← Chapters

(အဆင့်မြှင့်ခြင်း)

Vol. 7 Ch. 68

(အဆင့်မြှင့်ခြင်း)

Vol. 7 Ch. 68

"တော်တော်အသက်ပြင်းတဲ့ ခွေးကြီး ခင်ဗျားက လုံးဝကို ယုံစားလို့မရတာပဲ"

လင်းချီက ခွေးနက်ကြီး၏ ကျောပေါ်တွင်စီးနေရင်း ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"ဟေ့ကောင်..အပေါ်ကနေ ငြိမ်ငြိမ်နေကွ...သူတို့ မီတော့မယ်!"

ခွေးနက်ကြီး နောက်လှည့်မကြည့်ဘဲ ဆက်ပြေးနေသည်။

လင်းချီနှင့် ခွေးနက်ကြီးကို ကြွက်တစ်အုပ်မှ လိုက်နေခြင်းပင်။

ထိုကြွက်များမှာ မိုင်းတူးသော ကြွက်များဖြစ်ပြီး မိုင်းတွင်းများကို ရှာဖွေကာ တွင်းထွက်သတ္တုများ စားသုံးရခြင်းကို ကြိုက်နှစ်သက်ကြသည်။ သူတို့၏ ရှေ့သွား နှစ်ချောင်းမှာ ကျောက်တုံးများကိုပင် အလွယ်တကူ ကိုက်ခွဲပစ်နိုင်၏။

မိုင်းတူးကြွက်များမှာ ကြယ်သုံးပွင့် ခွန်အားမျှသာရှိသော်လည်း အရေအတွက်များသည်။ ထို့ပြင် မျိုးပွားနှုန်းလည်း မြင့်မားသည်။

မျိုးစပ်ပြီးနောက် ငါးရက်မြောက်နေ့တွင် မိခင်ကြွက်မကြီးမှာ သူမ၏ဝမ်းဗိုက်အပြင်ဘက် ချက်မှတစ်ဆင့် သတ္တုတွင်းထွက်များထဲသို့ မဖွံ့ဖြိုးသေးသော ကြွက်ဥများကို ဥချလိမ့်မည်။

ထိုသို့ပြုလုပ်ခြင်းဖြင့် ကိုယ်၀န်ဆောင်ချိန်ကို သက်သာစေရုံသာမက ကြွက်ပေါက်အရေအတွက်ကိုလည်း တိုးပွားစေသည်။ ယေဘုယျအားဖြင့် တစ်ခါမွေးလျှင် ကြွက်ပေါက် အကောင် (၂၀)အထိ မွေးဖွားနိုင်သည်။ ထိုကဲ့သို့ များပြားလှသော ကြွက်အုပ်စုကြီးကို တွေ့ပါက ကြယ်ငါးပွင့် သားရဲပင် ရှောင်သွားရလိမ့်မည်။

လင်းချီ ထိုကြွက်မျိုးစိတ် အကြောင်းကို ပထမဆုံးကြားချိန်တုန်းက အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ ဤကဲ့သို့ မျိုးပွားနှုန်းဖြင့်ဆိုပါက တောအုပ်တစ်ခုလုံးကို ရှေးကတည်းကပင် ထိုကြွက်များ

သိမ်းပိုက်၍ရနေပြီ မဟုတ်ပါလော။

သို့သော်လည်း ခွေးနက်ကြီး ရှင်းပြပြီးနောက် လင်းချီ အကြောင်းရင်းမှန်ကို နားလည်သွားသည်။ မိုင်းတူးကြွက်များ၏ ရှေ့သွားများမှာ ချွန်ထက်လှပြီး သာမန် ကျောက်တုံးနှင့် သစ်သားများမှာ ထိုသွားများ၏ ထိုးဖောက်မှုကို ခံနိုင်ရည်မရှိပေ။

