← Chapters

ဘော့စ်ဖေးရဲ့ ပရိတ်သတ်ပါ

Vol. 22 Ch. 321

ဘော့စ်ဖေးရဲ့ ပရိတ်သတ်ပါ

Vol. 22 Ch. 321

နိုဝင်ဘာလ ၆ ရက်၊ စနေနေ့...

ဖေးချမ့် ရုံးခန်းထဲက သူ့ခုံမှာ ကျောမှီထိုင်ရင်း ရုံးအီးမေးလ် inbox ထဲဲ လျှောက်ထားသူတွေ ပို့ထားသည့် လျှောက်လွှာများကို ချည့်နဲ့စွာဖြင့် စစ်ဆေးနေပါသည်။

လောလောဆယ် HR ဌာနက ဝင်ခွင့်စာမေးပွဲနဲ့ သက်ဆိုင်ရာ ကုန်ကြမ်းများကို ဖိဖိစီးစီး ပြင်ဆင်နေဆဲဖြစ်သည်။ ဒါက အဆင့်ပေါင်းများစွာ ပါဝင်သည့် အတော်လေး ရှုပ်ထွေးသော တာဝန် ဖြစ်သဖြင့် ခပ်မြန်မြန်တော့ ခရီးပေါက်မှာ မဟုတ်မှန်း ဖေးချမ့် ခန့်မှန်းမိပါသည်။

အချိန်အားလပ်နေသဖြင့် ဖေးချမ့်လည်း ဝန်ထမ်း ခေါ်ယူမှု အီးမေးလ် inbox ထဲ ဝင်ကြည့်လိုက်ပြီး ရွှေရှာဖို့ ကြိုးစားလိုက်သည်။ လျှောက်ထားသူတွေထဲ သူအသုံးချနိုင်မည့် သင့်တော်သည့် ညာလက်ရုံး တစ်ယောက်လောက် ရွေးနိုင်မလား ရှာကြည့်ခြင်း ဖြစ်သည်။ သို့သော်လည်း အချိန်အကြာကြီး ရှာဖွေပြီးတာတောင် ကျေနပ်စရာ တစ်ယောက်မှ မတွေ့သေးပါ။

သူတို့လျှောက်လွှာတွေ အားလုံးက ကောင်းမွန်လွန်းနေသည်။

ဒီလူတွေက ကိုယ်ပိုင် လျှောက်လွှာရေးထားတာလား အွန်လိုင်းပေါ်က လူတွေကို ပိုက်ဆံပေးပြီး ရေးခိုင်းထားတာလားဆိုတာတောင် မသိနိုင်ပေ။

အားလုံးက ထန်းတာ့မှာ အလုပ်တစ်ခု အသည်းအသန် လိုချင်နေကြသည့်ပုံစံပင်။ သို့သော်လည်း ဒါက ဘော့စ်ဖေးကို သင့်တော်တဲ့ လျှောက်ထားသူတွေ ရွေးထုတ်ဖို့အတွက် ပိုပြီး ခက်ခဲစေပါသည်။

လျှောက်လွှာ လှလှပပတွေနဲ့ လျှောက်ထားသူတွေကို ဘော့စ်ဖေး လက်ခံရဲပါ့မလား။

"ထားလိုက်ပါတော့ကွာ။ ငါ့ဖာသာငါ ဝန်ထမ်းခန့်ဖို့ ရှာတာ တော်တော် အဓိပ္ပာယ်မရှိဘူး။ 'ရေသာခိုသူ ရွေးချယ်မှု လုပ်ငန်းစဉ်ကြီး' အသင့်ဖြစ်တဲ့အထိ စောင့်တာ ပိုကောင်းလိမ့်မယ်"

ဖေးချမ့် တကယ်ပဲ အကူအညီ လိုအပ်နေပါသည်။ ဆဲလ်ဖုန်းလုပ်ငန်းအတွက် ဒုဥက္ကဌလုပ်ပေးဖို့ သင့်တော်တဲ့ လူကိုတောင် ဖေးချမ့် တစ်ယောက်မှ ရှာမရပါ။

