← Chapters

(ဒီဥကို ကြည့်လိုက် အကြီးကြီးနဲ့ လုံးနေတာပဲ)

Vol. 7 Ch. 71

(ဒီဥကို ကြည့်လိုက် အကြီးကြီးနဲ့ လုံးနေတာပဲ)

Vol. 7 Ch. 71

အိပ်မက်နှင့် လက်တွေ့ဘဝကြား ကွာခြားချက်က ကြီးမားလှပေသည်။

လင်းချီနှင့် မဟူရာဘုရင်တို့လည်း သူတို့ရှေ့ရှိ ရွှေ၊ ငွေ နှင့် လက်ဝတ်ရတနာ တောင်ပုံကြီးကို ကြည့်နေသော်လည်း ဘာမှမတတ်နိုင်ပေ။

လင်းချီတစ်ယောက် သက်ပြင်းချရုံသာ တတ်နိုင်သည်။ ကံကြမ္မာက တကယ့်ကို လူတွေအပေါ် ကစားတတ်တာပဲ။

လင်းချီ စနစ်ကိုကြည့်လိုက်ပြီး အဆင့်မြှင့်တင်မှု မပြီးခင် ခြောက်နာရီသာ ကျန်ရှိတော့သည်ကို သူတွေ့ရသည်။ သို့သော် ဧရာမ နဂါးကြီးများ ဘယ်အချိန် ပြန်လာမည်ကို မည်သူ သိမည်နည်း။

လင်းချီ သူ့အိတ်ထဲမှ ရွှေဒင်္ဂါးပြားများကို စွန့်ပစ်ကာ ရှားပါးပါဝင်ပစ္စည်းများနှင့် ဆေးဖက်ဝင်အပင်အချို့ကို သိမ်းဆည်းရန်မှတပါး ရွေးချယ်စရာမရှိပေ။

သူ့အရင်ဘဝတုန်းက သူ့နိုင်ငံတွင် ဆေးဖက်ဝင်ချက်ပြုတ်နည်းတစ်မျိုးရှိသည်။ ဗိုက်ပြည့်စေရုံသာ

မက ခန္ဓာကိုယ်ကိုလည်း သန်မာစေနိုင်သည့်အပြင် ရောဂါများကို ကုသရာတွင် အသုံးပြုနိုင်သည့် အထူးဖော်မြူလာအချို့ပင် ရှိသေးသည်။

စနစ်တွင် ဆေးဖက်ဝင် ဟင်းလျာများ ရှိမရှိ မသိသော်လည်း ပြင်ဆင်ထားတာက ပိုကောင်းသည်။

မသုံးနိုင်ရင်တောင်မှ ရောင်းလိုက်လျှင် ပိုက်ဆံအများကြီးရနိုင်သည်။

အရေးကြီးဆုံးအချက်မှာ ဆေးဖက်ဝင်ပစ္စည်းများမှာ ပေါ့ပါးပြီး အရွယ်အစားသေးငယ်သောကြောင့်ဖြစ်သည်။

ဤသို့ဖြင့် လင်းချီနှင့် ခွေးနက်ကြီးမှာ ဂူခုနစ်ခု ရှစ်ခုလောက်ကို ရှာဖွေရန် လေးနာရီကျော်ကြာခဲ့သည်။ လက်လျှော့လိုက်ရန် ကြံသောအခါ ဘာမှမရှိသလောက်ဖြစ်နေသော လှိုဏ်ဂူတစ်ခုဆီသို့ ရောက်လာကြသည်။

အဲ့ဒီဂူထဲတွင် စိန်တွေမှလွဲ၍ ဘာမှမရှိပေ။

လင်းချီ ပထမတော့ အံ့အားသင့်သွားသည်။ ဘာတွေဖြစ်နေတာလဲ? သူတို့ ဒီလမ်းတစ်လျှောက်လုံး ခရီးနှင်ခဲ့ပြီး နဂါးကြီးတွေ ဘယ်တော့ပြန်လာမယ်ဆိုတာ မသိပေမယ့်လည်း အားတင်းပြီး လျှောက်လာတာ နောက်ဆုံးမှာ ရလာတာ စိန်တွေတဲ့လား? အဲ့တာတွေက ဘာမှ လက်တွေ့ကျကျ အသုံးဝင်တာမှ မဟုတ်ဘဲ!

