(တခြားအမယ်တွေ ထပ်ထည့်လိုက်တော့ စွပ်ပြုတ်က ပိုပြီး အရသာရှိသွားတယ်)
Vol. 7 Ch. 65
ထိုသို့ မေးပြီးနောက် လင်းချီ ခွေးနက်ကြီးကို ဂရုတစိုက် အကဲခတ်လိုက်သည်။
၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ကျွဲရိုင်းတစ်ကောင်ကဲ့သို့ သန်မာသော ကြွက်သားကြီးများနှင့် ပြည့်နှက်နေပြီး ကြီးမားသော နားရွက်များလည်း ရှိသည်။ ဖြူဖွေးနေသော အစွယ်များက ဓားမြောင်ကဲ့သို့ ချွန်ထက်နေပြီး သွေးကဲ့သို့ နီရဲနေသော လျှာကိုလည်း မကြာခဏ အပြင်သို့ တန်းလန်းထုတ်နေသည်။
လင်းချီ မှတ်တမ်းမဲ့မိစ္ဆာသားရဲများအကြောင်း များစွာ မသိသော်လည်း ထိုမျှ ရိုးရှင်းမည် မဟုတ်ကြောင်းတော့ နားလည်သည်။
ထိုခွေးနက်ကြီးတွင် အလွန်ထူးဆန်းသော စွမ်းရည် များစွာရှိသည်။ အစားကြီး၍ မီးလည်း မှုတ်တတ်
သေးသည်။ ထူးဆန်းလှသည့် မှော်ကျောက်တုံးနက်များကို မကြောက်သည့်အပြင် အလွန်လည်း လျင်မြန်သည်။ လူစကားလည်း ပြောတတ်ပြီး အင်မတန်မှလည်း ဉာဏ်ကောင်းလှပေသည်။
လင်းချီမှ ပူးပေါင်းရန် စကားဆိုလာသောအခါ ခွေးနက်ကြီးက မျက်ဆံလှန်မိလိုက်သည်။
တခဏမျှ စဉ်းစားပြီးနောက် ခွေးနက်ကြီးမှာ တစ်ခုခုကို စဉ်းစားမိသွားပုံရသည်။ လင်းချီပင်လျှင် သူ၏ မျက်နှာပေါ်မှ ကောက်ကျစ်သော အမူအရာ တစ်စွန်းတစ်စကို တွေ့လိုက်ရသည်။
ဝုတ်!
"...လူစကားပြော!" လင်းချီ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ ထိုခွေးမှာ သာမန်ခွေးမဟုတ်ဟု သူကိုယ်တိုင် ပြောနေပြီးမှ ယခုကျ သာမန်ခွေးလို ပြုမူနေသည်။
"ရတယ်...ငါတို့ ပူးပေါင်းလို့ရတယ်...ဒါပေမယ့် ငါ့မှာ တောင်းဆိုစရာ တစ်ခုရှိတယ်...မင်းငါ့ကို ခွန်အားတိုးစေမယ့် ဟင်းပွဲတွေ ချက်ကျွေးရမယ့်အပြင် ငါ့
ရဲ့ ပြိုင်ဘက်ကိုလည်း သင်ခန်းစာပေးဖို့ ကူညီရမယ်...အဲ့လိုဆို ငါလည်း မင်းကို ထွက်သွားဖို့ ကူညီပေးမယ်"
ပြိုင်ဘက်? လင်းချီ နှလုံးတုန်သွားသည်။
"ဘယ်သူလဲ....အရမ်းစွမ်းအားကြီးလား... မင်းတောင် မနိုင်ဘူးလား" လင်းချီ တစ်ခါတည်း မေးခွန်းသုံးခု မေးလိုက်သည်။
"ဘယ်သူလဲဆိုတာ မင်းစိုးရိမ်စရာ မလိုဘူး... သူက ငါလောက်လည်း စွမ်းအားမကြီးဘူး...ဘာလို့ဆို ငါက တစ်ကမ္ဘာလုံးမှာ ပြိုင်ဘက်ကင်းတဲ့ နတ်ဘုရားသားရဲမို့လို့ပဲ"
လင်းချီ ဘာပြောရမှန်း မသိ ဖြစ်သွားသည်။ သူ့ကိုယ်သူ တစ်ခါလောက်နှိမ့်ချလိုက်မိရင် သေသွားမှာ စိုးလို့လား?
