ဝိဉာဉ်စွမ်းအားသိပ်သည်းခြင်းဆေးလုံး....
Vol. 44 Ch. 610
နောက်ရက်အနည်းငယ်ကြာသည်အထိ လီလော့ ကောလိပ်သို့မပြန်ဘဲ လော့လန်အိမ်တော်တွင် လေ့ကျင့်ရန် ရွေးချယ်ခဲ့သည်။ သူ၏နောက်ထပ်ရည်ရွယ်ချက်မှာ ပဲ့တင်ထပ်သံနှစ်ခုကို သန့်စင်ရန်ဖြစ်ပြီး အိမ်တွင်နေထိုင်ခြင်းသည် အဆင်ပြေဆုံးရွေးချယ်မှုဖြစ်သည်။
လော့လန်အိမ်တော်တွင် ကောင်းကင်ရွှေဖြင့်တည်ဆောက်ထားသော ကျင့်ကြံရေးခန်းမတစ်ခုရှိသည်။၎င်းသည် ရှန်းလိသစ်ပင်စွမ်းအားထက် အနည်းငယ် အားနည်းသော်လည်း နှိုင်းယှဉ်လျှင် အလွန်ဖျော့တော့နေသည်တော့မဟုတ်ပေ။
လီလော့သည် တောက်ပပြီး ပြိုးပြိုးပြက်ပြက်ပြက်လင်းလက်နေသော ကောင်းကင်ရွှေအခန်း၏အလယ်တွင်ထိုင်နေသည်။ ဤအခိုက်အတန့်တွင် သူသည် အဆင့်ခုနှစ် ဝိညာဉ်ရည်ပုလင်းကို ဆွဲထုတ်ပြီး သန့်စင်မှုလုပ်ငန်းစဉ်ကို စတင်ရန် ပဲ့တင်ထပ်သံ စွမ်းအားကို အသုံးပြုကာ ၎င်းကို ဖိချလိုက်သည်။ မကြာခင်မှာပဲ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအင်တစ်ခုက သူ့ရဲ့ ပဲ့တင်ထပ်သ့နန်းတော်ထဲကို ဝင်ရောက်သွားပြီး ခြောက်သွေ့နေသော ပဲ့တင်ထပ်သံနန်းတော်များကိုနွေဦးမိုးများကဲ့သို့ ပြန်လည်လန်းဆန်းစိုပြေစေသည်။
ရေအလင်းပဲ့တင်ထပ်သံ နန်းတော်အတွင်းတွင် အရွယ်အစား အဆများစွာ ချဲ့ထွင်နေပုံရသည့် ရေကန်တစ်ခု ပေါ်လာသည်။ ထို့အပြင်၊ အလင်းရောင်ဖြာထွက်နေသော နေနှင့်တူသော အရာဝတ္တုငယ်တစ်ခုလည်း ရှိနေပြီး ဝိညာဉ်ရည်၏ အကျိုးသက်ရောက်မှုကြောင့် ဤအလင်းရောင်သည် ပိုမိုတောက်ပလာပြီး အနည်းငယ် ဖောက်ထွင်းမြင်နိုင်သည်အထိကြည်လင်လာသည်။
သစ်သားပဲ့တင်ထပ်သံအတွက်မူ... သစ်ပင်ငယ်တစ်ပင်၏ အရိပ်အယောင်သည် ဖုန်ထူထူထပ်သော မြေပြင်တွင် အမြစ်တွယ်နေသည်။ ဝိညာဉ်ရည်၏ သန့်စင်မှုသည် ထိုသစ်ပင်အတွက် ပိုမိုကောင်းမွန်သော အသက်ဓာတ်ကို ဖြစ်ပေါ်စေပုံရပြီး ၎င်း၏အကိုင်းအခက်များ ယိမ်းနွဲ့လာပြီး မရေမတွက်နိုင်သော အလင်းတန်းများကို ထုတ်လွှတ်လိုက်ကြသည်။
