(ပူးပေါင်းဆောင်ရွက်ခြင်း)
Vol. 7 Ch. 64
လှုပ်ခါမှုများမှာ ပို၍ပို၍ ပြင်းထန်လာပြီး လင်းချီပင် မြဲမြံစွာ ရပ်တည်ရန် ခက်ခဲလာသည်။ ထို့ကြောင့် သစ်ပင်ကို လက်နှစ်ဖက်ဖြင့် ဖက်ထားရ၏။
ထို့ပြင် မနီးမဝေး၌ ဆူညံညံ အသံကြီးတစ်ခု ထွက်ပေါ်လာသည်။ လင်းချီ ထိုအသံကို ရင်းနှီးနေသည်ဟု ခံစားမိသော်လည်း မည်သည့်နေရာတွင် ကြားဖူးလဲတော့ မမှတ်မိတော့ချေ။
လင်းချီ အသံ၏ လားရာကို ကြည့်လိုက်သောအခါ အင်မတန်မြင့်မားသော တောင်တစ်လုံးကို မသဲမကွဲ မြင်လိုက်ရ၏။ သို့သော် ထိုတောင်မှာ အနည်းငယ်ထူးဆန်းနေသည်။ တောင်ထိပ်က ပြားချပ်နေပြီး အနက်ရောင် မီးခိုးလုံးများက ၎င်းတောင်ထိပ်ပေါ်မှ ထွက်ပေါ်နေသည်။
အဲ့ဒီတောင်၊ အဲ့ဒီ အသံ...
လင်းချီ၏ အမူအရာ ရုတ်ချည်း ပြောင်းလဲသွား၏။ သူ ထိုအရာက ဘာလဲဆိုတာ ချက်ချင်းမှတ်မိသွားသည်။
သေစမ်း!
သူတစ်ခွန်းမျှ မဆိုဘဲ နောက်သို့ လှည့်၍ ချက်ချင်းပြေးတော့သည်။
သို့သော်လည်း သူခြေလှမ်းအနည်းငယ်ခန့် ပြေးပြီးနောက် မြည်ဟီးသံကြီးတစ်ခုကို ထပ်ကြားလိုက်ရသည်။
ချော်ရည်ပူများက အနက်ရောင် မီးခိုးအောက်ခြေမှ ပန်းထွက်လာပြီး တအုန်းအုန်းမြည်သံမှာ နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။
အနီရောင်ချော် ကျောက်ခဲပူများမှာ ဖိအားကြောင့် ကောင်းကင်ပေါ်သို့ မြောက်တက်သွားပြီး မြေဆွဲအားကြောင့် စက်ဝိုင်းခြမ်းသဏ္ဍာန် ပစ်လွှတ်လိုက်သကဲ့သို့ မြေပြင်ပေါ်သို့ ပြန်ကျလာသည်။ မီးတောင် ပေါက်ကွဲခြင်း၏ အကျိုးဆက်များကို ထည့်မတွက်ပါက အတော်လှပသည့် မြင်ကွင်းပင်။
လေထဲသို့ ချော်ရည်များ ပန်းထွက်ပြီးနောက် တောင်
အောက်သို့ စီးဆင်းလာပြီး အရာအားလုံးမှာ ချော်ရည်များအောက်သို့ နစ်မြုပ်သွားတော့သည်။
လင်းချီ နောက်သို့ပင် လှည့်မကြည့်ရဲတော့ဘဲ ရှေ့သို့ တစ်ချိုးတည်း လစ်ပြေးတော့သည်။
