခွင့်အရေး ရခဲ့၏။ ထို့နောက် သူ့ရဲ့ ကပ်ဖားလျက်ဖား ခရီးလမ်းကြီးကို စတင်ခဲ့ပါသည်။ နောက်ဆုံးကျတော့ ဇာတ်လိုက်မင်းသမီး၏ နှလုံးသားကို ဒိုင်လူကြီးက ခိုးယူသွားပြီး ဇာတ်လိုက်မင်းသားကို ဖောက်ပြန်ခဲ့ပါသည်။

ဇာတ်လိုက်မင်းသားက ဒါလည်း ဆက်လက် ကပ်ဖားလျက်ဖားလုပ်နေဆဲဖြစ်ကာ နောက်ဆုံးမှာတော့ ဇာတ်လိုက်မင်းသမီးက သူ့ကို လုံးဝ စွန့်ပစ်ပြီး လမ်းခွဲဖို့ တောင်းဆိုလိုက်ပါသည်။

ထို့နောက် ဇာတ်လိုက်မင်းသား ငွေတွေ အများကြီး အနိုင်ရသွားပြီး ဇာတ်လိုက်မင်းသမီးကို ပြန်ရှာခဲ့သည်။ စင်ပေါ်ရောက်တော့ ဒိုင်အပေါ် ဒေါသပေါက်ကွဲခဲ့ပြီး သူ သိပ်သည်းထားသမျှ အရာအားလုံးကို ဖွင့်ချခဲ့ပါသည်။

သို့သော်လည်း အကဲဖြတ်ဒိုင်က သူ့ကို လှည့်စားနိုင်ခဲ့သည်။။ ဇာတ်လိုက်မင်းသားကလည်း ငွေအတွက် သူ့ကိုယ်သူ စျေးပေါအောင် လုပ်လိုက်ပြီး ယခင်ကနဲ့ လုံးဝ ခြားနားသည့် အပြုအမူမျိုး ဖြစ်သွားပါသည်။ သူ့ပုံစံက ရွံဖို့ကောင်းသွား၏။

နောက်ဆုံးတော့ ဇာတ်လိုက်မင်းသမီး ပြန်လာသည့်အခါတွင်လည်း ဇာတ်လိုက်မင်းသားက သူ့ရင်ထဲက လက်ကျန် နွေးထွေးမှုနဲ့ စေတနာတို့ကို လွှင့်ပစ်ခဲ့သည်။ သူမကို လှောင်ပြောင်ခဲ့ပြီး ငွေပေးကာ သူ့ကို ထပ်လာမရှာဖို့ ပြောလိုက်၏။

အဆုံးသတ်မှာတော့ ဇာတ်လိုက်မင်းသားက ဒိုင်၏ ထောင်ချောက်ထဲ ကျရောက်သွားသည်။ သူအမြဲတမ်း စိတ်ကူးယဉ်ခဲ့ရသည့် ချမ်းသာ ကြွယ်ဝ၊ လှပသည့် ဘဝမျိုး သူ့ရှေ့မှောက် ရောက်လာခဲ့သော်လည်း မျက်စိတစ်မှိတ် အချိန်အတွင်း ဖုန်မှုန့်သဲမှုန့်များအဖြစ် ပျောက်ကွယ်သွားခဲ့ပါသည်။

ယခင်ကလို ပြန်မွဲသွားရုံသာမကဘဲ အခု အကြွေးတွေတောင် အများကြီး တင်သွားခဲ့ပါသည်။ သူ့ဘဝမှာ မျှော်လင့်ချက် အားလုံး ပျောက်ကွယ်သွားပြီ။

အဲ့တာ လုံးဝ စိတ်ပျက်အားလျော့စရာ မကောင်းဘူးလား၊ လုံးဝ မရက်စက်ဘူးလား။

ဖေးချမ့်ကိုယ်တိုင်တောင် ဇာတ်လမ်းက အလွန် အဆိပ်အတောက်ဆန်သည်ဟု ခံစားမိသွားသည်။ ဇာတ်လမ်းက အလွန် ဇာတ်နာပါသည်။

ဇာတ်လိုက်မင်းသားက ကပ်ဖားလျက်ဖားကောင် တစ်ယောက် ဖြစ်ရုံသာ မကဘဲ သူရဲဘောကြောင်ပြီး ရွံစရာလူ ဖြစ်သည်။ ဇာတ်လိုက်မင်းသမီးလည်း ဘာမှ မထူးပါ။ သူတို့နှစ်ယောက် တစ်သက်လုံး အတူတူ နေသွားသင့်ပါသည်။

