← Chapters

ပဲ့တင်ထပ်သံသုံးခု.....

Vol. 44 Ch. 616

ပဲ့တင်ထပ်သံသုံးခု.....

Vol. 44 Ch. 616

လီလော့ ထိုညတွင် ထိုက်တန်စွာ အနားယူနိုင်ခဲ့သည်။

နံနက်ပိုင်းတွင်.....

ပြတင်းပေါက်ကိုဖွင့်ကာနေရောင်၏ တောက်ပမှုအောက်တွင် ခြေဆန့်ရင်း ပျင်းရိသမ်းဝေနေ၏။ မနေ့တနေ့က သူအောင်မြင်ခဲ့တဲ့ အောင်မြင်မှုတွေအကြောင်း တွေးရင်း အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

"နောက်ဆုံးတော့ မြေနတ်ဆိုးခန္ဓာအဆင့်ကိုရောက်ခဲ့ပြီ.... "

သက်ပြင်းချလိုက်ပြီး သူ့အကြည့်တွေထဲတွင် ဖုံးကွယ်လို့မရတဲ့ မာနတွေကိုမြင်နေရသည်။

လွန်ခဲ့သည့်တစ်နှစ်က သူသည် ဗလာနန်းတော်များသာရှိသူတစ်ဦးဖြစ်သည်။ ထို့နောက်တွင် သူသည်ရွယ်တူများအားလုံးထက် အဆပေါင်းများစွာ ကြောက်မက်ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် ကျင့်ကြံနိူင်သည့် ပဲ့တင်ထပ်သံနှစ်ခု အသုံးပြုသူ ဖြစ်လာခဲ့သည်။

ယခုဆိုလျှင် ကြယ်တာယာခရီးရှည်ကောလိပ်၏ ကြယ်နှစ်ပွင့်ခန်းမထဲ၌ပင် သူ့ကို ထိတွေ့ရန်ပင် နီးကပ်သူ တစ်ယောက်မျှ မရှိပေ။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် အသန်မာဆုံး ကြယ်နှစ်ပွင့်ကျောင်းသားဖြစ်သည့် အောင်းပိုင်းသည် ရှန့်ပိန်းတွေ့ဆုံပွဲအပြီးတွင် မြေနတ်ဆိုးခန္ဓာအဆင့်သို့တက်လှမ်းခဲ့သော်လည်း လီလော့ကို ယှဉ်နိုင်မည်မဟုတ်ပေ။

သူ၏ရလဒ်များနှင့် ကြီးမားသောတိုးတက်မှုများက အဆင့်ကိုးပဲ့တင်ထပ်သံရှိသူနှင့်ပင်နှိူင်းယှဉ်နိုင်သည်။

သို့သော်လည်း ဤအောင်မြင်မှုကို သူ၏ ကံကောင်းမှုအချို့ကြောင့်သာ ရရှိခဲ့မှန်း လီလော့ နားလည်ခဲ့ပါသည်။ သူ၏ သွေးသားစွမ်းအားကို နိုးကြားစေခြင်းဖြင့် များပြားလှသော မြေနတ်ဆိုးစွမ်းအင်များကို သန့်စင်အောင် ကူညီပေးခြင်းမဟုတ်ပါက၊ သူသည် ဤမျှ သန့်ရှင်းသပ်ရပ်စွာ အောင်မြင်နိုင်မည်မဟုတ်ပေ။ အကောင်းဆုံးကတော့ စစ်သူကြီးတပိုင်းအဆင့်တွင်ရှိနေပြီး အဆိုးဆုံးကတော့ သေခြင်းတရားပင်....

ကျန်ရှိနေသေးသည့် လေးနှစ်တာသက်တမ်းနှင့် မကြာမီရောက်ရှိလာမည့် အိမ်တော်စုဝေးပွဲကြောင့် သူ့ထံတွင်လည်း ရွေးချယ်စရာမရှိခဲ့ပေ။

လွန်ကဲသော အခြေအနေများမှတဆင့် အလားအလာများကို ညှစ်ထုတ်ဖို့သာရွေးချယ်ခဲ့ရသည်။

"ငါ့ရဲ့ ရေအလင်း စွမ်းအားက အရင်ကထက် အဆများစွာ ပိုမိုသိပ်သည်းလာပုံရတယ်..."

