ဒေါသထွက်နေသည့် ယုဟုန်ရှီ......
Vol. 44 Ch. 609
လီလော့ ရွှေနဂါးဘဏ်တိုက်သို့ ရောက်ရှိလာပြီး အဝယ်ဌာနဆီသို့ တိုက်ရိုက်သွားခဲ့ပြီး ချက်ချင်းပင် ဝိညာဉ်ရည်များနှင့် သန့်စင်သောအလင်း အများအပြားဝယ်ယူရန် ဆွေးနွေးမှုများ စတင်ခဲ့သည်။ သို့သော်လည်း သိပ်မကြာခင်မှာပဲ ရင်းနှီးတဲ့ မျက်နှာလေးကိုမြင်လိုက်ရသည်။ လုချင်းအာက လက်နှစ်ဖက် နောက်ပစ်ပြီး သူ့ဆီလျှောက်လာနေသည်။
"ဟေး....နင်ငါ့ကိုဘာလို့မရှာတာလဲ"
သူမသည အဖြူရောင်စကတ်တိုကို ၀တ်ဆင်ထားပြီး နှင်းဖြူသဖွယ်ပေါင်တံများကို ပေါ်လွင်စေသည်။ တစ်ချိန်တည်းမှာပင် သူမသည် အဝယ်ဌာန တာဝန်ခံ ကြီးကြပ်ရေးမှူးကို အပြုံးဖြင့် လှည့်ကြည့်လိုက်ပြီး...
"တာဝန်ခံမူ.... ပုံမှန်စည်းကမ်းအတိုင်းလုပ်ပေးလိုက်ပါ....."
တာဝန်ခံမူက အလားတူ ပြုံးပြပြီး ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့ပါ သခင်မလေး....."
ရလဒ်အနေဖြင့် လီလော့အတွက်လျှော့စျေးကို အတတ်နိုင်ဆုံး ပိုပေးခဲ့သည်။ ဤပမဏာလောက်သည် ရွှေနဂါးဘဏ်တိုက်အတွက် အကျိုးမရှိသည့်အပြင် သခင်မလေးအား စော်ကားခြင်းသည် ပညာမဲ့သည့်အပြုအမုးူမျိုးဖြစ်သည်။တာဝန်ခံက မနာလိုသောအကြည့်ဖြင့် လီလော့ကိုသာကြည့်နေလိုက်တော့သည်။ ရုပ်ရည်ချောမောခြင်းက အမှန်တကယ် အကျိုးရှိပုံပေါက်သည်။
"ချင်းအာ... နင့် ငါ့ကို ခက်ခဲအောင် လုပ်နေတာလား... လူတွေက အခွင့်ကောင်းယူနေတယ်လို့ ထင်လိမ့်မယ်!"
လီလော့၏ အမူအရာ ညိုးငယ်သွားသည်။
"အိုက်ယား.. နင်က အရှေ့ပိုင်းနတ်ဘုရားကုန်းမြေရဲ့ အသန်မာဆုံး ကြယ်တစ်ပွင့်ကျောင်းသားဖြစ်နေပြီလေ.... ရှပြည်ထောင်စုကလူတွေ အားလုံး နင့်အတွက်ဏ်ယူနေကြတာ...ဒါကြောင့်မို့ ငါတို့ ရွှေနဂါးဘဏ်တိုက်ကလည်း .... သခင်လေး လီလော့ ငါတို့ကို အခွင့်အရေးပေးမယ်မလား.."
"ဒါ...ဒါဆိုရင်..."
လီလော့သည် အလွန်ချဲ့ကားသည့်အသုံးအနှုန်းမျိုးကိုသုံးနှုန်းရန် နှစ်စက္ကန့်မျှသာ စဉ်းစားခဲ့သည်။
"ဒီတစ်ကြိမ်လောက်တော့ လိုက်လျောပေးလိုက်မယ်......နို့မို့ဆို နင်တို့ရဲ့စေတနာတွေ အလဟသဖြစ်ကုန်လိမ့်မယ်..."
