← Chapters

တတိမြောက်ပဲ့တင်ထပ်သံ....မိုးကြိုးနဂါးပဲ့တင်ထပ်သံ....

Vol. 44 Ch. 607

တတိမြောက်ပဲ့တင်ထပ်သံ....မိုးကြိုးနဂါးပဲ့တင်ထပ်သံ....

Vol. 44 Ch. 607

လီလော့ မျက်လုံးများကို တင်းတင်းကြပ်ကြပ်မှိတ်ထားကာ အိပ်ယာပေါ်တွင် လှဲနေသည်။ သူ့တစ်ကိုယ်လုံးမှာ လိမ်းကျံနေတဲ့ အံ့ဖွယ်ဆေးအနှစ်တွေက သူ့သွေးအသားထဲတွင် လျှို့ဝှက်ဆန်းကြယ်စွာ တောက်ပနေသည်။ ဤလုပ်ငန်းစဉ်ကို ဖြတ်သန်းခြင်းမှာ ယခုတစ်ခေါက်နှင့်ဆို ပဉ္စမအကြိမ်ဖြစ်ပြီး၊ သူ၏ ပဲ့တင်ထပ်သံစွမ်းအားများ သိသိသာသာ တိုးတက်မလာတော့သော်လည်း ပြီးပြည့်စုံခြင်းသို့ ရောက်ရှိရန် မြင့်မားသော အခြေအနေသို့ တဖြည်းဖြည်း ရောက်ရှိနေသလို သူ့ခန္ဓာကိုယ်အတွင်း ပေါ့ပါးမှုအရိပ်အမြွက်ကို ခံစားရနိုင်သည်။

သူ၏ ချီနှင့်သွေးများ ပြင်းထန်စွာ ပွက်ပွက်ဆူနေသးပြီ ပြီးပြည့်စုံသော ခန္ဓာကိုယ်ကို ပြုပြင်ပေးသည်။

ကျန်းချင်းအာသည် ကုတင်ဘေးရပ်ကာ လီလော့ ဖြစ်ပျက်နေသည့် အပြောင်းအလဲများကို စိုက်ကြည့်နေသည်။ သူမ၏ စွဲမက်ဖွယ်ကောင်းသော ကျောက်စိမ်းနှင့်တူသော မျက်နှာပေါ်တွင် စိတ်သက်သာရာရမှု အရိပ်အယောင်ကို မြင်တွေ့နိုင်သည်။

အံ့ဖွယ်ဆေးအနှစ်ကို ငါးကြိမ်လိမ်းကျံပြီးနောက် လီလော့၏အခြေခံအုတ်မြစ်ကိုပြန်လည်ရရှိစေပြီးပြည့်စုံစေသည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ ဆေးများ၏ အာနိသင်များကို ချိန်ညှိကာ ညီညွတ်အောင် ထိန်းညှိပေးဖို့သာလိုတော့သည့်အတွက် သူမ အခန်းထဲကထွက်လာခဲ့လိုက်သည်။

ဤလုပ်ငန်းစဉ်ပြီးမြောက်ရန် နှစ်နာရီအပြည့် အချိန်ယူခဲ့ရသည်။

ထို့နောက်တွင်၊ ခန္ဓာကိုယ်ပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်များမှေးမှိန်သွားကာ ဆေးအနှစ်များက သူ့အသွေးအသားထဲသို့ လုံးလုံးလျားလျား ပေါင်းစပ်သွားခဲ့သည်။ ထိုအချိန်တွင် မျက်လုံးများကို ဖွင့်လိုက်ပြီး သေချာစစ်ဆေးကြည့်လိုက်တော့ ခန္ဓာကိုယ်အတွင်းထဲတွင် ပုန်းကွယ်နေသော နက်နဲမှုအသစ်တစ်ခုကို တွေ့ရှိလိုက်သည် ။ တစ်ချိန်တည်းမှာပင် ထိန်းမနိုင်သိမ်းမရသော ပျော်ရွှင်မှုကို ဖုံးကွယ်ထားနိုင်ခဲ့သည်။

"နောက်ဆုံးတော့ ငါ့အခြေခံ ပြန်ကောင်းသွားပြီ!"

