← Chapters

ဆတ်ဆတ်ထိ မခံသည့်မင်းသမီး......

Vol. 44 Ch. 603

ဆတ်ဆတ်ထိ မခံသည့်မင်းသမီး......

Vol. 44 Ch. 603

ရုတ်တရက်ဆန်လွန်းသောမေးခွန်းကြောင်ြ့ လီလော့ ပူထူပြီး အံ့အားသင့်သွားသည်။ သူမ၏လေသံသည် သံသယဝင်နေသည်ဟုထင်ရသော်လည်း အခိုင်အမာပြောဆိုနေသလိုပင်.... ထို့ကြောင့် လီလော့ အနည်းငယ် အံ့အားသင့်သွားသလို ခံစားလိုက်ရသည်။

သူမတစ်ခုခုကိုရှာဖွေတွေ့ရှိခဲ့သလား.....

အတွေးများယောက်ယက်ခတ်နေသော်လည်း အဖြေတစ်ခုအတွက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်လေသည်။

"မင်းသမီး..ဘာပြောနေတာလဲ? မင်းသမီးသိတဲ့အတိုင်း ကျွန်တော်က သာမာန်ဆရာသခင်အဆင့်လေးပါဗျာ.... ပြိုင်ဘက်ကို ခြိမ်းခြောက်နိုင်မယ်လို့ တွေးနေတာ နည်းနည်းတော့ အထင်ကြီးလွန်းရာကျမနေဘူးလား.... မင်းသမီးလို ကောင်းကင်ပုလဲအဆင့်ကိုသာအဲ့လိုမေးခွန်းမေးရမှာပါ....."

မင်းသမီးက လီလော့ကို တိုက်ရိုက်မကြည့်ဘဲ ရထားလုံးအပြင်ဘက်ကိုသာကြည့်နေပြီး....

"ငါ ဒုကျောင်းအုပ်ကြီးနဲ့ စကားပြောပြီးပြီ...."

သူမက ချိုသာစွာ ပြုံးလိုက်သည်။

လီလော့၏ မျက်လုံးများသည် အံ့အားသင့်လွန်းသဖြင့် ကျွတ်ကျလုနီးပါးပြူးကျယ် နေသည်။

ဒုကျောင်းအုပ်စုရှင်း သစ္စာဖောက်လိုက်ပြီလား... မဟုတ်သေးဘူး... ဒါက အဓိပ္ပာယ်မရှိဘူး...ဒုကျောင်းအုပ်စုရှင်းက သတိကြီးကြီးထားတတ်သူမို့ မင်းသမီးက အာဏာသုံးပြီးမေးရင်တောင် ဖြစ်ပျက်ခဲ့သမျှ အသေးစိတ်အချက်အလက်တွေကို ဘယ်သောအခါမှ ပေါက်ကြားစေမှာမဟုတ်ဘူး.....

မည်သို့ပင်ဆိုစေ မင်းသမီးသည် တော်ဝင်နန်းတွင်းအဖွဲ့ဝင်တစ်ဦးဖြစ်နေသေးသဖြင့် ကောလိပ်သည် ၎င်းတို့၏အဖွဲ့ခွဲအဖွဲ့ဝင်များထံ ပေးထားသည့် အချက်အလက်မှန်သမျှကို ထိန်းချုပ်မည်ဖြစ်သည်။

ဒါတွေအားလုံးကို ထည့်သွင်းစဉ်းစားရင် မင်းသမီးလိမ်ပြောနေသည်ဟုသာ အဖြေထွက်လာသည်။

သူမ လှည့်စားဖို့ကြိုးစားနေသလား.....

ထိုအချိန်တွင် လီလော့သည် ပဟေဠိဆန်သော မျက်နှာထားဖြင့် ခေါင်းခါလိုက်သည်။

"ဒုကျောင်းအုပ်စုရှင်းက ဘာပြောလိုက်လို့လဲ....."

မင်းသမီးက ဖီးနစ်သဏ္ဍာန်မျက်လုံးများဖြင့် လီလော့ကို စူးစိုက်ကြည့်နေပြီး....

