← Chapters

မင်းသမီး၏ရင်းနှီးမြှုပ်နှံမှု....

Vol. 44 Ch. 604

မင်းသမီး၏ရင်းနှီးမြှုပ်နှံမှု....

Vol. 44 Ch. 604

"မြို့စားအဆင့်ကျွမ်းကျင်သူလား?!"

လီလော့၏ မျက်လုံးများ ပန်းကန်ပြားများကဲ့သို့ ပြူးကျယ်တောက်ပလာကာ သူ့ရှေ့မှ မြင့်မြတ်လှသော အမျိုးသမီးကို ကြည့်လိုက်သောအခါ အသက်ရှူသံပင် ချက်ချင်း လေးလံလာသည်။ ခဏကြာတော့ သူ့မျက်လုံးထဲကနေ မျက်ရည်ပူတွေ စီးကျလာသည်။

ဒါဆ်ု သူ့အတွက် အကူအညီရှာပေးဖို့ ဒုကျောင်းအုပ်စုရှင်းနဲ့စကားပြောခဲ့ကြတာပေါ့.....

နောက်ဆုံးတော့ ကောလိပ်က မကူညီနိုင်ခဲ့ပေမယ့် မင်းသမီးကတော့ ကူညီပေးဖို့ ဆန္ဒရှိနေသည်။

ခံစားချက်က ကိုးကောင်းကင်တွင်ပျံဝဲနေရသလိုပင်.....

ဒါပေမယ့် ဒီအချိန်မှာ သူရုတ်တရက် ငြိမ်သက်သွားပြီး စိတ်ငြိမ်ငြိမ်ထားကာ....

"မင်းသမီး.... ဖြစ်နိုင်မယ်ဆို အခုလိရုတ်တရက်ထောက်ခံမှုရတဲ့ အကြောင်းရင်းကို သိနိုင်မလား...."

မင်းသမီးသည် ယခင်က ကျန်းချင်းအာနှင့် သူ့အပေါ် စေတနာထားခဲ့ဖူးသော်လည်း ဤအတိုင်းအတာအထိ မရောက်ခဲ့ပေ။ ရိုးရိုးရှင်းရှင်းပြောရလျှင် သူမသည် ယခုအချိန်နှင့်မတူဘဲ သူတို့အတွက် ဘယ်သောအခါမှထင်ထင်ရှားရှားမထောက်ခံခဲ့ဖူးပေ။

အရင်တုန်းကတော့ နှုတ်အားဖြင့် အမြဲထောက်ခံခဲ့သော်လည်း စကားလုံးများသည် လေသက်သက်သာဖြစ်သည်။

ဒါပေမယ့် အခုကတော့ လုံးဝကို ကွဲပြားခဲ့ချေပြီ။ မြို့စားအဆင့်ကျွမ်းကျင်ပညာရှင်ကို ပေးအပ်ခြင်းဖြင့် သူမဆောင်ရွက်နေသော ကဏ္ဍကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပြီဖြစ်သည်။

ဆိုလိုသည်မှာ သူမသည် လော့လန်အိမ်တော် တွင် အမှန်တကယ် ရင်းနှီးမြုပ်နှံပြီး အလောင်းအစားလုပ်နေသည်ဟု ဆိုလိုခြင်းဖြစ်သည်။

မင်းသမီးက ခပ်ဖျော့ဖျော့ ပြုံးပြပြီး....

