← Chapters

နွားသိုးကြီးပေါင်ပေါင် ပြန်လာပြီ....

Vol. 44 Ch. 605

နွားသိုးကြီးပေါင်ပေါင် ပြန်လာပြီ....

Vol. 44 Ch. 605

"ဉီးလေးပေါင်... ကျွန်တော် ဉီးလေးကို အရမ်းလွမ်းနေတ.!"

လီလော့ စိတ်လှုပ်ရှားစွာဖြင့် ခန်းမထဲသို့ ပြေးဝင်သွားခဲ့သည်။ တစ်ချက်ကြည့်လိုက်တော့ ပေါင်ပေါင်ပိုင်တဲ့ အခန်းထဲမှာ အတောက်ပဆုံး ဦးခေါင်းကို အရင်ဆုံး သတိပြုမိလိုက်သည်။ သူ့ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံက မပြောင်းလဲဘဲ အသားသတ်သမားတစ်ယောက်နှင့်တူနေဆဲပင်...

သူကိုမြင်နေရသည်နှင့်ပင် သက်သာရာရမှုနှင့် လုံခြုံမှုကို ခံစားရစေသည်။

လက်ရှိတွင် ပေါင်ပေါင်သည် မြို့စားအဆင့်ကို ခုခံနိုင်သည့် တစ်ဦးတည်းသော သူဟု ယူဆနိုင်သည်။ ဒါကလည်း သူ့မိဘတွေရဲ့ အရံအစီအစဉ်ဖြစ်နိုင်သည်။

ပေါင်ပေါင်က ကျန်းချင်းအာ စကားပြောနေရာကနေလှည့်ကြည့်လိုက်ပြီ သူ့ဆီသို့ အပြေးအလွှားသွားနေသော လူငယ်လေး၏ မျက်နှာကို ကြင်နာသော အပြုံးဖြင့်ဆီးကြိုနေသည်။

"သခင်လေးက ပိုချောလာရုံတင်မကဘူး၊ မင်းအဖေရဲ့ အမျိုးသမီးတွေကို

ဆွဲဆောင်နိူင်စွမ်းတစ်ချို့ကိုပါ အမွေဆက်ခံခဲ့တဲ့ပုံပဲ....."

"ဉီးလေးပေါင်က ဒီလိုအသေးအဖွဲလေးတွေပဲမြင်တာလား...ကျွန်တော်က အရှေ့ပိုင်းကုန်းမြေမှာ အသန်မာဆုံးကြယ်တစ်ပွင့်ကျောင်းသားဖြစ်လာပြီမို့ ကျွန်တော့်ရဲ့ ကြီးမြတ်မှုကို သေချာအလေးထားသင့်တယ်..."

လီလော့က ကြွားလုံးထုတ်ရင်း ပြုံးလိုက်သည်။

"ချင်းအာဆီက ကြားပြီပြီ...သခင်လေး ရှန့်ပိန််းတွေ့ဆုံပွဲမှာပြသခဲ့တဲ့ ပြောင်မြောက်တဲ့ စွမ်းဆောင်မှုက လော့လန်အိမ်တော်အတွက် ကျော်ကြားမှုနဲ့ ဂုဏ်သိက္ခာကို ယူဆောင်လာခဲ့ပြီ...!"

ပေါင်ပေါင်က လီလော့ကို ခဏလောက် အကဲခတ်ပြီးနောက်.....

"သခင်လေးက အခုဆို ပုံသဏ္ဍာန်ပြောင်းလဲခြင်း စတုတ္ထအဆင့်ကို ရောက်နေပြီပဲ.... သခင်လေးရဲ့ပဲ့တင်ထပ်သံစွမ်းအားက ကြွယ်ဝပြီး ကြံ့ခိုင်တယ်ဆိုတော့ မြေနတ်ဆိုးခန္ဓာအဆင့်ကိုတက်လှမ်းသင့်နေပြီ.... လအနည်းငယ်အချိန်ပေးလိုက်ရုံနဲ့ ကြီးမားတဲ့ခြေလှမ်း လှမ်းနိုင်ခဲ့တဲ့ပုံပဲ...."

"ကျွန်တော့်မှာ အချိန် လေးနှစ်ပဲကျန်တော့တယ် သေချာမကြိုးစားရင် ကျွန်တော့်ကိုခေါ်သွားဖို့ သေမင်းကအသင့်စောင့်ကြိုနေလိမ့်မယ်....."

"ဟေး၊ ဒီလောက်ဆိုးတဲ့ကိစ္စတွေကို မပြောနဲ့!"