လင်းဝမ်ကို ဆဲလ်ဖုန်းလုပ်ငန်းအား ဦးဆောင် ခိုင်းထားသော်လည်း သူမက စောင့်ကြည့်ကွပ်ကဲသူသာ လုပ်ရမှာ ဖြစ်သည်။ အလွန်ဆုံး လုပ်ငန်းတစ်စိတ်တစ်ပိုင်းကိုသာ ဦးဆောင်ခိုင်းလို့ရမည်။ သူမနဲ့အတူတူ အလုပ်ဝန် ထမ်းဖို့အတွက် တစ်ယောက်ယောက်တော့ လိုနေပါသည်။

အမှန်ပင်။ ရှင်းရှင်းပြောရပါက ထိုလူက လင်းဝမ်၏ စွမ်းအားကို စစ်ဆေးပြီး သူမကို နှောင့်နှေးအောင် လုပ်ပေးရမည်ဖြစ်သည်။

လင်းဝမ် အလွန် အစွမ်းအစရှိသွားမှာကို ဖေးချမ့် ကြောက်နေ၏။ နောက်ဖန်တီးမယ့် ဂိမ်းသစ်ကော ဆဲလ်ဖုန်းလုပ်ငန်းကော အောင်မြင်သွားပါက ဖေးချမ့် ပြဿနာ အကြီးကြီး တက်ပါလိမ့်မည်။

သို့သော်လည်း လင်းဝမ်ရဲ့ ဒုဥက္ကဌ လုပ်ဖို့အတွက် သင့်တော်တဲ့လူ တစ်ယောက်မှ ရှာမရပေ။

လျှောက်ထားသူများအကြား တစ်ယောက်လောက် ရှာဖို့ ဖေးချမ့် စဉ်းစားသော်လည်း ထပ်တွေးကြည့်မှ ထန်းတာ့မှာ ဆဲလ်ဖုန်းလုပ်ငန်း မတည်ထောင်ရသေးတာ သတိရသွားပါသည်။ ထို့ကြောင့် ထိုလုပ်ငန်းနယ်ပယ်က ပါရမီရှင် အနည်းငယ်သာ လျှောက်လွှာကို ပို့ပေးကြပါသည်။

ဖေးချမ့်သာ ငထုံ တစ်ယောက်ကို ခန့်အပ်လိုက်ပါက သူ့ရည်ရွယ်ချက်တွေ သိသာလွန်းသွားမည်။ လင်းဝမ်လည်း သံသယ ဖြစ်လာနိုင်ပြီး အိမ်ပြန်ကာ မိသားစုစီးပွားရေး တာဝန်ယူခိုင်းဖို့အတွက် လင်းဝမ်ကို ဖေးချမ့် ပိုပြီး ဖျောင်းဖျရခက်သွားနိုင်သည်။

ထို့ကြောင့် ကျေနပ်စရာ လျှောက်လွှာမျိုးနဲ့ လူတစ်ယောက်ကို ရှာရပါမည်။

ဖေးချမ့် ခေတ္တစဉ်းစားကြည့်လိုက်ပြီး Qiandu မှာ ရှာကြည့်ဖို့ တွေးမိလိုက်သည်။ 'ဆဲလ်ဖုန်း' နဲ့ 'ဒေဝါလီ ခံခြင်း' ဟူသည့် စကားလုံးကို ရိုက်ရှာလိုက်သည်။

ရလဒ်များကို စစ်ကြည့်နေတုန်း သတင်းဆောင်းပါး တစ်စောင်က သူ့အာရုံစိုက်မှုကို ဖမ်းစားသွားခဲ့၏။

'ဟုံချန်းနည်းပညာ ဒေဝါလီခံသွားရပြီ၊ တစ်လအတွင်း ယွမ် သန်း ၁၃၀ အကြွေးတင်ခဲ့'