"မင်းက ထက်မြက်တဲ့သူပဲ..... မင်း ခန့်မှန်းထားတဲ့အတိုင်း ကြက်သွေးရောင် ဗိုလ်ချုပ်သေဆုံးမှုမှာ မင်း ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ သံသယတွေ ရှိနေတယ်....ချင်းအာကို အကျိုးခံစားခွင့်တွေအကုန်ပေးဖို့ မလိုပါဘူး....သူ့မှာ အဆင့်ကိုးအလင်းပဲ့တင်ထပ်သံ ရှိပြီး လျှို့ဝှက်ဝှက်ဖဲ အမျိုးအစားအချို့တောင် ရှိကောင်းရှိနိုင်ပေမယ့် အချက်တစ်ခုကတော့ မှန်နေပါသေးတယ်....ပုံရိပ်ယောင်တွေကနေ ငါနိုးထလာတော့ ပတ်ဝန်းကျင်မှာ ဘာအလင်းပဲ့တင်ထပ်သံစွမ်းအားမှ မခံစားရဘူး..... ဒါ့အပြင် ငါနိုးထလာတော့ နင်က အရင်နိုးထနေပြီ..ဒါကို သာမန်အသိနဲ့စဉ်းစားရင်တောင် အားအနည်းဆုံးသူက ဘယ်လိုဖြစ်ပြီး အရင်ဆုံးနိုးထလာရတာလဲ.... ပြီးတော့ နင်က ခက်ခက်ခဲခဲ တိုက်ပွဲနွှဲထားသလို မင်းရဲ့မျက်နှာက ဖြူဖျော့နေပြီ.... မင်းအပေါ်ထားတဲ့ ဒုကျောင်းအုပ်စုရှင်းရဲ့ သဘောထားက နည်းနည်းထူးခြားသလို နှစ်ယောက်တည်း စကားပြောဖို့ခေါ်ထုတ်သွားတယ်.... သူက နူးညံ့သိမ်မွေ့ပြီး ဂရုစိုက်တတ်ပေမယ့် ကျောင်းသားအားလုံးကို တူညီစွာ ဆက်ဆံတယ်..... ဒီအချက်တွေကိုအခြေခံလိုက်ရင် ချင်းအာက ကြက်သွေးရောင်ဗိုလ်ချုပ်ကို သတ်ခဲ့တဲ့သူ မဖြစ်နိုင်ဘူး......လီလော့ ....မင်းဘယ်လိုလုပ်ခဲ့တာလဲဆိုတာ ရှင်းမပြချင်ဘူးလား...."

ထိုအချိန်တွင်၊ သူမ၏အကြည့်များထဲတွင် စူးစမ်းလိုစိတ်များ ပြည့်နှက်နေသည်။

လီလော့သည် သူမ၏ ရှုပ်ထွေးသော ရှင်းပြချက်ကြောင့် အံ့သြတုန်လှုပ်သွားသည်။ မင်းသမီး ဤမျှလောက်သော အစွမ်းအစများ ပိုင်ဆိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ၎င်းသည် သာမာန်တွက်ချက်နိုင်စွမ်းမဟုတ်ပေ။ သူမသည် အချက်လက်တခုကိုတွေ့လိုက်ရုံနှင့် ပင့်ကူအိမ်သဖွယိရှုပ်ထွေးနေသော ကိစ္စရပ်တခုလုံးကို တွေးတောနိုင်ခဲ့သည်။ ဘယ်လောက်တောင် စေ့စပ်လိုက်သနည်း..... သူမ၏ စုံစမ်းမေးမြန်းမှုအပေါ် အခြေခံ၍ လီလော့သည် လက်တလောတွင် အခြေအနေများအကြောင်းသာ ဝန်ခံခဲ့သည်။

သို့သော် ဤကိစ္စကို ပွင့်ပွင့်လင်းလင်း ဝန်မခံနိုင်ပေ။

"မင်းသမီး... အဲ့ဒါက ချဲ့ကားလွန်းပုံရတယ်.....ဆရာသခင်အဆင့်တစ်ယောက်က ကောင်းကင်ပဲ့တင်ထပ်သံအဆင့်ကို ဘယ်လိုယှဉ်နိုင်မှာလဲ....."