သို့သော် မဟူရာခွေးဘုရင်မှာ ထိုစိန်များကို မြင်သောအခါတွင် သူ့မျက်လုံးများ ပြူးကျယ်သွားသည် ။ သူသည် အရူးအမူးရှေ့သို့ ပြေးကာ စိန်တုံးများကို သူတတ်နိုင်သည့် အားဖြင့် အစွမ်းကုန် ဆွဲထုတ်လိုက်သည်။

လင်းချီလည်း မဟူရာခွေးဘုရင်မှ ထိုသို့ပြုမူသည်ကို မြင်သောအခါ မှားယွင်းစွာ မြင်မိသည်ဟုတောင် တွေးမိလိုက်သည်။ ဧကန္တ ရတနာ တစ်မျိုးမျိုး ရှိနေလို့များလား။ မှော်ကျောက်တုံး လိုမျိုး တစ်ခုခုပေါ့?

သူ ရှေ့ကို အမြန်ပြေးသွားပြီး စိန်တစ်လုံးကို ကောက်ယူကာ သေသေချာချာကြည့်၍ ကိုက်လိုက်သည်။

အမှန်ပင် ဒါက စိန်တစ်လုံးမျှသာ ဖြစ်၏။ တစ်ခုတည်းသော ခြားနားချက်က သန့်စင်လွန်းတာကြောင့် လင်းချီ ၎င်းကို နေရောင်အောက်မှာ ထားပြီးကြည့်ရာတွင် မသန့်စင်မှု တစ်စွန်းတစ်စလေးတောင် ရှိမနေခြင်းပင်။

လင်းချီသည် ခွေးနက်ကြီးကို လှမ်းဆွဲလိုက်သည်။ “ဒါက တကယ်ကို တန်ဖိုးမရှိဘူး သာမန်ကျောက်တုံးကိုမှ ပိုမာနေရုံဘဲ"

"မင်းဘာသိလို့လဲ!" ခွေးနက်ကြီးက လင်းချီကို လှုပ်ခါလိုက်ပြီး 'စိန်'၏ ဇာတ်လမ်းကို လင်းချီအားပြောပြရင်း စိန်သိုက်အတွင်းသို့ ထပ်မံ ခုန်ဆင်းသွားခဲ့သည်။

ဒီကျောက်တုံးကို မူလက လူသားများ တူးဖော်ခဲ့ကြသည်။ လူသားများသည် ကျောက်တုံးပေါ်တွင် အမျိုးမျိုးသော စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြပြီး အဆင့်မြင့် ထိုးစစ်မန္တာန်အချို့သာ ထိုကျောက်ကို ခွဲဖျက်နိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။

လူသားများ အလွန်ပျော်ရွှင်ခဲ့ကြသည်။ ထိုကျောက်တုံးမျိုးဖြင့် ပိုမိုအားကောင်းသောလက်နက်များကို တီထွင်နိုင်ကာ သာမန်လူသားများအဖို့ အဆင့်နိမ့်မိစ္ဆာသားရဲများကို ရှာဖွေတိုက်ခိုက်ရန် ပိုမိုလွယ်ကူသွားမည်ဖြစ်သည်။

သို့သော် ပြဿနာတစ်ခုရှိလာသည်။ သာမာန်လူများ၌ ၎င်းကျောက်တုံးကို သွေးရန် နည်းလမ်းမရှိပေ။ အဆင့်မြင့်သော မှော်ဆရာများသည် ထိုသို့ပြုလုပ်နိုင်စွမ်းရှိသော်လည်း ကျောက်တုံးတွင် မည်သည့် မှော်အာနိသင်မှ မရှိသောကြောင့် ၎င်းတို့ကို သွေးရန် အာရုံမရှိကြပေ။

နောက်ပိုင်းမှာ လူတို့က လက်လျှော့လိုက်ကြသည်။ မိသားစုထဲက တစ်ယောက်ယောက် နေမကောင်းဖြစ်သည့်အခါမှသာ သေးငယ်သော အပိုင်းအစကို ဝယ်ကာ လူနာကို ပေးမှာ ဖြစ်ပြီး လူနာ၏ အသက်သည် ဤကျောက်တုံးလို မာကြောလာလိမ့်မည်ဟု မျှော်လင့်ကြသည်။