"နောက်ဆုံးရသတင်းများအရ ဟုံချန်းနည်းပညာ၏ စီမ့ခန့်ခွဲမှု ကုမ္ပဏီ၊ ဟုံချန်းနည်းပညာ ကုမ္ပဏီ လိမိတက်မှာ အကြွေး ... ခန့် တင်ခဲ့ပါတယ်"

"သတင်းတင်ပြချက်များအရ ဟုံချန်းနည်းပညာ၏ စုစုပေါင်း ပေးချေရန်ငွေများမှာ ၈ ဘီလီယံ ယွမ်ကျော် ရှိနေကြောင်း သိခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၁ နှစ်လောက်ကမှ ၁၇၄ သန်း ယွမ် ရရှိနိုင်ခဲ့တဲ့ ကုမ္ပဏီ တစ်ခုက ဘာကြောင့် ရုတ်တရက်ကြီး ပြိုလဲသွားခဲ့ရတာလဲ။ အင်တာဗျူးတစ်ခုမှာတော့ တည်ထောင်သူက အဓိက ပြဿနာမှာ အရင်းအနှီး ကွင်းဆက် ပျက်စီးမှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ပြဿနာ ရင်းမြစ်က ကုမ္ပဏီ အရှုံးပေါ်နေတာာ အချိန်ကြာမြင့်နေပြီ ဖြစ်တာကြောင့်လို ဆိုပါတယ်"

"သို့ပေမယ့် ဟုံချန်းနည်းပညာရဲ့ ဒုဥက္ကဌဟောင်း ချန်းယောင်ကတော့ အွန်လိုင်းပေါ်မှာ သူ့ရဲ့ မတူညီတဲ့ အထင်အမြင်ကို ထုတ်ပြခဲ့ပါတယ်။ ဟုံချန်း နည်းပညာ ကျဆုံးခဲ့ရတဲ့ အကြောင်းရင်းက ကုမ္ပဏီမှာ အမြော်အမြင် မရှိတာကြောင့်လို့ ပြောဆိုခဲ့ပါတယ်။ ထို့နောက် အွန်လိုင်းပေါ်မှာ ချန်းယောင် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပါတယ်။ Netizen အများစုကတော့ ဆုံးဖြတ်ချက်အမှား ချခဲ့တာ ချန်းယောင်သာ ဖြစ်ကြောင်း၊ ဖင်မနိုင်ဘဲ ပဲကြီးလှောင်စားကာ ကုမ္ပဏီတစ်ခုလုံးကို ပြိုလဲစေခဲ့ကြောင်း ပြောဆိုခဲ့ကြပါတယ်"

"သြဂုတ်လ ၁၃ ရက်နေ့မှ ယနေ့အထိ ဟုံချန်း နည်းပညာက ကြွေးမြီဆပ်ရန် ၄ ကြိမ်တိတိ ပျက်ကွက်ခဲ့ပြီး အကြွေးစုစုပေါင်း သန်း ၁၃၀ ယွမ် ကျန်ရှိနေပါသေးတယ်..."

ဖေးချမ့် မနာလို ဖြစ်သွား၏။

ဒီကောင်တွေ အနည်းဆုံး ယွမ် သန်း ၁၀၀ တောင် အကြွေးတင်သွားတယ်။

ငါသာ အဲ့လောက် အရှုံးပေါ်ရင် ဘယ်လောက် ကောင်းလိုက်မလဲ...

