← Chapters

(သုခဘုံသို့ လွတ်မြောက်လာခြင်း)

Vol. 8 Ch. 74

(သုခဘုံသို့ လွတ်မြောက်လာခြင်း)

Vol. 8 Ch. 74

မဟူရာဘုရင် ခုန်လိုက်သည်နှင့် လင်းချီက သူ့နောက်ကျောကနေ ဆွေ့ကနဲ ခုန်လိုက်ကာ သူ့ရဲ့ ကာယအားကိုသုံးပြီး လေထဲတွင် ၁၈၀ ဒီဂရီ လှည့်လိုက်သည်။

ထို့နောက် စနစ်ထဲမှ နတ်ဆိုးငရုပ်ကောင်းမှုန့်တစ်ထုပ်ကို ယူကာ ဧရာမနဂါးကြီးထံ ပစ်ပေါက်လိုက်သည်။ အတုခိုးသစ်သီး၏ စွမ်းအားအားလုံးကို ရင်ဘတ်တွင် စုလိုက်ပြီး အသက်ပြင်းပြင်းရှူကာ ထိုဦးတည်ရာသို့ မှုတ်လိုက်သည်။

သူ့ပါးစပ်ထဲမှ မီးလုံးတစ်လုံး ထွက်လာပြီး ထိုမီးလုံးက လေထဲမှ နတ်ဆိုးငရုပ်ကောင်းမှုန့်နှင့်အတူ သူတို့ဆီ ပစ်လွှတ်လိုက်တဲ့ မီးလုံးတွေဆီကို ဦးတည်သွားသည်။

ဘုန်း!

မီးလုံးနှစ်လုံးမှာ တိုက်မိပြီး ပေါက်ကွဲသွားကာ နတ်ဆိုးငရုပ်ကောင်းမှုန့်များ နေရာအနှံ့ ပျံ့နှံ့သွား

သည်။

နီးနီးကပ်ကပ်ရှိနေသည့် ဧရာမနဂါးကြီးများမှာ ငရုတ်ကောင်းမှုန့်အများအပြားကိုပင် ရှူရှိုက်မိလိုက်ကြ၏။ သူတို့ ပါးစပ်ထဲတွင် ပူလောင်သော ဝေဒနာကို ခံစားလိုက်ရပြီး အချို့မှာ နဂါးများ၏ မျက်လုံးများထဲကို ဝင်သွားကြသေးသည်။

တခဏတာအတွင်းမှာတော့ ဧရာမ နဂါးကြီးတွေရဲ့ အော်ဟစ်သံများနဲ့သာ ပြည့်နေခဲ့သည်။

လင်းချီ မီးလုံးကို ထွေးထုတ်ပြီးနောက် သူ့တစ်ကိုယ်လုံး အလင်းအရှိန်နှုန်းဖြင့် အားပျော့သွားသည်။ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော အပူလှိုင်းကြောင့် ပင်လယ်ထဲသို့ ထိုးကျသွားခဲ့၏။

နက်ရွှေရောင်နဂါးကြီးက အတောင်ပံခတ်ကာ လေကို ရှင်းထုတ်လိုက်သည်။ သို့သော် လူနှင့်ခွေးတို့မှာ ခြေရာပင်မရှိတော့ချေ။

ထို့အပြင် နဂါးဥသည် စနစ်သိုလှောင်မှုထဲတွင် ရှိနေသောကြောင့် နဂါးများမှာ ၎င်း၏တည်နေရာကို

အာရုံမခံနိုင်ကြတော့ပေ။ လင်းချီ၏ မသိစိတ်၏ နှိုးဆော်မှုကြောင့် လုပ်လိုက်သော အပြုအမူက သူတို့၏ အသက်ကို ကယ်တင်ခဲ့ခြင်းဖြစ်လေသည်။

ဧရာမ နဂါးကြီးများမှာ ဒေါသတို့ ပြည့်နှက်နေသော်လည်း ၎င်းကို ထုတ်ပြဖို့ နေရာမရှိတော့ပေ။ သူတို့က အင်အားအပြည့်နဲ့ ထွက်လာပေမယ့် ဥသူခိုးနှစ်ယောက်ကို ဘာမှမလုပ်နိုင်ခဲ့ချေ။

မီးလုံးများမှာ ပင်လယ်ထဲသို့ တစ်ခုပြီးတစ်ခု ကျသွားသည် ။ လောင်မြိုက်နေသော မီးတောက်များက ပင်လယ်ရေအများအပြားကို အငွေ့ပျံသွားစေကာ ဧရာမနဂါးကြီးများမှာလည်း ရေနွေးငွေ့အောက်တွင် တဖြည်းဖြည်း ငြိမ်သက်သွားကြသည်။

သူတို့သည် ခေါင်းဆောင်ဖြစ်သော ရွှေနဂါးကြီးကို ကြည့်လိုက်ကြသည်။

ရွှေနဂါးကြီးလည်း စိတ်အနှောင့်အယှက်ဖြစ်သွားပြီး "ဘာကိစ္စ လာကြည့်နေတာလဲ? နောက်ပြန်လှည့်မယ်!”