လီလော့သည် သူ၏ ပဲ့တင်ထပ်သံ နန်းတော်အား သိမ်းပိုက်လိုက်သော လှိုင်းလုံးကြီးများကို ခံစားနိုင်သည်။ထိုစွမ်းအားများက ယခင်ကထက် လုံးဝ သာလွန်ပြီး သူ့အတွက် မယုံနိုင်စရာပင်။ ဆရာသခင်အဆင့်နှင့်စစ်သူကြီးအဆင့်ကြားတွင်ထိုကဲ့သို့သောကွာဟချက်ကြီးမားခဲ့သည်မှာအံ့သြစရာတော့မဟုတ်ပေ။

ထို့အပြင်၊ သူ့တွင် ပဲ့တင်ထပ်သံနှစ်ခုရှိသောကြောင့် သစ်သားပဲ့တင်ထပ်သံကို အပြည့်အဝသန့်စင်လိုက်သည်နှင့်အမျှ ကွာခြားချက်က ပို၍ကြီးမားလာမည်ဖြစ်သည်။

ပဲ့တင်ထပ်သဲစွမ်းအားတွေ သိသိသာသာ တိုးလာတဲ့ ခံစားချက်ကို အပြည့်အ၀ ခံစားပြီးနောက် လီလော့က ပြတင်းပေါက်ကို ပိတ်ပြီး တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။

သူ့အကြည့်ထဲတွင် ပြင်းထန်သောမျှော်လင့်ချက် အရိပ်အယောင်များ ပေါ်လွင်နေသည်။

သူနောက်ထပ်လုပ်မယ့်အရာက နတ်ဆိုးနန်းတော်အဆင့်ထက်ပိုကြီးမားသော အောင်မြင်မှုမျိုးပင်......

ယင်းသည် သူ၏ တတိယမြောက် ပဲ့တင်ထပ်သံကို ရယူခြင်းပင်...

သူ့ထံတွင် ပဲ့တင်ထပ်သံနန်းတော်သုံးခုရှိနေသည်ကို ပထမဆုံးရှာဖွေတွေ့ရှိသောအခါ၊ ဝမ်းမြောက်ခြင်းနှင့်ဝမ်းနည်းခြင်းများစွာကို ဆောင်ကြဉ်းပေးခဲ့သည်။ ပဲ့တင်ထပ်သံနန်း

တော်သုံးခုရှိခြင်းသည် ဘုရင်တစ်ပါး၏ အမှတ်အသားဖြစ်သည်။

ရှပြည်ထောင်စုတွင်ပင် ဘုရင်အဆင့်ဟူဖ န်ချန်ယွမ်တစ်ယောက်သာရှိသည်။ထို့ကြောင့် ဘုရင်အဆင့်ရောက်ရန်မည်မျှခက်ခဲကြောင်းနားလည်နိုင်သည်။

ထို့ကြောင့်၊ ပဲ့တင်ထပ်သံနန်းတော်သုံးခုပိုင်ဆိုင်ခြင်းသည် မနာလိုစိတ်ဖြင့်ပင် သတ်ပစ်နိုင်သည့်အချက်ပင်....

ဤသည်မှာ ကောင်းကင်ဘုံမှ ပေးအပ်ထားသော ပါရမီရှင်အစစ်အမှန်ပင် ဖြစ်သည်။

ထိုအချိန်တွင် လီလော့သည် သူ့ကိုယ်သူ ဒဏ္ဍာရီများ၏ ဇာတ်ဆောင်အဖြစ် စိတ်ကူးခဲ့ဖူးသည်။ သို့ပေမယ့် ကြီးကျယ်ခမ်းနားတဲ့ အိပ်မက်တွေ အားလုံးဟာ ခဏအကြာမှာ ပြိုပျက်သွားခဲ့ရသည်။

