← Chapters

ဘော့စ်ဖေး မူးလဲတော့မယ်

Vol. 22 Ch. 326

ဘော့စ်ဖေး မူးလဲတော့မယ်

Vol. 22 Ch. 326

ဧရာမ နေရာကျယ်ကြီးထဲတွင် အလုပ်စားပွဲက ၂၀ ဝန်းကျင်လောက်ရှိပြီး ရုံးကို အင်တာနက်ကဖေးတစ်ခုနဲ့ ပိုတူသွားစေပါသည်။

အခုအချိန်မှ မာယန်၊ ဟဲသယ်ရှန်းနဲ့ တခြား အသစ် ခန့်အပ်ထားသည့် တောက်တိုမယ်ရ အလုပ်သမားများက ကွန်ပျူတာဖန်သားပြင်များကို လေးလေးနက်နက် အာရုံစိုက်နေကြပြီး ၎င်းတို့၏ မောက်စ်များ ကီးဘုတ်များကို အားရပါးရ ရိုက်နှိပ်နေကြသည်။ သူတို့ တိုက်ပွဲ ပြင်းထန်နေမှန်း သိသာပါသည်။

ဒီမြင်ကွင်းကို မြင်တော့ ဖေးချမ့် မျက်ရည်တောင် ဝဲသွားမိပါသည်။

တွေ့လား တွေ့လား ငါ့ညီကိုက အားအကိုးရဆုံးပါလို့ ငါပြောပါတယ်။

အားလုံးသာ မာကြီးလို အလုပ်လုပ်ပါက ဖေးချမ့် ဘာတွေစိုးရိမ်စရာ လိုဦးမှာလဲ။

ဖေးချမ့်က မာယန်နောက်ကို တိတ်တိတ်လေး လာခဲ့ပြီး ဂိမ်းပွဲကို ရပ်ကြည့်နေလိုက်သည်။

ဂိမ်းက ပြီးခါနီးနေပါပြီ။ ချက်ချင်း မာကြီးရဲ့ KDA (ရန်သူကို သတ်ထားသည့်အကြိမ် - ကိုယ်သေထားသည့်အကြိမ် - ရန်သူကို သတ်ဖို့ အထောက်အကူပြုထားသည့်အကြိမ်) က ၁၀ - ၀ - ၂ ဖြစ်နေမှန်း မြင်လိုက်ရသည်။

မာကြီးနောက်ဆုံး သာမန်တိုက်ကွက်တစ်ကွက်နဲ့ တိုက်လိုက်သောအခါ ရန်သူ၏ ခံတပ် ပေါက်ကွဲသွားပြီး 'အနိုင်ရသွားပါပြီ' ဟူသည့် စာလုံးက ဖန်သားပြင်ပေါ်မှာ ပေါ်လာခဲ့ပါသည်။

ထိုအခါကျမှ သူ့နောက်မှာ ဖေးချမ့်ရောက်နေမှန်း မာယန် သတိထားလိုက်မိသည်။

"ဟာ ညီကိုချမ့် ရောက်နေတာပဲ"

"ငါတို့ ဂိမ်းထဲ စိတ်ရောက်နေလွန်းလို့ မင်းကိုတောင် သတိမထားလိုက်မိဘူးး။ ငါ့အဖွဲ့သားတွေအတွက် ကူပေးနေရလို့ကွာ။ လာခဲ့ လာခဲ့။ အသစ်ခန့်ထားတဲ့ ဝန်ထမ်းတွေနဲ့ မင်းကို မိတ်ဆက်ပေးမယ်"

မာကြီးကလွဲပြီး တခြားလူတွေအားလုံး ဖေးချမ့်ကို အနေခက်စွာ ကြည့်လိုက်ကြသည်။

သူတို့အများစုက ဖေးချမ့်ကို တစ်ခါမှ မတွေ့ဖူးသော်လည်း မာကြီး၏ တုန့်ပြန်မှုကို ကြည့်ခြင်းအားဖြင့် သူက ထန်းတာ့ကော်ပိုရေးရှင်းရဲ့ ဘော့စ်ကြီးဖြစ်မှန်း သူတို့ပြောနိုင်ပါသည်။ ဆိုလိုတာက ဘော့စ်မာထက် တစ်ဆင့်မြင့်သည်ဟူသည့် သဘောပင်။

