← Chapters

အစီအစဥ်ရေးဆွဲခြင်း....

Vol. 44 Ch. 608

အစီအစဥ်ရေးဆွဲခြင်း....

Vol. 44 Ch. 608

တတိယ ပဲ့တင်ထပ်သံကို အောင်မြင်စွာ သန့်စင်နိုင်မည်ဟု မျှော်လင့်ထားသည်။ယခုသန့်စင်နေသည့်နေရာသည် အန္တရာယ်ရှိတဲ့နေရာမဟုတ်ပဲ သူ့အိမ်ဝန်းထဲတွင်သာဖြစ်စည့်အတွက် အနှောက်အယှက်တစုံတရာမရှိနိုင်ပေ။ လှည်းဘီးသည် အလွန်ဆန်းကြယ်လှပြီး လီလော့ဘက်က စွမ်းအင်စီးဆင်းမှုကို ထိန်းထားရုံဖြင့် ပစ္စည်းနှစ်ခု၏ပေါင်းစပ်မှုကို ကူညီပေးနိုင်သည်။

ထို့ကြောင့် နာရီအတော်ကြာအောင် သန့်စင်ပြီးသောအခါ၊ လီလော့၏ ပဲ့တင်ထပ်သံစွမ်းအားများ ခမ်းခြောက်သွားကြောင်း တဖြည်းဖြည်း ခံစားလိုက်ရသည်။ ကံကောင်းထောက်မစွာ၊လှည်းဘီးမှ ရွှန်းလဲ့သောအလင်းရောင်တစ်ခု ထွက်လာပြီး ညကောင်းကင်တွင် ကြယ်ရောင်လေးများမြင်နေရသလို အခန်းထဲတွင် အလင်းတန်းများ ဖုံးလွှမ်းသွားသည်။

ဤကြယ်ရောင်အလင်းတန်းများကြားတွင် ထူးခြားသောအသံတစ်ခုကြားနိုင်သည်။ ၎င်းသည် သန္ဓေသားလောင်း၏ ပထမဆုံး နှလုံးခုန်သံကဲ့သို့ ဖြစ်နေသည်။

ဤ ပဲ့တင်ထပ်သံကို ရရှိခဲ့သည်မှာ ထူးခြားမှုတစ်ခုဖြစ်သည်။ ပဲ့တင်ထပ်သံတုပခြင်းပညာရပ်ကိုသုံး၍ ပဲ့တင်ထပ်သံဖန်တီးခြင်းမျိုးကို အရှေ့ပိုင်းနတ်ဘုရားကုန်းမြေတွင်တခါမှမကြားဖူးခဲ့ပေ။

လီလော့ ပဲ့တင်ထပ်သံတုပခြင်းပညာရပ်ကို ပထမဆုံးကြုံတွေ့ရသောအခါကလည်း ၎င်း၏အဓိပ္ပာယ်နှင့် အံ့သြဖွယ်ရာများကိုသေချာနားမလည်ခဲ့ပေ။ သို့သော်လည်း ယခုတွင် သူသည် ကျင့်ကြံမှူအကြောင်း ဆက်လက်လေ့လာပြီး ကမ္ဘာကြီးအကြောင်းကို ပိုမိုသိရှိခံစားလာရသောကြောင့် နောက်ဆုံးတွင် သူသည် ကောင်းကင်ဘုံကို အံတုပြီး အံ့ဖွယ်ကောင်းသော ဤပညာရပ်၏ အရိပ်အမြွက် မြင်လိုက်ရသည်။

ဒါကို သူ့မိဘတွေ ဘယ်လို ရှာတွေ့ခဲ့တာလဲ.....

ဤပညာရပ်သည် သူ၏ဗလာနန်းတော်သုံးခုအတွက် ပြီးပြည့်စုံသောပညာရပ်ဖြစ်နေသည်။

လီလော့က ပျံ့နှံ့နေသော လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်ကို စူးစူးဝါးဝါး စိုက်ကြည့်နေကာ လုပ်ငန်းစဉ်များကို အနှောင့်အယှက်မဖြစ်စေရန် တတ်နိုင်သမျှ ပေါ့ပါးစွာ အသက်ရှုလိုက်သည်။

တဖြည်းဖြည်းနှင့် အလင်းတန်းများမှေးမှိန်လာပြီး နောက်ဆုံး ပျောက်ကွယ်သွားသောအခါ လက်မအရွယ် အလင်းဘောလုံးငယ်သည် ဘီး၏ အလယ်ဗဟိုမှ ထွက်ပေါ်လာသည်။

