(လျှို့ဝှက်ဆန်းကြယ်သော မဟူရာ ခွေးဘုရင်)
Vol. 7 Ch. 67
အစီအစဉ်အရ ခွေးနက်ကြီးမှာ ကျောက်တုံးဝံပုလွေကို အဝေးသို့ မျှားခေါ်သွားသည်။ သူ ထိုအတိုင်း အဝေးသို့ ပြေးသွားပြီး အဆာခံမှိုစွပ်ပြုတ်များ ပြည့်နှက်နေသော အိုးကို အောက်သို့ ချလိုက်ပြီး ဖြတ်လမ်းမှ ပြန်ရန်ပြင်လိုက်သည်။
သို့သော်လည်း သူ အနည်းငယ်လောဘကြီးသွားခဲ့သည်။ စွပ်ပြုတ်၏ ဆွဲဆောင်မှုကို တောင့်မခံနိုင်တော့ဘဲ နှစ်လုပ်မျှ အ၀သောက်လိုက်ပြီး ထိုနေရာ၌ ထိုင်ချကာ အားရပါးရ စားသောက်တော့သည်။
စားပြီးသောအခါ သူခေါင်းကိုမော့လိုက်ချိန် သူ့ရှေ့ရှိ ကျောက်တုံးဝံပုလွေကို မြင်လိုက်ရသည်။ မြင်ကွင်းမှာ အလွန်အမင်း ကိုးရို့ကားယား နိုင်လှ၏။
ကျောက်တုံးဝံပုလွေမှာလည်း ကြယ်ငါးပွင့် သားရဲဖြစ်သောကြောင့် မတုံးအပေ။ သူခွေးနက်ကြီးကို ကြည့်လိုက်ပြီး မြေပြင်ပေါ်ရှိ စွပ်ပြုတ်အိုးကို ကြည့်လိုက်ကာ ဤနေရာသို့ ရည်ရွယ်ချက်ရှိရှိ မျှားခေါ်ခံ
လာခဲ့ရကြောင်း သတိထားမိလိုက်သည်။ သို့သော်လည်း လိုဏ်ဂူနှင့် အလွန် ဝေးနေပြီဖြစ်သောကြောင့် သူ့ရှေ့ရှိ ခွေးနက်ကြီးကို အရင်ဖမ်းရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် ခွေးနှင့် ဝံပုလွေတို့၏ စိန်ပြေးလိုက်တမ်းကစားပွဲကြီး စတင်တော့သည်။
အချက်ကျကျ ဆိုရသော် ကျောက်တုံးဝံပုလွေမှာ လျင်မြန်သည် မှန်သော်လည်း ခွေးနက်ကြီးက အေးဆေး ကိုင်တွယ်နိုင်သည်။ သို့သော်လည်း သူ စွပ်ပြုတ်ကို သောက်ပြီးနောက် သူ၏ အစာအိမ်မှာ စတင် နာလာပြီး အချိန်တိုင်းလည်းတဂွီဂွီမြည်နေသည်။ ခွေးနက်ကြီး၏ အစာအိမ်နာကျင်မှုမှာ ပို၍ပို၍ ပြင်းထန်လာသည်။ သို့သော်လည်း ကျောက်တုံးဝံပုလွေမှာ သူ့နောက်မှ မျက်ခြေမပြတ် လိုက်နေဆဲဖြစ်၏။
ပြေးနေရင်းဖြင့် ခွေးနက်ကြီး ရုတ်တရက် လေလည်ချင်လာသည်။ ကံမကောင်းစွာဖြင့် တိုက်ဆိုင်ချက်ကတော့ သူလေလည်လိုက်သည့်အချိန်တွင် ကျောက်တုံးဝံပုလွေ၏ နှာခေါင်းမှာ သူ့နောက် ရောက်နေခဲ့
သည်။
ထိုသို့ဖြင့်...
ကျောက်တုံးဝံပုလွေမှာ တစ်ခါမျှ ထိုကဲ့သို့ အနိုင်ကျင့်မခံရဖူးသဖြင့် ဒေါသထွက်လွန်း၍ ရူးသွပ်သွားတော့သည်။
ခွေးနက်ကြီး ၏ ၀မ်းဗိုက်ထဲမှ နာကျင်မှုများ သက်သာသွားသောအခါ ကျေနပ်သွားပြီး အရှိန်တင်ကာ လင်းချီကို ပြန်သွားခေါ်ရန် ချောက်ကမ်းပါးဆီသို့ ပြန်လာခဲ့ခြင်းဖြစ်၏။
...
