(အိပ်မက်ရိုင်း)
Vol. 7 Ch. 69
စနစ်၏ အသိပေးချက်ကို တွေ့သောအခါ လင်းချီ ကြက်သေသေသွားသည်။
စနစ်အဆင့်မြှင့်တင်သည့်အချိန် ဤမျှ ကြာသည်မှာ ပထမဆုံးဖြစ်ပြီး လုပ်ဆောင်ချက်အားလုံးမှာလည်း ပိတ်နေလေသည်။
ကြည့်ရတာ ဒီတစ်ခါ စနစ်အဆင့်မြှင့်ပြီးရင် အများကြီး ပြောင်းလဲသွားမယ် ထင်တယ်...
လင်းချီ အစက အနည်းငယ်စိုးရိမ်နေသော်လည်း ထိုသို့ စဉ်းစားမိသောအခါ စိတ်သက်သာရာ ရသွားခဲ့သည်။
ဘာပဲဖြစ်ဖြစ် .. နာရီ ၃၀ တည်းပါ...မကြာခင်မှာ
ပဲ ပြီးသွားမှာပဲကို...
ကံကောင်းစွာဖြင့် လင်းချီမှာ စနစ်၏ တည်ရှိမှုကို ဖုံးကွယ်ရန် အမယ်တစ်ချို့နှင့် ပေါက်ကွဲ အမဲသားလုံးများကို သူ၏ အိတ်အတွင်းထဲတွင် သိမ်းဆည်းထားခဲ့သည်။ ထိုအရာများမှာလည်း အသုံးပြုရန် အချိန်တို တစ်ခုလောက်တော့ လုံလောက်ပေသည်။
အခု သူ အမယ်များကို အလုံအလောက် စုဆောင်းပြီးထားပြီး စနစ်မှာလည်း မကြာမီ အဆင့်မြှင့်ပြီးဖြစ်လိမ့်မည်။ မဟူရာဘုရင်၏ ရန်သူများကို သင်ခန်းစာပေးနိုင်ရန် ကူညီပေးပြီးနောက် အော့ခ်မျိုးနွယ်ထံ ပြန်နိုင်တော့မည်။
ထိုအော့ခ်မျိုးနွယ်စုများအကြောင်း စဉ်းစားရင်းမှ သတိရလိုက်သည်မှာ သူ သူတို့ထံမှ ထွက်ခွာလာခဲ့သည်က ရက်ပေါင်း ၂၀ တောင် ရှိသွားခဲ့ပြီ ဖြစ်၏။ သူလည်း သူတို့ကို အနည်းငယ်တော့ သတိရမိသည်။
မကြာခင် သူပြန်သွားနိုင်တော့မည်ဖြစ်၏။
လင်းချီ မျက်လုံးများ ဖြည်းညှင်းစွာ မှိတ်ပြီးနောက်
အသက်ရှူသံများ တည်ငြိမ်သွားသည်။
သူ အိပ်မက်မက်နေခဲ့သည်။
အိပ်မက်ထဲတွင် လင်းချီ အစားအသောက် တစ်ပွေ့တစ်ပိုက်ကြီးဖြင့် အော့ခ်မျိုးနွယ်စုထံ ပြန်သွားခဲ့သည်။ ထို့ကြောင့် မျိုးနွယ်စု တစ်ခုလုံး၏ ထောက်ခံမှု ရရှိသွားပြီး နတ်ဆရာကပင် သူ့ကို မြင့်မြတ်မိန်းမပျိုဖြင့် လက်ဆက်ပေးခဲ့သည်။ လက်ထပ်ပွဲကျင်းပမည့်နေ့ရက်ကိုလည်း ထိုနေ့တွင် ထုတ်ပြန်လိုက်သည်။
နောက်တစ်နေ့ လက်ထပ်ပွဲတွင် လင်းချီနှင့် မြင့်မြတ်မိန်းမပျိုတို့မှာ မျက်နှာချင်းဆိုင် ရပ်နေခဲ့ပြီး နတ်ဆရာကတော့ သူတို့ အလယ်တွင် ရပ်နေခဲ့သည်။
"လင်းချီ...သင် ဘုရားသခင်ရဲ့ ရှေ့တော်မှောက်မှာ မြင့်မြတ်မိန်းမပျိုကို ဇနီးမယားအဖြစ် လက်ထပ်ယူပြီး သူမနဲ့ ပေါင်းစည်းဖို့ သဘောတူပါသလား...သင့်ကိုယ်သင်ချစ်သလိုမျိုး သူမကို ချစ်ပါ့မယ်..နှစ်သိမ့်ပါ့မယ်...လေးစားမှုပေးပြီး ကာကွယ်ပေးပါ့မယ်လို့ ကတိပြုဝံ့ပါသလား....သူမ ဖျားနာသည်ဖြစ်စေ၊
ကျန်းမာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ သူမအပေါ် ထာ၀စဉ် သစ္စာရှိပြီး သေတပန်သက်တဆုံး ပေါင်းသင်းပါ့မယ်လို့ သဘောတူပါသလား?"
