← Chapters

ရူးသွပ်သွားသော ရွှီချင်း

Vol. 42 Ch. 630

ရူးသွပ်သွားသော ရွှီချင်း

Vol. 42 Ch. 630

မှောင်ရီနေသော ကောင်းကင်ယံတွင် တိမ်တိုက်များသည် ရွေ့လျားထကြွလာကြပြီး နတ်ဘုရားထံမှ ဖိအားသည် ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသည်။

သူ၏ အသိစိတ်ထဲမှာ တဝီဝီမြည်သံများ ဆက်လက်ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်သည် ထိန်းချုပ်မရအောင် တုန်ရီလာသည်။ သူသည် ပျံသန်းနိုင်စွမ်းကို ဆုံးရှုံးသွားပြီး ပုပ်သိုးဆွေးမြေ့နေသော မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။

မြေကြီးပေါ်သို့ သူပြုတ်ကျသွားသောအခါ သူ၏ ခန္ဓာကိုယ်ထဲမှ ကိုယ်တွင်းအင်္ဂါများသည် အပြင်းအထန် လှုပ်ခါသွားကြသည်။ သူသည် ပါးစပ်အပြည့်သွေးကို အန်ထုတ်လိုက်ရသည်။

သွေးသည် သူ၏ ဒွရခုနစ်ပေါက်ထဲမှ စီးကျလာသည်။ ကြောက်မက်ဖွယ်ရာဖိအားကြောင့် အက်ကွဲရာများသည် သူ၏ ခန္ဓာကိုယ်ပေါ်မှာ ပေါ်ထွက်လာကြသည်။

အသွေးအသားသည် ဟက်တက်ကွဲထွက်သွားသည်။

သူ၏ ဓားကိုင်တာအိုဝတ်ရုံဖြူသည် မျက်စိတစ်မှိတ်အတွင်း သွေးဖြင့် ရွှဲရွှဲစိုသွားသည်။

တစ်ချိန်တည်းမှာ ပြင်းထန်သော နာကျင်မှုသည် သူ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွား၏။ ရွှီချင်းသည် ကျားကုတ်ကျားခဲ ခေါင်းမော့လိုက်ပြီး အဝေးမှ မိုးကုပ်စက်ဝိုင်းဆီသို့ လှမ်းကြည့်လိုက်သည်။

သူ၏ အမြင်အဆုံးမှာ ရာပေါင်းများစွာသော ယဇ်ကောင်ဝိညာဉ်များအပြင် နေရာတိုင်းတွင် မျောလွင့်ကူးခတ်နေကြသော အစိမ်းရောင်မြူမှိုင်းများသည်လည်း ဆယ်ခုထက်မနည်း ရှိကြသည်။ ၎င်းတို့သည် နဂါးများ၊ မြွေများသဖွယ် အရပ်ရှစ်မျက်နှာသို့ ပဲ့တင်ထပ်သွားစေမည့် ဟိန်းသံများကို ထုတ်ဖော်နေကြသည်။

ရွှီချင်းအမြင်မှာ ထိုအရာအားလုံးသည် ရိုးရာဓလေ့တစ်ခုနှင့် ဆင်တူ၏။

“ နတ်ဘုရားထံ ပေးအပ်ခြင်း… ”

ယင်းသည် ရွှီချင်းအတွက် ပထမဆုံးအကြိမ် နတ်ဘုရားတစ်ပါးကို မြင်ဖူးခြင်းမဟုတ်ပေ။ သို့သော်လည်း ဘဝအဆင့်အတန်းကွာခြားမှုမှ ဖြစ်ပေါ်လာသော မလှုပ်ရှားနိုင်သည့် ခံစားမှုနှင့် တုန်လှုပ်ခြောက်ခြားမှုတို့ကို သူတွန်းလှန်နိုင်ခြင်း မရှိသေးပေ။

အဆုံးသတ်မှာတော့ ထိုဖိအားသည် ခုခံတားဆီးရန် မဖြစ်နိုင်သော အထွတ်အထိပ် စိတ်ဆန္ဒတစ်ခုသို့ ပြောင်းလဲသွားပြီး နတ်ဘုရားအစွမ်းဖြစ်လာချေသည်။

ယင်းက ရွှီချင်း၏ အသိစိတ်ကို ဖိနှိပ်ပြီး သူ့အား ဝိညာဉ်ဆုတ်ဖြဲခံရသည့် နာကျင်မှုမျိုးကို ခံစားရစေသည်။

တားမြစ်အဆိပ်စွမ်းအားသည် သူ၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားသော်လည်း ယင်းကို မတားဆီးနိုင်ပေ။