ထို့နောက် ခွေးနှင့် ဝံပုလွေကြား ရန်ပွဲကနေ ဝံပုလွေမှ လူနှင့်ခွေးနောက်ကို လိုက်သော ကစားပွဲအဖြစ် ပြောင်းသွားတော့သည်။
သူ့နောက်ရှိ ကျောက်တုံးဝံပုလွေ၏ အမူအရာကို မြင်သောအခါ လင်းချီ ရှော့ခ်ရသွားပြီး ကျောပေါ်မှ ပြုတ်ကျမလိုတောင် ဖြစ်သွားခဲ့သည်။
"သောက်ကျိုးနည်း ခင်များတကယ်ကြီး လေလည်ခဲ့တာပေါ့!"
ထိုအချိန်တွင် လင်းချီ သူမနက်က ဘာလုပ်ခဲ့လဲဆိုတာ သတိရသွားပြီး ဘာဖြစ်ခဲ့လဲဆိုတာ နားလည်သွားတော့သည်။
လင်းချီ မနက်တုန်းက ခွေးနက်ကြီးကို လက်စားချေရန် အဆိပ်အတောက်ဖယ်ရှားပေးသော ရွက်လှအနည်းငယ်ကို စွပ်ပြုတ်ထဲသို့ ထည့်ခဲ့သည်။
စနစ်၏ အညွှန်းအရ ၎င်းအရွက်ကို စားသုံးပြီးနောက် ခန္ဓာကိုယ်ရှိ အဆိပ်အတောက်များအားလုံး ဖယ်ရှားသွားလိမ့်မည်။ တစ်ခုတည်းသော ဘေးထွက်ဆိုးကျိုးမှာတော့ ၀မ်းလျှောခြင်းပင်။ ၎င်းနည်းလမ်းဖြင့် အစာအိမ်နှင့် အူတွင်းရှိ အဆိပ်အားလုံးကို စွန့်ထုတ်စေလိမ့်မည်။ သို့သော်လည်း ခွေးနက်ကြီးကတော့ ရက်အနည်းငယ်ခန့် ၀မ်းမသွားထားသောကြောင့် သူ၏ အစာအိမ်ထဲတွင် အတော်များများ စုဆောင်းထားမိသကဲ့သို့ ဖြစ်နေလောက်သည်။
ဆေးစွမ်းမှာ ချက်ချင်းမပြသောကြောင့် လင်းချီ ခွေးနက်ကြီးအပေါ်တော့ အကျိုးသက်ရောက်မှုမရှိ ဟု ထင်မှတ်နေခဲ့သည်။ သို့သော်လည်း တကယ့် အချိန်ကျမှ ဆေးစွမ်းပြလိမ့်မည်ဟု သူလည်း မမျှော်လင့်ထားခဲ့ပေ။
ခွေးနက်ကြီးလည်း အနည်းငယ် ဇဝေဇဝါ ဖြစ်နေသည်။
ငါဘာလို့ ရုတ်တရက်ကြီး ဗိုက်မကောင်းဖြစ်သွားရတာလဲဟ?
"ကောင်စုတ်လေး...မင်းစွပ်ပြုတ်ထဲ တစ်ခုခု ထည့်ခဲ့သေးလား"
လင်းချီ အဘယ်ကြောင့် ၀န်ခံရမည်နည်း။ "သေချာပေါက် ဘယ်ဟုတ်မလဲဗျ ကျုပ်ခင်ဗျားကို ချက်ပေးထားတာ သာမန်မှိုစွပ်ပြုတ်ပဲ... ဘာမှ ထပ်မထည့်ထားဘူး"
"ဒါဆို..ငါကဘာလို့......"
"ဒါတော့ ဘယ်သိမလဲ...ခင်များ အများကြီး စားလိုက်လို့နေမှာပေါ့...သာမန်လူဆို တစ်ဇွန်းလောက် စားတာနဲ့တင် သုံးရက်လောက် ဗိုက်ပြည့်နေမှာ.. ခင်များကျတော့ရော...ဒီသုံးရက်အတွင်းမှာ စားထားတာ ဘယ်နှစ်အိုးမှန်းတောင် မသိတော့ဘူး..ပြီးတော့ ခင်များ-ျီး မပါတာတောင် ဘယ်လောက်ကြာနေပြီလဲမှ မသိတာ"
"အဲ့တာ...လအနည်းငယ်လောက်တော့ရှိပြီ..ဒါပေမယ့်...."