ဘယ်လိုပဲဖြစ်ဖြစ် ဟုံချန်းနည်းပညာထဲမှာ လျှိုု့ဝှက် ပါရမီရှင်လေး တစ်ယောက်တော့ ရှိနေတာ ဖြစ်မယ်။ ဟုံချန်းရဲ့ တည်ထောင်သူ ဖြစ်ရင်ဖြစ် မဖြစ်ရင် ဒုဥက္ကဌပဲဖြစ်မယ်။ သူတို့နှစ်ယောက်က အချင်းချင်း အပြစ်တင်နေကြတာကိုး။ သူတို့နှစ်ယောက်ထဲက တစ်ယောက်က ပြဿနာရှိနေတာတော့ သေချာတယ်။။

ဟုံချန်းနည်းပညာအကြောင်း ဖေးချမ့် ဆက်လေ့လာ ကြည့်လိုက်သောအခါ ထိုကုမ္ပဏီက နိုင်ငံတော်ထဲတွင် အတော်လေး နာမည်ကြီးသည့် ဆဲလ်ဖုန်း ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။ အမှန်ပင်။ ဆဲလ်ဖုန်းအပြင် တခြား လုပ်ငန်းများတွင်လည်း ခြေချခဲ့ပါသေးသည်။

ယခင်နှစ် အစောပိုင်းတုန်းက ကုမ္ပဏီမှာ ယွမ် သန်း ၁၀၀ ကျော် ရှာနိုင်ခဲ့သည်ဟု ကြေညာခဲ့သေးသည်။

၁ နှစ်ကြာတော့ ဒီလိုပုံစံနဲ့ ပြိုလဲသွားကြပါသည်။

ဟုံချန်းနည်းပညာ၏ ဒုဥက္ကဌဖြစ်သူ ချန်းယောင် အကြောင်း အချက်အလက်များ ဖေးချမ့် ထပ်ရှာကြည့်လိုက်သည်။ ချက်ချင်းဆိုသလို သူ့မျက်လုံးများ အရောင်လက်သွားရ၏။

ချန်းယောင်က လွန်ခဲ့သည့် တစ်နှစ်လောက်ကမှ ဟုံချန်းနည်းပညာ၏ ဒုဥက္ကဌဖြစ်လာခဲ့ပြီး ဆဲလ်ဖုန်း လုပ်ငန်းကို ဦးဆောင်ခဲ့သူဖြစ်သည်။ သူရောက်လာပြီး ၁ နှစ်အကြာ ပြီးပြည့်စုံနေသည့် ကုမ္ပဏီကြီးတစ်ခုလုံး ပြိုလဲသွားခဲ့၏။

ဖေးချမ့် ထပ်ဖတ်ကြည့်လေလေ ဒီလူသိရှင်ကြား ပုဂ္ဂိုလ်က သူ့အိပ်မက် ဝန်ထမ်း ပိုဖြစ်လာလေလေပင်။

ချန်းယောင်က အရပ်ပုပု ပိန်ပိန်ပါးပါး ဖြစ်သော်လည်း သူ့ခန္ဓာကိုယ်ထဲမှာ ကိန်းအောင်းနေသည့် အဆုံးမဲ့ စွမ်းအားများကို ဖေးချမ့် ခံစားနိုင်သည်။

ဖေးချမ့် ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်ပါသည်။

ဒီကောင်ပဲ။

ဖေးချမ့် သူ့ကို ဆဲလ်ဖုန်းလုပ်ငန်းသစ်တွင် တာဝန်ပေးလိုက်မည်။ ဒါက သူကြိုးစားပမ်းစား ရှာဖွေခဲ့ရသည့် ပါရမီရှင်မျိုး မဟုတ်ပါလား။

လက်ထောက်ရှင်းကို သူ့ရုံးခန်းထဲ ခပ်မြန်မြန် ခေါ်လိုက်သည်။ လက်ထောက်ရှင်းက ဝင်လာပြီး ချက်ချင်းပဲ ဘော့စ်ဖေး သူမကို ခိုင်ထားသည့် ကိစ္စအတွက် အစီရင်ခံပေးလိုက်ပါသည်။

"ဘော့စ်ဖေး အစောပိုင်းတုန်းက ကျွန်မကို ရင်းနှီးမြှုပ်နှံမှုလက်ထောက်တစ်ယောက် ရှာခိုင်းထားတာလေ။ ကျွန်မ တစ်ယောက် တွေ့ထားပါတယ်။ ဘော့စ်ဖေး အချိန်ရရင် သူ့ကို တွေ့ကြည့်ပြီး စိတ်ကျေနပ်မှုရှိရဲ့လား စစ်ကြည့်ပါဦး"

