← Chapters

အနှိုင်းမဲ့ နတ်ဘုရားခွန်အား

Vol. 28 Ch. 415

အနှိုင်းမဲ့ နတ်ဘုရားခွန်အား

Vol. 28 Ch. 415

“ရွှီ.. ရွှီ.. ရွှီ...”

ကလေးငိုသံက မစဲသေးခင်မှာပင် အခြားတစ်ဖက်၌ မြွေတွန်သံလိုမျိုး ထူးဆန်းသည့် အသံများက ဆက်တိုက်ထွက်ပေါ်လာ၏။

သို့သော်လည်း ထိုအသံက တော်တော်ကို ကျယ်လောင်လေသည်။

လူတိုင်း လှည့်ကြည့်လိုက်ပြီးနောက် တုန်လှုပ်ချောက်ချားသွားကာ လေအေးများကို ရှိုက်သွင်းလိုက်မိ၏။

တောင်ကြောပေါ်တွင် တစ်ကယ်ပဲ မြွေတစ်ကောင် ရှိနေလေသည်။

ဧရာမမြွေကြီးက မြေပြင်ပေါ်မှာ ရစ်ခွေနေပြီး ထောင်မတ်ထားသော အပေါ်ပိုင်းက ပေတစ်ထောင်ကျော်လောက်မြင့်ကာ ကြေးခွံများက ဇလုံလောက် ရှိလေသည်။

မြွေကြီး၏ ဦးခေါင်းက ကောင်းကင်ထက်မှာ လွင့်နေပြီး အေးစက်ရက်စက်သော မျက်လုံးကြီးနှင့် လူတိုင်းကို ငုံ့ကြည့်နေ၏။ သူအသက်ရှူလိုက်တိုင်း တိမ်စိုင်များက လှုပ်ခါသွား၏။

ရွှစ်..

ဧရာမမြွေကြီးက ချိတ်ကောက်တစ်စုံလို ကွဲထွက်နေသော သူ၏ အမြီးကို လွှဲရမ်းလိုက်သောအခါ ဆိုးယုတ်သောလေများက တိုက်ခတ်လာ၏။ သူ၏ အမြီးချိတ်ကောက်များက အေးစက်စွာ ရွှန်းစိုလက်ပြီး ညှီစို့စို့အနံ့ထွက်နေ၏။ သူတို့က အဆိပ်ရှိသည်မှာ သိသာလေသည်။

သူ့အမြီးက မြေပြင်ကိုဖြတ်၍ လွှဲရမ်းလာသောအခါ အမြီးဖျားရှိ ချိတ်ကောက်များက ကျင့်ကြံသူတစ်ရာနီးပါးလောက်၏ ခန္ဓာကိုယ်များကို ထိုးဖောက်သွားပြီး သွေးများက မြင်မကောင်းအောင် ရဲပလောင်းထသွားလေသည်။

များစွာသော ကျင့်ကြံသူများသည် လျှင်မြန်စွာတုံ့ပြန်၍ ကာကွယ်ရေးအဆောင်များကို ချိုးချေလိုက်ကြ၏။

သို့သော်လည်း ဧရာမမြွေကြီး၏ ချိတ်ကောက်များနှင့် ဆုံတွေ့ချိန်တွင် သူတို့၏ ကာကွယ်ရေးအဆောင်များက စက္ကူရွက်များလို ရိုက်ချက်တစ်ချက်ကိုတောင် မခုခံနိုင်ကြပေ။

ကျင့်ကြံသူများသည် ချိတ်ကောက်များပေါ်တွင် သွေးများတစ်စက်စက် စီးကျ၍ တန်းလန်းချိတ်ပါသွားသည်မှာ အလွန်ကြည့်ရဆိုးလေသည်။ သူတို့သည် ရုန်းကန်ရင်း၊ အော်ဟစ်ရင်းနှင့်ပင် ဧရာမမြွေကြီး၏ ပါးစပ်ထဲသို့ ဖြည်းဖြည်းချင်း ရောက်ကုန်ကြ၏။

