← Chapters

အိပ်မက်ကို အကောင်အထည် ဖော်ဆောင်သည့် ခြေလှမ်းများ

Vol. 22 Ch. 318

အိပ်မက်ကို အကောင်အထည် ဖော်ဆောင်သည့် ခြေလှမ်းများ

Vol. 22 Ch. 318

ရုပ်ရှင်ဇာတ်ညွှန်းကိစ္စ ရှင်းလင်းပြီးသွားသောအခါ ဖေးချမ့် အလွန်စိတ်အေးသွားရသည်။

သို့သော်လည်း အပန်းဖြေဖို့ အချိန် မဟုတ်သေးပေ။

ဘော့စ်ဖေး ယွမ် ၁.၈ သန်း ပိုင်ဆိုင်လိုက်ရပြီ ဖြစ်သည်။ သူ့မိဘများအတွက် အိမ်အသစ်တစ်လုံး ဝယ်ပေးဖို့ လုံလောက်သွားပါပြီ။

ပိုက်ဆံတွေ ဘယ်ကရလာသလဲ ပြောဖို့ကတော့...

လွယ်ပါသည်။ ယခု ဖေးဟွမ်လုပ်ငန်းစီမံခန့်ခွဲရေးမှာ အလုပ်ရနေပြီဟု ပြောလိုက်လို့ရသည်။ ကုမ္ပဏီက ဗီဒီယိုအတိုများဖြင့် ဝင်ငွေအများကြီး ရရှိခဲ့သဖြင့် သူလည်း ဘောနပ်စ်များစွာ ရရှိခဲ့သည်ဟု ပြောလိုက်ပါမည်။

တိတိကျကျပြောရလျှင် ဒီလို ပြောတာမမှားပေ။ တကယ်တမ်းလည်း ဘော့စ်ဖေးက ဖေးဟွမ်လုပ်ငန်း၏ စီမံခန့်ခွဲရေးတွင် ပါဝင်ခဲ့ရပြီး ငွေအများကြီး ရရှိခဲ့ပါသည်။

ဖေးချမ့် အချိန်ခဏလောက်ယူပြီး အိမ်ပြန်ကာ သူ့မိဘတွေကို ဒီကိစ္စတွေအကြောင်း ရှင်းပြဖို့ ဆုံးဖြတ်လိုက်ပါသည်။

သို့သော်လည်း မပြန်ခင် ကုမ္ပဏီမှာ အားလုံး ရှင်းရှင်းလင်းလင်းဖြစ်အောင် သေချာလုပ်ပေးခဲ့ရမည်။ ဒီတစ်ခေါက် ငွေစာရင်းရှင်းချိန်အသုတ်က ၅ လကြာပါသည်။ ကြာမြင့်သည်ဟု ထင်ရသော်လည်း ခပ်မြန်မြန်ပဲ ကုန်လွန်သွားလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ဖေးချမ့် ဒီအသုတ်မှာ ဆောင်ရွက်မည့် လုပ်ငန်းများ ဖြစ်ကြသည့် ရုပ်ရှင်တစ်ကားထုတ်လုပ်ခြင်း၊ ဆဲလ်ဖုန်းလုပ်ငန်းတစ်ခု တည်ထောင်ခြင်း စသည်တို့က အချိန်အများကြီး ယူရမှာ ဖြစ်တာကြောင့် ဖြစ်ပါသည်။

ဥပမာအားဖြင့် ရုပ်ရှင်ကိုပဲ ကြည့်လိုက်ပါ။ ရုပ်ရှင် ဇာတ်ကြောင်းက ရိုးရှင်းပြီး ကွန်ပျူတာအထူးပြုလုပ်ချက်တွေ အများကြီး မပါသော်လည်း အနည်းဆုံး ပြင်ဆင်ဖို့အတွက် ၁ လ၊ ရိုက်ကူးရေးအတွက်၂ လနဲ့ တည်းဖြတ် အချောသပ်ဖို့ နောက်ထပ် ၁ လ လိုနိုင်ပါသည်။ ရုပ်ရှင်ကို ငွေစာရင်း ရှင်းချိန်မတိုင်ခင် ကပ်သီးလေးသာ ထုတ်လုပ်နိုင်လောက်သည်။

ကံကောင်းစွာဖြင့် စနစ်ကို ဗားရှင်း ၂.၀ သို့တင်ပြီးနောက် ဖေးချမ့်အကျိုးခံစားခွင့်တချို့ ရရှိခဲ့ပါသည်။ ယခု နောက်ထပ် ငွေစာရင်းရှင်းချိန် တစ်သုတ်ဆီသို့ မကြေညာထားသည့် ထုတ်ကုန်တစ်ခုကို သယ်ဆောင်သွားလို့ရပါပြီ။

