ပဲ့တင်ထပ်သံနှစ်ခု၏တိုးတက်မှု......
Vol. 44 Ch. 611
ရှန့်ပိန်းတွေ့ဆုံပွဲ ပြီးဆုံးပြီးနောက် ရက်ပေါင်း နှစ်ဆယ်အကြာတွင်.....
အဆင့်ခုနှစ် ဝိညာဉ်ရည်များနှင့် သန့်စင်သောအလင်းများ၏အကူအညီအပြင် ခရမ်းရောင်ရှန်းလိသစ်ပင်ရင်ထိုးတို့ကြောင့် လီလော့သည် နောက်ဆုံးတွင် ပဲ့တင်ထပ်သံနှစ်ခုကို မြှင့်တင်ရန် တွန်းအားပေးရန် အသင့်ဖြစ်နေပြီဖြစ်သည်။
ကောင်းကင်ရွှေခန်းမထဲတွင်....
လီလော့သည် မျက်လုံးများကို တင်းတင်းမှိတ်ထားကာ တင်ပျဉ်ခွေထိုင်နေသည်။ သူ့ခန္ဓာကိုယ်မှ ပဲ့တင်ထပ်သံ ရောင်စုံ လှိုင်းတံပိုးများ ထွက်လာပြီး ပဲ့တင်ထပ်သံများ၏ မတူညီသော အရည်အချင်းများကို ထင်ဟပ်စေသည်။
ရေ၊အလင်း၊သစ်သား၊မြေ....
ဤပဲ့တင်ထပ်သံစွမ်းအားများအားလုံးတွင် ရေနှင့် သစ်သားပဲ့တင်ထပ်သံစွမ်းအားများက ပိုမိုအားကောင်းပြီး သန့်ရှင်းစင်ကြယ်ကြောင်း ထင်ရှားနေသည်။
လီလော့ထံမှ ပဲ့တင်ထပ်သံ စွမ်းအားများ ဆက်လက်ဖြာထွက်နေသဖြင့် ၎င်းတို့တစ်ခုချင်းစီတွင် အထင်ကရ ဂုဏ်သတ္တိများရှိသည်။ ရေစွမ်းအားက ညှင်သာစွာစီးဆင်းနေပြီး၊အလင်းစွမ်းအာက တောက်ပစွာလင်းလက်နေသည်။သစ်သားဓာတ်က လန်ဆန်းမှုနှင့် မြေဓာတ်က ခိုင်မာမှုကိုပေးစွမ်းနေသည်။
ဤသည်မှာ ပဲ့တင်ထပ်သံ တိုးတက်မှု၏ လက္ခဏာဖြစ်သည်။
ပဲ့တင်ထပ်သံ တိုးတက်မှုဖြစ်စဉ်သည် အနည်းငယ်မျှပင် အန္တရာယ်မရှိပေ။ အမှန်တော့၊ ဒီအဆင့်ကို ရောက်အောင် လုပ်နိုင်တာကတော့ ကြီးမားတဲ့ အားထုတ်မှုနဲ့ အရင်းအမြစ်တွေ စုဆောင်းမှုရဲ့ ရလဒ်တစ်ခုဟုဆိုနိုင်သည်။
ထို့ကြောင့်၊ လီလော့၏ခန္ဓာကိုယ်အနှံ့တွင် ပဲ့တင်ထပ်သံ စွမ်းအားများ တဖြည်းဖြည်း မှေးမှိန်လာပြီး နောက်ဆုံး စွမ်းအင် အနည်းငယ် ပျောက်ကွယ်သွားချိန်အထိ တစ်နာရီကြာအောင် ငြိမ်သက်စွာထိုင်နေခဲ့သည်။
လီလော့သည် ပဲ့တင်ထပ်သံနန်းတော်များကို ကြည့်ရှုရန် အတွင်းဘက်သို့ အာရုံစိုက်နေပြီး သူ၏ စစ်ဆေးမှုအောက်တွင်၊ သူ၏ ပဲ့တင်ထပ်သံနန်းတော်အတွင်းမှ ပဲ့တင်ထပ်သံ စွမ်းအားများ သိသိသာသာ အားကောင်းလာခဲ့သည်။ ရေကန် အရွယ်အစားကလည်း နှစ်ဆတိုးလာပြီး ရေကန်မှ ရောင်ပြန်ဟပ်လာသော နေရောင်ခြည်သည် ယခင်ကထက် ပိုမိုတောက်ပနေသည်။ အလင်းဓာတ်က ယခင်ကထက် ပို၍ ရေဓာတ်ကိုသန့်စင်သွားစေခဲ့ပုံရသည်။
အခြားသော ပဲ့တင်ထပ်သံ နန်းတော်တွင်....
