(ရုတ်တရက် ပြောင်းလဲမှုများ)
Vol. 7 Ch. 63
လင်းချီ သူ၏ခေါင်းကို လက်နှစ်ဖက်ဖြင့်ကာပြီး ကျောက်တုံးများကိုရှောင်ရန် ကိုယ်ကို ကွေးညွှတ်ထားသော်လည်း ကျောက်တုံးများကျသည့်နေရာမှာ ထူထပ်လွန်းသောကြောင့် သူ့ကို ဘယ်နှကြိမ်ထိမှန်မှန်းတောင် မရတွက်နိုင်တော့တော့ပေ။
ပို၍ဆိုးသည်မှာ အချို့ကျောက်တုံးများမှာ အေးခဲပြီး အချို့မှာမူ ပူခြစ်တောက်နေဟန်ရသည်။ ယခုတောင် လင်းချီ၏ ကျောကုန်းကို အေးခဲကျောက်တုံးတစ်တုံး ထိမှန်ထားသောကြောင့် သူ့ကျောတစ်ခုလုံး အေးခဲမာတောင့်နေတော့သည်။
သူ အံကြိတ်လိုက်ပြီး သစ်ပင်များက သူ့ကို ကာကွယ်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ရင်း တောအုပ်ထဲသို့ ပြေး၀င်သွားသည်။
"အားလုံးပဲ...တောအုပ်ထဲကို ပြေးကြ.." လင်းချီက လူတိုင်းကို သတိပေးရန်လည်း မမေ့ခဲ့ပေ။
လင်းချီက လူတိုင်း စိတ်ထွေပြားကာ ကျောက်တုံးမှန်
ပြီး သေစေလိုခြင်းမရှိပေ။ ထိုသို့ လုပ်ခဲ့ပါက သူ အပြစ်သားတစ်ယောက် ဖြစ်သွားလိမ့်မည်။ သူ့မူလကမ္ဘာတွင် အသက်တစ်သက် ကယ်တင်ခြင်းကား ကမ္ဘာကြီးလောက် ချမ်းသာသည်ထက် တန်ဖိုးပိုရှိသည်ဟု ဆိုရိုးရှိသည်။ ထို့ကြောင့် သူတတ်နိုင်သလောက် ကယ်တင်နေခြင်းဖြစ်၏။
ပထမတော့ သူ့ဘေးနားတွင် ပြေးလွှားနေသော ခြေသံများကို ကြားနေသေးသည်။ သို့သော်လည်း နောက်ပိုင်းတွင် ကျောက်တုံးများ သစ်ပင်နှင့် မြေပြင်ကို ရိုက်ခတ်သံများသာ ကြားရတော့သည်။
ထိုကဲ့သို့ အချိန်မည်မျှကြာမှန်မသိ ပြေးနေရင်း လင်းချီမှာ လှိုဏ်ဂူတစ်ခုကို ရှာတွေ့သွားပြီး အမြန် ပြေး၀င်လိုက်သည်။
သူလိုဏ်ဂူထဲ ပြေး၀င်သွားပြီးနောက် ယိုင်လဲကာ မြေပြင်ပေါ် ဖင်ထိုင်လျက်ကျသွားသည်။
သို့သော်လည်း လင်းချီ ကံကောင်းသည်ဟု ဆိုနိုင်သည်။ သူ့ကို ကျောက်တုံးများစွာ ထိမှန်ခဲ့သော်လည်း ၎င်းတို့ထဲမှ တစ်လုံးသာလျှင်
ထူးခြားသော အပူချိန်ရှိသည့် ကျောက်တုံးဖြစ်ခဲ့သည်။
သို့ဖြစ်စေကာမူ လင်းချီ သူ၏ နောက်ကျောကို ခံစားလို့ မရသေးပေ။
လင်းချီ ထထိုင်ဖို့ရာ ခက်ခဲနေသည်။ သို့သော်လည်း အချိန်တစ်ခဏမျှ ကြိုးပမ်းပြီးနောက် သူ့နောက်ရှိ နံရံကို မှီ၍ ထိုင်လိုက်နိုင်သည်။
လင်းချီ အသက်ရှူသံကို ထိန်းညှိလိုက်ပြီး ကိုယ်တွင်းရှိ အအေးဓာတ်ကို ဖယ်ရှားရန် စနစ်ထဲရှိ ချက်ပြုတ်နည်းများကို ရှာဖွေကြည့်လိုက်သည်။
တခဏမျှ လှန်လှောကြည့်ပြီးနောက် လင်းချီ၏ မျက်လုံးများ အရောက်တောက်သွားသည်။