ယင်းသည် တစ္ဆေလှိုင်ဂူထဲမှာ သူမြင်ခဲ့ရသော နတ်ဘုရားမျက်လုံးနှင့် ခြားနားသည်။ ချူထျန်းချွင်၏ ခန္ဓာကိုယ်ပေါ်မှ နတ်ဘုရားအစွမ်းနှင့်လည်း ခြားနားပေသည်။

သူတို့၏ ဖိအားသည် ဘေးပတ်ဝန်းကျင်ကို ပုံပျက်တွန့်လိမ်စေပြီး ကမ္ဘာကို မှုန်ဝါးစေမည်ဖြစ်၏။ ထို့နောက် လူတိုင်း၏ အသွေးအသားသည် အသက်ဝင်လာကြလိမ့်မည်။ လူ့ခန္ဓာကိုယ်ထဲမှ အစိတ်အပိုင်းအမျိုးမျိုးသည် မရေမတွက်နိုင်သော သီးခြားသက်ရှိများအဖြစ်သို့ ကွဲထွက်သွားကြတော့မည့်အလား ခံစားရလိမ့်မည်။

သို့သော်လည်း ယခု ကောင်းကင်ရှိ မျက်လုံးထံမှ ထုတ်လွှတ်နေသော စွမ်းအားသည် သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က ဆုတ်ဖြဲခံနေရသည့်အလား ပြင်းထန်သော နာကျင်မှုကို ခံစားရစေလိမ့်မည်။

“ နတ်ဘုရားတစ်ပါးလိုပဲ… ဒါပေမဲ့ နတ်ဘုရားမဟုတ်ဘူး… ”

နတ်ဘုရားအစွမ်းက ရွှီချင်းကို လွှမ်းခြုံသွားသောအခါ မရေမတွက်နိုင်သော အော်ငိုသံများနှင့် ဟိန်းသံများသည် အသားတောင်ကုန်း၏ အောက်ခြေရှိ နန်းတော်ထဲမှ ပဲ့တင်ထွက်လာကြသည်။

နောက်တစ်စက္ကန့်မှာ ကြောက်မက်ဖွယ်အရှိန်အဝါနှင့် မရေမတွက်နိုင်သော မကောင်းဆိုးဝါးတစ္ဆေများသည် နန်းတော်ထဲမှ တစ်ဟုန်တိုး ပြေးထွက်လာကြသည်။

သူတို့အားလုံးသည် အလွန်အမင်း ရက်စက်ကြမ်းကြုတ်ပုံပေါ်သည်။ အကောင်ကြီးများသည် ပေတစ်ထောင်ခန့် ရှည်လျားကြပြီး အကောင်ငယ်များသည် ပေတစ်ရာခန့် ရှည်လျားကြသည်။

တချို့သည် မြွေခန္ဓာကိုယ်ဖြစ်ကြပြီး တချို့သည် လူသားခန္ဓာကိုယ်ဖြစ်ကြသည်။ သူတို့တစ်ဦးချင်းစီ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော အားလှိုင်းအတတ်အကျသည် စောစောတုန်းက ရွှီချင်းမြင်တွေ့ခဲ့သော ဖီးနစ်ထက် သာလွန်၏။

သိသာစွာပင် နန်းတော်ထဲ၌ နတ်ဘုရားကို ဝတ်ပြုဆုတောင်းရန် အရည်အချင်းပြည့်မီသူများသည် သူတို့အသက်ရှင်ခဲ့စဉ်က ကြောက်မက်ဖွယ်ရာ ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ခဲ့ကြသူများ ဖြစ်ကြသည်။

သူတို့၏ အရေအတွက်သည် အလွန်တရာများပြားပြီး အဆုံးမရှိပေ။

မည်သို့ဖြစ်စေ ဤမဟာလောကသည် ဝိညာဉ်အင်ပါယာ၏ မဟာလောကဖြစ်ပြီး ၎င်း၏ မျိုးနွယ်ဝင်အားလုံး အသတ်ခံခဲ့ရသည့်နေရာ မဟုတ်ပါလော။ အမှန်တော့ ဤကမ္ဘာထဲတွင် ထိုကဲ့သို့နန်းတော်များ တခြားနေရာများတွင်လည်း ရှိနေနိုင်ကြောင်း ရွှီချင်း ခန့်မှန်းမိသည်။

သူ့ထံသို့ မရေမတွက်နိုင်သော မကောင်းဆိုးဝါးဝိညာဉ်များနှင့် အလောင်းကောင်များ ချဉ်းကပ်လာနေကြသည်ကို မြင်သောအခါ ရွှီချင်း၏ မျက်လုံးထဲ၌ ရူးသွပ်မှု ထွက်ပေါ်လာသည်။

