← Chapters

မြေနတ်ဆိုးစွမ်းအင်....

Vol. 44 Ch. 613

မြေနတ်ဆိုးစွမ်းအင်....

Vol. 44 Ch. 613

လီလော့၏ စိတ်အာရုံထဲတွင် ကမ္ဘာမြေကြီးရဲ့ ကြောက်မက်ဖွယ်စွမ်းအင်တွေ ပေါ်လာပြီးတာနဲ့ သူ့စိတ်အခြေနေကို တည်ငြိမ်အောင်ထိန်းဖို့မလွယ်တော့ပေ။ သို့သော်လည်း သူသည် စိတ်လှုပ်ရှားခြင်းအရိပ်အမြွက်ကို မျိုသိပ်ထားပြီး ဇွဲနပဲကြီးစွာတောင့်ခံနေသည်။

မြေနတ်ဆိုးစွမ်းအင်ကို အာရုံခံနိုင်ပြီဖြစ်သောကြောင့် နောက်တစ်ဆင့်မှာ ပဲ့တင်ထပ်သံနန်းတော်များကို သန့်စင်ရန် ဖြစ်သည်။

အတွေးတစ်ချက်ဖြင့် စွမ်းအင်ကြိုးမျှင်များကို ခွဲထုတ်လိုက်ပြီး မြေနတ်ဆိုးစွမ်းအင်ကို သူ့ခန္ဓာကိုယ်ထဲသို့ လမ်းညွှန်ပေးခဲ့သည်။

မြေနတ်ဆိုးစွမ်းအင်များ ဝင်လာပြီးသည်နှင့် လီလော့၏ ခန္ဓာကိုယ် ပြင်းထန်စွာ တုန်လှုပ်သွားသည်။ ၎င်းသည် သူနေ့စဥ်စုပ်ယူထားသော သဘာဝစွမ်းအင်များနှင့် ကွဲပြားသည်။မြေနတ်ဆိုးစွမ်းအင်က ရိုင်းစိုင်းသော သားရဲတစ်ကောင်နှင့် တူပြီးယဉ်ပါးဖို့မလွယ်ကူပေ။ ၎င်းဖြတ်သန်းရာလမ်းတစ်လျှောက်ရှိ အရာရာတိုင်းကို ပြင်းထန်စွာဖျက်စီးချေမှုန်းနေသည်။

လီလော့သည် မိုးကြိုးနတ်ဘုရားကိုဖန်တီးနိုင်ခဲ့သဖြင့် ခံနိုင်ရည်ရှိသော ကိုယ်ခန္ဓာကိုပိုင်ဆိုင်ထားသဖြင့် မြေနတ်ဆိုးစွမ်းအင်များကိုခံနိုင်ရည်ရှိခဲ့သည်။ထိုသို့သာမဟုတ်ရင် ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်သည်။

လီလော့ သက်ပြင်းချလိုက်မိသည်။ ကြမ်းတမ်းသော မြေနတ်ဆိုးစွမ်းအင်များကို မည်သို့ထိန်းကျောင်းရမည်နည်း.....

အစီအစဥ်၏နောက်တစ်ဆင့်မှာ ရူးသွပ်နေသော မြေနတ်ဆိုးစွမ်းအင်များကို ထိန်းကျောင်းပြီး ၎င်း၏ ရူးသွပ်သောသဘောသဘာဝကို ဖယ်ရှားရန်ဖြစ်သည်။

အတွေးတချက်ကြောင့် ရေစွမ်းအားကြိုးမျှင်တစ်ခု ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော မြေနတ်ဆိုးစွမ်းအင်များကို ထိုးဖောက်ကာ ဖုံးအုပ်ထားသည်။ ထိုအချိန်တွင်ပင်၊ မြေနတ်ဆိုးစွမ်းအင်များကလည်း အသစ်တဖန် တက်ကြွမှုနှင့်အတူ ရုတ်တရက် အသက်ဝင်လာကာ ရေအလင်းစွမ်းအားကို ဘယ်တုန်းကမှမရှိခဲ့သလို ဖယ်ရှားရှင်းလင်းပစ်လိုက်သည်။

