← Chapters

(ချည်မျှင်ဖြင့် တွဲလောင်းချည်ခံထားရသကဲ့သို့)

Vol. 7 Ch. 73

(ချည်မျှင်ဖြင့် တွဲလောင်းချည်ခံထားရသကဲ့သို့)

Vol. 7 Ch. 73

ဧရာမနဂါးကြီးများသည် အသက်ရှည်ပြီး အစွမ်းကြီးသော မျိုးနွယ်ဖြစ်ကာ စစ်ပွဲများကိုလည်း ရှောင်ရှားကြသည်။ သူတို့၏ တစ်ခုတည်းသော ဝါသနာမှာ အဖိုးတန်ပစ္စည်းများ စုဆောင်းခြင်းနှင့် မိတ်လိုက်ခြင်း ဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် လက်စားချေလိုသောဆန္ဒ ပြင်းပြသောကြောင့် နဂါးမျိုးနွယ်အား ရန်ရှာဝံ့သော သတ္တဝါမှာ အနည်းငယ်မျှ

သာရှိသည်။

ထို့ကြောင့် ဧရာမ နဂါးမျိုးနွယ် ဒီလောက် ဒေါသမထွက်ရသည်မှာ ကြာခဲ့ပြီဖြစ်သည်။

“လူမြင်ကွင်းကနေ အကြာကြီး ပျောက်ကွယ်သွားပြီးနောက်မှာ ဧရာမနဂါးမျိုးရိုးရဲ့ ကြောက်စရာကောင်းပုံတွေကို ကမ္ဘာကြီးက မေ့သွားပုံပဲ အခွင့်အရေးရရင် ရသလောက် မိုက်မဲတဲ့ ကြောင်တွေ ခွေးတွေလည်း ရှိသေးတယ်ဆိုမှတော့ ဒီနေ့ အကြောက်တရားဆိုတာကို သူတို့ မှတ်မိအောင် ကူညီလိုက်ကြတာပေါ့”

နက်ရွှေရောင်နဂါးကြီးသည် လေထဲတွင် ဒေါသတကြီး ဟိန်းဟောက်နေသည်။

....

လင်းချီသည် အလွန်ကြောက်နေပြီဖြစ်၏။ ဧရာမ နဂါးမျိုးရိုးသည် ၎င်းတို့၏ အမြန်နှုန်းကြောင့် လူသိများခြင်းမျိုး မဟုတ်သော်လည်း ခြေထောက်လေးချောင်းဖြင့် ပြေးခြင်းထက် ပျံသန်းခြင်းမှာ ပိုမိုမြန်ဆန်နေဆဲဖြစ်၏။

"မဟူရာသခင် ခင်ဗျားအစွမ်းကုန်လုပ်နော် ဖမ်းမိရင် အုတ်ဂူမရှိဘဲ သေရလိမ့်မယ်"

မဟူရာဘုရင်သည် တောင်ပေါ်သို့ ပြေးတက်သွားသည်။ လမ်းမကြီးပေါ်ကနေတောင် မပြေးဝံ့ပေ။

"ငါသိတယ် ငါသိတယ် ငါ့ကိုဖိအားမပေးနဲ့ မင်း... ငလူး*သား!"

သူတို့နှင့် မနီးမဝေးတွင် နဂါးနီတစ်ကောင်သည် လျင်မြန်စွာ ဖြတ်ကျော်သွားသည်။ သူတို့ အရမ်းထိတ်လန့်သွားတာကြောင့် သူတို့ ပြေးနေတဲ့လမ်းပေါ်မှာ ရပ်လိုက်ပြီး အသက်ရှုအောင့်ထားမိလိုက်ကြသည်။

နဂါးကြီး မိုးကုတ်စက်ဝိုင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသောအခါတွင်သာ သက်ပြင်းချနိုင်ကြသည်။

သူတို့ ဆက်မနေဝံ့တော့ဘဲ ထွက်ပြေးရန် လမ်းကြောင်းပြောင်းခဲ့သည်။

သို့သော်လည်း လင်းချီ၏နောက်ကျောရှိ နဂါးဥပေါ်တွင် အလင်းတန်းတစ်ခု ရှိနေသည်ကို သူတို့ သတိမထားမိခဲ့ကြပေ။

တစ်ချိန်တည်းမှာပဲ သူတို့ဘေးက ဖြတ်ကာ ပျံသန်းလာတဲ့ ဧရာမနဂါးနီကြီးဟာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

"တွေ့ပြီ!"