သူ၏ ညာလက်သည် ကြည်လင်ရှင်းလင်းလာပြီး ရင်ဘက်ထဲသို့ တုံ့ဆိုင်းခြင်းမရှိဘဲ ထိုးဖောက်ဝင်ရောက်သွားသည်။ သူ၏ လက်သည် စတုတ္ထနတ်နန်းတော်ထဲသို့ ဝင်ရောက်သွားပြီး နန်းတော်အထဲမှ ခရမ်းလကို ဖမ်းဆုပ်လိုက်သည်။

ထို့နောက် သူသည် ခရမ်းလကို အပြင်သို့ ဆွဲထုတ်လိုက်သည်။

ခရမ်းရောင်အလင်းသည် ရွှီချင်း၏ ရင်ဘက်ထဲမှ ပေါ်ထွက်လာသည်။ အတိတ်မှာ ချူထျန်းချွင်နှင့် သူတိုက်ခိုက်ခဲ့စဉ်ကအတိုင်း ရွှီချင်းသည် ခရမ်းလအား ကိုင်ထားသောလက်ကို မြှောက်တင်လိုက်ပြီး နက်ရှိုင်းသော အသံဖြင့် မာန်ပါပါအော်လိုက်သည်။

“ နောက်ဆုတ်ကြစမ်း ”

ဤတစ်ကြိမ်တွင် သူသည် နတ်ဘုရားအစွမ်းအား ခုခံတားဆီးရန် ခရမ်းလစွမ်းအားကို အသုံးပြုနေခြင်း မဟုတ်ချေ။ ယင်းအစား ခရမ်းလကို သူမြှောက်တင်လိုက်စဉ် မည်သည့်အစွမ်းကိုမှ ထိန်ချန်မထားတော့ဘဲ ယင်း၏ နတ်စွမ်းအင်အရင်းအမြစ်ကို အပြည့်အဝ အသက်သွင်းလိုက်သည်။

ထိုအခိုက်အတန့်မှာ ကမ္ဘာ၏ အရောင်သည် ပြောင်းလဲသွားသည်။

လေနှင့် တိမ်တိုက်များ တိုက်ခတ်ရွေ့လျားသွားကြသောအခါ တောက်ပသော ခရမ်းရောင်အလင်းတန်းသည် ရွှီချင်း၏ ညာဘက်လက်ချောင်းများကြားထဲမှ တိုးထွက်လာပြီး ကောင်းကင်ဆီသို့ ပျံတတ်သွားကာ ခရမ်းအလင်းတိုင်တစ်ခုကို ဖြစ်ပေါ်စေသည်။ ယင်းက ကောင်းကင်အထိ ထိုးတတ်သွားသောအခါ စက်ကွင်းကဲ့သို့ အားလှိုင်းများသည် တိမ်တိုက်များထဲမှာ ပျံ့လွင့်ထွက်ပေါ်လာကြသည်။

အားလှိုင်းစက်ကွင်းများကြောင့် တိမ်တိုက်များသည် ပြန့်ကျဲသွားကြပြီး ထိုနေရာမှာ ခရမ်းလတစ်စင်း ပေါ်ထွက်လာသည်။

ဤအခိုက်အတန့်မှာ သူတို့သည် အချင်းချင်း အလင်းပြန်နေကြသည်။

အဆုံးမရှိသော ခရမ်းမြူခိုးသည် လေပြင်းမုန်တိုင်းတစ်ခုအသွင် ဖြစ်တည်လာပြီး ရွှီချင်း၏ အနီးနားနှင့် ခရမ်းအလင်းတိုင်၏ ဘေးပတ်ပတ်လည်၌ ဝန်းရံလိုက်ကာ ကမ္ဘာနှင့် ဆက်သွယ်နေသည်။

အကယ်၍ ခရမ်းလစွမ်းအားကို ရွှီချင်း သတိထားအသုံးပြုခဲ့စဉ်က ထွက်ပေါ်လာခဲ့သော အားလှိုင်းအတတ်အကျ၏ ပြင်းအားကို တစ်ဟုယူဆမည်ဆိုပါက…

အတိတ်တုန်းက ချူထျန်းချွင်နှင့် တိုက်ပွဲတွင် အားလှိုင်းအတတ်အကျ၏ ပြင်းအားသည် တစ်ဆယ်ရှိလိမ့်မည်။

ယခု ပြင်းအားသည် တစ်ရာအထိ ရောက်ရှိသွားပြီ ဖြစ်၏။

ပုံမှန်အားဖြင့် ထိုသို့ စွမ်းအားအပြည့် ထုတ်လွှတ်ခြင်းသည် အားကောင်းသော အချက်ပြမှုတစ်ခုကို ဖြစ်ပေါ်စေလိမ့်မည်။