လီလော့သည် သူ၏ ပဲ့တင်ထပ်သံနန်းတော်များအတွင်းမှ လှုပ်ရှားမှုများကို တိတ်တဆိတ် စောင့်ကြည့်ခဲ့ပြီး ပြင်းထန်သော ခံစားချက်ကို ခံစားခဲ့ရသည်။ ပဲ့တင်ထပ်သံ သရုပ်သဏ္ဍာန်များသည် ဆရာသခင်အဆင့်သို့ တက်လှမ်းခဲ့စဉ်ကထက် ပိုမိုပြင်းထန်ပြီး ခိုင်မာအားကောင်းကာ အရည်အသွေးလဲပိုမိုကောင်းမွန်တိုးတက်လာသည်။
ဝိညာဉ်ရည်များကို သန့်စင်ပေးခြင်းကြောင့် ထွက်ပေါ်လာသော အလင်းမိုးသည် ပဲ့တင်ထပ်သံများပေါ်သို့ ဆက်လက်ကျဆင်းသွားကာ ၎င်းတို့အား တစ်ဆင့်ပြီးတစ်ဆင့် အားကောင်းစေသည်။
ဤသည်မှာ ဝိညာဉ်ရည်ကို သန့်စင်ခြင်း၏ အကျိုးသက်ရောက်မှုဖြစ်သည်။
လီလော့၏ အာရုံသည် ပဲ့တင်ထပ်သံနန်းတော်အထက်က ဧရိယာဆီသို့ ကူးပြောင်းသွားကာ သူ့စိတ်ထဲတွင် စတင်ရေတွက်နေတော့သည်။
သုညသို့ရောက်သောအခါ၊ သူ၏ပဲ့တင်ထပ်သံ နန်းတော်တစ်ခုစီအပေါ်သို့ခရမ်းရောင်အလင်းတန်းတစ်ခု ဆင်းသက်လာသည်။ ဤခရမ်းရောင်အလင်းတန်းထဲတွင် အသန့်စင်ဆုံး အထူးစွမ်းအင်များပါရှိသည်။ အနီးကပ်ကြည့်လိုက်တော့ နားမလည်နိုင်တဲ့ ဆွဲဆောင်မှုတစ်မျိုးကို ထုတ်လွှတ်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အရည်တစ်စက်ပါရှိပြီး နတ်ဘုရားသစ်ပင်တစ်ပင်ရဲ့ အသွင်အပြင်ကို အတွင်းထဲတွင်မြင်နေရသည်။
ထို့နောက် ခရမ်းရောင်အရည်များသည် ပဲ့တင်ထပ်သံနန်းတော်ထဲသို့ စိမ့်ဝင်သွားလေ၏။
ထိုအခါ ရေအလင်းပဲ့တင်ထပ်သံနန်းတော်ထဲရှိ ဝိညာဉ်ရေကန်အတွင်းတွင် ဝိညာဉ်ရည်များ စုပုံလာကာ လှိုင်းလုံးများ လွင့်ထွက်သွားပြီး လှိုင်းလုံးသံများ ထွက်ပေါ်လာသည်။သစ်သားပဲ့တင်ထပ်သံနန်းတော်အတွင်းမှ သစ်ပင်ငယ်လေးသည်လည်း ရုတ်တရက်ကြီးထွားလာပြီး အကိုင်းအခက်တွေနဲ့ အရွက်တွေ ပိုမိုများပြားလာသည်။ မြေဆီလွှာသည်လည်း ၎င်းပတ်ပတ်လည်တွင် စက်ဝိုင်းတစ်ခုအဖြစ် ချဲ့ထွင်လာသည်။
ပဲ့တင်ထပ်သံ သရုပ်သဏ္ဍာန်များ သိသိသာသာ ပြောင်းလဲသွားသည်ကို ခံစားရသဖြင့် လီလော့ ပျော်ရွှင်နေရှာသည်။
လျှို့ဝှက်ဆန်းကြယ်သော ခရမ်းရောင်အရည်သည် ရှန့်ပိန်းတွေ့ဆုံပွဲမှရရှိသော ခရမ်းရောင်ရှန်းလိသစ်ပင်ရင်ထိုးမှ ထုတ်ယူထားခြင်းဖြစ်သည်။
၎င်းသည် ခရမ်းရောင်မျက်လုံးအဆင့် အဖိုးတန်ရတနာတစ်ခုမျှသာမဟုတ်ပေ။
