← Chapters

(မြင့်မြတ်ရောင်စဉ်ငါး)

Vol. 8 Ch. 76

(မြင့်မြတ်ရောင်စဉ်ငါး)

Vol. 8 Ch. 76

သူတို့ သစ်ဖောင်ပေါ်တက်ကာ ထွက်ခွာသွားသည့် အခိုက်အတန့်၌ ကျွန်းပေါ်ရှိ လှိုဏ်ဂူထဲတွင် ကြီးမားသောမျက်လုံးတစ်စုံသည် ဖြည်းညှင်းစွာ ပွင့်လာသည်ကို သူတို့ မမြင်ခဲ့ကြပေ။

အဆုံးမရှိသောပင်လယ်ပြင်တစ်ခု၊ ရိုးရှင်းသောသစ်ဖောင်တစ်ဖောင်၊ လူတစ်ယောက်နှင့် ခွေးတစ်ကောင်ရှိခဲ့သည်။

သူတို့သည် မက်မွန်ပွင့်ကျွန်းမှထွက်ခွာခဲ့ကြသည်မှာ ၃ရက်ရှိခဲ့ပြီဖြစ်၏။ နေ့တိုင်း စားလိုက်အိပ်လိုက်ဖြင့် အချိန်ကုန်ဆုံးခဲ့ကြသည်။ အစပထမက အလွန်ဇိမ်ကျနေခဲ့ကြသော်လည်း နေ့တိုင်း ထိုကဲ့သို့ဖြတ်သန်းနေရသောကြောင့် လင်းချီမှာ သေလောက်အောင် ပျင်းရိငြီးငွေ့လာခဲ့သည်။

သာယာလှပသောရှုခင်းမရှိ၊ အဆုံးမရှိသော ပင်လယ်ပြင်နှင့် ကောင်းကင်ထက်က ခြစ်ခြစ်တောက်ပူသော နေလုံးတို့သာ ရှိသောကြောင့် အချိန်ကုန်လွန်သွားစေရန် ဘာမှလုပ်စရာမရှိခဲ့ပေ။

မဟူရာဘုရင်ကတော့ အဆင်ပြေနေဆဲဖြစ်၏။ သူ

အသက်ရှင်နေထိုင်လာခဲ့သော နှစ်ပေါင်းတစ်သိန်း၏ တစ်ဝက်ကျော်လောက်မှာ ထိုကဲ့သို့သာ ဖြတ်သန်းလာခဲ့ခြင်းဖြစ်သည်။

ထိုအချိန်ကဆို ခွေးနက်ကြီးမှာ ညဘက်လည်း အိပ်၊ နေ့ဘက်လည်း အိပ်နှင့် ဗိုက်ဆာသည့်အချိန်တွင်သာ ထစားတတ်သည်ဟု ဆို၏။

လင်းချီသည် အစ၌ ၎င်းကို မည်သည့်အခါကမှ မယုံကြည်ခဲ့ပေမဲ့ အခုတော့ သူ တဖြည်းဖြည်းနဲ့ လက်ခံလာခဲ့သည်။

အဓိကကတော့ သူထုံသွားသောကြောင့်ဖြစ်သည်။

ထို့အပြင် နေလုံးကို ကြည့်၍သာ သူတို့၏ ဦးတည်ချက် လားရာကို ဆုံးဖြတ်နိုင်သောကြောင့် ညဘက်တွင်သာ အိပ်ခဲ့ရသည်။ သူတို့ ပုံမှန်အားဖြင့် ရေစီးကြောင်းအတိုင်းသာ မျောပါသွားလေ့ရှိပြီး နောက်နေ့ရောက်မှသာ သူတို့၏ ဦးတည်ချက်လားရာကို ပြန်လည်ပြုပြင်ခဲ့ရသည်။

လင်းချီက သူ၏အစီအစဥ်နှင့်ပတ်သက်ပြီး သံသယများ ရှိနေနှင့်ခဲ့ပြီးဖြစ်သည်။ အစားအစာနဲ့ သောက်

စရာအတွက် စိုးရိမ်ပူပန်စရာမလိုအပ်တာကြောင့်မှ မဟုတ်ရင် ဟိုးအရင်ကတည်းက သူတို့ ပြိုလဲသွားလိမ့်မည်။