ခရမ်းလကို ထိုသို့အသုံးပြုရသည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ အနီရောင်လကို ဆွဲဆောင်ရန် ဖြစ်ပေသည်။

ချက်ချင်းဆိုသလို ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်သွားစေမည့် အထွတ်အထိပ် နတ်ဘုရားအစွမ်းတစ်မျိုးသည် ဤမဟာလောက၏ အပြင်ဘက်၌ ပေါ်ထွက်လာသည်။ ၎င်းသည် တစ်စုံတစ်ခုကို ရှာဖွေနေသည့်အလား ဟင်းလင်းပြင်ကို ရှင်းလင်းဖြတ်ကျော်သွားသည်။

၎င်းဖြတ်ကျော်သွားသည့်နေရာတိုင်း ဟင်းလင်းပြင်သည် ပြိုလဲပျက်စီးသွားသည်။ ကမ္ဘာငယ်များသည် လှုပ်ခါသွားကြပြီး အက်ကွဲသွားကြသည်။

ဝိညာဉ်အင်ပါယာ၏ မဟာလောကသည်လည်း လှုပ်ခါသွားသည်။ ဤအခိုက်အတန့်မှာ ကောင်းကင်သည် ခြောက်ခြားဖွယ်ကောင်းစွာ အနီရောင်သို့ ပြောင်းလဲသွားသည်။

ဖော်မပြနိုင်အောင် အလွန်မြင့်မားသော တည်ရှိမှုတစ်ခုသည် ဤနေရာကို အချိန်မရွေးရှာတွေ့သွားနိုင်ပြီး ဤနေရာပေါ်သို့ သက်ဆင်းလာတော့မည့်ဟန်ရ၏။

ထိုမြင်ကွင်းသည် ရွှီချင်းထံသို့ တစ်ဟုန်ထိုး ပြေးလာနေကြသော အလောင်းကောင်များနှင့် မကောင်းဆိုးဝါးတစ္ဆေများကို ချက်ချင်း ရပ်တန့်သွားစေသည်။

သူတို့၏ ရက်စက်ကြမ်းကြုတ်သော အမူအရာပေါ်မှာ အဆုံးမဲ့အကြောက်တရားက ပြောင်းလဲထွက်ပေါ်လာသည်။

အဝေးမှ နန်းတော်နှင့် အသားတောင်ကုန်းသည်လည်း တုန်ခါလာကြပြီး ကောင်းကင်ယံမှ အက်ကွဲကြောင်းသည် ရုတ်တရက် ကျုံ့သွားသည်။

ထိုအဖြစ်အပျက်အားလုံးကို ကြည့်နေလျက် ရွှီချင်း၏ မျက်လုံးထဲ၌ တစ်ခါမှမဖြစ်ဖူးသော ရူးသွပ်မှုတို့ ထွက်ပေါ်လာသည်။ သူသည် ခရမ်းလကို မြင့်မြင့်မြှောက်ထားလိုက်ပြီး ကောင်းကင်ထဲမှ အက်ကွဲကြောင်းကို ကြည့်လိုက်သည်။

“ မင်းက ဝိညာဉ်အင်ပါယာဟုတ်မဟုတ် ငါမသိဘူး… ဒါပေမဲ့ မင်းကို သူလို့ ငါမှတ်ယူလိုက်မယ် ”

“ မင်းက ယဇ်ပူဇော်မှုကို လက်ခံနိုင်ပြီး ဒီက ဗရုတ်သုတ်ခ ဝိညာဉ်တွေကို မင်းအတွက် ယဇ်ပူဇော်ပေးဖို့ လုပ်ဆောင်နိုင်တယ်ဆိုမှတော့ မင်းမှာ အသိစိတ်မရှိဘူးဆိုတာ ငါမယုံဘူး… ဒါဆို ငါ့လက်ထဲကဟာက ဘာလဲဆိုတာ မင်းသိလောက်မယ် ”

ရွှီချင်း၏ စကားဆုံးသည်နှင့် ကျယ်လောင်သော မိုးခြိမ်းသံများသည် ကမ္ဘာထဲမှာ တရစပ် မြည်ဟိန်းထွက်လာကြသည်။ ထိုအသံများသည် အလွန်အမင်းကျယ်လောင်ကြပြီး နေရာတိုင်းကို ဆူညံသွားစေသည်။ မြေပြင်ကို အလင်းရောင်ထွန်းလင်းပေးမည့် လျှပ်စီးသွားများသည်လည်း အတန်းလိုက် ဖြတ်သန်းသွားကြသည်။

နတ်ဘုရားအစွမ်းသည် ယခင်ကထက် ပို၍မြင့်မြတ်ထည်ဝါလာ၏။

“ တကယ်လို့ ငါသေသွားရင်ဖြစ်စေ ဒါမှမဟုတ် ငါဆန္ဒရှိရင်ဖြစ်စေ ငါ့ရဲ့ မိခင်နတ်ဘုရားမက ဒီကို ဆင်းသက်လာလိမ့်မယ် ”