လုချင်းအာ၏ ပြုံးနေသော မျက်နှာက သူ့စကားကြားသောအခါ ပိုမိုလန်းဆန်းနေပုံရသည်။
"အခုလိုမျက်နှာသာပေးတဲ့အတွက် သခင်လေးလီလော့ကိုကျေးဇူးတင်ပါတယ်...."
အခြားတစ်ဖက်တွင်၊ သူတို့၏စကားကိုကြားလိုက်ရသော တာဝန်ခံကတော့ မဲ့ကာရွဲ့ကာဖြင့် စိတ်ထဲကနေ ကျိန်ဆဲနေလေ၏။
ဒီလို အံ့ဩစရာကောင်းတဲ့ အကျိုးကျေးဇူးတွေပေးဖို့တောင် ငါတို့သခင်မလေးက တောင်းဆိုနေရတယ်.... ဘယ်မလဲတရားမျှတမှု......
ရွှေနဂါးဘဏ်တိုက်သည် ရှပြည်ထောင်စု ၏ဂိုဏ်းခွဲများထဲတွင် အချမ်းသာဆုံးဖြစ်ကြောင်း လူတိုင်းသိကြသည်။ ရလဒ်အနေဖြင့် ယုဟုန်ရှီသည် ပတ်ဝန်းကျင်တွင် အချမ်းသာဆုံးဖြစ်ပြီး သူမ၏ တစ်ဦးတည်းသော သမီးဖြစ်သူ လုချင်းအာသည်လည်း ရှပြည်ထောင်စု၏ အချမ်းသာဆုံး မိန်းမပျိုဖြစ်သည်။ လီလော့သာ သူမ၏ စိတ်ကူးယဉ်ဆန်မှုကို ဖမ်းစားပြီး သူမကို လက်ထပ်ပါက ရလဒ်အနေဖြင့် ရွှေတောင်ကြီးပိုက်ထားနိုင်သလိုဖြစ်နေလိမ့်မည်။
တစ်ဖက်တွင် လီလော့သည် ငြူစူသော တာဝန်ခံ စိတ်ကူးထားသည့်အတိုင်း မဟုတ်ခဲ့ပေဖာ လုချင်းအာ ပေးခဲ့သော အကူအညီအားလုံးကို သူ့စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်းမှတ်သားထားပါသည်။ လုချင်းအာ အနာဂတ်တွင် သူ၏အကူအညီကို လိုအပ်နေသမျှ ကာလပတ်လုံး စိတ်နှလုံးအကြွင်းမဲ့ မြှုပ်နှံထားပြီးကူညီပေးမည်ဖြစ်သည်။
နှစ်ယောက်သား စကားစမြည်ပြောကြရင်း နောက်ဆုံးတော့ ....
"ချင်းအာ...ငါ ဉက္ကဌယုကို တွေ့ချင်တယ်"
ယုဟုန်ရှီသည် နေ့စဥ်ကိစ္စများနှင့် အလုပ်ရှုပ်နေပြီး အဆုံးမရှိသော ချိန်းဆိုမှုများ ရှိခဲ့သည်။ သူနဲ့ အမြန်စကားပြောချင်တယ် ဆိုရင် သူ့သမီးကတစ်ဆင့် တောင်းဆိုဖို့သာကျန်တော့သည်။
"ကံကောင်းလိုက်တာ မေမေ ဒီမှာရှိနေတုန်းပဲ....လာ...ငါ့နောက်ကို လိုက်ခဲ့"
ဘဏ္ဍာစိုးအား ညွှန်ကြားချက်အနည်းငယ်ပေးပြီးနောက် သူမသည် လီလော့အား ရွှေနဂါးဘဏ်တိုက်၏အတွင်းပိုင်းမှတဆင့် ယုဟုန်ရှီ ရုံးခန်းသို့ တိုက်ရိုက်ပို့ဆောင်ခဲ့သည်။
သူမအတူပါလာသဖြင့် မည်သည့်အတားအဆီးမှမရှိဘဲ ကျော်ဖြတ်နိုင်ခဲ့သည်။
စာရင်းစာရွက်များကို စစ်ဆေးနေသည့် ယုဟုန်ရှီက လီလော့တို့ရောက်လာသည်ကိုအာရုံခံမိသဖြင့် မသိမသာမျက်မှောင်ကြုံ့လိုက်သည်။
သမီးဖြစ်သူကို ငုံ့ကြည့်ရင်း မကျေနပ်မှုအရိပ်အမြွက်ကိုလည်း ထုတ်ပြဖို့မမေ့ပေ။
ဒီကောင်လေးလီလော့ရဲ့တောင်းဆိုမှုကို ငါ့သမီး ဘယ်တော့များမှခုခံနိုင်မှာလဲ.....