"ဒီလိုဆို ငါ့မှာလည်း အခြေအနေတစ်ခုရှိတယ် ...မင်းငါ့ကို လူရာကျော်လောက်ရှိတဲ့ မျိုးနွယ်စုတစ်စုကို ကျွေးမွေးထားနိုင်ဖို့ လုံလောက်မယ့်
အစားအစာတွေရှိတဲ့နေရာကို လမ်းပြပေးရမယ်"
"သဘောတူတယ်"
ခွေးနက်ကြီးက သူ၏ ရှေ့ခြေဖဝါးကို သာမန်ကာလျှံကာ ဝှေ့ယမ်းပြီး ပြောလိုက်သည်။
လင်းချီက လေထဲတွင် ရှိနေသော ရှေ့ခြေဖဝါးကို ကြည့်လိုက်ပြီး သူ၏ ညာဘက်လက်ဖဝါးကို အပေါ်သို့ လှန်လျက်သား ဆန့်ထုတ်လိုက်သည်။
"မင်းရဲ့ လက်ကို အဲ့ပေါ် တင်လိုက်"
လင်းချီ ပြောပြောပြီးချင်း သူ၏ စိတ်ထဲမှ ကိုယ့်ကိုယ်ကို ကျိန်ဆဲမိသွားသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ အတိတ်ဘ၀မှ နယ်စပ်သိုးထိန်းခွေးတစ်ကောင်ကို မွေးခဲ့ဖူးသောကြောင့် အကျင့်ပါနေခြင်းဖြစ်သည်။
ခွေးနက်ကြီးမှာ တခဏမျှ ကြက်သေသေသွားပြီး အသိပြန်၀င်လာသောအခါ ဒေါသတကြီး ဖြစ်သွားသည်။
"သေစမ်း ... ငါက နတ်ဘုရားသားရဲကွ... နောက်တစ်ခါ ငါ့ကို ထပ်ပြီး သာမန်ခွေးလို လာဆက်ဆံရင် ကိုက်သတ်ပစ်မယ်!"
ခွေးနက်ကြီးက သူ၏ ရှေ့ခြေထောက်များဖြင့် မြေပြင်ကို မာန်အပြည့်နှင့် ရိုက်ချလိုက်သည်။
"ဟုတ်ပါပြီ... ဟုတ်ပါပြီ..ခွေးလူကြီးမင်းရယ်"
"ငါ့ကို မဟူရာဘုရင်လို့ခေါ်ကွ!"
....မဟူရာ ခွေးဘုရင်လား? သို့သော်လည်း လင်းချီ စိတ်ထဲ၌သာ တိတ်တဆိတ် တွေးရဲသည်။ အကယ်၍ သူသာ ဆက်လက် စနောက်နေပါက သူတို့၏ စကားလမ်းကြောင်း လွဲသွားမှာကို စိုးရိမ်မိသည်။
ပညာရှိတစ်ယောက်ဟာ မျက်စိရှေ့ရှိ အရှုံးကို စိတ်ထဲထားနေမည်မဟုတ်။ စနစ် အဆင့်မြင့်ပြီး ပို၍အရသာရှိသော အစားအစာများ ရလာသောသောအခါမှ လင်းချီ ခွေးနက်ကြီးကို အနိုင်ယူ
နိုင်မလား မယူနိုင်ဘူးလားဆိုတာ ကြည့်ကြသေးတာပေါ့။
ထိုအရာကလည်း မဟူရာဘုရင် တွေးနေသည့် အကြောင်းအရာပင် ဖြစ်၏။
'ဒီကောင်လေးက အားနည်းသလောက် ဟင်းချက်လက်ရာကတော့ တကယ်မဆိုးဘူး...ဒီဘုရင်သာ ပြန်သက်သာလာရင် သူ့ကို အိမ်မွေးတိရစ္ဆာန်လို ဖမ်းထားပြီး နေ့တိုင်း အရသာရှိတာတွေ ချက်ပြုတ်ခိုင်းရမယ်....'