ဖေးချမ့် ခေတ္တစဉ်းစားလိုက်ပြီး ပြောလိုက်ပါသည်။

"ဒီလိုလုပ်လေ။ သူ့ကို ယွီအင်တာနက်ကဖေး ဟန်တုန်း တက္ကသိုလ်ဆိုင်ခွဲဆီ ၂ နာရီနေရင် သွားခိုင်းလိုက်။ ငါသူနဲ့ အဲ့မှာဆုံမယ်"

"ပြီးတော့ ဟုံချန်းနည်းပညာရဲ့ ဒုဥက္ကဌဟောင်း ချန်းယောင်နဲ့ ဆက်သွယ်ဖို့ ငါ့ကို နည်းလမ်းရှာပေးပါဦး။ သူ့ကိုလည်း တွေ့ချင်တယ်"

လက်ထောက်ရှင်း ခေါင်းငြိမ့်လိုက်ပါသည်။ "ကောင်းပါပြီ ကျွန်မ ဆောင်ရွက်လိုက်ပါ့မယ်"

လက်ထောက်ရှင်းက လှည့်ထွက်ဖို့ ပြင်လိုက်စဉ် ဘော့စ်ဖေး အလွန်အရေးကြီးသည့် အချက်တစ်ခုကို သတိရသွား၏။ "ခဏလေး နင်ရှာတွေ့ထားတဲ့ ရင်းနှီးမြှုပ်နှံမှု အတိုင်ပင်ခံလူရဲ့ နာမည်က ဘာတဲ့လဲ"

ဖေးချမ့် သူ့ကို အင်တာဗျူးရမည်ဖြစ်သဖြင့် သူ့နာမည်ကို မသိထားလျှင် အဆင်မပြေပါ။

လက်ထောက်ရှင်းက ပြန်ပြောလိုက်၏။ "သူ့နာမည်က ဟဲသယ်ရှန်းပါ။ သူ့ရဲ့ ကိုယ်ရေးအကျဉ်းနဲ့ တခြား သက်ဆိုင်ရာ အချက်အလက်တွေကို ဘော့စ်ဖေးရဲ့ အီးမေးလ်လိပ်စာဆီ ပို့ထားပေးပြီးပါပြီ"

ဖေးချမ့် ဆွံ့အသွားသည်။

"..."

"ပြဿနာတစ်ခုခုရှိလို့လားရှင့်" ဖေးချမ့် ကြက်သေသေကာ ဇဝေဇဝါဖြစ်နေသည့် ပုံစံကို လက်ထောက်ရှင်း သတိထားမိသွားပါသည်။

ဖေးချမ့် လက်ရမ်းပြလိုက်သည်။ "မရှိပါဘူး။ အလုပ်သွားလုပ်တော့"

လက်ထောက်ရှင်း ရုံးခန်းထဲမှ ထွက်သွားပါသည်။

ထိုလူ့နာမည်ကို ဖေးချမ့် ကြားလိုက်တာနဲ့ ငြင်းဖို့ ဆန္ဒများ ပြင်းထန်လာပါသည်။

ဟဲသယ်ရှန်းတဲ့လား။ [မန်ဒရင်းမှာ ဟဲက 'ဂုဏ်ပြုခြင်း' ဖြစ်ကာ ထယ်ရှန်းက 'အောင်ပွဲ'ကို ဆိုလိုသည်]

နာမည်က သည်းမခံနိုင်စရာပင်။

သို့သော်လည်း ပြန်စဉ်းစားကြည့်မှ သူက ဒီတိုင်း ရုပ်ဝါဒ လွှမ်းမိုးမှုကို ခံထားရသည့် လူငယ်တစ်ယောက်သာ ဖြစ်သဖြင့် သူဘာမှ အယူသီးစရာ မလိုပါ။