လင်းချီ သူ့ရှေ့ရှိ မြင့်မြတ်အပျိုစင်ကို ကြည့်လိုက်ပြီး "ကျုပ်..သဘောတူပါတယ်"
"မိန်းမပျို... သင်ကနေ ဘုရားသခင်ရဲ့ ရှေ့တော်မှောက်မှာ လင်းချီကို လင်ယောက်ျားအဖြစ် လက်ထပ်ယူပြီး သူနဲ့ ပေါင်းစည်းဖို့ သဘောတူပါသလား...သင့်ကိုယ်သင်ချစ်သလိုမျိုး သူ့ကို ချစ်ပါ့မယ်..နှစ်သိမ့်ပါ့မယ်...လေးစားမှုပေးပြီး အဖော်ပြုပေးပါ့မယ်လို့ ကတိပြုဝံ့ပါသလား....သူ ဖျားနာသည်ဖြစ်စေ၊ ကျန်းမာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ သူ့အပေါ် ထာ၀စဉ် သစ္စာရှိပြီး သေတပန်သက်တဆုံး ပေါင်းသင်းပါ့မယ်လို့ သဘောတူပါသလား?"
မြင့်မြတ်အပျိုစင်က လင်းချီကို ရှက်ရွံ့စွာ ကြည့်လိုက်ပြီး "ကျွန်မ သဘောတူပါတယ်"
သူတို့ နတ်ဆရာရှေ့တွင် ကတိသစ္စာပြုလိုက်ပြီး လက်စွပ်များ လဲ၀တ်ကာ အကြင်လင်မယားအဖြစ် ခံယူလိုက်ကြသည်။
မျိုးနွယ်စု၀င်များထံမှ အားပေးချီးမြောက်သံများ ခန်းမထဲတွင် ပေါ်ထွက်လာခဲ့ပြီး အခြားသော အသံများလည်း ပေါ်ထွက်လာသည်။
"လင်းချီ... ခွေးကောင်!"ထိုအသံကတော့ ယွီမုန့်ပင်။
"လင်းချီ....မင်းကတော့ တကယ့်ကောင်ပဲကွာ" ထိုအသံကတော့ လူးဝစ်ပင်။
ညရောက်လာသောအခါ နှစ်ယောက်သား မျိုးနွယ်စု၀င်များ၏ နှောင့်ယှက်မှုအောက်မှ မင်္ဂလာအိပ်ခန်းဆီသို့ ပြန်လာခဲ့ပြီး ကလေးများအတွက် မသင့်လျော်သော အရာတစ်ခုခု ပြုလုပ်ရန် အဆင်သင့် ဖြစ်နေခဲ့ကြသည်။
"ရှင် ဟိုဘက်အရင်လှည့်..." မြင့်မြတ်အပျိုစင်မှာ ရှက်စိတ်ကြောင့် မျက်နှာများ နီရဲနေသည်။
လင်းချီလည်း အနည်းငယ် ရှက်နေပြီး အလိုက်တသိဖြင့် နောက်သို့လှည့်ပေးလိုက်သည်။
သူ့နောက်ရှိ အ၀တ်ချွတ်သံများ ကြားနေရပြီး လင်းချီ၏ ရင်တို့ ခုန်လှုပ်နေသည်။
မကြာမီ လင်းချီ သူမ၏ ခေါ်သံကိုကြားလိုက်ရသည်။
"လင်း..လင်းချီ...ရှင်ပြန်လှည့်လို့ရပြီနော်.."