အနှစ်ချုပ်အားဖြင့် ဒီဇာတ်လမ်း ဇာတ်ကွက်မျိုးနဲ့သာဆို ရုပ်ရှင် ကြည့်ရှုသူများကို သေချာပေါက် ရွံရှာသွားစေပါလိမ့်မည်။

အဆိပ်အတောက်ဖြစ်စေတဲ့ အချက်တွေ အကုန်ပါတယ်ကွ။

ဖေးချမ့် သူ့ဇာတ်ညွှန်းကို ထပ်ခါထပ်ခါ ပြန်ဖတ်ကြည့်လိုက်ပြီး နောက်ဆုံး ပြစ်ချက် တစ်ခုကို တွေ့သွားပါသည်။

ဇာတ်လမ်းက ထင်သလောက် မရှည်ခြင်းပင်။

ခေတ္တစဉ်းစားကြည့်လိုက်ပြီး ဇာတ်ညွှန်း အဆုံးသတ်တွင် စာကြောင်းတစ်ကြောင်း ထပ်ရေးပေးလိုက်ပါသည်။

‘ဇာတ်ညွှန်းက တိုလွန်းတယ် ထင်ရရင် ဇာတ်လိုက်မင်းသား အခန်းထဲမှာ တီဗီပရိုဂရမ်နဲ့ ကြော်ငြာတွေ ကြည့်တဲ့ အပိုင်းတွေကို ထပ်ဆွဲဆန့်လိုက်’

ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ၁ နာရီခွဲ မပြောနဲ့ အချိန် ၂ နာရီခွဲလောက်ကြာသွားအောင်တောင် ဇာတ်လမ်းကို ဆွဲဆန့်ဖို့ ပြဿနာမရှိတော့ပါ။

အလုပ်ဖြစ်ပြီကွ။

အမှန်ပင်။ ဘော့စ်ဖေးက သဘောကောင်းသည့် လူတစ်ယောက်ဖြစ်သည်။ ပရိတ်သတ်တွေကို လက်မှတ်မဝယ်အောင် တားချင်ရုံသာ ဖြစ်၏။ သူတို့ကို ရုပ်ရှင်အပေါ် အရမ်းကြီး အငြှိုးမထားစေချင်ပါ။

ထို့ကြောင့် သူတို့အပေါ် သဘောကောင်းပေးဖို့ ဆုံးဖြတ်လိုက်ပြီး ဇာတ်လမ်းကြာချိန်ကို ၁ နာရီခွဲသာ ထားလိုက်ပါသည်။

ဇာတ်ကောင်အမည်များ၊ စကားလုံး အတိအကျများ၊ အက်ရှင်ခန်းများ၊ ပိတ်ကားနောက်က လုပ်ငန်းများ၊ ဇာတ်ဝင်ခန်း အကူးအပြောင်းစသည့် တခြား အကြောင်းအရာများကိုပါ စဉ်းစားပေးဖို့ ဖေးချမ့် စိတ်မဝင်စားပေ။ ထိုအရာတွေကို ဟွမ်းစစ်ပေါ်တို့လက်ထဲသာ လုံးလုံး အပ်ထားဖို့ ဆုံးဖြတ်လိုက်ပါသည်။

သူတို့ ဇာတ်လမ်းကို လာမရှုပ်သရွေ့ ပြဿနာ ဘာမှ မရှိလောက်ပါ။

ဖေးချမ့် သူ့တာဝန်ကို ပြီးဆုံးသွားပြီဖြစ်ပြီး ယွမ် ၁၀၀,၀၀၀ ကိုရရှိလိုက်ပါသည်။

သူ စိတ်ကြည်နူးသွားရသည်။ သူ ငွေရဖို့ ပိုပိုပြီးလွယ်လာပါလား။

ဖေးဟွမ်လုပ်ငန်းတွင်…

ဘော့စ်ဖေးထံမှ ဇာတ်ညွှန်းကို ခုလေးတင် ဟွမ်းစစ်ပေါ် ရရှိလိုက်ပါသည်။

“ဘော့စ်ဖေးက အရမ်းတော်ပါလား”

နောက်တစ်ဖန် ဟွမ်းစစ်ပေါ် လေးစားမှုများဖြင့် ပြည့်နှက်သွားပြန်ပါသည်။

တခြား ဇာတ်ညွှန်းဆရာတွေဆို အရေးပေါ် ဆိုရင်တောင် ဇာတ်ညွှန်းရေးဖို့ ၃ လမှ ၅ လ အထိအချိန်ယူရသည်။ ပြောင်မြောက်သည့် ရုပ်ရှင်တစ်ကားကို ထုတ်လုပ်ဖို့သာဆို ၁ နှစ်နဲ့ ၆ လလောက် ကြာနိုင်ပေသည်။