ရှန်းယန်ဂိမ်းမှာလည်း 'ဟောက်ချုံး' ဆိုတဲ့ အမည်နဲ့ ဝန်ထမ်းတစ်ယောက်ရှိတာပဲ မဟုတ်လား။ သို့သော် ကုမ္ပဏီထံမှ လစာမြင့်မြင့်များကို ရရှိပြီးနောက် ချမ်းသာလာတာပဲ မဟုတ်လား။ သူ့ဘဝက သူ့နာမည်နဲ့ လုံးဝ မလိုက်ဖက်တော့ပေ။

အမှန်ပင်။ နောက်ဆုံးတော့လည်း အကြောင်းအရင်း သေချာမရှိဘဲ ဒီလျှောက်ထားသူကို ငြင်းလိုက်လို့ မရပါ။ သူတို့ တွေ့တောင် မတွေ့ကြည့်ရသေးပေ။ တခြား တစ်ယောက်ယောက်ကို ထပ်ရှာဖို့ ကြိုးစားပါက ထူးဆန်းသည့်ပုံပေါက်သွားပါမည်။

ဖေးချမ့် ခေတ္တစဉ်းစားကြည့်လိုက်သည်။ ထိုလူ ရောက်လာပြီဆိုမှတော့ မာယန်ကိုလည်း သူနဲ့တွေ့ပေးဖို့ ခေါ်သွားတာ ပိုကောင်းလိမ့်မည်။

တကယ် လိုက်ဖက်မှုမရှိပါက ဖေးချမ့် သူ့ကို ငြင်းဖို့ အကြောင်းပြချက်တစ်ခုခု ရှာလိုက်ပါမည်။

၂ နာရီကြာသောအခါ ယွီအင်တာနက်ကဖေး ဟန်တုန်း တက္ကသိုလ်ဆိုင်ခွဲ၌...

ဖေးချမ့်နဲ့ မာယန်တို့ ပြင်ဆင်ထားပြီးသားဖြစ်သည်။ ဟဲသယ်ရှန်းအပေါ် ဘော့စ်ဖေးရဲ့ ပထမဆုံးအထင်အမြင်ကတော့ သာမန်မျှသာ ဖြစ်သည်။ ထို့ကြောင့် အများကြီး မျှော်လင့် မထားခဲ့ပေ။

တစ်ဖက်မှာတော့ မာယန်က ငြိမ်ငြိမ်တောင် ထိုင်မနေနိုင်ပါ။ သူ့ပုံစံက Blind Date လုပ်နေသည်ဟု ထင်ရလောက်အောင် စိတ်လှုပ်ရှားနေ၏။ မကြာခဏဆိုသလို ဆိုင်ပြင်ကို လှမ်းလှမ်းကြည့်နေပါသည်။

ဖေးချမ့်က နူးညံ့စွာ သူ့ကို အသိပေးလိုက်သည်။ "မာကြီး သူက ယောက်ျားလေးနော်။ ပြီးတော့ အဲ့လောက်လည်း ကြည့်မကောင်းပါဘူး။ သိပ် စိတ်လှုပ်ရှားမနေနဲ့"

မာယန် ချက်ချင်းပဲ ကိုယ့်ကိုယ်ကို ပြန်ကာကွယ်လိုက်၏။ "ညီကိုချမ့် မင်းဘာတွေ လာပြောနေတာလဲ ငါက ဒီတိုင်း အစွမ်းအစ တန်ဖိုးရှိတဲ့ လူတစ်ယောက်နဲ့ တွေ့ရမှာ စိတ်လှုပ်ရှားလို့ပါ အထက်တန်းကျောင်းတုန်းက ငါဘဏ္ဍာရေးအကြောင်း သင်ယူဖို့ စိတ်ဆုံးဖြတ်ချက် ချခဲ့တာ။ သိပ္ပံဘာသာမှာ တော်တော်ညံ့ခဲ့လို့သာ လူမှုဘာသာရပ် မသင်ချင်ဘဲ သင်ခဲ့ရတာ"