ရလဒ်အနေဖြင့် သတ္တုတွင်းထွက်များကိုရှာကာ သူတို့၏ ထက်ရှသော သွားများကို မသွေးပါက ထိုရှေ့သွားများက သူတို့၏ ပါးစပ်ကို ထိုးဖောက်ပြီး သေဆုံးသွားကြသည်။ ထို့ပြင် မိုင်းတူးကြွက်များတွင် သူတို့၏ သဘာ၀ရန်သူ ကျောက်တုံးကြွက်များလည်း ရှိသေးသည်။ ထိုကျောက်တုံးကြွက်များက မိုင်းတူးကြွက်ပေါက်စလေးများကို စားသောက်ရခြင်းအား နှစ်သက်ကြသည်။

လင်းချီ အံ့ဩစွာဖြင့် တောက်ခေါက်လိုက်မိသည်။

ထို့နောက် သူ၏ အကြည့်များက မိုင်းတူးကြွက်များ သိုလှောင်ထားသော ရွှေတုံးကြီးများထံ ကျရောက်သွားသည်။ အရသာရှိသော စားကောင်းသောက်ဖွယ်များကို အချိန်တစ်ခုကြာ ချက်ပြုတ်ပြီးနောက် လင်း

ချီတွင် စနစ်ကို အဆင့် (၄) သို့ တိုးမြှင့်ရန် အတွေ့အကြုံမှတ် လုံလုံလောက်လောက် ရှိနေပြီ ဖြစ်သည်။ သို့သော်လည်း သူ့တွင် လုံလောက်သော ရွှေပြားများမရှိခဲ့။ ထို့ကြောင့် မိုင်းတူးကြွက်များ၏ ရွှေတုံးများကို စနစ်တိုးမြင့်ခအဖြစ် အသုံးပြုရမည်။

သူတို့ ဝံပုလွေလိုက်ခံရခြင်းမှ လွတ်မြောက်ခဲ့သည်မှာ လ၀က်ပင်ရှိနေပြီ ဖြစ်၏။ လင်းချီနှင့် ခွေးနက်ကြီးမှာ သားရဲရိုင်းများထံမှ လှည့်ပတ်ခိုးယူနေပြီး အချိန်ကြာလာသောအခါ အတိုင်အဖောက် ညီလာခဲ့သည်။

သူတို့ လမ်းတစ်လျှောက် အန္တရာယ်များစွာ ကြုံတွေ့ခဲ့ကြသော်လည်း ခွေးနက်ကြီး၏ ဝှက်ဖဲဖြင့် အချိန်တိုင်း အခြေအနေကို ပြောင်းပြန်လှန်နိုင်ဆဲပင်။

သို့သော် ၎င်းမှာ ထိုအချိန်မတိုင်ခင်အထိသာ....

ထိုခွေးငပိန်း၏ အစားပုတ်သော အကျင့်မှာ တစ်ဖန် ပြန်ပေါ်လာသည်။ လင်းချီ ကြွက်အုပ်ကြီး၏ ဝိုင်းရံမှုကို ခံရသော အချိန်တွင် ရွှေများကို ခိုးယူပြီးခါစဖြစ်၏။ သူတို့ မလွတ်မြောက်လာခင် ပေါက်ကွဲ

အမဲသားလုံးများဖြင့် လမ်းကြောင်းဖောက်ရန်မှာ မလွယ်ကူခဲ့ပေ။

"ပေါက်ကွဲ အမဲသားလုံးတွေကို ကြွက်တွေရဲ့ ညာဘက်ခြမ်းကို လွင့်ပစ်လိုက်...အဲ့ဘက်မှာ မြစ်တစ်စင်းရှိတယ်..အဲ့ကောင်တွေ ရေမကူးတက်ဘူး......"

