အပျက်အစီးနေရာသို့ ရောက်ရှိသွားခြင်း
Vol. 28 Ch. 417
ညအမှောင်မြူထဲတွင် အခြားလူများသည် ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ဆူဇီမိုကတော့ မြင်နိုင်လေသည်။
ခဏလေးအတွင်းမှာပင် ကျူးယန်၏ ကိုယ်ပေါ်၌ အရိုးထိတိုင်နက်သော ဒဏ်ရာများက ဆယ်ခုထက်အနည်း ပေါ်လာလေသည်။ သူ၏ အသားစိုင်များက စုတ်ပြဲသွားပြီး သားမွေးဖြူက သွေးများဖြင့် နီစွေးကုန်လေသည်။
ကျူးယန်သည် သူ့ကျောပေါ်က ညဝိညာဉ်ကို လှမ်းဖမ်းဆုပ်ပြီး အောက်သို့ ဆွဲချလိုက်၏။
ထိုအချိန်တွင် ညဝိညာဉ်၏ လက်သည်းများက ကျူးယန်၏ အသားစိုင်အနက်ပိုင်းထဲထိ ထိုးစိုက်ပြီးထားလေပြီ။
ညဝိညာဉ်ကို ဆွဲချလိုက်သောအခါ ညဝိညာဉ် လက်သည်းများနှင့် ထိုးစိုက်ထားသော ကျူးယန်၏ အသားစိုင်အကြီးကြီးက စုတ်ပြဲကွာကျသွားပြီး သွေးများက မြင်မကောင်းအောင် ပန်းထွက်လာလေသည်။
“ဂီး..”
ကျူးယန်သည် ယခုကဲ့သို့ ဒဏ်ရာများကို တစ်ခါမှ မခံစားဖူးခဲ့သောကြောင့် အရူးအမူး အော်ဟစ်လိုက်ပြီး ညဝိညာဉ်ကို ဖမ်းဆုပ်ကာ မြေပြင်ပေါ်သို့ ကိုင်ပေါက်လိုက်၏။
ကျူးယန်၏ အားနှင့်ဆို ညဝိညာဉ်က ကျိုးပဲ့ကြေမွတော့ပေမည်။
ကျူးယန်၏ လက်က လေထဲမှာ လွှဲရမ်းလိုက်စဉ်မှာပင် အနက်ရောင်အရိပ်တစ်ခုက လျှစ်ကနဲ ပြေးထွက်လာ၏။
ဖောက်..
အဲ့ဒါက ညဝိညာဉ်၏ အမြီးပင်။ ၎င်းက ကျူးယန်၏ လက်ကို ထိုးစိုက်သွား၏။
သွေးများက ချက်ချင်းပန်းထွက်လာပြီး ကျူးယန်၏ လက်တစ်ဖက်က တွဲလောင်းပြုတ်ကျသွားလေသည်။
ကျူးယန်၏ ခွန်အားကလည်း သိသိသာသာ လျော့ကျသွား၏။ ညဝိညာဉ်က မြေကြီးပေါ်မှာ နှစ်ပတ်သုံးပတ်လှိမ့်လိုက်ပြီး အသာအယာ ပြန်ထကာ သူ့နှုတ်ခမ်းများကို သပ်၍ ကျူးယန်ကို အေးစက်စွာ စိုက်ကြည့်လိုက်၏။
ဆူဇီမိုသည် စိတ်သက်သာရကာ သက်ပြင်းချလိုက်၏။
အချိန်ခဏအတွင်း.. ကျူးယန်သည် မျက်လုံးတစ်လုံးနှင့် လက်တစ်ဖက်ကို ဆုံးရှုံးလိုက်ရကာ.. ကိုယ်ပေါ်တွင် ဒဏ်ရာများ ဗရပွနှင့် သွေးများကလည်း အဆက်မပြတ် ထွက်နေ၏။
သူသည် ပင့်သက်ကို သည်းထန်စွာ ရှိုက်နေ၏။
အစတုန်းကတော့ ထွက်လာသောသွေးက သူ၏ ရက်စက်ကြမ်းကြုတ်မှုကို နှိုးဆွဲပေးခဲ့၏။
သို့သော် ယခုအခါမှာတော့ ကျူးယန်သည် ကြောက်စိတ်ဝင်လာလေသည်။
သူသည် အလွန် ပြင်းထန်စွာ ဒဏ်ရာရထား၏။
သူသည် မွေးလာခဲ့ကတည်းက အခုလို ပြင်းထန်သည့် ဒဏ်ရာများကို ဘယ်တုန်းကမှ မရခဲ့ဖူးပေ။
ကျူးယန်သည် သေခြင်းတရား၏ အငွေ့အသက်ကို စတင်ခံစားလာရ၏။
သူ့ထက် အဆပေါင်းများစွာ အားနည်းပုံရသော အနက်ရောင်သတ္တဝါကိုကြည့်ပြီး ကျူးယန်သည် မဖော်ပြတတ်သော ကြောက်ရွံ့မှုကို ခံစားလာရကာ သူ၏ သတ္တိဗျတ္တိများက ကြေမွပျက်စီးသွားလေပြီ။
ထိုကြောက်ရွံ့မှုက သူ၏ မျိုးဆက်သွေး၏ အနက်ရှိုင်းဆုံးနေရာ၊ သူ၏ မျိုးဆက်မှတ်ဉာဏ်များထဲမှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။