တစ်နေ့တွင်တော့ နဂါးကြီးများက ဒီကျောက်တုံးများအကြောင်း သိလာကြသည်။ စိတ်ဝင်စားစရာ

ကောင်းသည်ဟု ထင်တာကြောင့် စတင်စုဆောင်းခဲ့ကြသည်။

ထို့နောက် ၎င်းတို့သည် ကျောက်တုံးကြီးကို သွေးရန်အတွက် ဧရာမနဂါးမျိုးနွယ်စု၏ အဂ္ဂိရတ်ပညာကို အသုံးပြုခဲ့သည်။ မထင်မှတ်စွာပင် ကျောက်တုံးထဲက အညစ်အကြေးများက မီးတောက်ထဲမှာ တဖြည်းဖြည်း မှိန်ဖျော့သွားပြီး လင်းချီမြင်လိုက်ရသည့် တောက်ပြောင်နေသော စိန်တုံးကြီး ဖြစ်သွားခဲ့သည်။ အရေးအကြီးဆုံးကတော့ မာကျောမှု လုံးဝ မပြောင်းလဲခြင်းပင်။

ထိုကျောက်ကို ဧရာမနဂါးမျိုးနွယ်စုကသာ စီမံဆောင်ရွက်နိုင်သောကြောင့် ၎င်းကို နဂါးကျောက်ဟု ခေါ်ကြပြီး နဂါးကျောက်သည် မျိုးနွယ်စုအတွင်းရှိ မြင့်မြတ်သူ၏ သင်္ကေတဖြစ်လာသည်။

လင်းချီ နားမလည်သေးပေ။ “ဒီကျောက်တုံးက ဧရာမနဂါးမျိုးနွယ်စုရဲ့ သင်္ကေတဖြစ်နေရင်တောင်မှ မျိုးနွယ်စုအပြင်ဘက်မှာ အသုံးမဝင်ဘူးလေ”

“နဂါးမျိုးနွယ်စုမှာတောင် နဂါးကျောက်တုံးဆိုတာ အဆင့်အတန်းရဲ့ သင်္ကေတပဲ တကယ်တမ်းကျ

အဂ္ဂိရတ်ပညာကို နဂါးတွေအားလုံး ကျွမ်းကျင်ကြတာမှ မဟုတ်တာ ဒါ့ကြောင့် နဂါးတစ်ကောင်မှာ နဂါးကျောက်ပိုင်ဆိုင်မှုများလေလေ အဲ့နဂါးရဲ့ အဆင့်အတန်းက ပိုမြင့်လေပဲ မင်း နားလည်ပြီလား?"

လင်းချီ ရုတ်တရက် သဘောပေါက်သွားသည်။ ဟုတ်တယ် ဒီလောက်စိန်တွေအများကြီး ပိုင်ဆိုင်ထားတဲ့ အဲ့ဒီနဂါးက ဘယ်လောက်တောင် သန်မာနေမလဲ။ သူ့ဆီမှာ အဖိုးတန်ပိုင်ဆိုင်မှုတွေလည်း ရှိမယ်ထင်တယ်။

ထို့နောက် သူသည် မဟူရာခွေးဘုရင်နှင့် လက်တွဲကာ ကြိုးစားပန်းစား တူးဖော်တော့သည်။... အိုး၊ နဂါးကျောက်တုံးအပုံလိုက်ကြီးပဲ။

သူတို့နက်သထက် နက်အောင် တူးနေရင်း လင်းချီသည် သိုက်အတွင်း၌ ကြီးမားလုံးဝန်းသော အရာတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။

"မဟူရာဘုရင် ဒီကိုမြန်မြန်လာ မြန်မြန် ကျုပ် ကောင်းတာကြီးတွေ့ထားတယ်!"