လင်းချီ ပေါက်ကွဲ အမဲသားလုံး သုံးလုံးကို ခပ်မြန်မြန်ထုတ်ယူ၍ ညာဘက်ခြမ်းသို့ ပစ်ပေါက်လိုက်သည်။ ပေါက်ကွဲမှုက ထိုနေရာအား နေရာလွတ်ကြီး ဖြစ်သွားစေသည်။ ခွေးနက်ကြီးလည်း ထိုနေရာသို့ လျင်မြန်စွာ ထွက်ပြေးသွား၏။

မကြာမီ သူတို့ရှေ့တွင် ကြီးမားကျယ်ပြန့်သော မြစ်ကြီးတစ်စင်း ပေါ်ပေါက်လာပြီး ခွေးနက်ကြီးလည်း အရှိန်မြှင့်၍ လေထဲသို့ ခုန်တက်ကာ မြစ်တစ်ဖက်ကမ်းသို့ အရောက် ခုန်လိုက်သည်။

ဒေါသထွက်နေသော ကြွက်အုပ်စုကြီးမှာ မြစ်ကမ်းနားသို့ရောက်သောအခါ ရပ်တန့်လိုက်ရသည် ။

ကမ်းတစ်ဖက်သို့ရောက်သွားသော ခွေးနက်ကြီးမှာ နောက်သို့ လှည့်လိုက်ပြီး "ကိုယ့်အမြီးကိုယ်ပဲ ပြန်လိုက်နေလိုက်ကြ...အသုံးမကျတဲ့ အမှိုက်တွေ!"

ထိုအချိန်တွင် လင်းချီမှာ ခွေးနက်ကြီးကို အရောင်စုံ၊ မျိုးစုံဖြင့် မိုးမွှန်အောင် ဆဲခဲ့သည်ကို နောင်တရသွားသည်။ ထိုသို့ဖြင့် ခွေးနက်ကြီးမှာ ထိုကောင်းကျိုးအဖြာဖြာကို အတတ်သင်ပြီး ကျိန်ဆဲနည်းကို ကျွမ်းကျင်သွားတော့သည်။

သူ့တွင် လင်းချီ၏ ကျိန်ဆဲနည်း ၇၀၊ ၈၀ ရာခိုင်နှုန်းခန့် တတ်မြောက်ထားပြီဟု ဆိုနိုင်သည်။

ယခုတော့ ထိုခွေးနက်ကြီးမှာ သူ့ကိုယ်သူ လင်းချီ၏ အဖေဟု ခေါ်နေပြီး သူ့ကိုလည်း ရိုင်းစိုင်းစွာ ပြောနေတော့သည်။

ဤအခြေအနေအတိုင်းဆိုလျှင် နောက်ထပ်လ၀က်ကြာသွားပါက လင်းချီ ခွေးနက်ကြီးအပေါ်တွင် အရင်ကလို စကားစစ်ထိုးရာတွင်တောင် အနိုင်ရတော့မည်မဟုတ်ပေ။

မဟူရာခွေးဘုရင်မှာ မပျော်မရွှင်ဖြစ်နေပုံရပြီး ကြွက်စုတ်များကို ထပ်မံ ကျိန်ဆဲနေသည်။

လင်းချီ သူ့ကျောပေါ်မှ ခုန်ဆင်းလိုက်ပြီး "တော်သင့်ပြီ...သူတို့က ခင်ဗျားပြောတာလည်း နားလည်တာ မဟုတ်ဘဲနဲ့"

"ဖေဖေကြီးဆီကနေ ကြည့်ပြီးသင်ယူလိုက်ဦး...."

ထိုသို့ပြောပြီးနောက် လင်းချီ မိုင်းတူးကြွက်များဆီမှ ခိုးထားသော ရွှေတုံးတစ်တုံးကို ထုတ်ပြီး ကမ်းတစ်ဖက်ရှိ ကြွက်များထံသို့ နိုင်ပွဲအမှတ်သင်္ကေတကို ရှိုးထုတ်ပြသကဲ့သို့ ဝှေ့ယမ်းပြလိုက်သည်။