"အိုး? ဒါက အရှေ့ပိုင်းနတ်ဘုရားကုန်းမြေရဲ့အသန်မာဆုံးကြယ်တစ်ပွင့်ကျောင်းသားမဟုတ်လား.... မင်းရဲ့ တည်ရှိမှုက ဒီခန်းမတွေကို ဂုဏ်တက်စေတယ်"
ယုဟုန်ရှီ က သူမလက်ထဲက စာအုပ်ကို ပိတ်လိုက်ရင်း လီလော့ကို စနောက်နေသည်။
ရှန့်ပိန်းတွေ့ဆုံပွဲ ၏ရလဒ်များကို ရှပြည်ထောင်စုတွင် လူသိရှင်ကြားထုတ်ပြန်ခဲ့သည်မှာ ထင်ရှားပါသည်။ ထို့အပြင်ကြယ်တာယာခရီးရှည်ကောလိပ်သည် ရှပြည်ထောင်စု၏ ကိုယ်စားလှယ်ဖြစ်သောကြောင့် ၎င်းသည် အရေးပါသော အဖြစ်အပျက်တစ်ခုဖြစ်သည်။ အရှေ့ပိုင်းကုန်းမြေတခွင်က ကောလိပ်များကြားတွင် ပေါ်လွင်ထင်ရှားပြီး တစ်ရှိန်ထိုး အောင်ပွဲခံခြင်းသည် သာမန်လူများအတွက် ဂုဏ်ယူစရာ ဖြစ်စေခဲ့သည်။
လီလော့၏ ဂုဏ်သတင်းနှင့်နာမည်သည် လူအများကြားတွင် ကျော်ဇောနေသည်။
ထိုအချိန်တွင် လော့လန်အိမ်တော်၏သုံးစားမရသောသခင်လေးသည် နောက်ဆုံးတွင် အတောင်ပံများကိုဖြန့်ထားနိုင်သည်ကို လူအများအပြားက သိရှိလာကြသည်။ လော့လန်အိမ်တော်၏ မျိုးဆက်သစ်သည် ခိုင်မာသော အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်မည်ဖြစ်ပြီး မကြာမီအချိန်အတွင်း တောက်ပလာမည်ဖြစ်သည်။
"ရိုးရိုးသားသားပြောရရင် ကံကောင်းခဲ့လို့ပါ....ကျွန်တော်က ကျင်းထန်ရှုထက် နည်းနည်းပိုကြာအောင် ထိန်းနိုင်ခဲ့တယ်လေ..."
"ဒီနေရာမှာ နှိမ့်ချနေဖို့ မလိုပါဘူး....ရှန့်ပိန်းတွေ့ဆုံပွဲက အရှေ့ပိုင်းနတ်ဘုရားကုန်းမြေက ထိပ်တန်းလူငယ်တွေ စုဝေးတဲ့ပွဲမို့ မင်းရဲ့ စွမ်းရည်က သက်သေပဲလေ... လီတိုင်ရွှမ်နဲ့တန်တိုင်လန်တို့က တကယ်ကို သားကောင်းတစ်ယောက်မွေးနိုင်ခဲ့တာပဲ...."
သူမ၏အကြည့်များသည် သူ့ရှေ့တွင်ရပ်နေသော လူငယ်များအတွက် လေးမြတ်မှုအချို့ကို ပါ၀င်နေပုံရသည်။ အရည်အချင်းကို တန်ဖိုးထားသူတိုင်းက လီလော့ရဲ့ စွမ်းရည်နဲ့ စွမ်းရည်ကို ထိန်းထားနိုင်တယ်ဆိုတဲ့ အချက်ကို ထည့်သွင်းစဉ်းစားပြီး သူ့ကို စိတ်ဝင်စားနေကြသည်။
လီလော့သည် ယုဟန်ရှီနှင့် စကားစမြည်ပြောဆိုပြီးနောက်....