"မြေနတ်ဆိုးစွမ်းအင်တွေက ကြမ်းလှချည်လား.... "

၎င်းသည် စမ်းသပ်မှုတစ်ခုမျှသာဖြစ်ပြီး၊ သူသည် ရေအလင်းပဲ့တင်ထပ်သံကိုသာ အားကိုးရမည်ဆိုပါက အလုပ်ပြီးမြောက်ရန် လိုအပ်မည့် ပဲ့တင်ထပ်သံစွမ်းအားပမာဏကလည်းအလွန်များပြားလိမ့်မည်ဖြစ်သည်။

ထိုသို့ဆိုလျှင်...

သူ၏ အခြားပဲ့တင်ထပ်နန်းတော်မှ စွမ်းအင်ကြိုးမျှင်တစ်ခု ပေါ်လာပြီး ရေအလင်း စွမ်းအင်ကြိုးမျှင်နှင့် ပေါင်းစပ်ကာ စွမ်းအင်သစ်တစ်ခု ဖြစ်ပေါ်လာသည်။

၎င်းသည် အရင်ကထက် ပိုမိုအားကောင်းပြီး ကြိုးမျှင်တစ်ခုတည်းကပင် ဝေလငါးတစ်ကောင်နီးပါး ကြီးမားသည်။ ထိုကြိုးမျှင်က မြေနတ်ဆိုးစွမ်းအင်ကို တချက်တည်း ဝါးမျိုလိုက်လေသည်။

ပေါင်းစပ်ထားသည့် ပဲ့တင်ထပ်သံစွမ်းအားများက မြေနတ်ဆိုးစွမ်းအင်ကို အင်အားအပြည့်ဖြင့် စတင်သန့်စင်နေပြီ.....

မြေနတ်ဆိုးစွမ်းအင်များက နောက်ဆုံးတွင် အလျှော့ပေးလိုက်ရပြီး အာဏာရှင်ဆန်သော ပဲ့တင်ထပ်သံစွမ်းအားနှစ်ခုနှင့်ပေါင်းစည်းသွားခဲ့လေသည်။

မိနစ်အတော်အတန်ကြာပြီးနောက် မြေနတ်ဆိုးစွမ်းအင်ကိုကိုယ်စားပြုသည့် ကြက်သွေးရောင်အစက် ပျောက်ကွယ်သွားပုံရပြီး စွမ်းအင်၏ ရိုင်းစိုင်းသော သဘောသဘာဝသည်လည်း လျော့ပါးသွားခဲ့သည်။

အောင်မြင်ခဲ့ပြီ.......

တစ်ချိန်တည်းမှာပင်၊ မြေနတ်ဆိုးစွမ်းအင်ကိုထိန်းကျောင်းရန် စွမ်းအားပမာဏများစွာသုံးစွဲခဲ့ရသဖြင့် ပူပန်မှုအချို့ကိုခံစားနေရသည်။

ပဲ့တင်ထပ်သံနန်းတော်တွေကို သန့်စင်ဖို့ မြေနတ်ဆိုးစွမ်းအင် ဘယ်လောက်လိုအပ်သလဲ....ကြမ်းတမ်းတဲ့မြေနတ်ဆိုးစွမ်းအင်တွေကို ယဉ်ပါးအောင်ထိန်းကျောင်းဖို့ သူ့မှာစွမ်းအားအလုံအလောက်ရှိသေးရဲ့လား.....

အခုနေ လက်လျှော့လိုက်ရင် အရာအားလုံး အစကနေပြန်စရလိမ့်မယ်......အဲ့အတွက်လည်းအချိန်တလလောက်စောင့်ရမယ်....အရေးအကြီးဆုံးက သူ့မှာအချိန်အဲ့လောက်ရှိမနေခဲ့ဘူး....