၎င်းတွင်ပဲ့တင်ထပ်သံများကို အဆင့်မြှင့်တင်ပေးနိူင်သည့် အာနိသင်များပါရှိသော ခရမ်းရောင်ဝိဉာဉ်ရည် ပမာဏ အနည်းငယ်ကို နေ့စဉ် ထုတ်လုပ်ပေးသည်။ အမှုန်အမွှားတစ်ခုစီသည် နူးညံ့သိမ်မွေ့သော်လည်း သန့်စင်သောအကျိုးသက်ရောက်မှုရှိပြီး ၎င်းသည် ပဲ့တင်ထပ်သံများကို အားကောင်းစေနိုင်သည်။ အရေးကြီးဆုံးမှာ ခရမ်းရောင်ဝိဉာဉ်ရည်၏ အာနိသင်များသည် ဝိညာဉ်ရည်များနှင့် သန့်စင်သောအလင်းများနှင့် မတူပေ။
ဤရက်အနည်းငယ်အတွင်း၊ လီလော့သည် သူ၏ ပဲ့တင်ထပ်သံနှစ်ခု၏ အဆင့်များကို မြှင့်တင်ရန်နှင့် ဤအရင်းအမြစ်နှစ်ခုကို ဆက်လက်အသုံးပြုခဲ့သည်။
ထို့ကြောင့် တစ်လအတွင်း ပဲ့တင်ထပ်သံနှစ်ခုစလုံး အဆင့်မြင့်လာနိုင်သည်။
လီလော့သည် သူ၏ ပဲ့တင်ထပ်သံများအတွင်းမှ ထွက်ပေါ်လာသော အသက်ဓာတ်ကို စေ့စေ့စပ်စပ်ခံစားနိုင်သည်။ ပဲ့တင်ထပ်သံများကို အဆင့်မြှင့်တင်ရင်း စိတ်တည်ငြိမ်အောင်ထိန်းကာ စွမ်းအားကျင့်ကြံမှုကိုလည်းအာရုံစိုက်နေခဲ့ပါသည်။
ဒါဟာ သူ့ကိုယ်သူ တိုးတက်အောင် ကြိုးစားသည့် တစ်လခွဲကြာ ဘဝနေထိုင်မှုပုံစံပင်.....
ဤအချိန်တွင်၊ ပဲ့တင်ထပ်သံ နှစ်ခုစလုံးသည် ပို၍ ပို၍ တက်ကြွလာပြီး မငြိမ်မသက်ဖြစ်လာကာ သူ့ကို ပို၍ပင် ရွှင်လန်းလာစေသည်။
သူစောင့်မျှော်နေသော နေ့ရက်သို့ ရောက်လာခါနီးပြီဟု အချက်ပြနေခြင်းပင်.....
……...........
နောက်တစ်နေ့ နံနက်စောစောတွင်......
လီလော့၊ ကျန်းချင်းအာနှင့် ချိုင်ဝေတို့ ထမင်းစားခန်းထဲတွင် နံနက်စာအတူစားနေကြသည်။
ချိုင်ဝေသည် ဆွဲဆောင်မှုရှိပြီး နူးညံ့သိမ်မွေ့သောအသွင်ကို ပိုင်ဆိုင်ထားဆဲဖြစ်သည်။ ပြုံးသည်ဖြစ်စေ မျက်မှောင်ကြုတ်သည်ဖြစ်စေ သူမ၏အမူအရာတိုင်းသည် ချစ်စရာကောင်းသော ဆွဲဆောင်မှုအပြည့်ရှိသည်။
အရင်စားနှင့်ပြီးသော ချိုင်ဝေက
အခြားနှစ်ယောက် မုန့်စားနေကြစဉ် ခ လော့လန်အိမ်တော်၏ များပြားလှသော စီးပွားရေးလုပ်ငန်းများနှင့် ဖြစ်ပျက်မှုများအကြောင်း တခုချင်းစီ အစီအရင်ခံနေသည်။
"အစ်မချိုင်ဝေ ရှိနေတာ အရမ်းကံကောင်းတာပဲ၊ အစ်မ အခုလို လော့လန်အိမ်တော်ကို ကောင်းကောင်း စီမံခန့်ခွဲနိုင်လို့သာချင်းအာ နဲ့ ကျွန်တော် စိတ်အေးလက်အေး ကျင့်ကြံနိုင်တာပါ...."