သူတို့ရဲ့ ဘော့စ်နဲ့ အတူတူ အလုပ်ချိန်မှာ ဂိမ်းကစားနေတာကို လက်ပူးလက်ကြပ်မိသွားခဲ့သည်။ ထို့ကြောင့် အားလုံး အနေခက်သွားခြင်း ဖြစ်ပါသည်။

သို့သော်လည်း ဘော့စ်ဖေးရဲ့မျက်နှာပေါ်က အပြုံးနဲ့ စိတ်ဆိုးပုံမပေါ်တာကို မြင်သောအခါ သူတို့ စိတ်အေးစွာ သက်ပြင်းချလိုက်မိကြပါသညည်။

မာယန်က ချက်ချင်းပဲ ဖေးချမ့်နဲ့ သူတို့ကို မိတ်ဆက်ပေးလိုက်သည်။

"ဒါက ကျိုးလေး။ Gods Rising မှာ ၁,၇၈၀ မှတ် ရထားတာ"

"ဒါက အစ်ကိုကြီးလီ။ God Rising မှာ ၁,၇၃၀ မှတ် ရထားတဲ့လူ"

"ဒါကကျတော့..."

မာယန်က ဂိမ်းထဲက ကျန် လူ ၉ ယောက်ကို မိတ်ဆက်ပေးလိုက်သည်။ ထိုအခါမှ သူတို့ အားလုံးက ဟဲသယ်ရှန်းလို ဖြစ်ကြမှန်း ဖေးချမ့် သတိထားမိသွားသည်။ တစ်ယောက်မှ Gods Rising မှာ ၁,၇၀၀ မှတ်အောက် မနိမ့်ဘဲ အများဆုံးက ၁,၈၆၀ မှတ်ရှိမှန်း သိလိုက်ရသည်။ သူတို့ကို ပရော်ဖက်ရှင်နယ်ဟု သတ်မှတ်နိုင်ဖို့ အနည်းငယ်သာ လိုပါတော့သည်။

အခုတော့ ခုနက တစ်ခါမှ မမြင်စဖူး မြင်ကွင်းမျိုးကို ဘာကြောင့် မြင်ခဲ့ရသလဲ ဖေးချမ့် နောက်ဆုံးတော့ နားလည်သွားပါပြီ။

အမြဲတမ်း KDA အချိုး ၀ - ၃ - ၀ သာ ရှိနေတတ်သည့် မာယန်က ရုတ်တရက်ကြီး အဖွဲ့ကို ကူနိုင်လောက်တဲ့အထိတောင် တော်လာရတာလဲ။

သူနဲ့ အတူတူ ကစားနေသည့် တခြား လူ ၉ ယောက်စလုံးကလည်း သူ့ဝန်ထမ်းတွေပဲ ဖြစ်သည်။ ပလက်ဖောင်းပေါ်မှာ ပျမ်းမျှ ၁,၈၀၀ မှတ်လောက် ရထားသည့် တခြား လူ ၉ယောက်အတွက်တော့ သူနဲ့ အတူ တွဲဆော့ရတာ အတော်ခက်နိုင်ပါသည်။

မာကြီးဘက်က လူတွေက ရန်သူတွေကို သေခါနီးဆဲဆဲဖြစ်အောင် တိုက်ခိုက်ပြီးမှ မာကြီးကို အဆုံးသတ် တိုက်ချက်ဖြင့် တိုက်ခွင့်ပေးလိုက်ခြင်း ဖြစ်သည်။

တစ်ဖက်မှာတော့ ညီမျှမှုရှိပြီး ဂိမ်းရဲ့ စိတ်ဝင်စားစရာ ကောင်းမှုမပျက်အောင် မာကြီးရဲ့ ရန်သူတွေက မာကြီးရဲ့ အဖွဲ့သားများကို တစ်ယောက်ပြီး တစ်ယောက် သတ်ခဲ့ရသည်။ တစ်ချိန်တည်းမှာပဲ မာကြီး ရောက်လာသည့်အခါတိုင်း မာကြီး ပျော်ဖို့အတွက် ကာကွယ်မှုတချို့ ဖန်တီးပေးရသေးသည်။

မာကြီး ဘာကြောင့် မသေရတာလဲဆိုတော့...