ဒီတစ်သုတ်မှာ ရုပ်ရှင်ကို ပြီးအောင် မရိုက်နိုင်ပါက ငွေစာရင်းရှင်းချိန် နှောင့်နှေးသွားမှာ မဟုတ်ပေ။ နောက်တစ်သုတ်အထိ ယူဆောင်သွားနိုင်ပါသည်။

ထို့နောက်တွင်တော့ သေချာပေါက် ငွေစာရင်းရှင်းချိန် မရောက်ခင် ထုတ်လုပ်ရပါလိမ့်မည်။

သို့သော်လည်း ဒီတစ်သုတ်အတွင်းမှာ အပြတ်ဖြတ်နိုင်မျှကို ဖြတ်တာ အကောင်းဆုံး ဖြစ်မည်ဟု ဖေးချမ့် ထင်မိပါသည်။

ထိုအကျိုးခံစားခွင့်ဆိုတာကို အရေးပေါ်ကာကွယ်မှု တစ်ခုအနေနဲ့သာ အသုံးချမည်ဖြစ်သည်။ မဟုတ်ပါက အရမ်းကြီး အသုံးချလွန်းပြီး ပရောဂျက်များကို ရည်ရွယ်ချက်ရှိရှိ နှောင့်နှေးအောင် လုပ်မိလျှင် အဆုံးသတ်ကျ အကုန် ရှုပ်ထွေးသွားနိုင်သည်။

ဖေးချမ့် မှတ်စုစာအုပ်ကို လှန်ကြည့်လိုက်ပြီး မာယန်ကို တစ်လှည့် အာရုံစိုက်လိုက်ပါသည်။ သူ့သူငယ်ချင်းကောင်းလေးကို အမြဲတမ်း အနှောင့်အယှက် မပေးချင်သော်လည်း ရွေးချယ်စရာ မရှိပေ။

အစွမ်းအစရှိသူတွေက အလုပ်များများ ပိုလုပ်ရတတ်သည်။

မာယန်က ယွီအင်တာနက်ကဖေးကို ဦးဆောင်နေတာ ကြာပြီဖြစ်ပြီး အရင်အသုတ်တုန်းက ဖေးချမ့်နောက်ကျောကို ဓားနဲ့ ခပ်ပျော့ပျော့ ထိုးခဲ့ပါသေးသည်။ သို့သော်လည်း ရည်ရွယ်ချက်ရှိရှိ လုပ်တာ မဟုတ်မှန်း ဖေးချမ့် သိပါသည်။

ယွီအင်တာနက်ကဖေး၏ အောင်မြင်မှုက ဘော့စ်ဖေးရဲ့ အရှုံးပေးပြီးကယ်တင်ခြင်းခံစေ လက်ချက်ကြောင့်သာ ဖြစ်သည်။ မာယန်နဲ့ ဘာမှ မဆိုင်ပါ။

ထို့အပြင် ကွန်ပျူတာ တပ်ဆင်မှု ဘရန်း ROF ကို စတင်တည်ထောင်ဖို့ စိတ်ကူးခဲ့တာလည်း မာယန် မဟုတ်ဘဲ ကျန်းယွမ် ဖြစ်သည်။

ထို့ကြောင့် ဖေးချမ့်က မာကြီးကို ယုံလို့ရပါသေးသည်။ သူကတော့ ဘော့စ်ဖေးရဲ့ တကယ့် အရေးပါဆုံး ဝန်ထမ်းတစ်ယောက် ဖြစ်၏။

သို့သော်လည်း လက်ရှိ အခြေအနေတွေကြောင့် မာယန်နဲ့ ကျန်းယွမ်တို့ကို ခွဲထုတ်ဖို့ ဖေးချမ့် ဆုံးဖြတ်လိုက်သည်။ ကျန်းယွမ်က သစ္စာဖောက် တစ်ယောက်ဖြစ်မှန်း ဖေးချမ့် သေချာသွားပါပြီ။ အပေါ်ယံမှာတော့ Tieba မှ သာမန်ပညာရှင်လေး တစ်ယောက်ပုံစံသာ ဖြစ်သော်လည်း သူ့တွေးပုံခေါ်ပုံ ပြဿနာတွေက စတင်ရုပ်လုံးပေါ်လာပါပြီ။