မြေဓာတ်ကို အမြစ်တွယ်နေသော ပင်စည်များနှင့် အကိုင်းအခက်များ စိမ်းစိမ်းစိုစို စွမ်းအင်များဖြင့် လှုပ်ရှားနေချိန်တွင် သစ်ပင်အောက်ခြေရှိမြေသားကလည်း ပို၍မြေဆီမြေသားကောင်းမွန်လာပုံရသည်။ သစ်ပင်ပေါ်ရှိ အရွက်တိုင်းတွင် စိမ်းလန်းစိုပြေသော စွမ်းအင်များ စီးဆင်းနေသည်။
“အဆင့်ခုနှစ် အဆင့်မြင့် ရေအလင်းပဲ့တင်ထပ်သံ..... အဆင့်ခုနှစ် အဆင့်နိမ့် မြေသစ်သားပဲ့တင်ထပ်သံ...... "
ပဲ့တင်ထပ်သံ နန်းတော်နှစ်ခုအတွင်း တိုးတက်မှုများကို စစ်တမ်းကောက်ယူနေစဉ်တွင် သူ၏နှလုံးသားသည် ဖြူစင်သော ပျော်ရွှင်မှုများဖြင့် ပြည့်လျှံနေခဲ့သည်။ စမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခများကို တစ်နှစ်ကြာအောင်တောင့်ခံခဲ့ပြီးနောက် သူ၏ အားနည်းသော အဆင့်လေး ပဲ့တင်ထပ်သံများသည် နောက်ဆုံးတွင် ယှဉ်နိုင်လောက်အောင် အားကောင်းလာခဲ့ချေပြီ.....
အဆင့်ခုနှစ် ပဲ့တင်ထပ်သံများကို အဆင့်မြင့် နယ်ပယ်အတွင်းတွင် ရှိသည်ဟု ယူဆကြပြီး ဤပအဆင့်မှ ထွက်လာသော စွမ်းအားက သာ၍ ပြင်းထန်နေပေလိမ့်မည်။ ဤသည်မှာ ခွန်အား သို့မဟုတ် သန့်စင်မှုအရ ဖြစ်စေ အဆင့်ခြောက်ပဲ့တင်ထပ်သံထက် အပြတ်အသတ်သာလွန်နေမည်သာ.....
လီလော့သည် သူ့ခန္ဓာကိုယ်အတွင်း ပဲ့တင်ထပ်သံ စွမ်းအားများ တိုးလာသည်ကို ခံစားနေရသည်။ ပဲ့တင်ထပ်သံနှစ်ခု တိုးတက်မှုက သူ့အား ပိုမိုအားကောင်းစေသည်။
"ဒီနှုန်းနဲ့ဆို သလင်းကျောက်အမြူတေ
မပါဘဲ သုံးလအတွင်း မြေနတ်ဆိုးခန္ဓာအဆင့်ကို တက်လှမ်းဖို့ အောင်မြင်မှုနှုန်းက 80% လောက်ရှိလိမ့်မယ်...."
လီလော့ ယခင်က ခန့်မှန်းထားသည့်အတိုင်း အံ့သြသွားခဲ့သည်။ ပဲ့တင်ထပ်သံ တိုးတက်လာပြီးနောက် အချိန်တစ်ဝက်ကျော် သက်သာသွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူ၏တိုးတက်မှုသည် သူမျှော်မှန်းထားသည်ထက် ပိုမိုမြန်ဆန်သောကြောင့်ဖြစ်သည်။
အချိန် သုံးလ မစောင့်နိုင်သည်ကိုတော့ ကံဆိုးသည်ဟုဆိုရပေမည်။
အမြူတေသလင်းကျောက်ကို သုံးရမည်ဆိုသောကြောင့် အနည်းငယ် နာကျင်ခံစားရသော်လည်း၊ အိမ်တော်စုဝေးပွဲတွင် ရှင်သန်နိုင်ပြီး လော့လန်အိမ်တော်ကို ထိန်းသိမ်းထားနိုင်မည်ဆိုပါက သုံးရကျိုးနပ်သည်ဟုဆိုနိုင်သည်။
ကျင့်ကြံမှုကို အဆုံးသတ်လိုက်သောအခါတွင် ထိုအတွေးများကို သူ့စိတ်ထဲမှာသာ သိုဝှက်ထားခဲ့သည်။
ကောင်းကင်ရွှေအခန်းမှ ထွက်လာချိန်တွင် အပေါက်ဝတွင် စောင့်နေသော အစေခံတစ်ဉီးကိုတွေ့လိုက်ရသည်။
"သခင်လေး၊ သခင်မလေးက သခင်လေး လေ့ကျင့်ပြီးတဲ့အထိ ဒီမှာစောင့်နေဖို့ ညွှန်ကြားထားတယ်...ကျွန်တော်နဲ့အတူ ပင်မခန်းမကို လ်ိုက်ခဲ့ပါ...."