အဓိပ္ပာယ်မရှိတာ။ ဘယ်သူက သူ့ကို သတ်ရဲမှာလဲ။ ဒီလိုဆို ကုမ္ပဏီဘတ်စ်ကတ်ဘော ကစားနေစဉ် အသက်ကြီးကြီး ဘော့စ်တစ်ယောက်ကို ဂိုးသွင်းခိုင်းခြင်းနဲ့ တူနေပါလိမ့်မည်။

သူ့အဖွဲ့သားတွေ လွဲချော်မှုရှိသွားတာကြောင့် မာကြီး ထောက်ပံ့မှု ၂ မှတ်သာ ရခဲ့တာဖြစ်ကြောင်း ဖေးချမ့် သံသယ မဖြစ်ပါ။

မာယန် ဝန်ထမ်းသစ်များကို မိတ်ဆက်ပေးပြီးနောက် ဖေးချမ့်က အလွန်လေးစားသမှုဖြင့် နှုတ်ဆက်လိုက်ပါသည်။

"အားလုံး ကြိုးစားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ် လာမယ့် စနေနေ့မှာ မင်ယွမ်စားဖိုဆောင်မှာ သွားစားသောက်ကြတာပေါ့"

သူတို့အတွက် ဖေးချမ့် စိတ်မကောင်းဖြစ်သွားမိပါသည်။ သူတို့ဘဝက မလွယ်ပါ။

သူတို့ ရင်းနှီးမြှုပ်နှံမှုလောကထဲမှာ ကျွမ်းကျင်မှု ရှိဖို့နဲ့ ငွေရှာနိုင်ဖို့အတွက် စာအများကြီး ကြိုးစားခဲ့ရသည်။ သို့သော်လည်း သူများရဲ့ ဂိမ်းထဲမှာတော့ ထောက်ပံ့ပေးရသည့် လူတွေသာ ဖြစ်လာသည်။ ထို့အပြင် သူတို့ထောက်ပံ့ပေးရသည့် လူကလည်း ဂိမ်းကစားတာ အတော်လေး စုတ်ချာသူ ဖြစ်နေသည်။

သူတို့ ၉ ယောက်စလုံး မာကြီးနဲ့ ဂိမ်းအတူ ကစားပေးရပြီး သူပျော်အောင်လည်း ထားရသေးသည်။ သူတို့အပေါ်မှာသာ လစ်ဟာမှု ရှိပါက ဖေးချမ့် ဘယ်လိုစိတ်နဲ့ နေထိုင်ရမလဲ။

သူတို့ခံစားခဲ့ရသည့် စိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေအတွက် အလျော်ပြန်ပေးရပါမည်။

ဘာအကြောင်းအရင်းမှမရှိဘဲ ညစာဧည့်ခံခံရမည်ဟု ကြားလိုက်သောအခါ မာကြီးရဲ့ ထောက်ပံ့မှု အဖွဲ့သားများ စိတ်လှုပ်ရှားကာ ဇဝေဇဝါဖြစ်သွားကြသည်။

တစ်ချိန်တည်းမှာပဲ သူတို့ဘော့စ်မာကို လေးစားမှု အသစ်စက်စက်ဖြင့် ကြည့်လိုက်ကြသည်။ ဘော့စ်မာနဲ့ ဘော့စ်ဖေးတို့ ရင်းနှီးကြမှန်း သူတို့ သိပြီးသား ဖြစ်သည်။ သို့သော်လည်း ဒီလောက်ထိ ရင်းနှီးကြလိမ့်မည်ဟု မထင်ထားခဲ့ပါ။

ဘာပဲဖြစ်ဖြစ် ဘော့စ်မာက သူ့ဝန်ထမ်းတွေနဲ့ နေ့တိုင်း ဂိမ်းသာ ထိုင်ကစားနေသူဖြစ်သည်။ သို့သော်လည်း ဘော့စ်ဖေးက စိတ်အနှောင့်အယှက်ဖြစ်သည့်ပုံတောင် မပေါ်ပေ။ ဘော့စ်ဖေး သူ့ကို ဘယ်လောက်တောင် ယုံကြည်ထားလိုက်သလဲ။

မာယန်က ဖေးချမ်၏ အင်္ကျီလက်ကို ဆွဲလိုက်၏။ "ညီကိုချမ့် မင်းကော တစ်ပွဲလောက် ဆော့ဦးမလား။ လာစမ်းပါ အမှတ် ၁,၈၀၀ ကျော်ရှိတဲ့ ကစားသမားတွေနဲ့ အတူတူဆော့ရတဲ့ ခံစားချက်မျိုး ခံစားကြည့်စမ်းပါ"

"ငါ အခုမှ သိလိုက်ရတယ်။ ငါ ၁,၁၀၀ မှတ်မှာ ရပ်တန့်နေတာက ငါညံ့လို့မဟုတ်ဘူး... ငါနဲ့ ဆော့တဲ့ အဖွဲ့သားတွေ အသုံးမကျခဲ့လို့ပဲ"

"ပရော်ဖက်ရှင်နယ်တွေနဲ့ အတူတူဆော့ရတာက လူသစ်ငနုံလေးတွေနဲ့ ဆော့ရတာထက် အများကြီး ပိုပျော်ဖို့ကောင်းတယ်"

ဖေးချမ့် ဆွံ့အသွားသည်။ "..."