"သောက်လုပ်မဟုတ်တာတွေ ထပ်ပြောမနေနဲ့တော့ ဒီလို လေပေါနေရင် နှစ်ကောင်လုံး ဂန့်တော့မယ်....ကျုပ်ကတော့ -ျီးပေနေတဲ့ သားရဲကြီးနဲ့ မချချင်ဘူး..ခင်များကော ဒီလောက်နံဟောင်နေတဲ့ အနံ့ဆိုးကြီးကို မရဘူးလား"
အကယ်၍ ခွေးနက်ကြီးသာ လင်းချီ၏ လက်ချက်မှန်း သိသွားပါက သူ့ကို သေသည်အထိ မီးရှို့ သတ်လောက်သည်။
ဘယ်လောက်တောင် ဆုံးရှုံးမှုကြီးမားလိုက်မလဲ!
ခွေးနက်ကြီးလည်း ဘာမျှစဉ်းစားမနေတော့ဘဲ အမြန်အရှိန်တင်လိုက်သည်။
လေးငါးမိနစ်ခန့်ကြာသောအခါ သူတို့ ကျောက်တုံးဝံပုလွေကြီးကို မျက်ခြည်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သော်လည်း ဝံပုလွေကြီး၏ ဒေါသတကြီး အော်ဟစ်သံကိုတော့ ကြားနေရသေးသည်။
လင်းချီ သူ၏ အမှားမကင်းသောကြောင့် အဖြူရောင်ကျောက်စိမ်းမှိုများကို လျင်မြန်စွာထုတ်ပြီး စိမ့်မှိုစွပ်ပြုတ် ပြုလုပ်ရန် ပြင်ဆင်လိုက်သည်။
[ဟင်းပွဲအမည် : စိမ့်မှိုစွပ်ပြုတ် ၊ အဆင့်(၃) ၊ ရှားပါးအဆင့် ၊ မှော်အကျိုးသက်ရောက်မှုများ : သောက်သုံးသူ၏ ကဏ္ဍပေါင်းစုံမှ ခွန်အားကို ဘေးထွက်ဆိုးကျိုးမရှိဘဲ တိုးမြင့်ပေးသည် (တစ်ကြိမ်တည်းသာ အသုံးပြုနိုင်သည်၊ ထပ်ခါထပ်ခါ သောက်သုံးခြင်းအတွက် အကျိုးသက်ရောက်မှု ရှိမည် မဟုတ်) ]
[ပါ၀င် ပစ္စည်းများ : မီးခိုးမှို (×၃) ၊ သစ်မှို (×၂) ၊ မှိုနီ (×၄) ၊ အဖြူရောင် ကျောက်စိမ်းမှို (×၅) ၊ ကြည်လင်သောရေ (×၂)]
[ချက်ပြတ်နေဆဲ.......ချက်ပြုတ်မှုပြီးစီးပါပြီ]
[ဒင်! သင် စိမ့်မှိုစွပ်ပြုတ်ကို ရရှိသွားပါပြီ။]
လင်းချီ စွပ်ပြုတ်အိုးကိုကိုင်ပြီး ခွေးနက်ကြီးကို ပြောလိုက်သည်။
"ဒါက ကျုပ်ခင်များကို ပြောဖူးတဲ့ စိမ့်မှိုစွပ်ပြုတ်ဘဲ..ဒီစွပ်ပြုတ်က ခင်များရဲ့ ခွန်အားကို ဘေးထွက်ဆိုးကျိုး မရှိဘဲ တိုးမြင့်ပေးလိမ့်မယ်..ဒါပေမယ့် သေချာမှတ်ထားနော်.. ခင်များဒီတစ်ခွက် သောက်ပြီးလို့ နောက်တစ်ခွက်သောက်ရင်တော့ အကျိုးသက်ရောက်မှုက ရှိမှာ မဟုတ်တော့ဘူး"
"တကယ်ကြီးလား...မင်းငါ့ကို လှည့်စားနေတာတော့ မဟုတ်ဘူးလား"
"မယုံဘူးပေါ့..ရတယ်လေ...အဲ့တာဆိုလည်း ကျုပ်သောက်လိုက်မယ်...ပြီးမှ အာနိသင်က ဘယ်လိုလဲဆိုတာ ခင်များကိုယ့်ဟာကိုယ်ကြည့်..."
ဘန်း!