လီလော့က သူမရဲ့ ရှုပ်ထွေးတဲ့ အစီရင်ခံစာကို ကြားပြီးနောက် သက်ပြင်းချပြီး ချီးကျူးလိုက်သည်။
"သခင်လေးက အပြောချိုသားပဲ... တကယ်တော့ လော့လန်အိမ်တော် အခုလိုတိုးတက်လာတာ ငါ့ကြောင့်မဟုတ်ဘဲ...သခင်လေးကြောင့်ပါ...သခင်လေးသာ ရှီးယန်စံအိမ်အတွက် လျှို့ဝှက်ရေအရင်းအမြစ် မထောက်ပံ့ပေးခဲ့ရင် စီးပွားတောင့်တင်းလာမှာမဟုတ်ဘူး....."
ကျန်းချင်းအာကလည်း အကဲဖြတ်ချက်ကို သဘောတူပြီး ခေါင်းညိတ်လိုက်သည်။
"အစ်အးမ ချိုင်ဝေရဲ့စကားတွေက အမှန်တွေပဲ။ ....နင် ရှမြို့တော်ကိုရောက်ကတည်းက လော့လန်အိမ်တော်ရဲ့ဂုဏ်သတင်းက ပိုကောင်းလာတယ်...နင်သာ ပခငလိုအသုံးကျမှန်းကြိုသိခဲ့ရင် နန်ဖန်းကနေ မြန်မြနအပြန်ခေါ်ခဲ့မိမယ်ထင်တယ်....."
မိန်းကလေးနှစ်ယောက်ရဲ့ ချီးကျူးစကားကို နားထောင်ရင်း လီလော့ ဘဝမြင့်သလိုခံစားရပေမယ့် ဒါကို ထုတ်ပြဖို့ သတ္တိမရှိခဲ့ပေဖယ ယင်းအစား သူသည် စိတ်အေးအေးထားပြီး မေးခွန်းတစ်ခုမေးကာ တုံ့ပြန်ခဲ့သည်။
"အစ်မချိုင်ဝေ.....ကျွန်တော် တောင်းထားတဲ့ ဝိဉာဉ်စွမ်းအားသိပ်သည်းခြင်းဆေးလုံး ကိစ္စဘယ်လိုနေလဲ....."
သူရည်ညွှန်းနေသော ဝိဉာဉ်စွမ်းအားသိပ်သည်းခြင်းဆေးလုံးသည် အဆင့်တက်ရာတွင် လွယ်ကူချောမွေ့စေရန် အသုံးပြုသော ဆေးအမျိုးအစားဖြစ်သည်။ ၎င်းသည် လူတစ်ဦး၏ ပဲ့တင်ထပ်သ စွမ်းအားကို ခဏတာမျှ အကြိမ်ပေါင်းများစွာ ချဲ့ထွင်နိုင်သည်။ အကျိုးသက်ရောက်မှုကောင်းမွန်သည့်အတွက် အဆင့်တက်ရာတွင်သုံးဖို့အသင့်တော်ဆုံးဆေးဝါးအဖြစ်ကျော်ကြားသည်။
မြေနတ်ဆိုးခန္ဓာအဆင့်သို့တက်လှမ်းရာတွင် ထိုဆေးလုံးကိုသုံးဖို့ ရည်မှန်းထားသည်။
ချိုင်ဝေ ခေါင်းညိတ်ပြသော်လည်း သူမ၏ အပြုံးက အနည်းငယ် မှိန်သွားသည်။
"ရှမြို့တော်က ဆေးဆိုင်တွေအပြင် ရွှေနဂါးဘဏ်တိုက်မှာပါ သွားရှာခဲ့ပေမယ့် အဆင့်မြင့်တာမပြောနဲ့ အဆင့်နိမ့်ဆေးလုံးတောင် တစ်လုံးမှရှာမတွေ့ခဲ့ဘူး...."