"ဒါဆို မင်းဘာလို့ဒီကိုရောက်လာတာလဲ..."
အကင်းပါးသော ယုဟန်ရှီက လီလော့ အကြောင်းပြချက်တစ်ခုခုကြောင့် ဒီကိုရောက်လာမှန်းသိသည့်အတွက် ကွေ့ဝိုက်မနေဘဲ တည့်တိုးမေးလိုက်သည်။
လီလော့ လာရင်းအကြောင်းအရာကို မည်သို့ပြောရမည်ကို တွေးတောရင်း တုံ့ဆိုင်းသွားသည်။ ဘာကိုမှ ဖုံးကွယ်ဖို့ ရည်ရွယ်ချက်မရှိဘဲ ယုဟုန်ရှီကိုပဲ ယုံကြည်မယ်လို့ ဆုံးဖြတ်လိုက်ပြီး....
"ဉက္ကယု... နှစ်လအတွင်း လော့လန်အိမ်တော် ရဲ့အိမ်တော်စုဝေးပွဲ စတင်တော့မှာသိတယ်မလား....."
"ရှပြည်ထောင်စုကို ကျရောက်တော့မယ့် အရေးအကြီးဆုံး အဖြစ်အပျက်ကို ဘယ်သူ မသိဘဲနေမှလဲ.... မရေမတွက်နိုင်တဲ့ ကျွမ်းကျင်ပညာရှင်တွေက အိမ်တော်တစ်ခု ပြိုလဲမလားဆိုတာ စောင့်ကြည့်နေကြတယ်လေ... အရာအားလုံးကို နှစ်လအတွင်း ဆုံးဖြတ်ရလိမ့်မယ်....မင်း အဲ့အတွက် ရွှေနဂါးဘဏ်တိုက်ကို ကျောထောက်နောက်ခံအဖြစ် ရှာချင်ရင် ငါမင်းကို စိတ်ပျက်စေရမယ်၊ ကံမကောင်းစွာနဲ့ပဲ ရွှေနဂါးဘဏ်တိုက်ဟာ ကြယ်တာယာခရီးရှည်ကောလိပ်နဲ့ ဆင်တူတဲ့ အခြေအနေမှာ ရှိနေတယ်။ ပဋိပက္ခတွေမှာ ဝင်မပါဘူး.... နိုင်ငံတော်၏ စည်းလုံးညီညွတ်မှုက စည်းစိမ်ဥစ္စာကိုတိုးပွားစေတယ်....”
လီလော့ ခေါင်းယမ်းလိုက်သည်။
"ကျွန်တော်ကလည်း အကူအညီတောင်းဖို့မရည်ရွယ်ထားပါဘူး... ရွှေနဂါးဘဏ်တိုက်ရဲ့ ကြားနေ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း သိပါတယ်... ဒီလောက် ယုတ္တိမဲ့တဲ့ အရာကိုဘယ်လို တောင်းဆိုနိုင်ပါ့မလဲ... ရွှေနဂါးဘဏ်တိုက်ကို သတိထားဖို့ တစ်စုံတစ်ယောက်က စေတနာထားပြီး သတိပေးသွားလို့ပါ......"
ထိုစကားများကို ကြားသောအခါ ယုဟုန်ရှီ၏အကြည့်များအေးစက်လာသည်။
"ဟမ့်...ဒီမယ် သခင်လေး လီလော့.... ရွှေနဂါးဘဏ်တိုက်က လော့လန်အိမ်တော်ကို တပ်မက်နေတယ်လို့ ထင်နေတာလား... ငါတို့က မင်းတို့လိုပမွှားလေးတွေကို နာမည်အပျက်ခံပြီး ဒုက္ခပေးစရာလား...!!!!"