[ငရုတ်သီး စွပ်ပြုတ် : စားသုံးပြီးနောက် သင်၏ ခန္ဓာကိုယ်ရှိ အအေးဓာတ်အားလုံးကို ဖယ်ရှားပေးသည်]
[ပါ၀င်ပစ္စည်းများ : ငရုတ်သီး၊ ရေ"]
ယခုကဲ့သို့ အကျပ်အတည်းဖြစ်နေချိန်တွင် ထိုကဲ့သို့ သာမန်ဟင်းတစ်ခွက်က သူ၏ အသက်ကို ကယ်တင်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ကံကောင်းစွာဖြင့် သူ အမယ်များ ပြင်ဆင်သောအချိန်က သာမန်ပါဝင်ပစ္စည်းများကိုလည်း သူနှင့်အတူ ယူဆောင်လာခဲ့သည်။
သို့မဟုတ်ပါက ဤကဲ့သို့နေရာမျိုးတွင် ငရုတ်သီးအား မည်သို့ရှာဖွေရမည်ကို မသိတော့ချေ။
လင်းချီက စနစ်ကို လျင်မြန်စွာ အသက်သွင်းလိုက်ပြီး အအေးဖယ်ရှားခြင်း စွပ်ပြုတ်ကို ပြုလုပ်လိုက်တော့သည်။
[ဟင်းပွဲ အမည် : စူးရှရှ ငရုတ်သီး စွပ်ပြုတ် ၊ အဆင့် (၁) ဟင်းပွဲ ၊ သာမန်အဆင့် ၊ မှော်အကျိုး သက်ရောက်မှု : ကိုယ်တွင်းရှိ အအေးဓာတ်များကို ကူညီ ဖယ်ရှားပေးသည်]
[ပါ၀င်ပစ္စည်းများ : ငရုတ်သီး (၃ ဆ) ၊ ရေ (၁ ဆ) ]
[ချက်ပြုတ်နေဆဲ...ချက်ပြုတ်ပြီးပါပြီ]
[ ဒင်!...သင် စူးရှရှ ငရုတ်သီးစွပ်ပြုတ်ကို ရရှိပါသည်]
လင်းချီ စွပ်ပြုတ်ကို လျင်မြန်စွာ ထုတ်ယူလိုက်ပြီး တစ်ကြိုက်ထဲ မော့သောက်လိုက်သည်။ ထို့နောက် သူ၏ ကိုယ်တွင်းရှိ အအေးဓာတ်များ တဖြည်းဖြည်း လျော့ပါးလာသည်ကို ခံစားမိသည်။
ထို့နောက် မတ်တပ်ရပ်၍ အညောင်းဆန့်လိုက်သည်။ သူ၏ ကျောမှာ အေးခဲမနေတော့ချေ။
လင်းချီ ဂူ၀သို့ သွား၍ ကျောက်တုံးမိုးကို တစ်ချက် လေ့လာကြည့်လိုက်သည်။ မိုးမှာ ရပ်သွားတော့မည်ပုံ မပေါ်ချေ။ ထို့ပြင် သူသည်လည်း ယနေ့ တစ်နေ့လုံး ပင်ပန်းခဲ့သောကြောင့် အိပ်စက်အနားယူရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် သူ စေးကပ်သောထူးကဲကော်ရည်ကို ထုတ်လိုက်ပြီး ဂူ အပေါက်၀တွင် သုတ်လိုက်သည်။
ထို့နောက် အတန်အသင့် ခြောက်သွေ့သော နေရာလွတ်ကို တွေ့သောအခါ ထိုနေရာ၌ အိပ်ရန် ဆုံးဖြတ်လိုက်တော့သည်။
လဲလျောင်းပြီးနောက် လင်းချီ အတွေးတစ်ခု ၀င်လာသည်။ ထို့ကြောင့် သူ၏ ဘေးနားတွင် ပြန့်ကျဲနေသော ကျောက်တုံးများကို ယူလိုက်ပြီး အတော်အသင့် အဆင်ပြေသည့် ကျောက်တုံးအချို့ကို ရွေးယူကာ သူ့ဘေးနား ထားထားလိုက်သည်။ အကယ်၍ တစ်ခုခု ဖြစ်ခဲ့ပါက သူ့တွင် အနည်းဆုံးတော့ လက်နက် တစ်ခုရှိပေသည်။