ထို့နောက် လင်းချီရှိသောနေရာဆီ အပြေးအလွှား အမြန်ပျံသန်းသွားရင်း အနီးနားရှိ ၎င်း၏အပေါင်းအဖော်များအား အကြောင်းကြားရန် ဟိန်းဟောက်လိုက်သည်။

လင်းချီသည် နဂါးကြီး၏ဟိန်းသံကိုကြားသောအခါ အံ့အားသင့်သွားသည်။ သူ စိတ်ရှုပ်နေသေးသော်လည်း ခွေးနက်ကြီးမှာ ရုတ်တရက် သူ၏အရှိန်ကို မြှင့်လိုက်သည်။

"ဘာဖြစ်လို့လဲ?"

"သေစမ်း သူ ငါတို့ကိုတွေ့သွားပြီ တခြားသူတွေကို ပြောပြနေတာ!"

လင်းချီသည် ချွေးပြန်လာသည်။ "သူတို့ ငါတို့ကို ဘယ်လိုရှာတွေ့တာလဲ နေဦး ခင်ဗျား နဂါးစကားကို နားလည်လား"

"ဒီဘုရင်က နှစ်ပေါင်း တစ်သိန်းလောက် အသက်ရှင်ခဲ့တာ ဘာလို့ မလုပ်နိုင်ရမှာလဲ?"

မဟူရာဘုရင်မှာ ကြွားလုံးထုတ်ဖို့လည်း မမေ့ခဲ့ပေ။

“သူတို့ ငါတို့ကို ဘယ်လိုရှာတွေ့လဲတော့ မသိဘူး မင်းကြောင့်များ... သေစမ်း!"

ကြီးမားသော မီးလုံးကြီးတစ်ခုက သူတို့ဆီသို့ တည့်တည့်တိုးဝင်လာသည်။ မဟူရာဘုရင်သည် မီးလုံး၏တိုက်ခိုက်မှုကို ရှောင်လွှဲကာ ဘေးဘက်သို့ ခုန်ဆင်းလိုက်သည်။

မီးလုံးသည် ချက်ချင်းပေါက်ကွဲသွားပြီး နောက်ဆက်တွဲအရှိန်က သူတို့ကို ပျံသန်းသွားစေခဲ့သည်။ လင်းချီ၏ ခန္ဓာကိုယ်ပေါ်ရှိ နွယ်ပင်များသည်

မြင့်မားသော အပူချိန်အောက်တွင် ပြတ်ထွက်သွားကာ နဂါးဥသည် ဘေးဘက်သို့ လှိမ့်ဆင်းသွားသည်။

နဂါးနီကြီးသည် လင်းချီကို ပထမဦးစွာ စိုက်ကြည့်ပြီးနောက် အမှောင်ဘုရင်ကို ကြည့်ကာ ဒေါသတကြီးဖြင့် “နောက်ထပ် မင်းပဲလား! ငါမင်းကို နောက်ဆုံးအကြိမ်တုန်းက မသတ်နိုင်ခဲ့တာ မင်းကံကောင်းသွားတယ် ဒီတစ်ခါ မင်းက ငါ့နဂါးဥကို ခိုးယူဖို့ လူသားတွေနဲ့ ပူးပေါင်းခဲ့တယ်ပေါ့လေ မင်း သေဖို့ကို ဆိုင်းပြင်းနေတာပဲ!”

