← Chapters

နတ်ဆိုးနန်းတော်အဆင့်....

Vol. 44 Ch. 615

နတ်ဆိုးနန်းတော်အဆင့်....

Vol. 44 Ch. 615

လီလော့သည် သူ့ခန္ဓာကိုယ်ထဲသို့ များပြားသော မြေနတ်ဆိုးစွမ်းအင်များ စိမ့်ဝင်လာသည်ကို ခံစားနေရသည်။ သို့သော် သူ့စိတ်ထဲတွင် ပြေးဝင်လာသော တစ်ခုတည်းသော အတွေးမှာ စိတ်ပျက်အားငယ်ခြင်း ဖြစ်သည်။

လုပ်စရာတွေ အများကြီးကျန်သေးတယ်.... ပေါက်ကွဲသံကြီးနဲ့ အဆုံးသတ်လိုက်ရတော့မှာလား......

များပြားလှသော စွမ်းအင်ပမာဏသည် သူ၏ လက်ရှိအခြေအနေနှင့် ပြန်လည်သန့်စင်ပေးနိုင်သည့် အရာမဟုတ်ပေ။

မြေနတ်ဆိုးစွမ်းအင်များ ထိန်းမနိုင်သိမ်းမရ စုပုံလာလျှင် ပေါက်ကွဲထွက်ကုန်လိမ့်မည်။

သူ့စိတ်က သွေးနီရောင်စွမ်းအင်ဖြင့် ဖန်တီးထားသော ဆိုင်ကလုန်းမုန်တိုင်းကို အာရုံစူးစိုက်ထားသည်။ သူ အနည်းငယ် စိတ်ပျက်သွားသည်။ ဒီအရာကြောင့် အကုန်ရှုပ်ထွေးကုန်တာ...

သို့သော်လည်း ဤအခြေအနေတွင် ခံစားချက်များက အသုံးမဝင်နိုင်တော့ပေ။ လီလော့သည် သူ့ဆီသို့ တိုးဝင်လာနေသည့် စွမ်းအင်ရေစီးကြောင်းကိုသာ စိုက်ကြည့်နေသည်။ သူ့ခန္ဓာကိုယ်ထဲ ဝင်လာတာနဲ့ တပြိုင်နက် နာကျင်ကိုက်ခဲမှုကို ခံစားလိုက်ရပြိး စွမ်းအင်စီးကြောင်း ဖြတ်သန်းသွားရာတိုင်းတွင် စုတ်ပြတ်နေတဲ့ အသွေးအသားတွေကို ချန်ထားခဲ့သည်။

တစ်ခုတည်းသောကောင်းသည့်အချက်မှာ ဤစွမ်းအင်စီးကြောင်းသည် လမ်းကြောင်းတိုင်းတွင် ပျံ့နှံ့မသွားဘဲ ဆိုင်ကလုန်းဆီသို့ သာဦးတည်နေသည်။

ဟုတ်ပါတယ်၊ ဒီအချက်သေးသေးလေးက လီလော့ကို နှစ်သိမ့်မှုမပေးစွမ်းနိုင်ခဲ့ပေ။ မြေနတ်ဆိုးစွမ်းအင်၏ ရက်စက်ကြမ်းကြုတ်မှုများကို ဆိုင်ကလုန်းမုန်တိုင်းက မထိန်းနိုင်တော့ဘဲ မလွှဲမရှောင်သာ ပေါက်ကွဲထွက်လာမည်ဖြစ်သည်။ ဤသည်မှာ အဆုံးသတ်မည့် နိမိတ်ပုံဖြစ်သည်။

ထို့ကြောင့် သူသည် အဆိုးဆုံးအခြေအနေအတွက် အစီအစဥ်များပြုလုပ်ကာ သွေးနီစွမ်းအင်ရေဝဲကို လွတ်လွတ်လပ်လပ် စိုက်ကြည့်နေခဲ့သည်။

နောက်ဆုံးတွင်၊ မရေမတွက်နိုင်သော မြေနတ်ဆိုးစွမ်းအင်များက လျှို့ဝှက်ဆန်းကြယ်ပြီး ခရမ်းရောင်အလင်းတန်းများ တောက်လောင်နေသည့် သွေးနီရောင် ရေဝဲဆီသို့ ရောက်လာသည်။ အချိန်ကြာလာသည်နှင့်အမျှ စိတ်ဆင်းရဲနေရာကနေ တုန်လှုပ်ခြောက်ခြားသွားပြန်သည်။