လူတစ်ယောက်နှင့် ခွေးတစ်ကောင်မှာ အကြံကိုယ်စီနှင့် ကျေနပ်နေကြသည်။ ထိုသို့ဖြင့် သမိုင်းတွင် ကိုးရိုးကားယား အနိုင်ဆုံးသော ပူးပေါင်းမှုကြီး ပေါ်ပေါက်လာတော့သည်။
"ချာတိတ်...မင်းမှာ ဘယ်လိုလုပ် ဒီလို ဟင်းပွဲတွေ ရှိနေတာလဲ... ဒီဘုရင် နေလာတာ နှစ် တစ်သိန်းကျော်ပြီ...တစ်ခါမှ ဒီလိုဟင်းပွဲမျိုးရှိတာ တစ်ခါမှ မကြားဖူးသေးဘူး..... "
'...နှစ်တစ်သိန်းရှိတာကို မင်းက ကြီးကြီးကျယ်ကျယ် လုပ်ပြီး ကြွားနေလိုက်သေးတယ်...ဒီတော့ မင်းက ဆင့်ကဲပြောင်းလဲသွားတဲ့ ခွေးဝိဉာဏ်သားရဲပဲ မဟုတ်ဘူးလား?'
"ဒါပေါ့ကွ...မင်းက ငါဘယ်သူလို့ ထင်လို့တုန်း"
'သေချာတာပေါ့ ဘယ်ကြားဖူးမှာတုန်း...အခြားဘယ်သူ့မှာမှ စနစ်မှ မရှိတာ'
အကယ်၍ လင်းချီ တခြားသူကို သင်ပေးခဲ့လျှင်တောင် တူညီသော မှော်သက်ရောက်မှုများ ရှိလိမ့်မည် မဟုတ်ချေ။
"အို့....ငါဗိုက်ဆာပြီ..ဒီဘုရင်အတွက် ချက်ပြုတ်ပေးစမ်း"
'မင်းက ဗိုက်ဆာတယ်? ခုလေးတင် အဆာခံမှိုစွပ်ပြုတ် တစ်အိုးလုံးသောက်ထားတာကို.. ဒါပေမယ့် မင်းပြောမှပဲ...' လင်းချီမှာ သူလည်း ဗိုက်ဆာနေကြောင်း သတိရသွားသည်။ တစ်နေကုန် ပြေးလွှားနေရပြီး သူပြုလုပ်ထားသော စတိတ်ခ်နှင့် စွပ်ပြုတ်ကိုပင် မစားလိုက်ရပေ။
သူ ထိုသောက်ပိန်းခွေးနှင့်လည်း ပြိုင်မငြင်းချင်တော့ပေ။ ထို့ကြောင့် ဘာမျှ မပြောတော့ဘဲ အိုးတစ်လုံးထုတ်ကာ အဆာခံမှိုစွပ်ပြုတ်ကို စတင်ပြုလုပ်တော့သည်။
ခွေးနက်ကြီးမှာ အိုးထဲမှ ထွက်ပေါ်လာသော မွှေးရနံများကို အလွတ်ပင် မခံဘဲ ရှူသွင်းလိုက်သည်။ ထို့ပြင် သွားရည်များကလည်း ကြမ်းပြင်ပေါ်သို့ တစက်စက် ကျနေသေး၏။
"မဆိုးဘူး...မဆိုးဘူး...တကယ့်ကို အပေါ်ယံကြည့်ပြီး ဝေဖန်လို့မရဘူးဆိုတာ မှန်တာပဲ...."