စကားပြီးတာနဲ့ နောက်ထပ် မီးလုံးတစ်လုံး ပေါက်ကွဲသွားသည်။

မဟူရာဘုရင်သည် မီးလုံးကြီး ချဉ်းကပ်လာသည်ကို မြင်သောအခါ အံကြိတ်လိုက်မိသည်။

"ငါ အကုန်ထုတ်သုံးတော့မယ်!"

လင်းချီ သူဘာပြောနေမှန်း မသိပေမယ့် မဟူရာဘုရင်၏ ခန္ဓာကိုယ် တစ်ခုလုံး အနက်ရောင် အလင်းတန်းများ လင်းလက်လာသည်။ သူ့မျက်လုံး

တွေမှာ တဖြည်းဖြည်းနီရဲလာပြီး ခန္ဓာကိုယ်က ချက်ချင်း ပိုမိုကြီးမားလာခဲ့သည်။ သူ့တစ်ကိုယ်လုံးမှာ ကြွက်သားများဖြင့် တုန်ခါနေသည်။

ထို့နောက် အမှောင်ဘုရင်သည် အသက်ပြင်းပြင်းရှူပြီး ရုတ်တရက် သူ့ပါးစပ်ကို ကျယ်ကျယ်ဟလိုက်သည်။ မီးလုံးတစ်ခုသည် သူတို့ဆီကို ပစ်လွှတ်လာသော မီးလုံးကြီးဆီသို့ ပစ်လိုက်၏။ ကြီးမားသော မီးလုံးကြီးနှစ်လုံးသည် လေထဲတွင် တိုက်မိပြီးနောက် ချက်ချင်းပေါက်ကွဲသွားခဲ့သည်။

မီးလုံးနှစ်လုံး၏ တိုက်မိမှု စွမ်းအားသည် အနီးနားရှိ နေရာလွတ်များကိုပင် ပေါက်ကွဲသွားစေခဲ့သည်။ ပေါက်ကွဲမှု၏ အလယ်ဗဟိုရှိသစ်ပင်များကိုလည်း အပိုင်းပိုင်းကွဲသွားစေခဲ့သည်။

ပေါက်ကွဲသံ၏ သက်ရောက်မှုကြောင့် လေထဲတွင် ပျံနေသော ဧရာမနဂါးကြီးသည် တွန်းထုတ်ခံလိုက်ရသည်။ နောက်ဆုံးတွင် သူ၏ လှုပ်ရှားမှုကို ရပ်တန့်လိုက်ရသည်။

ဧရာမ အနီရောင်နဂါးကြီးသည် အတောင်ပံခတ်လိုက်ပြီး အနီးနားက ဖုန်မှုန့်တွေကို ရှင်းပစ်လိုက်

သည်။ ထိုမှသာ မဟူရာဘုရင်နှင့် လင်းချီတို့ ပျောက်ကွယ်သွားကြောင်း သိလိုက်ရသည်။ နဂါးဥကိုပင် မသွားခဲ့ကြသေး၏။

"ခွေး*သားလေးတွေ!"

ထိုအချိန်တွင် အခြားသော နဂါးများသည် အသံကိုကြားသောအခါ နောက်ဆုံးတွင် အပြေးလာခဲ့ကြသည်။ ထိုအထဲတွင် နက်ရွှေရောင် နဂါးကြီးလည်း ပါသည်။

"ဘာတွေဖြစ်နေတာလဲ?"

“အဲ့ဒီ အသက်ပြင်းတဲ့ ခွေးနဲ့ လူသားတစ်ယောက်ပဲ”

ထိုစကားကိုကြားသောအခါ နက်ရွှေရောင်နဂါးကြီးက အနည်းငယ် လေးလေးနက်နက်ဖြစ်သွားခဲ့၏။ “ဒီခွေးနဲ့ ရင်ဆိုင်ရတာက ရိုးရှင်းတဲ့ ကိစ္စတော့ မဟုတ်ဘူး နောက်ပြီး ဒီခွေးက နည်းနည်းရင်းနှီးတယ်လို့ ငါခံစားနေရတယ်”

“လောလောဆယ်တော့ စိတ်ပူမနေနဲ့ နောက်ကလိုက်!