မာကြီးကို ကျန်းယွမ်ဆက်ပြီး ဦးနှောက်ကျင်းနေတာကို ဖေးချမ့် ခွင့်ပြုထားပါက အခြေအနေတွေ ပိုပြီးဆိုးရွားလာနိုင်ပါသည်။ ဖေးချမ့် ခက်ခက်ခဲခဲ စတင်စဉ်းစားလေသည်။ မာကြီးကို လက်ရှိရာထူးအတိုင်း ဆက်ထားကာ ကျန်းယွမ်ကို တခြား တစ်ခုခု တာဝန်ပေးလိုက်လို့ ရသလို ကျန်းယွမ်ကို လက်ရှိအတိုင်း ဆက်ထားပြီး မာကြီးကို တခြားတစ်ခုခု တာဝန်ပေးလိုက်လို့ ရသည်။

အများကြီး စဉ်းစားချင့်ချိန်ပြီးနောက် ဒုတိယတစ်ခုက ပိုပြီး ကောင်းလိမ့်မည်ဟု ဆုံးဖြတ်လိုက်ပါသည်။

အဘယ့်ကြောင့်ဆိုသော် ဘော့စ်ဖေးစဉ်းစားထားသည့် လုပ်ငန်းဦးတည်ချက် အသစ်က မာယန်ရဲ့ အစွမ်းအစကို အမြင့်ဆုံး ဖော်ထုတ်ပေးနိုင်မှာကြောင့်ပင်။

ဒီလုပ်ငန်းကို မာကြီးကလွဲပြီး တခြားဘယ်သူ့ဆီမှ အပ်ဖို့ ဖေးချမ့်တစ်ယောက် နောက်ကျောမလုံပါ။

ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းတစ်ခုကို တည်ထောင်ဖို့ စဉ်းစားနေခြင်းဖြစ်သည်။

တကယ်တော့ ဒီလိုလုပ်လို့ စဉ်းစားနေတာ ကြာပါပြီ။ သို့သော်လည်း ငွေကြေးစီးစဉ်းမှု ပြဿနာ တချို့ကြောင့် အကောင်အထည်မဖော်နိုင်ခဲ့ပါ။

ဒီ့မတိုင်ခင်က ထန်းတာ့၏ ငွေကြေးများကို ထုတ်လုပ်မှုများအတွက်သာ သုံးစွဲခဲ့ရသည်။ ဂိမ်းများထုတ်လုပ်ဖို့၊ ဆိုင်ခန်းများ ဖွင့်လှစ်ဖို့အတွက် ငွေအမြောက်အများ သုံးစွဲခဲ့ရသဖြင့် သူတို့ အကောင့်ထဲမှာ ငွေပိုငွေလျှံမရှိခဲပါ။

အားလုံးကို တွက်ကြည့်လိုက်လျှင် သူ့မှာ ယွမ် ၃ သန်း ၄ သန်းလောက် ကျန်ပါသေးသည်။ အမှန်ပင်။ ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းတစ်ခု တည်ထောင်လို့ ရပါသည်။ သို့သော် အဓိပ္ပာယ်မရှိလောက်ပါ။ ယွီအင်တာနက်ကဖေးနဲ့ လေဆန်ပို့ဆောင်ရေးရုံးတွေကို ထပ်ဖွင့်တာသာ ပိုကောင်းပါသည်။

သို့သော် အခုတော့ အခြေအနေတွေ ပြောင်းလဲသွားပါပြီ။ အရင်အသုတ်တုန်းက ငွေကို ဖြုန်းနိုင်သမျှ ဖြုန်းခဲ့သည့် ဘေးထွက်ဆိုးကျိုးများက သူ့ထံ မကြာခင် ပြန်ရောက်လာတော့မည်။ ယခင်လို ငွေဖြုန်းဖို့ နည်းလမ်းများကိုပဲ အားကိုးနေလို့ မရတော့ပေ။

ထို့ကြောင့် ဖေးချမ့်က ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်း တစ်ခု တည်ထောင်ဖို့ တွေးမိခြင်း ဖြစ်သည်။

အမှန်ပင်။ လုံးဝ စိတ်ပါနေတာတော့ မဟုတ်ပေ။

ရင်းနှီးမြှုပ်နှံမှုဆိုတာ အလွန်စွန့်စားရ၏။ သို့သော် အောင်မြင်သွားတာနဲ့ ကြောက်ဖို့ကောင်းလောက်အောင် အမြတ်ရတတ်ပါသည်။