အမှန်ပင်။ လှည့်ကွက်ပေါင်းစုံနဲ့ ရိုက်ကူးရေးကျမှ ကြုံရာဖန်တီးတတ်သည့် ဇာတ်ညွှန်းဆရာများ မပါပေ။

သို့သော်လည်း ဘော့စ်ဖေးကတော့ ဇာတ်ညွှန်း တစ်ခုလုံးကို ၂ ရက် ၃ ရက်တည်းနဲ့ ရေးသွားသည်။

ယုတ္တိရှိရှိပြောရလျှင် ဘော့စ်ဖေး ရေးထားတာက ဇာတ်လမ်းရဲ့ သာမန် အောက်လိုင်းတစ်ခု ဖြစ်ပါသည်။ ပြီးပြည့်စုံသည့် ဇာတ်ညွှန်းတစ်ပုဒ် ဖြစ်လာဖို့ အဝေးကြီး လိုပါသေးသည်။

သိုသော်လည်း ဇာတ်လမ်း အောက်လိုင်း တစ်ခုကို စဉ်းစားဖို့ဆိုတာတောင် လွယ်ကူသည့် တာဝန် မဟုတ်ပေ။

ဟွမ်းစစ်ပေါ် ခပ်မြန်မြန်ပဲ ကျူးရှောင်စဲကို လှမ်းခေါ်လိုက်သည်။

ဇာတ်ညွှန်း၏ ပုံစံမကျလှသည့် ပုံစံကွက်ကို မြင်သောအခါ ကျူးရှောင်စဲ အနည်းငယ် ခေါင်းမူးသွားသည်။

ဟွမ်းစစ်ပေါ် အမြန်ပြောလိုက်သည်။ “ဘော့စ်ဖေးက ဂိမ်းလောကထဲမှာ အလုပ်လုပ်တဲ့သူလေ။ ဇာတ်လမ်း ဇာတ်ညွှန်းတွေအတွက် ပုံစံကွက်ကို ဘယ်သိပါ့မလဲ။ ငါတို့ နားလည်ပေးလို့ ရပါတယ်”

“ပုံစံကွက်က အရေးမကြီးဘူး။ အရေးအကြီးတာက ဘော့စ်ဖေးရဲ့ အိုင်ဒီယာကနေ ငါတို့ ဘာတွေ ထုတ်ယူရမလဲ ဆိုတာပဲ”

ကျူးရှောင်စဲ ခေတ္တစဉ်းစားကြည့်လိုက်ပြီး ဟွမ်းစစ်ပေါ်ပြောတာ မှန်ကန်ကြောင်း နားလည်ကာ သူ့သဘောထားကို အမြန် ပြောင်းလဲလိုက်ပါသည်။

သူတို့နှစ်ယောက်သား ဇာတ်ညွှန်းကို အစမှ အဆုံးအထိ သေသေချာချာ ဖတ်ရှုကြည့်လိုက်သည်။

ဟွမ်းစစ်ပေါ် အနည်းငယ် မူးဝေသွား၏။

“ဒါ… ဒီဇာတ်လမ်းကြောင့် ပရိတ်သတ်တွေ စိတ်ဓာတ်ကျကုန်တော့မှာပဲလို့ ဘာလို့ ထင်နေမိပါလိမ့်…”

“ဇာတ်လိုက်မင်းသားက ငမွဲ ကပ်ဖားကောင်ပဲ။ ဇာတ်လမ်းတစ်ပုဒ်လုံး အလုပ်ကြိုးစားပြီး ဘဝကောင်းရလုနီးပါး ဖြစ်ခဲ့ပေမယ့် ချက်ချင်း ကောင်းကင်ဘုံကနေ ငရဲအထိ ပြန်ပြုတ်ကျသွားခဲ့တယ်”

“ဇာတ်လိုက်မင်းသမီးကလည်း သူ့လောက်နီးပါး သနားစရာပဲ။ အကဲဖြတ်ဒိုင်ရဲ့ စွန့်ပစ်မှုကို ခံရပြီး သူ့ကလေးကို ပျိုးထောင်ဖို့ ခက်ခဲခဲ့တယ်။ ဇာတ်လိုက်မင်းသားကို ရှာဖို့ ကြိုးစားခဲ့ပေမယ့် အရှက်ခွဲခံလိုက်ရတယ်”