လီလော့က ခေါင်းညိတ်လိုက်ပြီး သွားလိုရာခရီးကို လမ်းကြောင်းပြောင်းလိုက်သည်။
ပင်မခန်းမကိုရောက်သောအခါ၊ ထိပ်ဆုံးတွင်ထိုင်နေသော ကျန်းချင်းအာကိုတွေ့လိုက်ရသည်။ ချိုင်ဝေနှင့်ဘိုးဘေးယွမ်ချင်းတို့က သူမကို ဘယ်ညာခြံရံထားသည်။
ယွမ်ချင်းက လီလော့ကိုမြင်သည်နှင့် ယဉ်ကျေးစွာ နှုတ်ဆက်ခဲ့သည်။
ကျန်းချင်းအာ၏ အကြည့်များသည် လီလော့ပေါ်တွင် လွှမ်းခြုံထားပြီး သူမ၏ မျက်လုံးထဲတွင် မမြင်နိုင်လောက်သော အံ့သြမှုအရိပ်အမြွက်များဖြင့် အနည်းငယ် တောက်ပလာသည်။ လီလော့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ပဲ့တင်ထပ်သံစွမ်းအားသည် လွန်ခဲ့သော တစ်ရက်ကထက် ပိုမို၍ ပြင်းထန်လာကြောင်း သူမ ရိပ်မိခဲ့သည်။
"လွန်ခဲ့တဲ့ နှစ်ပတ်အတွင်း အစ်မချိုင်ဝေ ရှာပေးခဲ့တဲ့ ဝိဉာဉ်ရည်တွေအတွက် ကုန်ရကျိုးနပ်သားပဲ....."
ကျန်းချင်းအာက စိတ်ထဲကနေ မှတ်ချက်ပြုလိုက်သည်။
ကျန်းချင်းအာ၏ ပြတ်သားသော စူးစမ်းမှုကြောင့် ချိုင်ဝေကလည်း "သခင်လေးက ပဲ့တင်ထပ်သံနှစ်ခုကို အဆင့်မြှင့်တင်နိူင်ပြီလား" ဟု မေးလိုက်သည်။
"နည်းနည်းပါဗျာ....."
လီလော့က ဒါကို ဖုံးကွယ်ဖို့ မကြိုးစားဘဲ ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
"လူတစ်ယောက်ရဲ့ ပဲ့တင်ထပ်သံကို အဆင့်မြှင့်ဖို့က ပဲ့တင်ထပ်သံစွမ်းအားကို မြှင့်တင်ဖို့ထက် ပိုခက်တယ်...သခင်လေးမှာက ပဲ့တင်ထပ်သံနှစ်ခုရှိတာမို့ ဒီလောက် တိုးတက်တယ်ဆိုတာ အံ့သြစရာပဲ...."
ဘိုးဘေး ယွမ်ချင်းက ထိုသို့ချီးကျုးပြီး သက်ပြင်းချလိုက်သည်။
လီလော့က ပြုံးရုံသာပြုံးရင်း .....
"ဦးလေးယွမ်ရောက်နေတယ်ဆိုတော့ ဘာအရေးကြီးတဲ့ကိစ္စများရှိလို့လဲ...."
ယွမ်ချင်း၏အမူအရာ တမဟုတ်ချင်း တင်းမာသွားသည်။
" လော့လန်အိမ်တော်ရဲ့ ဘိုးဘေး ငါးယောက်စလုံး ရှမြို့တော်ကို ကြိုရောက်ရှိနေကြောင်း သတင်းရထားတယ်...."