တစ်ခုခုကို အမှတ်ရသွားသလို.. ကျူးယန်သည် တုန်လှုပ်ချောက်ချားသွား၏။ သူ၏ တစ်ဖက်တည်းကျန်သော မျက်လုံးထဲမှာ ကြောက်ရွံ့မှုက ပြည့်နှက်လာပြီး တုံ့ဆိုင်းခြင်းမရှိ လှည့်ထွက်ကာ ပြေးလေတော့သည်။
ထိုသည်ကိုကြည့်ပြီး ဆူဇီမိုသည် တိတ်တဆိတ် ခေါင်းခါလိုက်၏။
ကျူးယန်သည် ညဝိညာဉ်နှင့် အသေအကြေ ရင်ဆိုင်တိုက်ခိုက်ဖို့ ရွေးချယ်မည်ဆိုလျှင် သူ့အတွက် အသက်ရှင်ဖို့ အခွင့်အရေး ရှိနိုင်သေး၏။
သို့သော် အခုအခါမှာတော့ သူက ညဝိညာဉ်ဘက်ကို နောက်ကျောပေးလိုက်ခြင်းက သေချာပေါက် သေဖို့ရာပင်။
ဆူဇီမိုသည် ယန်ဆေးဂိုဏ်းအုပ်စုကို ဦးဆောင်၍ ဆေးရေအိုင်ဂိုဏ်းပျက်ရှိရာသို့ ဦးတည်သွား၏။
တောကောင်အုပ်ကြီးက ပြန့်ကွဲထွက်သွားပြီဖြစ်တာကြောင့် သူ့တို့အနားမှာ ရှေးဦးအဆက်နွယ်တောကောင် သုံးလေးကောင်သာ ကျန်နေခဲ့ပြီး အဲ့ဒါက သူတို့အတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ပေ။
ကျူးယန်ထွက်သွားပြီးနောက် လမ်းကြောင်းက ရှင်းလင်းသွား၏။
အခြားတစ်ဖက်မှာတော့ ဖန်သားနန်းတော်၊ ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၊ ကြိုးကြာတစ်ထောင်ဂိုဏ်းနှင့် အခြားသောဂိုဏ်းများကို ထိန်းထားသော မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်လေးကောင် ရှိနေလေသည်။
ယန်ဆေးဂိုဏ်းသည် ဆေးရေအိုင်ဂိုဏ်းပျက်နေရာသို့ အရင်ဆုံး ရောက်လာကြ၏။
ဆူဇီမိုတစ်ယောက်သာလျှင် မတ်တပ်ရပ်နေနို်ငသေးပြီး ထန်ယုအပါအဝင် အခြားသူများအားလုံးသည် မြေကြီးပေါ် ခြေပစ်လက်ပစ်လဲကျ၍ ချွေးများစိုရွှဲနေကြ၏။ သူတို့၏ မျက်နှာများက ဖြူဖတ်ဖြူရော်ဖြစ်နေပြီး ပင့်သက်များကို သည်းထန်စွာ ရှိုက်နေကြလေသည်။
လူတိုင်းသည် ခြေကုန်လက်ပန်းကျကာ ပင်ပန်းနွမ်းနယ်နေကြလေပြီ။
ထိုပင်ပန်းနွမ်းနယ်ခြင်းက သူတို့၏ ကိုယ်ကာယသာလျှင်မဟုတ်၊ စိတ်ဝိညာဉ်ပါ ပါလေသည်။
သူတိုသည့် သေလောက်သည့် အခြေအနေများနှင့် အကြိမ်ကြိမ်အခါခါ ကြုံတွေ့ခဲ့ရလေသည်။
ကံကောင်းထောက်မစွာနှင့် သူတို့သည် မသေခဲ့ကြပေ။
သူတို့သည် ရှေးဟောင်းသွေးခြင်းများက ဝိုင်းရံခြင်းမှလည်း ပြေးထွက်ခဲ့ကြ၏။ မြေနဂါး၏ လိုက်လံခြင်းမှလည်း လွတ်အောင်ရုန်းထွက်ခဲ့ရ၏။ တောကောင်အုပ်ကြီးကြားမှလည်း သွေးလမ်းခင်း၍ ဖောက်ထွက်ခဲ့ရသလို မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်များ၏ နှောင့်ယှက်ဟန့်တားခြင်းနှင့်လည်း ရင်ဆိုင်ခဲ့ရလေသည်။
လူတိုင်းသည် အိပ်မက်မက်နေသည့်ပမာ ခံစားနေရ၏။
ထို့နောက် လူတိုင်းသည် ရယ်ချလိုက်ကြ၏။
သူတို့သည် လူအုပ်ကြားထဲမှာ တစ်ဦးတည်း မားမားမတ်မတ် ရပ်နေသော ပုဂ္ဂိုလ်ကို လေးစားကြည်ညို၊ ကျေးဇူးတင်စွာနှင့် ကြည့်လိုက်ကြ၏။
ထိုလူကြောင့်သာ မဟုတ်လျှင် သူတို့က သေခဲ့သည်မှာ ကြာနေလေပြီ။
ဦးလေးလျန့်သည် ဆူဇီမိုကို သူအထင်သေးထားမိခဲ့ဆဲဆိုတာ ဝန်ခံလိုက်ရ၏။
ထန်ယုသည် ဆူဇီမို၏ နောက်ကျောကို ငေးကြောင်ကာ မော့ကြည့်နေမိ၏။
ရှင်က ဒီကမ္ဘာမှာ ဘယ်လိုလူမျိုးလဲ..