အဲ့သည်လိုနှင့် နောက်ထပ်၃ရက်ကုန်ဆုံးသွားခဲ့ပြန်သည်။ ထိုည၌ သူတို့နှစ်ယောက်သည် သစ်ဖောင်ပေါ်တွင် လဲလျောင်းကာ ကြယ်များကို ပျင်းရိငြီးငွေ့စွာ ကြည့်နေကြသည်။ ကြည့်နေရင်းနှင့် သူတို့ အိပ်ပျော်သွားခဲ့ကြ၏။ ရုတ်တရက် လင်းချီသည် သူ့မျက်လုံးရှေ့တွင် ပြိုးပြိုးပြက်ပြက်အလင်းတန်းများ ရှိနေသည်ကို ခံစားလိုက်ရသည်။

သူ့မျက်လုံးများကို ပွတ်သပ်လိုက်ပြီး အနီးအနား၀န်းကျင်ကို သူ လှည့်ပတ်ကြည့်လိုက်သည်။ ရုတ်တရက် အမှောင်ပင်လယ်ပြင်ကြီးသည် အလွန်တောက်ပရွှန်းလက်သော မီးစုန်းများထုတ်လွှတ်နေသည်ကို သူတွေ့လိုက်ရ၏။

လင်းချီသည် ခွေးနက်ကြီးအား အမြန်နိုးလိုက်ပြီး ဘာဖြစ်နေသလဲဆိုတာကိုသိလားဟု ၎င်းအား မေးမြန်းလိုက်သည်။

မဟူရာခွေးဘုရင်သည် ထိုအရာကို သေသေချာချာ ကြည့်ရှုပြီးနောက် ရုတ်တရက် စတင်ပြီးတော့ ရယ်မောတော့သည်။

"ငါတို့ချမ်းသာပြီကွ! ပာားပာားပာား!"

လင်းချီမှာ စိတ်ရှုပ်ထွေးသွားခဲ့ပြီး မဟူရာဘုရင်အား မေးလိုက်သည်။ " ဘာဖြစ်တာလဲ မင်းပြောတဲ့ ငါတို့ ချမ်းသာပြီဆိုတာက ဘာကိုဆိုလိုတာလဲ"

မဟူရာဘုရင်က လင်းချီအား ရှင်းပြခဲ့သည်။ "ဒီအလင်းမျိုးက မြင့်မြတ်ရောင်စဥ်ငါးလို့ခေါ်တဲ့ မိစ္ဆာသားရဲတစ်မျိုးက ထုတ်လွှတ်တာ။ သူက ကြယ်ခြောက်ပွင့် မိစ္ဆာသားရဲတစ်ကောင်ဆိုပေမဲ့ ဘာတိုက်ခိုက်နိုင်စွမ်းမှမရှိဘူး။ မင်း အခုမြင်နေတဲ့ အလင်းတန်းကို မြင့်မြတ်ရောင်စဥ်အလင်းတန်းလို့ ခေါ်ပြီး အဲ့တာက ထိခိုက်ဒဏ်ရာတွေကို ကုသပေးနိုင်တယ်။"

"ဒါကြောင့် ဘယ်လိုမျိုးနွယ်စုပဲဖြစ်ဖြစ် မြင့်မြတ်ရောင်စဥ်ငါးတွေ မွေးမြူထားရတာကို နှစ်သက်ကြတယ် ယေဘုယျအားဖြင့် ပြောရရင် သေအံ့ဆဲဆဲ

ဒဏ်ရာမျိုး မဟုတ်သရွေ့ မြင့်မြတ်ရောင်စဥ်အလင်းတန်းနဲ့ ကုသတာနဲ့ ပျောက်ကင်းစေနိုင်တယ်”

လင်းချီသည် ထိခိုက်ဒဏ်ရာများကို ကုသပေးနိုင်သော မိစ္ဆာသားရဲတစ်ကောင်အကြောင်း ပထမဆုံးအကြိမ် ကြားလိုက်ရခြင်းဖြစ်ပြီး ၎င်းမှာ အလွန်မှော်ဆန်သည်ဟု ခံစားမိသည်။

မဟူရာဘုရင်ကဆက်လက်ပြီး "အရေးကြီးဆုံးအရာက မြင့်မြတ်ရောင်စဥ်ငါးတွေကိုစားသုံးတာက မင်းရဲ့ဘဝသက်တမ်းကိုရှည်စေတာကြောင့် အထူးသဖြင့် မင်းတို့လူသားတွေကြားမှာ သူတို့တွေက အရမ်းကိုခေတ်စားတယ်။ လူသားတွေရဲ့ဘ၀သက်တမ်းက ပုံမှန်အားဖြင့် တိုတောင်းပြီး ခန္ဓာကိုယ်ကလည်း အားနည်းတာကြောင့် တစ်ကောင်ကို တန်ဖိုးကြီးကြီးနဲ့ ရောင်းလို့ရတယ်