လင်းချီ မပျော်မရွှင် ဖြစ်သွားပြီး "နေစမ်းပါဦး...မင်းက လူစကားပြောတတ်တာနဲ့ ကြီးကျယ်လို့ရပြီများ ထင်နေလား ... မင်းက လူတွေကို ရုပ်ရည်ကြည့်ပြီး ခွဲခြားတယ်ပေါ့?...ကျုပ်ရုပ်ကကော ဘာဖြစ်နေလို့လဲ...ရှင်းရှင်း ပြောစမ်းပါ"
ထိုအချိန်တွင်တော့ ခွေးနက်ကြီး ဆွံ့အသွားတော့သည်။ သူက ဒီတိုင်း ဘာသဘောမှ မပါဘဲ
ပြောလိုက်ခြင်းပင်။
"မင်းကိုယ်တိုင်ကျ မည်းနက်နေတဲ့ ကြွက်အကြီးကြီးနဲ့တူနေတာတောင် ကျုပ်ထက် ပိုကြည့်ကောင်းတယ်များ ထင်နေတာလား "
မဟူရာဘုရင် ကြက်သေသေသွားတော့သည်။ ' စာအုပ်တစ်အုပ်ကို အဖုံးကြည့်ပြီး မဆုံးဖြတ်နဲ့ ဆိုတာက စကားပုံလေးတစ်ခုပဲလေကွာ....ဘာကြောင့် အဲ့လောက် အထိမခံ ဖြစ်နေရတာတုန်း'
သို့သော်လည်း ခွေးနက်ကြီးမှာ နားထောင်ရုံကလွဲ ဘာမှပြန်မပြောနိုင်ချေ။ သူလူသားဘာသာစကား ပြောတတ်သည် မှန်သော်လည်း လူသားတစ်ယောက်ထက်တော့ ကျွမ်းကျင်ပိုင်နိုင်စွာ မပြောနိုင်ချေ။
လင်းချီ ပြောရင်းပြောရင်း အရှိန်ရလာပြီး ခွေးနက်ကြီး၏ မျက်နှာပေါ် တံတွေးများ ပက်ဖြန်းလုနီးပါး ဖြစ်သွားသည်။
ခွေးနက်ကြီးမှာ သူ့ကို ကိုက်သတ်ချင်ပါသော်လည်း ပြီးစီးခါနီးဖြစ်သော စွပ်ပြုတ်နှင့် မခွဲချင်
သောကြောင့် သည်းခံနေလိုက်သည်။
သူလည်း မတတ်နိုင်ချေ။ သူ အမှန်တကယ် ဗိုက်ဆာနေခဲ့ခြင်းဖြစ်၏။
လင်းချီ ဆူလို့၀ပြီး ခွေးနက်ကြီးလည်း သူ့ကို ဘာမျှ ပြန်မပြောသည်ကို မြင်သောအခါ သူလည်း ဆက်လက်ပြီး မှိုစွပ်ပြုတ်ကို ချက်ပြုတ်နေလိုက်သည်။
ထိုကိစ္စဖြစ်ပြီးနောက် လူတစ်ယောက်နှင့်ခွေးတစ်ကောင်တို့မှာ တစ်ဦးနှင့်တစ်ဦး စကားပြောချင်စိတ် မရှိကြတော့ပေ။ စွပ်ပြုတ်ပွက်ပွက်ဆူနေသော အသံကိုသာ လှိုဏ်ဂူထဲ၌ ကြားနေရသည်။
မကြာမီ အဆာခံမှိုစွပ်ပြုတ် အဆင်သင့် ဖြစ်သွားခဲ့ပြီ။
လင်းချီ အိုးအဖုံးကို လှပ်လိုက်ပြီး မြည်းကြည့်တော့မည့်အချိန်တွင် သူရှေ့ရှိ ခွေးနက်ကြီးမှာ အနံ့ခံပြီး လင်းချီ ဘေးသို့ ရောက်လာခဲ့သည်။ ထို့နောက် သူ၏ လက်ဖဝါးကို မြောက်ကာ လင်းချီကို လေထဲ