သူမ၏ လေသံသည် အခန်းတွင်းရှိ ပွက်ပွက်ဆူနေသော လေထုနှင့် ဆန့်ကျင်နေသည့်နှယ်အေးစက်ခက်ခန်နေသည်။
တစ်ဖက်တွင်၊ လုချင်းအာကလည်း စိုးရိမ်ပူပန်နေရှာသည်။
"ဟမ့်...လော့လန်အိမ်တော်မှာ မဖြစ်စလောက် ရတနာတွေ ချန်ထားခဲ့နိုင်ပေမယ့် ငါ ယုဟုန်ရှီ က ဒီလိုအသေးအဖွဲလေးတွေကို ဘယ်တော့မှ ဂရုမစိုက်ဘူး....လီတိုင်ရွှမ်က လော့လန်အိမ်တော် ကိုင်စွဲထားတဲ့ သြဇာအာဏာအတွက် အစီအရင်တခု ချန်ထားခဲ့မှန်း ငါသိတယ်...ဒီအစီအရင်က မြို့စားအဆင့်ကျွမ်းကျင်သူတွေကို ဖိနှိပ်တယ်... လော့လန်အိမ်တော် ပိုခိုင်ခံ့လေ အစီအရင်က ပိုအားကောင်းလေပဲ... ဒါကို တကယ်ကျော်ဖြတ်ချင်ရင် ငါ့ကို တားဖို့ လုံလောက်မယ်လို့ ထင်သလား.လော့လန်အိမ်တော် ကို အားကောင်းအောင်လုပ်ဖို့ ရှီးယန်စံအိမ်ရဲ့ အောင်မြင်မှုကို မင်းချေးယူခဲ့တယ်။ အဲဒီအောင်မြင်မှုရဲ့ ရင်းမြစ်က ဘယ်ကနေရောက်လာတာလဲ.... ရှီးယန်ကနေ ထုတ်လုပ်တဲ့ ဝိဉာဉ်ရည်တွေနဲ့ သန့်စင်တဲ့အလင်းတွေ ဖန်တီးရာမှာ အသုံးပြုတဲ့ ပစ္စည်းအားလုံးကို ရွှေနဂါးဘဏ်တိုက်ကနေ ဝယ်ယူခဲ့တာမလား... ငါတို့က ရှပြည်ထောင်စုရဲ့ စျေးကွက် 60% ကို လက်ဝါးကြီးအုပ်ထားပြီး အကုန်လုံးကိုထိန်းချုပ်နိုင်တယ်....ငါတို့သာ နင်တို့ကို ကုန်ကြမ်းမရောင်းပေးရင် ဘာတွေဖြစ်လာမယ်ထင်လဲ..... လီလော့...... ရှပြည်ထောင်စုရဲ့ အခြားအထွတ်အထိပ်အဖွဲ့များသည် မင်း၏နောက်ဆုံးရှင်သန်မှုလမ်းကြောင်းကို ထိခိုက်စေဖို့ ရွှေနဂါးဘဏ်တိုက်ကို စည်းရုံးသိမ်းသွင်းဖို့ မကြိုးစားခဲ့ဘူးလို့ထင်နေတာလား... သူတို့ နင့်ကိုဒုက္ခပေးဖို ငါတို့ကိုတောင် လာဘ်ထိုးခဲ့သေးတယ်....ဒါတွေနင်မသိဘူးမလား..."
သူမ၏ ထက်မြက်သော စကားလုံးများက နက်နဲလွန်းလှသည်။ သူမ၏ လှပသော မျက်နှာသည် မထီမဲ့မြင် အရိပ်အယောင်များ ဖုံးလွှမ်းကာ ရေခဲမြစ်ကဲ့သို့ အေးစက်နေသည်။
ယုဟုန်ရှီ၏ ရုတ်တရက် ပေါက်ကွဲမှုကို မြင်လိုက်ရသဖြင့် လုချင်းအာ သည် သူမ၏ လက်ဖျံကို အလျင်စလို ဆွဲယူကာ ဖြေသိမ့်ရန် ကြိုးစားသည်။
"မေမေ၊ စိတ်အေးအေးထားပါ၊ ဒီအကြံအစည်ကို မေမေ ချုပ်ကိုင်နေတာလို့ လီလော့ သံသယရှိရင် အခုလို တိုက်ရိုက်ချဉ်းကပ်မှာလား..."