သို့သော်လည်း ကျောက်တုံးများ ဘယ်လောက်ကောင်းကောင်း စွမ်းအားပေါက်ကွဲအမဲသားလုံးများထက်တော့ အသုံးမ၀င်ချေ။ သူ စနစ်ကို နောက်တစ်ခေါက် အဆင့်မြှင့်သောအခါ ထိုဟင်းပွဲ၏ ချက်ပြုတ်နည်းကို ရရှိရန် မျှော်လင့်မိသည်။
"ဒီအချိန် ယွီမုန့်နဲ့ လူသာ ဘယ်လိုများ နေနေလဲ မသိဘူး... ငါထွက်သွားပြီးတော့ သူတို့ ကောင်းကောင်းမှ စားကြရဲ့လား ...အော့ခ်မျိုးနွယ်တွေကရော သူတို့ကို အနိုင်များကျင့်နေမလား စိုးရိမ်မိတယ်'
'အိုး..ဟုတ်သားပဲ....ငါ လုပ်ထားပေးခဲ့တဲ့ ကျောက်တုံးပိုင်မုန့်တွေကို လာရှာတဲ့ အော့ခ်တွေ တွေ့မှ တွေ့သွားကြရဲ့လား မသိဘူး ဟင်း... မိုးတိတ်တာနဲ့ ချက်ချင်း ပြန်သွားမှပါကွာ'
.......
ကျောက်တုံးများ မြေပြင်ပေါ်သို့ ကျနေသော အသံမှာ ညင်သာသည်ဟု မဆိုသာသော်လည်း လင်းချီကတော့ အရမ်းပင်ပန်းနေပြီဖြစ်၍ နှစ်ခြိုက်စွာ အိပ်ပျော်သွားသည်။ ထို့ပြင် သူကဟောက်တောင် ဟောက်နေပြီး အိပ်မက်ပင် မမက်ဘဲ နောက်တစ်နေ့ နေ့လည်ခင်းထိ အိပ်နေခဲ့သည်။
လင်းချီ နိုးလာသောအခါ ကျောက်တုံးမိုးမှာ တိတ်သွားပြီး မြေပြင်ပေါ်၌ အနက်ရောင်ကျောက်တုံးများသာ ကျန်ရှိတော့သည်။ ထို့ကြောင့် ဂူထဲမှ ထွက်ကာ အခြေအနေကိုလေ့လာရင်း ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။
ကောင်းကင်မှာ မည်းမှောင်နေပြီး နေအလင်းရောင်လည်း မရှိ၊ လေလည်း မတိုက်ဘဲ လွန်စွာ တည်ငြိမ်
နေသည်။
သို့သော်လည်း ထိုနေရာ၌ တည်ငြိမ်လေ အန္တရာယ်ပိုကြီးလေဖြစ်ကြောင်း လင်းချီ နားလည်၏။ ထို့ကြောင့် ပစ္စည်းများ ထုတ်ပိုးကာ ထွက်ခွာရန် ပြင်ဆင်တော့သည်။
ပြဿနာမှာ သူ ဘယ်နေရာ ရောက်နေလဲဆိုတာကိုတောင် မသိခြင်းပင် ။ အော့ခ်မျိုးနွယ်စု၏ တည်နေရာကို နေကြည့်၍ အနီးစပ်ဆုံး ခန့်မှန်းသွားလာနိုင်သော်လည်း ယခုတော့ ကြည့်စရာ နေပင်မရှိချေ။
သူ့တွင် ရွေးချယ်စရာ မရှိတော့တာကြောင့် ကံကိုသာ ပုံအပ်လိုက်တော့သည်။
သူ ပတ်၀န်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး ကျောက်တုံးမိုးကြောင့် ကျိုးကျနေသော သစ်ကိုင်းတစ်ခုကို ကောက်ယူလိုက်သည်။ ထို့နောက် လေထဲသို့ အမြင့်ကြီး ပစ်တင်လိုက်သည်။ သစ်ကိုင်းမှာ လေထဲတွင် အကြိမ်အနည်းငယ်ခန့် လည်ပတ်သွားပြီးနောက် မြေပြင်ပေါ်သို့ ကျလာခဲ့သည်။
သစ်ကိုင်းထိပ် ညွှန်ပြသော အရပ်ကို ကြည့်ရင်း လင်းချီ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ အင်္ကျီကို ပြင်ကာ ထိုအရပ်သို့ ဦးတည်လိုက်တော့သည်။
.......