"မင်းတို့ အသေအကြေကြိုးစားနေကြတဲ့ ဟိုစမ်းသပ်မှုဆိုတဲ့ဟာရှိတယ်မလား? ဒီက မြင့်မြတ်ရောင်စဥ်ငါး နည်းနည်းလောက်ဖမ်းလိုက်ရုံနဲ့ ဘယ်စမ်းသပ်မှုကိုမဆို မင်း ကျော်လွှားနိုင်တယ်!”

ထိုစကားတွေကိုကြားပြီးနောက်ပိုင်း လင်းချီသည် ပိုပြီးတော့တောင်မှ စိတ်လှုပ်ရှားလာခဲ့သည်။

သူ ချက်ချင်း အဝတ်အစားများကို အမြန်ချွတ်ကာ ပင်လယ်ပြင်ထဲသို့ ခုန်ဆင်းသွားပြီးနောက် သူ့နောက်မှ မဟူရာဘုရင် လိုက်လာခဲ့သည်။

လူနှင့်ခွေး တစ်တွဲသည် ပင်လယ်ပြင်ထဲတွင် မြင့်မြတ်ရောင်စဥ်ငါးကို တက်တက်ကြွကြွ ဖမ်းကြပြီးနောက် ဝါးဖောင်ပေါ်သို့ တစ်ကောင်ပြီးတစ်ကောင် ပစ်တင်လိုက်သည်။

သူတို့ အကောင် ၂၀ မှ ၃၀ အထိ ဖမ်းမိသောအခါတွင် အခြားသော မြင့်မြတ်ရောင်စဥ်ငါးများသည်လည်း သူတို့အန္တရာယ်ကြုံနေရပြီဖြစ်ကြောင်း နောက်ဆုံးတွင် သတိပြုမိ သွားခဲ့ကြသည်။ ထို့ကြောင့် ငါးအုပ်ကြီးမှာ ဟိုတစ်စုသည်တစ်စုနှင့် အ၀ေးသို့ အမြန်ကူးခတ်သွားခဲ့ကြသည်။

ငါးများ ကူးခတ်သွားသည်ကို မြင်လိုက်ရပြီးနောက် လင်းချီနှင့် မဟူရာဘုရင်တို့လည်း ငါးများနောက်ကို မလိုက်ခဲ့ကြတော့ပေ။

အဲ့ဒီအစား သူတို့ သစ်ဖောင်ဆီကို ပြန်ကူးခတ်လာခဲ့ကြသည်။ ထို့နောက် ခွေးနက်ကြီးက မြင့်မြတ်ရောင်စဥ်ငါးတစ်ကောင်ကို ကောက်ယူပြီး မျိုချလိုက်သည်။

ဒါကိုမြင်တော့ လင်းချီက အခြားမြင့်မြတ်ရောင်စဥ်ငါးများကို စနစ်ထဲသို့ ကမန်းကတန်းထည့်လိုက်တော့၏။

မဟူရာခွေးဘုရင်က မကျေနပ်ခဲ့ပေ။ " ဒါတွေအားလုံးကို မင်းအတွက် သိမ်းထားမှာလား? ငါ့ကိုတစ်ဝက်ပေးစမ်းပါ!"

လင်းချီက ခွေးနက်ကြီးအကြောင်းကို နောကျေနေပြီးဖြစ်၏။ "ဒီနေ့ ခင်ဗျားကိုတစ်ဝက်ပေးရင် အဲ့ဒါတွေအကုန်လုံးကို ချက်ချင်းစားပစ်လိမ့်မယ် ပြီးတော့ မနက်ဖြန်ကျ ကျုပ်ဆီကနေ ထပ်တောင်းအုံးမှာ"

"ဒီလောက်အဖိုးတန်တဲ့ ငါးတွေကို မှော်ကုန်းမြေတိုက်ကြီးရဲ့ အဆင့်မြင့်အရာရှိတွေထံ ရောင်းလိုက်