သို့ လွှင့်ပစ်လိုက်တော့သည်။
'အဲ့တာ မင်းငါ့ကို ဆူတဲ့အတွက် လျော်ကြေးဘဲ'
ထို့နောက် အပူမကြောက် ဘာမကြောက်နှင့် သူ့ခေါင်းကို အိုးထဲသို့ နစ်လိုက်ပြီး တစ်အိုးလုံးကို ပါးစပ်အပြည့် နှစ်ခါမျှနှင့် အပြတ် ရှင်းလိုက်လေသည်။
အ၀ဆွဲပြီးနောက် ခေါင်းမော့လိုက်ပြီး နှုတ်ခမ်းများ သပ်လိုက်၏။ တော်တော်ကျေနပ်နေပုံပင်။
ဘေးသို့ လွင့်ပစ်ခြင်းခံလိုက်ရသော လင်းချီမှာ ဒေါသထွက်သွားပြီး ခါးထောက်ကာ လက်ညိုးထိုး၍ ခွေးနက်ကြီးကို ပိုးစိုးပက်စက် ကျိန်ဆဲတော့သည်။
"ဘယ်လောက်တောင် အဆင့်အတန်း မရှိတဲ့ ခွေးမျိုးလဲ....သဘောထား သေးသိမ်လိုက်တာ!"
ခွေးနက်ကြီးကတော့ သူဘာပြောပြော လျစ်လျူရှုထားပြီး ဂူနက်ထဲသို့ ၀င်ရောက်သွားသည်။ ထို့နောက် အညောင်းဆန့်လိုက်ပြီး အိပ်ဖို့ ဟန်ပြင်
လိုက်တော့သည်။
မအိပ်ခင် ခွေးနက်ကြီးက လင်းချီကို တစ်ချက်ကြည့်လိုက်၏။ လင်းချီမှာ တစ်တွတ်တွတ်ပြောနေဆဲဖြစ်သော်လည်း ခွေးနက်ကြီးကတော့ နားမထောင်နေချေ။
လင်းချီ၏ အသံမှာ ကျိန်ဆဲလွန်း၍ အသံပင် အက်ကွဲနေလေပြီ။ သို့သော်လည်း စိတ်ဆိုးမပြေသေးပေ။ အကယ်၍ သူသာ ထိုခွေးကို အနိုင်ပိုင်းနိုင်တဲ့တစ်နေ့ အရှင်လတ်လတ် အရေခွံဆုတ်ပြီး ခွေးသား လုပ်ပစ်လိုက်မည်။
လင်းချီလည်း ရွေးစရာ မရှိတော့ဘဲ နောက်ထပ် စွပ်ပြုတ်တစ်ပွဲ ပြင်လိုက်ရသည်။ သောက်ပြီးနောက် ကျွဲမြီးတိုတိုနှင့် မကျေမနပ် ရေရွတ်ရင်း အိပ်ပျော်သွားတော့သည်။
ညမှာ တိတ်ဆိတ်နေသည်။
နောက်တစ်နေ့ မနက်ခင်း လင်းချီ မျက်လုံး ဖွင့်လိုက်သောအခါ မဟူရာဘုရင်မှာ သိပ်မဝေးသောနေရာမှ သူ့ကို စူးစိုက်ကြည့်နေရင်း သွားရည်ကျနေသည်ကို
တွေ့လိုက်ရသည်။
သူ၏ မျက်လုံးများမှာ အစိမ်းရောင် တလက်လက် တောက်ပနေသည်။
လင်းချီ ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး "မင်းဘာကြည့်နေတာတုန်း
"ဗိုက်ဆာလို့!"