မာကြီး။ မင်းကိုယ့်အကြောင်းကိုယ် နားမလည်ပါလား...

မင်းသား အိမ်မက်အကောင်အထည်ဖော်‌ဆောင်ခြင်းခြေလှမ်းများရဲ့ စီအီးအိုတစ်ယောက်အနေနဲ့ မဟုတ်ဘဲ တခြား တစ်ယောက်အနေနဲ့ ကစားမယ်ဆိုရင် အရမ်း စိတ်ဒုက္ခရောက်လွန်းလို့ မင်းကွန်ပျူတာတောင် ကွဲသွားလောက်ပြီ...။

မာယန် သူ့ရဲ့စိတ်ကူးယဉ်ကမ္ဘာလေးထဲမှာ ပျော်နေပုံကို ကြည့်ပြီး ဖေးချမ့် အမှန်တရားကို ချမပြရက်တော့ပါ။ သူ့ကို ဒီတိုင်း ငြင်းသာ ငြင်းလိုက်ပါသည်။ "တော်ပါပြီကွာ။ ငါအလုပ် ရှိသေးလို့။ နောက်မှ ဆော့တော့မယ်"

"အာ... မာကြိ။ ငါပေးထားတဲ့ ယွမ် သန်း ၂၀ အခြေအနေ ဘယ်လိုရှိလဲ။ မင်းဘယ်လောက် သုံးပြီးပြီလဲ"

"မင်းငွေတွေကို ရင်းနှီးမြှုပ်နှံဖို့ လက်မတွန့်နဲ့လို့ ငါထပ်ပြီး သတိလာပေးတာ။ သုံးရမယ့်အချိန်ဆို သုံးသာသုံး။ မင်းရဲ့ ရင်းနှီးမြှုပ်နှံမှု ပိုသေးလေလေ မင်းပြန်ရတာ ပိုနည်းလေလေပဲနော်။ မင်းရဲ့ ရင်းနှီးမြှုပ်နှံမှု ပိုကြီးမှ ပြန်ရတာလည်း ပိုများမှ နားလည်လား'

မာယန်က စိတ်လှုပ်ရှားစွာဖြင့် ခေါင်းငြိမ့်လိုက်သည်။ "စိတ်မပူစမ်းပါနဲ့ ညီကိုချမ့်ရာ။ ငါသန်း ၂၀ လုံး သုံးပြီးသွားပြီ"

ဖေးချမ့် သိသိသာသာ အံ့သြသွားပြီး ရပ်တန့်သွားသည်။ "ဟမ်။ မင်းအကုန်သုံးလိုက်ပြီ ဟုတ်လား။ သန်း ၂၀ လုံးကို အကုန်သုံးလိုက်တာလား"

မာယန်က ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ်။ ငါ လုပ်စရာ အလုပ်ပြီးမှ ဂိမ်းဆော့တာပါ။ မဟုတ်ရင် ငါ့လို ပရော်ဖက်ရှင်နယ်တစ်ယောက်က အလုပ်ချိန်မှာ ဂိမ်းဆော့နေပါ့မလား"

ဖေးချမ့် ဇဝေဇဝါဖြစ်စွာဖြင့် မျက်တောင်ခတ်လိုက်မိသည်။

ဒါက သူမျှော်လင့်ထားသည့် ရလဒ်ဖြစ်သော်လည်း မာကြီး တွန့်ဆုတ်မှု မရှိဘဲ သန်း ၂၀ လုံး သုံးလိုက်တာကိုတော့ သူ အလွန် တုန်လှုပ်သွားရပါသည်။

နောက်တစ်ဖန် မာကြီးက သူ့ရဲ့ ယုံကြည်ရသော ညာလက်ရုံးဖြစ်မှန်း အတည်ပြုနိုင်ခဲ့ပြန်ပြီ။