ကံကောင်းစွာဖြင့် လင်းချီ အရင်ဘ၀က မီးတောင်ပေါက်ကွဲခြင်းနှင့် ပတ်သက်သော တီဗွီအစီအစဉ် တစ်ချို့ ကြည့်ဖူးခဲ့သည်။ ထို့ကြောင့် မီးတောင် မပေါက်ကွဲမီ အသံနှင့် လက္ခဏာများကို ရင်းနှီးသလို ရှိနေခြင်းဖြစ်၏။ မဟုတ်ပါက သူလည်း ချော်ရည်၏ ဖုံးလွှမ်းခြင်းကို ခံရပြီးဖြစ်လိမ့်မည်။
သို့သော်လည်း ခြေနှစ်ချောင်းနှင့် သာမန်လူက မည်ကဲ့သို့များ ပေါက်ကွဲထွက်လာသော ချော်ရည်များထက် လျင်မြန်စွာ ပြေးနိုင်မည်နည်း။
လင်းချီ သူ့နောက်မှ အပူချိန်မှာ ပိုပို၍ ပူပြင်းလာပြီး လေပူများမှာ သူ့ကိုပင် မွန်းကြပ်စေမတတ်ဖြစ်စေသည်ဟု ခံစားလာရသည်။
သို့သော်လည်း ယခုအခြေအနေမျိုး၌ လင်းချီ
တတ်နိုင်တာ ဘာမျှ မရှိပေ။
မီးတောင်ပေါက်ကွဲကြောင်း သတိထားမိ သောအခါ ချော်ရည်များကို ခံနိုင်ရည်ရှိသော ပစ္စည်း တစ်ခုခု ရရန် မျှော်လင့်ချက်ဖြင့် စနစ်ထဲသို့ ရှာဖွေလိုက်သည်။ သို့သော်လည်း ရလဒ်က သူ့ကို စိတ်ပျက်သွားစေ၏။
လင်းချီ သာမန်ဟင်းပွဲတစ်ပွဲကိုသာ စနစ်ထဲမှ ရှာတွေ့သည်။ ထိုဟင်းပွဲမှာ အဆင့် ၁ ဟင်းပွဲဖြစ်ပြီး အပူကို ဖယ်ရှားပေးနိုင်သည်။ သို့သော်လည်း ထိုဟင်းပွဲက ချော်ရည်၏ အပူချိန်ကို ကိုင်တွယ်နိုင်ပါမည်လော။ ထို့ပြင် ချော်ကျောက်တုံးများမှာလည်း အချိန်မရွေး လူပေါ် ကျနိုင်သေးသည်။
ချော်ရည်များ နီးသထက် နီးလာသည်ကို တွေ့သောအခါ လင်းချီ စနစ်ထဲရှိ သူလုပ်နိုင်သမျှ စားစရာများ အားလုံးကို ထုတ်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။ သို့သော်လည်း အသုံးမ၀င်ဆဲပင်။
ယခုအချိန် အတောင်ပံ ရုတ်တရက်ပေါက်လာခြင်းကဲ့သို့သော မှော်ဆန်သော အဖြစ်အပျက်တစ်ခုခု မဖြစ်လာပါက သူသေရတော့မည်။
လင်းချီ မျှော်လင့်ချက် ကင်းမဲ့နေတော့သည်။
ထိုအချိန်တွင် အနက်ရောင်အရိပ်တစ်ခုက ဘေးဘက်မှ ပြေးထွက်လာသည်။ ယင်းမှာ ခွေးနက်ကြီးပင်။
လင်းချီ၏ မျှော်လင့်ချက်မီးပွားလေးများ တဖန်ပြန်ရှင်သန်လာသည်။ သူ ခွေးနက်ကြီးကို ဆွဲကိုင်လိုက်ပြီး ခြေထောက်ကို အားပြု၍ ပြင်းထန်စွာ ခုန်တက်ကာ ခွေးနက်ကြီး၏ ကိုယ်ပေါ် တက်စီးလိုက်သည်။
ခွေးနက်ကြီးမှာ လင်းချီ သူ့ကျောပေါ် တက်စီးနေသည်ကို သတိထားမိသွားပြီး ကိုက်ရန် ဟန်ပြင်လိုက်သည်။