ဖေးချမ့် သူ့ကံအကြောင်းသူ ကောင်းကောင်း သိသည်။ အမှိုက်သရိုက်ဂိမ်းများကို ဖန်တီးဖို့ ကြိုးစားလိုက်တိုင်း အောင်မြင်သွားလေ့ရှိ၏။ မအောင်မြင်မယ့် လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံရင်တောင် အမြတ်ရလာလောက်ကြောင်း သူခန့်မှန်းမိပါသည်။

သို့သော်လည်း ယခု အခြေအနေများအတိုင်းဆို တခြား ရွေးချယ်စရာလည်း မရှိသလောက်နည်းနေပါသည်။ ဖေးချမ့် စနစ်ရန်ပုံငွေတွေ အကုန်လုံးကို တစ်ယောက်တည်း ထိုင်မဖြုန်းနိုင်တော့ပါ။ သူ အကူအညီလိုနေပါပြီ။

ထို့ကြောင့် အများကြီး ချင့်ချိန်ပြီးနောက်တွင် ဖေးချမ့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခု တည်ထောင်ဖို့ ဆုံးဖြတ်လိုက်သည်။

ဘာကြောင့် ကိုယ်တိုင် မဦးဆောင်ရလဲဆိုတာကတော့...

တစ်ဖက်တွင် ဘော့စ်ဖေးက အလွန်အလုပ်များနေပြီးသားဖြစ်သည်။ တခြားလုပ်ငန်းတွေကို ကိုယ်တိုင် စောင့်ကြည့်ထားရ၏။ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီအတွက်ပါ သူ့ဖာသာသူ ဦးဆောင်လိုက်မည်ဆိုလျှင် တခြား လုပ်ငန်းများက သူ့ကို ရူးသွပ်သွားလောက်အောင် သစ္စာဖောက်သွားကြလိမ့်မည်။

နောက်တစ်ဖက်မှာတော့ ဘော့စ်ဖေးက သူ့ရဲ့ကိုယ်ပိုင် အကဲခတ်မှုများကို အလွန်သံသယဖြစ်သည်။ ထို့ကြောင့် မာကြီးကို တာဝန်ပေးဖို့ ဆုံးဖြတ်လိုက်တာပဲ ဖြစ်ပါသည်။ မာကြီးကို အားလုံး ဆုံးရှုံးအောင် လုပ်ခိုင်းတာတောင် မဟုတ်ပေ။ ရင်းနှီးမြှုပ်နှံမှု အနည်းငယ်လုပ်ကာ အရှုံးနည်းနည်းပေါ်စေဖို့ မာကြီးကို တောင်းဆိုခြင်းသာ ဖြစ်သည်။ ဒီလောက်ဆို လုံလောက်ပါပြီ။

အောက်တိုဘာလ ၃ ရက်နေ့....

ယွီအင်တာနက်ကဖေးတွင်...

"ညီကိုချမ့်။ မင်းကို ငါတို့ အားကိုးနေတယ် မြန်မြန် မြန်မြန်လေး"

မာယန်က ဖေးချမ့်၏ ဖန်သားပြင်ကို စိုက်ကြည့်ကာ တခြားသူများထက် ပိုပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်နေပါသည်။ သို့သော်လည်း ဖေးချမ့်ရဲ့ ဖန်သားပြင်ပေါ်မှာတော့ 'Game Over' ဟူသည့် စကားလုံးသာ ပေါ်လာခဲ့သည်။ ဖေးချမ့် ဆွံ့အသွား၏။

ယခင်တစ်ခေါက် အဖွဲ့လိုက်တိုက်ပွဲတွင် ဂိမ်ကစား တော်သည့် ဘော့စ်ဖေးက လမ်းကြောင်းတစ်ခုတွင် ထိုးခွင်းသွားသော်လည်း သူ့အသင်းမန်ဘာများက ရန်သူတွေကို တစ်ယောက်ချင်းချဖို့ ကြိုးစားပြီး အကုန်သေကုန်ကြသည်။ ထို့ကြောင့် ဘော့စ်ဖေး ရန်သူ ၄ ယောက်ကို တစ်ယောက်တည်း တိုက်ခိုက်ဖို့ ကြိုးစားနေရပါသည်။

မာယန်က ရန်သူတွေဆီ ပထမဆုံး ထိုးကြွေးခံရတာ မဟုတ်ပေ။ တကယ်တော့ နောက်ဆုံး ဖြစ်နေပါသည်။

