← Chapters

(မကျေနပ်မှု အသေးအမွှားလေးများ)

Vol. 7 Ch. 70

(မကျေနပ်မှု အသေးအမွှားလေးများ)

Vol. 7 Ch. 70

လင်းချီ၏ ယခင်ဘ၀တွင် နဂါးဆိုသည်မှာ ဒဏ္ဍာရီထဲတွင်သာ တည်ရှိပြီး လူတိုင်း ၎င်းကို သူတို့မျက်လုံးဖြင့် မြင်ချင်ခဲ့ကြသည်။

ထိုအချိန်ကတော့ လင်းချီလည်း သူသာ ဒီကမ္ဘာမှာ

နဂါးတစ်ကယ်ရှိတယ်ဆိုတာ သက်သေပြနိုင်ပြီး နဂါးတွေကို သူ့မျက်လုံးနဲ့ တပ်အပ်မြင်နိုင်မယ်ဆို ဘယ်လောက်တောင် ကောင်းလိုက်မလဲလို့ တွေးခဲ့ဖူးသည်။

လူတို့၏ အကျင့်မှာ ထိုအတိုင်းပင်။ သူတို့မရနိုင်သည့်အရာကိုသာ တောင့်တနေတတ်ကြပြီး ရခဲ့လျှင်လည်း တစ်ခုခုလိုနေသလို ခံစားရပြန်သည်။

ဥပမာ ယခု တစ်ယောက်ယောက်မှနေ၍ လင်းချီအား "မင်းအခု နဂါးတစ်ကောင်ကို အရှင်လတ်လတ်တွေ့လိုက်ရပြီဆိုတော့ ရင်ထဲ ထိသွားလား" ဟုမေးလာပါက လင်းချီ "ငါလှုပ်ကို မလှုပ်ရဲတာ" ဟု ပြန်ဖြေမိလိမ့်မည်။

......

သူ၏ လက်ရှိ စိတ်အခြေအနေကို စာတစ်ကြောင်းတည်းနှင့် ဖော်ပြရမည် ဆိုပါက 'သောက်ရမ်းကြောက်လန့်နေသည်'ဟု ဖော်ပြရမည်။

သူယခု ထိုခွေးမိစ္ဆာကောင်ကို သတ်ပစ်ရန် မစောင့်

နိုင်တော့ပေ။

"ခင်ဗျားကိုယ်ခင်ဗျား တကယ်ကြီး ရှေးဟောင်းနတ်ဘုရားသားရဲလို့များထင်နေတာလား...ပြေးတာမြန်ပြီး မီးမှုတ်တတ်တာကလွဲရင် ခင်များက ဘာမှ မတတ်တဲ့ အလကားကောင်ပဲ!" လင်းချီ ခွေးနက်ကြီးကို ဒေါသတကြီး ရန်တွေ့လိုက်သည်။

ခွေးနက်ကြီး မမြင်သလို ဟန်ဆောင်လိုက်လိုက်သည်။ သူ အပြင်ရောက်မှ ပြန်လည် တိုက်ခိုက်လို့ရသည်ပေပဲ။

ခွေးနက်ကြီး လင်းချီကို တိုးတိုးတိတ်တိတ် မိတ်ဆက်ပေးလိုက်သည်။ "မင်းရှေ့က အဲ့ဧရာမနဂါးကို ကြည့်လိုက်၊ သူ့အကြေးခွံက အနက်ရောင်ဆိုတော့ သူက နဂါးတွေထဲမှာ အားအနည်းဆုံးပဲ"

"အားအနည်းဆုံး....တော်လိုက်တော့ အဲ့တာ ကြယ်ခုနစ်ပွင့် သားရဲကွ...ဘာမှ အသုံးမကျတဲ့သောက်ခွေးရ"