မြေနတ်ဆိုးစွမ်းအင်များ သွေးနီရောင် စွမ်းအင်ရေဝဲအတွင်းသို့ ဝင်ရောက်လာသောအခါ ပျံ့နှံ့သွားမည့် အရိပ်အယောင်မပြကြောင်း သူသဘောပေါက်ခဲ့သည်။ယင်းအစား ချစ်စဖွယ်ကောင်းသော သန်ကောင်ငယ်များအဖြစ် ယဉ်ပါးနေပုံရသည်။ အရှိန်အဟုန်ပြင်းပြင်းဖြင့် လည်ပတ်နေသော သွေးနီးစွမ်းအင်ရေဝဲက မြေနတ်ဆိုးစွမ်းအင်များကို အရှိန်ပြင်းစွာ သန့်စင်လိုက်ပါသည်။

ဒါက နည်းနည်းတော့ မယုံနိုင်စရာကောင်းနေတယ်.....

ဤမျှ လွယ်ကူစွာ သန့်စင်အောင် မည်သို့ပြုလုပ်နိုင်မည်နည်း.....

မြေနတ်ဆိုးစွမ်းအင်ကြိုးမျှင်တစ်ခုတည်းကိုသန့်စင်ရန်အတွက်ပင် ပဲ့တင်ထပ်သံ စွမ်းအားများစွာ လိုအပ်ကြောင်း သိထားရမည်ဖြစ်သည်။ ဒါပေမယ့် စွမ်းအင်ရေဝဲက နှစ်ကြိမ်လောက် လှည့်ပတ်ပြီး မြေနတ်ဆိုးစွမ်းအင်များကို ရေဆေးချလိုက်သလိုသန့်စင်ပေးလိုက်သည်။

၎င်း၏ စွမ်းဆောင်ရည်က အလွန် ကြောက်စရာကောင်းလှသည်။

"ဘာတွေဖြစ်ကုန်တာလဲ.. ..."

ကောင်းကင်မှ အသားတုံးများ ပြုတ်ကျလာသလို ဆက်တိုက် အံ့သြနေရသည်။ ခဏတာ တုံ့ဆိုင်းသွားပြီးနောက် အံကြိတ်ကာ ဆုံးဖြတ်ချက်ချလိုက်သည်။ သွေးနီရောင်စွမ်းအင်သည် ထူးဆန်းသောတည်ရှိမှုတစ်ခု ဖြစ်နိုင်သော်လည်း ၎င်းထံမှ ငြင်းလို့မရနိုင်သော ရင်းနှီးမှုခံစားချက်ကို ခံစားရသည်။ ဒီအရာက သူ့ကို ထိခိုက်စေမှာမဟုတ်ဘူး.....

ထို့ကြောင့် ဆုံးဖြတ်ချက်ချလိုက်ပြီး လျှင်မြန်စွာ သန့်စင်ထားသော မြေနတ်ဆိုးစွမ်းအင် အားလုံးကို ရေအလင်း ပဲ့တင်ထပ်သံ နန်းတော်ဆီသို့ တွန်းပို့လိုက်သည်။

ဝုန်းးးးးး

ပဲ့တင်ထပ်သံ နန်းတော်ကလည်း မြေနတ်ဆိုးစွမ်းအင်များကို လောဘကြီးစွာ စုပ်ယူလိုက်သောကြောင့် တုန်ခါမှုများ စတင်ဖြစ်ပေါ်လာသည်။ အဆုံးမရှိသော အနီရောင်လှိုင်းလုံးများသည် ပဲ့တင်ထပ်သံ နန်းတော်တစ်လျှောက် ပျံ့နှံ့သွားပြီး နောက်ဆုံး အကန့်အသတ်များအထိ ရောက်ရှိသွားခဲ့သည်။