လီလော့ အံ့သြနေသည်။ လော့လန်အိမ်တော် တွင် ဘိုးဘေး ကိုးယောက်ရှိပြီး အိမ်၏စီးပွားရေးအားလုံးကို ကြီးကြပ်နေရသည်။ လော့လန်အိမ်တော်၏ ဂုဏ်သတင်း အများစုမှာ ဘိုးဘေးကိုးယောက်ကြောင့်ဟု ယူဆနိုင်သော်လည်း အဖွဲ့အစည်းအတွင်း ဖြစ်ပွားခဲ့သည့် မငြိမ်မသက်မှုများကြောင့် ဘိုးဘေးများ၏ သစ္စာစောင့်သိမှုကို မေးခွန်းထုတ်စရာဖြစ်လာခဲ့ပြီ.....
ကိုးဦးအနက် သုံးဦးသည် ဖေဟောင်ကို သစ္စာခံကြောင်း ကတိပြုခဲ့ကြပြီး လေးဦးမှာ ကျန်းချင်းအာထံ သစ္စာခံကာ ကျန်နှစ်ဦးမှာ ကြားနေဝါဒများဖြစ်သည်။
"ဘယ်ငါးယောက်လဲ"
ယွမ်ချင်းက နာမည်ငါးခုကို ဆက်တိုက်ဖော်ပြခဲ့သည်။
ထိုငါးယောက်တွင် သုံးဦးသည် ဖေဟောင် ၏လက်ပါးစေများဖြစ်ပြီး ကျန်နှစ်ဦးမှာ ကြားနေသမားနှစ်ယောက်ဖြစ်သည်။ ကျန်းချင်းအာနှင့် လီလော့ဘက်မှ ကျန်သော ဘိုးဘေး လေးယောက်အနက် သုံးယောက် မရောက်သေးသော်လည်း နောက်ဆုံး ဘိုးဘေး လဲ့ကျန်းက ဌာနချုပ်ကို ကာကွယ်နေပါသည်။
"ဒါဆို ဘိုးဘေး ငါးယောက်က ရှမြို့တော်ကိုရောက်နေကြပြီပေါ့..... ဖေဟောင်ကို ပံ့ပိုးပေးတဲ့ သုံးယောက်ကို ခန့်မှန်းလို့ရပေမယ့် ဘိုးဘေး လုချင်းနဲ့ လုကွမ်း အခုလိုစောစောစီးစီးလာရတဲ့ အကြောင်းအရင်းက ဘာဖြစ်မလဲ...."
"လုချင်းနဲ့ လုကွမ်းနှစ်ယောက်စလုံးက အရိုအသေပေးဖို့ ရုံးချုပ်ကို စောစောစီးစီးလာခဲ့ကြပေမယ့် တည်းခိုဖို့ ငြင်းဆိုခဲ့ပါတယ်။ သူတို့ကိုယ်တိုင် အပြင်မှာ တည်းခိုဖို့ ရွေးချယ်ခဲ့တာပါ” ဟု ယွမ်ချင်းက ပြန်လည်ဖြေကြားခဲ့သည်။
“တကယ်က စည်းကမ်းလိုက်နာတဲ့ ကြားနေသမားတွေပဲ ...”
ချိုင်ဝေက အငေါ်တူးလိုက်သည်။ လီလော့ နှင့်ကျန်းချင်းအာတို့ကို ထက်သန်စွာ ထောက်ခံသူအနေဖြင့် သူမသည် ဖေဟောင်၏လက်ပါးစေများကို ရွံရှာရုံသာမက ခြံစည်းရိုးခွထိုင်သူများကိုလည်း အမြင်မကြည်ပေ။
၎င်းတို့၏ ကြားနေမှုသည် နှစ်ဖက်စလုံးအထိနာမည့်အချိန်ကို စောင့်ကြည့်ရန် အကြောင်းပြချက်တစ်ခုမျှသာ ဖြစ်သည်။
"ဖေဟောင်က လုချင်းနဲ့ လုကွမ်းကို နောက်ငါးရက်ကြာရင် နွေဉီးရေကန်စားသောက်ဆိုင်မှာ တွေ့ဖို့ ဖိတ်ကြားထားတယ်လို့လည်း သတင်းရထားပါတယ်။ ဒါက အိမ်တွေ့ဆုံပွဲမှာ သူတို့ရဲ့ အထောက်အပံ့ကို တောင်းခံဖို့ ကြံစည်မှုတစ်ခု ဖြစ်နိုင်တယ်” ဟု ယွမ်ချင်း က ဆက်လက်ပြောကြားခဲ့သည်။
လီလော့က အေးစက်စွာ ပြုံးလိုက်ပြီး... "ဒီပိုးကောင်လေးက ရှမြို့တော်မှာ ပုန်းနေတာကြာပြီ။ နောက်ဆုံးတော့ သတ္တိကောင်းပြီး မျက်နှာထွက်ပြပြီပေါ့ ပြီးတော့ နွေဉီးရေကန်စံအိမ်ကိုတောင် ပြောင်ပြောင်တင်းတင်း ဖိတ်ကြားလိုက်သေးတယ်....."
