← Chapters

သန့်စင်ကောင်းကင်ဘိုးဘေးနှင့် ပင်လယ်အာဏာစက်ကျောက်တုံးမိစ္ဆာ

Vol. 43 Ch. 638

သန့်စင်ကောင်းကင်ဘိုးဘေးနှင့် ပင်လယ်အာဏာစက်ကျောက်တုံးမိစ္ဆာ

Vol. 43 Ch. 638

အရိပ်လေးသည် ရိုးသားသော လူငယ်ကို ဝါးမျိုနေရင်း ရွှီချင်း၏ စကားကို ကြားလိုက်သောအခါ ချက်ချင်း အပြင်းအထန် စိတ်လှုပ်ရှားလာသည်။

ယင်းမှာ သစ္စာရှိခွေးတစ်ကောင်က ၎င်း၏ အဆုံးမဲ့သော လိုအင်ဆန္ဒကို ထိန်းချုပ်ထားစဉ် နောက်ဆုံးမှာတော့ သခင့်ထံမှ ခွင့်ပြုချက်ကို ရရှိသွားသည့်အလားပင်။ ၎င်း၏ တစ်ကိုယ်လုံးမှ ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းအတတ်အကျများ ထွက်ပေါ်လာသည်နှင့် ရွာထဲသို့ အရူးအမူး ပြေးသွားသည်။

ရွာထဲမှ အဆောက်အအုံများသည် ရွှီချင်း၏ ကြောက်မက်ဖွယ်ကောင်းသော အရိပ်လေးကို အာရုံခံမိသောအခါ အမြန်ထွက်ပြေးရန် ကြိုးစားကြသည်။ အရှေ့သို့ ရွေ့လျားရန် သူတို့၏ ပုန်းကွယ်နေသော ခြေထောက်များသည် ရှည်ထွက်လာကြသည်။ သို့သော်လည်း သူတို့၏ ကြိုးစားမှုသည် သဲထဲရေသွန်သကဲ့သို့ အချည်းနှီးသာ ဖြစ်၏။

…..

လျှပ်တစ်ပြက်အတွင်း ရွှီချင်း၏ ခြေဖဝါးအောက်မှ ထွက်ပေါ်လာသော အရိပ်လေးသည် လေထဲမှာ ဖြန့်ကြက်သွားပြီး သူ၏ ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။ ၎င်း၏ လွှမ်းခြုံခံရသော ဧရိယာက တဖြည်းဖြည်း များပြားလာသောအခါ ထွက်ပြေးနေကြသော အဆောက်အအုံများသည် ကျောချမ်းဖွယ်ရာ ငိုကြွေးသံများကို ထုတ်ဖော်လိုက်ကြသည်။

၎င်းတို့၏ ငိုကြွေးသံသည် အချိန်ကြာကြာ မတည်ရှိခဲ့ချေ။ ယင်း၏ နေရာမှာ တဂျွတ်ဂျွတ်ဝါးစားသံက အစားထိုးထွက်ပေါ်လာသည်။

“ အရ… သာ… ရှိတယ်… ”

အရိပ်လေးသည် အလွန်အမင်း ဝမ်းသာပျော်ရွှင်နေသည်။ ၎င်း၏ ခန္ဓာကိုယ်သည်ပင် ပုံပျက်တွန့်လိမ်လာပြီး မရေမတွက်နိုင်သော လက်တံအမည်းများက ၎င်းထံမှ ထွက်ပေါ်လာကြကာ ထွက်ပြေးသွားကြသော အိမ်များနောက်သို့ လိုက်လံဖမ်းဆီးသည်။

အဝေးမှကြည့်လျှင် ဤမြင်ကွင်းသည် အလွန်ထူးခြားဆန်းကြယ်လိမ့်မည်။ အကယ်၍ အပြင်လူများသာ ဤမြင်ကွင်းကို မြင်သွားကြလျှင် ခြောက်ခြားသွားကြလိမ့်မည်။ ထူးထူးဆန်းဆန်းအရာများကို ရွှီချင်း၏ ကိုင်တွယ်ဖြေရှင်းပုံသည် ပို၍ပင် ထူးခြားဆန်းကြယ်ပေသည်။