နေ၏ လမ်းညွှန်မှု မရှိသောကြောင့် လင်းချီ အချိန်ဘယ်လောက်ကြာအောင် လမ်းလျှောက်နေမိမှန်း မသိချေ။ လေထု တဖြည်းဖြည်း ပိုပူလာသည်ကိုသာ သူ ခံစားမိခဲ့သည်။
သူတည်နေရာကို နှစ်ခါတောင် ညှိခဲ့ခြင်းဖြစ်၏။ တစ်နည်းဆိုသော် သစ်ကိုင်းကို နှစ်ခါ မြောက်ခဲ့ခြင်းပင်။
အကယ်၍ အော့ခ်မျိုးနွယ်များသာ ထိုနေရာ၌ ရှိပါက လင်းချီကို ဆန့်ကျင်ဘက်သို့ သွားရန် လောဆော်ကြလိမ့်မည်။
သို့သော်လည်း လင်းချီမှာ ပထမဦးစွာ ခွေးနက်နောက်သို့ လိုက်ပြီး မိုးကိုလည်း ခိုရသေးသည်။ ထို့ပြင် သစ်ကိုင်းကိုလည်း သုံးကြိမ် ပစ်လိုက်သေး
သည်။ လင်းချီမှာ ထိုအခြင်းအရာများအားလုံးက သူ့ကို တောနက်ထဲသို့ ဦးတည်စေကြောင်း သတိမထားမိသေးချေ။
သို့သော်လည်း ခရီးစဉ်မှာ မည်သည့်အကျိုးအမြတ်မှ မရှိတာတော့ မဟုတ်ပေပေ။ လင်းချီ လမ်းတလျှောက် အမယ်မျိုးစုံကို ရှာတွေ့ခဲ့ပြီး သူ ကောက်နိုင်သလောက် အားလုံးကောက်လာခဲ့သည်။
အနည်းဆုံးတော့ သူ ရိက္ခာအတွက် မပူရတော့ဘူးပေါ့...။
တဖြည်းဖြည်းနှင့် လင်းချီမှာ သူ ပါဝင်ပစ္စည်းများကို ကြိမ်ဖန်များစွာ ကောက်ယူရင်းမှ ကျန်ခဲ့သော ခြေရာလက်ရာများကို မြင်တွေ့ကာ သူစက်ဝိုင်းပုံစံ ပတ်သွားနေမိကြောင်း သတိထားမိလိုက်သည်။
သို့သော် လင်းချီလည်း ဘာမျှ မတတ်နိုင်။ ဤနေရာ၌ သစ်ပင်များအပြင် ပန်းမျိုးစုံအပင်မျိုးစုံ ပေါက်ရောက်နေသော်လည်း အားလုံးမှာ ပုံစံတူညီနေသည်။ ထို့ပြင် ယခင်ဘ၀၌ရော ယခုဘ၀တွင်ပါ တောတွင်း အတွေ့အကြုံ မရှိသေးပေ။
လင်းချီ လက်လျှော့ရန် ငြင်းဆန်လိုက်ပြီး တခြားဘက်သို့ ဆက်လက် ဦးတည်ပြန်သည်။ သို့သော် မကြာမီ ပြန်လှည့်လာခဲ့ရ၏။
လင်းချီ မယုံကြည်ချင်လျှင်တောင် သူ 'တစ္ဆေ နံရံနှင့် တိုးမိခြင်း' ကဲ့သို့သော အခြေအနေနှင့် ကြုံနေကြောင်း ပြောနိုင်သည်။
သို့သော်လည်း သူ တစ္ဆေ အစစ်အမှန်နှင့် တွေ့ဆုံခဲ့ခြင်းတော့ မဟုတ်ပေ။ 'တစ္ဆေနံရံနှင့်တိုးမိခြင်း' ဆိုသည်က တစ်စုံတစ်ယောက်မှ သူတို့ သွားနေသော ဦးတည်ရာကို ရှင်းရှင်းလင်းလင်းမပြောနိုင်သောအခါ ကိုယ်ပိုင်အသိစိတ်မှာလည်း ဝေဝါးသွားပြီး ထိုကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ရခြင်းဖြစ်၏။