ကျန်းချင်းအာက မျက်မှောင်ကြုတ်ပြီး အော်ဟစ်လိုက်သည်။

"စိုးရိမ်စရာ မလိုပါဘူး သခင်လေး.... မင်းရဲ့ထက်မြက်တဲ့ အရည်အချင်းတွေနဲ့ဆို မြို့စားအဆင့်ဆိုတာ မြင့်မားတဲ့ ပန်းတိုင်တစ်ခုဟုတ်မနေဘူး... လေးနှစ်ဆိုတာ လိုတာထက်

တောင်ပိုပါသေးတယ်...." ဟု ပေါင်ပေါင်သည် က နှစ်သိမ့်ခဲ့သည်။

"ဒါပေမယ့် မြေနတ်ဆိုးခန္ဓာအဆင့်ကို မတက်လှမ်းခင် ပျက်စီးနေတဲ့ အခြေခံ ပြဿနာကိုအရင်ဖြေရှင်းဖို့လိုတယ်... အဲ့ဒီ့ဒဏ်ရာက အချိန်ကြာလေ သက်ရောက်မှု ကြီးမားလေလေဆိုတော့ မြို့စားအဆင့်ရောက်ဖို့ အခက်အခဲတစ်ခုဖြစ်လာနိုင်တယ်...."

ထိုသို့ပြောပြီးနောက် ပေါင်ပေါင်က သူ့ဝတ်ရုံထဲက ကျောက်စိမ်းပုလင်းကို ထုတ်လိုက်သည်။ အနီးကပ်စစ်ဆေးကြည့်တော့ အတွင်းထဲမှာ အစိမ်းရောင်အရည်တွေက ကြယ်ရောင်တွေလိုတဖျပ်ဖျပ်တောက်ပနေပုံရပြီး အလွန်လျှို့ဝှက်ဆန်းကြယ်နေသည်။ ပုလင်းကို အလုံပိတ်ထားသော်လည်း ၎င်းထံမှ ပြင်းထန်ပြီး သန်စွမ်းသော ဆေးဖက်ဝင်အငွေ့အသက်များ လွင့်ပျံလာကာ အနံ့ခံသူတိုင်း အေးချမ်းသောခံစားမှုကို ခံစားလိုက်ရသည်။

"ဒါက သခင်ငယ်လေးအတွက် သန့်စင်ထားတဲ့ အံ့ဖွယ်ဆေးအနှစ်ပါ... အဲဒါက မင်းရဲ့ အခြေခံပျက်စီးခြင်း ပြဿနာတွေကို ဖြေရှင်းနိုင်လိမ့်မယ်....."

လီလော့က ကျောက်စိမ်းပုလင်းကို ဝမ်းမြောက်စွာ လက်ခံခဲ့ပြီး ပေါင်ပေါင်ကိုစိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ပေါင်ပေါင်

၏အကူအညီမပါဘဲ၊ ဒုတိယပဲ့တင်ထပ်သံကိုဖန်တီးခြင်း၏နောက်ဆက်တွဲသည်လမ်းတစ်လျှောက်တွင်ဖုံးကွယ်ထားသောအန္တရာယ်တစ်ခုဖြစ်လာနိုင်သည်။ အကယ်၍ ၎င်းသည် မြို့စားအဆင့် သို့မ၀င်ရောက်ရန် အမှန်တကယ် တားဆီးခဲ့ပါက၊ ၎င်းသည် သူ့အတွက် အမှန်တကယ် ပြင်းထန်သော ထိုးနှက်ချက်ဖြစ်မည်မှာ သေချာပါသည်။

ကျန်းချင်းအာကလည်း မတ်တတ်ထရပ်ကာ ကျေးဇူးတင်စကားဆိုခဲ့သည်။ အံ့ဖွယ်ဆေးအနှစ်သည် လီလော့ အတွက် အလွန်အရေးကြီးသည်။

"ဟေး နင်တို့အားလုံး ဘာလို့ ဒီလောက်တောင် ယဉ်ကျေးနေရတာလဲ..."

ပေါင်ပေါင်က လက်ကို ဝှေ့ယမ်းရင်း ရယ်မောလိုက်သည်။

"ဒါကို မင်းတစ်ကိုယ်လုံးကို လိမ်းပေးရမှာ ဖြစ်ပြီး အကောင်းဆုံး ပြန်လည် ရှင်သန် အားကောင်းတဲ့ ဓာတ်ပြုမှုလို့လဲပြောလို့ရတယ်.... ဒီနည်းနဲ့သာ ဆေးဖက်ဝင် အာနိသင် တွေကို အပြည့်အဝ အသုံးချ နိုင်မှာပါ... မင်းကို ကူညီပေးဖို့ ချင်းအာက အသင့်တော်ဆုံးပဲ..သူ့ရဲ့အဆင့်ကိုးအလင်းစွမ်းအားနဲ့ဆို ရက်အနည်းငယ်အတွင်းသက်သာသွားလိမ့်မယ်...."