"....ကြေးခွံအနက်နဲ့ နဂါးကို ကျောက်တုံးနဂါးလို့ခေါ်

တယ်...သူ့မှာက တိုက်ခိုက်ရေးစွမ်းအားနည်းပြီး မြင့်မားတဲ့ ခုခံမှုစွမ်းရည်ရှိတယ်...သူ့ရဲ့ အကြေးခွံတွေက မာကျောလွန်းလို့ အချို့ကြယ်ရှစ်ပွင့်သားရဲတွေတောင် သူ့ကို အနိုင်မတိုက်နိုင်ဘူး..ဒါပေမယ့် တိုက်ခိုက်ရေးစွမ်းအားကတော့ မရှိသလောက်လို့ ပြောလို့ရတယ်..."

"အရေးကြီးဆုံးကတော့ကွာ အဲ့ကောင်က စောက်ရမ်းကို ပျင်းတာ...ပုံမှန် အခြေအနေတွေမှာဆို ကျောက်တုံးနဂါးကို တံခါးစောင့်အဖြစ် ထားကြမှာမဟုတ်ဘူး...ဒီတော့ အဲ့တာရဲ့ အဓိပ္ပာယ်က ဟဲဟဲ......"

"ဒီတော့ တခြားနဂါးတွေက ထွက်သွားပြီး ဒီကျောက်တုံးနဂါးတစ်ကောင်တည်း အိမ်စောင့်ဖို့ ကျန်ခဲ့တာပေါ့...ဟုတ်စ"

"အမှန်ဘဲ..ဒါကြောင့်မို့ ဒီအချိန်က ငါတို့ အခွင့်အရေးဘဲ..မင်းလည်း ကြားဖူးမှာပါ နဂါးတွေက ရတနာတွေနဲ့ တခြား ထူးဆန်းတဲ့ ပစ္စည်းတွေ စုဆောင်းရတာ နှစ်သက်တာကို..ဒီတော့ ငါတို့ အကျိုးအမြတ်များများ ရိတ်သိမ်းပြီး ထွက်ပြေးရုံဘဲ...အော်..ဒါနဲ့ မင်းမှာ ပစ္စည်းတွေ အကုန်ထည့်ဖို့ နေရာရော လောက်ရဲ့လား"

လင်းချီ ခွေးနက်ကြီးကို အံ့ဩစွာကြည့်လိုက်သော်လည်း ဘာမှ မပြော မမေးဘဲ တည်ငြိမ်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။

တကယ်တော့ လင်းချီ စနစ်ထဲမှ အစားအသောက်များထုတ်ယူတိုင်း အိတ်ထဲမှ ထုတ်ဟန်ဆောင်ခဲ့သည်။ ထိုအချက်ကို ယွီမုန့်၊လူသာနှင့် အခြားသူများက မရိပ်မိသော်လည်း ခွေးနက်ကြီးမှ ရိပ်မိနေလိမ့်မည်ဟု လင်းချီ မထင်မှတ်ထားခဲ့ပေ။

ဒီခွေးဘယ်ကနေ လာခဲ့တာလဲဟ..ပြီးတော့ ဘာလို့ဒီလောက်တောင် နဂါးတွေအကြောင်း သိနေရတာလဲ?

ခွေးနက်ကြီးကတော့လင်းချီ ဘာတွေးနေလဲဆိုတာ မသိဘဲ နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။

"ငါ့နောက်လိုက်ခဲ့....သတိထားဦး..ဒီကောင်ကြီးက တအားတုံးတာ"

ထိုသို့ပြောပြီးနောက် သူဦးဆောင်ပြီး ကျောက်တုံးနဂါးဆီသို့ လျှောက်သွားလိုက်သည်။

လင်းချီလည်း အင်္ကျီစကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး တံတွေး မျိုချကာ နောက်မှ တိတ်ဆိတ်စွာ လိုက်သွားခဲ့သည်။

သူတို့ ဂရုတစိုက်နှင့် နှေးနှေးကွေးကွေး လျှောက်ခဲ့ကြပြီး ပေတစ်ရာ အကွာအဝေးခန့်ရောက်သောအခါ ခြေလှမ်းတစ်သောင်းလောက် လှမ်းခဲ့ရသလို ခံစားလိုက်ရသည်။