"ဒီအတိုင်းပဲ ထွက်သွားမှာလား? သူတို့ကို ဆက်မလိုက်တော့ဘူးလား?"

"ဒါဆို မင်းက သူတို့ကို ဖမ်းနိုင်မယ်လို့ ထင်လို့လား ဟမ့်! ပြန်သွားပြီး မိတ်လိုက်ကြမယ် နဂါးဥနှစ်ဥ ဆုံးရှုံးရင် နောက်ထပ် ပိုများတဲ့ နဂါးဥတွေ ဖန်တီးကြတာပေါ့! မဟုတ်ရင် မင်း အခြားဘာလုပ်နိုင်သေးလို့လဲ!!"

အခြားနဂါးများလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ရွှေနဂါးကြီး၏ ဦးဆောင်မှုအောက်တွင် နဂါးတောင်ကြားဆီသို့ ပျံသန်းသွားကြသည်။

...

လင်းချီဘက်မှာတော့ အတုခိုးသစ်သီး၏ အကူအညီဖြင့် ဧရာမနဂါးကြီးတွေရဲ့ လိုက်ဖမ်းမှုကနေ နှစ်ယောက်သား လွတ်မြောက်သွားခဲ့ကြသည်။ သို့သော်လည်း ပေါက်ကွဲမှု၏ သက်ရောက်မှုအောက်တွင် ပင်လယ်ရေပြင်ပေါ်သို့ ပြုတ်ကျခဲ့ပြီး သတိလစ်သွားခဲ့သည်။

သူနိုးလာတော့ နောက်တစ်နေ့ ညနေစောင်းနေပြီဖြစ်၏။ သူသည် ကမ်းခြေတစ်ခုပေါ်တွင် လဲလျောင်းနေပြီး သူ၏ ခြေသလုံးများမှာ ရေထဲတွင် စိမ်ထားနေဆဲဖြစ်သည်။

သူထထိုင်ဖို့တောင် ရုန်းကန်လိုက်ရသည်။ ပထမဦးစွာ သူ့ကိုယ်သူ ကြည့်လိုက်မိ၏။ အဝတ်အစားများမှာ စုတ်ပြဲနေပြီး သူ့ခန္ဓာကိုယ်တွင် မီးလောင်ဒဏ်ရာများ ရှိနေသည်။ ထို့နောက် လှည့်ပတ်ကြည့်လိုက်ရာ မဟူရာဘုရင်မှာ မနီးမဝေးတွင် လဲလျောင်းနေခဲ့သည်။

လင်းချီမတ်တပ်ရပ်ရန် ကြိုးစားသော်လည်း မည်သည့် ခွန်အားကိုမျှ မစုဆောင်းနိုင်ခဲ့ချေ။ ထို့အပြင် သူ့ခန္ဓာကိုယ်ပေါ်ရှိ မီးလောင်ဒဏ်ရာများမှ နာကျင်မှုကို တဖြည်းဖြည်း ခံစားလာရသည်။

သူသည် စနစ်အား လှန်ကြည့်ကာ ယခင်က ဆုအဖြစ် ပေးထားသည့် အဖျော်ယမကာကို ထုတ်ယူလိုက်သည်။

[လန်းဆန်းစေသောအချိုရည်- သောက်ပြီးပါက အပူ

ကင်းစင်စေပြီး အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ပါသည်။ သောက်သုံးသူကိုလည်း စိတ်တည်ငြိမ်အေးချမ်းစေနိုင်သည်။ ဆက်တိုက် သောက်သုံး၍ ရနိုင်သည်။]

[ ဘေးထွက်ဆိုးကျိုး - ဆီးသွားချင်စိတ်ပြင်းပြခြင်း။]

၎င်းအချိုရည်ကို ဖန်ပုလင်းထဲမှာ ထည့်ထားပြီး ပုလင်းရဲ့ အဝကို ဖော့နှင့် ဆို့ထားသည်။ အချိုရည်ပုလင်းဆိုသည်ထက် ဝိုင်နီပုလင်းနှင့်တောင် ပိုတူသည်။