ဧရာမမြွေကြီးက သူ့လည်မျိုကို လှုပ်ခါလူးလွန့်၍ ကျင့်ကြံသူတစ်ရာနီးပါးလောက်ကို တစ်လုပ်တည်းဖြင့် မျိုချလိုက်၏။

“မူလသွေးမျိုးဆက်တောကောင်.. ချိတ်ကောက်မြွေ”

ဆူဇီမိုပင်လျှင် သူ့မျက်နှာက အနည်းငယ် သုန်မှုန်လာ၏။

လက်ရှိအခြေအနေက အသိသာကြီးပင်။ သူတို့က ဆေးရေအိုင်ဂိုဏ်းအပျက်အစီးနေရာသို့ ရောက်ချင်လျှင် ရှေးဦးအဆက်နွယ်တောကောင်အုပ်ကိုသာမက.. မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်သုံးကောင်၏ ခံစစ်ကိုပါ ဖြတ်ကျော်နိုင်ရပေမည်။

ဒါ့အပြင် မူလသွေးမျိုးဆက်တောကောင်သုံးကောင်စလုံးက အခြေတည်အဆင့်၏ အထွတ်အထိပ်သို့ ရောက်နေကြပြီးသည်မှာ သိသာလေသည်။ အဲ့ဒါက ဆူဇီမိုမျှော်လင့်ထားသည်ထက် များစွာပို၍ ကျော်လွန်နေ၏။

သူ၏ လက်ရှိခွန်အားအရ.. မူလသွေးမျိုးဆက်တောကောင်သုံးကောင်ကို သတ်နိုင်ဖို့က အလွန်ခက်ခဲပေမည်။

သူက သူ၏ သားရဲသွင်ပြင်ကို မထုတ်ဖော်ဘူးဆိုလျှင်ပေါ့..

သားရဲသွင်ပြင်ကို ယူပြီးလျှင် ဆူဇီမိုက အလွန်တရာစွမ်းအားကြီးသောသက်ရှိတစ်ကောင်အဖြစ် ပြောင်းလဲသွားမည်ဖြစ်ပြီး သူက မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်များထက်ပင် ပို၍ ကြောက်စရာကောင်းလာမည် ဖြစ်လေသည်။

“ကျွီး.. “

ရုတ်တရက်ဆိုသလို..

‌ကောင်းကင်ထက် တိမ်လွှာများကြားမှ သံနှုန်းမြင့် စူးစူးဝါးဝါးအော်သံတစ်သံ ထွက်ပေါ်လာ၏။

ရွှေရောင်ကိုယ်ထည်နှင့် အလွန်ကြီးမားသည့်ငှက်ကြီးတစ်ကောင်သည် ကောင်းကင်ထက်ကနေ တစ်ဟုန်ထိုးပျံသန်းလာ၏။ သူ့ဦးခေါင်းမှာ ဦးချိုနှစ်ခု ပါရှိပြီး ပေတစ်ရာလောက်ရှိသော သူ့တောင်ပံကြီးများကို ဖြန့်ကာ စူးရှပြတ်သားစွာနှင့် အောက်ကိုငုံ့ကြည့်နေ၏။

ငှက်ကြီးက ထိုးဆင်းလာပြီး သူ၏ ထက်ရှသော လက်သည်းများနှင့် ကုတ်ဆွဲလိုက်သောအခါ ကျင့်ကြံသူနှစ်ယောက်သည် အသားစများ ဖွာလန်ကြဲကာ စုတ်ပြတ်သတ်ထွက်၍ သွေးများက မြင်မကောင်းအောင် ပန်းထွက်လာလေသည်။

မူလသွေးမျိုးဆက်တောကောင်များနှင့် ရင်ဆိုင်ရချိန်တွင် ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်လာသော ကျင့်ကြံသူများအားလုံးသည် မွေးကင်းစကလေးငယ်များလို ကူကယ်ရာမဲ့ကုန်ကြလေသည်။