"ငါတော်တော်အလျင်လိုခဲ့တာပဲ...အမြူတေသလင်းကျောက်နဲ့ဆို အောင်မြင်နိုင်မယ်ထင်ခဲ့မိတယ်...."

လီလော့သည် ဖြစ်နိုင်ချေရှိသော ဖြေရှင်းချက်များကို ဆက်လက်စဉ်းစားခဲ့သည်။ သို့သော် ယခုအချိန်တွင် နောက်ပြန်ဆုတ်ရန် အချိန်နှောင်းနေပြီဖြစ်သောကြောင့် ပို၍ စိတ်မငြိမ်မသက် ဖြစ်နေသည်။

ကျင့်ကြံမှုခရီးလမ်းမှာ အခက်အခဲတွေပြည့်နှက်နေတယ်.....

ဤအချိန်တွင် အောင်းပိုင် အဘယ်ကြောင့် စစ်သူကြီးတပိုင်းအဆင့်တွင်သာရှိနေသည်ကိုနားလည်သွားခဲ့သည်။ ၎င်းသည် သူမျှော်လင့်ထားသည်ထက် များစွာခက်ခဲပါသည်။

တစ်ချိန်တည်းမှာပင် နောက်ထပ် အသိတရားတစ်ခုက သူ့ကို ထိပါးလာခဲ့သည်။ နတ်ဆိုးနန်းတော်အဆင့်သည် ပဲ့တင်ထပ်သံနန်းတော်ကို ဖျက်စီးပြီးအသစ်တဖန်တည်ဆောက်ခြင်းဖြစ်သည်။... ဒါပေမယ့် သူ့မှာ ပဲ့တင်ထပ်သံနှစ်ခုရှိနေသည့်အတွက် နှစ်ဆပင်ပန်းလိမ့်မည်။

လျင်မြန်သော ဆုံးဖြတ်ချက်တစ်ခုချကာ အဆင့်မြင့် အဆင့်ခုနှစ်ဖြစ်သော ရေအလင်းပဲ့တင်ထပ်သံနန်းတော်ကို ဦးစွာအားကောင်းစေရန် ရွေးချယ်ခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ သူသည် သန့်စင်ထားသော မြေနတ်ဆိုးစွမ်းအင်များကို ရေအလင်း ပဲ့တင်ထပ်သံ နန်းတော်ထဲသို့ တွန်းပို့ခဲ့သည်။

ပဲ့တင်ထပ်သံနန်းတော် ချက်ချင်းပင် တုန်ခါသွားကာ အသစ်ရောက်ရှိလာသော စွမ်းအင်များကို ငတ်ပြတ်နေသူလို အငမ်းမရစုပ်ယူနေသည်။

ရေအလင်း နန်းတော်၏စုပ်ယူခြင်းကြောင့် မြေနတ်ဆိုးစွမ်းအင်များသည် သဘာဝအတိုင်း ခုခံနိုင်စွမ်းမဲ့ကာ ၎င်းထဲသို့ တိုက်ရိုက် ရောနှောသွားလေသည်။

တစ်ချိန်တည်းမှာပင် ပဲ့တင်ထပ်သံနန်းတော်တစ်ခွင်လုံးတွင် အနီရောင်အစက်အပြောက်များ ပေါ်လာပြီး နန်းတော်တံတိုင်းများ၏ ယခင်က ပျက်စီးခဲ့သောနေရာများကို လောဘကြီးစွာ ဖုံးလွှမ်းသွားခဲ့သည်။

ပဲ့တင်ထပ်သံနန်းတော် အရင်ကထက်ပိုမိုကျယ်ပြန့်ခိုင်မာလာသည်ကိုခံစားနေရသည်။

"ပြောင်းလဲမှုက သိသာလိုက်တာ..."