သူတို့ ဖြည့်ညင်းစွာလျှောက်ရင်း ကျောက်တုံးနဂါးကြီးထံ ရောက်လာခဲ့သည်။ လင်းချီ နောက်ဆုံးတော့ နဂါးကြီးကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ ၎င်း၏ ဧရာမ နှာခေါင်းကြီးကို ကြည့်ရင်း နှာတစ်ချက်မှုတ်လိုက်လျှင်ပင် သူလွင့်ထွက်သွားနိုင်သည်ဟု ခံစားလိုက်ရသည်။

သို့သော်လည်း နဂါးကြီး၏ ကိုယ်က လမ်းတစ်ခုလုံးကို ပိတ်ဆို့ထားခဲ့သည်။

ခွေးနက်ကြီး ဘေးဘီကို တစ်ချက်ကြည့်လိုက်ပြီး သူ့၏ ရှေ့လက်ဖဝါးကိုမြောက်ကာ သူ့ဘေးရှိ

ကျောက်တုံးနံရံကို ညွှန်ပြလိုက်ပြီး ဘေးတစ်ဖက်တစ်ချက်ဆီမှ ကုတ်တက်ကာ သွားလို့ရကြောင်း အချက်ပြလိုက်သည်။

လင်းချီလည်း တစ်ချက်ကြည့်လိုက်ပြီး သဘောတူညီကြောင်း ခေါင်းညိမ့်ပြလိုက်၏။

လင်းချီ သူ့ကျောပိုးအိတ်ကို ပြင်လိုက်ပြီး လက်ကို ဘောင်းဘီနှင့် ပွတ်လိုက်သည်။ ယခုမှ ပထမဆုံးအကြိမ် နဂါးမြင်ဖူးခြင်းကြောင့် စိတ်လှုပ်ရှားပြီး ချွေးများ ထွက်နေသောကြောင့်ပင်။

ကြိုတင်ကာကွယ်သည့်အနေနှင့် လင်းချီမှာ ပထမဦးစွာ ဒေါင်လိုက် တက်သွားပြီး နဂါးကြီးထက်မြင့်သောနေရာ ရောက်မှ ရှေ့သို့ တိုးသွားလိုက်သည်။

ခွေးနက်ကြီးကတော့ သူ့ထက်ပင် ပို၍ လျင်မြန်သည်။ သူ၏ ခြေလေးချောင်းလုံးကို အသုံးပြုပြီး လင်းချီ လမ်းတစ်၀က်ပင် မရောက်မီ သူကတော့ အခြားတစ်ဖက်တောင် ရောက်နှင့်နေပြီ ဖြစ်သည်။

ခွေးနက်ကြီး သူ့လက်သည်းများကို ယမ်းပြကာ လင်း

ချီအား မြန်မြန်လာရန် အချက်ပြလိုက်သည်။ လင်းချီသာ နှောင့်နှေးကြန့်ကြာနေပါက မကြာမီ နဂါးများ ပြန်ရောက်လာတော့မည်။

လင်းချီ ထိပ်သို့ရောက်ခါနီးတွင် ဘယ်ဘက်ခြေထောက် လွတ်သွားပြီး လေထဲတွင် တွဲလျောင်းကျနေကာ ကျောက်တုံးများ နဂါးကြီး၏ ကိုယ်ပေါ် ကျဆင်းသွားပြီး ကလန်ကလန် အသံများ ထွက်ပေါ်လာသည်။

လင်းချီ ဟန်ချက် ထိန်းလိုက်ပြီး ရှိသမျှ သတ္တိကို စု၍ နဂါးကြီးဘက် လှည့်ကြည့်လိုက်သည်။

