← Chapters

လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်.....

Vol. 44 Ch. 614

လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်.....

Vol. 44 Ch. 614

ဘန်းးးဘန်းးးဘန်းးးး

လီလော့၏ခန္ဓာကိုယ်အတွင်းပိုင်းသည် ယခုအချိန်တွင် မီးဖိုတစ်ခုလိုဖြစ်နေသည်။ သူ၏ ပဲ့တင်ထပ်သံစွမ်းအားများ ပွက်ပွက်ဆူနေပြီး မြေနတ်ဆိုးစွမ်းအင်များကို ပြန်လည်သန့်စင်ရန် အပြည့်အဝ အာရုံစိုက်နေရသည်။

အချိန်ကြာလာသည်နှင့်အမျှ ပဲ့တင်ထပ်သံနန်းတော် သန့်စင်မှုကလည်း 80% သို့ ရောက်ရှိသွားသည်။

သို့သော် လီလော့သည် စွမ်းအားများ ကုန်လုနီးပါးဖြစ်နေသည်ကို သတိပြုမိသောကြောင့် ထိတ်လန့်လာသည်။

ရေအလင်းပဲ့တင်ထပ်သံနန်းတော်အတွင်းမှ ဝိဉာဉ်ရေအိုင်သည်လည်း ခန်းခြောက်လုနီးပါးဖြစ်နေပြီး သစ်ပင်၏အကိုင်းအခက်များကလည်း ညှိုးနွမ်းနေပြီ....

ပဲ့တင်ထပ်သံစွမ်းအား မလုံလောက်ဘူးဆိုတာ ရှင်းနေခဲ့ပြီ....

သူ၏ ပဲ့တင်ထပ်သံစွမ်းအားနှစ်ခုကြောင့် ကြောက်မက်ဖွယ်မြေနတ်ဆိုးစွမ်းအင်ကိုယဉ်ပါးအောင်သန့်စင်နိုင်ခဲ့သော်လည်း ဤသည်မှာ သူစုဆောင်းနိုင်သည့် နောက်ဆုံးအပိုင်းဖြစ်ပြီး၊ ပဲ့တင်ထပ်သံ နန်းတော်သန့်စင်မှု အပြီးသတ်ရန် မလုံလောက်ခဲ့ပေ။

"ဒီအတိုင်း အဆုံးသတ်လိုက်ရမှာလား....?"

မကျေမနပ်သလို ခံစားလိုက်ရသည်။ အပြည့်အဝမအောင်မြင်သေးသော်လည်း၊ လက်ရှိတွင် သူသည် ယခင်ကထက် သိသာထင်ရှားသော ခြေလှမ်းတစ်ခုဖြစ်သည့် စစ်သူကြီးတပိုင်းအဆင့်တွင် ရှိနေသည်။ သို့သော် သူ့ရည်မှန်းချက်ထက် နိမ့်ပါးနေသေးသည်။ စစ်သူကြီးတပိုင်းအဆင့်သည် ပုံသဏ္ဍာန်ပြောင်းလဲခြင်း စတုတ္ထအဆင့် ထက် အနည်းငယ်သာ အားကောင်းပြီး အရည်အသွေးပိုင်း အဆင့်မြှင့်တင်မှုဟု မယူဆနိုင်ပေ။

သူသည် ဤမျှကြီးမားသောအန္တရာယ်ကို ဖြတ်ကျော်ရန်ကြိုးစားခဲ့သော်လည်း စစ်သူကြီးတပိုင်းအဆင့်နှင့်သာကျေနပ်ရတော့မည်။

“လက်မခံနိုင်ဘူး!”

ခွေးကောင်ဖေဟောင်ကို အပိုင်းပိုင်းခုတ်သတ်မည်ဟု ကျန်းချင်းအာကို ကတိပေးခဲ့သည်။

သူ၏ စူးစူးဝါးဝါး အကြည့်များ လျော့ပါးလာသော ပဲ့တင်ထပ်သံ စွမ်းအားနှစ်ခုကို တောင့်တစွာ စိုက်ကြည့်နေဆဲပင်.....

သူ အခု ဘာလုပ်နိုင်မလဲ..အရင်ဆုံးသေချာစဉ်းစားရမယ်....