နန်းတော်သုံးခုစလုံးက ဗလာဖြစ်နေခဲ့သည်။

သူသည် ပဲ့တင်ထပ်သံနန်းတော်သုံးခုကို အမှန်တကယ် ပိုင်ဆိုင်ထားသော်လည်း ပဲ့တင်ထပ်သံတခုမျှ မရှိပေ။

ထိုမြင်ကွင်းကြောင့် လီလော့ အံသြသွားခဲ့သည်။

ပဲ့တင်ထပ်သံမရှိမှတော့ ပဲ့တင်ထပ်သံနန်းတော် ဘယ်နှခုရှိရှိအရေးမကြီးတော့ပေ။

ကံကြမ္မာဆိုးနှင့် ကြေကွဲစရာများ အမှန်တကယ် ကြုံလာရပြီး လီလော့ မူးလဲလုနီးပါး ဖြစ်ခဲ့ရသည်။

ဘဝက သူ့ကို လှည့်စားလွန်းတယ်.....

သို့သော် သူ့မိဘများက သူ့အား ပဲ့တင်ထပ်သံတုပဖန်တီးခြင်းပညာရပ်ဖြင့် ဤတွင်းနက်ကြီးထဲမှဆွဲထုတ်ရန် စီမံထားသည်။ယခုဆို ရွယ်တူများကို ကျော်တက်ပြီး စစ်သူပြီးအဆင့်သို့ပင်ရောက်နေခဲ့ပြီ.... ယခုမူ သူသည် တတိယမြောက် ပဲ့တင်ထပ်သံကို ရယူရန် အဆုံးအဖြတ်ထားပြီး အချိန်အတော်ကြာအောင် မျှော်မှန်းထားခဲ့သောနေ့ကို ရောက်ရှိလာခဲ့ချေပြီ......

လီလော့ လက်ဖဝါးကို မြှောက်လိုက်တော့ ရွှေရောင်တြိဂံလှည်းဘီးတစ်ခု ပေါ်လာသည်။ အလယ်ဗဟိုတွင် မီးတောက်လေးတစ်စင်း တောက်လောင်နေသည့်နှယ် အပေါက်တစ်ခုရှိသည်။ တစ်လကြာ အာဟာရကျွေးပြီးနောက် ယခင်က မတည်မငြိမ်ဖြစ်နေသော မိုးကြိုးနဂါးပဲ့တင်ထပ်သံသည် နောက်ဆုံးတွင် ပိုမိုတည်ငြိမ်လာသည်။

".... မိုးကြိုးနဂါး ပဲ့တင်ထပ်သံ...."

လင်းထိန်နေသော မီးတောက်ကို စိုက်ကြည့်ရင်း သူ့အကြည့်များကလည်း တောက်လောင်နေသည်။ သူသည် ဤနေ့မျိုးရောက်ရန် အချိန်အတော်ကြာစောင့်စားနေခဲ့ရသည်။

တတိယမြောက်ပဲ့တင်ထပ်သံကို ရယူပြီးပါက အဆင့်ကိုးပဲ့တင်ထပ်သံသံရှိသူပင်လျှင် သူ့ကို သတိထားနေရတော့မည်။

သူသည် ကျင်းထန်ရှု၏ အဆင့်ကိုးတပိုင်းပဲ့တင်ထပ်သံကို နောက်ကောက်ချန်ခဲ့နိူင်လိမ့်မည်။

သို့သော်လည်း ပဲ့တင်ထပ်သံနှစ်ကိုပင် ရေလည်အောင် မပေါင်းစည်းနိူင်သေးသည့်အတွက် သုံးခုသာဆိုလျှင် ခက်ခဲမှုက သုံးဆပိုလာလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ၊ သူ့ပြိုင်ဘက်တွေကို အရေအတွက်နဲ့ ပြတ်ပြတ်သားသား အနိုင်ပါသေးသည်။

သူ့တွင် ရူးချင်စရာကောင်းလောက်သည့် ပဲ့တင်ထပ်သံ အရေအတွက်ရှိပြီး ၎င်းသည် တူညီသော အဆင့်တွင် မည်သည့်ပြိုင်ဘက်ကိုမဆို ကျော်လွှားနိုင်စေမည်ဖြစ်သည်။

"ဒါကို ရယူဖို့ဘယ်လောက်ပေးဆပ်ရမှာလဲ......"