ထိုသို့ဖြင့် သစ်ပင်ကြီးများသည် တစ်ပင်ပြီးတစ်ပင် ပျောက်သွားကြပြီး အိမ်များသည် အပိုင်းအစစ ဆုတ်ဖြဲခံလိုက်ရကြကာ အရိပ်လေး၏ ဝါးမျိုခြင်းခံလိုက်ရသည်။

ကျင်းကန်းဂိုဏ်းဘိုးဘေးသည်လည်း ကိုယ်ထင်ပြလာသည်။ သူက လျှပ်စီးသွားများကို ထုတ်လွှတ်လျက် သူသည်လည်း အတိတ်မှာတုန်းက အကျိုးပြုခဲ့ဖူးကြောင်း ရွှီချင်းကို သတိပေးနေသည်။

ရွှီချင်းသည် သူ့ကို လျစ်လျူရှုထားသည်။

ထိုအခိုက်အတန့်မှာ ကျင်းကန်းဂိုဏ်းဘိုးဘေး၏ နိုးကြားမှုသည် အပြင်းအထန် မြင့်တတ်သွားသည်။ သူ၏ တည်ရှိမှုသည် တဖြည်းဖြည်း နိမ့်သထက် ပိုပိုနိမ့်ကျလာသည်ဟု ခံစားမိလာသည်။

ယခင်တုန်းက သူဖတ်ခဲ့ဖူးသော စာအုပ်များအရ အဓိကဇာတ်ကောင်၏ အိမ်မွေးတိရိစ္ဆာန်များသည် ၎င်းတို့၏ အားနည်းသော တည်ရှိမှုကြောင့် မသိလိုက်မသိဘာသာ ပျောက်ကွယ်သွားကြလေ့ရှိသည်။

ထိုအချိန်တုန်းက သူသည် စာရေးဆရာက သူတို့ကို မေ့လျော့သွားခြင်းဖြစ်ရမည်ဟု တွေးမိခဲ့သည်။ သို့သော်လည်း ယင်းကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့လိုက်ရသောအခါ ထိုသို့မဟုတ်မှန်း သူသိလိုက်ရသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအိမ်မွေးတိရိစ္ဆာန်များက အလုံအလောက် အလုပ်မကြိုးစားသောကြောင့် ဖြစ်သည်။ ယင်းက စာရေးဆရာနှင့် မည်သို့မှမသက်ဆိုင်ပေ။

“ ငါ အမြန်ဆုံး အဆင့်ချိုးဖြတ်ပြီး ဝိညာဉ်နတ်သူငယ်အဆင့် စွမ်းအားကို မိစ္ဆာရွှီထက် အရင်ပိုင်ဆိုင်နိုင်အောင် ကြိုးစားရမယ်… ဒါမှပဲ ငါ့ရဲ့တည်ရှိမှုက သေချာပေါက် ပိုပြီးအားကောင်းလာလိမ့်မယ် ”

ကျင်းကန်းဂိုဏ်းဘိုးဘေးက အခက်အခဲကို သူ့ဘာသာ ဖြေရှင်းနေစဉ် အရိပ်လေးသည် ပိုပြီးစားလာသလို ပိုပြီးစိတ်လှုပ်ရှားလာသည်။

ယင်းက အလွန်အရသာရှိဟန်တူသည်။ အရိပ်လေးသည် လျှာတစ်ခုကိုပင် ပုံဖော်ထားသည်။ မြေကြီးကို စုပ်ယူပြီးနောက် ၎င်းသည် ထိုနေရာတွင် သုံးပေခန့်နက်သော တွင်းတစ်ခု ဖြစ်ပေါ်လာသည်အထိ ဆက်လက်လျက်လိုက်သည်။ ထိုအခါ ဒေါသတကြီး အော်သံသည် မြေအောက်ထဲမှ မြည်ဟိန်းထွက်လာသည်။

“ မင်း အရမ်းတရားလွန်နေပြီ ”

အရိပ်လေး၏ လက်တံအမည်းများနှင့် ပုံစံဆင်တူသော အသားလက်တံအများအပြားသည် မြေကြီးထဲမှ တွားသွားထွက်လာကြသည်။ သို့သော်လည်း ထိုလက်တံများသည် ဒြပ်ထည်ရှိကြသည်။ ၎င်းတို့ ထွက်ပေါ်လာကြသည်နှင့် အရိပ်လေးသည် စိတ်လှုပ်ရှားစွာ ခုန်အုပ်လိုက်သည်။