ဖေးချမ့်၏ မျက်နှာထားက မှင်သက်မှုမှ ပီတိဖြာမှုအဖြစ်သို့ ပြောင်းလဲသွားသည်။ မာကြီးက ငွေတွေ ဒီလောက် မြန်မြန် ဖြုန်းပေးနေတာ။ ကုမ္ပဏီ နောက်ပိုင်း အကျိုးအမြတ်တွေ ရရင်တောင် ကြောက်ဖို့ မလိုတော့ပါ။

"ပြောပါဦး မင်း ဘယ်မှာ ငွေတွေအားလုံးကို ရင်းနှီးမြှုပ်နှံလိုက်တာလဲ" ဖေးချမ့်က ပျော်ရွှင်မှုဖြင့် တောက်ပနေခဲ့၏။

မာယန်က တခစ်ခစ်ရယ်မောလိုက်ပြီး သူ့ကွန်ပျူတာပေါ်က အစီရင်ခံစာတစ်ခုကို ဖွင့်လိုက်သည်။ "ဒါက ငါရင်းနှီးမြှုပ်နှံလိုက်တဲ့ ကုမ္ပဏီလေ။ လက်ချောင်းဂိမ်းကုမ္ပဏီတဲ့"

"ပထမတော့ ငါငွေတွေကို ရရချင်းတုန်းက Gods Rising ကို ဝယ်ဖို့ စဉ်းစားမိသေးတယ်။ ဒါပေမယ့် အဲ့လိုလုပ်ဖို့ နည်းလမ်း မရှိခဲ့ဘူး။ ဂိမ်းဖန်တီးသူကို ငါရှာမတွေ့ခဲ့ဘူး"

"ပြီးတော့ အဲ့ဒီဂိမ်းဖန်တီးသူက အနောက်တိုင်းက ဂိမ်းအကျော်အမော်တွေနဲ့ ဆွေးနွေးနေတယ်လို့ ကြားလိုက်ရတယ်။ ငါတို့ရဲ့ သန်း ၂၀ ဆိုတာ သူ့အတွက် ပမွှားလောက်ပဲပေါ့"

"အဲ့တာကြောင့် ဟဲသယ်ရှန်းနဲ့ တခြားသူတွေကို လိုက်ရှာခိုင်းခဲ့တယ်။ အဲ့မှာ လက်ချောင်းဂိမ်းကုမ္ပဏီကို သူတို့ တွေ့သွားကြတယ်။ အဲ့ကုမ္ပဏီက လောလောဆယ် 'အနန္တမှန်းဆချက်' ဒါမှမဟုတ် အတိုကောက် 'IOI' ဆိုတဲ့ ဆင်တူဂိမ်းတစ်ခုကို ဖန်တီးနေကြတာ။ အခု သူတို့ ရန်ပုံငွေ လိုအပ်နေပြီး ရင်းနှီးမြှုပ်နှံသူတွေ လိုက်ရှာနေတာလေ။ ငါနဲ့ အချိန်ကိုက်ဖြစ်သွားတာပေါ့"

"သူတို့ စုစုပေါင်း အမေရိကန်ဒေါ်လာ ၈ သန်းလောက် လိုနေကြတာ။ ငါတွက်ချက်ကြည့်လိုက်ပြီး ယွမ် သန်း ၂၀ ကို အမေရိကန်ဒေါ်လာ ၂.၈ သန်းအဖြစ် လဲခဲ့တယ်။ အဲဲ့တာနဲ့ ကုမ္ပဏီရဲ့ ရှယ်ယာ ၂၀ ရာခိုင်နှုန်းကို ဝယ်လိုက်တယ်။ နိုင်ငံတော်ထဲမှာ သူတို့အတွက် သီးသန့် အေးဂျင့်ဖြစ်ခွင့်ကိုကောပဲ"

"အဲ့တာက အခု လောလောဆယ် အသုံးမဝင်သေးဘူး ဆိုပေမယ့် ကုမ္ပဏီက ငါတို့ကို သူတို့ရဲ့ သီးသန့်အေးဂျင့်ဖြစ်ခွင့် အခမဲ့ပေးထားတာလေ။ ငြင်းလိိုက်ရင် နှမြောစရာ ကောင်းမယ်ထင်လို့။ အနာဂတ်မှာ ဒီမူပိုင်ခွင့်တွေကို မလိုမှန်း သိရရင်တောင် ငါတို့ ပြန်ပြီး လွှဲပြောင်းလို့ ရတယ် မဟုတ်လား"

"အမ်... ညီကိုချမ့် မင်းပုံစံ ဘာလို့ ဖြူဖတ်သွားတာလဲ"