လီလော့ ထိုစကားကြောင့် အနည်းငယ် ထိတ်လန့်သွားပြီး...

"ဟေး! ကျွန်တော့်မှာ ရေပဲ့တင်ထပ်သံရှိတယ်....ကိုယ့်ဘာသာကိုယ်လုပ်လို့မရဘူးလား..."

အကျင့်စာရိတ္တကောင်းမွန်ပြီး ဖြောင့်မတ်သောလူငယ်တစ်ယောက်အနေဖြင့် အံ့ဖွယ်ဆေးအနှစ်ကို အသုံးချခြင်းလုပ်ငန်းစဉ်သည် အတော်အတန်သီးသန့်ဖြစ်မည်ဖြစ်ပြီး ချင်အာနှင့် အထူးဆက်ဆံရေးရှိသော်လည်း အလွန်ရှက်စရာကောင်းသည်ဟု ခံစားမိနေသည်။

ပေါင်ပေါင်က သမေးစေ့ကို ပွတ်သပ်ရင်း သေချာစဉ်းစားပြီးနောက်....

"ကောင်းပြီ၊ မင်းရဲ့ ပဲ့တင်ထပ်စွမ်းအားရဲ့ သက်ရောက်မှုက ချင်းအာ ထက် ပိုကောင်းမယ်ဆိုတာ ငါသံသယဖြစ်မိတယ်။ သခင်လေး၊ မင်း ရှက်နေစရာ မလိုပါဘူး၊ မင်းတို့နှစ်ယောက်က နောက်ဆုံးမှာ အကြင်လင်မယား ဖြစ်သွားမယ့်သူတွေပဲလေ.... ဒါကြောင့် ချင်းအာက ဒီအလုပ်အတွက် ပြီးပြည့်စုံတဲ့သူပဲ......"

လီလော့ တခြားဘာမှ မပြောခင် ချင်းအာ က သူ့ကို ဟန့်တးလိုက်ပြီး မသိမသာ ခေါင်းညိတ်လိုက်သည်။

"စိတ်ချပါ ဉီးလေးပေါင်...ကျွန်မသူ့ကို ဂရုစိုက်လိုက်ပါ့မယ်"

ထို့ကြောင့် လီလော့လည်း ဆက်မငြင်းတော့ဘဲ စကားလမ်းကြောင်းလွှဲသည့်အနေဖြင့်.....

"ဉီးလေးပေါင်...အိမ်တော်စုဝေးပွဲရောက်ဖို့ နှစ်လပဲ ကျန်တော့တယ်...အဲ့အချိန်ကျရင် လော့လန်အိမ်တော်ရဲ့ ခံစစ်အစီအရင် အားပျော့သွားလိမ့်မယ်။ အမှောင်ထဲက ဝံ ပုလွေတွေက သူတို့ရဲ့ အစွယ်တွေကို ထုတ်ပြဖို့သေချာပေါက် အခွင့်အရေးကို ယူကြလိမ့်မယ်....."

ပေါင်ပေါင်က အေးစက်စက် နှာမှုတ်လိုက်ပြီး....

"အဲ့ဒီလူရွှင်တော်တွေက မင်းရဲ့မိဘတွေအနားမှာရှိတုန်းကတော့ မင်းကို မော်တောင်မကြည့်ရဲ့ကြဘူး.... အခု သူတို့နှစ်ယောက် ပျောက်ကွယ်သွားတော့ မြိန်ရေယှက်ရေနဲ့ အစွယ်တွေထုတ်ပြနေကြပြီ.... လော့လန်အိမ်တော်ကို အဆီတဝင်းဝင်း အသားတုံးကြီးလို့ထင်နေကြတာလား.....?"

"ဉီးလေးပေါင်... ကျွန်တော့်မိဘတွေ တခြားအကာအကွယ်တွေ ချန်ထားခဲ့သေးလား.... ဥပမာ၊ ရုတ်တရက်ပုန်းနေရာကနေ ထွက်လာပြီး ဒီပိုးမွှားတွေကို ရှင်းပေးမယ့် မြို့စားအဆင့်တွေများ ရှိနေသေးလား..."