သို့သော်လည်း ထိုလက်တံများသည် ပမာဏများပြားသော မြူခိုးနက်ကို ရုတ်တရက် မှုတ်ထုတ်လိုက်ကြပြီး အရိပ်လေးကို တားဆီးလိုက်သည်။

အရိပ်လေးသည် အလွန်အမင်း အစားကြူးစိတ်ကို ထုတ်ဖော်ပြလျက် ဘေးပတ်ဝန်းကျင်မှ မြူခိုးကို ဝမ်းသာအားရ ရှူသွင်းပြီး ဝါးမျိုနေသည်။ ၎င်းက မထင်မှတ်ဘဲ စားတော်ပွဲကြီးတစ်ခုကို ရှာတွေ့သွားသည့်အလား ၎င်း၏ စိတ်လှုပ်ရှားမှုသည် အတိုင်းအတာတစ်ခုထိ မြင့်တတ်သွားသည်။ ၎င်းက လျှင်မြန်သွက်လက်ပြီး သနားညှာတာမှုကင်းမဲ့သော လှုပ်ရှားမှုများဖြင့် အသားလက်တံများဆီသို့ ချဉ်းကပ်သွားသည်။

ထို့နောက် မြေကြီးထဲမှ တိုးထွက်လာကြသော အသားအပိုင်းအစ အများအပြားသည် အဝေးတစ်နေရာတွင် စုစည်းသွားကြပြီး ချီလင်၏ အသွင်သဏ္ဍာန်နှင့်ဆင်တူသော အသားဘီလူးတစ်ကောင်သို့ ဖွဲ့စည်းသွားသည်။ သို့သော် အသားလက်တံများသည် ၎င်း၏ တစ်ကိုယ်လုံးမှ ဆန့်တန်းထွက်လာနေကြသည်။

သားရဲကြီးသည် ပျက်စီးမသွားဘဲ အလျှင်အမြန် ပြန်လည်ဖွဲ့စည်းနေသော အရိပ်လေးကို ခြိမ်းခြောက်သောအကြည့်ဖြင့် ကြည့်လိုက်သည်။

“ ဒါ ဘယ်လိုထူးဆန်းတဲ့အရာလဲ ”

“ မြန်မြန်သွားစား ”

ရွှီချင်းသည် တည်ငြိမ်စွာ ပြောသည်။ သူသည် အလျင်လိုနေ၏။

ယင်းကိုကြားသောအခါ အရိပ်လေးသည် အသားဘီလူးထံသို့ ၎င်း၏ ကြမ်းကြုတ်သောစိတ်ဆန္ဒကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ ၎င်းသည် အနီးနားပတ်ဝန်းကျင်ရှိ မြေကြီးထဲမှ တိုက်ရိုက် မြှောက်တတ်သွားပြီး ကြီးမားသော ခေါင်းတလားတစ်လုံးသို့ ပြောင်းလဲသွားသည်။ ခေါင်းတလားသည် အသားဘီလူးထံသို့ တစ်ဟုန်ထိုး ပျံသန်းသွားသည်နှင့် ၎င်း၏ အပေါ်ရှိ မရေမတွက်နိုင်သော မျက်လုံးများသည် ပွင့်လာကြသည်။

“ ထူးဆန်းတဲ့အရာကို ထိန်းချုပ်နိုင်တယ်လား… စိတ်ဝင်စားစရာပဲ ”

“ ကြည့်ရတာ အကျဉ်းထောင်ဌာနထဲမှာ နှစ်ပေါင်းနှစ်ရာကျော် ငါပိတ်လှောင်ခံထားရတဲ့အချိန် အပြင်လောကမှာ ထူးဆန်းတဲ့အရာတွေနဲ့ မန္တန်တွေ အများကြီး ပေါ်ထွက်လာတဲ့ပုံပဲ… ဒီလိုဆို…. ငါမင်းကို အရင်စားပစ်မယ် ”