သူ၏ဒုတိယပဲ့တင်ထပ်သံကြောင့်ဖြစ်ပေါ်လာသောအကျိုးဆက်ကို ယနေ့တွင် လုံးလုံးလျားလျား ဖြေရှင်းနိုင်ခဲ့ပြီ.....

ဤလုပ်ငန်းစဉ်သည် သူ၏ စွမ်းရည်နှင့် ခွန်အားကို တိုက်ရိုက်မဖြစ်ထွန်းစေသော်လည်း စိတ်အခြေအနေကို ပို၍ပင် ပြည့်စုံလာစေသည်။ ဤတက်ကြွမှုသည် သူ့အား အနာဂတ်အောင်မြင်မှုများအတွက် ပိုမိုယုံကြည်ရှိစေသည်။

"ဟမ်... ဒါပေမယ့် တတိယမြောက် ပဲ့တင်ထပ်သံအတွက် ဘာတွေပေးဆပ်ရဉွးမလဲ...."

လီလော့ စိုးရိမ်ပူပန်မှုကို ရုတ်ရက် ခံစားလိုက်ရသည်။ပထမပဲ့တင်ထပ်သံကိုဖန်တီးတုန်းက သူ့အတွက် အသက်ရှင်ဖို့ ငါးနှစ်ပဲကျန်တော့တဲ့အကျိုးဆက်ကိုချန်ထားခဲ့သည်။ ဒုတိယက သူ့အခြေခံအုတ်မြစ်ကို ပျက်စီးစေခဲ့ပြန်သည်။ နှိုင်းယှဥ်ကြည့်လျှင် ဒုတိယအကျိုးဆက်ကမှ ပို၍လက်ခံနိုင်ဖွယ်ရှိသည်။

လီလော့ ထိုအချိန်က အားနည်းသော ပဲ့တင်ထပ်သံစွမ်းအားကို ပိုင်ဆိုင်ထားသောကြောင့် တုပဖန်တီးခြင်းအတွက် ပေးချေရမည့် စျေးနှုန်းကို မဖြည့်တင်းနိုင်ခဲ့ပေ။ ထို့ကြောင့် သူ့အသက်သွေးကို လျော်ကြေးအဖြစ် အသုံးပြုခဲ့ရသည်။

သို့သော် ထိုအချိန်တွင် အခြားရွေးချယ်စရာလည်း မရှိပေ။ ပဲ့တင်ထပ်သံကို နှိုးဆွရန် အခြားနည်းလမ်းမရှိသဖြင့် တုပဖန်တီးခြင်းကသာ ကျင့်ကြံမှုလောကသို့ ဝင်ရောက်ရန် တစ်ခုတည်းသောနည်းလမ်းဖြစ်ခဲ့သည်။

ပဲ့တင်ထပ်သံနိုးမထလာလျှင် ရရှိထားသော ပဲ့တင်ထပ်သံကို အသုံးချရန် လုံလောက်သော ပဲ့တင်ထပ်သော စွမ်းအားကို မည်သည့်အခါမျှ ရရှိလိမ့်မည်မဟုတ်ပေ။ဤသည်မှည ကြက်မနှင့်ကြက်ဥပြဿနာကဲ့သို့ပင်.....

မည်သို့ပင်ဆိုစေကာမူ သူသည် ပထမခြေလှမ်းကို လှမ်းနိုင်ခဲ့ပြီး ထိုခြေလှမ်းက သူ့ကို အမြင့်သို့ရောက်အောင ပို့ဆောင်ပေးခဲ့သည်။ ထို့ကြောင့် သူသိထားသည်များကို အခြေခံ၍ တတိယမြောက် ပဲ့တင်ထပ်သံအတွက် ဘေးထွက်ဆိုးကျိုးများသည် မြေနတ်ဆိုးခန္ဓာအဆင့်စွမ်းအားပိုင်ဆိုင်ထားလျှင် ကြီးကြီးမားမားပြသာနာရှိနိုင်မည်မဟုတ်ပေ။

ဖြစ်နိုင်ခြေများကို တွေးနေစဉ် လီလော့ ဖြတ်ကနဲအတွေးပေါက်ခဲ့သည်။သို့သော် နောက်ဆုံးတွင် ခေါင်းယမ်းကာ လက်လျော့လိုက်တော့သည်။ တတိယမြောက် ပဲ့တင်ထပ်သံအတွက် ဘာတွေပေးဆပ်ရမလဲ....ဘာကို မူလပဲ့တင်ထပ်သံအဖြစ်ထားပြီး ဘာကို အကူပဲ့တင်ထပ်သံအဖြစ်သုံးမလဲ.....