ငှက်ကြီးက လူသုံးလေးဆယ်လောက်ကို သတ်ဖြတ်ပြီးနောက် တစ်ဖန်စူးစူးဝါးဝါး အော်မြည်လိုက်၏။ သူ့ပုံစံက‌ သွေးဆာရက်စက်သော မျက်လုံးများနှင့် စိတ်လှုပ်ရှားပျော်ရွှင်နေပုံပင်။

“နောက်-နောက်ထပ် မူလသွေးမျိုးဆက်တောကောင်တစ်ကောင်လား”

ယန်ဆေးဂိုဏ်းသားတစ်ယောက်က တုန်ရီမောဟိုက်နေသော အသံနှင့် မေးလိုက်၏။

ဦးလေးလျန့်က ခေါင်းညိတ်ပြီး တံတွေးမျိုချလိုက်၏။

“အဲ့ဒါ ဂူငှက်ဖြစ်လောက်တယ်.. ရှေးဟောင်းခေတ်ရဲ့ မူလသွေးမျိုးဆက်တောကောင်တွေထဲက တစ်ကောင်ပဲ.. ကြားဖူးတာတော့ အင်မော်တယ်ငှက်.. ရွှေဂဠုန်ငှက်ရဲ့ မျိုးဆက်သွေးက သူတို့ကိုယ်ထဲမှာ စီးဆင်းနေတယ်တဲ့”

ထန်ယုက အသက်ပြင်းပြင်းရှိုက်၍ သူမကိုယ်သူမ တည်ငြိမ်အောင်လုပ်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ဒါက စတုတ္ထမြောက် မူလသွေးမျိုးဆက်တောကောင်ပဲ”

ဦးလေးလျန့်က တိုးတိုးပြောလိုက်၏။

“သခင်လေး.. ဆုတ်တော့၊ ကျုပ်သေရမယ်ဆိုရင်တောင် သခင်လေး လွတ်နိုင်ဖို့အတွက် အကောင်းဆုံး ကြိုးစားပေးမယ်”

သည့်အရင် ရှေးဦးအဆက်နွယ်တောကောင်များနှင့် ရင်ဆိုင်ရချိန်က ဦးလေးလျန့်သည် မယိမ်းယိုင်ခဲ့ပေ။

သို့သော် မူလသွေးမျိုးဆက်တောကောင်လေးကောင်ကို မြင်တွေ့လိုက်ရပြီး နောက်ဆုံး သူက နောက်ဆုတ်ဖို့ ပြောလာလေပြီ။

သူတို့အုပ်စုထဲတွင် မည်သူကမှ မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်များ၏ ယှဉ်ပြိုင်ဘက်မဖြစ်နိုင်ပေ။

သူတို့သည် မူလသွေးမျိုးဆက်တောကောင်များ၏ အဟန့်အတားမှ လွတ်အောင်ဖော်ထွက်နိုင်လျှင်တောင် သူတို့၏လက်ရှိ လူငါးရာကျော်ထဲမှ လူငါးဆယ်လောက် ရှင်သန်ကျန်ရစ်လျှင်ပဲ တစ်ကယ့်ကို အံ့သြဘနန်း ဖြစ်နေလေပြီ။

ထန်ယုသည် ဝေခွဲမရဖြစ်နေပုံရပြီး ဆူဇီမိုကို အလိုလို လှမ်းကြည့်လိုက်မိ၏။

ဦးလေးလျန့်က သက်ပြင်းချပြီး စိတ်ထဲကနေ ညည်းလိုက်၏။

‘အဲ့ကောင်လေးရဲ့ လက်စလက်နက တစ်ကယ်ကို ထက်ပါပေတယ်.. စွမ်းအားလဲကြီးပါပေတယ်.. ဒါပေမယ့်လဲ.. မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်တွေနဲ့ ယှဉ်နိုင်တဲ့အဆင့်တော့ မဟုတ်သေးဘူး’

ထိုသို့အတွေးနှင့် ဦးလေးလျန့်က ထပ်မံလောဆော်လိုက်၏။

“မူလသွေးမျိုးဆက်တောကောင်တွေက ကျုပ်တို့ဘက်ကို အာရုံမရောက်သေးဘူး.. အခုနေ ထွက်ပြေးမယ်ဆို အခွင့်အရေး ရနိုင်သေးတယ်.. နောက်ကျမှဆို.....”