အလင်းဘောလုံးသည် အလွန်အားလျော့သွားပုံရပြီး၊ လေပြင်းလေးတစ်ချက်ကပင် ၎င်းကို ငြှိမ်းသတ်သွားစေနိုင်သည်။

လီလော့ ၎င်းကို စိုက်ကြည့်ရင်း ရင်ခုန်နေသည်။ ဤသည်မှာ ကြာရှည်စွာစောင့်မျှော်ခဲ့သော တတိယမြောက် ပဲ့တင်ထပ်သံဖြစ်သည်ကို သူနားလည်ခဲ့သည်။ ၎င်း၏ကနဦးပုံစံသည် အလွန်ပျက်စီးလွယ်သောကြောင့် လုံခြုံအောင်ထားရမည်။ မဟုတ်ရင် ကြိုးစားထားသမျှသဲထဲရေသွန်ဖြစ်ကုန်လိမ့်မည်။

ကံကောင်းထောက်မစွာဖြင့် သူ့မိဘများက ပဲ့တင်ထပ်သံတုပဖန်တီးခြင်းနှင့်ဆိုင်သက်ဆိုင်သည့် ၎င်းတို့၏ အတွေ့အကြုံများကိုရေးသားထားသည့် မှတ်စုအချို့ကို ပေးအပ်ခဲ့သည်။ လီလော့သည် ထိုမှတ်စုကိုအမှီပြု၍ မိုးကြိုးနဂါးပဲ့တင်ထပ်သံကို အားကောင်းစေမည့် အကြံဉာဏ်အချို့ရှိသည်။

အတိုင်းအတာတစ်ခုအထိ အရှိန်အဟုန်ဖြင့်

လီလော့ လျှာကိုက်လိုက်ပြီး သွေးပုလဲ

ထဲသို့သွေးအဆီအနှစ်အချို့ ပေါင်းထည့်လိုက်သည်။

ချက်ချင်းဆိုသလိုပဲ လီလော့ရဲ့မျက်နှာဟာ လျင်မြန်စွာ ဖျော့တော့သွားသည်။

သွေးပုလဲသည် အလင်းဘောလုံးရှိနေသည့် လှည်းဘီး၏ဗဟိုသို့ ဆင်းသက်လာသည်။ ထိုအချိန်တွင် ပုလဲထဲမှာ သွေးအနည်းငယ်ကို ထုတ်ယူကာ အလင်းဘောလုံးထဲသို့ ပေါင်းစပ်သွားခဲ့သည်။

တဖြည်းဖြည်းနှင့် အလင်းဘောလုံး၏ တောက်ပမှု ပြင်းထန်လာသည်။

ဂရုတစိုက်နားထောင်ကြည့်လျှင် နဂါးဟိန်းသံနှင့်မိုးခြိမ်းသံတို့ကိုကြားရနိုင်သည်။

တစ်ချိန်တည်းမှာပင်၊ လီလော့သည် မိုးကြိုးနဂါးပဲ့တင်ထပ်သံနှင့် သူ့ကိုယ်သူကြားတွင် ထူးဆန်းသော ဆက်သွယ်မှုတစ်ခုကို ခံစားလိုက်ရသည်။

ပင်ပန်းသော်လည်း စိတ်လှုပ်ရှားနေသော အပြုံးတစ်ခုပေါ်လာသည်။ မိုးကြိုးနဂါး၏ပဲ့တင်ထပ်သံကို သန့်စင်ခြင်း အောင်မြင်ခဲ့ပြီ။ ဤအရာနှင့် သစ်သားပဲ့တင်ထပ်သံကြားက ခြားနားချက်မှာ မိုးကြိုးနဂါးပဲ့တင်ထပ်သံသည် သူ၏သွေးအဆီအနှစ်ဖြင့် စဉ်ဆက်မပြတ် ပြုစုပျိုးထောင်ရန် အချိန်လိုအပ်သောကြောင့် ဖြစ်သည်။ အဆင့်တစ်ခုထိရောက်အောင်ကြီးထွားလာမှသာ ၎င်းကို သူ၏ဗလာနန်းတော်ထဲသို့ ပေါင်းစည်းနိုင်မည်ဖြစ်သည်။