ကံကောင်းစွာဖြင့် ကျောက်တုံးနဂါးမှာ လှုပ်ပင်မလှုပ်ဘဲ အိပ်မြဲအိပ်နေဆဲပင်။

လင်းချီ သက်ပြင်းတစ်ချက်ချလိုက်ပြီး ခြေကောလက်ကော သုံးကာ ထိုနေရာမှ ထွက်ခွာလိုက်သည်။

သူမြေပေါ်ရောက်သောအခါ ခွေးနက်ကြီးမှ သူ့ကို မကြည်သည့်အကြည့်ဖြင့် ကြည့်နေကြောင်း

သတိထားမိသွားသည်။

လင်းချီ လက်နှစ်ဖက်ကို ဖြန့်လိုက်ပြီး "ကျုပ် တမင်လုပ်တာမှ မဟုတ်တာ...ပြီးတော့ ကျုပ် အခုထိ စိတ်ကို ကောင်းကောင်းစုစည်းလို့ မရသေးဘူးဗျ!"

ခွေးနက်ကြီး မျက်နှာမဲ့သွားပြီး "ကောင်စုတ်လေး..ဂရုစိုက်ဦး"

"ဟုတ်ပါပြီ..ခင်များကလည်း အဘွားကြီးကျနေတာပဲ တကျည်ကျည်လုပ်နေတာ"

သူတို့ တောင်ကြားကို လျင်မြန်စွာ ကျော်ဖြတ်သွားသည်။

လင်းချီ အံ့ဩမိတာက တောင်ကြားနောက်တွင် ပို၍ ကြီးမားသော တောင်တန်းကြီးများ တည်ရှိပြီး ထိုတောင်ကြီးများ၏ အလယ်တွင်လည်း ဂူပေါင်းများစွာရှိနေကြသည်။

လင်းချီ၏ ရှုပ်ထွေးသည့် အကြည့်ကို သတိထားမိသွားပြီး"ဒီနဂါးတွေက ဖွတ်ကြီးတစ်အုပ်ပါကွာ...တစ်ချိန်လုံး အိပ်လိုက်..မိတ်လိုက်လိုက်နဲ့..နေရောင်ကို

တောင် မမြင်ချင်ကြဘူး ..တစ်ခါတစ်လေမှ ရတနာရှာဖို့ အပြင်ထွက်ပြီးတော့ အဲ့တာတွေကို သုံးလည်း မသုံးကြဘူး ...သိမ်းပဲ သိမ်းထားကြတဲ့ တကယ့်ငတုံးတွေ ... သူတို့ ဦးနှောက်တွေထဲမှာ ကျောက်တုံးတွေနဲ့ဘဲ ပြည့်နေတာလေ"

လင်းချီ ရှော့ခ်ရသွားပြီး "ဒီတော့ ဂူတစ်ခုချင်းစီမှာ နဂါး နှစ်ကောင်တောင် နေကြတာပေါ့?"

"သေချာပေါက် မဟုတ်ဘူးပေါ့...နဂါးတွေအတွက် မျိုးပွားဖို့ရာ အရမ်းကို ခက်ခဲတာ သူတို့ နေ့တိုင်း မိတ်လိုက်နေတာကို အသာထားဦး...ခုနစ်နှစ် ရှစ်နှစ်လောက် မိတ်လိုက်ရင်တောင် သန္ဓေက တည်ချင်မှ တည်တာ... ပြီးတော့ နဂါးတွေက တဏှာလည်း အရမ်းကြီးတယ်...တစ်လင် တစ်မယား ဆိုတာမျိုးမရှိဘူး...တွေ့တဲ့ကောင်နဲ့ လိုက်တာဘဲ "

"တကယ်တော့ မိစ္ဆာသားရဲအများစုမှာလည်း အဲ့လို တစ်လင်တစ်မယား စနစ် မရှိကြဘူး..မင်းတို့ လူသားတွေမှာပဲ ရှိတာ...ဘယ်လောက်တောင် ပျင်းဖို့ ကောင်းလိုက်လဲ...."