လင်းချီက ဖော့ဆို့ကို အားစိုက်ထုတ်ကာ ထုတ်ယူလိုက်သည်။ အလေးချိန် တစ်တန်မျှလောက်ရှိပြီး တစ်ကျိုက်တည်းနှင့် ပုလင်းတစ်ဝက်ကျော်ကို သောက်ချလိုက်သည်။

ခဏတာငြိမ်သက်ပြီးနောက် ဖျော်ရည်မှာ ၎င်း၏အကျိုးသက်ရောက်မှုကို ပြသလာသည်။ လင်းချီသည် သူ့ရင်ဘတ် တဖြည်းဖြည်း အေးမြလာသည်ကို ခံစားလိုက်ရပြီး သူ့ဒဏ်ရာမှာ မနာကျင်တော့ပေ။ သူ့ခန္ဓာကိုယ်ကို အနည်းငယ်လှုပ်ရှားလိုက်

ပြီး နောက်ဆုံးတွင် မတ်တပ်ရပ်နိုင်ခဲ့သည်။

လင်းချီသည် မဟူရာဘုရင်ဘက်သို့ ဒယိမ်းဒယိုင်သွားလိုက်ပြီးနောက် သူနှလုံးခုန်သံကို စမ်းသပ်ကြည့်လိုက်သည်။ ထို့နောက် သူ ခွေးနက်ကြီး၏ ခေါင်းကို ပုတ်ကြည့်လိုက်၏။

တုံ့ပြန်မှု တစ်ခုတစ်လေတောင် မရှိချေ။

သူအမှောင်ဘုရင်ရဲ့ ခေါင်းကို မြှောက်လိုက်ကာ သူ့ခြေထောက်ပေါ် တင်လိုက်သည်။ ထို့နောက် ခွေးနက်ကြီး၏ပါးစပ်ကို ဖွင့်ပြီး ကျန်ဖျော်ရည်များကို အကုန်လောင်းထည့်ပစ်လိုက်သည်။

အချိုရည်၏ အာနိသင်ကြောင့်လား သီးသွားတာကြောင့်ပဲလား မသိသော်လည်း မဟူရာဘုရင်က ထိုအချိုရည်ကို ပါးစပ်ထဲမှ ထွေးထုတ်လိုက်သည်။ လင်းချီ အချိန်မှီ မရှောင်နိုင်လိုက်ဘဲ သူ့မျက်နှာပေါ် ဖျန်းမိသကဲ့သို့ ဖြစ်သွားသည်။

အဟွတ် အဟွတ် အဟွတ်!

မဟူရာဘုရင် မတ်တပ်ရပ်ရန် ရုန်းကန်လိုက်ရပြီး ချောင်း ပြင်းပြင်းထန်ထန်ဆိုးနေတော့သည်။

လင်းချီရဲ့လက်ထဲက ပုလင်းကို ကြည့်လိုက်ပြီး သူ့ကို ရိုက်ပစ်ချင်သည့်အလား ရှေ့လက်ဖဝါးကို မြှောက်လိုက်သည်။

လင်းချီ ရှောင်တိမ်းကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ မဟူရာခွေးဘုရင်လည်း ပင်ပန်းနွမ်းနယ်မှုကြောင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။

လူနှင့်ခွေးတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ကျယ်လောင်စွာရယ်မောလိုက်ကြသည်။

ဒီလို ကြီးမားတဲ့ ကပ်ဘေးကြီးမှ လွတ်မြောက်ဖို့အတွက် သူတို့မှာ ကံကောင်းခြင်းတွေ အများကြီး ရှိခဲ့ပုံပေါ်သည်။

လင်းချီသည် သူပြင်ဆင်ထားသည့် စနစ်ထဲမှ ဆာလောင်မှုငြိမ်း လတ်ဆတ်သော မှိုဟင်းချိုကို ထုတ်ယူလိုက်သည်။ သူသည် ပါးစပ်အပြည့်နှစ်ငုံသောက်လိုက်ပြီး ကျန်တာကို မဟူရာဘုရင်ထံ

ပေးလိုက်သည်။

အရသာရှိသော ဟင်းရည်ပျစ်ပျစ်လေး သောက်ပြီးသွားတော့ နည်းနည်းသက်သာလာကြပြီး အချင်းချင်းကူညီကာ မတ်တပ်ထရပ်လိုက်ကြသည်။

"ငါတို့ဘယ်ရောက်နေလဲသိလား" လင်းချီတွင် သဲလွန်စမရှိပေ။

“မကောင်းဘူး၊ မကောင်းတော့ဘူး၊ မကောင်းတော့ဘူး…”