"ဘာလို့လဲဆိုတော့ မင်းကြောင့်ပေါ့.... မင်းကတဖြည်းဖြည်း တန်ဖိုးပိုကြီးလာနေပြီလေ.... အရင်အိမ်လော့လန်အိမ်တော်မှာ ကျန်းချင်းအာတစ်ယောက်တည်းသာ ဉီးဆောင်ဉီးရွက်ပြုနေရတာမို့ ကိစ္စတွေက မသေချာဘူး... အခုနောက်ပိုင်း မင်းရဲ့ အလားအလာကို ငါ ပိုပိုပြီး ယုံကြည်လာတယ်....မင်းနဲ့ချင်းအာသာ အတူတက်ညီလက်ညီဆောင်ရွက်ကြမယ်ဆို ဖြစ်နိုင်ချေတွေက အဆုံးမဲ့မြင့်မားလာလိမ့်မယ်.... အဲ့အခါကျရင်လော့လန်အိမ်တော်အတွက် ငါ့ရဲ့ရင်းနှီးမြုပ်နှံမှုက ဆယ်ဆကျော်တန်ဖိုးရှိပါလိမ့်မယ်..... ငါက သိပ်လက်တွေ့ကျတယ်လို့ မင်းမထင်ဘူးလား?"

လီလော့က အာရုံစိုက်ကာ ခေါင်းညိတ်လိုက်သည်။

"မင်းသမီးက တကယ့်ကိုအမြော်အမြင်ရှိတဲ့သူပဲ..."

လီလော့၏ချီးကျုးသံကို ကြားလိုက်ရတော့ သူမ၏ အပြုံးသည် ပို၍ပင် ချိုမြိန်လာသည်။

"လီလော့၊ နောက်ဘာတွေဆက်ဖြစ်မလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူး..... လော့လန်အိမ်တော်ကို မကာကွယ်နိုင်ရင် ဉာဏ်ရှိရှိနဲ့အရှုံးပေးလိုက်ဖို့မျှော်လင့်တယ်... မင်းနဲ့ ကျန်းချင်းအာ အသက်ရှင်နေသရွေ့ လော့လန်အိမ်တော်ကိုအချိန်မရွေးပြန်တည်ထောင်နိုင်တယ်.... ခွန်အားမရှိဘဲ မဆင်မခြင်လုပ်လိုက်ရင် ပျက်စီးရာလမ်းကြောင်းကိုပဲနောက်ဆုံးဉီးတည်သွားလိမ့်မယ်....ရှေ့တိုးဖို့အတွက် နောက်တစ်လှမ်းဆုတ်သင့်ရင် ဆုတ်ရမယ်....."

မင်းသမီး၏သတိပေးချက်သည်လည်း ဒုကျောင်းအုပ်ကြီးစုရှင်းနှင့်အတူတူပင်။ လီလော့သည် နှစ်ယောက်စလုံး၏ စကားများကို အလွန်အလေးအနက်ထားမှတ်သားလိုက်သည်။

အလားအလာသည် ချက်ခြင်း စုစည်းနိုင်သည့် အင်အားမဟုတ်ပေ။

"မင်းသမီးရဲ့စကားတွေကို သေချာ မှတ်သားထားပါ့မယ် ...မင်းသမီးရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အလဟဿမဖြစ်စေချင်ရင် ဘာလို့ အရင်းနှီးပိုမထည့်တာလဲ....ဒါဆို အလွယ်တကူအဆုံးသတ်နိုင်မယ်မဟုတ်ဘူးလား....."

မင်းသမီးက မျက်လုံးပြူးပြီး တုံ့ပြန်လိုက်သည်က....

" မြို့စားအဆင့်ပညာရှင်တွေကို ဘယ်နေရာမှာမဆို ရှာတွေ့နိုင်တဲ့ ဂေါ်ဖီထုပ်တွေလို့ ထင်နေတာလား.... တော်ဝင်နန်းတော်တစ်ခုလုံးမှာရှိတဲ့ မြို့စားအဆင့်ကျွမ်းကျင်သူတွေရဲ့ အရေအတွက်ကို လက်တစ်ဖက်တည်းနဲ့တောင်ရေတွက်လို့ရတယ်... ဒါ့အပြင် ဧကရာဇ်မင်းရဲ့ လုံခြုံရေးကို ဉီးစားပေးရမှာမို့ မြို့စားသုံးယောက်ကို ဘယ်လိုလွယ်လွယ်ကူကူ ပေးနိုင်မှာလဲ"