ပေါင်ပေါင်က ရှက်ရွံနေဟန်ဖြင့် နှာခေါင်းကို ကုတ်ခြစ်ကာ ....

"အင်း... ငါက လော့လိန်အိမ်တော်တစ်ခုလုံးမှာ ကျန်နေတဲ့ တစ်ဉီးတည်းသော မြို့စားအဆင့်ပဲလေ...ပြီးတော့အိမ်က အဝေးကြီးကို မသွားနိုင်ဘူး အဲ့မှမဟုတ်ရင် ငါ့ရဲ့ ခွန်အားတွေ အရမ်းကျဆင်းသွားလိမ့်မယ်....စိတ်မပူပါနဲ့.... အဓိက နယ်မြေတွေမှာ ရှိနေသရွေ့တော့ စတုတ္ထအဆင့် မြို့စားတစ်ဉီးက ငါ့ကို ရင်ဆိုင်ချင်ရင် သူတို့ရဲ့ လုပ်ရပ်တွေကိုနှစ်ခါ ပြန်စဉ်းစားရလိမ့်မယ်....."

သူစကားပြောနေစဉ်တွင် ကြောက်မက်ဖွယ်ကောင်းသော လေအေးများထွက်လာသည့် ဝက်သားခုတ်ဓားကို ညင်သာစွာ ပွတ်သပ်လိုက်သည်။

"စတုတ္ထအဆင့်မြို့စားကြီး..."

မြို့စားအဆင့်တွင် လောကီလောကနှင့် ဆင်တူသော အဆင့် ကိုးအဆင့် ပါဝင်ကြောင်း သိထားပြီးဖြစ်သည့်အတွက် လီလော့၏ အကြည့်များ တောက်ပလာသည်။ ပထအဆင့်သည် အားအနည်းဆုံးဖြစ်ပြီး အဆင့်ကိုးမှာ အပြင်းထန်ဆုံးဖြစ်သည်။မြို့စားအဆင့်တွင် ၎င်းတို့၏ကိုယ်တွင်းတွင် အလွှာကိုးခုကို တည်ထောင်ရမည်ဖြစ်ပြီး ၎င်းသည် ၎င်းတို့၏အခြေခံနှင့် စွမ်းအားအရင်းအမြစ်အဖြစ် ဆောင်ရွက်ပေးမည်ဖြစ်သည်။

"ဦးလေးပေါင်က တော်တော် အစွမ်းထက်တုန်းပဲနော်.... စတုတ္ထအဆင့် မြို့စားကို ရှပြည်ထောင်စုမှာ ထိပ်တန်း တိုက်ခိုက်ရေးသမားလို့ ယူဆလို့ရတတယ်...ကျွန်တော်သိသလောက်ဆို ဒုကျောင်းအုပ်စုရှင်းကလည်းအဲ့ဒီအဆင့်ကို ရောက်နေပြီ.... ခရမ်းအဆင့်နည်းပြတွေကတော့ ပထမအဆင့်၊ဒုတိယအဆင့်လောက်ပဲရောက်ကြသေးတယ်... ” ဟု ကျန်းချင်းအာက ဖြည့်စွက် ပြောကြားခဲ့ပါသည်။ လီလော့ ခေါင်းညိတ်လိုက်သည်။ မြို့စားအဆင့်များသည် သူ့အတွက် အရေးမပါသေးသောကြောင့် ဤအချက်အလက်ကို သူ သိပ်ဂရုမစိုက်ခဲ့ပေ။

"မင်းသမီးက အိမ်တော်စုဝေးပွဲမှာ ကျွန်တော်

တို့ကို ကူညီဖို့ မြို့စားအဆင့် ကျွမ်းကျင်သူကို စေလွှတ်မယ်လို့ အကြောင်းကြားထားတယ်။" လီလော့သည် ယခုအချိန်တွင် ဤအထူးအကြောင်းအရာကို ထုတ်ပြောခဲ့ချေပြီ....

"မင်းသမီးက...?"

ကျန်းချင်းအာ လေးလေးနက်နက် သက်ပြင်းချလိုက်မိသည်။

"သူမရဲ့အကူအညီကိုယူလိုက်မယ်ဆို ငါတိို့တွေတလှေတည်းစီးတဲ့သူတွေဖြစ်သွားလိမ့်မယ်.... ဒါပေမယ့် ကိစ္စမရှိပါဘူး၊ ဒီအဖြစ်ဆိုးကြီးကို မကျော်ဖြတ်နိုင်ရင် လော့လန်အိမ်တော်ဆိုတာလည်းရှိမှာမဟုတ်တော့လို့ တခြားကိစ္စတွေကို စိုးရိမ်နေစရာမလိုတော့ဘူး....."