“လူစကားပြော … ခွေးစကားပြော… ကျုပ်နားလည်နိုင်တဲ့အရာကို ပြောစမ်းပါ”

"အိုး၊ ငါလည်းမသိလို့လေ"

“…”

သူတို့ ဘယ်လောက်ပဲ ဆိုးဆိုးရွားရွား ဒဏ်ရာရနေပါစေ ဒီမသေနိုင်တဲ့ခွေးက သူ၏ တုတ်တောင်းသည့် စကားများပြောတတ်သည့် သဘာဝကို

ပြောင်းလဲမည်မဟုတ်ချေ။

သူတို့နောက်တွင် အဆုံးမရှိသော သမုဒ္ဒရာတစ်ခုဖြစ်ပြီး သူတို့၏ခြေဖဝါးအောက်ရှိ ကမ်းခြေသည်လည်း အဆုံးမရှိပေ။

လင်းချီသည် ကမ်းခြေတွင် ပင်လယ်ငှက်များနှင့် ကဏန်းများစွာကို မြင်သည်။ ကမ်းခြေတစ်လျှောက်တွင် သီးပင်စားပင်များကို မြင်တွေ့ရပြီး မက်မွန်ပင်များစွာကိုလည်း ယောင်ယောင်ဝါးဝါးမြင်နိုင်သည်။

"စကားမစပ်၊ ငါ ဘယ်လိုလုပ် သတိလစ်သွားတာလဲ? အဲ့ဒါပြီးတော့ ဘာဆက်ဖြစ်သွားလဲ” လင်းချီမှာ သိလိုစိတ်ပြင်းပြစွာ မေးလိုက်၏။

“မင်း အရှိန်နဲ့ ပင်လယ်ထဲကို ပြုတ်ကျသွားတယ် ငါလည်း မင်းသတိလစ်သွားတာ တွေ့တော့ မင်းပစ်လိုက်တဲ့ဟာကြောင့် အဲဒီ့တုံးအအ နဂါးတွေ မွှန်ပြီး ချောင်းဆိုးနေကြတဲ့အချိန် ငါလည်း အခွင့်အရေးယူပြီး မင်းခြေထောက်ကို ကိုက်၊ ပင်လယ်နက်ထဲကို ခုန်ချကူးခတ်ခဲ့ရတယ်ဆိုပါတော့"

"ပြီးတော့ အဲ့ဒီမိုက်မဲတဲ့ နဂါးတွေက အရူးလိုပဲ ပင်လယ်ထဲကို မီးလုံးတွေ ပစ်ပေါက်လာကြတယ်လေ ပင်လယ်အောက်ခြေကနေကို အပူလှိုင်းတွေကိုတောင် ခံစားလို့ ရနေတာ အဲ့မှာ ငါလည်း သတိလစ်သွားတယ် ငါနိုးလာတော့ မင်းကိုတွေ့တယ်၊ အဲဒါပဲ"

“အိုး ကျေးဇူးတင်ပါတယ်” လင်းချီလည်း မဟူရာဘုရင်ကို ရိုးသားစွာ ကျေးဇူးတင်လိုက်သည်။

လင်းချီသည် သူ့ကိုယ်သူ တော်ရုံတန်ရုံ လူကောင်းတစ်ယောက်မဟုတ်ဟု အမြဲထင်မြင်ခဲ့သော်လည်း လူတစ်ဦးတစ်ယောက်၌ ကိုယ်ပိုင်အသိစိတ်တစ်ခုတော့ ရှိသင့်သည်ဟု အမြဲယုံကြည်ခဲ့သည်။

"ရပါတယ် မင်းငါ့ကို နောက်ဆို ယဉ်ယဉ်ကျေးကျေးဆက်ဆံပေါ့" မဟူရာဘုရင်သည် ပြောမပြနိုင်သော ယုံကြည်ချက်မြင့်မားမှုကြီးဖြင့် ၎င်း၏လက်ကို ဝှေ့ယမ်းလိုက်သည်။

“…”

လင်းချီ တစ်ခုခုပြောတော့မည်ဖြစ်သော်လည်း ရုတ်တရက် အေးခဲသွားခဲ့သည်။ ထို့နောက် ကမ်းခြေ