လီလော့ တွေးနေရင်းကနေ စိတ်ရှုပ်လာသည်။ ရရှိထားသော ပဲ့တင်ထပ်သံများသည် ထူးခြားပြီး တစ်ခုချင်းစီနှင့် ပေါင်းစပ်ရန်အတွက် သူသည် စျေးနှုန်းတစ်ခု ပေးဆောင်ရမည်ဖြစ်ပါသည်။ ပထမက အပြင်းထန်ဆုံးဖြစ်ပြီး အသက်ရှင်ဖို့ အချိန်ငါးနှစ်သာကျန်တော့သည်။ ဒုတိယအချက်ကတော့ သူ့ရဲ့အခြေခံအုတ်မြစ်ကို ဖြုန်းတီးပစ်လိုက်တာပါပဲ... ကံကောင်းထောက်မစွာနဲ့ ပေါင်ပေါင်က ဤပြဿနာကို ကူညီဖြေရှင်းပေးခဲ့သည်။ မဟုတ်ရင် အနာဂတ်မှာ အဆုံးမဲ့ ဒုက္ခတွေက သူ့ကို စောင့်ကြိုနေပါလိမ့်မည်။

တတိယ ပဲ့တင်ထပ်သံကရော....... တစ်ခုတည်းသောမေးခွန်းမှာ သူ၏ မြေနတ်ဆိုးခန္ဓာအဆင့် ခွန်အားက ဒီတန်ဖိုးကို တတ်နိုင်ပါ့မလား......

သို့တိုင် သူသည် နောက်ပြန်လှည့်လို့မရသောလမ်းပေါ်ခြေချခဲ့ပြီဖြစ်သည့်အတွက် မည်သည့်အဖိုးအခကိုမဆို ပေးဆောင်ရပါလိမ့်မည်။

ထိုအချိန်တွင် သူသည် လက်ကို မြှောက်ကာ မိုးကြိုးနဂါး ပဲ့တင်ထပ်သံကို ၎င်း၏ အသိုက်မှ ဖယ်ထုတ်လိုက်ပြီး မဆိုင်းမတွ မျိုချကာ ရရှိထားသော ပဲ့တင်ထပ်သံရယူခြင်းပညာရပ်ကို အသက်သွင်းလိုက်သည်။

ဝုန်းးးးးးးးးး

ထိုအချိန်တွင် သူ့ခန္ဓာကိုယ်ထဲတွင် ပြင်းထန်သောဟိန်းဟောက်သံများနှင့် မိုးခြိမ်းသံများဖြင့် ပဲ့တင်ထပ်နေပုံရသည်။ လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းတစ်ခုက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး သူ၏ တတိယမြောက် ဗလာနန်းတော်ဆီသို့ တိုက်ရိုက် ခုန်ဆင်းသွားသည်။

တစ်ချိန်တည်းမှာပင် သူ၏ ပဲ့တင်ထပ်သံ စွမ်းအားနှင့် သွေးအဆီအနှစ်များကို ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် စားသုံးနေသည်ကို ခံစားနိုင်သည်။

"ထိန်းနိုင်မယ်လို့ပဲ မျှော်လင့်ပါတယ်!"

လီလော့၏ အိပ်ခန်းတံခါးကို မိုးလင်းမှ ညနက်သည်အထိ တင်းတင်းကျပ်ကျပ် ပိတ်ထားခဲ့သည်။

နောက်ဆုံးတော့ တံခါးကို အသာအယာတွန်းဖွင့်လိုက်ပြီး လီလော့၏ တုန်ယင်နေသော ခန္ဓာကိုယ် ထွက်လာသည်။ သူ့အသားအရေက သွေးမရှိတော့သလိုဖြူစွတ်နေပြီး သူ့ခန္ဓာကိုယ်ကလည်း အနည်းငယ် နွမ်းလျနေပုံရသည်။ သူသည် ပဲ့တင်ထပ်သံ စွမ်းအားများ ခြောက်ကပ်ခြင်းကို ခံစားခဲ့ရရုံသာမက သွေးအဆီအနှစ်များလည်း လုံးလုံးလျားလျား ကုန်ဆုံးသွားခဲ့သည်။ ခန္ဓာကိုယ်ကိုကြံ့ခိုင်စေသည့် မိုးကြိုးနတ်ဘုရားကြောင့်သာမဟုတ်လျှင် အရိုးအသားတောင်ကျန်တော့မည်မထင်......