မာယန်သာ မသေပါက ဘော့စ်ဖေးကို ရန်သူ ၄ ယောက်နဲ့ တိုက်ခိုက်ဖို့ ကူညီပေးလို့ရနိုင်သည်။ ဒီလိုဆို အနိုင်ရဖို့ မျှော်လင့်ချက် ရှိနေပါသေးသည်။

သို့သော်လည်း မာယန်ကလည်း ရန်သူတွေကို တစ်ယောက်တည်း ချဖို့ ကြိုးစားခဲ့သည်။ တစ်ယောက်တည်းကျန်ခဲ့သောအခါ ဖေးချမ့် ရန်သူ ၂ ယောက်ကိုသာ သတ်နိုင်ပြီး နည်းလမ်းတွေလည်း ကုန်သွားပါသည်။ ထို့နောက် သူတို့ ခံတပ်ကြီး ပေါက်ကွဲသွားတာကို စိတ်ပျက်လက်ပျက်သာ ရပ်ကြည့်နေနိုင်တော့သည်။

"ဟာကွာ နှမြောစရာကြီး။ ညီကိုချမ့် ထပ်ကစားကြစို့"

မာယန် နောက်တစ်ပွဲစဖို့ ပြင်လိုက်ပါသည်။

ဖေးချမ့် ခပ်မြန်မြန်ပဲ သူ့ကို တားလိုက်သည်။ "နေဦး မင်းနဲ့ အရေးတကြီး ဆွေးနွေးစရာ ကိစ္စတွေ ရှိတယ်"

"သြော် ဟုတ်ပြီ" မာယန်လည်း တွန့်ဆုတ်စွာဖြင့် God Rising ထဲမှ ထွက်လိုက်ပါတော့သည်။

ဖေးချမ့်က ရင်းနှီးမြှုပ်နှံမှုကုမ္ပဏိတစ်ခုကို တည်ထောင်ဖို့ သူ့အစီအစဉ်များကို အသေးစိတ် ရှင်းလင်းဖို့ ဒီနေ့ အင်တာနက်ကဖေးကို လာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူ ရောက်လာသည့်အခါ မာယန်နဲ့ အွန်လိုင်းဂိမ်း ခဏလောက် အတူတူ ဆော့ချင်စိတ်များ ပြင်းထန်လာခဲ့သည်။

နောက်ဆုံးမှာတော့ ဆော့ချင်စိတ်ပျောက်သွားခဲ့ပါသည်။ ရှုံးသွားတာကို ဖေးချမ့် စိတ်ပျက်သော်လည်း ကိစ္စတွေကို အကောင်းဘက်က ကြည့်ရမှာ သူ သိပါသည်။ အဆိုးဘက်က ပြောရလျှင် ဖေးချမ့် ဂိမ်းကို ရှုံးနိမ်သွားသည်။ သို့သော်လည်း အကောင်းဘက်က ကြည့်ရရင်တော့ မာကြီးက အရင်တိုင်းပဲ အားကိုးရဆဲဆိုတာ ဖေးချမ့် အတည်ပြုနိုင်ခဲ့ပါသည်။

သူတို့နှစ်ယောက်စလုံး အနားယူနေရာသို့ သွားလိုက်ကြသည်။ ထို့နောက် ဖေးချမ့်က ကျန်းယွမ်ကိုပါ ခေါ်လိုက်ပါသည်။

ကျန်းယွမ်က ROF လုပ်ငန်းကြောင့် အလုပ်ရှုပ်နေခဲ့သည်။

၁၀၂၄ ဒစ်ဂျစ်တယ်နေ့ ပြီးဆုံးသွားသောအခါ ROF ၏စျေးနှုန်းများ နဂိုအတိုင်း ပြန်ဖြစ်သွားခဲ့သည်။ သို့သော်လည်း ဘရန်း၏ သတင်းက ပြန့်သွားပြီ ဖြစ်သဖြင့် ကျင်းကျိုးမြို့ခံများစွာက အော်ဒါများ ဆက်လက် တင်နေကြဆဲ ဖြစ်ပါသည်။

ထို့ကြောင့် ကျန်းယွမ်က အလုပ်များလာခဲ့ပြီး မာယန်ကတော့ အားလပ်နေဆဲ ဖြစ်သည်။

ဖေးချမ့် ကျန်းယွမ်ကို အရင်ဆုံး ပြောလိုက်သည်။ "အခုချိန်ကစပြီး မင်းက ယွီအင်တာနက်ကဖေးရဲ့ စီအီးအို ဖြစ်သွားပြီ။ အင်တာနက်ကဖေးတွေနဲ့ ROF ကို မင်းတစ်ယောက်တည်း ဦးဆောင်ရမယ်"