သူ ဘာမှ မတတ်နိုင်။ နေရာ၌သာ ရပ်လိုက်ပြီး အနားယူလိုက်တော့မည်။
လင်းချီ စနစ်ဖွင့်၍ ချက်ပြုတ်နည်းမျိုးစုံကို လှန်လောလိုက်ပြီး နောက်ဆုံးတွင် ဟင်းတစ်မျိုး ချက်ပြုတ်ရန် ဆုံးဖြတ်လိုက်သည်။
ယမန်နေ့ကမှ အဆာခံမှိုစွပ်ပြုတ်ကို သောက်ထားသောကြောင့် သူဗိုက်မဆာပေ။ အာနိသင်အရ သူ၏ ခွန်အားကိုလည်း သုံးရက်အထိ ထိန်းသိမ်းထားနိုင်သည်။ အမှန်အတိုင်းဆိုရသော် ယခုအခြေအနေမျိုးတွင် ဘာလုပ်ရမှန်း မသိသောကြောင့် အရသာရှိသော စားဖွယ်များ စားသုံးခြင်းက သူ့ ခန္ဓာကိုယ်ထဲရှိ ဒိုပါမင်းထုတ်လွှတ်ခြင်းကို လှုံ့ဆော်ပေးပြီး သူ့ကို စိတ်သက်သက်သာသာအနားယူနိုင်စေရန် ဖြစ်သည်။
တခဏမျှ စဉ်းစားပြီးနောက် လင်းချီ သူ၏ အရင်ဘ၀မှ အနောက်တိုင်း ဟင်းပွဲကို ချက်ပြုတ်ရန် ဆုံးဖြတ်လိုက်သည်။ သူ ပထမဆုံး အမဲစတိတ်ခ် ပြုလုပ်ပြီးနောက် ချောင်ဒါ(ငါးနှင့် ဟင်းသီးဟင်းရွက်များကို ပျစ်ပျစ်ကျိုထားသော ဟင်းရည်)ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။
ဤဟင်းပွဲ နှစ်ခွက်မှာ သာမန်မျှ ဖြစ်သော်လည်း စနစ်၏ ပူးပေါင်းမှုဖြင့် အရသာမှာ မနှိုင်းယှဉ်နိုင်လောက်အောင် ကောင်းသော စားဖွယ်တစ်ခွက် ဖြစ်သွားတော့သည်။
ခဏကြာသောအခါ စတိတ်ခ်နှင့် ချောင်ဒါ၏ ရနံ့များ သင်းပျံ့လာပြီး လင်းချီ၏ စားချင်စိတ်ကို လှုံ့ဆော်နေတော့သည်။ ကံမကောင်းစွာနှင့် ဝိုင်နီ မရှိခြင်းက အတော်ပင်ဆိုး၏။
လင်းချီ စားတော့မည့်ဆဲဆဲအချိန်တွင် မြေပြင်တစ်ခုလုံး တုန်ခါလာပြီး ကျောက်တုံးကျောက်ခဲလေးများ မြောက်တက်လာကာ တောင်ကုန်းပေါ်မှ ကျောက်တုံးကြီးများ လှိမ့်ဆင်းလာသည်။ အသံများမှာ နားကွဲမတတ် ဆူညံနေ၏။
ယင်းဖြစ်ရပ်က လင်းချီကို ထိတ်လန့်သွားစေပြီး အလန့်တကြား ထခုန်မိလိုက်သည်။ ငလျင်လှုပ်ရခြင်း၏ အကြောင်းရင်းကို မသိသောကြောင့် သူ၏ပစ္စည်းများကို အလျင်အမြန် သိမ်းဆည်းလိုက်၏။
လင်းချီ လျှောက်မသွားရဲပေ။ ထို့ကြောင့် သစ်ပင်ကြီးကြီး တစ်ပင်ကို ရှာလိုက်ပြီး တစ်ခုခုဖြစ်ပါက သစ်ပင်ပေါ်သို့ တက်ရန် စီစဉ်ထားလိုက်သည်။
••••••••