မယ်။ ခင်ဗျားစားချင်တာမှန်သမျှလည်း ကျုပ်လုပ်ပေးလို့ရနေတာပဲ။ ဘာလုပ်ဖို့ ငါးခြောက်စားနေတော့မှာလဲ”

မဟူရာဘုရင်က လင်းချီရဲ့စကားများကို တွေးတောလိုက်ပြီး မှန်ကန်သည်ဟု ခံစားလိုက်ရ၏။

ခွေးနက်ကြီးက သူ့စကားကို နားထောင်နေသည်အား မြင်သောအခါ လင်းချီက မြင့်မြတ်ရောင်စဥ်ငါး တစ်ကောင်ကို စနစ်ထဲကနေ ထုတ်ယူလိုက်ပြီး ဂရုတစိုက် စစ်ဆေးလိုက်သည်။

၎င်းငါးသည် အရွယ်အစားအားဖြင့် အခြားသော သာမန်ငါးများနှင့် ကွဲပြားမှုမရှိပေ။

သို့သော် မြင့်မြတ်ရောင်စဥ်ငါးသည် ဖောက်ထွင်း မြင်နိုင်စွမ်းရှိလောက်အောင် ကြည်လင်မှုရှိသည်။ လင်းချီသည် ၎င်း၏အရေပြားအောက်ရှိ သွေးကြောများကိုပင် မြင်နိုင်ပြီး မျက်နှာပြင်ပေါ်ရှိ အကြေးခွံများသည် ထူးခြားသောအထိအတွေ့ရှိနေသည်။ ၎င်းသည် မြင့်မြတ်ရောင်စဥ်ငါးများကို အလွန်တောက်ပရွှန်းလက်သော မီးစုန်းဓာတ်ကို ထုတ်လွှတ်နိုင်အောင် ဆောင်ရွက်ပေးသော အလွှာဖြစ်ပုံရသည်။

လင်းချီသည် မြင့်မြတ်ရောင်စဥ်အလင်းတန်းကို အချိန်တစ်ခုကြာ ခံယူပြီးနောက် သူ့ခန္ဓာကိုယ်တစ်လျှောက် နွေးထွေးမှုကိုခံစားလိုက်ရပြီး ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်သွားစေခဲ့သည်။

လင်းချီသည် မြင့်မြတ်ရောင်စဥ်အလင်းတန်းထဲတွင် နစ်မျောနေစဉ် ကြီးမားသောအမှောင်ရိပ်တစ်ခုသည် သစ်ဖောင်အောက်မှဖြတ်သွားခဲ့သည်။

မဟူရာဘုရင်က ရုတ်တရက် ခေါင်းမော့ပြီး အနီးအနား၀န်းကျင်ကို လှည့်ပတ်ကြည့်လိုက်၏။ တစ်ခုခု မှားယွင်းနေသည်ဟု သယခံစားလိုက်ရသည်။

ရုတ်တရက် ရင်တုန်သွားသော ခံစားချက်တစ်ခု ဝင်ရောက်သည်။

အစပထမ၌ ထင်ယောင်ထင်မှားလို့ ထင်မိပေမယ့် ရင်တုန်သောခံစားချက်သည် သူ့နှလုံးသားထဲ၌ စွဲကျန်နေခဲ့သည်။

မဟူရာဘုရင်သည် သစ်ဖောင်အစွန်းသို့ သွားကာ သူ၏ခေါင်းကို ဂရုတစိုက် ငုံ့လိုက်သည်။ ရုတ်တရက် ပင်လယ်ပြင်အောက်ခြေမှ ကြီးမားသော နဂါးခေါင်းကြီးတစ်ခု တစ်ဟုန်ထိုးတက်လာသည်ကို တွေ့လိုက်ရသည်။

ရေလှိုင်းလုံးကြီးသည် သစ်ဖောင်ကို မှောက်သွားလု မတတ်ဖြစ်သွားခဲ့သည်။ လင်းချီနှင့်မဟူရာဘုရင်တို့သည် သူတို့ကိုယ်သူတို့ တည်ငြိမ်စေရန် ၀ါးဖောင်ပေါ်တွင် ခိုင်မြဲစွာ ဆုပ်ကိုင်ထားကြသည်။