အသားဘီလူးသည် မာန်ဖီဟိန်းဟောက်လိုက်သည်နှင့် ၎င်း၏ ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်သွားပြီး မရေမတွက်နိုင်သော အသားအပိုင်းအစများသို့ ပြောင်းလဲသွားကာ ရွှီချင်းထံသို့ ပျံသန်းသွားကြသည်။

လျှပ်တစ်ပြက်အတွင်း ၎င်းက  ရွှီချင်း၏ အရှေ့သို့ ရောက်ရှိသွားပြီး သူ့ကို လွှမ်းခြုံချင်နေသည့်အလား သူ၏ ဘေးပတ်ပတ်လည်တွင် စုဝေးလိုက်သည်။

“ အကျဉ်းထောင်ဌာနလား ”

တစ်ဖက်လူ၏ စကားကို ရွှီချင်းကြားသောအခါ အေးစက်စက်အလင်းသည် သူ၏ မျက်လုံးထဲတွင် ထွက်ပေါ်လာသည်။ သူက ညာလက်ကိုမြှောက်လိုက်ပြီး သူ့အား လွှမ်းခြုံလာနေသော ဘေးပတ်ပတ်လည်မှ အသားအပိုင်းအစများကို လျစ်လျူရှုထားလိုက်သည်။ သူက လက်ကို ဘေးသို့ဆန့်တန်းလိုက်ပြီး အသားအပိုင်းအစများထဲမှ ချောမွေ့သော ပစ္စည်းတစ်ခုကို ဖမ်းဆုပ်လိုက်ပြီး အကြင်အနာကင်းမဲ့စွာ ဆွဲထုတ်လိုက်သည်။

ဝမ်းနည်းဖွယ် ငိုကြွေးသံသည် ယခင်ကထက် ပို၍ကျယ်လောင်လာသည်။ ထို့နောက် ဘေးပတ်ပတ်လည်မှ အသားအပိုင်းအစများသည် ပြာမှုန်သို့ ပြောင်းလဲသွားကြပြီး လေထဲမှာ လွင့်ပြယ်သွားသည်။ ရွှီချင်း၏ လက်ထဲမှ သေးငယ်သော မှင်စာနက်တစ်ကောင်သည်သာ အပြင်းအထန် လှုပ်ခါနေသည်။

မှင်စာ၏ တစ်ကိုယ်လုံးသည် စိုစိစိဖြစ်သည်။ ၎င်းသည် မျက်လုံးတစ်လုံးသာမက ခေါင်းတစ်ခြမ်းလည်း ပျောက်ဆုံးနေသည်။ ၎င်း၏ ဦးခေါင်းနောက်မှ ဦးနှောက်ကို တစ်စုံတစ်ယောက်က ထုတ်ယူထားသည့်အလား ဦးနှောက်တချို့သာလျှင် ရှိတော့သည်။

၎င်း၏ ဒဏ်ရာများသည် ပြန်လည်မသက်သာသေးပေ။

ရွှီချင်းသည် ယင်းကို ထူးဆန်းသည်ဟု မထင်ပေ။ နယ်ရုပ်အားလုံးက သတ်ဖြတ်ရသည်ကို မနှစ်သက်ကြကြောင်း သူသိသည်။ တချို့နယ်ရုပ်များသည် စူးစမ်းလေ့လာရသည်ကို သဘောကျကြသည်။

သူတို့မှာ တမူထူးခြားသော စိတ်ကူးစိတ်သန်းနှင့် ရည်မှန်းချက်ရှိကြပြီး မျိုးနွယ်ခြားများကို မကြာခဏ ခွဲခြမ်းစိတ်ဖြာပြီး သုတေသနလုပ်ကြလိမ့်မည်။

ဤမှင်စာနက်သည် သုတေသနပြုလုပ်ခံနေရစဉ် ထွက်ပြေးလွတ်မြောက်သွားခဲ့သည့်သူ ဖြစ်နိုင်သည်။

အရိပ်လေးသည် အလျှင်အမြန်ရောက်ချလာပြီး ရွှီချင်းကို လှည့်ပတ်လိုက်သည်။ မှင်စာ၏ အရောင်က ၎င်းနှင့်တူညီသောကြောင့် ရွှီချင်း၏ လက်ထဲမှ မှင်စာနက်ကို စူးစမ်းလိုစွာ ကြည့်လိုက်သည်။