သူမသည် ခဏတာအတွင်း အခြေအနေမှန်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။လော့လန်အိမ်တော်သာမရှိတော့လျှင် ပျက်စီးမည့်အရေးကိုလည်း တွေးပူနေစရာမလိုတော့ပေ။

"ကောင်းပြီ....အိမ်တော်စုဝေးပွဲ အတွင်းမှာ မြို့စားတွေ ဘယ်လောက်ထိ လော့လန်အိမ်တော်ကို မျက်စိကျမယ်ဆိုတာ ငါတို့ မသိသေးဘူး။"

လီလော့သည်လည်း ချင်းအာနှင့် အပြိုင် သက်ပြင်းချလိုက်သည်။ ဖေဟောင်သည် ယခုအချိန်တွင် အနည်းငယ် အာရုံပြောင်းသွားသည် ။ မျက်နှာပြင်အောက်မှာ ပုန်းအောင်းနေတဲ့ အန္တရာယ်တွေ၊နှစ်အတော်ကြာအမှောင်ထဲတွင်ပုန်းအောင်းနေပြီး ဖေဟောင်ကို ဓားသွားအဖြစ်အသုံးချခဲ့တဲ့သူတွေ.... သူတို့၏ စစ်မှန်သော ပစ်မှတ်မှာ လော့လန်အိမ်တော်၏ မြေအောက်နန်းတော်အတွင်း ဝှက်ထားသော နတ်ဘုရားအရာဖြစ်သည်။

ထိုနေ့၏ ထိတ်လန့်ဖွယ်ရာ ထိပ်တိုက်ရင်ဆိုင်မှုသည် ရှပြည်ထောင်စုတခုလုံးကို မလွဲမသွေ တုန်လှုပ်သွားပေလိမ့်မည်။

"ဘာပဲဖြစ်ဖြစ်၊ မတူညီတဲ့အခြေအနေတွေမှာ ကွဲပြားတဲ့လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ရမှာပဲလေ... ကျွန်တော်တို့ အလိုက်တသိ တုံ့ပြန်သွားမှာပါ....လော့လန်အိမ်တော်ထဲကို ဖောက်ထွင်းဝင်ရောက်ချင်သူရှိရင်၊ ငါ့ဓါးဆီကနဲ့ ခွင့်ပြုချက်အရင်တောင်းခံရလိမ့်မယ်...."

ပေါင်ပေါင်က ရယ်ကာမောကာပြောဆိုနေသော်လည်း အကြည့်များက ရက်စက်ခက်ထန်နေသည်။

လီလော့အတွက်တော့ ထိုအသွင်အပြင်က သူ့အတွက် ပိုလုံခြုံတဲ့ ခံစားချက်ကို ပေးစွမ်းနေလေ၏။

ပေါင်ပေါင်က သူတို့နှစ်ဦးနှင့် ခဏတာ စကားပြောဆိုပြီးနောက်.....

"ကောင်းပြီ၊ အချိန်မစောတော့ဘူး....မင်းတို့ပြန်ပြီး အနားယူသင့်ပြီ.... ချင်းအာက မင်းကို ဆေးလိမ်းပေးလိမ့်မယ်..."

သူ ထွက်ခွာမသွားမီ လီလော့ကို မျက်စိတဖက်မှိတ်ပြလိုက်သေးသည်။

လီလော့သည် တင်းတင်းကြပ်ကြပ်ပိတ်နေသော တံခါးကို စိုက်ကြည့်ရင်း ကျန်းချင်းအာ ကို လှည့်ကြည့်ကာ ကယောင်ကတမ်းပြောလိုက်မိသည်ကာ....

"ဉီးလေးပေါင်က ဒီအတိုင်း စနောက်နေတာပါ.... တခြားတစ်ယောက်ယောက်က ငါ့ကို ကူညီစရာ မလိုတာ သေချာတယ်.... ငါ အရွယ်ရောက်နေပြီ... ငါဘာသာငါ လုပ်နိုင်တယ်....!"

ကျန်းချင်းအာက အံ့ဖွယ်ဆေးအနှစ် ကျောက်စိမ်းပုလင်းကို ဆုပ်ကိုင်လိုက်ပြီး.....

"အခုချက်ချင်း အခန်းထဲဝင်ပြီး အဝတ်အစားတွေကို ချွတ်ထားလိုက်...."

All Chapters