လင်းချီနောက်သို့ လှည့်လိုက်သောအခါ မြင့်မြတ်အပျိုစင်မှာ အိပ်ရာပေါ်တွင် လဲလျောင်းနေပြီး သူမ၏ ကိုယ်ကို စောင့်ဖြင့် ဖုံးလွှမ်းထားကာ အင်္ကျီများမှာလည်း နေရာအနှံ့ ပြန့်ကျဲနေသည်။
လင်းချီ ရင်ထဲ မီးတောက်နေပြီး အ၀တ်များကို အလျင်အမြန်ချွတ်ကာ ကုတင်ဆီသို့ လှမ်းသွားလိုက်သည်။
"ဘေဘီရေ...ကိုယ်လာပြီနော်..."လင်းချီ ဂွမ်းစောင်ကို ဆွဲလှန်လိုက်သောအခါ သူ့ရှေ့ရှိမြင်ကွင်းက လင်းချီကို ချက်ချင်းရှုံ့မဲ့သွားစေသည်။
စောင်အောက်တွင် အပျိုစင်လေး၏ နူးညံသိမ်မွေ့လှသော အတွင်းပိုင်း အလှတရားကို မြင်တွေ့ရမည့်အစား မဟူရာခွေးဘုရင်ကို တွေ့လိုက်ရသည်။
"မြန်မြန်ထပြီး မင်းအဖေအတွက် မနက်စာမချက်ပေးသေးဘူးလား?"
ထို့နောက် လင်းချီကို တံတွေးထွေးလိုက်သည်။
ဝှစ်.....
လင်းချီ ချက်ချင်းထလိုက်သည်။ သူ၏ တစ်ကိုယ်လုံးလည်း ရွှဲနစ်နေသည်။
လင်းချီရှေ့ရှိ ခွေးနက်ကြီးမှာ ပါးစပ်ထဲတွင် အိုးကြီးတစ်လုံးကိုက်ထားပြီး အစွန်းဘက်မှ ရေများက တစက်စက် ကျနေသည်။
လင်းချီ သူ့ကိုယ်ကို ကြည့်လိုက်ပြီး ခွေးနက်ကြီးကို ပြန်ကြည့်လိုက်သည်။
"ခင်များ ရူးနေတာလား? သောက်ကျိုးနည်း ခွေး
စုတ်!"
ခွေးနက်ကြီးက အိုးကို ဘေးသို့ ပစ်လိုက်ပြီး လင်းချီ၏ ကိုယ်အောက်ပိုင်းကိုကြည့်ကာ ခေါင်းညိတ်လိုက်သည်။
"မိုက်မဲလိုက်တဲ့သား...မင်းက အိပ်မက်ရိုင်းတွေတောင် မက်ခဲ့သေးတယ်ပေါ့...မင်းလို ခွေးသားက တစ်သက်လုံး မိန်းမ မရဘဲ အထီးကျန်နေမယ့်ကောင်...အခုအမြန်ထပြီး ဒီအဖေအတွက် မနက်စာသွားချက်လိုက်တော့"
ထိုအချိန်တွင် လင်းချီ သူ့ကိုယ်အောက်ပိုင်းမှ ပြောင်းလဲမှုများကို သတိထားပြီး နီရဲသော မျက်နှာဖြင့် ဒူးကို အလျင်အမြန်ကွေးညွတ်လိုက်သည်။
"မင်း အပူမပါဘူး လစ်စမ်း!"
ခွေးနက်ကြီးက သူ့ရှေ့ခြေဖဝါးကို အထင်သေးစွာဖြင့် မြှောက်လိုက်ပြီး "ငါ ဟော့ဒီလို မင်းမျက်နှာရှေ့တည့်တည့်မှာ လုပ်ရဲတယ် ဘာဖြစ်လဲ?"
ဖတ်!(ပါးရိုက်သံ)
"ခွေးစုတ်..... ငါလုပ်လိုက်ရ”
ဖတ်!