ထိုနတ်ဘုရားအစွမ်းအောက်မှာ ရွှီချင်း၏ ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ခါလာသည်။ သို့သော်လည်း သူ၏ မျက်လုံးထဲမှ ရူးသွပ်မှုသည် စိုးစဉ်းမှ လျော့ကျမသွားပေ။

“ တကယ်လို့ သူသာ မင်းလိုတည်ရှိမှုမျိုးကို ရှာတွေ့သွားမယ်ဆိုရင် အရမ်းပျော်သွားမှာ သေချာတယ်… အဲ့ဒီအခါ မင်းက သူ့အတွက် စားစရာဖြစ်လာလိမ့်မယ် ”

ရွှီချင်း၏ စကားသံ ပဲ့တင်ထပ်သွားသည်နှင့် နတ်ဘုရားအစွမ်းသည် ပို၍ပြင်းထန်လာသည်။ ကမ္ဘာသည် တုန်ခါလာပြီး သူ၏ အနီးနားဝန်းကျင်မှ ကြောက်စရာကောင်းသော အလောင်းကောင်များနှင့် မကောင်းဆိုးဝါးဝိညာဉ်များသည် တစ်ကောင်ပြီးတစ်ကောင် နာနာကျင်ကျင် အော်ဟစ်ညည်းညူလိုက်ကြရသည်။

“ နောက်ပြန်ဆုတ်လိုက်… တကယ်လို့ မင်းရှေ့တစ်လှမ်း တိုးရဲတာနဲ့ ငါ့မိခင်နတ်ဘုရားမကို ဒီကမ္ဘာဆီ ဆင်းသက်လာဖို့ လမ်းညွှန်လိုက်မယ် ”

ရွှီချင်းသည် သွေးရောင်ပြောင်းသွားသော မျက်လုံးဖြင့် ကောင်းကင်ထဲမှ အက်ကွဲကြောင်းကို စိုက်ကြည့်လိုက်ပြီး သူ၏ လက်ထဲမှ နတ်စွမ်းအင်အရင်းအမြစ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ထားလိုက်သည်။ ထိုအခါ ခရမ်းလကို အလင်းပြန်နေသော ကောင်းကင်ပေါ်မှ အချက်ပြမှုသည် ပိုပြီးသိသာထင်ရှားလာသည်။

ယင်းမှာ ရွှီချင်း၏ ဝှက်ဖဲကတ်ဖြစ်သည်။

ဤနေရာသို့လာရောက်ပြီး လင်းအာ၏ ကျန်ရှိသော ဝိညာဉ်တစ်ဝက်ကို ရှာဖွေမည်ဟု သူဆုံးဖြတ်ခဲ့စဉ်ကတည်းက ဤဝှက်ဖဲကတ်ကို အသုံးပြုမည်ဟု စိတ်ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်၏။

ထို့ကြောင့် သူသည် ခရမ်းလစွမ်းအားကို ထုတ်လွှတ်ခဲ့ပြီး လေထဲသို့ မြှောက်တတ်သွားစေရန် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် လမ်းတစ်လျှောက်၌ သူသည် ခရမ်းလစွမ်းအားကို ထုတ်လွှတ်ထားခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် ယင်းက ပိုပိုပြီး သိပ်သည်းလာရခြင်း ဖြစ်ပေသည်။

ထိုအရာအားလုံးသည် ဤအခိုက်အတန့်အတွက် ဖြစ်ပေသည်။

အနီရောင်လ၏ ဆင်းသက်လာမှုကို အသုံးပြု၍ ဝိညာဉ်အင်ပါယာကို ခြိမ်းခြောက်ရန်မှာ သူ၏ အစီအစဉ်ဖြစ်သည်။

ရွှီချင်း၏ ဘေးပတ်ဝန်းကျင်၌ အဆုံးမရှိသော အလောင်းကောင်များနှင့် မကောင်းဆိုးဝါးဝိညာဉ်များဖြင့် ပြည့်နှက်နေစဉ် သူ၏ အရှေ့မှ အနက်ရောင် နန်းတော်သည် နတ်မိစ္ဆာတစ်ပါး၏ အရိုးခေါင်းသဖွယ် တည်ရှိနေသည်။