ပဲ့တင်ထပ်သံနန်းတော်သည် လီလော့၏ အစိတ်အပိုင်းတစ်ခုဖြစ်သောကြောင့် ၎င်း၏ ကြီးမားသောပြောင်းလဲမှုများ ဖြစ်ပေါ်နေပုံကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်ခဲ့သည်။

ခဏအကြာတွင်၊ ရေအလင်း ပဲ့တင်ထပ်သံ နန်းတော်သည် နောက်ထပ် မစုပ်ယူနိုင်တော့ကြောင်း ခံစားလိုက်ရပြီး အပြည့်အဝသန့်စင်ခံလိုက်ရပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

ပဲ့တင်ထပ်သံနန်းတော်သန့်စင်ခြင်းလုပ်ငန်းစဉ်တစ်ခု ပြီးမြောက်ခဲ့ပြီ.....

ပဲ့တင်ထပ်သံ နန်းတော်အတွင်းပိုင်းကို စစ်ဆေးကြည့်ရာ သိသာထင်ရှားလွန်းသော အပြောင်းအလဲများကို ရှာဖွေတွေ့ရှိနိုင်ခဲ့သည်။ နန်းတော်သည် ကျယ်ပြောစွာ ချဲ့ထွင်ထားပြီး နံရံများတွင်လည်း များပြားလှသော အလင်းရောင်များ ပျံ့နှံ့နေကာ တက်ကြွပြီး အသက်ဝင်နေသော အသွင်သဏ္ဍန်ရှိသည်။

ယခင်က ပဲ့တင်ထပ်သံနန်းတော်သည် ရွှံ့တဲနှင့်တူပါက၊ နတ်ဆိုးနန်းတော်သည် တောက်ပပြီး ခမ်းနားထည်ဝါသောနန်းတော်နှင့်တူသည်။

ဝုန်းးးးးး

တစ်ချိန်တည်းမှာပင်၊ နန်းတော်မှ မီးခိုးရောင်များ ဖြာထွက်လာပြီး ရေပဲ့တင်ထပ်သံ၏ ဝိညာဉ်ရေအိုင်အပေါ်အလင်းမိုးများရွှာသွန်းခဲ့သည်။

ထိတွေ့ရုံမျှဖြင့် ခြောက်သွေ့နေသောရေအိုင် ပြန်လည်အသက်ဝင်လာသည်ကို တွေ့နိုင်သည်။ အလင်းမိုးစက်များက ဝိဉာဉ်ရေအိုင်ကိုပြန်လည်ဖြည့်တင်းပေးနေသည့်အပြင် အရွယ်အစားကိုလည်း ချဲ့ထွင်ပေးနေသည်။

မဟုတ်ဘူး၊ ဒါဟာ ပြန်လည်တည်ဆောက်ခြင်းသက်သက် မဟုတ်ဘူး....တကယ်တော့ ရေကန်အရွယ်အစားကိုလည်း ဆက်လက် ချဲ့ထွင်နေတယ်......

၎င်း၏ယခင်ကန့်သတ်ချက်သို့ရောက်ရှိသော်လည်း တိုးချဲ့မှုပ ရပ်တန့်မသွားခဲ့ပေ။ ရေကန်ထဲတွင် ပဲ့တင်သံစွမ်းအားများ တိုးမြင့်လာသည်နှင့်အမျှ ရေကန်သည်လည်း ဆက်လက်ကြီးထွားလာသည်။

ရေကန်အတွင်း၌ သေးငယ်ပြီး တောက်ပသော နေရောင်သဖွယ်အလင်းတန်းများက ဝိညာဉ်ရည်များကို ပို၍ပင် သန့်စင်ပြီး အပြစ်အနာအဆာကင်းစေသည်။

ရလဒ်အနေဖြင့် လီလော့၏ ပဲ့တင်ထပ်သံစွမ်းအားများ အဆများစွာ တိုးပွားလာခဲ့သည်။

ဤသည်မှာ နတ်ဆိုးနန်းတော်ကို ပြုပြင်ခြင်းဖြင့် ရရှိလာသော အကျိုးကျေးဇူးပင်.....