ဒါကိုကြားတော့ လီလော့ မျက်မှောင်ကြုတ်လိုက်မိသည်။ဝိဉာဉ်စွမ်းအားသိပ်သည်းခြင်းဆေးလုံးသည် အလွန်တန်ဖိုးရှိပြီး တစ်လုံးလျှင် ကောင်းကင်ရွှေသိန်းပေါင်းများစွာတန်ကြေးရှိသည်။ သာမာန်အားဖြင့် ကုန်သည်အနည်းငယ်သာ ဤရတနာကို ကိုင်ဆောင်ထားသော်လည်း စျေးကွက်များထဲမှ လုံးဝရှင်းလင်းသွားသည်ကတော့ အဓိပ္ပါယ်မရှိနိုင်ပေ။
ကျန်းချင်းအာက .....
"ရှင်းပါတယ်၊ တစ်စုံတစ်ယောက်က ဒီဆေးတွေကို အပြတ်အသတ်ဝယ်ယူနေတာပဲဖြစ်ရမယ်..."
လီလော့ သူမ၏ အကဲဖြတ်ချက်ကို ကြားသောအခါ ခေါင်းညိတ်လိုက်ပြီး....
"ဒါဆို တစ်စုံတစ်ယောက်က ငါအဆင့်တက်တော့မှာသိနေလို့ တန်ဖိုးကြီးကြီးရင်းနှီးလိုက်တာလား...."
ကျန်းချင်းအာက လီလော့ကို မျက်စောင်းထိုးလိုက်ပြီး....
"တကယ်တော့ သူတို့က နင့်ကို ပစ်မှတ်ထားနေတာ မဟုတ်ဘူး..."
လီလော့ သူမ၏အဖြေကြောင့် အနည်းငယ် ထိတ်လန့်သွားသည်။
" တကယ်တော့ အိမ်တော်စုဝေးပွဲ မတိုင်ခင် ငါလည်းအဆင့်တက်သွားနိုင်တာကြောင့်အခုလို တားဆီးနေကြတာ.... ဝိဉာဉ်စွမ်းအားသိပ်သည်းခြင်းဆေးလုံးတွေကို ပစ္စည်းပြတ်အောင်ဝယ်ထားလိုက်ရင် သူတို့က ငါတို့ရဲ့ ခွန်အားကို နည်းနည်းလောက်တော့ ဟန့်တားနိုင်မယ်ထင်နေကြတာ.... ” ဟု ကျန်းချင်းအာ က ရှင်းပြသည်။
ထိုစဉ် လီလော့၏ မကျေမနပ် ငြီးတွားသံထွက်ပေါ်လာသည်။
... "ဒါဆို ငါ့ကိုယ်ငါ အထင်စွတ်ကြီးနေမိတာပေါ့...."
သို့သော်လည်း ကျန်းချင်းအာ၏ ခွဲခြမ်းစိတ်ဖြာမှု မည်သည့်နေရာမှ ထွက်လာသည်ကို သူနားလည်ခဲ့သည်။ လော့လန်အိမ်တော်၏အခြေအနေကို စောင့်ကြည့်လေ့လာသော မည်သည့်ပြင်ပအဖွဲ့အစည်းမဆို ကျန်းချင်းအာအား ကိုင်တွယ်ဖြေရှင်းရမည့် အဓိကပြဿနာတစ်ခုအဖြစ် သတ်မှတ်မည်ဖြစ်သည်။ သူမသည် လက်ရှိတွင် နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်တွင်ရှိနေသော်လည်း နောက်ဆက်တွဲပြဿနာများမဖြစ်ပွားစေရန် ကြိုတင်ရှင်းလင်းထားသင့်သည်ဟု ယူဆထားကြလိမ့်မည်။
ဆရာသခင်အဆင့်ရှိ သနားစရာကောင်းသော လီလော့ကိုတော့ မည်သူမျှ ထည့်သွင်းစဉ်းစားခြင်းမပြုခဲ့ပေ။
တစ်ဖက်တွင် ချိုင်ဝေက မရယ်မိအောင် ချုပ်ထိန်းနေရရှာသည်။
ကျန်းချင်းအာ၏ နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး...