နွေဉီးရေကန်စံအိမ်သည် လော့လန်အိမ်တော် ၏ အပြင်ဘက်တွင် ရှိနေသောကြောင့် ဖေဟောင်၏ လှုပ်ရှားမှုသည် ရှင်းရှင်းလင်းလင်း ဒေါသလာဆွနေသလိုပင် ...
ယွမ်ချင်း၏ အသံကပိုမို နက်ရှိုင်းလာပြီး
"... ငါတို့လည်း ဖိတ်စာ ရထားတယ်....ဖေဟောင်က သခင်လေးနဲ့ သခင်မလေးကို စကားစမြည်ပြောဖို့ ဖိတ်ခေါ်လိုက်တယ်...."
"ဒီခွေးက သတ္တိကောင်းသားပဲ"
ချိုင်ဝေက ရယ်မောလိုက်သည်။
လီလော့က ကျန်းချင်းအာ ကို တစ်ချက်ကြည့်ကာ ...."ညီမချင်းအာရောဘယ်လိုထင်လဲ၊ ဒီခွေးမျက်ကန်းက အမြဲသတိထားတတ်တဲ့သူမို့ သူဒီလိုအပြုအမူရဲလောက်အောင် တစ်ယောက်ယောက်က ထောက်ခံပေးနေတယ်ထင်တယ်...."
"ဘိုးဘေး မိုချန်းက သူ့ကို ကာကွယ်ဖို့ ဟိုမှာရှိမယ်လို့ ဆိုလိုချင်တာလား"
ကျန်းချင်းအာက တုန်လှုပ်ခြင်းမရှိပဲ သူမ၏အသံက ကြည်လင်သော်လည်း အေးစက်နေသည်။
"ရှမြို့တော်က လော့လန်အိမ်တော် အခြေစိုက်တဲ့နေရာဖြစ်တဲ့အတွက် ငါတို့ဖိတ်ကြားချက်ကို လက်မခံဝံ့ရင် လော့လန်အိမ်တော်တခုလုံး လူရယ်စရာဖြစ်ကုန်လိမ့်မယ်.."
သူမရဲ့ အကြည့်တွေက အေးစက်ခက်ထန်နေသည်။
"ဒါဆို နောက်ငါးရက်နေရင် ကျွန်တော်တို့လည်း နွေဉီးရေကန်စားသောက်ဆိုင်ကိုသွားမယ်... "
“အခွင့်အရေးရတာနဲ့ ဘိုးဘေးမိုချန်းကို ဘိုးဘေးယွမ်ချင်းသာ ထိန်းထားနိုင်ရင်...အဲ့ကောင်ဖေဟောင်ကို တခါတည်းခေါင်းဖြတ်ခဲ့မယ်..... ဒါဆို အိမ်တော်စုဝေးပွဲမှာ ပြဿနာအများကြီး ရှင်းသွားလိမ့်မယ်....."
ယွမ်ချင်းက စိတ်လှုပ်ရှားမှုကြောင့် လက်သီးကိုတင်းနေအောင်ဆုပ်ထားပြီး....
"ဟုတ်ကဲ့...အမိန့်တိုင်းပါ....!"
လီလော့၏ မျက်ခွံများ လှုပ်ယမ်းသွားသည်။ သူ၏ ပထမဆုံး အတွေးမှာ ဤအစီအစဥ်သည် အနည်းငယ် ရိုင်းစိုင်းလွန်းသည်။ သို့သော် ဖေဟောင်ကို ဖယ်ရှားလိုက်လျှင် အိမ်တော်စုဝေးပွဲ ချောမွေ့စွာ ဆက်လက် လည်ပတ်နေမည်မှာ အမှန်ပင်။
ငါးရက်?
လီလော့ ခန့်မှန်းချက်အချို့ကို တွေးတောကြည့်လိုက်တော့ ထိုအချိန်မတိုင်မီက မြေနတ်ဆိုးခန္ဓာအဆင့်သို့တက်လှမ်းရန်ကြိုးစားနိုင်သေးသည်။