ကျန်းယွမ် ကြောင်သွားသည်။

ငါ စီအီးအိုဖြစ်သွားပြီလား။

နည်းနည်း မလောလွန်းဘူးလား။

ဘော့စ်မာက ဘာဖြစ်သွားလို့လဲ။

မာယန်ရဲ့ မျက်နှာကြီး ချက်ချင်းဆိုသလို အရောင်မဲ့သွား၏။

"ညီကိုချမ့်... ခုနက ငါ ဂိမ်းလေး ကောင်းကောင်းပဲ မဆော့မိတာပါ။ ငါ့ကို အလုပ်ထုတ်တဲ့အထိတော့ လုပ်စရာ မလိုဘူးမလား။ ငါအများကြီး အောင်မြင်မှု မရခဲ့ပေမယ့် အလုပ်ကြိုးစားခဲ့တယ်လေ..."

ခုနက ဂိမ်းပွဲကြောင့် ဖေးချမ့် စိတ်ဆိုးနေတာဟု မာယန် ထင်သွားခြင်း ဖြစ်သည်။

ဖေးချမ့်တစ်ယောက် ရယ်ရခက် ငိုရခက် ဖြစ်သွားခဲ့သည်။

"မင်း ဘာတွေ လာပြောနေတာလဲ၊ မင်းအတွက် တခြား တာဝန်ပေးစရာရှိလို့ကွ။ အရမ်း အရေးကြီးတယ်"

"ထန်းတာ့က မကြာခင် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခု တည်ထောင်တော့မယ်။ အဲ့ဒီ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီအတွက် စီအီးအိုလုပ်ဖို့ မင်းက အသင့်တော်ဆုံးပဲလို့ ငါထင်လို့ကွ"

မာယန် လုံးဝ မှင်သက်သွားခဲ့ပါသည်။ သူ့မျက်နှာထားက ခါးသီးမှုမှ ဇဝေဇဝါဖြစ်မှု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထို့နောက် စိတ်လှုပ်ရှား ပျော်ရွှင်မှုအဖြစ် ပြောင်းလဲသွားခဲ့ပြန်ပါသည်။

"သေချာရဲ့လား ညီကိုချမ့် ငါ... ငါအမြဲတမ်း ရင်းနှီးမြှုပ်နှံမှု နတ်သားလေး ဖြစ်ချင်ခဲ့တာ၊ စိတ်မပူပါနဲ့ ညီကိုချမ့်။ ဒီအလုပ်က ငါနဲ့ လုံးဝ လိုက်ဖက်မှု ရှိတယ်။ သေချာပေါက် စိတ်မပျက်စေရဘူး"

ဒီစကားဝိုင်းကို ကျန်းယွမ် ရီဝေစွာဖြင့် ဘေးက ကြည့်နေသည်။ ထိုအချိန်တွင် ဘော့စ်ဖေး အလုပ်ကို ဘယ်လိုလူမျိုးတွေကို တာဝန်ပေးတတ်မှန်း သူ နားမလည်နိုင်တော့ပါ။

ဘော့စ်ဖေးက ဒီအရာတွေကို သူ့ဝန်ထမ်းတွေရဲ့ ကိုယ်ကျင့်တရားပေါ်မူတည်ပြီးတော့ ဆုံးဖြတ်တာလား။ သို့သော်လည်း ဘော့စ်မာက ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုကို ဦးဆောင်ဖို့ သင့်တော်သည့်ပုံ မပေါ်ပါ။

ဘော့စ်မာကို ယွီအင်တာနက်ကဖေးအား ဦးဆောင်ခိုင်းထားတာကပင် ရယ်စရာကောင်းလွန်းနေပြီဟု ကျန်းယွမ် အမြဲတမ်း တွေးခဲ့မိ၏။ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုကို တည်ထောင်ခြင်းက အင်တာနက်ကဖေးတွေ စီမံတာထက် အများကြီး ပိုခက်ခဲနိုင်သည်။ သူ လုပ်နိုင်ပါ့မလား။

ဘော့စ်ဖေးက ဒါတွေကို ဦးစားပေးမှုအလိုက် ဆုံးဖြတ်တာလား။ သို့သော် ဒါလည်း မှန်ကန်ပုံ မပေါ်ပါ။

ကျန်းယွမ်က ဘော့စ်ဖေးနဲ့ ဘယ်ပုံဘယ်ဝါနဲ့မှ ပတ်သတ်မှု မရှိသော်လည်း သူ့ကိုပါ ရာထူးတိုးပေးသွားသည် မဟုတ်ပါလား.