ဘုန်း.. ဘုန်း.. ဘုန်း..

ဦးလေးလျန့်ပြောလို့မှ မဆုံးသေးခင်မှာပင် တဘုန်းဘုန်းနှင့်အသံများက ကြားဖြတ်ထွက်ပေါ်လာ၏။

ထိုအသံက စွမ်းအားကြီးမား ပြင်းထန်ပြီး တစ်ယောက်ယောက်က ကောင်းကင်ဗုံကြီးကို တီးခတ်နေသလိုပင်။

နောက်ခဏ၌ တောင်ကြော၏ နောက်ဘက်မှ ဧရာမမျောက်ဝံဖြူကြီး ခုန်ထွက်လာ၏။ သူ့အရပ်က ပေတစ်ရာကျော်မြင့်ပြီး သူ၏ ကြီးမားတုတ်ခိုင်သည့် ခြေထောက်နီကြီးကို မြေကြီးပေါ် ပြင်းထန်စွာ ဆောင့်နင်းလိုက်သောအခါ အလွန်ကျယ်လောင်သည့် အသံကြီးက ထွက်ပေါ်လာ၏။

မြေကြီးက အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားပြီး နက်ရှိင်းသည့် ချိုင့်ခွက်ကြီးများက ဖြစ်ပေါ်လာ၏။

ခေါင်းကို နောက်လှန်၍ ဟိန်းဟောက်ရင်း.. ဧရာမမျောက်ဝံကြီးသည် သူ့ရင်အုပ်ကို လက်သီးများဖြင့် တဘုန်းဘုန်း ထုရိုက်လိုက်သောအခါ ဗုံတီးသကဲ့သို့ အသံများက ထွက်လာနေလေသည်။

ထို့နောက် သူ့အကြည့်က ယန်ဆေးဂိုဏ်းအုပ်စုဘက်သို့ ကျရောက်လာပြီး သူ့၏ သွားစွယ်များကို သွေးဆာနေသကဲ့သို့ ဖြဲပြလိုက်၏။

“မဟန်တော့ဘူး”

ဦးလေးလျန့် ထိတ်လန့်သွား၏။

သူတို့ အခုနေ နောက်ဆုတ်ချင်လျှင်တောင် နောက်ကျသွားလောက်လေပြီ။

သူတို့ကို မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်တစ်ကောင်က ပစ်မှတ်ထားလာလေပြီ။

ပဉ္စမမြောက် မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်..

ဦးခေါင်းဖြူဖြူ၊ ခြေထောက်နီနီ၊ မျောက်ဝံတစ်ကောင်၏ သွင်ပြင်မျိုးနှင့်.. ထိုပုံစံနှင့် ကိုက်ညီသည့် မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်က.. ကျူးယန်ပင်လျှင် ဖြစ်လေသည်။

“ဂါး”

ကျူးယန်က ယန်ဆေးဂိုဏ်းဘက်သို့ လှည့်၍ ဟိန်းဟောက်ပြီး ရုတ်တရက် သူ၏ ကြီးမားသည့် လက်ကြီးကို ဆန့်ထုတ်ကာ အနီးရှိ တောင်ကြောကို ရိုက်ချလိုက်၏။

ချက်ချင်းပင် တောင်များက ပြိုကျလာပြီး ကမ္ဘာမြေကြီးက အက်ကွဲသွား၏။

လူတို်ငး တုန်လှုပ်မှင်တက်သွားကြ၏။

အဲ့ဒါက မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်တစ်ကောင်၏ စွမ်းအားပင်..