ဤလုပ်ငန်းစဉ်ကို အလျင်စလိုလုပ်ရန် မလိုအပ်ပါ။ ဘာပဲဖြစ်ဖြစ် သူသည် မြေနတ်ဆိုးခန္ဓာအဆင့်သို့ မရောက်သေးသည့်အတွက် အတင့်ရဲပြီး မပေါင်းစည်းဝံ့ပေ။

အကယ်၍ တစ်စုံတစ်ခုဖြစ်လာပါက၊ သူ၏ ဆရာသခင်အဆင့်စွမ်းအားသည် ဆိုးရွားသောရလဒ်ကို တားဆီးရန် လုံလောက်မည်မဟုတ်ပေ။

အားလုံးပြီးသီးသည်နှင့် ထိုအရာများကိုအိတ်ဆောင်စက်လုံးအတွင်း သေချာစွာသိမ်းဆည်းထားလိုက်သည်။

အိမ်တော်စုဝေးပွဲ မတိုင်ခင် နှစ်လပဲ ကျန်တော့ပြီး အဲဒီ့မတိုင်ခင်မှာ လုပ်စရာတွေ အများကြီးရှိနေသေးသည်။

ပထမဦးစွာ မြေနတ်ဆိုးခန္ဓာအဆင့်ကို ဖြတ်ကျော်ရန် လိုအပ်သည်။ ၎င်းသည် ဆရာသခင်အဆင့်နှင့်စစ်သူကြီးအဆင့် အကြား ကြီးမားသော ကွာဟချက်ကို ထည့်သွင်းစဉ်းစားခြင်းဖြင့် သူ၏ ခွန်အားကို သိသာထင်ရှားစွာ မြှင့်တင်ပေးမည်ဖြစ်သည်။ အောင်းပိုင် တော်လှန်ရာတွင် အောင်းပိုင်သည် စစ်သူကြီးတပိုင်းအဆင့်တွင်သာ ရှိနေသော်လည်း ၎င်းတို့ကြားတွင် ကြီးမားသော စွမ်းအားကွာဟမှုရှိသည်ကို ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။ ကြယ်တစ်ပွင့်ခန်းမ၏အကောင်းဆုံးကျောင်းသားလေးယောက်ပေါင်းပြီး သူ့ကို ဖိနှိပ်ဖို့အသဲအသန်ကြိုးစားခဲ့ရသည်။

အောင်ပိုင်းသာ အစစ်အမှန် နတ်ဆိုးခန္ဓာအဆင့်ရောက်နေပါက လီလော့ နှင့် ကျန်သူများသည် အထိနာရမည်မှာသေချာပေါက်ပင်.....

သို့သော် ထိုအဆင့်သို့ ဖောက်ထွင်းဝင်ရောက်ခြင်းသည် ပန်းခြံထဲတွင် လမ်းလျှောက်သလိုလွယ်ကူနေမည်မဟုတ်ပေ။ အတိအကျပြောရလျှင် သူသည် ပထမဆုံး ပဲ့တင်ထပ်သံကို ရရှိခဲ့သည်မှာ တစ်နှစ်သာရှိသေးသည်။ အချိန်တိုလေးအတွင်းမှာ ရူးသွပ်ဖွယ်ကောင်းလောက်အောင် ကြီးပွားတိုးတက်ခဲ့သည်။

ရှန့်ပိန်းတွေ့ဆုံပွဲကြောင့် အကျိုးအမြတ်များစွာရခဲ့သော်လည်း ကောလိပ်ဘက်က လောက်လောက်လားလားထောက်ပံပေးခြင်းမျိုးမရှိခဲ့ပေ။ သို့တိုင် ဤအဆင့်ထိရောက်အောင်တစ်နှစ်အတွင်းကြိုးစားခဲ့သည်မျိုးကို ပါရမီရှင်ကျန်းချင်းအာပင်လျှင် စွမ်းဆောင်နိုင်မည်မထင်။

လီလော့သည် ကြယ်တစ်ပွင့်ကျောင်းသားဘဝတွင် ဤအရာကို လုပ်ဆောင်နေသည်မှာ ပို၍ပင် အံ့အားသင့်စေမည်မှာ သေချာပါသည်။ ၎င်းသည် ကောလိပ်အတွက် စံချိန်သစ်တစ်ခုဖြစ်လာမည်ဖြစ်သည်။