လီလော့ ဇွတ်အတင်း ခုခံနေတာကို ကြည့်ရင်း မင်းသမီးက ကူကယ်ရာမဲ့စွာ နှုတ်ခမ်း ကိုက်လိုက်သည်။ သူမ၏ တွေးတောမှုက ယုတ္တိရှိသော်လည်း ထွက်လာသည့်အဖြေကတော့ရယ်စရာကောင်းနေသည်။ ဤကဲ့သို့ ရယ်စရာကောင်းသော ကောက်ချက်ချမှုကို အခြားမည်သူမျှ နှစ်သက်မည်မဟုတ်ပေ။

လီလော့က စိတ်အနှောက်အယှက်ဖြစ်စေသော အံ့ဖွယ်အမှုများ ဖန်တီးနေသည်ကို အကြိမ်များစွာ မြင်တွေ့ခဲ့ရသောကြောင့် သူမ ဤသို့ခံစားရသည်ကိုလည်းအပြစ်မဆိုသာပေ။

"အေးပါ...မင်း အခုဝန်မခံချင်လဲရတယ်...အမှန်တရားကို ကြာကြာဖုံးကွယ်ထားလို့မရဘူး...."

သူမ ဤမေးခွန်းကို ဆက်မမေးတော့ဘဲ အခြားအကြောင်းအရာများအကြောင်း လီလော့နှင့် စကားစမြည်ပြောကာ ခေါင်းစဉ်ပြောင်းလိုက်သည်။

ရလဒ်အနေဖြင့် နှစ်ဉီးစလုံး စိတ်လက်ပေါ့ပါးသွားကြသည်။

လီလော့ စိတ်သက်သာရာရစွာ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ မင်းသမီးသည် လုချင်းအာ၊ပိုင်မျန်မျန်တို့နှင့် ယှဉ်လျှင် ကိုင်တွယ်ရခက်သော မိန်းကလေးဖြစ်သည်။

ပျော်ရွှင်စွာ စကားစမြည်ပြောဆိုရင်း နောက်ဆုံးတွင် နန်းတော်သို့ရောက်ရှိလာပြီး ဧကရာဇ်ငယ်လေးနှင့် ထပ်မံတွေ့ဆုံခဲ့သည်။

သူသည် ခမ်းနားထည်ဝါသော ရောင်ဝါကို ထုတ်လွှတ်သည့် အဝါရောင် နဂါး၀တ်စုံကို ၀တ်ဆင်ထားသည်။ သို့သော်၊ ဤအရာသည် သူ၏ ဖြူဖျော့ဖျော့၊ ကလေးဆန်သော မျက်နှာနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ဧကရာဇ်ငယ်သည် မင်းသမီးကို တွေ့လိုက်သောအခါ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခုအဖြစ် ဖြစ်ပေါ်ပြီး ပျော်ရွှင်စွာ ခုန်ပေါက်နေ၏။

မင်းသမီးက ပေါ့ပေါ့ပါးပါး ချောင်းဟန့်လိုက်ပြီး ဣန္ဒြေဆည်ခိုင်းလိုက်သောအခါ ဧကရာဇ်ငယ်သည် တမဟုတ်ချင်း မွန်မြတ်သော ရောင်ဝါကိုထုတ်ဖော်နေသည်။

လီလော့ သူမနောက်တွင် ရပ်နေသည်ကို မြင်လိုက်ရသဖြင့် လျင်မြန်စွာ မျက်နှာအမူအရာကင်းမဲ့ကာ ဂုဏ်သိက္ခာရှိသော အသွင်အပြင်ကို ပြန်လည်ရရှိလာခဲ့သည်။

"အရှင်မင်းကြီး၊ ကျေးဇူးပြု၍ အသင့်ပြင်ထားပေးပါ....ခဏနေမှ ကုသပေးပါ့မယ်"

လီလော့က စကားပြောနေစဉ် လေးလေးနက်နက် ဦးညွှတ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ဧကရာဇ်တပါးကို အရိုအသေပေးရမည်မှာ နိုင်ငံသားတိုင်း၏ဝတ္ထရားသာပင်....