ကမ်းတစ်ဖက်ရှိ ကြွက်များမှာ ပို၍ပင် ဒေါသထွက်လာပြီး ခုန်ဆွခုန်ဆွ လုပ်နေတော့သည်။

လင်းချီ ခွေးနက်ကြီးဘက် ဘ၀င်ခိုက်နေသော အပြုံးတစ်ခု ပြုံးပြလိုက်သည်။ ထိုအပြုံး၏ အဓိပ္ပာယ်ကား "အစစ်အမှန် ရန်စတယ်ဆိုတာ မင်းအဖေ ငါ့လိုမျိုး ကျွမ်းကျင်မှရတာ အဲ့တော့ ဒီအဖေရဲ့ တာဝန်သာထားလိုက်"

ခွေးနက်ကြီး၏ နှုတ်ခမ်းများက အထင်သေးစွာဖြင့် တွန့်ကွေးသွားပြီး တွေးလိုက်မိသည်။ 'ဒီကောင်စုတ်လေးဆီကနေ နောက်ထပ် လှည့်ကွက်တစ်ခု သင်ယူလိုက်ရပြီ'

......

လူနှင့်ခွေးတို့မှာ ဂူသို့ပြန်သွားခဲ့ပြီး ထိုဂူမှာ သူတို့၏ အခြေစိုက်စခန်းကဲ့သို့ပင် ဖြစ်နေလေသည်။

သူတို့ ဂူတစ်ခုကို အောင်မြင်စွာ စီးနင်းပြီးတိုင်း စားသောက်ပွဲကြီးဖြင့် အောင်ပွဲခံသည်မှာ အစဉ်အလာတစ်ခုကဲ့သို့ပင် ဖြစ်နေလေသည်။

သေချာပေါက် ထိုအစီအစဉ်ကတော့ ခွေးနက်ကြီး၏ အကြံပင်။

လင်းချီ အဆာခံမှိုစွပ်ပြုတ်နှင့် အမဲကင်နှစ်ပွဲကို ပြုလုပ်လိုက်သည်။ လင်းချီ အစားအသောက်များပြင်ဆင်ပြီးသောအခါ ခွေးနက်ကြီးမှာ ယခင်ကဲ့သို့ ပြေးမလာဘဲ လင်းချီ ဟင်းပွဲတစ်ခုချင်းစီအား မြည်း

ကြည့်နေသည်ကို ငြိမ်သက်စွာ စောင့်ကြည့်နေ၏။

လင်းချီ ဘာတုံ့ပြန်မှုမှ မပေးသောအခါမှသာ ပြေးသွားပြီး ခေါင်းစိုက်ကာ စားသောက်တော့သည်။

ခွေးနက်ကြီးတွင် သက်သေအထောက်ထားများလည်း မရှိ၊ လင်းချီမှလည်း မဝန်ခံသော်လည်း သူ၀မ်းနှုတ်ဆေးများထည့်ထားခဲ့ကြောင်း သံသယဝင်နေခဲ့သည် ။

လင်းချီလည်း မတတ်နိုင်ပေ။ သူလည်း အမှန်တကယ်ပင် ခွေးနက်ကြီးကို ဆေးခပ်ခဲ့သည်မဟုတ်လား။

"ကျုပ်တို့ ဒီလ၀က်အတွင် တော်တော်ကြီးကို ရခဲ့တာ...မနက်ဖြန်ရော ဘယ်နေရာကို ၀င်စီးကြမလဲ" လင်းချီ ဓားပြတိုက်ခြင်းကို စွဲလမ်းနေပြီဖြစ်သည်။

"မနက်ဖြန်....မနက်ဖြန်ကျရင် မင်းဖေဖေက အကောင်ကြီးကြီးတစ်ကောင်စီ ခေါ်သွားမယ်..အဲ့မှာ ရှယ်ယူကြတာပေါ့..." ခွေးနက်ကြီး နှုတ်ခမ်းသပ်လိုက်ပြီး သူ့ အမဲကင်၏ အရသာကို စမြုံ့ပြန်နေသည်။

"ငါမင်းကို ငါ့ပြိုင်ဘက်အကြောင်းပြောဖူးခဲ့တာ မှတ်မိသေးတယ်မလား..."