သူက တောင်များကိုပင် ချိုးချေနိုင်ပြီး ကမ္ဘာမြေကြီးကို ဆုတ်ဖြဲနိုင်၏။

ထို့နောက် ကျူးဖန်က တောင်ကြီးတစ်လုံး၏ ထိပ်ဖျားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး ဆွဲမကာ ယန်ဆေးဂိုဏ်းရှိရာဘက်သို့ လွှဲပစ်လိုက်၏။

ကြီးမားသည့် ကျူးဖန်၏ လက်ထဲတွင် တောင်ထိပ်ဖျားပိုင်းက အရမ်းကြီးမားသည်ဟု မထင်ရသော်လည်း ယန်ဆေးဂိုဏ်းအုပ်စုအတွက်တော့ ကောင်းကင်တစ်ခွင်လုံးကို အုပ်မိုး၍ ကျဆင်းလာလေသည်။

အဲ့ဒါက တောင်ထိပ်ဖျားမဟုတ်.. တောင်ကြီးတစ်ခုလုံးဟု ဆိုရမည်ပင်..

လူတိုင်း၏ အမြင်အာရုံသည် မဲမှောင်သွား၏။ ဧရာမတောင်ထွတ်ကြီးက စွမ်းအားကြီးသောအော်ရာနှင့်အတူ သူတို့အပေါ်သို့ ပြိုကျလာပြီး မြေခဲကျောက်ခဲများက ကောင်းကင်အနှံ့ ကျဆင်းလာလေသည်။

ထိုတောင်ထွတ်ကြီး ပိတာကို ခံရလျှင် ရှေးဦးအဆက်နွယ်တောကောင်များတောင်မှ အသားပြား ဖြစ်သွားပေလိမ့်မည်။

“မြန်မြန်.. ပြေးကြဟေ့”

ဖိအားကို တောင်မခံနိုင်တော့ဘဲ.. တစ်ယောက်က စူးစူးဝါးဝါးအော်ဟစ်ကာ လှည့်ပြေးလိုက်၏။ တောင်ထွတ်ကြီးက ဆင်းသက်မလာခင် ထိုစက်ဝန်းထဲမှ သူပြေးထွက်ချင်မိလေသည်။

ထန်ယုသည်လည်း ပြေးထွက်ချင်မိ၏။ သို့သော် ထိုအချိန်တွင် သူမမြင်တွေ့လိုက်ရသည်မှာ ဆူဇီမိုသည် အကြောက်လွန်ပြီး မှင်တက်နေမိသည့်အလား.. နေရာမှာတင် ကျောက်ချရပ်၍ ကျဆင်းလာနေသော တောင်ထွတ်ကြီးကို မော့ကြည့်နေ၏။

“မြန်မြန်.. သွားကြရအောင်”

ထန်ယု၏ နုလုံးက ကိုက်ခဲသွားပြီး သူမက ကပျာကယာနှင့် ဆူဇီမို၏ လက်ကိုကိုင်ကာ အဝေးသို့ ဆွဲခေါ်သွားဖို့ ကြိုးစားလိုက်၏။

ရုတ်တရက်..

ဆူဇီမိုက သံရှည်ဆွဲ ဟစ်ကြွေးလိုက်၏။ သူ့ခန္ဓာကိုယ်ထဲမှ ဆူနာမီဟိန်းသံများက ထွက်လာလေသည်။

ထန်ယုသည် တောင့်တင်းအေးခဲသွားပြီး သူမ၏ ခြေလှမ်းများကို ရပ်တန့်လိုက်ရကာ သူမ၏ အမူအယာကလည်း ပြောင်းလဲသွား၏။

ဆူဇီမိုက သူ့မျိုးဆက်သွေးကို လှည့်ပတ်၍ မြေကြီးပေါ်သို့ ပြင်းထန်စွာ ခြေဆောင့်နင်းကာ အပေါ်သို့ ခုန်တက်၍ ကျဆင်းလာသော တောင်ထွတ်ကြီးကို လက်နှစ်ဖက်ဖြင့် ကြိုဆိုလိုက်၏။

ဝုန်း..