ကောင်းကင်ထဲမှ အက်ကွဲကြောင်းသည်မူ နတ်ဘုရားအစွမ်း၏ မူလဇစ်မြစ်ဖြစ်ပေသည်။

ရွှီချင်း၏ စကားသံပျံ့လွင့်သွားပြီး ခရမ်းလ၏ အားလှိုင်းစက်ကွင်းများမှ ထုတ်လွှတ်နေသော အချက်ပြမှု ပို၍ထင်ရှားလာသောအခါ ကောင်းကင်ရှိ အက်ကွဲကြောင်းထဲမှ ဒေါသတကြီး ဟိန်းသံတစ်သံ ထွက်ပေါ်လာသည်။

ယင်းသည် စောစောတုန်းက မိုးခြိမ်းသံများကို ဖြစ်ပေါ်စေသော ဟိန်းသံနှင့် မတူညီပေ။ ယင်းသည် ရွီချင်းပေါ်ထွက်လာပြီးနောက် အက်ကွဲကြောင်းထဲမှ ပထမဆုံးအကြိမ် အမှန်တကယ် ထုတ်ဖော်လိုက်သော ဟိန်းသံဖြစ်ပေသည်။

ဟိန်းသံပဲ့တင်ထပ်သွားသောအခါ ရွှီချင်း၏ အနီးနားဝန်းကျင်မှ အလောင်းကောင်များနှင့် မကောင်းဆိုးဝါးဝိညာဉ်များသည် လမ်းကြောင်းတစ်ခုဖြစ်ပေါ်လာရန် ဘေးဖယ်ပေးလိုက်ကြသည်။

လမ်းကြောင်းသည် အင်ပါယာနန်းတော်နှင့် အသားတောင်ကုန်းဆီသို့ ဦးတည်သွားသည်။

ရွှီချင်းသည် အမူအရာကင်းမဲ့လျက် ရှိနေ၏။ သူသည် ခရမ်းလကို မြင့်မြင့်မြှောက်ပြီး သူ့အရှေ့မှ လမ်းကြောင်းကိုကြည့်လျက် ဆက်လျှောက်သွားသည်။

သူ၏ ဘယ်ညာတစ်ဖက်စီတွင် ရက်စက်ကြမ်းကြုတ်သော အမူအရာနှင့် အလောင်းကောင်များ၊ မကောင်းဆိုးဝါးဝိညာဉ်များ ရှိနေကြသည်။

သို့သော်လည်း ရွှီချင်းသည် မည်သူကိုမှ ဂရုမစိုက်ချေ။ သူသည် လမ်းကြောင်းအတိုင်း ဆက်လျှောက်သွားပြီး အလောင်းကောင်များနှင့် မကောင်းဆိုးဝါးဝိညာဉ်များကို ဖြတ်ကျော်သွားသည်။ သူ၏ အရှေ့မှ နတ်ဘုရားအစွမ်းသည် ပြန်ရုတ်သိမ်းသွားသည်။ နောက်ဆုံးမှာတော့ သူသည် အလောင်းကောင်များနှင့် မကောင်းဆိုးဝါးဝိညာဉ်များ၏ အထပ်ထပ်ဝန်းရံထားမှုကြားမှ ထွက်လာနိုင်ခဲ့ပြီး နန်းတော်အရှေ့သို့ ရောက်ရှိသွားသည်။

အထဲသို့မဝင်မီ ရွှီချင်းသည် ထိုနေရာ၌ တစ်ခဏကြာ တိတ်ဆိတ်လျက် ရပ်နေမိသည်။ သူသည် နန်းတော်အဆုံးထိ ဆက်လက်လျှောက်သွားပြီး အသားတောင်ကုန်းပေါ်မှ လှေကားထစ်များပေါ်သို့ ခြေချလိုက်သည်။

အစမှအဆုံးအထိ ရွှီချင်းသည် သူ၏ လက်ကို အောက်သို့ လုံးဝမချခဲ့ပေ။ သူ၏ မျက်နှာပေါ်မှ ရူးသွပ်မှုနှင့် ဆုံးဖြတ်ချက်ပြတ်သားမှုသည်လည်း စိုးစဉ်းမှ မလျော့ကျသွားခဲ့ပေ။

ထိုပုံစံအတိုင်း ရွှီချင်းသည် လှေကားထစ်များပေါ်သို့ ခြေချလိုက်ပြီး အသားတောင်ထိပ်ပေါ်သို့ရောက်ရန် တစ်လှမ်းချင်းလှမ်း၍ တတ်လိုက်သည်။ ထိပ်ဖျားသို့ရောက်သည့်အခါ သူသည် တောင်ထိပ်ပေါ်၌ မားမားမတ်မတ် ရပ်လိုက်သည်။