သူဒီနေ့အတွက် ဒီလောက်ကြာအောင် ရုန်းကန်ခဲ့ရတာ မဟုတ်ဘူးလား?

"တတိယပဲ့တင်ထပ်သံအတွက်..."

လီလော့၏ အမူအရာ အနည်းငယ်ပြောင်းသွားသည်။ သူသည် ၎င်းကို သန့်စင်ထားပြီးဖြစ်ပြီး၊ သူတွေးလိုက်မိသည့်အရာများက တတိယမြောက် ပဲ့တင်ထပ်သံအဖြစ် ပေါင်းစပ်ရန် အကောင်းဆုံးအခွင့်အရေးဖြစ်သည်။ အဲဒါပြီးတာနဲ့ သူဟာ မြေနတ်ဆိုးခန္ဓာအဆင့်ကို တိုက်ရိုက် ချိုးဖျက်သွားလိမ့်မည်။

ထိုသို့တွေးလိုက်ပြီး အိတ်ဆောင်စက်လုံးထဲကနေ ရွှေရောင်တြိဂံအရာဝတ္ထုတစ်ခု ထုတ်ယူလိုက်သည်။ ၎င်း၏ မျက်နှာပြင်ပေါ်တွင် ရှေးကျသော ပုံသဏ္ဍာန်များစွာရေးထွင်းထားပြီး ထူးခြားသောအငွေ့အသက်က်ုပေးစွမ်းနေသည်။

ဤသည်မှာ ချီချန်းနှင့်ယုဟုန်ရှီတို့ကြင်နာစွာ ကူညီသန့်စင်ပေးခဲ့သော ပဲ့တင်ထပ်သော ပဲ့တင်ထပ်သံလှည်းဘီးဖြစ်သည်။

ထို့နောက် လီလော့သည် အိတ်ကပ်အတွင်းမှ နောက်ထပ် အရာနှစ်ခုကို ထုတ်ယူလိုက်သည်။

တစ်ခုက မိုးကြိုးသစ်သီး၏ ငွေရောင်အူတိုင်ဖြစ်ပြီး မိုးကြိုးနှင့် လျှပ်စီးကြောင်းပုံစံများဖြင့် အလှဆင်ထားသည်။ ရံဖန်ရံခါတွင် ၎င်းထံမှ မိုးခြိမ်းသံသဲ့သဲ့ ထွက်ပေါ်လာသည်။

လီလော့ ထိုအရာကို ရှန့်ပိန်းတွေ့ဆုံပွဲ ကာလအတွင်း မိုးကြိုးသစ်ပင်ကို ကူညီသည့်အတွက် ရရှိခဲ့ခြင်းဖြစ်သည်။

သစ်သီးအူတိုင်တွင် အသန့်ရှင်းဆုံး မိုးကြိုးစွမ်းအင်ပါ၀င်ပြီး ကောင်းကင်သဘာဝရတနာတစ်ခုဖြစ်သည်။ တတိယ ပဲ့တင်ထ်သံအတွက် ပါဝင်ပစ္စည်းအဖြစ် ပြီးပြည့်စုံသည့်ရတနာဆိုလည်းမမှားနိုင်ပေ။

ငွေရောင်အူတိုင်အပြင် နဂါးသွေးပုလဲကိုလည်း ပိုင်ဆိုင်ထားသည်။ ကြီးမားသော နဂါးကြီး၏ အရိပ်တစ်ခုသည် ဤအရာဝတ္ထု၏ မျက်နှာပြင်အောက်တွင် ယိမ်းထိုးနေပုံရပြီး အစွမ်းထက်လှပြီး ဖိနှိပ်နိုင်စွမ်းရှိသော ဟိန်ယဟောက်သံများကို အဆက်မပြတ် ထုတ်ပေးနေသည်။

၎င်းကို လုံကူနယ်မြေကိုဖြတ်ကျော်ရာတွင် ရရှိခဲ့ခြင်းဖြစ်သည်။

ဤသည်မှာ လီလော့ ဆုံးဖြတ်ခဲ့သော ပဲ့တင်ထပ်သံ၏ နောက်ဆုံးပုံစံဖြစ်သည်။

နဂါးပဲ့တင်ထပ်သံနှင့် မိုးကြိုး ပဲ့တင်ထပ်သံ.....

