← Chapters

(မြူခိုးများနှင့် ထပ်မံကြုံကြိုက်ရခြင်း)

Vol. 8 Ch. 77

(မြူခိုးများနှင့် ထပ်မံကြုံကြိုက်ရခြင်း)

Vol. 8 Ch. 77

လင်းချီ၏ ယခင်ဘဝက ကာတွန်းများတွင် ခွေးများ

သို့မဟုတ် ကြောင်များသည် ၎င်းတို့၏အမြီးအား ပန်ကာများသဖွယ် မကြာခဏအသုံးပြုခဲ့ကြောင်း သတိရသော်လည်း အမှောင်ဘုရင်သည် ၎င်း၏အမြီးကို ပန်ကာအဖြစ်အသုံးပြုသည်ကို သူ မြင်သည်အထိတိုင်အောင် စိတ်ကူးယဉ်ဆန်လှသည်ဟု တွေးမိနေဆဲဖြစ်၏။

ထိုအရှိန်ကား အမြီးကို ရဟတ်ယာဉ်၏ ပန်ကာအဖြစ်တောင် အသုံးပြုနိုင်လောက်သည်ဟု လင်းချီ ခံစားမိလိုက်သည်။

အမှန်တော့ ကာတွန်းတွေက သူတို့ကို အမှန်တကယ် လိမ်ညာလှည့်စားထားတာ မဟုတ်ဘူးပဲ!

ကံကောင်းထောက်မစွာ မဟူရာဘုရင်၏ အထူးကျွမ်းကျင်မှုကြောင့် ရေနဂါး၏ ကောက်ကောက်ပါအောင်လိုက်ခြင်းမှ အောင်မြင်စွာ လွတ်မြောက်နိုင်စေခဲ့သည်။ ဘာပဲဖြစ်ဖြစ် ရေနဂါးဆိုသည်က အဆင့်ခြောက် နတ်ဆိုးသားရဲ မဟုတ်လား..

"အဲ့ဒီငတုံးနဂါးကောင် ငါတို့နောက်ကို လိုက်နေတုန်းဘဲလား" မဟူရာဘုရင်သည် အလုပ်များလွန်းသဖြင့်

ခေါင်းပြန်လှည့်ရန်ပင် အချိန်မရှိပေ။

"သူ ကျုပ်တို့နောက်ကို ဆက်မလိုက်လာတော့ဘူး။ ခင်ဗျား အခု ရပ်လိုက်လို့ရပြီ" ဟု လင်းချီက အလျင်စလိုပြောလိုက်သည်။

ထိုသို့ပြောမှသာ အမှောင်ဘုရင်က ရပ်တန့်သွားတော့သည်။

"ငါတို့ နဂါးသိုက်ကို အပေါက်ဖြစ်အောင် သွားထိုးမိလားဟေ မျိုးသန့်ဧရာမနဂါးကြီးကို မေ့ထားလိုက်ပါဦး ပင်လယ်ပြင်ပေါ်က သွေးနှောနဂါးနဲ့တောင် လာတွေ့နေရတယ်” မဟူရာဘုရင်သည် မောပန်းနွမ်းနယ်နေခဲ့ပြီဖြစ်သည်။

"တောက်! အဲ့ကောင်သာ ရေနဂါးမဟုတ်ရင် ငါမီးရှို့သတ်ပစ်ပြီးနေလောက်ပြီ!!"

'အမှန်အတိုင်းပြောရရင် ငါတို့က နဂါးအသိုက်ကို တကယ် တုတ်နဲ့သွားထိုးခဲ့တာလေ…' လင်းချီက သူ့စိတ်ထဲမှာ ညည်းညူနေခဲ့သည်။

သူတို့ ညတစ်ဝက်လောက်အချိန်အတွင်း ဦးစွာ မြင့်မြတ်ရောင်စဥ်ငါးကို ဖမ်းပြီးနောက် ရေနဂါးနှင့် ဆက်လက်တိုက်ခိုက်ခဲ့ကြရသည်။ အကြာကြီးထွက်ပြေးလာခဲ့ရတာနှင့်အမျှ လူရောခွေးပါ မောပန်းနွမ်းနယ်သွားခဲ့ကြသည်။

လင်းချီနှင့် မဟူရာဘုရင်တို့သည် တစ်ယောက်ကို တစ်ယောက် အပြန်အလှန်ကြည့်လိုက်ကြကာ ပြန်အိပ်ရန် ဆုံးဖြတ်လိုက်ကြသည်။

သို့သော် နောက်တစ်နေ့ အိပ်ရာက နိုးထလာသောအခါတွင် အဖြူရောင်မြူခိုးထုက သူတို့ကို ၀န်းရံနေခဲ့သည်။

မြင်နိုင်စွမ်းက ၁၅ပေအောက်သာရှိပြီး နေလုံး၏ တည်နေရာအတိအကျကိုပင် သူတို့မပြောနိုင်ကြပေ။ နေ့ခင်းဘက်လို့သာ သူတို့ခန့်မှန်းနိုင်ကြ၏။

လင်းချီသည် ပင်လယ်ပြင်ထဲတွင် တစ်ခါမျှ မလွင့်မျောဖူးသော်ငြားလည်း မြူခိုးထုကြီးနှင့် တွေ့ကြုံရသည်မှာ အလွန်ဆိုးရွားသည့် အရာဖြစ်ကြောင်း သူသိသည်။