ရွှီချင်းသည် ကမ္ဘာကို ကြည့်လိုက်သည်။

နောက်ဆုံးမှာတော့ ဤကမ္ဘာကို ပိုပြီးရှင်းရှင်းလင်းလင်း သူမြင်နိုင်လာသည်။

ဤအခိုက်အတန့်မှာ ကောင်းကင်ပေါ်၌ အရောင်နှစ်ရောင် ရှိနေသည်။

တစ်ခုသည် ဤမဟာလောက၏ မူလအရောင်ဖြစ်ပြီး မှုန်ဝါးဝါး အဝါရောင်ဖြစ်၏။ ယင်းသည် ကောင်းကင်၏ ကိုးဆယ်ရာခိုင်နှုန်းကို ဖုံးလွှမ်းထားပြီး မည်သူမဆို ကောင်းကင်ထဲ၌ မရေမတွက်နိုင်သော မြူခိုးများက လွင့်မြောနေကြသည်ကို မသဲမကွဲ မြင်နိုင်ကြလိမ့်မည်။ ထိုမြူခိုးများသည် ရက်စက်ကြမ်းကြုတ်သော တစ္ဆေမျက်နှာများနှင့် နဂါးဦးခေါင်းများသို့ အစဉ်အမြဲ ပြောင်းလဲသွားနေသည်။

၎င်းတို့က ကောင်းကင်ထဲ၌ ဟိန်းဟောက်အော်ဟစ်နေကြလေရာ အသံခပ်အုပ်အုပ် မိုးခြိမ်းသံများကို တရစပ် ထွက်ပေါ်လာစေသည်။ ရံဖန်ရံခါ မြေပြင်ကို အလင်းရောင်ထွန်းလင်းပေးမည့် လျှပ်စီးသည် ဖျတ်ခနဲ လင်းလက်သွားလေ့ရှိပြီး အသားတောင်ကုန်းအောက်ခြေမှ အလောင်းကောင်များနှင့် ဝိညာဉ်ပင်လယ်ကို အလင်းထင်ဟပ်စေသည်။

ကောင်းကင်ယံတွင် လှည့်လည်ပျံသန်းနေကြသော အရိုးခြောက်ငှက်များလည်း ရှိကြသည်။ ၎င်းတို့သည် ရွှီချင်းကို ရက်စက်ကြမ်းကြုတ်စွာ စောင့်ကြည့်နေကြသည်။ ၎င်းတို့၏ မီးခိုးနက်မျက်လုံးများထဲမှ အလွန်သိပ်သည်းသော သေခြင်းအရှိန်အဝါတစ်ခု ရှင်းလင်းစွာ ထွက်ပေါ်နေသော်လည်း ၎င်းတို့၏ ယိုယွင်းပျက်စီးနေသော ခန္ဓာကိုယ်များထဲမှ နတ်ဘုရားအားလှိုင်းများကို ထုတ်လွှတ်နေဆဲ ဖြစ်၏။

၎င်းတို့သည် အသက်ရှင်ခဲ့စဉ်က နတ်ဘုရားသားရဲများဖြစ်ကြကြောင်း သိသာထင်ရှားသည်။

ငှက်ကြီးများထက် နဂါးများနှင့် မြွေများ၏ အရေအတွက်သည် ပို၍ပင် များလှသည်။ နဂါးများသည် ကောင်းကင်ယံမှ တိမ်တိုက်များထဲတွင် ရှိနေကြပြီး မြွေများသည် ပုပ်သိုးဆွေ့မြေ့နေသော အသားပုံမြေကြီးထဲမှ တွားသွားထွက်လာနေကြသည်။

ဤအခိုက်အတန့်မှာ အဝေးမှ မရဏမြစ်သည်လည်း ပွက်ပွက်ဆူနေသည်။ မြစ်ထဲမှာ သေဆုံးသွားခဲ့ကြသော ရှေးဟောင်းခေတ်မှ တည်ရှိမှုများသည် ပြန်လည်နိုးထလာကြပြီး မြစ်ရေမျက်နှာပြင်ပေါ်သို့ တစ်ဦးပြီးတစ်ဦး ပေါ်ထွက်လာကြသည်။

ပေတစ်ထောင်ခန့်ရှည်လျားသော မြူခိုးခန္ဓာကိုယ်ကြီးများနှင့် အလောင်းကောင်ဗိုလ်ချုပ်များလည်း ရှိကြသေးသည်။

အမှန်တော့ ထိုထက် အများကြီးပိုပေသည်။ မရေမတွက်နိုင်သော စစ်ရထားလုံးများနှင့် မြူခိုးတံခွန်များသည် ဤကမ္ဘာထဲမှာ ပေါ်ထွက်လာကြသည်။ အဖျက်အစီးအရှိန်အဝါတစ်ခု ပေါ်လျှိုးလာပြီး ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။