နဂါးပဲ့တင်ထပ်သံသည် အဓိကပဲ့တင်ထပ်သံဖြစ်ပြီး မိုးကြိုးပဲ့တင်ထပ်သံကတော့ ၎င်းအား ပံ့ပိုးပေးမည်ဖြစ်သည်။

မိုးကြိုးနဂါး ပဲ့တင်ထပ်သံ....

"အားးးးးးးး အရမ်းမိုက်တယ်!"

လီလော့ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ သူသည် ဤပဲ့တင်ထပ်သံနှစ်ခုတွင် လေးနက်သော တွေးခေါ်မှုတစ်ခုကို ထည့်သွင်းခဲ့သည်။ သူ၏ယခင် ပဲ့တင်ထပ်သံများသည် ကုသရေးနှင့် ခံစစ်တို့အတွက်သာ အရေးပါခဲ့သည်။ ၎င်းတို့သည် သူ့အပေါ် ကျရောက်ခဲ့သော သက်တမ်းဆုံးရှုံးမှုကို ထေမိရန် ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းပဲ့တင်ထပ်သံတို့သည် တဖြည်းဖြည်း နုပျိုလာပြီး ပျက်စီးမှုများကို တားဆီးနိုင်မည်ဖြစ်သည်။

သို့သော် တတိယ ပဲ့တင်ထပ်သံကို ပြုလုပ်ရန် အချိန်ရောက်လာသောအခါတွင် အနည်းဆုံးမြေနတ်ဆိုးခန္ဓာအဆင့်တွင် ရှိနေရမည်ကို သူသိသည်။ ထိုအချိန်တွင် ခိုင်မာသော အခြေခံအုတ်မြစ်ဖြင့် ပဲ့တင်ထပ်သံများအတွက် သူ၏ရွေးချယ်မှုများကို ကျယ်ပြန့်စေနိုင်မည်ဖြစ်သည်။

သူသည် ကုသခြင်းနှင့် ခံစစ်စွမ်းအားများကို ပိုင်ဆိုင်ထားသောကြောင့် တတိယပဲ့တင်ထပ်သံအတွက် တိုက်စစ်စွမ်းအားရှိသည့်အရာမျိုးကိုလိုချင်ခဲ့သည်။ ဤအရာက သူ့ကို မကြာခဏ ခေါင်းကိုက်စေခဲ့သည်။

နဂါးများသည် သားရဲများကြားတွင် ထိပ်တန်းအဆင့်ရှိသည့်သတ္တဝါများဖြစ်သည်။ သွေးသန့်သော နဂါးများအရွယ်ရောက်လာချိန်တွင် ၎င်းတို့သည်မြို့စားအဆင့်စွမ်းအားကို ပိုင်ဆိုင်နိုင်သည်ဟု ဆိုကြသည်။ ထို့ကြောင့် နဂါးမျိုးနွယ်ကို ဤကမ္ဘာတွင် ထိပ်တန်းမျိုးနွယ်အဖြစ် ယူဆနိုင်သည်။

သဘာဝအတိုင်း၊ နဂါးသွေးဖြင့် ဖန်တီးထားသော ပဲ့တင်ထပ်သံသည် အမြင့်ဆုံးသော သားရဲပဲ့တင်ထပ်သံဖြစ်လိမ့်မည်။ နဂါးများသည် ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်ကြမ်းကြုတ်ကာ တောင်များနှင့် ပင်လယ်များကိုပင် ရွှေ့ပြောင်းနိုင်ကြသည်။ ထို့အပြင်၊ ၎င်းတို့သည် တိုးမြှင့်ထားသော ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် ခံနိုင်ရည်ရှိသော သန့်စင်သော ကိုယ်ခန္ဓာများကို ပိုင်ဆိုင်ထားသည်။