သူမအသုံးပြုသော လျှို့ဝှက်ပညာရပ်သည် ကျင့်ကြံမှုကို အောက်ခြေအဆင့်တွင်နှောင့်နှေးစေသည်။ ၎င်း၏ရည်ရွယ်ချက်မှာ ခိုင်ခံ့သောအခြေခံအုတ်မြစ်ကိုဖန်တီးရန်ဖြစ်ပြီး သူမအတွက် နောက်ပိုင်းတွင် ရှေ့သို့ခုန်တက်နိုင်စေရန်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ လီလော့သာ နောက်နှစ်လအတွင်း မြေနတ်ဆိုးခန္ဓာအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ပါက ကြယ်တာယာခရီးရှည်ကောလိပ်တွင် အလားအလာအရှိဆုံး ကျောင်းသားအဖြစ် အသိအမှတ်ပြုခံရမည်ဖြစ်သည်။

သို့သော်၊ သူ၏ကိုယ်ပိုင်ခန့်မှန်းချက်များအပေါ်အခြေခံ၍ မြေနတ်ဆိုးခန္ဓာအဆင့် အဆင့်သို့ရောက်ရှိနိုင်ခြေမှာ 30% ဝန်းကျင်သာရှိသည်။ နောက်ထပ် တစ်နှစ်ခွဲအချိန်ပေးလျှင် 80% လောက်အထိ တိုးလာနိုင်ပါသည်။သို့သော် သူ့တွင်အဲ့လောက်အချိန်မရှိပေ။

ထို့အပြင် အိမ်တော်စုဝေးပွဲတွင် ဖေဟောင်ကို သတ်ရဉီးမည်။

ဖေဟောင်ထံတွင် မြေနတ်ဆိုးခန္ဓာအဆင့် ခွန်အားရှိပြီး လီလော့သည် ၎င်း၏ပန်းတိုင်ကို အရောက်လှမ်းလိုပါက ကောင်ကင်ဝံပုလွေ၏ စွမ်းအားကို အသုံးပြုရမည်ဖြစ်ပါသည်။ သို့သော် ၎င်းသည် အသွားနှစ်ဖက်ပါသောဓားသွားဖြစ်သည်။

သားရဲ၏ အစွမ်းသတ္တိကို အသုံးချလေ၊ သူ့အပေါ် သက်ရောက်မှု အားကောင်းလေဖြစ်သည်။

ဤချေးယူထားသော ခွန်အားကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်လိုပါက သူ့ကိုယ်သူ အရင် မြှင့်တင်ရမည်ဖြစ်ပြီး မြေနတ်ဆိုးခန္ဓာအဆင့်သို့ရောက်ရှိခြင်းသည် နောက်ထပ်ကာကွယ်မှု၏ အကောင်းဆုံးပုံစံဖြစ်သည်။

"သလင်းကျောက်အမြူတေနဲ့ဆို ငါ့ရဲ့အခွင့်အရေးကို 30% လောက်တောင် တိုးလာလိမ့်မယ်"

ဒုကျောင်းအုပ်စုရှင်းက ၎င်းအား ဆုလာဘ်တစ်ခုအဖြစ်ပေးမည်ဟု ကတိပြုခဲ့ပြီး ၎င်းသည် အဆင့်များ ဖြတ်ကျော်ရန် အခွင့်အလမ်းများကို သိသိသာသာ မြှင့်တင်ပေးနိုင်သည်။

ဒီအတိုင်းသာဆို သူ့ရဲ့ အခွင့်အလမ်းက 60% လောက် တက်လာလိမ့်မယ်။

ဒါတောင် မလုံလောက်သေးဘူးလို့ ခံစားနေရဆဲပင်...

ထို့ကြောင့် ပဲ့တင်ထပ်သံများကို တတ်နိုင်သလောက်အဆင့်မြှင့်တင်မှဖြစ်မည်။

လက်ရှိတွင်၊ သူ၏ ရေအလင်းပဲ့တင်ခပ်သံက အဆင့်ခုနှစ်တွင်ရှိပြီး မြေသစ်သားပဲ့တင်ထပ်သံကတော့ အဆင့်ခြောက်ဖြစ်သည်။

အကယ်၍ ထိုပဲ့တင်ထပ်သံနှစ်ခုကိုအဆင့်မြှင့်တင်နိုင်ပါက သိသိသာသာ ပိုသိပ်သည်းလာမည်ဖြစ်သည်။ ထိုအချိန်တွင် သူ့ထံတွင် စုစုပေါင်း အခွင့်အလမ်း 80% ရှိလာမည်ဖြစ်သည်။