သူမသည် ရုတ်တရက် ဆူဇီမိုအကြောင်းကို သိချင်စိတ် ပြင်းပြလာလေသည်။
“ကျူးယန်နဲ့ တိုက်ခိုက်နေတဲ့ ဆန်းကြယ်တဲ့တောကောင်က ဘာကောင်ပါလိမ့်”
“မသိဘူးလေ.. သေချာမှ မမြင်ရတာကို”
“အဲ့ဒီဆန်းကြယ်တဲ့တောကောင်ပေါ်လာတာ ငါတို့ တော်တော်ကံကောင်းသွားတာ.. မဟုတ်ရင် ငါတို့ဘဝက သွားတော့မှာ”
ယန်ဆေးဂိုဏ်းသားအချို့သည် ဆွေးနွေးပြောဆိုကြရင်း.. သူတို့၏ ခွန်အားကို ပြန်လည်ဖြည့်တင်းဖို့ ဆေးလုံးများကို စားသုံးလိုက်ကြ၏။
ခဏမျှ နားပြီးနောက် ထန်ယုက မတ်တပ်ထရပ်ပြီး လက်ခုပ်တီးကာ ကြေညာလိုက်၏။
“အားလုံးပဲ အခုက နားနေလို့ကောင်းတဲ့ အချိန်မဟုတ်ဘူး.. ဆေးရေအိုင်းဂိုဏ်းပျက်ထဲမှာ ဘယ်လိုရတနာတွေရှိမလဲ သွားကြည့်လိုက်ရအောင်”
“နားလည်ပါပြီ”
လူတိုင်းက ပြန်ဖြေလိုက်ကြ၏။
ကျင့်ကြံသူများသည် တစ်ယောက်ကိုတစ်ယောက် ထူမ၍ ထန်ယု၏ ဦးဆောင်မှုဖြင့် ဆေးရေအိုင်ဂိုဏ်းထဲသို့ ဝင်လိုက်ကြ၏။
အချိန်ကာလကြာမြင့်စွာ ဖြတ်သန်းလာခဲ့ရသော်လည်း.. ဆေးရေအိုင်ဂိုဏ်း၏ နန်းဆောင်များနှင့် အဆောက်အဦများစွာက အကောင်းအတိုင်း ကျန်ရှိနေသေး၏။
ရှောင်းနင်က ဆူဇီမို၏ အင်္ကျီလက်စကို ရုတ်တရက် လှမ်းဆွဲလိုက်၏။
သူလှည့်ကြည့်လိုက်သောအခါ လျှို့ဝှက်ဆန်းကြယ်သော ဆေးမီးဖိုကို သိမ်းထားရာ သူမ၏ ရင်အုပ်နားကို ညွှန်ပြနေတာကို သူတွေ့လိုက်ရ၏။
“အဲ့ဒါက တုံ့ပြန်မှု ရှိလို့လား”
ဆူဇီမိုက မေးလိုက်၏။
“အင်း.. အဲ့ဒါက ပိုပိုပြီးတော့ ပူလာတယ်” ရှောင်းနင်က ပြန်ဖြေလိုက်၏။
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။ လျှို့ဝှက်ဆန်းကြယ်သောဆေးမီးဖိုက ဆေးရေအိုင်ဂိုဏ်းနှင့် ဆက်စပ်နေတာ ဖြစ်ဖို့ များလေသည်။
လူတိုင်းက ရှေ့သို့ ချီတက်နေကြစဉ် ဆူဇီမိုသည် ဘေးဘီဝဲယာကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိ၏။
ညဝိညာဉ်က အခုထိ ပြန်မလာသေးပေ။
ပုံမှန်ဆိုလျှင် ညဝိညာဉ်က ကျူးယန်ကို သတ်ဖို့ အဲ့လောက်မကြာနိုင်ပေ။
သူသည် အဲ့အကြောင်းကို သိပ်တော့ တွေးတောမနေပေ။
ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးမှာ ညဝိညာဉ်သည် အန္တရာယ်ကြုံတွေ့ရလျှင်တောင် သူ၏ အကင်းပါးသတိကြီးမှုနှင့် သူ၏နည်းလမ်းများအရ ဘေးမသီရန်မခ လွတ်အောင်ထွက်ပြေးနိုင်ပေလိမ့်မည်။