သို့သော်လည်း ချော်ရည်များ နီးသထက် နီးလာသည်ကို တွေ့သောအခါ ရွေးချယ်စရာမရှိဘဲ လင်းချီကို သေလောက်အောင် ကိုက်သတ်ချင်စိတ်ကို ဖိနှိပ်လိုက်ရသည်။
ခွေးနက်ကြီး မာန်ဖီလိုက်ပြီး ရှိသမျှခွန်အားကို သုံး၍ အရှိန်တင်လိုက်သည်။
အရှိန်တင်လိုက်သောအခါ လင်းချီ ကျောပေါ်မှ ပြုတ်ကျလုနီးပါးပင် ဖြစ်သွားသည်။
သူခန္ဓာကိုယ်ကို နှိမ့်ချလိုက်ပြီး ခွေးနက်ကြီး၏ လည်ပင်း၌ သူ၏လက်များကို ရစ်တွယ်လိုက်သည်။
ခွေးနက်ကြီးက လင်းချီထံသို့ ခေါင်းလှည့်လိုက်ပြီး မာန်ဖီလိုက်သည်။ ပြောချင်နေသည်မှာ "လူသား..မင်းကံကို လာစမ်းနေတာလား!"
လင်းချီကတော့ ခွေးနက်ကြီး ဘာပြောပြော ဂရုမစိုက်။ သူသာ ပြုတ်ကျသွားရင် နေရာမှာပဲ ပွဲချင်းပြီးသွားလိမ့်မယ်။ အရူးပဲ လက်လွှတ်မှာ!
ခွေးနက်ကြီးမှာ လင်းချီ မျက်နှာရည်ထူကြောင်း တွေ့ရတော့ သူနှင့် ငြင်းခုန်ရန် အချိန်ကောင်း မဟုတ်ကြောင်း နားလည်လိုက်သည်။ ထွက်ပြေးရန်က ပိုအရေးကြီးသောကြောင့် ခွေးနက်ကြီးလည်း သူ့ကို ဂရုမစိုက်တော့ပေ။
ဒီလိုနဲ့ လင်းချီလည်း ခွေးနက်ကြီး၏ အကူအညီဖြင့်
နောက်ဆုံးတွင် ချော်ရည်ကပ်ဘေးမှ လွတ်မြောက်သွားတော့သည်။ ထို့နောက် သူတို့ လှိုဏ်ဂူတစ်ခုထဲတွင် ၀င်ပုန်းလိုက်ကြသည်။
အန္တရာယ်ဇုန်မှ လွတ်လွတ်ခြင်း ခွေးနက်ကြီးက လင်းချီကို သူ့ကျောပေါ်မှ အားဖြင့် ခါချ၍ ရူးသွပ်စွာ အူနေတော့သည်။
လင်းချီလည်း ဒေါသထွက်နေသည်။
'လမ်းကြုံလိုက်စီးတာပဲကိုကွာ....ဘာတွေများ ဒေါသထွက်စရာ လိုလို့တုန်း'
"မင်း ငါ့ရဲ့ အဆာခံမှိုစွပ်ပြုတ် သုံးအိုးတောင် သောက်ထားတာနော်...အဲ့ကိစ္စနဲ့ပတ်သက်ပြီးတောင် ငါ မင်းနဲ့ စာရင်းမရှင်းရသေးဘူး!"
"ဒီ အရိုင်းအစိုင်းခွေးက ဘယ်ကနေ ရောက်လာလဲတော့ မသိဘူး ယုံချင်ယုံ မယုံချင်နေ..ငါမင်းကို သေအောင်ရိုက်သတ်ပစ်လိုက်မှာ!"
ဝုတ်....!
"မင်းငါ့ရဲ့ မှိုစွပ်ပြုတ် သုံးအိုးတောင် သောက်ထားတာ...ငါတက်စီးတော့ကော ဘာဖြစ်လဲကွာ... ငါ့မှာ ရွေးချယ်စရာ ရှိတယ်များ မှတ်နေလား?"