"တရားမျှတအောင်ပြောရမယ်ဆိုရင် နင် ဒီနှစ်လအတွင်းမှာ စစ်သူကြီးအဆင့်ကို ဖြတ်ကျော်နိုင်မယ်လို့ ငါလည်း မထင်ဘူး....ဒါပေမယ့် နင့်ရဲ့တိုးတက်မှုက အဆင့်ကိုးပဲ့တင်ထပ်သံပိုင်ဆိုင်ထားတဲ့ ငါနဲ့တောင်ယှဉ်နိုင်တယ်..... "
"ဟူးးးဝယ်မရဘူးဆိုလဲ ထားလိုက်ပါတော့... ဒီဆေးလုံးက ဖြည့်စွက်အကူအညီတစ်ခုပဲမို့ ဒီလိုရတနာတွေကို တကယ်အားကိုးရမယ်ဆိုရင်၊ အသန်မာဆုံး ကြယ်တစ်ပွင့်ကျောင်းသား ဘယ်ပီသပါတော့မလဲ...."
ဝိဉာဉ်စွမ်းအားသိပ်သည်းခြင်းဆေးလုံးကိုအသုံးပြုခြင်းသည် သူ၏အောင်မြင်မှုကို သေချာပေါက်အာမခံနိုင်သည်။ သို့သော် သူသည် ပဲ့တင်ထပ်သံနှစ်ခုပိုင်ဆိုင်ထားပြီးဖြစ်သဖြင့် ဆေးလုံး၏အကူအညီဖြင့် သာမာန်ဆရာသခင်အဆင့် ထက်သာလွန်သော ပဲ့တင်ထပ်သံစွမ်းအားကိုရရှိစေနိုင်သည်။
ထိုအချိန်တွင်၊ သက်တော်စောင့်တစ်ဦးသည် သတင်းပို့ရန် ရောက်လာခဲ့သည်။
"သခင်လေး...သခင်မလေး.. ရွှေနဂါးဘဏ်ရဲ့ သခင်မလေးလုချင်းအာက လက်ဆောင်ပေးဖို့ ရုံးချုပ်ကို ရောက်လာတယ်..."
သက်တော်စောင့်က ကျောက်စိမ်းသေတ္တာတစ်ခုကို စားပွဲပေါ်တင်ထားရင်း ရိုသေစွာ ဦးညွှတ်လိုက်သည်။
"လုချင်းအာ ကိုယ်တိုင်ကိုယ်ကျ လာပို့တာလား.... "
လီလော့ အနည်းငယ် ထိတ်လန့်သွားပြီး သိချင်စိတ်ပြင်းပြမှုကြောင့် သေတ္တာကို ချက်ချင်းဖွင့်ကြည့်လိုက်သည်။
သေတ္တာထဲတွင် ဆေးလုံးတစ်လုံးကို ရှိနေပြီး ဆေးလုံးပေါ်မှ ချီဓာတ်များ တဖြည်းဖြည်း အထက်သို့ တက်လာကာ လေထဲတွင် ဆန်းကြယ်သော ပုံစံတစ်မျိုးမျိုး ဖြစ်ပေါ်လာပုံရသည်။
၎င်းသည် အဆင့်မြင့် ဝိဉာဉ်စွမ်းအားသိပ်သည်းခြင်းဆေးလုံး ဖြစ်သည်။
"ဟီးဟီး... သခင်လေးရဲ့သူငယ်ချင်းက သခင်လေးကိုတော်တော်ချစ်တာပဲနော်....လိုအပ်နေတဲ့ အချိန်မှာ ဒီလိုအရေးကြီးတဲ့ လက်ဆောင်တစ်ခုတောင် ပေးလိုက်သေးတယ်..."
ချိုင်ဝေက ရယ်လိုက်သည်။
လီလော့က... "သူ အခု ဘယ်မှာလဲ?"