ခွေးနက်ကြီး လင်းချီကိုကြည့်လိုက်ပြီး "မနက်ဖြန်က သူတို့အတွက် အရမ်းကို အရေးကြီးတဲ့နေ့ပဲ...သူတို့ ရိုးရာအရ သူတို့မျိုးနွယ်ရဲ့ လူအနည်းငယ်လောက်ကပဲ အစောင့်အဖြစ် ကျန်နေခဲ့လိမ့်မယ်...ဒီတော့ မနက်ဖြန်က ငါတို့အတွက် အခွင့်အရေးကြီးဘဲ"

လင်းချီ ကြက်သေသေသွားပြီး "နေပါဦး...ရန်သူတွေဟုတ်လား?မျိုးနွယ်စု? ခင်ဗျားရဲ့ ပြိုင်ဘက်ရန်သူတွေက အုပ်စုလိုက်ကြီးလား?"

ခွေးနက်ကြီး သူ၏ လက်ဖဝါးကို လျက်နေရင်း လင်းချီကို ကြည့်ပင်မကြည့်ဘဲ "အေး..အုပ်စုလိုက်လေ..ဘာလို့လဲ"

"ဘာလို့လဲတဲ့လား...ခင်ဗျား အစကတည်းက ဘာလို့ ရှင်းအောင် မပြောခဲ့တာတုန်း?"

"မင်းရော မေးလို့လား"

".....ကျုပ်မမေးဘူးလေ ဘာလို့ဆို ခင်ဗျားက ပြိုင်ဘက်လို့ဆိုတော့ သူ့ကိုလည်း တစ်ကောင်တည်းလို့ ထင်တာပေါ့ဗျ...."

"ဒီမှာကြည့် ... အဲ့တာ မင်းအဖေ ငါရဲ့ ပြဿနာမဟုတ်ဘူး...ဟုတ်ပြီလား?"

ခွေးနက်ကြီး စကားပြောတာရပ်လိုက်ပြီး လင်းချီကို လျစ်လျူရှုကာ ဂူထဲသို့ သွားအိပ်နေလိုက်သည်။

သူတို့ အတူရှိလာသောအတောအတွင်း ခွေးနက်ကြီးက လင်းချီကို စကားမပြောချင်တော့သောအခါ သူ့ကို လှောင်ပြောင်ပြီး ဘေးတွင် အိပ်နေတတ်သည်။

လင်းချီပြောသည့်အတိုင်းဆိုလျှင် အသက်ပြင်းသည့် ခွေးက ပွက်ပွက်ဆူနေသော ရေကို ကြောက်လိမ့်မည်မဟုတ်။

လင်းချီလည်း ထိုလက်ပေါက်ကပ်သော ခွေးငပိန်းနှင့် ပြိုင်ငြင်းမနေတော့ဘဲ ဂူ၏ အခြားတစ်ဖက်သို့ သွားလိုက်သည်။ ထို့နောက် စနစ်ထဲမှ ရွှေသတ္တုရိုင်း

တစ်ခုကို ထုတ်လိုက်ပြီး လေပေါ်သို့ တစ်ချက်မြောက်ကာ ဂရုတစိုက် စစ်ဆေးလိုက်သည်။

"ဒီရွှေတုံးကို စနစ်အဆင့်မြင့်ဖို့ သုံးလို့ရမလား မသိဘူး" လင်းချီ စနစ်နှင့် ဆက်သွယ်ရန် ကြိုးပမ်းလိုက်သည်။

[ဒင်! လျှာကဝေစနစ်၏ အတွေ့အကြုံမှတ်များမှာ အဆင့်တိုးမြင့်ရန်အတွက် လုံလောက်ပါသည်။]

[ဒင်! စနစ်ပိုင်ရှင်တွင် ရွှေသတ္တုရိုင်းတစ်ခု ပိုင်ဆိုင်ထားကြောင်းထောက်လှမ်းမိပါသည်။ အရည်အသွေးကို စစ်ဆေးနေသောကြောင့် ခေတ္တမျှ စောင့်ဆိုင်းပေးပါ...]