ဝုတ်!
"ဟောင်ပဲ ဟောင်တတ်တယ်... လူစကားတောင် မပြောနိုင်ဘူး ဟမ့် သောက်ပိန်းခွေး!"
"အရူးကောင်!"
လင်းချီ ရှော့ခ်ရပြီး လဲကျလုနီးပါး ဖြစ်သွားသည် ။ 'ဒီ..ဒီခွေး တစ်ကယ် စကားပြောလိုက်တာလား?!'
မှတ်တမ်းမဲ့မိစ္ဆာသားရဲမှာ ထူးခြားလိမ့်မည်ဟု လင်းချီ မျှော်လင့်ထားသော်လည်း ခွေးနက်ကြီးမှ လူသား ဘာသာစကား ပြောလိုက်သောအခါ အမှန်တကယ်ကို ရှော့ခ်ရသွားခဲ့သည်။
"မင်းက ခွေးတစ်ကောင်လေ....ဒီတော့ သာမန် ခွေးတွေလိုဘဲ နေလေကွ"
"သာမန်ခွေးက မီးမှုတ်တာ မင်းမြင်ဖူးလို့လား? ငါဘယ်သူလဲဆိုတာ မသိဘူးလား... ငါက မြင့်မြတ်တဲ့ နတ်ဘုရားသားရဲပဲ!"
၎င်းကို လင်းချီ ကြားသောအခါ ကျယ်လောင်စွာ အော်ရီလိုက်သည်။ "မင်းက နတ်ဘုရားသားရဲဆို ငါက ဘုရားသခင်ပဲကွ"
ဒီတစ်ကြိမ်တော့ ခွေးနက်ကြီး ကြက်သေသေရမည့် အလှည့် ဖြစ်၏။ "ဘုရားသခင်ဆိုတာ ဘာကြီးတုန်း?"
"ဘုရားသခင်ဆိုတာ နတ်ဘုရားသားရဲဆိုတာထက် ပိုပြီး စွမ်းအားကြီးတဲ့ ဖြစ်တည်မှုပဲ ခွေးမိစ္ဆာရဲ့!"
"ငါက နတ်ဘုရားသားရဲကွ!"၎င်းကိုပြောပြီးနောက် သူ၏ ပါးစပ်ကြီးကို ဖြဲပြီး လင်းချီကို မာန်ဖီပြလိုက်သည်။
ထိုအချိန်မှသာ လင်းချီခင်ဗျာ ဤခွေးနက်ကြီးမှာ ကြယ်ခုနစ်ပွင့် သားရဲများနှင့် နှိုင်းယှဉ်နိုင်သော ဖြစ်
တည်မှုတစ်ခုဖြစ်ကြောင်း သတိရသွားတော့သည်။ အခြားသော စွမ်းရည်များကို အပထား၍ မီးမှုတ်နိုင်သည့် စွမ်းရည် တစ်မျိုးတည်းကပင် လင်းချီကိုင်တွယ်ဖို့ရာ မလွယ်ကူပေ။
လင်းချီလည်း လူနဲ့ခွေး ပြိုင်မငြင်းသင့် ဟူသော မူဝါဒအတိုင်း ခွေးနက်ကြီးနှင့် ဆွေးနွေးရန် စီစဉ်လိုက်သည်။
ထိုခွေးမှာ အစားကောင်းနှစ်သက်သူ တစ်ဦးဖြစ်ကြောင်း လင်းချီ သိ၏။ ထို့ကြောင့် စားကောင်းသောက်ဖွယ်များနှင့် မျှားခေါ်ရမည်။
"ဟမ့်....အခုလေးတင် ငါ့ကို ကယ်ထားတာဆိုတော့ မင်းနဲ့ ပြိုင်မငြင်းတော့ဘူး" လင်းချီက ပြီးခဲ့တာတွေ ပြီးပါစေတော့ ဟူသော ပုံစံဖြင့် ရင့်ကျက်သည့် လူကြီးတစ်ယောက်ကဲ့သို့ ပြောလိုက်သည်။