စွမ်းအင်အနည်းကတောင် ဤမျှလောက် အံ့သြဖွယ် အကျိုးသက်ရောက်မှုများကို ဆောင်ကြဉ်းပေးနိုင်သည်ဆိုလျှင် ရှေ့ဆက်ဘာတွေဖြစ်လာမလဲ သိချင်စိတ်ပြင်းပြလာသည်။

တစ်ချိန်တည်းမှာပင်၊ သူလုပ်နေတာတွေကို မရပ်တန့်ဘဲ၊ သူ့ခန္ဓာကိုယ်ထဲကို သန့်စင်ထားတဲ့မြေနတ်ဆိုးစွမ်းအင်တွေ လမ်းညွှန်ပို့လွှတ်ဖို့ ဆက်လက်လုပ်ဆောင်ခဲ့သည်။

ပဲ့တင်ထပ်သံနန်းတော် သန့်စင်ခြင်းလုပ်ငန်းစဉ် စတင်ခဲ့ချေပြီ.....

……

ကောင်းကင်ရွှေခန်းမအပြင်ဘက်တွင်.....

ကျန်းချင်းအာက လီလော့၏ ပြောင်းလဲမှုတိုင်းကို ဂရုတစိုက် စောင့်ကြည့်နေခဲ့သည်။

လီလော့၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်၏ အရိပ်အယောင်ကို ခံစားလိုက်ရသဖြင့် ပဲ့တင်ထပ်သံနန်းတော် သန့်စင်ခြင်းစတင်နေပြီဖြစ်ကြောင်းသိလိုက်ရသည်။

"ဒါဆို သူအောင်မြင်တော့မှာပေါ့...."

ချိုင်ဝေက ရွှင်မြူးစွာမေးလိုက်သော်လည်း

ကျန်းချင်းအာ၏ တုံ့ပြန်မှုက အနည်းငယ် အသံတိတ်သွားပြီး နှောင့်နှေးသွားသည်။

"မဟုတ်သေးဘူး.... နတ်ဆိုးနန်းတော်အဆင့်က ပဲ့တင်ထပ်သံနန်းတော်ရဲ့ အရည်အသွေးပိုင်းကို အဆင့်မြှင့်ပေးတာကြောင့် ဒီလုပ်ငန်းစဉ်မှာ စွမ်းအားတွေ သိသိသာသာ သုံးစွဲရတယ်....လီလော့မှာ ပဲ့တင်ထပ်သံ နှစ်ခုနဲ့အမြူတေသလင်းကျောက်တို့ကို ပိုင်ဆိုင်ထားပေမယ့် လိုအပ်နေတဲ့စွမ်းအားကို မဖြည့်တင်းပေးနိုင်မှာစိုးရိမ်ရတယ်....သူ ဒီဟာကို တစ်ကြိမ်တည်းနဲ့ မပြီးမြောက်ဘူးဆိုရင် အောင်မြင်တယ်လို့ ယူဆလို့မရဘူး...သူ့အခြေနေက ရှန့်ပိန်းတွေ့ဆုံပွဲမှာတွေ့ခဲ့တဲ့ အောင်းပိုင်လို စစ်သူကြီးတပိုင်းအဆင့်ဖြစ်သွားလိမ့်မယ်...."

ယန်လင်းချီက ခေါင်းကိုက်လာသဖြင့် နဖူးကိုနှိပ်နှယ်လိုက်ပြီး....

"ဟူးးးး ဒီတစ်ခါတော့ သူတကယ် အတင်းအကြပ်လုပ်နေတာပဲ....."

"သာမန်အခြေနေမှာဆို လီလော့က ကြယ်နှစ်ပွင့်ခန်းမကိုရောက်မှ အပြည့်အဝအဆင့်တက်နိုင််လိမ့်မယ်...နှစ်ဝက်လောက် စောပြီးအဆင့်တက်မှတော့ အခက်အခဲကြုံတာ ထူးဆန်းမနေတော့ဘူး...." ဟု ကျန်းချင်းအာ က ပေါ့ပေါ့တန်တန် ရှင်းပြခဲ့သည်။

" နောက်ဆုံးထိ ခံနိုင်ရည်ရှိမရှိ စောင့်ကြည့်ကြတာပေါ့....."