"အဲ့တာကြောင့် ဘဏ္ဍာရေးမှာ ကျွမ်းကျင်တဲ့ လူတစ်ယောက်ကို တွေ့ရမှာ မျှော်လင့်မိနေတာ သူ့ကို ငါအများကြီး လေးစားတယ်"

တစ်ခုခုလွဲနေတာကို ဖေးချမ့် ခပ်ပါးပါး သတိထားလိုက်မိသည်။ သူအမြန်ပြောလိုက်ပါသည်။ "မာကြီး။ မင်းသူ့ကို လေးစားတာ လေးစားလို့ရတယ်။ ဒါပေမယ့် မင်းက ဆုံးဖြတ်ချက်ချရမယ့် ရင်းနှီးမြှုပ်နှံသူ နတ်သားလေးဆိုတာ မမေ့နဲ့ဦး။ မင်းမှာ ကိုယ်ပိုင် အထင်အမြင်ရှိရမယ်နော်"

မာယန်က ကိုယ့်ရင်ဘတ်ကိုယ် ယုံကြည်ချက်ရှိရှိ ပုတ်ပြလိုက်ပါသည်။ "စိတ်မပူစမ်းပါနဲ့ ညီကိုချမ့်ရာ။ ငါက ဒီလောက် အထင်အမြင်ကောင်းတာ။ ဘာတွေ စိတ်ပူနေတာလဲ"

ဖေးချမ့် ဆွံ့အသွားသည်။ "..."

မာကြီးက ကိုယ့်အကြောင်းတောင်ကိုယ် ကောင်းကောင်းမသိရှာပါလား။ အဲ့တာ ကောင်းတာလား မကောင်းတာလား။

ဖေးချမ့်လည်း မသေချာတော့ပေ။

သူတို့နှစ်ယောက် စကားပြောနေစဉ် ဟဲသယ်ရှန်း နောက်ဆုံးတော့ ရောက်လာခဲ့ပါပြီ။

ဖေးချမ့်က သူ့ဓာတ်ပုံကို မြင်ဖူးပြီး ကိုယ်ရေးအကျဉ်းကို ကြိုဖတ်ထားပြီးသား ဖြစ်သည်။ ဟဲသယ်ရှန်းက ကုမ္ပဏီထဲက တခြားဝန်ထမ်းတိုင်းလို အလွန်သာမန်ဆန်သည့် ပုံစံမျိုးဖြင့် အသက် ၂၇ နှစ်အရွယ် ယောက်ျားလေး တစ်ယောက်ဖြစ်သည်။ သူ့ပုံပန်းသဏ္ဌာန်ထဲကနေ ထူးခြားချက် ထုတ်ပြပါဆို ခက်ခဲသည့် တာဝန်တစ်ခု ဖြစ်လောက်သည်။

ရှင်းရှင်းပြောရလျှင် သူ့ပုံစံက မထင်ပေါ်ပါ။

ဖေးချမ့်က ဒါကို အတော်လေး ကျေနပ်ပါသည်။ သူသာ ထင်ပေါ်မှု မရှိလျှင် လွှမ်းမိုးမှုလည်း နည်းပါးလိမ့်မည်။ ဒါဆို မာယန်က သူ့ပါရမီများကို ပိုထုတ်ပြနိုင်သည်။

ဟဲသယ်ရှန်းက စိတ်လှုပ်ရှားနေသည့် ပုံစံမပေါက်ပါ။ ဧကန္တ ယွီအင်တာနက်ကဖေးရဲ့ ပတ်ဝန်းကျင် သွင်ပြင်က အေးချမ်းလွန်းပြီး ကုမ္ပဏီအင်တာဗျူး အများစုလို ကြောက်ဖို့ကောင်း၊ ဖိအားမများတာကြောင့် ဖြစ်နိုင်ပါသည်။