လင်းချီ တစ်ဖန် ပြန်လွင့်သွားသည်။
ခွေးနက်ကြီးက အိုးထဲရှိ စွပ်ပြုတ်ကို လျင်မြန်စွာ သောက်လိုက်ပြီး အရသာခံစားရန် မျက်လုံးကို မှိတ်လိုက်သည်။
တခဏမျှကြာပြီးနောက် မျက်လုံးဖွင့်ပြီး လင်းချီကို ကြည့်လိုက်သည်။
"အင်း ...အာနိသင်ကတော့ တကယ်ရှိတယ်..ဒါပေမယ့် သာမန်ပါဘဲ..တကယ်လို့ ငါသာ အိုးသုံးလေးဆယ်လောက် သောက်လို့ရရင်တော့ကွာ...."
လင်းချီ ထိုခွေးကို ဆက်ဂရုစိုက်မနေတော့ဘဲ လျစ်လျူရှုလိုက်သည်။
"ဒီလိုမျိုး ထူးခြားတဲ့ အာနိသင် ရှိတဲ့ တခြားဟင်းပွဲတွေရော ရှိသေးလား"
"ရှိတယ်..ဒါပေမယ့် ဟင်းလျာအများစုအတွက်
ကျုပ်မှာ အမယ်တွေ မရှိဘူးဖြစ်နေတာ"
"ရတယ်...ငါ့တာ၀န်သာ ထားလိုက်"
လင်းချီ ခွေးနက်ကြီးကို အဆာခံမှိုစွပ်ပြုတ်အတွက် လိုအပ်သော အမယ်များ ၊ လျင်မြန်သစ်သီးနှင့်၊ အခြားသော ဟင်းပွဲများအတွက် လိုအပ်သော အမယ်များကို ပြောပြလိုက်သည်။
မဟူရာခွေးဘုရင်က ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ပြောလာသည်။ "ကောင်စုတ်လေး မင်းတော်တော်ကံကောင်းတယ်မှတ် မင်းပြောတဲ့အမယ်တွေအားလုံးကို ဒီဘုရင် မြင်ဖူးတယ်"
"အဲ့တာဆိုလည်း သွားရှာကြရအောင်လေ!" လင်းချီ အမယ်များရှာဖွေရန် မစောင့်နိုင်တော့ချေ။
"ဘာလို့ အဲ့လောက် လောနေတာလဲ....ဒီနေ့တော့ မရသေးဘူး...မနက်ဖြန်မှ သွားကြမယ်"
လင်းချီ ဖြေရှင်းချက် တောင်းတော့မယ့်အချိန်တွင် ရုတ်တရက် လေထန်လာပြီး အက်စစ်မိုးများ စတင်
ရွာသွန်းတော့သည်။
လင်းချီ အံ့ဩတကြီးနှင့် ခွေးနက်ကြီးကို ကြည့်လိုက်သည်။ အော့ခ်မျိုးနွယ်စု၏ ပြောကြားချက်များအရ အက်စစ်မိုးရွာသွန်းမှုကို ခန့်မှန်း၍ မရချေ။ ယခု ကောင်းကင်က ကြည်လင်နေသော်လည်း တစ်စက္ကန့်မျှကြာပြီးနောက် အက်စစ်မိုးများ ရွာလျှင်လည်း ရွာနိုင်သည်။
လင်းချီ၏ စိတ်နှလုံးထဲတွင် ခွေးနက်ကြီး၏ ပုံရိပ်မှာ ပို၍ပင် ဆန်းကြယ်လာတော့သည်။
လင်းချီ ထပ်မေးတော့မည့်အချိန်တွင် ခွေးနက်ကြီးမှာ ဘေးသို့ လျှောက်သွားပြီး အိပ်ပျော်လွန်း၍ ဟောက်တောင် ဟောက်နေသည်။
"ကျွတ်... ခင်ဗျားက မပြောချင်ဘူး ကျုပ်ကလည်း မေးဖို့တောင် လုပ်ထားတာ မဟုတ်ပါဘူးနော်!" လင်းချီ တီးတိုး ရေရွတ်လိုက်သည်။
အကယ်၍ လင်းချီတွင် အက်စစ်မိုးဒဏ်ခံနိုင်သော မိုးကာ ရှိလျှင်တောင် အပြင်ထွက်၍ အနီးတဝိုက်သို့ လျှောက်မသွားချင်ပေ။ အက်စစ်မိုး အထိခံရပါက
လွန်စွာနာကျင်ပေသည်။
ထို့ကြောင့် သူလည်း ခွေးနက်ကြီးကို ကျောပေးလိုက်ပြီး တခဏအတွင်း အိပ်ပျော်သွားတော့သည်။
သို့သော်လည်း ခွေးနက်ကြီးက ရုတ်တရက် မျက်လုံးဖွင့်လာကာ လင်းချီကို တိတ်ဆိတ်စွာ စိုက်ကြည့်နေပြီး သူ၏ မျက်လုံးထဲတွင် ရှုပ်ထွေးမှုများ ပြည့်နှက်နေသည်။
စိမ့်မှိုစွပ်ပြုတ်မှာ ခွေးနက်ကြီးပေါ်တွင် သက်ရောက်မှုအချို့ရှိသော်လည်း လွန်စွာ အားနည်းသည်။ သူ၏ ဒဏ်ရာများကို အနည်းငယ်သော ပမာဏမျှသာ ကုသပေးနိုင်သည်။
ခွေးနက်ကြီးမှာ လင်းချီကို ပြီးခဲ့သော နှစ်ရက်လုံးလုံး စောင့်ကြည့်နေခဲ့သည်။ လင်းချီ အမယ်များကို မည်သည့်နေရာမှ ထုတ်မှန်း မသိသော်လည်း လွန်စွာ လတ်ဆတ်လှကြောင်း သိသာပေသည်။
သိုလှောင်အိတ်လား....