တခဏမျှကြာပြီးနောက် သူ၏လက်ထဲရှိ ရွှေတုံးကြီးမှာ စနစ်ထဲသို့ စုပ်ယူခံလိုက်ရကြောင်း တွေ့လိုက်ရသည်။

[ဒင်! ရွှေသတ္တု၏ သန့်စင်မှုမှာ မလုံလောက်ပါ..လက်ရှိ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းစဉ်မှာ ၂/၁၀ ]

တကယ်သုံးလို့ရတာပဲ! ၂၀% ပဲ ဖြည့်စည်းပေးနိုင်တယ် ဆိုပေမယ့် သာမန်ရွှေသတ္တုတွေမှာ မသန့်စင်မှုတွေရှိနေတာ မဆန်းပါဘူး။

လင်းချီ နောက်တစ်တုံးကို ခပ်မြန်မြန်ထုတ်ယူလိုက်သည်။

မည်မျှကုန်ကုန် ကိစ္စမရှိချေ။ သူ့တွင် အဆင့်မြင့်တင်ရန်အတွက် အလုံအလောက်ရှိလေသည်။

[ဒင်...ဤသတ္တုထဲတွင် ရွှေဒြပ်စင်များ မပါ၀င်ပါ]

လင်းချီ ကြက်သေသေသွားသည်။ မဟုတ်သေးပါဘူး..နှစ်ခုလုံးက ပုံစံအတူတူပဲဟာကို.. ဘာလို့ ဒီတစ်ခုကျမှ ရွှေမပါဘူး ဖြစ်နေတာ...

ထို့နောက် သူနောက်တစ်ခုကို ထုတ်ယူလိုက်ပြီး နှစ်ခုကို သေချာ နှိုင်းယှဉ်ကြည့်လိုက်သည်။

မဟုတ်သေးဘူး..ရှေ့တစ်ခုက အရမ်းပေါ့လွန်းတယ်... လင်းချီ တခဏမျှ စဉ်းစားလိုက်ပြီး တစ်ခုခု

ကို နားလည်သွားသည်။

ဒီထဲမှာ မိုင်းတူးကြွက်ပေါက်တွေ ရှိတာပဲဖြစ်ရမယ်!

မိုင်းတူးကြွက်များမှာ သတ္တုများရှာဖွေရာတွင် လွန်စွာအသုံး၀င်သည်။ ထို့ကြောင့် သူ ၎င်းတို့ကို သိမ်းထားရန် ဆုံးဖြတ်လိုက်သည်။

လင်းချီ ရွှေတုံးအားလုံးကို ထုတ်လိုက်ပြီး တစ်ခုပြီး တစ်ခု စစ်ဆေးလိုက်သည်။ ထိုအထဲတွင် သုံးခုမှာ ကြွက်ပေါက်လေးများ ပါ၀င်နေသည်။

လင်းချီ ကြွက်ပေါက်လေးများ မပါသော ရွှေများအားလုံးကို စနစ်ထံ အသုံးပြုလိုက်သည် ။ ထို့နောက် စနစ်၏ အသိပေးသံကြီး ပေါ်ထွက်လာတော့သည်။

[ဒင်!...စနစ်မြှင့်တင်ရန် သတ်မှတ်ချက်များအားလုံး ပြည့်စုံပါပြီ။ စနစ်အဆင့်မြှင့်ခြင်းအား စတင်လိုက်ပါပြီ။]

[ဒင်!...အဆင့်မြှင့်တင်ခြင်းမှာ နာရီ ၃၀ ခန့် ကြာမြင့်ပါလိမ့်မည်။]

[ဒင်!...အဆင့်မြှင့်နေစဉ်အတွင်း စနစ်၏ လုပ်ဆောင်ချက်များ အားလုံးကို အသုံးပြုနိုင်မည် မဟုတ်ပါ။]

••••••••

All Chapters