ရလဒ်အနေဖြင့် လီလော့သည် အလွန်အားနည်းသောခံစားချက်ကို ခံစားခဲ့ရသည်။

လှုပ်ရမ်းနေသော လက်သီးများဖြင့် တံခါးဘောင်ကို ပေါ့ပေါ့ပါးပါး ခေါက်လိုက်ပြီး အိမ်အကူကို ခေါ်လိုက်သည်။

"ကျေးဇူးပြုပြီး ငါ့အတွက် ထမင်းတစ်နပ် စီစဉ်ပေးပါ... ဖြစ်နိုင်ရင် ငါ့ရဲ့ သွေးအဆီနှစ်ကို ဖြည့်ပေးနိုင်တဲ့ စားစရာတခုခု ငါ့အခန်းထဲကို အမြန်ပို့ပေးပါ....ဒီကိစ္စကို ချင်းအာမသိစေနဲ့....."

ညသန်းခေါင်မှာ လီလော့ ရဲ့ ဖြူဖျော့တဲ့ မျက်နှာအမူအရာကို မြင်လိုက်ရတဲ့ အိမ်အကူမလေးဟာ သရဲတစ္ဆေနှင့် တွေ့သကဲ့သို့ ထိတ်လန့်နေရှာသည်။ ထို့နောက်တွင် သူမ၏အမူအရာက အနည်းငယ်ထူးဆန်းသွားပြန်သည်။ ညဥ့်နက်နေပြီဖြစ်သော်လည်း လီလော့သည် အကြောင်းပြချက်တစ်ခုခုကြောင့် အလွန်အမင်းအားနည်းနေပုံရသည်။

"သခင်လေး ဘာတွေများလုပ်ခဲ့လို့ အခုလိုရုတ်တရက်ကြီး ပြောင်းလဲသွားတာလဲ....."

အိမ်အကူက လီလော့၏အခန်းထဲသို့ တစ်ချက်ကြည့်လိုက်သည်။

ဘယ်လိုမိန်းမရွှင်ကများ သခင်လေးကို အခုလိုချိနဲ့သွားအောင်မြှုစွယ်ခဲ့တာလဲ.. ...ဒါ့ကြောင့်လည်း သခင်လေးက သခင်မလေးကိုပေးမသိစေချင်တာနေမယ်.....

"မြန်မြန်!"

အိမ်အကူလေး တွေဝေငေးငိုင်နေသည့်အတွက် လီလော့က သူမကို အလျင်အမြန် အော်ဟစ်လိုက်သည်။

အိမ်အကူလေးက နှစ်ခါပြန်မပြောဘဲ သခင်ငယ်၏တောင်းဆိုမှုကို ကျေနပ်စေရန် ဆောလျင်စွာ ထွက်ခွာသွားသည်။

ထို့နောက် လီလော့သည် အခန်းထဲပြန်ဝင်ကာ တံခါးကိုပိတ်လိုက်သည်။ သူသည် အသက်ရှုကြပ်ပြီး မောပန်းနွမ်းနယ်နေသော်လည်း သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပွင့်လန်းလာသည်။

သူသည် ကြီးလေးသောအကျိုးဆက်များမရှိဘဲ တတိယပဲ့တင်ထပ်သံကို ရရှိခဲ့ပြီ......

ယခုအချိန်မှစ၍ သူ၏ ပဲ့တင်ထပ်သံနန်းတော်သုံးခုစလုံးတွင် ပဲ့တင်ထပ်သံများရှိနေခဲ့ပြီ........

All Chapters