သားရဲပဲ့တင်ထပ်သံများသည် ရက်စက်ကြမ်းကြုတ်ပြီး အဖျက်စွမ်းအားများ ပြည့်နှက်နေပြီး နဂါးပဲ့တင်ထပ်သံသည်လည်း ခြွင်းချက်မဟုတ်ပေ။ လီလော့သာ နဂါးပဲ့တင်ထပ်သံကို ပိုင်ဆိုင်နိုင်ခဲ့ပါက၊ သူသည် ထိုးစစ်ဆင်နိုင်စွမ်းနှင့် အလားအလာများ တိုးမြင့်လာမည်ဖြစ်သည်။

မိုးကြိုး ပဲ့တင်ထပ်သံကိုတော့ ၎င်း၏အရှိန်ကို အထူးစိတ်ဝင်စားခဲ့ခြင်းကြောင့်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ကျင်းထန်ရှုနှင့်လုမင်တို့ကိုတိုက်ခိုက်ခဲ့စဉ်က အရှိန်အတွက် အထူးပြုထားသော ပဲ့တင်ထပ်သံ၏ အားသာချက်များကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ခဲ့သည်။ ထို့အပြင် လျင်မြန်မှု၏ အရေးပါမှုကို လျှော့မတွက်နိုင်ပေ။

ထို့ကြောင့် မိုးကြိုးသံ ပဲ့တင်ထပ်သံကို နဂါးပဲ့တင်ထပ်သံ၏အကူပဲ့တင်ထပ်သံအဖြစ်သတ်မှတ်လိုက်ခြင်းပင်.....

ဤမိုးကြိုးနဂါးပဲ့တင်ထပ်သံကို ရရှိသည်နှင့်အမျှ လီလော့၏ ခွန်အားနှင့်အရှိန်တို့ သိသိသာသာ တိုးမြှင့်လာကာ သူ၏ ယခင်ချို့ယွင်းချက်များကို တွန်းလှန်နိုင်စေမည်ဖြစ်သည်။

နောက်ထပ် တုံ့ဆိုင်းမနေဘဲ အသက်ပြင်းပြင်းရှူပြီး သူ့စိတ်အခြေအနေကို အထွတ်အထိပ်သို့ရောက်အောင် ချိန်ညှိလိုက်တော့သည်။ ထို့နောက် လက်ဖဝါးကို မြှောက်ကာ ပဲ့တင်ထပ်သံ စွမ်းအားများကို လှုံ့ဆော်ပေးပြီး လှည်းဘီးကို အသက်ဝင်စေခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ လှည်းဘီးသည် ကြီးကျယ်ခမ်းနားသော လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းတစ်ခုကို စတင်ထုတ်လွှတ်ခဲ့သည်။ သဘာဝစွမ်းအင် နိုးထလာမည့် အရိပ်အယောင်များ စတင်ပြသပြီး ၎င်းပေါ်တွင် ရေးထွင်းထားသောပုံသဏ္ဍာန်များစတင်လင်းလက်လာသည်။ ထိုအလင်းသည် သမိုင်းမှတ်တမ်းများထဲမှ မရေမတွက်နိုင်သော ရှေးဟောင်းမှော်က္ခရာများနှင့်ဆင်တူသည်။

လီလော့ သူ့ရှေ့မှ မြင်ကွင်းကို ဂရုတစိုက်ကြည့်ရှုခဲ့သည်။

ထို့နောက် နဂါးပုလဲနှင့် ငွေရောင်အသီးအူတိုင်တို့ကို လှည်းဘီးပေါ်က အပေါက်ထဲသို့ တိုက်ရိုက်ထည့်သွင်းလိုက်သည်။

ဤအခိုက်အတန့်တွင်၊ လှည်းဘီးမှ လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်များ ဖြာထွက်ကာ ပစ္စည်းနှစ်ခုကို တဖြည်းဖြည်း လွှမ်းခြုံထားသည်။

ပြင်းထန်သောဟိန်းဟောက်သံများနှင့် မိုးခြိမ်းသံများက အခန်းတစ်ခုလုံးတွင် အဆက်မပြတ် ပဲ့တင်ထပ်နေပါသည်။

အချိန်အတော်ကြာ စောင့်မျှော်နေခဲ့သည့် တတိယမြောက် ပဲ့တင်ထပ်သံ ရုပ်လုံးပေါ်လာပေတော့မည်။

All Chapters