လင်းချီ လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ပြီး ဆွဲထုတ်လိုက်သည်။

"သေစမ်း! ဘယ်လောက်တောင်ကြီးလိုက်တဲ့ ဥကြီးလဲ"

ဥသည် လူတစ်ယောက်၏ ထက်ဝက်ခန့် အရွယ်အစားရှိ၏။ ၎င်းသည် နှင်းဖြူရောင်ဖြစ်ပြီး ၎င်း၏မျက်နှာပြင်ပေါ်တွင် ထူးခြားသည့် အရောင်တောက်ပမှုမျိုးကို ဝါးဝါးမြင်နိုင်သည်။

ဥကိုမြင်သောအခါ ခွေးနက်ကြီးမှာ ဝမ်းသာသွားပြီး ဥနားကိုကပ်လာကာ အနံ့ခံကြည့်ပြီး လျှာနဲ့ယက်လိုက်သည်။

လင်းချီလည် မဟူရာဘုရင်၏တုံ့ပြန်မှုကိုမြင်သောအခါ မှန်းဆချက်အချို့ရှိခဲ့သော်လည်း မယုံနိုင်စရာကောင်းသည်ဟု သူခံစားခဲ့ရသည်။

သူ မဟူရာဘုရင်ကို လက်နဲ့ ပုတ်ပြီး “မယက်နဲ့ မင်းလျှာက အနံ့ထွက်နေတယ် ဒီဥက… အဲ့ဒါဖြစ်နိုင်မ

လား…”

“ဟုတ်တယ်လေ ဒါနဂါးဥပဲ! ဟားဟားဟား!"

လင်းချီ ဥကိုကြည့်ကာ သူ့ခြေအောက်ရှိ နဂါးကျောက်တုံးများကို ကြည့်လိုက်သည်။

“အဲ… နဂါးတစ်ကောင်က တစ်ကြိမ်မှာ ဥဘယ်နှစ်လုံးဥနိုင်လဲ”

“အဓိပ္ပာယ်မရှိတာ သေချာပေါက် တစ်လုံးပဲပေါ့ ငါမင်းကိုပြောပြီးပြီ ဧရာမနဂါးမျိုးနွယ်ရဲ့ မျိုးပွားနိုင်စွမ်းက အရမ်းညံ့…”

မဟူရာဘုရင် လင်းချီကို သတိလက်လွတ်ပြန်ဖြေလိုက်ပြီးနောက် သူအံ့အားသင့်သွားပြီး လင်းချီကို ရုတ်တရက် ကြည့်လိုက်သည်။ လင်းချီ သူ့ခြေထောက်အောက်ရှိ နဂါးကျောက်တုံးများကို ဘေးသို့ ပစ်ထုတ်လိုက်သောအခါ နဂါးဥများ ထပ်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ကြည့်လိုက်လျှင် လူတစ်ဝက်လောက်ရှိတဲ့ ဥကြီးများ ရှစ်လုံး ကိုးလုံးလောက်ရှိနေသေးသည်။

မဟူရာဘုရင်လည်း သူ့ရှေ့က မြင်ကွင်းကြောင့် ထိတ်လန့်သွားသည်။ မျိုးနွယ်စုတစ်ခုလုံး၏ နဂါးဥအားလုံး ဤနေရာတွင် ရှိနေသည်ဟု ဆိုလိုရမည်ဖြစ်သည်။

ထို့နောက် မဟူရာဘုရင်သည် အံကြိတ်ကာ ပြောလိုက်၏။“သေစမ်း အရင်တုန်းက မင်းတို့ ငါ့ကို အနိုင်ကျင့်တာကို ခွင့်ပြုပေးထားရတာ ဒါပေမယ့် ဒီနေ့တော့ မင်းတို့မှာ သားမြေးစဥ်ဆက်တွေ မရှိတော့အောင် ငါသေချာပေါက်လုပ်ရမယ်”

ထိုသို့ပြောပြီးနောက် ပါးစပ်ကိုဟကာ နဂါးဥကို ကိုက်လိုက်သည်။

ခရက်! ခရက်! နဂါးဥက ဘာမှမဖြစ်သွားဘဲ ခွေးနက်ကြီးသည်သာ သူ၏မေးရိုးကို ကိုင်ကာ မြေပြင်ပေါ်တွင် လူးလိမ့်နေခဲ့ရသည်။

သိပ်မကြာခင်မှာပဲ သူပြန်ထလာပြီး “ငါ မပြီးသေးဘူး ချာတိတ် လမ်းပိတ်ရပ်မနေစမ်းနဲ့!”