လီလော့သည် စိုးရိမ်သောကရောက်နေသည့်ပုံပေါ်သော်လည်း ပညာမဲ့သူမဟုတ်ပေ။ သူ့စိတ်ထဲတွင် တစ်ခုတည်းသော အရာမှာ မြေနတ်ဆိုးစွမ်းအင်ကို ပို၍ပို၍ ထိန်းနိုင်ဖို့ပင်ဖြစ်သည်။

..................

အချိန်ကုန်လွန်သွားသည်နှင့်အမျှ မြေနတ်ဆိုးစွမ်းအင် ကြိုးမျှင်များသည် သူ၏ ရေအလင်း ပဲ့တင်ထပ်သံ နန်းတော်ထဲသို့ စုပ်ယူခံလိုက်ရသည်။ ပဲ့တင်ထပ်သံနန်းတော်သည်လည်း ပိုမိုကြီးမားလာပြီး ပိုမိုတည်ငြိမ်လာသည်။

ဤအတိုင်းသာဆို လမ်းတစ်ဝက်ရောက်နေပြီလို့ ယူဆနိုင်သည်။

သို့သော် အခုအချိန်မှာ သူ့ရဲ့ ပဲ့တင်ထပ်သံ စွမ်းအားက 20% နီးပါးသာ ကျန်တော့သည်။

ဤလုပ်ငန်းစဉ်သည် ပင်ပန်းခက်ခဲပြီး စွမ်းအင်ပမာဏများစွာသုံးစွဲခဲ့ရသည်။

လီလော့တစ်ယောက် ဘာလုပ်ရမည်ကို လေးလေးနက်နက် တွေးတောရင်း အခိုက်အတန့်များစွာကို ဖြတ်သန်းခဲ့သည်။

အကယ်၍ အဆင့်မတက်နိုင်ခဲ့လျှင် သခင်လေး ဖြစ်လင့်ကစား အိမ်တော်စုဝေးပွဲတွင် သူဘာမှ ပြောပိုင်ခွင့်ရှိမည်မဟုတ်ပေ။ သူသည် ကောင်းကင်ဝံပုလွေ၏ စွမ်းအားကို အပြည့်အဝ အားကိုးရမည်လား။ မဟုတ်ဘူး! ဒီ့ထက် ပိုကောင်းတဲ့နည်းလမ်းရှိနိုင်တယ်....!

သန်မာအောင်ကြိုးစားရမယ်....ပြင်ပအကူအညီတွေက စိတ်မချရဘူး......

ထို့ကြောင့် သူသည် ပဲ့တင်ထပ်သံနန်းတော်များကို အပြည့်အဝ အသက်သွင်းလိုက်လေတော့သည်။

သူ၏ ရေအလင်း ပဲ့တင်ထပ်သံ နန်းတော်အတွင်းမှ ဝိညာဉ်ရေအိုင်သည် ရုတ်ချည်း လှုပ်ရှားမှုနှင့်အတူ တုန်ခါလာက အတွင်း၌ အဆုံးမရှိသော လှိုင်းဂယက်များကို မြင်တွေ့နိုင်သည်။ ထိုအချိန်တွင် သူ၏သစ်သားပဲ့တင်ထပ်သံနှင့်အတူ မြေကြီးတွင် အမြစ်တွယ်နေသော သစ်ပင်ကြီး ယိမ်းနွဲ့လာပြီး ၎င်း၏စိမ်းမြသောအရွက်များ လွင့်ပျံလာကာ အရွက်တစ်ခုစီသည် ကောင်းကင်အလယ်တွင် တောက်ပနေသော ကြယ်ပွင့်များနှင့်တူသည်။

လီလော့ လောင်းကြေးထပ်ဖို့ဆုံးဖြတ်လိုက်ချေပြီ.......

အပြင်ဘက်တွင်...