"ရပ်စမ်း...ငါမင်းကို သ..."
ဖတ်!
ငါးမိနစ်ခန့်ကြာသော် လင်းချီမှာ ဖူးယောင်နေသော မျက်နှာဖြင့် စွပ်ပြုတ်အိုးရှေ့တွင် ရပ်နေခဲ့သည်။
သူချက်ပြုတ်နေရင်း ခွေးနက်ကြီးကို စိမ်းစိမ်းဝါးဝါး ကြည့်လိုက်ပြီး စိတ်ထဲ ကျိန်ဆဲနေမိသည်။ 'ငါမင်းကို အနှေးနဲ့ အမြန် အရေခွံ ဆုတ်ပြမယ်'
ခွေးနက်ကြီး လင်းချီ၏ ၀မ်းချုပ်နေသကဲ့သို့ဖြစ်နေသော မျက်နှာအမူအရာကို ကြည့်လိုက်ပြီး မသက်မသာ သက်ပြင်းချလိုက်သည်။
ဒီပုံစံအတိုင်းဆို ငါ နာခံတတ်တဲ့ အိမ်မွေးလေးရဖို့
အများကြီးလိုသေးတာပဲ
.......
နှစ်ဦးသား စားသောက်ပြီးနောက် သူတို့၏ နောက်ဆုံး ခရီးစဉ်ကို စတင်တော့သည်။
လင်းချီ မနက်ခင်းတုန်းက သူ၏ မာနကို ဆုံးရှုံးခဲ့ရသောကြောင့် ခွေးနက်ကြီးနှင့် စကားပြောချင်စိတ် မရှိပေ။
ခွေးနက်ကြီးကတော့ လုံး၀ စိတ်မ၀င်စား။
လူနှင့်ခွေး ရှေ့တစ်ယောက် နောက်တစ်ကောင် လျှောက်နေပြီး ရုတ်တရက် ခွေးနက်ကြီးမှ "ဟေ့...ငါ့သားတောင် ကြီးပြင်းလာပြီပဲ တကယ့်ကို.."
ခွေးနက်ကြီး စကားမဆုံးမီ လင်းချီ အိတ်ထဲမှ ပေါက်ကွဲ အမဲသားလုံးများကို ထုတ်ပြီး ခွေးနက်ကြီး ဘက်သို့ လှည့်လိုက်သည်။
"ဟေး ...ခွေးမိစ္ဆာ..ခင်များကို ဘယ်လိုလုပ်မလဲ ကြ
ည့်ထားလိုက်" ထိုသို့ပြောပြီးနောက် လက်ထဲရှိ အသားလုံး အားလုံးကို ခွေးနက်ကြီးထံ ပစ်ပေါက်ရန် အသင့်ပြင်လိုက်သည်။
ဖာ့ခ်!
ခွေးနက်ကြီး ကိုယ်ပေါ်ရှိ အမွှေးများအားလုံး ထောင်မတ်သွားသည်။
"မ..မဟုတ်ဘူး...ငါမှားတာပါ...ငါမှားတာ..." ခွေးနက်ကြီး အဝေးသို့ပြေးသွားပြီး သစ်ပင်နောက်တွင် ပုန်းကာ ခေါင်းကို ဂရုတစိုက်ထုတ်လိုက်ပြီး လင်းချီကို ကြည့်လိုက်သည်။
လင်းချီ ခွေးနက်ကြီးကို ကြောက်မက်ဖွယ်ကောင်းစွာ ကြည့်လိုက်ပြီး
"ေ-ချင်းဆိုး ခွေးမျိုး ခင်များ သေချာမှတ်ထား နောက်တစ်ခွန်းထပ်ဟရဲရင် ကျုပ်ပါ ခင်များနဲ့အတူ ရောသေလိုက်မယ်"
ထို့နောက် အသားလုံးများကို ပြန်သိမ်းလိုက်ပြီး နောက်သို့ လှည့်မကြည့်ဘဲ ထွက်သွားတော့သည်။
သစ်ပင်နောက်တွင် ခွေးနက်ကြီးက သူ့ရှေ့လက်ဖဝါးဖြင့် ရင်ဘက်ကို ပုတ်ကာ သက်ပြင်းချလိုက်သည်။ လင်းချီ မပစ်ပေါက်တော့ဘူးဆိုတာ သေချာမှသာ သစ်ပင်နောက်မှ ထွက်လာပြီး လင်းချီနှင့် မနီးမဝေးမှ လိုက်လာခဲ့သည်။ လင်းချီ သူ့ကို လှည့်စားမှာ ကြောက်ရွံ့နေသည်။
တခဏမျှ ကြာပြီးနောက် သူတို့ တောင်ကြားတစ်ခုဆီသို့ရောက်လာခဲ့သည်။
ခွေးနက်ကြီး၏ မျက်နှာ တည်ကြည်သွားပြီး "ဒီတောင်ကြားကျော်ရင် .. ငါတို့ သူတို့နေရာ ရောက်လိမ့်မယ်"
"မှတ်ထားနော်...တောင်ကြားထဲ ရောက်တာနဲ့ မသေချင်ရင် ငါ့ပြောစကား နားထောင်..."