ယွီအင်တာနက်ကဖေးမှာ မာယန်ရဲ့ စီအီးအို ရာထူးကို သူ လွှဲပြောင်းယူလိုက်ရပါပြီ။

ဘော့စ်ဖေးက သူနဲ့ ရင်းနှီးတဲ့လူတွေကို ဒီရာထူး မပေးခဲ့ပါ။ ထို့ကြောင့် ဦးစားပေးမှုအလိုက် ဒါတွေကို ဆုံးဖြတ်တာဟု ကျန်းယွမ် ပြောလို့ မရပါ။

ကျန်းယွမ် အလွန်အမင်း ကြောင်စီစီ ဖြစ်နေခဲ့သည်။ သူသိတာဆိုလို့ ဘော့စ်ဖေးရဲ့ နည်းလမ်းတွေက အလွန်အမင်း ရှုပ်ထွေးတတ်သည်ဆိုတာ တစ်ခုတည်းပင်။

ဧကန္တ ဘော့စ်မာမှာ သာမန်လူတွေ အသိအမှတ် မပြုနိုင်တဲ့ ကိုယ်ကျင့်တရားတွေ ရှိနေလို့များလား...

ဖေးချမ့် ကျန်းယွမ်ဘက်ကို ပြန်လှည့်လိုက်ပြီး ပြောလိုက်ပါသည်။

"ဟုတ်ပြီ ဒါပဲ အလုပ်ပြန်လုပ်ကြတော့"

ကျန်းယွမ် ခေါင်းငြိမ့်လိုက်ပါသည်။ "ကောင်းပါပြီ ဘော့စ်ဖေး။ ယွီအင်တာနက်ကဖေးကို ဒီ့ထက် ပိုမြင့်မားလာအောင် ကျွန်တော် အလုပ်ကြိုးစားပါ့မယ်"

ဖေးချမ့် ဆွံ့အသွား၏။

"..."

ကျန်းယွမ် ထွက်သွားတာနဲ့ ဖေးချမ့်က လည်ချောင်းရှင်းလိုက်ပြီး မာကြီးကို ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီအကြောင်း စတင် ရှင်းပြပါသည်။

ဖေးချမ့်က ဒီတစ်ခေါက်တော့ မာယန်အတွက် လက်ထောက် ရှာမပေးတော့ဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မာယန်က သူ့ကို နောက်ဆုံးစကားပြောခဲ့တဲ့ လူရဲ့ အကြံကိုပဲ မကြာခဏ သဘောတူတတ်ကြောင်း ဖေးချမ့် နားလည်သွားသဖြင့် ဖြစ်ပါသည်။

မာယန်ရဲ့ ဆုံးဖြတ်ချက်ကို လွှမ်မိုးနိုင်ပြီဟု ဘော့စ်ဖေး တွေးလိုက်မိတိုင်း ပြန်လှည့်ကြည့်လိုက်ပါက တခြားတစ်ယောက်က မာယန်၏ စိတ်ကို ထပ်ပြောင်းလဲပစ်လိုက်တာကို မြင်နေရပါသည်။

ထို့ကြောင့် မာယန်အတွက် လက်ထောက်ခန့်အပ်ပေးဖို့ကို အစွမ်းကုန် ရှောင်ကြဉ်ရမည်။ အနည်းဆုံးတော့ မာယန်ကို ကျပန်း အကြံဉာဏ်တွေ ပေးတတ်သည့် လက်ထောက်မျိုး မခန့်အပ်မိအောင် ရှောင်ရပါမည်။

ကိုယ်တိုင် တွေးခေါ်နိုင်စွမ်း နည်းပါးသည့် လူမျိုးကို ရှာရမည်။ ဒါမှ မာယန်လည်း သေချာပေါက် ဘော့စ်ဖေးရဲ့ အကြံပေးချက်အတိုင်း ကိစ္စတိုင်းကို ဆောင်ရွက်မှာ ဖြစ်ပါသည်။

အမှန်ပင်။ ဒီကိစ္စတွေ အားလုံးက နောက်မှ ရှင်းရမည်ဖြစ်သည်။

လောလောဆယ် ရည်ရွယ်ချက်က မာယန်ကို လုံးဝ အသစ်စက်စက်ဖြစ်သွားအောင် ဦးနှောက်ပြန်ကျင်းဖို့ ဖြစ်ပါသည်။

"ငါတို့ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက တခြား ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေနဲ့ ကွဲပြားလိမ့်မယ်"