ကျန်းချင်းအာက လီလော့၏ အခြေအနေပြောင်းလဲမှုကို ခံစားလိုက်ရသဖြင့် သူမ၏သွယ်လျသောလက်များကို လှုပ်ရှားလိုက်သည်။ အနည်းငယ်မြင့်တက်သွားသည်။

သူမ၏ လက်ထဲတွင် အမြူတေသလင်းကျောက်နှင့် ဝိဉာဉ်စွမ်းအားသိပ်သည်းခြင်းဆေးလုံးတို့ရှိနေသည်။

သူမ လှုပ်ရှားတော့မည့်အချိန်တွင် ပေါင်ပေါင်က ရုတ်တရက်တားဆီးလိုက်သည်။

"ဉီးလေးပေါင်....?"

ကျန်းချင်းအာ က အံ့ဩသော အကြည့်ဖြင့်ကြည့်လိုက်သည်။

ခေါင်းယမ်းရင်း ပေါင်ပေါင်၏ အမူအရာ တင်းမာသွားသည်။

"သခင်လေးက အမြူတေသလင်းကျောက်ကိုအသုံးပြုထားပြီးသားမို့ ဆေးဖက်ဝင် အာနိသင်ကို စုပ်ယူလို့ မရတော့ဘူး...အကယ်၍ အဆင့်တက်နိုင်ခဲ့ရင်တောင် ပြင်ပအကူညီတွေကြောင့် အခြေခိုင်မှာမဟုတ်ဘူး....ကျင့်ကြံမှုလမ်းကြောင်းမှာ တည်ငြိမ်တဲ့ အခြေခံအုတ်မြစ်ကို အဆင့်ဆင့် တည်ဆောက်ဖို့ လိုအပ်တယ်...အခြေခိုင်မှသာလျှင် အနာဂတ်မှာ အထွတ်အထိပ်ကို တက်လှမ်းဖို့ မျှော်လင့်နိုင်မယ်... သခင်လေးရဲ့ အခြေအနေက ထူးခြားတာမို့ ခြေလှမ်းတိုင်းမျာအခိုင်မာဆုံး အုတ်မြစ်ကို ချမှတ်နိုင်မှဖြစ်မယ်....."

ကျန်းချင်းအာ ထိတ်လန့်စွာ နှုတ်ခမ်းကိုက်လိုက်မိသည်။ ပေါင်ပေါင် ရည်ညွှန်းတာကို သူမ ရှင်းရှင်းလင်းလင်း နားလည်ပါသည်။ လီလော့၏သက်တမ်းက အကန့်အသတ်ရှိပြီး မြို့စားအဆင့်သို့ရောက်ရန် အချိန် လေးနှစ်သာကျန်တော့သည်။ အဆင့်တက်နိုင်ခဲ့သော်လည်း အခြေမခိုင်ပါက အနာဂတ်တွင် ကောင်းကျိုးထက် ဆိုးကျိုးပိုများလာနိုင်သည်။

သူမ၏ မျက်ဝန်းတစ်စုံက ခံစားချက်များဖြင့် လင်းလက်သွားသည်။ လော့လန်အိမ်တော် နှင့် လီလော့၏ဘဝကြားတွင် သူမ ရွေးချယ်ရမည်ဆိုလျှင် ခြွင်းချက်မရှိ နောက်ဆုံးတစ်ခုကိုသာ သူမရွေးချယ်မိပေလိမ့်မည်။

ပေါင်ပေါင်က တုန်လှုပ်နေသော ကျန်းချင်းအာကို ကြည့်ကာ ပြုံးလိုက်ပြီး.... "သခင်လေးရဲ့ အလားအလာကို လျှော့မတွက်ပါနဲ့....."

ကျန်းချင်းအာက တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်လိုက်ပြီး လက်ထဲကအရာများကို ပြန်သိမ်းဆည်းလိုက်သည်။

ယခု သူမလုပ်နိုင်သမျှသည် အကောင်းဆုံးဖြစ်လာရန်သာ မျှော်လင့်နိုင်တော့သည်။

"ငါ..နင့်ကိုယုံတယ်... လီလော့..."

All Chapters