၎င်းကိုကြားတော့ ခွေးနက်ကြီးမှာ ပို၍ပင် စိတ်တိုလာသည်။ သူ ဤလူသားကို သေသည်အထိ ကိုက်သတ်ပစ်မိတော့မည်။
လင်းချီ မြေပြင်ပေါ်သို့ ဇိမ်ပြေနပြေ ထိုင်ချလိုက်ပြီး
အဆာခံမှိုစွပ်ပြုတ်ကို ထုတ်လိုက်သည်။
မှိုစွပ်ပြုတ်ကို မြင်တော့ ခွေးနက်ကြီး၏ မျက်လုံးများ ပြူးကျယ်သွားသည်။
လင်းချီ လက်ထဲရှိ အရသာရှိသော စွပ်ပြုတ်ကို ခွေးနက်ကြီးရှေ့ ဝှေ့ယမ်းပြရင်း "နည်းနည်းလောက် လိုချင်လို့လား"
ပထမတော့ ခွေးနက်ကြီးက မသိစိတ်ဖြင့် ခေါင်းညိတ်လိုက်မိသည်။ သို့သော်လည်း ခဏအကြာတွင် ယင်းအပြုအမူက နတ်ဘုရားသားရဲပုံရိပ်နှင့် မကိုက်ညီဟု ယူဆကာ ခေါင်းပြန်ခါလိုက်သည်။
လင်းချီ ပြုံးပြီး တစ်ခုခုပြောတော့မည့်အချိန်တွင် ခွေးနက်ကြီးက လှိုဏ်ဂူအ၀သို့ ကြည့်လိုက်သည်ကို တွေ့လိုက်ရသည်။ လင်းချီ မျက်နှာ မည်းမှောင်သွားပြီး မသိစိတ်၏ လှုံ့ဆော်မှုကြောင့် ဂူအ၀သို့ လိုက်ကြည့်လိုက်မိသည်။ သို့သော်လည်း ထိုနေရာတွင် မည်သည့်အရာမျှ ရှိမနေချေ။
လင်းချီ တခဏမျှ ကြက်သေသေသွားပြီးနောက်
လှည့်စားခံလိုက်ရမှန်း သတိပြုမိသွား၏။
သူခေါင်းပြန်လှည့်လိုက်သောအခါ စွပ်ပြုတ်အိုးမှာ ပြောင်စင်နေပြီး အဖက်တစ်ဖက်မျှပင် ကျန်မနေတော့ချေ။
ခွေးနက်ကြီးကတော့ ဘာမျှ မသိသလိုမျိုး မြေပြင်ပေါ်တွင် ဖာသိဖာသာ လဲလျောင်းနေသည်။
လင်းချီ အတွင်းစိတ်ထဲမှပင် လှိုက်လှိုက်လှဲလှဲကို အံ့ဩသွားခဲ့သည်။ ထိုအရှိန်နှုန်းမှာ သုံးစက္ကန့်မျှပင် မကြာချေ။
အမှန်တော့ လင်းချီတို့နှစ်ယောက် သေပြေးရှင်ပြေး ပြေးနေချိန်တွင် ခွေးနက်ကြီး၏ အမြန်နှုန်းမှာ အမှန်ပင် ထူးဆန်းကြောင်း သတိထားမိခဲ့သည်။ ၎င်း၏ အမြန်နှုန်းမှာ မယုံနိုင်လောက်အောင်ကို မြန်ဆန်လွန်းသည်။ မျှော်လင့်ထားသည့်အတိုင်း ခွေးနက်ကြီးမှာ လူအုပ်ကြီးလိုက်စဉ်က သူတို့ကို ကစားနေခဲ့ခြင်းပင်။
........