သို့သော်လည်း သူ မည်သည့် အာကာပြင် ဥပဒေသကိုမှ မခံစားမိခဲ့ပေ။ ထိုအမယ်များမှာ လင်းချီ၏ ကိုယ်ထဲမှ တိုက်ရိုက်ဆွဲထုတ်လိုက်သည်နှင့် ဆင်တူနေသည်။
စိတ်၀င်စားဖို့ကောင်းတယ် ...သူဒီလောက်စိတ်၀င်စားဖို့ကောင်းတာကို မတွေ့ရတာ ဘယ်လောက်တောင်ကြာပြီလဲ....
ခွေးနက်ကြီးမှာ မူလက သူ၏ဘ၀မှာ လွန်စွာ ပျင်းစရာကောင်းနေပြီး သူ၏ လက်ကျန် သက်တမ်းတစ်လျှောက်လုံး စိတ်၀င်စားစရာ မတွေ့တော့ဟု ထင်ထားခဲ့သည်။ သို့သော်လည်း လင်းချီနှင့် သူ၏ စားကောင်းသောက်ဖွယ်များ ပေါ်ပေါက်လာမှုက ခွေးနက်ကြီး၏ ဘ၀တွင် မျှော်လင့်ချက်အလင်းရောင်လေးများ တစ်ဖန်ပြန်လည် တောက်ပလာစေသည်။
"သူက လူဆိုးတစ်ယောက်တော့ မဟုတ်ဘူး....သူ့မှာ ရည်မှန်းချက်နဲ့ စွမ်းဆောင်ရည်လည်း ရှိတယ်....ဒါပေမဲ့ နည်းနည်းတော့ ပေါတောတောနဲ့..."
ခွေးနက်ကြီး တိတ်တဆိတ် တွေးပြီး သက်ပြင်းချလိုက်သည်။
အကယ်၍ လင်းချီသာ ခွေးနက်ကြီး၏ အတွေးများကို သိပါက ခွေးနက်ကြီး၏ မိဘများကို ရင်ဆိုင်တွေ့ပြီး ပြောလိုက်ပေလိမ့်မည်။ "ခင်များကသာ ပေါတောတောနဲ့...ကျုပ်က ခင်များစီက ပြန်သင်ခဲ့တာ"
....
နောက်တစ်နေ့ အရုဏ်ဦးတွင် လူတစ်ယောက်နှင့် ခွေးတစ်ကောင် သူတို့၏ စွန့်စားခန်းကို စတင်ကြတော့သည်။ အကယ်၍ လိုက်လံခိုးယူခြင်းခရီးစဉ်လို့ ခေါ်ဝေါ်ပါက ပိုမှန်ပေမည်။
လင်းချီ လိုအပ်သော အမယ်များမှာ ထိုမျှ မရှားပါးသော်လည်း အထွက်နှုန်းတော့ နည်းပါးသည်။ ။ အချို့သော အမယ်များမှာမူ ထပ်ဆင့်ပြုပြင်မွမ်းမံရန်ပင် လိုအပ်သေးသည်။
သားရဲအများစုတွင် အစာစုဆောင်းသော အကျင့်များရှိသည်။ ထို့ကြောင့် ယခု သူတို့၏ ပစ်မှတ်မှာ ထိုသားရဲများပင်ဖြစ်သည်။
••••••••