ဟဲသယ်ရှန်းက သူ့အောင်မြင်မှုများအကြောင်းကို ရွတ်ပြ၏။ သို့သော်လည်း ဖေးချမ့်ကိုယ်တိုင်က ရင်းနှီးမြှုပ်နှံမှုအကြောင်း ဘာမှ မသိသဖြင့် ဟဲသယ်ရှန်း ဖြီးလုံးထုတ်နေတာလား၊ တကယ့် အောင်မြင်မှုတွေကို ပြောပြနေတာလား မပြောတတ်ပါ။

သို့သော်လည်း လက်ထောက်ရှင်းကိုယ်တိုင် ဟဲသယ်ရှန်းကို ထောက်ခံပေးထားသဖြင့် သူ့အလုပ်ကိုတော့သူ အတော်လေး ကျွမ်းကျင်လိမ့်မည်ဟု ဖေးချမ့် ယုံကြည်ထားလိုက်ပါသည်။

သတိထားစရာကောင်းသည့် တစ်ခုတည်းသော အချက်က ဟဲသယ်ရှန်းမှာ လက်ရှိ ဖူဟွေ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း၌ ရင်းနှီးမြှုပ်နှံမှုလက်ထောက် အဖြစ် အလုပ်လုပ်နေတာဖြစ်သည်။ ထို့အပြင် ရင်းနှီးမြှုပ်နှံမှု မန်နေဂျာအဖြစ် ရာထူးတိုးပေးခံရတော့မည်ဟုလည်း ပြောသေးသည်။

'ဖူဟွေ့ ရင်းနှီးမြှုပ်နှံမှု' ဟူသည့် စကားလုံးကို ကြားလိုက်ရသည့်အခါ ဖေးချမ့် အတွေးနယ်လွန်ပြီး ဘော့စ်လီအကြောင်း တွေးမိပါသေးသည်။ ဘော့စ်လီ နေမှကောင်းရဲ့လား၊ ဘော့စ်လီ သူ့ကိုဘယ်တော့ ထပ်ပြီး အကူအညီပေးဦးမလဲဆိုတာ တွေးမိပါသည်။

ဖေးချမ့် စိတ်ကူးယဉ်နေတုန်း ဟဲသယ်ရှန်း ကိုယ့်ကိုယ်ကို မိတ်ဆက်ခြင်း ပြီးဆုံးသွားပါသည်။

ကိုယ့်ကိုယ်ကို မိတ်ဆက်ပြီးနောက် ဟဲသယ်ရှန်းက ဖေးချမ့်ကို စောင့်ကြည့် အကဲခတ်နေသည်။ သူကြည့်ရတာ ဖေးချမ့်ကို စိတ်ဝင်စားနေသည့် ပုံစံတောင် ပေါက်နေပါသည်။ ဖေးချမ့်က ဘာဆက်မေးရမှန်း မစဉ်းစားထားသဖြင့် အခြေအနေက ခွကျလာသည်။

ပါးစပ်ကြီးဟကာ သန်းနေသည့် မာကြီးကို ကြည့်လိုက်တော့ တောင်းတောင်းပန်ပန် ခေါင်းငြိမ့်ပြလိုက်ပါသည်။ "ပြောသွားတာ ကောင်းသားပဲ"

ဖေးချမ့် ဆွံ့အသွား၏။ "..."

ဒီကောင်လည်း စိတ်ကူးယဉ်နေတာ ငါသိတယ် ဒီကောင်နားထောင်နေတာတောင် မဟုတ်ဘူး။

ဖေးချမ့်က နောက်ထပ် စကားအကြောင်းအရာတစ်ခု စတင်ဖို့ ပြင်လိုက်စဉ် ဟဲသယ်ရှန်းက ဖြတ်ပြောလိုက်ပါသည်။

"ဘော့စ်ဖေး ကျွန်တော်က ဘော့စ်ဖေးရဲ့ ပရိတ်သတ်ပါ။”

All Chapters