လီလော့က အပျော်သဘောသက်သက်ဖြင့်စနောက်လိုက်ခြင်းသာဖြစ်သည်။လက်ရှိအခြေနေက ဒုကျောင်းအုပ်ကြီးစုရှင်းရဲ့ အခြေအနေနဲ့ အလားသဏ္ဍာန်တူနေမှန်းလည်း သိသည်။ ထို့အပြင် တော်ဝင်နန်းတွင်း၌ ဖြစ်ပျက်နေသည့် အခြေအနေများကို သုံးသပ်ပါက၊ အာဏာအတော်များများကို ကိုယ်စားအုပ်ချုပ်သူကသာချုပ်ကိုင်ထားနိုင်ဖွယ်ရှိသည်။

“ဒါ့အပြင်…” မင်းသမီးသည် သူတို့ရှေ့မှ ခန်းမများကို စူးစူးစိုက်စိုက်စိုက်ကြည့်ရင်း ခေတ္တရပ်ကာ သူမ၏မျက်နှာပေါ်တွင် လေးလံသောအမူအရာတစ်ခုပေါ်လာသည်။ "လော့လန်အိမ်တော်မှာ ပြဿနာရှိသလို ငါတို့မှာလည်း ကိုယ်ပိုင်ပြသာနာတွေရှိတယ်.... တကယ်တော့ မင်းရဲ့အိမ်တော်အစည်းဝေးပွဲပြီးရင်..... သိပ်ကြာမယ်မထင်ဘူး...."

“မင်းသမီးပြောချင်တာက ဧကရာဇ် နန်းတက်ခြင်း အခမ်းအနားကို ရည်ညွှန်းနေတာလား......”

ဘုရင်ကြီး ကွယ်လွန်ပြီးကတည်းက ဧကရာဇ်ငယ်လေးဟာ တော်ဝင် ထီးနန်းကို ဆက်ခံခဲ့သည်။ သို့သော် အမှန်မှာ သူသည် အချည်းနှီးသော ခေါင်းစဉ်တစ်ခုမျှသခြစ်သည်။ ဧကရာဇ်ငယ်သည် ကလေးမျှသာဖြစ်သောကြောင့် စစ်မှန်သောအာဏာကို အုပ်စားအုပ်ချုပ်သူကသာ ချုပ်ကိုင်ထားခြင်းဖြစ်သည်။ မင်းသမီးသည် ဤအချက်ကို သိရှိနားလည်ထားသော်လည်း၊ သူမသည် လည်း အလွန်ငယ်သေးပြီး ကိုယ်စားအုပ်ချုပ်သူကို ခုခံရန် မဖြစ်ခဲ့နိုင်ပေ။

အချိန်ကြာလာသည်နှင့်အမျှ ဧကရာဇ်ငယ်လေးသ အသက်ကြီးလာသည်နှင့်အမျှ မင်းသမီးသည် ရှပြည်ထောင်စုနှင့် တော်ဝင်နန်းတွင်း၌ သူ့ကိုယ်သူ အောင်မြင်မှုများဖြင့် နာမည်ပေးကာ ၎င်းတို့၏ ဂိုဏ်းခွဲအင်အားများ အချိန်နှင့်အမျှ တိုးလာခဲ့သည်။ ယင်းက ၎င်းတို့အား တိုက်ရိုက်ပဋိပက္ခနှင့် ကိုယ်စားအူပ်ချူပ်သူကို ဆန့်ကျင်သည့် အာဏာတော်လှန်မှုထဲသို့ မလွှဲမရှောင်သာ ကျရောက်စေခဲ့သည်။

ယခုလိုအာဏာထိန်းချုပ်မှုကို ပြန်လည်ရဖို့ ကြိုးပမ်းခဲ့ကြသည်မှာ သဘာဝကျဟုဆိုနိုင်သည်။