ဤနေရာသည် မဟာလောကထဲရှိ ယဇ်ပူဇော်ရန် နေရာများအနက် တစ်ခုသာဖြစ်ပေသည်။ ထိုအချက်တစ်ခုနှင့်တင် အတိတ်၌ ရှေးဟောင်းဝိညာဉ်မျိုးနွယ်သည် မည်မျှအစွမ်းကြီးမားခဲ့ပြီး ဂုဏ်သတင်းထွန်းပြောင်ခဲ့ကြောင်း ရွှီချင်း မှန်းဆကြည့်နိုင်ပေသည်။

ကောင်းကင်ပေါ်မှ တခြားအရောင်သည်ကား ခရမ်းရောင်ဖြစ်ပေသည်။

ထိုခရမ်းရောင်သည် ဧရိယာအသေးလေးတစ်ခုကိုသာ ပိုင်ဆိုင်ထားခြင်းဖြစ်သော်လည်း အလွန်အမင်း သိပ်သည်းသည်။ ယင်းက သံမှိုဆွဲရိုက်ထားသည့်အလား ထိုနေရာတွင် အခြေအမြစ်ခိုင်မြဲစွာ တည်ရှိနေခြင်း ဖြစ်သည်။ ယင်းကို မှုန်ဝါးဝါး အဝါရောင်က ဝန်းရံထားသည့်တိုင်အောင် ၎င်းပိုင်ဆိုင်သော ထက်ရှမှုကို ထုတ်လွှတ်နေဆဲ ဖြစ်သည်။

၎င်း၏ အလင်းသည် ရောင်ခြည်တန်းတစ်ခုသို့ ပြောင်းလဲသွားပြီး အသားတောင်ကုန်းပေါ်မှာ စုဝေးသွားသည်။ တောင်ထိပ်ပေါ်၌ ရပ်နေသော ရွှီချင်းသည် ခရမ်းလကို မြင့်မြင့်ကိုင်ထားဆဲ ဖြစ်သည်။

ရွှီချင်းသည် တည်ငြိမ်နေသည်။

သူ၏ မျက်လုံးသည် သွေးရောင်လွှမ်းနေပြီး သူ၏ အကြည့်ထဲမှာ ရူးသွပ်မှုဖြင့် ပြည့်နှက်နေသော်လည်း ထိုသို့ရူးသွပ်မှုသည် သူ့အတွက် စိမ်းကားသောအရာတော့ မဟုတ်ချေ။

ရွှီချင်းသည် ခေါင်းဆောင်နှင့် အပြင်ထွက်ပြီး ကိစ္စကြီးများစွာကို လုပ်ဆောင်ခဲ့ပြီးနောက် ထိုသို့ရူးရူးမိုက်မိုက် လုပ်ဆောင်ရသည်ကို ကျင့်သားရသွားခဲ့ပြီ ဖြစ်သည်။

ဤအခိုက်အတန့်မှာ သူသည် ကောင်းကင်ထဲမှ ပိတ်နေသော မျက်လုံးကို ကြည့်လိုက်သည်။

ထိုမျက်လုံးသည် လွန်စွာမှ ကြီးမားသည်။ ၎င်း၏ တချို့တဝက်သည် အက်ကွဲကြောင်းနောက်မှာ ပုန်းကွဲနေဆဲ ဖြစ်သည်။။

ထိုဧရာမမျက်လုံး၏ အရှေ့ရှိ တောင်ထိပ်ပေါ်မှာ မျောလွင့်နေကြသော ဝိညာဉ်ရာပေါင်းများစွာထဲတွင် ဝိညာဉ်အခိုးအငွေ့တစ်ခု ရှိသည်။ ယင်းသည် လင်းအာ၏ မိန်းမငယ်လေးပုံစံဖြစ်သည်။

အနက်ရောင် ဝိညာဉ်အလင်းထဲမှာ လင်းအာသည် တုန်ရီလျက်ရှိနေပြီး လက်နှစ်ဖက်ဖြင့် ဒူးခေါင်းကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားသည်။

အကြောက်တရား၏ ကြီးစိုးမှုအောက်မှာ သူသည် ခေါင်းငုံ့ထားပြီး ဘေးပတ်ဝန်းကျင်သို့ကြည့်ရန် ငြင်းဆန်မိသည်။ ဝိညာဉ်အလင်းသည် သူ၏ ဘေးပတ်ဝန်းကျင်၌ အကာအကွယ်တစ်ခုကို ဖန်တီးပေးထားဟန်တူသည်။ ယင်းက သူ့ကို အပြင်လောကနှင့် အဆက်အသွယ်ပြတ်စေသည်။

တုန်ရီနေသော လင်းအာကိုကြည့်လျက် ခရမ်းလအပေါ် ရွှီချင်း၏ ဆုပ်ကိုင်မှုသည် မသိမသာ အားပါသွားသည်။

All Chapters