တစ်ချိန်တည်းမှာပင် သူမသည် လီလော့ကို အဓိပ္ပါယ်ရှိသော အကြည့်တစ်ချက်ပစ်လွှတ်လိုက်သည်။
လီလော့က ချက်ချင်းပင် လက်သီးဆုပ်ကာ ခေါင်းကို အနည်းငယ်ငုံ့ကာ ရိုးသားမှုအပြည့်ရှိသော မျက်နှာကို ပြသလိုက်သည်။
"ဒေါ်လေးယု အခုလို အရိပ်ထဲကနေ လော့လန်အိမ်တော်ကို ဂရုစိုက်ခဲ့တာသေချာပေါက်သိပါတယ်.... အဲ့အတွက်လည်း အင်မတန်ကျေးဇူးတင်တယ်....ကျွန်တော် အန်တီယုကို သံသယမ၀င်ပါဘူး၊ ထောက်ပြချင်ရုံပါ.... ရွှေနဂါးဘဏ်တိုက်ရဲ့ အတွင်းပိုင်း လုပ်ငန်းတွေက ရှုပ်ထွေးပြီး မမြင်နိုင်တဲ့အန္တရာယ်တွေ ကျရောက်မှာကို စိုးရိမ်မိလို့ပါ....အိမ်တော်စုဝေးပွဲက ကျွန်တော်တို့အတွက် ထူးခြားတဲ့ အရေးကိစ္စမို့ ရွှေနဂါးဘဏ်တိုက်က ရှပြည်ထောင်စု မှာ အပြင်းထန်ဆုံး အမဲစက်ဖြစ်သွားမှာစိုးတယ်.... ရွှေနဂါးဘဏ်က အမြဲတမ်း ကြားနေဝါဒကျင့်သုံးမှန်းလည်း ကျွန်တော်သိတယ်.... ဒါပေမယ့် တခြားသူတွေက ဒေါ်လေးယု တွေးသလို တွေးပါ့မလား..... သူတို့သာ ကိုယ်ရေးကိုယ်တာနဲ့ အကျိုးစီးပွားကို မခွဲခြားနိုင်ရင် ဒေါ်လေးယုရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေလိမ့်မယ်"
"နင် ငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ၊ ဒေါ်လေးယု မဟုတ်ဘူး.... ဉက္ကဌယုလို့ခေါ်..!!!"
လီလော့ ဤအချက်ကြောင့် အံ့အားသင့်သွားပြီး သူမ ဒေါသထွက်နေကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်သောကြောင့် သူမ၏တောင်းဆိုမှုကို ရှက်ရွံ့စွာသာ လက်ခံနိုင်ခဲ့သည်။
"ဟုတ်ကဲ့ပါ...ဉက္ကဌယု..."
နောက်ထပ် အေးစက်သော နှာမှုတ်သံက အခန်းငယ်လေးတစ်ခုလုံးကို ပဲ့တင်ထပ်ကာ သူမက လီလော့ကို စူးစူးစိုက်စိုက်စိုက်ကြည့်နေခဲ့သည်။ ခဏအကြာတွင် သူမ၏အမူအရာက ပုံမှန်အတိုင်း ပြန်လည်ငြိမ်သက်သွားခဲ့သည်။
"ရွှေနဂါးဘဏ်တိုက်ရဲ့ အတွင်းရေးကိစ္စနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ မလိုဘူး...ဒီကိစ္စကို ငါကိုယ်တိုင် ကိုင်တွယ်လိုက်မယ်.... မင်းရဲ့ အခက်အခဲတွေကို ဘယ်လို ဖြေရှင်းရမလဲဆိုတာသာတွေးထား.... မဟုတ်ရင် လော့လန်အိမ်တော်ပျက်စီးသွားလိမ့်မယ်...ပြင်ဆင်ဖို့ အချိန် နှစ်လကျန်သေးတယ်မလား...."