သူ၏ ရဲရင့်မှုနှင့် အရှိန်အဟုန်ပြင်းသော စိတ်ဓာတ်များသည်လည်း ယခုအခါ ငြိမ်သက်သွားခဲ့သည်။ လွတ်လွတ်လပ်လပ် အတွေးထဲတွင် နစ်မြုပ်နေချိန်တွင် အရာအားလုံး တိတ်ဆိတ်သွားသည်။ ဤအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားသည့် လျှို့ဝှက်ဆန်းကြယ်သော အသံတစ်ခု၏ အရိပ်အမြွက်ကို ကြားသိခံစားလိုက်ရသည်။

ဒီအသံက သူ့သွေးထဲကနေ ထွက်လာတာလား....မဟုတ်ဘူး၊ ဒါက သူ့အသွေးထဲမှာ ရှိနေတဲ့ အရာတစ်ခုပဲ။

သွေးကြောများထဲတွင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုရှိနေသည်။

လီလော့ တုန်လှုပ်သွားပြီး ဤခေါ်ဆိုမှု၏ အရင်းအမြစ်ကို အာရုံစိုက်ခဲ့သည်။

"သခင်လေး ကြာကြာ ထိန်းထားနိုင်တော့မယ်မထင်ဘူး...."

ချိုင်ဝေပင်လျှင် သူမ၏ လေ့လာတွေ့ရှိချက်များမှတဆင့် ဤအကဲဖြတ်မှုကို ပြုလုပ်နိုင်ခဲ့သည်။ လီလော့၏ ပဲ့တင်ထပ်သံ စွမ်းအားမျာ အားနည်းသွားပြီး အဆင့်တက်ဖို့ကျရှုံးလုနီးပါးဖြစ်နေချေပြီ......

" ပဲ့တင်ထပ်သံ နန်းတော်ကိုအပြည့်အဝမသန့်စင်နိုင်သေးဘူး.... "

ယန်လင်းချီလည်း သက်ပြင်းချလိုက်သည်။

"စစ်သူကြီးတပိုင်းအဆင့်ဆိုလည်း မဆိုးပါဘူး။ ကြယ်နှစ်ပွင့်ခန်းမချန်ပီယံ အောင်းပိုင်တောင် ဒီအဆင့်မှာပဲ ရှိသေးတယ်.... လီလော့က သူ့ထက်အသက်ငယ်တာမို့ ရွယ်တူတွေထက်အများကြီးသာနေပြီ....."

ကျန်းချင်းအာက နှုတ်ခမ်းကိုသာ ဖိကိုက်ထားသည်။ ဒါဟာ ဂုဏ်ပြုထိုက်တဲ့ အောင်မြင်မှုတစ်ခု ဖြစ်နေဆဲပင်... သို့သော်လည်း လီလော့၏ အရိုးထဲစွဲနေသော မာနကို သူမနားလည်သည်။ သူ့ရည်ရွယ်ချက်က ဒီရလဒ်ထက် ပိုကြီးမားတယ်......

သူ လိုချင်တဲ့ပန်းတိုင်ကို မရောက်ရင် သေချာပေါက် စိတ်ဓာတ်ကျလိမ့်မယ်.....

ထိုစဉ်.... လီလော့၏ခန္ဓာကိုယ် အတွင်းမှ ပဲ့တင်ထပ်သံ စွမ်းအား၏ နောက်ဆုံးကြိုးမျှင်ကွယ်ပျောက်သွားသည်။ ကံမကောင်းစွာပဲ၊ မြေနတ်ဆိုးစွမ်းအင်များကလည်း သန့်စင်ပေးမည့်စွမ်းအင်မရှိတော့သည့်အတွက် ယခင်ကလို ကြမ်းတမ်းလာပြီး အရာရာတိုင်းကိုဖျက်စီးပစ်ဖို့တာဆူနေပြီ.......

လီလော့သည် ကြောက်စရာကောင်းသောမြေနတ်ဆိုးစွမ်းအင်ကို တိတ်တဆိတ် ကြည့်နေခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ့သွေးကြောများထဲမှ တစ်ခုခု တုံ့ပြန်နေသလို ခံစားရသည်။ သူ့ခန္ဓာကိုယ်အနှံ့ စီးဆင်းနေသော သွေးစက်တိုင်းကို ပြတ်ပြတ်သားသား အာရုံခံနိုင်ခဲ့ပြီး အချိန်တွေကြာလာတာနဲ့အမျှ အရှိန်က တိုးလာသလိုပဲ၊ အသံကလည်း ပိုကျယ်လာသည်။

ဤအရာသည် ကောင်းသောအရာဖြစ်နိုင်သည်ကို သဘောပေါက်ပြီး စည်းချက်အတိုင်း လွတ်လွတ်လပ်လပ် လည်ပတ်စီးဆင်းစေခဲ့သည်။