“ မင်းငါ့ကို သတ်ရဲလား… ငါ့ခေါင်းဆောင်တွေက သန့်စင်ကောင်းကင်ဘိုးဘေးနဲ့ ပင်လယ်အာဏာစက်ကျောက်တုံးမိစ္ဆာနော်… သူတို့က (ဃ၁၃၂)ကနေ လွတ်မြောက်လာကြတာ… (ဃ၁၃၂)ကို မင်းကြားဖူးလား… အဲ့ဒါ အကျဉ်းထောင်ဌာနရဲ့ အရက်စက်ဆုံးနဲ့ လျှို့ဝှက်ဆန်းကြယ်ဆုံး နေရာပဲ… မင်းငါ့ကို ထိရဲရင် သူတို့က မင်းကို ချက်ချင်း သတ်ပစ်လိမ့်မယ် ”

မှင်စာသည် ကတုန်ကယင်ဖြစ်လျက် ကြောက်လန့်တကြား အော်ပြောသည်။ သူက ရွှီချင်းကို မသိသည်မှာ ထင်ရှားပေသည်။

မည်သို့ဖြစ်စေ အကျဉ်းထောင်ဌာနတွင် အကျဉ်းသားအများအပြား ရှိကြသည်မဟုတ်ပါလော။ ထို့အပြင် ရွှီချင်းသည် အကျဉ်းခန်းအားလုံးဆီသို့ မရောက်ဖူးချေ။ သူ့ကိုမြင်တွေ့ဖူးသော အကျဉ်းသားအများစုသည် သူ၏ သတ်ဖြတ်ခြင်းခံခဲ့ကြရသည်။

အစကတော့ ရွှီချင်းသည် မှင်စာနက်ကို သေဆုံးအောင် ဖျစ်ညှစ်မည်ဟု ရည်ရွယ်ထားသည်။ သို့သော်လည်း ၎င်း၏ စကားကိုကြားပြီးနောက် သူ၏ မျက်လုံးထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု ပေါ်ထွက်လာသည်။ သူက မှင်စာနက်ကို ကျင်းကန်းဂိုဏ်းဘိုးဘေး၏ ဘေးသို့ လွှတ်ပစ်လိုက်သည်။

“ နေရာကို စစ်ဆေးမေးမြန်း ”

ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။

ကျင်းကန်းဂိုဏ်းဘိုးဘေးသည် အလျှင်အမြန် ခေါင်းညိတ်လိုက်သည်။ သူက အရိပ်လေးနှင့် အရောင်တူသော ကတုန်ကယင်ဖြစ်နေသည့် မှင်စာနက်ကို ကြည့်လိုက်သည်။ မှင်စာနက်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားရင်း သူ၏ မျက်နှာပေါ်မှာ အကြင်နာမဲ့ရက်စက်သောအပြုံး ပေါ်ထွက်လာချေ၏။

သိပ်မကြာမီ ဝမ်းနည်းဖွယ် ငိုကြွေးသံများသည် ပို၍ပင် ပျံ့လွင့်ထွက်ပေါ်လာသည်။

ထိုငိုကြွေးသံသည် အချိန်ကြာကြာ မတည်ရှိခဲ့ပေ။ ခုနစ်မိနစ်အတွင်း မှင်စာနက်သည် အားလုံးကို ဖွင့်ပြောလာသော်လည်း ကျင်းကန်းဂိုဏ်းဘိုးဘေး၏ အမူအရာသည် အနည်းငယ် စိတ်မကျေနပ်သေးသည့်ပုံ ဖြစ်ပေါ်နေသည်။

တည်နေရာကိုသိရှိပြီးနောက် ရွှီချင်းသည် ထိုနေရာသို့ တန်းမတ်စွာ ဦးတည်သွားလိုက်သည်။

တစ်နာရီအကြာမှာ မြူခိုးနက်ဖြင့် လွှမ်းခြုံခံထားရသော ပုံရိပ်ယောင်တောင်ထွတ်တစ်ခုသည် ရွှီချင်း၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာသည်။