ဧကရာဇ်ငယ်၏ ထီးနန်းတက်ခြင်း အခမ်းအနားတွင် ကိုယ်စားအုပ်ချုပ်ထံမှ ထီးနန်းအာဏာကို ပြန်လည်ရယူဖြစ်ပြီး ဤပွဲပြီးဆုံးသည်နှင့် ဧကရာဇ်ငယ်လေးသည် ဧကရာဇ်အဖြစ် တရားဝင်ဖြစ်လာမည်ဖြစ်သည်။

ကိုယ်စားအုပ်ချုပ်သူ က သူ့ရဲ့ အခွင့်အာဏာကို အမှန်တကယ် လွှဲပြောင်းပေးဖို့ ဆန္ဒရှိမရှိ ဆိုတာကတော့ သီးခြားမေးခွန်းပင်...

အရာအားလုံး ချောမွေ့စွာပြီးဆုံးသွားလျှင်တော့ အကောင်းမွန်ဆုံး ဖြစ်လိမ့်မည်။ သို့သော် တစ်စုံတစ်ခု ဖြစ်ခဲ့ပါက၊ ၎င်းသည် နိုင်ငံတော်အတွင်း ထိတ်လန့်တုန်လှုပ်ဖွယ် အပြောင်းအလဲများကို ဖြစ်ပေါ်စေမည်မှာ သေချာပါသည်။

ပွင့်ပွင့်လင်းလင်းပြောရရင်၊ ဒါက လော့လန်အိမ်တော်ရဲ့ အိမ်တော်စုဝေးပွဲနှင့်ယှဉ်လျှငအကျိုးဆက်က နှိုင်းမရအောင်ကြီးမားနေသည်။

မိသားစုတစ်ခု၏အတွင်းရေးမငြိမ်သက်မှုသည် နိုင်ငံတစ်ခုနှင့် နှိုင်းယှဉ်၍မရပေ။

ထို့ကြောင့် လီလော့အဖို့ မင်းသမီး၏ စိုးရိမ်ပူပန်မှုကို စာနာမိသည်။ ထို့အပြင်၊ သူသည် ကိုယ်စားအုပ်ချုပ်သူနှင့် အကျွမ်းတဝင်ရှိပြီး သူ၏ ခွန်အားနှင့် သြဇာလွှမ်းမိုးမှု မည်မျှအထိ ရောက်ရှိသည်ကိုလည်း နားလည်ထားသည်။ ၎င်းသည် ရှပြည်ထောင်စုတွင် အခြေခံအားဖြင့် သြဇာအရှိဆုံးလူသားဖြစ်သည်။ ထို့အပြင်၊ တော်ဝင်နန်းတော်သည် သူ၏လမ်းညွှန်မှုဖြင့် ပို၍ပို၍ ရက်စက်ယုတ်မာလာပုံရသည်။

အခြားရှုထောင့်မှကြည့်လျှင် ကိုယ်စားအုပ်ချုပ်သူသည် နိုင်ငံတော်ကို အုပ်စိုးရန် အမှန်တကယ် သင့်တော်သူဖြစ်ကောင်းဖြစ်နိုင်သည်။

သို့သော်လည်း ဧကရာဇ်ငယ်သည် မှန်ကန်သော အမွေဆက်ခံသူဖြစ်ကြောင်း မည်သူမျှမငြင်းဆိုနိုင်ပေ။

"မင်းသမီး... စိတ်ပူနေစရာမလိုပါဘူး... ဒါက ရှပြည်ထောင်စုကို ဟိုးရှေးရှေးတုန်းကတည်းက ကိုယ်စားအုပ်ချုပ်သူ ကတိပေးခဲ့တဲ့ အရာပါ။ ဧကရာဇ်ငယ်လေးက စစ်မှန်တဲ့ အုပ်စိုးရှင်ဖြစ်ပြီး သူ့ကို ထောက်ပံ့တဲ့သူတွေ တော်ဝင်နန်းတွင်းထဲမှာလည်း အများကြီးရှိပါတယ်"