ငါတို့က သူတို့ကို လွယ်လွယ်နဲ့ လွတ်ပေးလိုက်လို့မရဘူး”

. .

မဟူရာဘုရင်သည် ၎င်း၏ စွမ်းအားကို ထုတ်လွှတ်ပြီးနောက် လင်းချီနှင့်အတူ အလျင်အမြန် ထွက်ပြေးလာခဲ့သည်။ ထို့နောက်တွင် ၎င်း၏ မူလအသွင်အပြင်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

တစ်ဖက်တွင် လင်းချီမှာ သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသည့် အကြည့်ဖြင့် ပြည့်နေသည်။ "မဟူရာဘုရင် ခင်ဗျားက အရမ်းအစွမ်းထက်တာပဲ!"

အစောပိုင်းက မဟူရာဘုရင်၏ အသွင်ပြောင်းမှုနှင့် ပေါက်ကွဲမှုသည် လင်းချီကို အမှန်တကယ် ရှော့ရစေခဲ့သည်။

"ဟမ့် ဒီဘုရင်က အရမ်းစွမ်းအားကြီးတယ်လို့ မင်းကို ငါပြောသားပဲ"

“ဒါဆို မြန်မြန် နောက်တစ်ကြိမ် ထပ်ပြောင်းလိုက်လေ မြန်မြန်ပြေးလိုက်ရင် သူတို့ လိုက်မှီလာမှာကို စိတ်ပူစရာ မလိုတော့ဘူး”

“မင်း အရမ်း ပေါ့ပေါ့ပါးပါးတွေးနေတာပဲ ဒီအစွမ်းက ပေါ့ပေါ့ပါးပါး သုံးလို့ မရနိုင်ဘူးကွ ငါသာ ခုနက နဂါးဥကို မစားမိခဲ့ရင် အခု လှုပ်တောင် လှုပ်လို့ ရတော့မှာမဟုတ်ဘူး”

"ဒါဆို ကျုပ်တို့ ဘာလုပ်သင့်လဲ"

"တခြားနည်းလမ်းမရှိဘူး... မင်းယူလာတဲ့ နဂါးဥကို ငါ့ကို ကျွေးရင်ရော?"

"... ကျွေးချင်ပါတယ် ဒါပေမယ့် ခင်ဗျားဖွင့်နိုင်လို့လား? အခု ကျုပ်မှာ နဂါးကျောက်တုံးလည်း မရှိဘူး"

"အမှန်ပဲ ငါတို့ ခြေတစ်လှမ်းချင်းပဲ လှမ်းကြတာပေါ့ ဒါပေမယ့် သူတို့ ငါတို့ကို ရှာမတွေ့နိုင်လောက်ဘူး မဟုတ်လား ငါတို့ အခု အဝေးကြီးတောင် ရောက်နေပြီပဲ”

ပြောပြီးသည်နှင့် တပြိုင်နက် လေထဲတွင် တဖျပ်ဖျပ်ခတ်နေသည့် အသံကို နောက်မှ ကြားလိုက်ရသည်။

"ခွေး*သားလေး နဂါးဥကို ချထားလိုက်စမ်း" ရွှေနဂါးကြီးက ခြိမ်းခြောက်လိုက်သည်။

“ကောင်းပြီ ငါ လွှဲပေးမယ် ငါတို့ကို မလိုက်နဲ့တော့!” အမှောင်ဘုရင်က ခေါင်းမလှည့်ဘဲ အော်လိုက်သည်။

“မင်း ရူးနေတာပဲ နဂါးဥကိုစားပြီးတာတောင် အကောင်းအတိုင်း လွတ်မြောက်ချင်နေသေးတယ်!”