မြို့စားအဆင့်ပညာရပ်ကို လေ့ကျင့်ဖို့အတွက်ကတော့ သူအောင်မြင်ပြီးသည့်တိုင်အောင် စောင့်ရပေလိမ့်မည်။ ဒါမှ သာအောင်မြင်နိုင်ဖို့ အခွင့်အလမ်းတွေ တိုးလာမည်ဖြစ်သည်။

"ဒုကျောင်းအုပ်ရဲ့ အကြံပြုချက်အတိုင်း ငါက အားနည်းတဲ့ မြို့စားအဆင့်ပညာရပ်ကို ရွေးရလိမ့်မယ်"

လီလော့သည် အချိန်အတန်ကြာ ဖိနှိပ်ခံခဲ့ရသောကြောင့် သူ့ကိုယ်သူ တိုးတက်ရန် အခွင့်အရေးတိုင်းကို အတတ်နိုင်ဆုံး အသုံးချခဲ့ရသည်။ ထို့ကြောင့် သူသည် ကျယ်ပြန့်သော အစီအစဥ်တစ်ခုကို ဖန်တီးခဲ့ရသည်။

"ပဲ့တင်ထပ်သံတွေကို အရင်ဆုံးအဆင့်မြှင့်ရမယ်...."

လီလော့ အသက်ပြင်းပြင်းရှူပြီး အိပ်ရာပေါ်မှ ခုန်ဆင်းလိုက်သည်။

ရွှေနဂါးဘဏ်သို့ မဖြစ်မနေသွားရပေတော့မည်။

အဘယ်ကြောင့်ဆိုသော် ချိုင်ဝေသည် ဝိညာဉ်ရည်များဝယ်ယူရန် တာဝန်ယူရန် ယခင်က ညွှန်ကြားထားသောကြောင့်ဖြစ်သည်။ ပုံမှန်ဆို လီလော့ကိုယ်တိုင် အခုလို သွားရောက်ဝယ်ယူရန်မလိုပေ။

လီလော့ ကိုယ်တိုင်သွားရောက်ဝယ်ယူပါက ပမာဏများစွာလျှော့စျေးပေးသောကြောင့် ချိုင်ဝေက လီလော့ကိုယ်တိုင် ဝယ်ယူဖို့အကြံပေးခဲ့ခြင်းဖြစ်သည်။

အခြားတစ်ဖက်တွင်မူ လီလော့သည် သူဘာကြောင့် လျှော့စျေးရသည်ကို နားလည်ခဲ့သည်။ဤသည်မှာ လုချင်းအာ၏အကူအညီကြောင့်ဖြစ်ပြီး၊ သူမ၏နူးညံ့သိမ်မွေ့မှုနှင့် ကြင်နာမှုတို့ကို အခွင့်ကောင်းယူသည့်အတွက် သူ့တွင် အပြစ်ရှိကြောင်းခံစားနေရသည်။

ကံမကောင်းသည်က လော့လန်အိမ်တော် သည် ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာသော အရင်းအမြစ်များ လိုအပ်သဖြင့် သူမ၏ ရက်ရောမှုကို နှလုံးသားထဲတွင်သာ မှတ်သားနိုင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် သူသည် ယုဟုန်ရှီဆီသို့ သွားရောက်လည်ပတ်ရန် လိုအပ်မည်ဖြစ်သည်။

ဒုကျောင်းအုပ်စုရှင်းက ရွှေနဂါးဘဏ်တိုက်ကို မယုံကြည်ဖို့ သတိပေးခဲ့ဖူးသည်။ ထို့ကြောင့် လော့လန်အိမ်တော်အတွက် သူမ၏ ရည်ရွယ်ချက်ကို အတည်ပြုရန် လိုအပ်ပါသည်။

ယုဟုန်ရှီနဲ့တွေ့ရမယ်ဆိုတဲ့ အတွေးကြောင့် လီလော့ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူ့အပေါ် လိုအပ်ချိန်တိုင်း အကူအညီပေးခဲ့ဖူးသည့် ယုဟုန်ရှီကို လေးစားသည့်အတွက် သူမ လော့လန်အိမ်တော် အပေါ် ရန်စမှုမျိုးမရှိဖို့သာ ဆုတောင်းရပေတော့မည်။

All Chapters