နောက်ဆုံးတော့ ရေတံခါးတွေ ပွင့်သွားသလို သွေးများတလဟောစီးဆင်းနေသည်။

လီလော့သည် ခန္ဓာကိုယ်အတွင်းမှ သွေးများ အသက်ဝင်နေပြီဟု ရုတ်တရက် ခံစားလိုက်ရသည်။ သွေးနီဥများထဲတွင် လျှို့ဝှက်ဆန်းကြယ်သော ခရမ်းရောင်အလင်းတန်းတစ်ခု၏ အရိပ်အမြွက်တစ်ခု ရှိနေသည်။ ထိုမှော်စွမ်းအင်သည် အစာငတ်နေသော သားရဲကဲ့သို့ မြေနတ်ဆိုးစွမ်းအင်များကို တိုက်ရိုက် စားသုံးလိုက်သည် ။ မူလက ရူးသွပ်နေသော မြေနတ်ဆိုးစွမ်းအင်များသည် ကြောက်ရွံ့မှုတစ်ခု ခံစားလိုက်ရသကဲ့သို့ တုန်လှုပ်သွားသည့်တိုင် ဖျတ်ခနဲ တုန်ခါသွားကာ ချက်ချင်းပင်ငြိမ်ကျသွားလေသည်။

ခဏအကြာတွင်၊ မာနကြီးပြီးရိုင်းစိုင်းလွန်းသော မြေနတ်ဆိုးစွမ်းအင်များ ငြိမ်ကုပ်သွားချေပြီ......

လီလော့ ဤမြင်ကွင်းကြောင့် လုံးဝကို အံ့သြသွားခဲ့သည်။ သို့သော်၊ ဤအရာက သူ့ကိုသန့်စင်ခြင်း ဖြစ်စဉ်ကို ဆက်လက်လုပ်ဆောင်ရန် မြေနတ်ဆိုးစွမ်းအင်များကို ပဲ့တင်ထပ်သံ နန်းတော်ထဲသို့ အမြန်လမ်းပြခြင်းကို မတားဆီးနိုင်ခဲ့ပေ။ ထိုနောက် သူသည် ထူးဆန်းသော သွေးနီဉစွမ်းအင်ကို ဖြည်းညှင်းစွာ စစ်ဆေးရန် ဆက်လက်လုပ်ဆောင်ခဲ့သည်။ အစွမ်းကုန်ကြိုးစားခဲ့သည့်တိုင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားသည် အလွန်ထူးခြားပြီး မည်သည့်အရာကမျှ ထိန်းချုပ်နိုင်ခြင်း သို့မဟုတ် မထိခိုက်စေခြင်းမျိုးမရှိပေ။ ၎င်းသည် ရိုးရှင်းစွာတည်ရှိပြီး သူ့ခန္ဓာကိုယ်အတွင်း၌ ပျံ့နှံ့သွားခဲ့သည်။

၎င်းကိုကိုင်တွယ်နိုင်စွမ်းမရှိသော်လည်း ရင်းနှီးမှုမျိုးခံစားရနိုင်သည်။

ဒါဟာ လုံးဝမျှော်လင့်မထားတဲ့ တိုးတက်မှုတစ်ခုပင်.... ကောင်းကင်ကနေ အံ့ဖွယ်ရတနာတပါးပြုတကျလာသသည်ဟုပင် ထင်နေရသည်။

ဤသည်မှာ အံ့သြဖွယ်ကောင်းသော အလှည့်အပြောင်းဖြစ်ပြီး ယခု သူသည် မြေနတ်ဆိုးစွမ်းအင်များကို ဆက်လက် ပြုပြင်နိုင်ပြီဖြစ်သည်။

ဝုန်းးးးးး

သူ့စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာသည်နှင့်အမျှ သွေးနီဉစွမ်းအင်များ တစ်ဖန်ပြန်လည်မငြိမ်မသက်ပြုမူလာပြန်သည်။ သူ အသည်းအသန် နှိမ်နှင်းရန် ကြိုးစားသော်လည်း သွေးနီဉစွမ်းအင်များသည် ရေဝဲ တစ်ခုသဖွယ် လျင်မြန်စွာ လည်ပတ်နေတော့သည်။

တစ်ဖန် အံ့အားသင့်သွားကာ သူ့ရင်ထဲတွင် မကောင်းတဲ့ ခံစားချက်တစ်ခု ပေါ်လာပြီးထိတ်လန့်မှုကို ခံစားလိုက်ရသည်။