ဧကရာဇ်ငယ်လေးက မင်းသမီးကို တစ်ချက်ကြည့်ပြီးမှ လီလော့ကို ခေါင်းညိတ်ပြလိုက်သည်။ ထိုနောက် အဝတ်အစားလဲရန် အတွင်းခန်းထဲသို့ ချက်ချင်းဝင်သွားသည်။

ခဏအကြာတွင် လီလော့ကို ဖိတ်ခေါ်ခဲ့ပြီး ဧကရာဇ်ငယ်လေးသည် အလှဆင်ထားသော အဝါရောင်ကုတင်ပေါ်တွင် ကျောခိုင်းလျက် ထိုင်နေသည်။ သူ၏ အပေါ်ပိုင်း ၀တ်စုံများကို ချွတ်ထားသဖြင့် ဖြူစင် ကြည်လင်သော အသားအရည်ပေါ်တွင် ကြာပန်းသဏ္ဍာန် အမှတ်အသားတခု ထင်းနေသည်ကိုအရှင်းသားမြင်တွေ့နိုင်သည်။

ယခင်က ဆုတ်ယုတ်သွားခဲ့သော ပွင့်ချပ်များ ပြန်လည်ကောင်းမွန်လာသည့် လဏ္ခာအချို့ကို စတင်ပြသနေသဖြင့် လီလော့၏

ယခင်ကြိုးစားအားထုတ်မှုအချို့ အလကားဖြစ်ကုန်ပြီဟုဆိုရမည်။

"လီလော့....မောင်မင်းက တကယ်ကို အံ့သြစရာကောင်းတယ်.... နောက်ဆုံးအကြိမ်ကုသပေးပြီးတော့ ငါ့ခန္ဓာကိုယ်က အရင်ကထက် ပိုကောင်းလာတယ်...မောင်မင်းသိထားရမှာက ဒီရောဂါကို မြို့စားအဆင့်တွေတောင် မဖြေရှင်းနိုင်ဘူး!"

ဧကရာဇ်ငယ်က ပြတ်သားသော အသံဖြင့် ပြောလိုက်သည်။

"အရှင်မင်းကြီး....ကျွန်တော်မျိုး ကံကောင်းလို့ပါ....ကျွန်တော်မျိုးရဲ့ ပဲ့တင်ထပ်သံနှစ်ခုက အခြားသူတွေထက် ကူသရေးပိုင်းမှာပိုအားကောင်းနေတာကြောင့်ပါ..."

သူ့အောင်မြင်မှုရဲ့ နောက်ကွယ်က အကြောင်းအရင်းက ပဲ့တင်ထပ်သံစွမ်းအားသုံးမျိုး ပေါင်းစပ်ထားတဲ့အကြောင်း ဘယ်တော့မှထုတ်ပြောမည်မဟုတ်ပေ။

ထိုစဉ် မင်းသမီး အခန်းထဲ ဝင်လာပြီး သူတို့အနားတွင် ဝင်ထိုင်ကာ အစေခံများကို အပြင်ထွက်ခိုင်းလိုက်သည်။

တစ်ဖက်တွင်၊ လီလော့သည် ဧကရာဇ်ငယ်ကို ကုသပေးခြင်းကိုသာအာရုံစိုက်ထားသည်။

ကုသမှုသည် ယခင်ကထက် ပိုမိုအားစိုက်ရသော်လည်း ချောမွေ့စွာ အဆုံးသတ်သွားခဲ့သဖြင့် လီလော့၏ ပဲ့တင်ထပ်သံစွမ်းအားတိုးတက်လာမှုကို သက်သေပြခဲ့သည်။

တစ်နာရီလောက်ကြာတော့ လီလော့က နဖူးက ချွေးတွေကို သုတ်လိုက်ပြီး ဧကရာဇ်ငယ်လေး၏ ကျောပြင်ကို စူးစိုက်ကြည့်နေသည်။

ဧကရာဇ်ငယ်က စိတ်လှုပ်ရှားစွာ လှည့်ကြည့်ကာ ....

"ငါ့ခန္ဓာကိုယ် ပေါ့ပါးလာတယ်လို့ ခံစားရတယ်.... ကျေးဇူးတင်ပါတယ် လီလော့!"

လီလော့ ပြုံးပြီး ခေါင်းညိတ်ပြရင်း ရွှင်မြူးနေသော ဧကရာဇ်ငယ်လေးကို ကြည့်လိုက်သည်။ ကောင်လေးက တဖြည်းဖြည်းနဲ့ ပိုပြီးကျန်းမာလာပြီး နှုတ်ခမ်းတွေကလည်းသွေးရောင်လွှမ်းလာသည်။

နေစမ်းပါဉီး...ငါ အဆိပ်ဖြေပေးလိုက်တာကြောင့် အခုလိုလှလာတာလား.....