လီလော့က သူမ၏ အပြုသဘောဆောင်သော ပြောင်းလဲမှုများကြောင့် ပြုံးလိုက်ပြီး....
"လော့လန်အိမ်တော်ကို ကျွန်တော့်မိဘတွေ သွေး၊ချွေးရင်းပြီးတည်ထောင်ထားတာမို့ ကာကွယ်ဖို့ အစွမ်းကုန်ကြိုးစားမှာပါ... အဲဒီလို မလုပ်နိုင်ရင်တောင် ကျွန်တော်နဲ့ချင်းအာတို့ ကျိန်းသေပေါက် လွတ်မြောက်နိုင်မှာပါ... မြို့စားအဆင့်ရောက်မှသာ ဒါတွေကို ဖြေရှင်းဖို့ ပြန်လာခဲ့ပါ့မယ်..."
"မြို့စားအဆင့်နဲ့အရာရာဖြေရှင်းနိုင်မယ်ထင်လား......"
လီလော့က ယုဟုန်ရှီ၏မေးခွန်းကို စိတ်ချလက်ချ ပြုံးပြကာ တုံ့ပြန်ခဲ့သည်။
"ကောင်းပြီ မြို့စားအဆင့်နဲ့ မလုံလောက်ရင် င ဘုရင်အဆင့်ရောက်အောင်ကြိုးစားမယ်...."
သူ၏ ချောမောသော မျက်နှာထက်တွင် နားမလည်နိုင်သော ယုံကြည်မှုများ ရှိနေပုံရသည်။ သူ၏ ခိုင်မာတည်ကြည်သော အပြုံးကြောင့် လုချင်းအာသည်ပင် တုန်လှုပ်သွာကာ နှုတ်ခမ်းကို အသာအယာ ကိုက်လိုက်မိသည်။
ယုဟုန်ရှီက လီလော့ကို မနာလိုအားကျသောအကြည့်များနှင့်ကြည့်နေမိသည်။
ဘုရင်အဆင့်... ဒါက သူမကိုတောင် မထိနိုင်တဲ့အရာပင်... ရွှေနဂါးဘဏ်တိုက်၏ ပင်မဘဏ်ခွဲသို့ ရောက်လာသည့်တိုင် ထိုကဲ့သို့သော အဆင့်အတန်းရှိသူတိုင်းကို ဉီးညွှတ်နေရဆဲပင်......
“မင်းလည်း အရွယ်ရောက်နေပြီပဲ... ဒါပေမယ့် မင်းရဲ့စကားတွေက မာနထောင်လွှားလွန်းမေတယ်...” လို့ နှုတ်ကသာ ဆုံးမစကားဆိုနေသော်လည်း စိတ်ထဲတွင်မူ....
ဒီကောင် သိပ်ကြီးကျယ်လွန်းတယ်....
မည်သို့ပင်ဆိုစေ လီလော့၏ အလားအလာနှင့်အရည်အချင်းကို သူမဘယ်တုန်းကမှ သံသယမ၀င်ခဲ့ပေ။ ဒါပေမယ့် ဘုရင်အဆင့် ကိုရောက်ဖို့ဆိုသည်ကတော့....
ဘုရင်အဆင့်ဆိုသည်မှာ သမိုင်း မှတ်တမ်းများ တစ်လျှောက်လုံး ပါရမီရှင်တိုင်းမဖြတ်ကျော်နိုင်သည့် ချောက်ကြီးတစ်ခု ဖြစ်သည်။ သို့သော် သူမရှေ့တွင် မထင်မှတ်ထားသော လူငယ်လေးက ဤမျှကြီးကျယ်ခမ်းနားသော စကားများကို ပြောနေပါသည်။
"ကောင်းပြီ၊ မင်း အခုပြန်လို့ရပြီ.... ကိုယ့်ကိစ္စကိုယ်ရှင်းနိုင်အောင်သာ အကောင်းဆုံးကြိုးစားပါ...."