"ဒါဆို ငါက ဘာလို့မပြေးရမှာလဲ မင်းက ခေါင်းကြီးနေလို့လား?"

မဟူရာဘုရင်သည် နဂါးဥမှာ ဧရာမနဂါးမျိုးရိုးအတွက် မည်မျှအရေးကြီးသည်ကို သိသည်။ အကယ်၍ ဥကိုသာ ခိုးယူခဲ့လျှင် လွတ်ကင်းရန် နေရာအချို့ ရှိကောင်းရှိနိုင်သည်။ ကံမကောင်းစွာပဲ ဥတစ်လုံးကို စားပြီးပြီဖြစ်သောကြောင့် ဧရာမနဂါးကြီးက သူမသေမချင်း ငြိမ်နေမှာမဟုတ်ပေ။

"မင်းကတော့ သေလမ်းရှာနေတာပဲ!" နက်ရွှေရောင် နဂါးကြီးသည် သူတို့အား မီးလုံးတစ်လုံး ပစ်ထွေးလိုက်သည်။

မီးလုံးကြီးသည် ယခင်က နဂါးနီကြီးမှုတ်လိုက်သော မီးလုံးထက် နှစ်ဆပိုမိုကြီးမားသည်။

မဟူရာဘုရင်သည် မီးလုံး၏တိုက်ခိုက်မှုကို လျင်မြန်စွာရှောင်တိမ်းလိုက်ပြီး ကဲ့ရဲ့ရန်လည်း မမေ့ခဲ့ချေ။

“ဟားဟား၊ နဂါးဥက တကယ်ကို အရသာရှိတာပဲ ကျုပ်မဟူရာဘုရင်ရဲ့ နာမည်နာမနဲ့ နဂါးဥကို ကမ္ဘာပေါ်မှာ အရသာအရှိဆုံး ဥလို့ ခေါ်တွင်စေမယ် ဟားဟားဟား!"

ထိုကဲ့ရဲ့ခြင်းမှာ ဓါတ်ဆီလောင်းခြင်းနှင့်တူပြီး ဧရာမနဂါးအားလုံး၏ ဒေါသကို ချက်ချင်း နှိုးဆော်လိုက်သည်။

တစ်ကောင်ပြီး တစ်ကောင်၏ မီးလုံးတွေက သူတို့ဆီ ပျံလာခဲ့သည်။ မဟူရာဘုရင်သည် ဘယ်ညာ

ရှောင်သွားသည်။ အကြိမ်ပေါင်းများစွာ ပေါက်ကွဲပြီး ထိခိုက်လုနီးပါး ဖြစ်ခဲ့သည်။

သို့သော်၊ မီးလုံးများသည် ပို၍ပို၍ စုစည်းလာပြီး အမှောင်ဘုရင်၏ ခံနိုင်ရည်သည်လည်း လျော့ကျလာသည်။

လင်းချီ မျှော်လင့်ချက်အားလုံး ဆုံးရှုံးလုနီးပါးဖြစ်နေချိန် စနစ်၏ သတိပေးချက်သည် သူ့စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။

[ဒင်း! စနစ် အဆင့်မြှင့်တင်မှု ပြီးစီးပါပြီ။ လက်ရှိအဆင့်မှာ ၄ ဖြစ်သည်။ ဟင်းပွဲများ သော့ဖွင့်လိုက်ပါပြီ: မှော်စွမ်းအင်ပြန်လည် ဖြည့်ဆည်းပေးသော ရုံးပတီသီးစွပ်ပြုတ်၊ မြန်နှုန်းမြင့် သကြားလုံး၊ အောက်မေ့ဖွယ်ရာ ဂျုံကြမ်းပေါင်မုန့် ]

[ ဒင်! အဆင့်မြှင့်တင်ခြင်း လက်ဆောင်အိတ်ကို သင့်အား ဆုချီးမြှင့်ခဲ့သည်။]