ထိုတောင်ထွတ်သည် အမှောင်အရှိန်အဝါနှင့် မကောင်းဆိုးဝါးစိတ်ဆန္ဒဖြင့် ပြည့်နှက်နေသည်။ သာမန်လူများအဖို့ အဝေးမှ လှမ်းကြည့်လျှင်ပင် တောင်ထွတ်ဆီမှ ကျောချမ်းဖွယ် အအေးဓာတ်ကို ခံစားမိကြလိမ့်မည်။ သူတို့သည် တောင်ထွတ်နားသို့ လာဝံ့ကြလိမ့်မည် မဟုတ်ချေ။

“ ဆရာသခင်… ငမဲလေးပြောပုံအရ ဒီတောင်ပေါ်မှာ ထူးဆန်းတဲ့သတ္တဝါတွေ အများကြီးရှိပါတယ်… ဓားကိုင်တွေ စစ်မြေပြင်ဆီ ထွက်သွားပြီးကြတဲ့နောက် သူတို့အားလုံးကို စောစောက သူပြောခဲ့တဲ့ ခေါင်းဆောင်နှစ်ယောက်က ခေါ်ယူစုဆောင်းထားတာပါ ”

ကျင်းကန်းဂိုဏ်းဘိုးဘေးသည် သေအံ့ဆဲဆဲ မှင်စာနက်ကို လက်ထဲမှာ ကိုင်ထားလျက် ရွှီချင်းကို ရိုသေလေးစားစွာ ရှင်းပြသည်။

“ ဘာလို့ ကျုပ်နဲ့ ငမဲ… အရိပ်လေးကို အရင်မသွားခိုင်းတာလဲ… အဲ့ဒီခေါင်းဆောင်တွေ အပြင်ထွက်လာတော့မှ ကျုပ်တို့…. ”

“ အဲ့လိုလုပ်ဖို့မလိုဘူး ”

ရွှီချင်းမှာ အချိန်မပေါချေ။ ထို့ကြောင့် သူက မြူဆိုင်းတောင်ထွတ်ဆီသို့ အလျှင်အမြန် ချဉ်းကပ်သွားသည်။

ဖုံးကွယ်အဆောင်၏ အကျိုးသက်ရောက်မှုအောက်မှာ သူ၏ အရှိန်အဝါကို အာရုံခံရန် မဖြစ်နိုင်သလို သူ၏ ကျင့်ကြံခြင်းအခြေခံသည်လည်း ဖုံးကွယ်ခံထားရလိမ့်မည်။

သူက မြူဆိုင်းတောင်ထွတ်ဆီသို့ တစ်ဟုန်ထိုး ပြေးသွားသည်။ သူက လက်ဝှေ့ယမ်းလိုက်လေရာ တားမြစ်အဆိပ်စွမ်းအားသည် ပျံ့လွင့်ထွက်လာသည်။

များမကြာမီ ဒေါသတကြီး အော်သံများသည် မြူဆိုင်းတောင်ထွတ်ပေါ်မှ မြည်ဟိန်းထွက်လာကြသည်။ တစ္ဆေသရဲပုံစံ အကောင်များသည် တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာကြသည်။ သို့သော်လည်း ၎င်းတို့သည် ရွှီချင်းကို အာရုံမခံနိုင်မီ နာနာကျင်ကျင် အော်ဟစ်ညည်းညူလိုက်ရပြီး အဆိပ်ကြောင့် ယိုယွင်းပျက်စီးသွားကြသည်။

ထိုမြင်ကွင်းကိုမြင်သောအခါ ကျင်းကန်းဂိုဏ်းဘိုးဘေး၏ လက်ထဲမှ မှင်စာနက်သည် ပို၍တုန်လှုပ်ခြောက်ခြားလာသည်။

ရွှီချင်းသည် မြူဆိုင်းတောင်ထွတ်ပေါ်သို့ ဆက်လက်တတ်သွားသည်။ သူဖြတ်သွားသည့်နေရာတိုင်း သူနှင့်ပေတစ်ရာအကွာအဝေးမှာရှိသော ထူးထူးဆန်းဆန်း သတ္တဝါအားလုံးသည် ဝမ်းနည်းဖွယ်ကောင်းစွာ ပျောက်ကွယ်သွားကြလိမ့်မည်။