လီလော့သည် နတ်ဆိုးနန်းတော်အဆင့်သို့ အမှန်တကယ် ဝင်ရောက်ခဲ့ပြီဖြစ်သည်။

တဟုန်ထိုးများပြားလာသော ပဲ့တင်ထပ်သံ စွမ်းအားများကို ခံစားလိုက်ရသောအခါ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပေ။

"ငါ့မှာ မြေသစ်သားပဲ့တင်ထပ်သံအတွက် မြေနတ်ဆိုးစွမ်းအင်တွေ ရှိသေးတယ်..."

မြေနတ်ဆိုးစွမ်းအင်ကြိုးမျှင် ဆယ်မျှင်ခန့်သာ ကျန်ရှိတော့သည်။ ထို့ကြောင့် ၎င်းတို့အားလုံးကို မြေသစ်သားပဲ့တင်ထပ်သံ နန်းတော်ဆီသို့ ပို့လွှတ်ခဲ့သည်။

"...မြေသစ်သားပဲ့တင်ထပ်သံနန်းတော်ကိုလည်းသန့်စင်ရမယ်....."

အစကတော့ ရေအလင်းပဲ့တင်ထပ်သံနန်းတော်ကိုတောင် အနိုင်နိုင်သန့်စင်ဖို့ကြိုးစားခဲ့ရသည်။သို့သော်၊ သွေးနီစွမ်းအင်ရေဝဲ၏ စွမ်းအားသည် သူ၏ စိတ်ကူးစိတ်သန်းကို ကျော်လွန်သွားကာ အံ့အားသင့်စရာများ ဖြစ်စေခဲ့သည်။

သူသာ ဒုတိယ ပဲ့တင်ထပ်သံ နန်းတော်အား လုံးလုံးလျားလျား သန့်စင်နိုင်လျှင် သူ၏ ခွန်အားကို အဆမတန် တိုးမြင့်လာစေနိုင်သည်။

ဤအချိန်တွင်၊ ပဲ့တင်ထပ်သံနှစ်ခုရှိခြင်း၏အကျိုးကျေးဇူးများကိုတွေ့မြင်နိုင်သည်။ အခြားသူများသည် နတ်ဆိုးနန်းတော်အဆင့်သို့ရောက်ရှိခြင်းမှ တစ်ကြိမ်သာ အကျိုးခံစားနိုင်သော်လည်း သူသည် အကျိုးကျေးဇူးနှစ်ဆရရှိမည်ဖြစ်သည်။ သူသည် တူညီသောအဆင့်တွင် အခြားသော ကျင့်ကြံသူများထက် ခေါင်းတစ်လုံစာမကသာလွန်နေမည်မှာ သေချာပါသည်။

ထိုသို့တွေးနေရင်းဖြင့် ကျန်ရှိသော မြေနတ်ဆိုးစွမ်းအင်များကို ပဲ့တင်ထပ်သံ နန်းတော်ထဲသို့ ပို့လွှတ်ကာ သန့်စင်ခြင်းလုပ်ငန်းစဉ်ကို စတင်ခဲ့သည်။

အားလုံးကို စားသုံးပြီးနောက် 70% ခန့်သာ ပြီးစီးခဲ့သည်။

"ထားလိုက်တော့ 70%ဆိုလည်း မဆိုးပါဘူး... "

ဝမ်းနည်းကြေကွဲမှုအချို့ ရှိခဲ့ပေမယ့် ကျေနပ်ခဲ့ပါသည်။ အတွေးအကြုံရှိလာသည့်အတွက် နောက်ပိုင်းတွင် မြေနတ်ဆိုးစွမ်းအင်ကို ပြန်လည်သန့်စင်ရန် ပိုမိုလွယ်ကူလာပေလိမ့်မည်။ ထို့ကြောင့် ဒုတိယ ပဲ့တင်ထပ်သံ နန်းတော်ကိုအပြည့်အဝသန့်စင်နိုင်ရန် အချိန်တစ်ခုသာလိုတော့သည်။

သူသည် နတ်ဆိုးနန်းတော်အဆင့်သို့ ဝင်ရောက်ခဲ့ပြီး ယခုအခါ အောင်းပိုင်ထက်ပင် သိသိသာသာ အားကောင်းနေပြီဖြစ်သည်။