လင်းချီ ဘာမျှ မပြောဘဲ နောက်ထပ်စွပ်ပြုတ် တစ်
အိုးကို ထုတ်လိုက်သည်။ သို့သော်လည်း ဤတစ်ကြိမ်တွင်တော့ စိမ့်မှိုစွပ်ပြုတ်ဖြစ်သည်။ ၎င်းစွပ်ပြုတ်မှာ ခံတွင်းတွေ့စေမည့် အရောင်၊ အနံ့ ၊ အရသာ တို့ဖြင့် ပြည့်စုံနေသည့်အပြင် စားသုံးသူ၏ ခွန်အားကိုလည်း ဘေးထွက်ဆိုးကျိုးမရှိစေဘဲ တိုးမြင့်ပေးနိုင်သည်။
ခွေးနက်ကြီး၏ခေါင်းက ချက်ချင်းလှည့်လာခဲ့သည်။ သူ၏ နှုတ်သီးမှာ တရှုံ့ရှုံ့ အနံ့ခံနေပြီး သွားရည်များလည်း စီးကျနေသည်။
ထိုအချိန်တွင်တော့ ခွေးနက်ကြီးမှာ စိမ့်မှိုစွပ်ပြုတ်ကို ပြေးလုချင်နေကြောင်း ဖုံးကွယ်ဖို့တောင် မရည်ရွယ်တော့ပေ။
ဤတစ်ကြိမ်တွင်တော့ လင်းချီ မည်သည့်အခွင့်အရေးမျှ မပေးတော့ဘဲ သူ၏ လက်ကောက်၀တ် တစ်ချက်ခါလိုက်ရုံဖြင့် စွပ်ပြုတ်ကို ပြန်သိမ်းထားလိုက်တော့သည်။
"ငါဒီလိုမျိုး အရသာရှိတဲ့ စွပ်ပြုတ်တွေ အများကြီး လုပ်ပေးနိုင်တယ်...ပြီးတော့ ဒီစွပ်ပြုတ်က စားလိုက်
ရင် စားသုံးသူကို ဘေးထွက်ဆိုးကျိုးမရှိစေဘဲ ခွန်အားလည်း တိုးစေတယ်"
ခွေးနက်ကြီးက ကြက်သေသေသွားပြီး "ခွန်အားတိုးစေတယ်?...တကယ်ကြီးလား?"
"ဒါပေါ့ စိတ်မပူနဲ့....ငါ ခွေးကိုတော့ မလိမ်ပါဘူး"
"ငါပြန်ပြောမယ်....ငါက နတ်ဘုရားသားရဲကွ.. နတ်ဘုရားသားရဲ!"
"အေးပါကွာ အေးပါ... နတ်ဘုရားသားရဲဆိုတော့လည်း နတ်ဘုရားသားရဲပေါ့..." လင်းချီမှာ အလေးမထားသည့်ပုံစံဖြင့် နားကလော်ရင်း ပြန်ဖြေလိုက်သည်။
"မင်းအရင်က ငါ့စွပ်ပြုတ်သုံးအိုးကို သောက်ခဲ့ဖူးတယ်..ခု ငါ့အသက်ကို ကယ်လိုက်ပြီဆိုတော့ ကျေပြီလို့ ထားလိုက်တော့...မင်းဒီတောအုပ်နဲ့ အရမ်းရင်းနှီးတယ်မလား...ဒီတော့ ငါတို့ အတူတူ လက်တွဲလုပ်ရင် ဘယ်လိုလဲ..."
"မင်းငါ့ကို ဒီတောအုပ်ထဲကနေ ခေါ်ထုတ်သွားပေး...ငါကမင်းကို အရသာရှိတာ တစ်ခုခု ပြန်လုပ်ပေးမယ် ..အဆင်ပြေလား?"
••••••••