“ဒေါသထွက်စရာ အကောင်းဆုံးက သူတို့ နှစ်ယောက်စလုံး သူတို့ထိုက်နဲ့ သူတို့ကံ ခံလိုက်ရတာပဲ။ ပိုကောင်းတဲ့ ဘဝမျိုးနဲ့ နေဖို့ အခွင့်အရေး ရခဲ့ကြပေမယ့် ဖြုန်းတီးပစ်ခဲ့ကြတယ်…”

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ကျူးရှောင်စဲကို သူ လှည့်ကြည့်လိုက်၏။

ကျူးရှောင်စဲက ချက်ချင်း မတုန့်ပြန်သေးပေ။

ထို့အစား အကြာကြီး တိတ်ဆိတ်သွားပြီးမှ ရုတ်တရက် လက်မထောင်လျက် အော်လိုက်ပါသည်။

“ဖြစ်နိုင်တာပေါ့”

“ဒီဇာတ်ညွှန်း အရမ်းကောင်းတယ်”

“ဇာတ်လမ်းက အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းပြီး လေးနက်တဲ့ ထောက်ပြမှုတွေ ပါဝင်နေတယ်။ သုံးစွဲသူဝါဒက အကျင့်ပျက် ခြစားမှုကို ဘယ်လို ဦးတည်စေသလဲဆိုတာ၊ အရင်းရှင်စနစ်က လူသားမျိုးနွယ်ကို ဘယ်လို ဖိနှိပ်သလဲဆိုတာ၊ စည်းစိမ်ဥစ္စာက လူသားတွေကို ဘယ်လို အဆင့်အတန်း ခွဲခြားလိုက်သလဲဆိုတာတွေကို ဝေဖန် ထောက်ပြထားတယ်။ အရမ်းကို လေးနက်တာပဲ”

ဒီဇာတ်လမ်းထဲက အဖြစ်အပျက်များက ထင်မထားတာတွေဖြစ်သော်လည်း ကျိုးကြောင်း ဆီလျော်မှုရှိသည်။ ဇာတ်လှည်း အလှည့်အပြောင်းများက အဆုံးသတ်တွင် ရုပ်ရှင်ကို ပရိတ်သတ်များ လက်ခုပ်သြဘာ ချီးမြှင့်အားပေးကြစေလိမ့်မည်။

“ဘော့စ်ဖေးက တကယ်ကြီး ၂ ရက် ၃ ရက်အတွင်းမှာ ဒီလောက် ကောင်းတဲ့ ဇာတ်လမ်းမျိုးကို စဉ်းစားနိုင်ခဲ့တာလား…”

“ဘော့စ်ဖေးက အရမ်းပါရမီပါတယ်လို့ပဲ ပြောနိုင်တော့တယ်။ သူ့ကို ဘယ်လိုလုပ်ငန်းထဲ နေရာချပေးလိုက်ပါစေ သူက လုံးဝ ဂုဏ်ပြုထိုက်ကြောင်း သက်သေပြတတ်တယ်”

ဟွမ်းစစ်ပေါ် အနည်းငယ် အူကြောင်ကြောင် ဖြစ်နေသည်။ ဇာတ်ညွှန်းကို ကျူးရှောင်စဲ ဒီလောက် မြင့်မြင်မားမား ချီးကျူးလိမ့်မည်ဟု မထင်ထားပေ။

“အခုချိန်ထိ ငါတို့တွေ ပေါ့ပေါ့ပါးပါး ဟာသ ဗီဒီယိုအတိုလေးတွေပဲ ထုတ်လုပ်ဖူးတာနော်။ ပရီတ်သတ်က ဒီလိုဇာတ်လမ်းကို သဘောကျမှာ သေချာရဲ့လား”

ကျူးရှောင်စဲက ယုံကြည်ချက် ပြည့်ဝစွာ ခေါင်းငြိမ့်လိုက်ပါသည်။ “အရမ်းကို သေချာတာပေါ့”

“ဒီဇာတ်ညွှန်းကို ဖတ်ပြီးတော့ ဘော့စ်ဖေးနဲ့ စိတ်ချင်း ဆက်နွယ်သွားတယ်လို့တောင် ခံစားမိတယ်။ ဘော့စ်ဖေး ဘာကို ရည်ရွယ်နေသလဲ ငါမြင်နိုင်တယ်။ ပရိတ်သတ်က ဒီရုပ်ရှင်ကို သဘောမကျလောက်တော့ လက်မှတ်ရောင်းအားလည်း မကောင်းနိုင်ဘူးဆိုတဲ့ သဘောပဲ။”

“ဒါပေမယ့် နားလည်တဲ့လူတွေရဲ့ အမြင်မှာတော့ ဒီရုပ်ရှင်က တကယ့် ဂန္တဝင် လက်ရာ ဖြစ်လာမှာပဲ”

All Chapters