လင်းချီ ရုတ်တရက် ထိုဧရာမနဂါးကြီးကို မနာလိုသွားသည်။ "မိုက်လိုက်တာ"

ခွေးနက်ကြီး လင်းချီကို အထင်တသေး ကြည့်လိုက်ပြီး "ဈေးပေါတဲ့ ကောင်စုတ်လေး!"

"ခင်ဗျားက ဘာသိလို့လဲ!"

.......

လင်းချီ နှင့် ခွေးနက်ကြီး တို့ တစ်ဂူပြီးတစ်ဂူ ပတ်ခိုးတော့သည်။ တစ်ချို့ဂူများမှာ ရွှေ၊ငွေ၊ကျောက်သံပတ္တမြား တို့ဖြင့် ပြည့်သိပ်နေသည်။

လင်းချီ ထို ရွှေပြားများကို ကြည့်ရင်း သူ၏ မျက်လုံးတို့မှာ စိတ်ကျေနပ်မှုများဖြင့် ပြည့်နှက်လာသည်။ 'ငါတော့ချမ်းသာပြီ...ငါတော့ ချမ်းသာပြီဟေ့...နောက်ထပ် စနစ်ကို အဆင့်တွေမြှင့်တဲ့အခါ စိတ်ပူဖို့ မလိုတော့ဘူးကွ'

လင်းချီ သူ့ပါးစပ်မှ သွားရည်များကို သုတ်လိုက်သည်။

ခွေးနက်ကြီးက လင်းချီကို အထင်သေးစွာ ကြည့်လိုက်ပြီး "ဟမ့်..ကိုယ့်ကိုယ်ကို ဘယ်လောက် အသုံးမကျလိုက်လဲဆိုတာ ကြည့်လိုက်ဦး"

လင်းချီ ခွေးနက်ကြီးကို ကြည့်ရင်း ဆွံ့အသွားတော့သည်။ ထိုခွေးကြီးက သူ့လည်ပင်းတွင် ကြီးမားသော ရွှေဆွဲကြိုးကြီးကို ၀တ်ဆင်ထားပြီး ခြေလက်များကိုလည်း အမျိုးမျိုးသော လက်၀တ်တန်ဆာတို့ဖြင့် ဆင်ယင်ထားသည်။ လမ်းလျှောက်လျှင်ပင် တချွင်ချွင် မြည်နေသေးသည်။

သောက်ရှက်မရှိတဲ့ကောင်!

လင်းချီ ရွှေလက်တစ်ဆုပ်စာလောက် ယူလိုက်ပြီး စနစ်ထဲ ထည့်တော့မည့် အချိန်တွင် ရုတ်တရက် စနစ်ထံမှ စာတစ်စောင် ရောက်လာခဲ့သည်။

[ဒင်! စနစ်အဆင့်မြင့်တင်နေသောကြောင့် သိုလှောင်နေရာလွတ်ကို ခေတ္တပိတ်ထားပါသည်။]

'သေစမ်း စနစ် အဆင့်မြင့်ထားလို့ သုံးလို့ မရဘူးဆို

တာ မေ့သွားတယ်'

ဘယ်လောက်တောင် ကြီးမားလိုက်တဲ့ ဆုံးရှုံးမှုလဲ!

လင်းချီ အံကြိတ်လိုက်ပြီး ရွှေများကို ဆုပ်ကာ သူ့လွယ်အိတ်ထဲသို့ ထည့်လိုက်သည်။

'ဘာဖြစ်ဖြစ်ကွာ..ရသလောက်တော့ ထည့်ရမယ် ..ဘာမှမယူတာထက်စာရင်တော့ သာတာပေါ့'