မာယန်က အလွန်စိတ်ပါဝင်စားစွာ နားထောင်နေသည်။ "ဟမ် ဘာကို ဆိုလိုတာလဲ"

ဖေးချမ့် ပြောလိုက်သည်။ "တခြား ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေ ဘယ်လို လည်ပတ်ကြသလဲဆိုတာ မင်းသိတယ်မလား"

စိတ်လှုပ်ရှားစွာဖြင့် မာယန် ပြန်ဖြေလိုက်ပါသည်။ "သိတာပေါ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေက သူတို့ အမြတ်ရမယ်ထင်တဲ့ ကုမ္ပဏီတွေကို ငွေထုတ်ပေးတာ။ အဲ့ဒါပြီးရင် အဲ့ဒီကုမ္ပဏီတွေကနေ ရလာတဲ့ အမြတ်အစွန်းတစ်စကို ရကြမှာလေ"

ဖေးချမ့် ဆွံ့အသွားသည်။

"...."

ဒါက သာမန် နားလည်မှုတစ်ခုဖြစ်သော်လည်း ဘော့စ်ဖေး ကြားချင်သည့် အဖြေ မဟုတ်ပါ။

"မင်းရဲ့ နားလည်မှုက အရမ်း အပေါ်ယံဆန်တယ်ကွာ"

"ထန်းတာ့က ငွေမရှိတဲ့ ကုမ္ပဏီလား။ ကုမ္ပဏီက ဂိမ်းတွေနဲ့ တခြား အင်တာနက်ကဖေးတွေကနေ ငွေလုံလုံလောက်လောက် ဝင်နေတာပဲ မဟုတ်ဘူးလား"

ဘော့စ်ဖေးက ထိုစကားများကို အံကြိတ်ရင်း ပြောလိုက်ခြင်း ဖြစ်သည်။

မာယန် ပြန်ပြောလိုက်သည်။ "အာ... ညီကိုချမ့်၊ မင်းဆိုလိုချင်တာက..."

ဖေးချမ့် စိတ်ရင်းနဲ့ ပြောသံပေါက်အောင် အကောင်းဆုံး ကြိုးစားပြီး ပြောလိုက်ပါသည်။

"ငါတို့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက ငွေမရှာရဘူးလို့ မပြောပါဘူး။ ဒါပေမယ့် ငွေရှာဖို့ဆိုတာ ငါတို့ရဲ့ ပန်းတိုင်အများကြီးတွေထဲက တစ်ခုသက်သက်ပဲ"

"ရင်းနှီးမြှုပ်နှံမှုဆိုတာ ငါတို့ရဲ့ ငွေပိုငွေလျှံတွေကို မှန်ကန်တဲ့နေရာမှာ ထားဖို့ပဲ"

"မှန်ကန်တဲ့ နေရာဆိုတာ ဘာကို ပြောချင်တာလဲ"

"အကျိုးအမြတ်ရဖို့ အလားအလာရှိတဲ့ ကုမ္ပဏီတွေက ငါတို့ရဲ့ ပိုက်ဆံတွေ သွားထားရမယ့် နေရာလား။ ဘယ်ဟုတ်မလဲ"

"လူမှုပတ်ဝန်းကျင်အတွက် တကယ်ကောင်းကျိုးပြုဖို့ ကြိုးစားတဲ့ ကုမ္ပဏီတွေ အများကြီး ရန်ပုံငွေ မလုံလောက်မှုကြောင့် ပိတ်ပစ်လိုက်ရတယ်။ တူညီတဲ့ အိပ်မက်တစ်ခုကြောင့် စုစည်းမိကြတဲ့ ပါတနာတွေလည်း မတူညီတဲ့ လမ်းတွေ ရွေးချယ်စရာ မရှိဘဲ လျှောက်ကြရတယ်။ ဘယ်လောက်တောင် သနားဖို့ကောင်းလိုက်သလဲ"

"အဲ့တာကြောင့် ငါတို့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ကို အိပ်မက် အကောင်အထည်ဖော် ခြေလှမ်းများလို့ ခေါ်မယ်။ ငါတို့ရဲ့ ရည်ရွယ်ချက်က အကျိုးအမြတ် ရဖို့ မဟုတ်ဘဲ အိပ်မက်တွေ ရိုက်ချိုးခံရမယ့် အန္တရာယ်ရှိနေတဲ့ ကုမ္ပဏီအသေးစားလေးတွေရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ပေးဖို့ပဲ"

All Chapters