သူမသိလိုက်ခင်မှာပဲ...သွေးနီဉစွမ်းအင်များ၏ စုပ်ယူမှုကြောင့် မြေနတ်ဆိုးစွမ်းအင်များ သူ့ခန္ဓာကိုယ်ထဲသို့အဆမတန်တိုးဝင်လာသည်။

ထိုမြင်ကွင်းကြောင့် လီလော့ တုန်လှုပ်ချောက်ခြားသွားခဲ့သည်။မြေနတ်ဆိုးစွမ်းအင်များက ရိုင်းစိုင်းလွန်းလှသော စွမ်းအားရှင်များနှင့်တူသည်။ ဒီလောက်များပြားတဲ့ပမာဏသာ ခန္ဓာကိုယ်ထဲဝင်လာရင် ပေါက်ကွဲသေဆုံးသွားနိုင်သည်။

လီလော့ ဝမ်းနည်းစွာ အော်ဟစ်နေခဲ့သည်။ အံ့ဖွယ်ကောင်းသော သွေးနီရောင်စွမ်းအင်က သူ့ကို ပီတိနှင့် ရွှင်လန်းမှုကို ဆောင်ကျဉ်းပေးခဲ့သော်လည်း မကြာမီ နောင်တရစရာများကိုဖန်တီးခဲ့ချေပြီ......

သွေးထဲမှ နိုးထလာသော လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားအချို့ကြောင့် သူ့ဘဝအဆုံးသတ်ရတော့မည်လား.......

သူ အခု ဘာလုပ်သင့်လဲ......

သူ့ရင်ထဲမှာ ထိတ်လန့်တုန်လှုပ်နေသလို ကျန်းချင်းအာရဲ့ အမူအရာလည်း ပြောင်းသွားခဲ့သည်။ လီလော့၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသော ကြောက်မက်ဖွယ် စွမ်းအင်များကို သူမသည်လည်း အလားတူ ခံစားခဲ့ရသည်။ တစ်စုံတစ်ခု မှားယွင်းသွားနိုင်ကြောင်း နားလည်လိုက်သောအခါတွင် သူမသည် ရှေ့သို့ အပြေးအလွှားသွားပြီး လီလော့ကို ကူညီရန် စွမ်းအားများအသင့်ထုတ်ဖော်လိုက်သည်။

"ချင်းအာ...! မင်းစိတ်အေးအေးထားရမယ်!"

ပေါင်ပေါင် ယက သူမကို ဖမ်းချုပ်လိုက်ပြီး နောက်ပြန်ဆုတ်ခိုင်းလိုက်သည်။

"ဉီးလေးပေါင်... တစ်ခုခုမှားနေပြီ....!"

ကျန်းချင်းအာက စိုးရိမ်တကြီး အော်လိုက်သည်။ ပုံမှန်အားဖြင့် ငြိမ်သက်နေသော ကျန်းချင်းအာပင်လျှင် ဤမြင်ကွင်းကြောင့် လုံးဝ တုန်လှုပ်သွားခဲ့သည်။

များပြားလွန်းသောမြေနတ်ဆိုးစွမ်းအင်များကို လီလော့ သေချာစွာ မကိုင်တွယ်နိုင်ပေ။ တစ်ခုတည်းသောရလဒ်မှာ ပြင်းထန်သော ပေါက်ကွဲသံဖြစ်သည်။

"သူ့ကိုယုံပါ!"

ပေါင်ပေါင်က လေးနက်စွာ အမိန့်ပေးလိုက်သည်။

ထိုစကားကြားတော့ ကိုယ်ရှိန်သတ်လိုက်ပြီး သွေးကြောများမြင်ရသည်အထိ လက်သီးဆုပ်ထားလိုက်သည်။

ဉီလေးပေါင်က လီလော့ကို ဒုက္ခရောက်အောင်လုပ်မှာမဟုတ်ဘူး......

ယန်လင်းချီနှင့် ချိုင်ဝေတို့သည်လည်း စိုးရိမ်ပူပန်နေကြရှာသည်။

တင်းမာသောခံစားချက်က လေထုထဲတွင် ပြည့်နှက်နေသည်။

ဤအရေးကြီးသောအခိုက်အတန့်တွင်၊ လီလော့၏ခန္ဓာကိုယ် ရုတ်တရက်ဖောင်းလာပြီး သူ့အရေပြားပေါ်မှ သွေးကြောများကို ရှင်းရှင်းလင်းလင်းမြင်ရသည်။ တခအကြညတွင် သူ့ခန္ဓာကိုယ်အနှံ့မှ သွေးစိမ်းရှင်ရှင်များစိမ့်ကျယိုစီးလာလေတော့သည်။

All Chapters