" ဒီသေတ္တာပေးပြီးတာနဲ့ ထွက်သွားပါတယ်....."
"သူမကို နောက်တစ်ကြိမ်တွေ့တဲ့အခါ ကောင်းကင်ရွှေပြန်ပေးလိုက်ပါ.... " ဟု ကျန်းချင်းအာက တည်ငြိမ်စွာ အကြံပြုခဲ့သည်။
ကျန်းချင်းအာ၏စီရင်ချက်ကို သဘောတူသည့်အနေဖြင့် လီလော့က ခေါင်းညိတ်လိုက်သည်။
ထိုအချိန်တွင် သက်တော်စောင့်က.....
"သခင်မလေးလုချင်းအာက သေချာမှာခဲ့သေးတယ်.... ဒါက သခင်မလေးကျန်းချင်းအာ အတွက် ရည်ရွယ်တာလို့ အတိအကျ ပြောခဲ့တယ်... သခင်လေးရဲ့အရည်အချင်းနဲ့အလားအလာကို ယုံကြည်တာမို့ဒါမျိုးတွေပေးစရာမလိုဘူးလို့လဲပြောသွားပါသေးတယ်...."
ဘာတွေဖြစ်ကုန်တာလဲ...ဒီဆေးလုံးက ငါ့အတွက်မဟုတ်ဘဲ ချင်းအာအတွက်တဲ့လား....သူတ်ို့နှစ်ယောက်ကဘယ်တုန်းကအဆင်ပြေသွားကြတာလဲ..
ထိုအချိန်တွင် ချိုင်ဝေက ဖျော်ဖြေပွဲ ပြီးဆုံးသွားချိန်တွင် တုန်လှုပ်သွားသော အမူအရာဖြင့်...
"လုချင်းအာက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ မိန်းကလေးပဲ...."
ကျန်းချင်းအာက... "မလိုအပ်ပေမယ့် မျက်နှာပေးတဲ့အနေနဲ့ဒီလက်ဆောင်ကို လက်ခံလိုက်ပါ့မယ်.. သူမနဲ့ နောက်တစ်ကြိမ်တွေ့တဲ့အခါ ကောင်းကင်ရွှေတွေ ပြန်ပေးလိုက်မယ်....."
လီလော့ ခေါင်းညိတ် သဘောတူလိုက်သည်။
ဒီအချိန်မှာ သူမ မတ်တပ်ထရပ်လိုက်ပြီး...
"ဒီလကုန်ရင် အမာခံခုနှစ်ယောက် ရာထူးအတွက် ငါဝင်ပြိုင်မယ်"
လီလော့က တုန်လှုပ်ချောက်ချားသော ခံစားချက်ဖြင့် အတွင်းခန်းဆီသို့ လျှောက်သွားနေသော ကျန်းချင်းအာကို တစ်ချက်ကြည့်လိုက်သည်။
သူမသည် ကြယ်သုံးပွင့် ကျောင်းသူအဆင့်ဖြင့် အမာခံခုနှစ်ယောက်အတွက် ယှဉ်ပြိုင်ရန် စီစဉ်နေသည်။ သူမ၏အောင်မြင်မှုသည် ကောလိပ်တွင် စံချိန်သစ်တင်နိုင်မည်ဖြစ်သည်။
သူမ၏ တည်ရှိမှုသည် ယခုအချိန်တွင် ပို၍ပင် တောက်ပလာပြီး ထင်ရှားလာပုံရသည်။
လီလော့ အသက်ပြင်းပြင်းရှူပြီး စိတ်ငြိမ်အောင်ထိန်းထားလိုက်သည်။ ကျန်းချင်းအာ က အတတ်နိုင်ဆုံး စွမ်းဆောင်နေတာမို့ သူလည်း ဒီအတိုင်းထိုင်နေလို့မဖြစ်တော့ပေ။ အကယ်၍ စီစဉ်ထားသည့်အတိုင်းသာဆို လာမည့်ရက်အနည်းငယ်အတွင်း ပဲ့တင်ထပ်သံနှစ်ခုလုံးအဆင့်တက်တော့မည်ဖြစ်သည်။