ခွေးနက်ကြီး ဤမျှ လေးနက်နေသည်ကို သူပထမဆုံး အကြိမ် မြင်တွေ့လိုက်ခြင်းပင်။ သူလည်း တခြားအတွေးများ မတွေးဘဲ နာခံစွာ ခေါင်းငြိမ့်လိုက်သည်။
သူတို့ တောင်ကြားထဲ ၀င်သွားကြသည်။ တောင်ကြားထဲတွင် တိတ်ဆိတ်နေပြီး လေတစ်ချက်ပင် မတိုက်ချေ။
လင်းချီ သူတို့ ခြေလှမ်းသံများကိုသာ ကြားနေရပြီး ဘေးဘက်သို့ သိချင်စိတ်ဖြင့် စူးစမ်းကြည့်လိုက်သည်။
ရုတ်တရက် ရှေ့မှ လျှောက်နေသော ခွေးနက်ကြီး ရုတ်တရက် ရပ်သွားသည်။ သတိမထားမိဘဲ လင်းချီ ခွေးနက်ကြီးကို ၀င်တိုက်လုနီးပါး ဖြစ်သွား၏။
လင်းချီ တစ်ခုခုပြောတော့မည့်အချိန်တွင် ခွေးနက်ကြီးက တိတ်တိတ်နေရန် အချက်ပြလိုက်ပြီး သူ၏ လက်ဖဝါးဖြင့် ရှေ့သို့ ညွှန်ပြလိုက်သည်။
လင်းချီလည်း ခေါင်းမော့လိုက်ပြီး ရှေ့သို့ ကြည့်လိုက်သောအခါ ကြက်သေသေသွားတော့သည်။
ထိုရှေ့တွင် ကြီးမားသော သားရဲတစ်ကောင် လဲလျောင်းနေပြီး သူ၏ ခန္ဓာကိုယ်မှာ ခြင်္သေ့တစ်
ကောင်နှင့် ဆင်တူပြီး ဘေးတစ်ဖက်တစ်ချက်တွင်လည်း ကြီးမားသော လင်းနို့အတောင်ပံတစ်စုံပါရှိသည်။ ခြေလေးချောင်းပါရှိပြီး ဦးခေါင်းမှာ မြင်းနှင့်တူပြီး ထိပ်တွင် ဦးချိုတစ်စုံ ပေါက်နေသည်။
ခန္ဓာကိုယ်မျက်နှာပြင်တွင် မာကျောသော အနက်ရောင်အကြေးခွံများ ဖုံးလွှမ်းနေပြီး လူကို လိပ်ပြာလွင့်သွားစေနိုင်သော အရှိန်အဝါများ ပေါ်ထွက်နေသည်။
ဧရာမနဂါး..ဧရာမနဂါးကြီးပဲ! အားအနည်းဆုံးဆိုတဲ့ နဂါးကတောင် ကြယ်ခုနစ်ပွင့် အဆင့်ရှိပြီး သူ့ရဲ့ လှုပ်ရှားမှုတစ်ချက်က ကမ္ဘာကြီးကိုတောင် ဖျက်ဆီးပစ်နိုင်တယ်။
••••••••