အာရုံပြောင်းသွားချိန်တွင် သွေးနီးစွမ်းအင် ရေဝဲ ပျောက်ကွယ်သွားခဲ့သည်။ အကြိမ်ပေါင်းများစွာ ရှာဖွေကြည့်ရာ ဤလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို ဘယ်လိုမှ ရှာမတွေ့နိုင်ခဲ့ပေ။ ခဏလောက်စဉ်းစားပြီးမှ ရှာဖို့ကြိုးစားတာကို စွန့်လွှတ်လိုက်တော့သည်။

သူ့ရဲ့ အကောင်းဆုံး ခန့်မှန်းချက်ကတော့ ဒါက သူပိုင်ဆိုင်တဲ့သွေး စွမ်းအားတစ်မျိုးပင်ဖြစ်လိမ့်မည်.....

ဤသည်မှာ ကျောင်းအုပ်ကြီးဖန်ချန်ယွမ်သာ ပြောခဲ့သည့် ကောင်းကင်ဧကရာဇ်လီ၏ သွေးကြောများ ဖြစ်နိုင်သည်။

သူ့မှာ အရည်အသွေးကောင်းတဲ့ သွေးကြောတွေ ရှိပုံရတယ်.... အလယ်ပိုင်းကုန်းမြေမှာတောင် သူ့ကို ထူးခြားတယ်လို့ သတ်မှတ်ခံရနိုင်တယ်......

လီလော့ ပြုံးလိုက်မိသည်။ သူသည် စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်တွင် အသက်ရှင်နေထိုင်ရခြင်း၏ ကျေနပ်အားရမှုကို ခံစားခဲ့ရပြီး၊ အမှန်တကယ် ကြီးမားသော ဓနဥစ္စာ၏ အမွေဆက်ခံသူဖြစ်ကြောင်း ရှာဖွေတွေ့ရှိခဲ့လေပြီ.....

"အဖေရယ် အဖေ့မှာ ဒီလောက်အစွမ်းထက်တဲ့မျိုးရိုးနောက်ခံရှိနေပါရက်နဲ့ ဘာလို့ဝေးလံခေါင်သီတဲ့ အရှေ့ပိုင်းကုန်းမြေကို ပြေးလာရတာလဲ....သတို့သမီးအသစ်လေးနဲ့စွန့်စားခန်းထွက်လာကြတာလား....."

လီလော့ စိတ်ထဲကနေ အဖေဖြစ်သူကို ဝေဖနိလိုက်သေးသည်။

အခုတော့ အားလုံးပြီးသွားတော့ သူ့မျက်လုံးတွေ တဖန်တောက်ပလာပြန်သည်။

သို့သော် သူပထမဆုံးမြင်လိုက်ရသည်မှာ လှပသောမျက်နှာလေးတစ်ခုပင်.... ရေကန်လို ကြည်လင်နေသော သူမ၏ စွဲမက်ဖွယ်ကောင်းသော ရွှေရောင်မျက်လုံးများက သူ့ကို စူးစိုက်စိုက်ကြည့်နေသည်။ အရေးကြီးဆုံးကတော့ လီလော့ဟာ သူမရဲ့ အကြည့်တွေထဲမှာ စိုးရိမ်မှု အရိပ်အယောင်တွေကို မြင်နေခြင်းပင်.....

"ညီမ ချင်းအာ၊ ငါ..အောင်မြင်ခဲ့ပြီ"

ခသူ့ရှေ့မှ လှပသော မိန်းကလေးက ရှေ့တစ်လှမ်းတိုးကာ သွေးစွန်းနေသော လီလော့ကို လက်နှစ်ဖက်ဖြင့်ပွေ့ဖက်ထားကာ အလှပဆုံးရယ်ပြုံးနေလေ၏။

သူမ၏ နွေးထွေးသော ပွေ့ဖက်မှုသည် သူ့ရင်ခွင်ထဲတွင် တွယ်ကပ်နေသော်လည်း လီလော့၏ နှလုံးသားက ငြိမ်သက်နေပြီး ထိုအခိုက်အတန့်ကိုသာ အာရုံစိုက်နေပါသည်။

ဒီအချိန်မှာ သူတို့ကြားမှာ စီးဆင်းလာတဲ့ နွေးထွေးမှုကသာ အရေးကြီးဆုံးဖြစ်သည်။

All Chapters