"မြန်မြန် မြန်မြန်လုပ်ကြ ထိုင်ခုံတစ်လုံး မြန်မြန် ယူလာကြပါဟ"

ဘော့စ်ဖေး ထိုင်လို့ရအောင် သူ့ဘေးက ရုံးထိုင်ခုံ တစ်ခုကို ဟဲသယ်ရှန်း အမြန်ရွှေ့ပေးလိုက်ပါသည်။

ဖေးချမ့် အနည်းငယ် မူးဝေလာသည်။ ဒီတစ်သုတ်အတွက် နောက်ကျောကို ထိုးသည့် ပထမဆုံးဓားချက်က သူ့အယုံကြည်ရဆုံး ညီကိုထံမှ ဖြစ်လိမ့်မည်ဟု ဖေးချမ့် မထင်ခဲ့ပါ။

ဒီလို နောက်ကျောဓားထိုးခံရမှုမျိုးအတွက် ဖေးချမ့် အသင့်မဖြစ်ခဲ့ပါ။

ပုံမှန်ဆို ငွေစာရင်းရှင်းချိန်နားနီးမှ နောက်ကျော ဓားထိုးကြတာ မဟုတ်ဘူးလား။ ဒီတစ်သုတ်က အခုမှ စရုံရှိသေးတယ်လေ။

မယုံကြည်နိုင်သေးဘဲ ဖေးချမ့် မေးမြန်းလိုက်မိပါသေးသည်။

"မင်းတို့... နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ခင် သက်ဆိုင်ရာ ခွင့်ပြုချက်တွေ ဘာတွေ မလိုဘူးလား"

ဟဲသယ်ရှန်းက ရှင်းပြလိုက်၏ "ဘော့စ်ဖေး ခွင့်ပြုချက် လျှောက်စရာတော့ လိုတယ်ဗျ။ ဒါပေမယ့် Review လုပ်ငန်းစဉ်က အမေရိကန် ဒေါ်လာ သန်း ၁၀၀ ကျော်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက်ပဲ အရမ်းကြာလိမ့်မယ်"

"ကျွန်တော်တို့က အမေရိကန်ဒေါ်လာ ၂ သန်းလောက်ပဲ ရင်းနှီးမြှုပ်နှံထားတာ ဆိုတော့ ပရောဂျက်အကြီးစားလိ့ မသတ်မှတ်ထားဘူး။ ကျွန်တော်တို့ ကျင်းကျိုးမြို့မှာပဲ စာရွက်စာတမ်းကိစ္စတွေ ရှင်းဖို့လိုတယ်။ ဖူဟွေ့ရင်းနှီးမြှုပ်နှံမှုလည်း အရင်တုန်းက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖူးပါတယ်။ အဲ့တာကြောင့် ကျွန်တော်တို့ အဲ့ဒီ လုပ်ငန်းစဉ်တွေနဲ့ နည်းနည်း ရင်းနှီးမှုရှိတာပေါ့။ ကျွန်တော်တို့ ခွင့်ပြုချက် ခပ်မြန်မြန်ပဲ ရခဲ့ပါတယ်"

"ပြီးတော့ ကျွန်တော်တို့က ရှယ်ယာဝယ်တာလေ။ ပိုင်ဆိုင်မှုတစ်ခုလုံးကို ဝယ်တာ မဟုတ်ဘူး။ အဲ့တာကြောင့် အရောင်းအဝယ်ကိစ္စတွေက ပိုမြန်တာပေါ့"

"စာရွက်စာတမ်းကိစ္စတချို့တော့ ထပ်လုပ်ရဦးမှာပေါ့။ အဲ့မှာတော့ အချိန်နည်းနည်း ယူရနိုင်တယ်"

သွားပါပြီ...။

ဖေးချမ့် အသက်မပါစွာဖြင့် မာယန်ဘက်ကို လှည့်လိုက်သည်။

"မင်း...မင်း ဘာလို့ ဒီကုမ္ပဏီကို ရွေးလိုက်တာလဲ'

မာယန်က ပြုံးလိုက်၏။ "ညီကိုချမ့်ပဲ ငါကြိုက်တဲ့ နေရာမှာ ရင်းနှီးမြှုပ်နှံဖို့ ပြောခဲ့တာ မဟုတ်ဘူးလား။ ငါကြိုက်တာက အများကြီး မရှိတာ မင်းသိပါတယ်"

ဖေးချမ့် ဆွံ့အသွားသည်။ "..."

ပြဿနာ အကြီးကြီး တက်ပါပြီ။

All Chapters