ထိုသို့ဖြင့် ရွှီချင်းသည် တောင်ထိပ်နှင့် တဖြည်းဖြည်း နီးသထက် နီးကပ်လာသည်။

ထိုအခိုက်အတန့်မှာ ၎င်း၏ ပိုက်နက်ထဲတွင် တစ်စုံတစ်ခုလွဲမှားနေသည်ဟု အာရုံခံမိသောအခါ စူးရှသော အော်သံကြီးသည် တောင်ထိပ်ပေါ်မှ မာနထောင်လွှားစွာ မြည်ဟိန်းထွက်လာသည်။

“ ဘယ်ခွေးကောင်က ငါ့နေရာကိုလာပြီး ပိုင်စိုးပိုင်နက် ရမ်းကားရဲတာလဲ ”

မာနထောင်လွှားသောအော်သံ ထွက်ပေါ်လာသည်နှင့် ဦးခေါင်းပြတ်တစ်ခုသည် တောင်ထိပ်ပေါ်ရှိ လေထဲတွင် ထွက်ပေါ်လာသည်။ ခေါင်းကြီးအောက်တွင် အလွန်အားကောင်းသန်မာပြီး ထူးခြားသော ဧရာမကျောက်တုံးခြင်္သေ့တစ်ကောင် ရှိသည်။

သူတို့နှစ်ဦး၏ ပုံစံသည် အလွန်ကိုးရိုးကားရားနိုင်သော်လည်း သူတို့ထံမှ ထုတ်လွှတ်နေသော ဖိအားသည် အလွန်အမင်း အားကောင်းသည်။ ယင်းက ဘေးပတ်ဝန်းကျင်တစ်ခုလုံးကို ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်ဖြင့် ဖုံးလွှမ်းသွားစေသည်။

ရွှီချင်းသည် အမူအရာကင်းမဲ့စွာ ကြည့်လိုက်သည်။

မှင်စာနက်သည် စတင်စိတ်လှုပ်ရှားလာပြီး အကူအညီတောင်းရန် အလျှင်အမြန် အော်ပြောလိုက်သည်။

“ ခေါင်းဆောင်… ငါ့ကို ကယ်ပါဦး ”

အော်သံကြားသည်နှင့် လေထဲမှ ခေါင်းကြီးသည် အောက်သို့ ငုံ့ကြည့်လိုက်လေရာ သူ၏ မျက်လုံးထဲ၌ ရက်စက်ကြမ်းကြုတ်သောအလင်း ထွက်ပေါ်လာသည်။

“ ဘယ်ကောင်က ငါ့လက်အောက်ငယ်သားကို ထိရဲတာလဲ… မင်းတော့ အသက်ရှင်ရတာ ငြီးငွေ့… ဟမ် ”

ခေါင်းကြီးသည် ရက်စက်ကြမ်းကြုတ်စွာ ပြောသည်။ သို့သော်လည်း သူ၏ စကားမဆုံးခင် အမူအရာကင်းမဲ့စွာ ရပ်နေသော ရွှီချင်းကို မြင်သွားသည်။

“ ဟမ်… ဟမ် ”

အကြည့်တစ်ချက်ဖြင့် ခေါင်းကြီး၏ မျက်လုံးသည် ပြူးကျယ်လာသည်။ သူ၏ သူငယ်အိမ်သည် ကျုံ့သွားပြီး ဦးခေါင်းသည် အပြင်းအထန် လှုပ်ခါလာသည်။

သူက မယုံကြည်နိုင်စရာကောင်းသော အရာတစ်ခုကို သေချာအတည်ပြုချင်သည့်အလား ခပ်မြန်မြန်ကလေး မျက်လုံးအဖွင့်အပိတ်လုပ်လိုက်သည်။

သို့သော် ကျင်းကန်းဂိုဏ်းဘိုးဘေး၏ လက်ထဲမှ မှင်စာနက်သည်တော့ ခေါင်းကြီး၏ အမူအရာကို သတိမထားမိဘဲ ဆက်လက်အော်ပြောသည်။

“ ခေါင်းဆောင်… အဲ့ဒီကောင်ပဲ… သူ့ကို မြန်မြန်သတ်ပစ်ပါ ”