လင်းချီနှင့် ခွေးနက်ကြီးတို့ နောက်ထပ် သုံးလေးဂူလောက် ရှာလိုက်ကြပြီး ထိုဂူများထဲတွင် အားလုံးနီးပါးက ရွှေပြားများဖြင့် ပြည့်နှက်နေသည်။ လင်းချီ အသည်းနာနေသည်။ အကယ်၍ သူသာ စောသိခဲ့ပါက စနစ်မြင့်တင်မှုကို တစ်ရက်ဘောက် နောက်ကျပြီးမှ လုပ်လိမ့်မည်။ ယခုတော့ သူ သန်းရာပေါင်းများစွာ ဆုံးရှုံးသွားပြီ ဖြစ်၏။

ခွေးနက်ကြီး ဇဝေဇဝါ ဖြစ်နေတုန်းပင်။ "မင်းမှာ ဘာလို့ ဒီလိုသိမ်းနေတာလဲ ပြောတော့ သိုလှောင်နေရာလွတ် လုံလုံလောက်လောက်ရှိတယ်ဆို?"

လင်းချီ ထစ်အစွာဖြင့် "အကယ်၍ ကျုပ် မလောက်တော့ဘူးလို့ ပြောမယ်ဆို..."

ခွေးနက်ကြီးက လင်းချီ စကားဆုံးအောင်တောင် မစောင့်ဘဲ ရိုက်ချက်တစ်ချက်တည်းဖြင့် လွင့်ပျံထွက်သွားစေလိုက်သည်။ "မင်း အစောကတည်းက လုံလောက်သလိုလိုနဲ့ အေးဆေး ဟန်ဆောင်နေတာကိုတောင် မယုံနိုင်ဘူး"

ခွေးနက်ကြီး စိတ်တိုသွားပြီး တစ်ဖက်သို့ လှည့်ထွက်သွားသည်။ "နေရာမလောက်ဘူးဆိုရင်လည်း အစောကြီး ကတည်းက ပြောထားသင့်တယ်လေ..ဟန်ဆောင်နေလို့ ဘာထူးလဲ"

လင်းချီမှာ သူ၏ အမှားဖြစ်သောကြောင့် ခွေးနက်ကြီးနောက်မှ တိတ်တဆိတ်သာ လိုက်သွားလိုက်သည်။ သို့သော်လည်း ပတ်၀န်းကျင်ကိုတော့ မျက်ချည်မပြတ် စောင့်ကြည့်နေဆဲပင်။

သူ မတရားအဆူခံရသလို ခံစားနေရသည်။ "စနစ်အဆင့်မြှင့်တာက သိုလှောင်နေရာလွတ်ကိုပါ ပိတ်လိုက်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲလို့"

လင်းချီ အိပ်မက်မက်နေသလို ခံစားလိုက်ရပြီး သူ့ရှေ့ရှိ ဧရာမနဂါးကြီးနှင့် နှိုင်းယှဉ်ပါက သူ့ဖြစ်တည်မှုက ပုရွက်ဆိတ်သာသာပင်။ သူ့တစ်ကိုယ်လုံးပေါင်းလျှင်ပင် နဂါးကြီး၏ လက်သည်းတစ်ချောင်းစာပင် မရှိချေ။

လင်းချီ အသက်ပင် ကျယ်ကျယ် မရှူရဲဘဲ ခွေးနက်ကြီးဘက်သို့ ဖြည်းညှင်းစွာ လှည့်လိုက်ကာ တုန်ရီစွာ မေးလိုက်သည်။ "ဒါ မင်းရဲ့ရန်သူက...ဧရာမနဂါးမျိုးနွယ်လား?"

ခွေးနက်ကြီးလည်း ဂရုတစိုက်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

'ငါတော့ သေတော့မှာပဲ....မင်းလို ခွေးငပိန်းက နဂါးတစ်ကောင်ရဲ့ ရန်သူဖြစ်ဖို့ ထိုက်တန်တယ်များ မင်းထင်နေတာလား? ဟိုက မင်းကို တံထွေးပင်လယ်မှာ မျောပြီးတောင် နှစ်သတ်လိုက်လို့ရတယ်!'

••••••••

All Chapters