[အဆင့်မြှင့်တင်ခြင်း လက်ဆောင်အိတ် : အတုခိုးသစ်သီး၊ ပေါင်မုန့် (x100)၊ သာမန်သကြားလုံး (x100)]

[အတုခိုးသစ်သီး : ပစ်မှတ်၏သွေးအဆီအနှစ်ကိုရယူပြီး အတုခိုးသစ်သီးထဲသို့ ချလိုက်ပါ။ ၎င်းကို စားသုံးပြီးနောက်၊ သင်သည် ပစ်မှတ်၏ စွမ်းရည်ကို တုပနိုင်ပြီး ပစ်မှတ်၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုကို လွှတ်ထုတ်နိုင်သည်။]

[ဘေးထွက်ဆိုးကျိုး : ၎င်းကိုအသုံးပြုပြီးနောက် 24 နာရီကြာ အားနည်းသွားလိမ့်မည်။]

[ဒင်! အဆင့်မြှင့်တင်ထားသော စွမ်းရည်ကို သင့်အား ဆုချီးမြှင့်ခဲ့သည်။ ]

[လျှာကဝေ၏ မြှင့်တင်ထားသော စွမ်းရည် : ဤစွမ်းရည်ကို အသက်သွင်းထားစဉ်တွင် ပြုလုပ်သော အစားအစာများ၏ အကျိုးသက်ရောက်မှုသည် နှစ်ဆတိုးလာမည်ဖြစ်သည်။ ၇၂ နာရီတစ်ကြိမ် အသုံးပြုနိုင်ပါသည်။]

လင်းချီ ဝမ်းသာအားရ အံ့သြသွားသည်။ သူ ကယ်တင်ခြင်းခံလိုက်ရပြီ!

ထိုအချိန် လင်းချီရှေ့တွင် ချောက်ကမ်းပါးတစ်ခုရှိပြီး တစ်ဖက်တွင် ပင်လယ်တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။

သူသည် နဂါးဥကို စနစ်သိုလှောင်မှုထဲသို့ အမြန်ထည့်ကာ မဟူရာဘုရင်၏သွေးအဆီအနှစ်တစ်စက်ကို ပေးရန်အတွက် တောင်းဆိုလိုက်သည်။ ခွေးနက်ကြီးလည်း စိတ်ရှုပ်ထွေးသွားသော်လည်း ၎င်းသည် လျှာဖျားကိုကိုက်ကာ လင်းချီအား သွေးတစ်စက်ကို ပေးလိုက်သည်။

မဟူရာဘုရင်သည် သွေးအနှစ်သာရကို ဆုံးရှုံးပြီးနောက် ၎င်း၏အရှိန်သည် ပိုတိုးလာသည်။

လင်းချီသည် အတုခိုးသစ်သီးကို ထုတ်ယူလိုက်သည်။ ၎င်းမှာ သန့်စင်သော အဖြူရောင်ဖြစ်သည်။ သွေးအနှစ်သာရတစ်စက် ချလိုက်ပြီးနောက် တဖြည်းဖြည်း နီရဲလာကာ အလယ်ဗဟိုတွင် မီးတောက်လေးတစ်ခု မထင်မရှား တောက်လောင်လာသည်။

သူသည် အသီးကို တစ်လုပ်တည်း ဝါးစားလိုက်

သည်။ ထို့နောက် သူ၏ကြွက်သားတွေ ဖောင်းလာကာ အရေပြားလည်း တဖြည်းဖြည်း ညိုလာပြီး မျက်လုံးများက နီရဲလာခဲ့သည်။ သူ၏ ပုံစံမှာ လမ်းလျှောက်နေသော မဟူရာဘုရင်နှင့် တူလှသည်။

ထိုအချိန်တွင် သူတို့ ချောက်ကမ်းပါးသို့ ရောက်နေကြပြီဖြစ်သောကြောင့် လင်းချီ အော်လိုက်သည်။ "ခုန်လိုက်!"

••••••••••

All Chapters