"လီလော့ မောင်မင်း ဘယ်လိုဆုမျိုးကို လိုချင်တာလဲ... အလှလေးတွေကို ကြိုက်လား...ကိုယ်တော့်နန်းတော်မှာ စရိုက်မျိုးစုံနဲ့ ထူးချွန်တဲ့ မိန်းမတွေ အများကြီးရှိတယ်.

.. တခွန်းပဲပြောလိုက် မောင်မင်းဆီမရောက် ရောက်အောင်ပို့ပေးမယ်...."

ဧကရာဇ်ငယ်က ပျော်ရွှင်စွာဖြင့် ကတိပေးနေသော်လည်း လီလော့ကတောအ ခေါင်းကျိန်းနေလေပြီ။

ဒီကလေး နောက်နေတာလား.... သူသာ မိန်းကလေးတွေကို လော့လန်အိမ်တော်ဆီကို ခေါ်ဆောင်သွားရင် တံခါးပေါက်ဝမှာတင် ဘဝဆုံးသွားနိုင်တယ်.....

ထိုအချိန်တွင် မင်းသမီးက... "အရှင်မင်းကြီး.... ဒီကိစ္စအတွက် စိတ်ပူနေစရာ မလိုပါဘူး....အရှင့်ကိုယ်စား ဒီအစ်မတော်ကပဲ လီလော့ ကို ကျေးဇူးတင်ဖို့ နည်းလမ်းရှာလိုက်ပါ့မယ်...."

သူမသည်လည်း ဧကရာဇ်နှင့်ထပ်တူပျော်ရွှင်နေပြီး လီလော့ကိုဘေးဒုက္ခအသစ်မှ ဖယ်ထုတ်ပေးသည့်အနေဖြင့် လီလော့ ကို အပြင်သို့ ခေါ်ထုတ်သွားခဲ့သည်။

"ဘုရင်မင်းမြတ်ရဲ့ အဓိပ္ပါယ်ရှိတဲ့ လက်ဆောင်တွေကို မင်းကိုယ်စား ငြင်းပယ်ခဲ့တဲ့အတွက် ဒီမင်းသမီးကို စိတ်မဆိုးဖို့မျှော်လင့်ပါတယ်"

မင်းသမီးက နှစ်ယောက်သား ဘေးချင်းကပ်လျက် လမ်းစဉ်တွင် လှောင်ပြောင်ပြောဆိုခဲ့သည်။

"ဒါဆို မင်းသမီးက ဘယ်လိုကျေးဇူးဆပ်မှာလဲ...."

လီလော့က ခပ်ပြုံးပြုံးဖြင့် ပြန်တုံ့ပြန်ခဲ့သည်။

"ငါ မင်းကို လူတစ်ယောက်ပဲ အစားပေးမယ်"

မင်းသမီးက ရယ်ပြုံးလျှက် ကျောက်စိမ်းနှင့်တူသော လက်ချောင်းတစ်ချောင်းကို မြှောက်လိုက်သည်။

လီလော့ ဤမှတ်ချက်ကြောင့် အံ့အားသင့်သွားခဲ့သည်။

"မင်းသမီးက တိုင်းပြည်ရဲ့အလှတရားဖြစ်ကောင်းဖြစ်နိုင်ပေမယ့် လီလော့ဆိုတဲ့ကျွတးန်တော်ကစေ့စပ်ထားသူ တစ်ယောက်ပါ.... ."

ထိုစကားလုံးများကြောင့် ချက်ချင်းပင် မင်းသမီးက လီလော့ကို စိုက်ကြည့်နေသည်။

"လီလော့ နင် ဘယ်လိုပေါက်ကရတွေတွေးနေတာလဲ......?"

လီလော့ ရှက်စိတ်ဖြင့် ချောင်းဟန့်လိုက်ကာ....

"အဟမ်း၊ ဒါဆို မင်းသမီးက ဘာလို့ လူတစ်ယောက်အစားပေးမယ်ပြောတာလဲ....."

"နောက်နှစ်လကြာရင် လော့လန်အိမ်တော်ရဲ့ အိမ်တွေ့ဆုံပွဲစပြီမလား..အဲ့အခါကျရင် မြို့စားအဆင့်တစ်ယောက်ကို ငါ့ ကိုယ်စားလှယ်အဖြစ် လွှတ်လိုက်မယ်.. "

All Chapters