မှင်စာနက်၏ စကားသံဆုံးသွားသည်နှင့် လေထဲမှ ခေါင်းကြီးသည် တိမ်တိုက်များထိ ထိုးဖောက်သွားမည့် ခြောက်ခြားဖွယ် အော်သံကြီးကို ထုတ်ဖော်လိုက်သည်။

“ ယီးပဲ ”

ခေါင်းကြီး၏ စိတ်ထဲတွင် တဝီဝီအချက်ပေးသံများ ဆူညံလာပြီး သူ၏ အမူအရာက သိသာစွာ ပြောင်းလဲသွားကာ ထွက်ပြေးရန်လှည့်လိုက်သည်။

ကျောက်တုံးခြင်္သေ့သည်မူ သူ့ထက်ပင် ပို၍မြန်ဆန်သေး၏။ ဤအခိုက်အတန့်မှာ ၎င်းသည် ခြေထောက်လေးချောင်းမှ စွမ်းအားအကုန်ကို အသုံးပြုလိုက်လေရာ ၎င်း၏ အမြှီးပင် အမြန်လှုပ်ယမ်းသွားသည်။ ၎င်းက ခေါင်းကြီးကို လွှတ်ပစ်ပြီး အားကုန်သုံး၍ ထွက်ပြေးသည်။

ခေါင်းကြီးသည် လွှတ်ပစ်ခံရပြီးနောက် အကြိမ်ရေအနည်းငယ် လိမ့်ကျသွားသည်။ ခေါင်းကြီးသည် သူ၏ ပုံစံက မည်မျှဆိုးဝါးနေသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အလျှင်အမြန် ထွက်ပြေးလျက် အထစ်ထစ်အငေါ့ငေါ့ အော်ပြောသည်။

“ မင်း မင်း မင်း… ဘာလို့ မင်းလဲ… မင်း စစ်မြေပြင်ဆီ မသွားဘူးလား… ဓားကိုင်တွေအားလုံး စစ်မြေပြင်ဆီ သွားကြတာမဟုတ်ဘူးလား… ချီးပဲ… ဘာလို့ မင်းက ဒီရောက်လာတာလဲ ”

ရွှီချင်း၏ အမူအရာသည် အလွန်အမင်း တည်ငြိမ်သည်။ သူက အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်လေရာ လေထဲတွင် တိုက်ရိုက် ပြန်ပေါ်လာပြီး သူတို့နောက်သို့ လိုက်ဖမ်းသည်။

ကျင်းကန်းဂိုဏ်းဘိုးဘေးသည်လည်း သူ့နောက်သို့ အမြန်အဆန် လိုက်သွားသည်။ သူ၏ လက်ထဲမှ မှင်စာနက်သည်တော့ လုံးလုံးလျားလျား ဆွံ့အနေသည်။ သူက ရူးသွပ်စွာ ထွက်ပြေးနေကြသော (ဃ၁၃၂)မှ နာမည်ဆိုးကျော်ကြားသည့် သူ၏ ခေါင်းဆောင်နှစ်ယောက်ကို မင်သက်စွာ ကြည့်လိုက်သည်။

“ ခေါင်းဆောင်… မင်းတို့တွေ… ”

“ မင်းပါးစပ်ပိတ်ထား… သူက ခေါင်းဆောင်ဟ… သူက (ဃ၁၃၂)က အစောင့်အကြပ်ဟ ”

အဝေးမှ ခေါင်းကြီးသည် အော်ငိုချင်လာသည်။ အကယ်၍ သူသာ ထွက်ပြေးရမည့်အခြေအနေမှာ ရှိမနေလျှင် ထိုမှင်စာကို သေချာပေါက် ဝါးစားပစ်လိမ့်မည်။

“ ငါ အကျဉ်းထောင်ကနေ လွတ်မြောက်လာတာ ဘယ်လောက်ကြာသေးလို့လဲ… ယီးပဲ မင်းက သူ့ကို ဒီခေါ်လာတယ်… သူက ငါ့ခေါင်းကို အကြိမ်ပေါင်းမရေတွက်နိုင်အောင် ဆောင့်နင်းဖူးတယ်ဟ ”

All Chapters