ထို့နောက် သူ၏ သွေးထွက်နေသော ပါးစပ်ကိုဟကာ မီးတောက်တစ်ခု မှုတ်လိုက်သည်။ ထိုမီးလုံးသည် နဂါးဥ၏မျက်နှာပြင်ပေါ်တွင် တောက်လောင်နေသည်။

"ဒီနေ့ နဂါးဥကင်စားပစ်မယ်!" မဟူရာခွေးဘုရင်မှာ လှောင်ပြောင်ကာပြောနေသည်။ သို့သော် နောက်တစ်စက္ကန့်တွင် သူ့မျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ်သွား၏။

နဂါးဥ၏မျက်နှာပြင်သည် အနီရဲရဲတောက်နေသောပုံစံဖြင့် တောက်ပနေပြီး အမှောင်ဘုရင်၏မီးတောက်အားလုံးကို အမှန်တကယ်စုပ်ယူနိုင်ခဲ့သည်။

"သေစမ်း၊ ဒါ မီးနဂါးရဲ့ ဥပဲ!" အမှောင်ဘုရင်ကတော့ အရှုံးမပေးသေးပေ။ သူက မြေပြင်ပေါ်မှ နဂါးကျောက်တုံးကို ကောက်ယူပြီး ဥကို ရိုက်ခွဲလိုက်သည်။

ကျယ်လောင်သော အသံနှင့်အတူ နဂါးကျောက်တုံး၏ အလယ်တွင် အက်ကွဲသွားသည်။ နဂါးဥကို တစ်ချက်ကြည့်လိုက်တော့ အက်ကြောင်းတစ်ခု အမှန်တကယ် ပေါ်လာသည်။

အလုပ်ဖြစ်တယ်!

မဟူရာခွေးဘုရင်သည် နဂါးဥကို နဂါးကျောက်တုံးဖြင့် အကြိမ်ကြိမ် ထုရိုက်လေတော့သည်။ ထုရိုက်နေစဉ်အတွင်း နဂါးကျောက်တုံး မည်မျှဖြင့် ထုခဲ့သည်ကို သူ မသိပေ။ နောက်ဆုံးတွင် နဂါးဥ၏ မျက်နှာပြင်ပေါ်၌ အပေါက်တစ်ခု ပေါ်လာသည်။

လင်းချီသည် ခွေးနက်ကြီးက သူ၏ ခန္ဓာကိုယ် တစ်ဝက်ကို နဂါးဥထဲသို့ ထိုးထည့်နေသည်ကို တွေ့လိုက်ရပြီး တင်ပါးလေးသာ အပြင်တွင်ထွက်နေခဲ့သည်။ ထို့နောက် နဂါးဥအတွင်းမှ ရှလွတ်ရှလွတ် မြည်နေသော အသံများထွက်လာသည်။

သိပ်မကြာခင်မှာပင် အမှောင်ဘုရင်ထွက်လာပြီး မြေကြီးပေါ်မှာ လှဲချကာ လေတက်နေလေသည်။

လင်းချီသည် မဟူရာခွေးဘုရင်၏ ဗိုက်ကားနေပုံကို သတိပြုမိကာ မတတ်နိုင်ဘဲ သက်ပြင်းချမိလိုက်သည်။

အစောပိုင်းတုန်းက သူ အဆာခံမှိုစွပ်ပြုတ်လေးအိုးကို စားခဲ့ပြီးသော်လည်း လုံလုံလောက်လောက် ဝသွားသည့်ပုံမပေါ်ချေ။ သို့သော် နဂါးဥတစ်လုံးသည် ထိုဗိုက်ကို ပြည့်စေရန် လုံလောက်၏။ နဂါးဥတွင်ပါရှိသော စွမ်းအင်သည် မည်မျှအံ့သြဖွယ်ကောင်းသည်ကို ပြသရန် လုံလောက်ပေသည်။

ခွေးနက်ကြီးသည် သူ့ဘေးနားက နဂါးဥခွံကို ပုတ်လိုက်ပြီး လင်းချီအား မေးသည်။ "ဟေ့ ညီအစ်ကို မင်းရော တစ်လုံးလောက်လိုချင်လား"

လင်းချီ သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်မှာ တစ်စုံတစ်ခုကို အမြန်ငြင်းဆန်ချင်သည့်အလား။ "ရတယ် ရတယ် ခင်ဗျားရဲ့ညီလေးက ဒီလိုဟာမျိုးသုံးဆောင်နိုင်လောက်တဲ့အထိ မထိုက်တန်ပါဘူး"

••••••••

All Chapters