ထိုအရာကား ရေနဂါးတစ်ကောင်ပင်။

ရေနဂါးသည် ဧရာမနဂါးတစ်ကောင်မဟုတ်သော်လည်း ၎င်း၏ခန္ဓာတွင် နဂါးတို့၏သွေးမျိုးဆက် တစ်စိတ်တစ်ပိုင်းပါရှိသည်။ နဂါးမျိုးနွယ်၏ မျိုးပွားမှုစွမ်းရည်မှာ အလွန်ညံ့ဖျင်းသော်ငြားလည်း ၎င်းတို့သည် သဘာဝအားဖြင့် ရာဂစိတ်ပြင်းထန်ပြီး အကောင်ပေါက်များကို မွေးဖွားရန် အခြားမျိုးနွယ်များနှင့် မိတ်လိုက်နိုင်သည်။

ရေနဂါးဆိုသည်မှာ ဧရာမနဂါးကြီးတစ်ကောင်နှင့်

နတ်ဆိုးငါးတစ်ကောင်တို့ မိတ်လိုက်ရာမှ ပေါက်ဖွားလာခဲ့ခြင်းဖြစ်သည်။

ပထမအကြည့်တစ်ချက်တွင်၊ ၎င်းသည် အတောင်ပံများနှင့် ခြေလက်အင်္ဂါများမရှိခြင်းမှလွဲ၍ ဧရာမနဂါးကြီးတစ်ကောင်နှင့် ဆင်တူသည်။ သို့သော် အမြီးသည် အတော်ပင်ထူကာ သန်မာသည်။

ထိုအမြီးဖြင့် ရေနဂါးများမှာ ရေအောက်တွင် အလွန်လျင်မြန်စွာ ရွေ့လျားသွားလာနိုင်သည်။

အတောင်ပံများမရှိသောကြောင့် ရေနဂါးမှာ အမြင့်ဆုံးနေရာသို့ရောက်ပြီးနောက် ၎င်း၏ အလေးချိန်ကိုဆွဲချရန် ကမ္ဘာမြေဆွဲငင်အားကိုအသုံးပြုကာ ပင်လယ်ရေမျက်နှာပြင်ကိုဖြတ်၍ ရေထဲသို့ထိုးဆင်းသွားခဲ့သည်။ ဗွမ်းကနဲ စင်လာသော ရေများက လင်းချီနှင့် မဟူရာဘုရင်ကို စိုစွတ်စေခဲ့သည်။

ထို့နောက် ပင်လယ်ပြင်ထဲတွင် ၎င်း၏ကိုယ်ထည်ကို တစ်ဝက်ခန့်စိမ်ထားသော ရေနဂါးကြီးသည် လင်းချီနှင့် မဟူရာဘုရင်ကို စူးစိုက်ကြည့်နေသည်။

"ဆန်ကုန်မြေလေးကောင်တွေ ငါ့ရဲ့ မြင့်မြတ်ရောင်စဥ် ငါးတွေကို ဘယ်လိုခိုးရဲရတာလဲ။ အတင့်ရဲလိုက်တာ!"

လင်းချီက သူ့လက်ကို အလျင်အမြန် ဝှေ့ယမ်းလိုက်သည်။ "မြင့်မြတ်ရောင်စဥ်ငါးက ဘာလဲဆိုတာ ကျုပ်တို့မသိဘူး။ ကျုပ်တို့က..."

ဖျတ်!

လင်းချီသည် သူ့ရှေ့ရှိ မြင့်မြတ်ရောင်စဥ်ငါး၏ ပါးရိုက်ခြင်းကို ခံလိုက်ရသည်။

အရာအားလုံးမှာ ရုတ်တရက်ကြီး ဖြစ်ပျက် သွားခဲ့သောကြောင့် လင်းချီသည် မြင့်မြတ်ရောင်စဥ်ငါးကို သိုလှောင်နေရာလွတ်ထဲ ပြန်ထည့်ရန် မေ့သွားခဲ့၏။

လူတွေကို တိုက်ခိုက်သောအခါ သူတို့၏မျက်နှာကို မထိသင့်ပါ။ နောက်ပြီးတော့ မင်းက သူတို့ကိုဆူပူငြိမ်းမောင်းနေစဉ်အတွင်း မင်း၏အားနည်းချက်များကို ထုတ်ဖော်မပြသင့်ပါ။

လင်းချီသည် ဒေါသထွက်သွားတော့သည်။ သူသည် မြင့်မြတ်ရောင်စဥ်ငါးကို ဖမ်းကိုင်လိုက်ပြီး ၎င်း၏ဦးခေါင်းကို နှစ်ကြိမ်ရိုက်ကာ မဟူရာဘုရင်၏ ပါးစပ်ထဲသို့ ပစ်သွင်းလိုက်သည်။

ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ ရေနဂါးကြီးမှာ ပို၍ပင် ဒေါသဖြစ်သွားခဲ့သည်။

၄င်းသည် လေကုန် အချိန်ကုန်ခံ၍ နောက်ထပ် မည်သည့်စကားမျှ မပြောတော့ပေ။ ပင်လယ်ပြင်ထဲသို့ ထိုးဆင်းသွားပြီး သစ်ဖောင်၏ အောက်ခြေသို့ အရှိန်ပြင်းစွာ ၀င်တိုက်ပါတော့သည်။

ထိုအချိန်တွင် သစ်ဖောင်သည် လေထဲသို့ လွှင့်ပျံသွား၏။ လင်းချီနှင့် ခွေးနက်ကြီးတို့သည် မလွှင့်ထွက်သွားစေရန် သစ်ဖောင်ပေါ်တွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားကြသည်။

ကံကောင်းထောက်မစွာ သစ်သားသည် အတော်လေး ခိုင်ခံ့ပေသည်။ သို့မှမဟုတ်လျှင် ဖောင်ကို အစိတ်စိတ်အမြွာမြွာဖြစ်စေနိုင်လိမ့်မည်။

သူတို့သည် ရေနဂါး၏အိမ်ကွင်းဖြစ်သောပင်လယ်ပြင်၌ ရှိနေကြခြင်းမဟုတ်လော။

မဟူရာခွေးဘုရင်ပင်လျှင် ပင်လယ်ပြင်ထဲ၌ ရေနဂါးကို အနိုင်မယူနိုင်ကြောင်း ဝန်ခံရပေမည်။

မဟူရာဘုရင်သည် ၎င်း၏အမြီးကို ရေထဲသို့ အလျင်အမြန်ဆန့်ထုတ်ကာ ပန်ကာကဲ့သို့ လျင်မြန်စွာ လှည့်လိုက်သည်။

သစ်ဖောင်သည် မဟူရာဘုရင်၏ မောင်းနှင်မှု အောက်တွင် ရှေ့သို့ရွေ့လျားသွား၏။

သို့သော် အမှောင်ဘုရင်သည် ၎င်း၏အမြီးကို မည်မျှ လျင်မြန်စွာ လှည့်နေပါစေ ပင်လယ်ပြင်၏ မတန်တဆပမာဏကို သူတို့ မကျော်လွန်နိုင်ကြပေ။ မကြာမီတွင် သူတို့ကို ဖမ်းမိသွားခဲ့ကြသည်။

လင်းချီ၏ မျက်နှာသည် ဖျော့တော့သွားသည်။ သူသည် ပေါက်ကွဲစေတတ်သော အမဲသားလုံးများနှင့် နတ်ဆိုးငရုတ်ကောင်းမုန့်တို့ကို စနစ်ထဲမှ ကမန်းကတန်းထုတ်ယူလိုက်သည်။

သူသည် ငရုတ်ကောင်းမှုန့်ကို ဟိုတစ်စ သည်တစ်စ အနည်းငယ်မျှ ရေထဲသို့ ပက်ဖြန်းလိုက်သည်။ ရေနဂါးက ငရုတ်ကောင်းမှုန့်ကြောင့် အသက်မရှူနိုင်ဖြစ်သွားပြီး ပင်လယ်ပြင်ထဲက ခုန်ထွက်လာသောအခါ အသားလုံးများကို ရေနဂါးထံသို့ ပစ်ပေါက်လိုက်သည်။

၀ုန်းခနဲမြည်ဟည်းသံနှင့်အတူ ရေနဂါးကြီးသည် ပေါက်ကွဲမှုကြောင့် ရပ်တန့်သွားသည်။

မဟူရာဘုရင်လည်း အခွင့်ကောင်းကို လက်မလွှတ်တမ်းအသုံးချကာ အရှိန်ကို မြှင့်တင်လိုက်သည်။ မကြာမီ ရေနဂါးကို သူတို့နောက်တွင် ချန်ရစ်ထားနိုင်ခဲ့သည်။

လွတ်မြောက်တယ်ဆိုရုံလေး ကံကောင်းထောက်မစွာ ထွက်ပြေးလာနိုင်ခဲ့ကြသည်။

••••••

All Chapters