သို့ အလျင်အမြန်ပြေးပြီး ဘောင်းဘီကို ချွတ်ကာ ပင်လယ်ထဲသို့ ဆီးသွားတော့သည်။

ထိုအဖြစ်အပျက်ကို မဟူရာဘုရင် မျက်မြင်တွေ့ခဲ့ရပြီးနောက် ဆွံ့အသွားခဲ့သည်။

အမှောင်ဘုရင် ယခုလေးတင် ထွေးထုတ်ထားသော ဖျော်ရည်ဖြစ်သည့် လန်းဆန်းစေသောအချိုရည်၏ ဘေးထွက်ဆိုးကျိုးပင်ဖြစ်၏။

ဖြေလျော့ပြီးနောက် လင်းချီမှာ သူ့အဝတ်အစားများ စိုစွတ်နေမှန်း သိလိုက်ရသည်။

ကောင်းကင်ကို မော့ကြည့်လိုက်ရာ နေဝင်ခါနီးအချိန်ရောက်နေပြီဖြစ်တာကြောင့် ဖြစ်လာမှတော့ ရင်ဆိုင်လိုက်ရန်သာ ဆုံးဖြတ်လိုက်သည်။

သူနှင့် ခွေးနက်ကြီးတို့ တောစပ်တွင် ထင်းခြောက်အချို့ကို ကောက်ယူပြီး နေရာလွတ်တစ်ခုကို ရှာဖွေလိုက်ကြသည်။

အဘယ်ကြောင့်ဆိုသော် ထိုနေရာအား လူရောခွေးပါ

မသိကြသည်ဖြစ်ရာ အခြေအနေမကောင်းသောကြောင့်ဖြစ်၏။

လင်းချီလည်း သစ်သားခြောက်တစ်ချောင်းကို ကောက်ယူလိုက်ပြီး အိတ်ကပ်ထဲသို့ စမ်းကြည့်ပြီးနောက် အမှောင်ဘုရင်ကို ကြည့်လိုက်သည်။

"... မင်းဘာကြည့်နေတာလဲ"

“…ကျုပ်မီးညှိမလို့”

လင်းချီမှာ "ကျုပ် ခင်ဗျားကို ကြည့်နေတာ"ဟု ပြောမိဆဲဆဲပင်ဖြစ်သွား၏။

မဟူရာဘုရင်သည် မီးပွားသေးသေးလေးကို တွန့်ဆုတ်စွာ ထွေးထုတ်လိုက်ပြီးနောက် သစ်သားခြောက်သည် ချက်ချင်း တောက်လောင်လာခဲ့သည်။ ထို့နောက် သစ်ကိုင်းခြောက်ပေါ်တွင် ရိုးရှင်းသော သစ်သားစင်လေးတစ်ခု ဆင်လိုက်ကာ ရေချိုအိုးငယ်တစ်လုံးကို တင်လိုက်သည်။

ခဏစောင့်ပြီးနောက် ရေပွက်လာပြီး

မျက်နှာသုတ်ပုဝါတစ်ထည်ကိုထုတ်ကာ ရေနဲ့စိမ်လိုက်သည်။ သူ့ကိုယ်သူ ဆေးကြောသန့်စင်ပြီးနောက် ကျန်သောရေဖြင့် ဆံပင်ကို ဆေးကြောသည်။

ထို့နောက် လင်းချီသည် သန့်ရှင်းသောအ၀တ်များကို စနစ်မှထုတ်ကာ ဝတ်လိုက်သည်။ လန်းဆန်းသွားသလို ခံစားရ၏။

အရင်က ပင်ပန်းနွမ်းနယ်မှုတွေ အားလုံးပင် ပြေပျောက်သွားခဲ့သည်။

သူ့ဘေးရှိ မဟူရာဘုရင်က အထင်သေးဟန် ရှုံ့ချပြောလာသည်။ "အပေါ်ယံတွေ!"

သူ့အမွှေးတွေကို အခြောက်ခံရန် မီးတောက်၏ နွေးထွေးမှုကို အသုံးချလိုစိတ်ဖြင့် ငြိမ်သက်စွာ မြေကြီးပေါ်တွင် လှဲလိုက်သည်။

နေရောင်ခြည်၏ နွေးထွေးသော အလင်းရောင်အောက်တွင် ထိုမြင်ကွင်းသည် ရှင်းမပြနိုင်လောက်အောင် သက်တောင့်သက်သာရှိလှသည်။

ဒီခွေးဟာ မီးမှုတ်နိုင်ပြီး နဂါးဥတွေစားရတာကို နှစ်သက်တာဘာညာ လျစ်လျူရှုထားမယ်ဆိုရင် လူတွေ သူတို့ချစ်ရတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ အားလပ်ရက်မှာ အချိန်အတူကုန်ဆုံးကြရသလို အတော်လေး သက်တောင့်သက်သာဖြစ်စေတာပဲ။

••••••

All Chapters