ဆူဇီမို၏ လက်နှစ်ဖက်က တောင်ထွတ်ပိုင်းခြေနှင့် ထိတွေ့သွားပြီး ဝုန်းကနဲ မြည်သံကြီး ထွက်ပေါ်ကာ ကျောက်ခဲများ၊ မြေခဲများက အဘက်ဘက်သို့ လွင့်ပျံသွား၏။

သူ၏ အဝတ်များက လုံးဝ စုတ်ပြဲထွက်သွားပြီး ကြွက်သားများနှင့် တောင့်တင်းတုတ်ခိုင်သော လက်ကြီးနှစ်ဖက်က ပေါ်လာလေသည်။

ဝေါ..

ဖန်း.. ဖန်း.. ဖန်း..

ဆူနာမီသွေးသံနှင့် လေးကြိုးကဲ့သို့ အရွတ်များ၏ အသံက ထွက်ပေါ်လာ၏။

သားရဲသွင်ပြင်ကို မပြောင်းဘဲနှင့် ဆူဇီမို အစွမ်းကုန်ထုတ်နိုင်သော အင်အားအကန့်အသတ် ဖြစ်လေသည်။

တောင်ထွတ်ကြီးက ဆက်လက်ကျဆင်းလာနေဆဲဖြစ်၏။

ကျဆင်းလာသော တောင်ထွတ်ကြီးနှင့်ယှဉ်လျှင် ဆူဇီမိုက မနှိုင်းယှဉ်သာလောက်အောင်ကို သေးငယ်လေသည်။ သူက ပဲ့ကျလာသော ခဲတစ်လုံးလောက်ပင် မရှိဘဲ.. ပုရွက်ဆိတ်က ရှေးဟောင်းသစ်ပင်ကြီးကို ကိုင်လှုပ်ဖို့ ကြိုးစားနေသကဲ့သို့ ရယ်စရာကောင်းနေလေသည်။

သို့သော်လည်း တောင်ထွတ်ကြီးက မြေကြီးပေါ်သို့ ကျဆင်းတော့မည့်ဆဲဆဲမှာပင် ရပ်တန့်သွား၏။

တောင်ထွတ်ကြီးနှင့် မြေပြင်အကြားတွင် လူတစ်ယောက်က မားမားမတ်မတ် ရပ်နေလေသည်။ သူ၏ မယိမ်းယိုင်သော ခြေထောက်များက ဖြောင့်စင်းနေပြီး သူ့အကြည့်က တောက်လောင်ပြင်းပြနေ၏။ သူ၏ အနှိုင်းမဲ့နတ်ဘုရားခွန်အားဖြင့် တောင်ထွတ်ကြီးတစ်ခုလုံးကို မတင်ထားလေသည်။

ယန်ဆေးဂိုဏ်းမှ များပြားလှသော တပည့်များကို အသာထား.. ခပ်လှမ်းလှမ်းကနေ ကြည့်နေသော ကျူးဖန်ပင်လျှင် မှင်တက်သွား၏။ ဖြစ်ပျက်နေသည်ကို သူနားမလည်နိုင်သည့်ပုံပင်။

“ယား..”

ဆူဇီမိုက အသက်ပြင်းပြင်းတစ်ချက်ရှိုက်သွင်းပြီးနောက် သူ့လက်နှစ်ဖက်ထဲသို့ ခွန်အားများကို လှည့်ပတ်ပို့လွှတ်ကာ သူ့ခေါင်းပေါ်က တောင်ထွတ်ကြီးကို မတင်၍ မျက်နှာချင်းဆိုင်ဘက်သို့ ပြန်လွှဲပစ်ထုတ်လိုက်လေသည်။

All Chapters