လင်းချီ စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်သည်။ ခွေးနက်ကြီးမှ သူ့ကို ကိုက်စားတော့မလားဟု တွေးမိသွားခြင်းဖြစ်၏။
လင်းချီ ထလာသောအခါ ခွေးနက်ကြီးလည်း ဘေးနားသို့ လျှောက်သွား၍ လဲလျောင်းလိုက်သည်။
လင်းချီ မနေ့က အဖြစ်အပျက်ကို ပြန်လည်မှတ်မိသွားပြီး ထပ်မံ၍ စိတ်တိုလာသည်။
သူခွေးနက်ကြီးကို ပညာပြနိုင်မည့် ပစ္စည်းများ ရှိမရှိ စနစ်ထဲ တစ်ချက် ရှာကြည့်လိုက်သည်။
ရှာနေရင်းနှင့် ရုတ်တရက် ဟင်းပွဲ တစ်ခုကို လင်းချီ ရှာတွေ့သွားသည်။ ထိုဟင်းပွဲ၏ အညွှန်းကို ဖတ်ကြည့်ပြီးနောက် လင်းချီ အေးစက်စွာ ရယ်လိုက်တော့သည်။
သူကျေနပ်လွန်း၍ ကျယ်လောင်စွာ ရယ်မိလိုက်သည်။
ခွေးနက်ကြီး ကြားသော အခါ လင်းချီကို အရူးကဲ့သို့ကြည့်လိုက်ပြီး "ဘာတွေ ရယ်နေတာလဲ...ပေါတောတောနဲ့"
လင်းချီ ပြုံးနေတာကို အမြန်ရပ်လိုက်ပြီး "ဟားဟား..ဘာမှ မဟုတ်ပါဘူး ဘာမှ မဟုတ်ဘူး"
ခွေးနက်ကြီး အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသော်လည်း စိတ်ထဲမထားခဲ့ပေ။
လင်းချီ အိုးကို ထုတ်လိုက်ပြီး အဆာခံမှိုစွပ်ပြုတ်ကို ချက်ရန် ပြင်ဆင်လိုက်သည်။ ထိုဟင်းပွဲမှာ အဆာခံစေသော ဟင်းပွဲဖြစ်နေ၍ တော်သေးသည်။ မဟုတ်
ပါက သူတစ်နေ့လုံး ဘာမျှ မလုပ်နိုင်ဘဲ ခွေးနက်ကြီးအတွက်သာ ချက်ပေးနေရတော့မည်။
စွပ်ပြုတ် ပွက်ခါနီးသောအခါ လင်းချီ မီးတစ်ချက် ထိန်းလိုက်ပြီး ခွေးနက်ကြီးကို ခိုးကြည့်လိုက်သည်။
ခွေးနက်ကြီး မျက်လုံးမှိတ်ထားသည်ကို မြင်သောအခါ စနစ်ထဲမှ အမယ် လက်တစ်ဆုပ်လောက် ထုတ်ပြီး စွပ်ပြုတ်ထဲသို့ အလျင်အမြန် ပစ်ထည့်လိုက်သည်။
လင်းချီ သစ်သားတုတ်ဖြင့် အားရပါးရ မွှေလိုက်ပြီး အမယ်များ စွပ်ပြုတ်နှင့် ရောနှောသွားသောအခါ လင်းချီ ခွေးနက်ကြီးကို စားရန် နှိုးလိုက်သည်။
သို့သော်လည်း ဤတစ်ကြိမ်တွင် လင်းချီ အရင်မစားဘဲ ခွေးနက်ကြီးကို တစ်အိုးလုံး ပေးလိုက်၏။
ခွေးနက်ကြီးက ဇဝေဇဝါ ဖြစ်သွားပြီး "မင်းရော မစားဘူးလား"
လင်းချီ သွားပေါ်အောင် ပြုံးလိုက်ပြီး "ကျုပ်ဗိုက်မ
ဆာသေးလို့... ကျုပ်က ဒီစွပ်ပြုတ်ကို တစ်ငုံလောက် သောက်ထားရင် သုံးရက်လောက် အေးဆေးနေလို့ရတယ်"
••••••••