ယုဟုန်ရှီက လီလော့ကို လက်ကို ဝှေ့ယမ်းပြလိုက်ပြီး အလုပ်ထဲတွင် အာရုံပြန်စိုက်လိုက်သည်။
နောက်ထပ် ပြောစရာစကားများရှိနေသေးသော်လည်း မြိုသိပ်ပြီး နှုတ်ဆက်ကာ လှည့်ပြန်လိုက်တော့သည်။
တံခါးဖွင့်ခါနီးတွင် ယုဟုန်ရှီ၏ အမိန့်ပေးသံ တစ်ဖန် ထွက်ပေါ်လာသည်။
"နေဉီး..."
လီလော့ လှည့်ကြည့်လိုက်တော့...ယုဟုန်ရှီကမျက်နှာထားတင်းတင်းဖြင့်....
" နောက်ဆို ဒေါ်လေးယုလို့ပဲခေါ်ပါ...."
ထိုစကားကြောင့် ရယ်ရမလား ငိုရမလားမသိ အနည်းငယ် ထိတ်လန့်သွားသည်။
"ဟုတ်ကဲ့..ဒေါ်လေးယု...."
ထို့နောက် တံခါးသေချာပြန်ပိတ်ပေးပြီး ပြန်လာခဲ့လိုက်သည်။
ပိတ်ထားတဲ့ တံခါးကို တချက်ကြည့်လိုက်ပြီး ယုဟုန်ရှီက ဒေါသတကြီးနဲ့ စားပွဲကိုရိုက်ချလိုက်ကာ.....
"ဒီကောင်လေးက ကိုယ့်အကန့်ကိုယ်မသိဘူးပဲ.....ငါက လော့လန်အိမ်တော်ကိုတက်မက်စရာလား....!!!"
လုချင်းအာက သူမ၏မိခင်နားသို့ အလျင်အမြန်ပြေးသွားပြီး သူမ၏ပခုံးများကအမြန်နှိပ်နယ်လိုက်ကာ.....
"မေမေ...ဒီကိစ္စမှာ လီလော့ကို အပြစ်တင်လို့ မရပါဘူး... သူ့ခင်မျာ ကြီးမားတဲ့ ဖိအားတွေရင်ဆိုင်နေတာလေ.... အကယ်၍ သူသာ မေမေ့ကို မယုံရင် ဒီလို ပြောင်ပြောင်တင်းတင်း ပြောမှာ မဟုတ်ဘူး....."
ယုဟုန်ရှီက သူမ၏ အဖိုးတန်သမီးလေးအား အကြည့်စူးစူးဖြင့်ကြည့်လိုက်ပြီး....
"ဒီကောင်က နင့်အမေကို စွပ်စွပ်စွဲစွဲပြောသွားတာနော်...ဒါတောင် သူ့ဘက်ပါနေတုန်းလား....."
" အဲ့လိုမဟုတ်ပါဘူး....သမီးက ပြေလည်ရာပြေလည်ကြောင်း ပြောပြတာပါ....."
"ဟမ့်.... ဒီကောင်က တခုခုတော့ တခုခုပဲ...လီတိုင်ရွှမ်နဲ့တန်တိုင်လန်တို့ ရဲ့သားက သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ဘယ်လောက်ကွာခြားသလဲဆိုတာကို စဉ်းစားကြည့်ရင် အံ့သြစရာပဲ!"
တစ်ချိန်တည်းမှာပင် လုချင်းအာ၏ မျက်နှာပေါ်တွင် ရွှင်မြူးနေသော အပြုံးတစ်ခု ပွင့်လန်းလာသည်။
"မေမေ၊ လီလော့ရဲ့စကားမှာ အမှန်တရားတစ်ခုရှိတယ်လို့ မထင်ဘူးလား? ရွှေနဂါးဘဏ်တိုက်ထဲမှာလဲ မယုံရတဲ့သူတွေရှိနေနိုင်တယ်......"
ယုဟုန်ရှီကမျက်လုံးများ မှိတ်ထားလိုက်ပြီး အခြားဘာမျှ မပြောခဲ့ပေ။
လုချင်းအာက နောက်ထပ် မေးမြန်းမနေတော့ဘဲ သူ့အမေ၏ ပခုံးများကိုသာနှိပ်နယ်ပေးနေလိုက်တော့သည်။