မင်းသမီးက သက်ပြင်းတစ်ချက်ချလိုက်သည်။ "ငါလည်း အဲ့လိုဖြစ်လာဖို့ပဒ မျှော်လင့်ပါတယ်.... ဦးရီးတော်က တော်ဝင်မိသားစုကို အများကြီး ပံ့ပိုးပေးခဲ့တာမို့ အပျက်ပျက်နဲ့နှာခေါင်းသွေးထွက်မယ့်ကိစ္စတွေမဖြစ်စေချင်ဘူး..."

လီလော့ ခေါင်းညိတ်လိုက်မိသည်။ပြသာနာတွေ ရှုပ်ထွေးလာမှာကတော့ သေချာနေသလောက်ပင်.....

မင်းသမီး၏ပံ့ပိုးမှုဖြင့် လော့လန်အိမ်တော် ကိုလည်း မင်းသမီးတို့၏ထောက်ခံသူအဖြစ် မလွှဲမရှောင်သာ တံဆိပ်ကပ်ခံရမည်ဟု ဆိုလိုပါသည်။ သူသာ မင်းသမီးရဲ့ထောက်ပံ့မှုကို

သဘောတူလိုက်လျှင် ကိုယ်စားအုပ်ချုပ်သူ က သူတို့ကို ဘယ်လိုဖြေရှင်းမလဲ......

ထိုအတွေးကြောင့် လီလော့ သက်ပြင်းတစ်ချက်ချလိုက်မိသည်။

လောကတွင် ဘယ်အရာမှအလကားမရနိုင်ပေ။

မင်းသမီးက သူ့ကို အကူအညီပေးခဲ့တယ်.... ကိုယ်စားအုပ်ချုပ်သူ ဘာတွေတွေးနေလဲ ဘယ်သူသိနိုင်မလဲ......

အကယ်၍ လော့လန်အိမ်တော်သည် ဤစမ်းသပ်မှုကို မကျော်ဖြတ်နိုင်ခဲ့ပါက၊ ကိုယ်စားအုပ်ချုပ်သူကို ဂရုစိုက်ရန် မလိုတော့ပေ။ သူနှင့်ကျန်းချင်းအာတို့နှစ်ယောက် ကောလိပ်တွင် သိုသိုသိပ်သိပ်နေထိုင်ပြီး မြို့စားအဆင့်ရောက်ရန် ကြိုးစားကျင့်ကြံရပေမည်။

"ငါ မင်းကို လိုက်ပို့ပေးမယ်..."

မင်းသမီးသည် လီလော့နှင့်ထိုအကြောင်းအရာကို ဆက်လက်မဆွေးနွေးတော့ပေ။ ဒါတွေအားလုံးဟာ အပြင်လူတွေနဲ့ မပတ်သက်သင့်တဲ့ တော်ဝင်နိုင်ငံရေးကိစ္စများသာပင်.... လီလော့နှင့်ကျန်းချင်းအာ တို့ကို လောင်းကြေးထပ်ရန် မဆုံးဖြတ်ခဲ့ပါက၊ သူမသည် သူတို့၏ အတွင်းပိုင်းအခြေအနေများကို များများစားစား ဝေမျှမည်မဟုတ်ပေ။

လီလော့က ခေါင်းညိတ်ပြပြီး လော့လန်အိမ်တော် ဆီသို့ တိုက်ရိုက်ပြန်သွားခဲ့သည်။

အိမ်ပြန်ရောက်တာနဲ့ သတင်းကောင်းကြားရပြန်သည်။

နွားသိုးကြီးပေါင်ပေါင် ဖော်စပ်ထားသော အံ့ဖွယ်ဆေးအနှစ် နောက်ဆုံးတွင် ပြီးမြောက်ခဲ့ချေပြီ.....

All Chapters