သူတို့ ကုန်းမြေနှင့် နီးကပ်နေလျှင်ပင် ထိုကဲ့သို့သော မြင်နိုင်စွမ်းမျိုးနှင့် ကုန်းမြေကို ရှာဖွေတွေ့ရှိနိုင်စွမ်း မရှိနိုင်ကြပေ။

ထို့ထက် ပိုအရေးကြီးသည်မှာ သူတို့ သူတို့၏ ဦးတည်ရာကို ပြောနိုင်သော အမြင်အာရုံကို လုံးဝပျောက်ဆုံး သွားခဲ့ကြခြင်းဖြစ်သည်။

လင်းချီသည် မြင့်မြတ်ရောင်စဥ်ငါးတစ်ကောင်ကိုပင် ထုတ်ယူလိုက်သည်။ မြင့်မြတ်ရောင်စဥ်ငါးမှ အလင်းရောင်ပင်လျှင် မြူခိုးတို့ကို မထိုးဖောက်နိုင်ပေ။

သူသည် မဟူရာဘုရင်ကို ကြည့်လိုက်သည်။ "အဲ့ဒီလမ်းကြောင်းကို မီးထွန်းဖို့ကြိုးစားကြည့်ပါလား။"

ခွေးနက်ကြီးသည် ၎င်း၏ဦးခေါင်းကိုလှည့်ကာ လင်းချီ ညွှန်ပြနေသည့် လမ်းကြောင်းအတိုင်း မီးလုံးတစ်လုံးကို မှုတ်ထုတ်လိုက်သည်။ မီးတောက်မှ အလင်းရောင်သည် အနီးနားရှိ မြူခိုးများအား လွင့်ပြယ်သွားစေသော်လည်း အကျိုးသက်ရောက်မှု

မှာ အလွန်နည်းပါးလှသည်။

လင်းချီနှင့် မဟူရာဘုရင်တို့သည် ၎င်းမြူခိုးများမှာ ဖြစ်ရိုးဖြစ်စဥ်မဟုတ်သည်ကို သိရှိခံစားမိလိုက်သည်။ "စောင့်ကြည့်ကြတာပေါ့ သာမန်မြူခိုးတွေဆို မကြာခင် ပျောက်ကွယ်သွားလိမ့်မယ်”

နေ့နှင့်ညအကြား ကြီးမားသော အပူချိန်ကွာခြားမှုကြောင့် သာမန်မြူခိုးများ ဖြစ်ပေါ်လာပြီး လေထဲတွင် ရေငွေ့များ ပြည့်နှက်နေပြီး ရေစက်ငယ်များ ဖြစ်ပေါ်လာသည်။ ထိုကဲ့သို့သော ရေစက်ငယ်များ အများအပြားရှိလာသောအခါ မြူခိုး ဖြစ်ပေါ်လာသည်။

နေရောင်ခြည်သည် မြူခိုးထုကိုဖြတ်ကျော်သွားသောအခါ အလင်းရောင်၏ အရောင်အဆင်းအားလုံးသည် ၎င်းမှရောင်ပြန်ဟပ်ခြင်းခံနေရသဖြင့် မြူခိုးများသည် ဧရာမ အဖြူရောင်ထုကြီး တစ်ခုကဲ့သို့ဖြစ်နေသည်။

မြူထူလာသည်နှင့်အမျှ မြင်နိုင်စွမ်း နည်းပါးလေလေ ဖြစ်သည်။

သာမာန် မြူခိုးတို့ ပျောက်ကွယ်သွားစေရန် လုပ်နည်း နှစ်နည်း ရှိသည်။ တစ်နည်းမှာ လေတိုက်နှုန်းကို မြှင့်တင်ရန်နှင့် နောက်တစ်နည်းမှာ မြူခိုး ဖြစ်ပေါ်လာသည့် ရေစက်ငယ်များကို အငွေ့ပျံအောင်လုပ်ရန် ဖြစ်သည်။

ထို့ကြောင့် ပုံမှန်အခြေအနေများအရ မြူများ ထူထပ်လေလေ နေ့လယ်ခင်းရောက်လာတာနှင့်အမျှ ၎င်းမြူများ ပိုမိုပျောက်ကွယ်သွားလေလေဖြစ်၏။

လင်းချီသည် စောင့်ဆိုင်းနေရန် ဆုံးဖြတ်လိုက်သည်။

မြူခိုးများ ရုတ်တရက်ပေါ်လာခြင်းသည် လင်းချီနှင့် မဟူရာဘုရင်တို့၏ အစာစားချင်စိတ်ကို အကျိုးသက်ရောက်မှုရှိစေခဲ့သည်။ လင်းချီသည် တစ်လုတ်စာမျှတောင် စားမဝင်ဖြစ်ခဲ့ပြီး မဟူရာဘုရင်မှာတော့ မှိုစွပ်ပြုတ်တစ်ခွက်သာ စားဝင်ခဲ့သည်။

လင်းချီသည် နေ့တစ်ဝက်ခန့် ကုန်ဆုံးသွားသည်ဟု ခန့်မှန်းထားသော်လည်း သူတို့အနီးအနား၀န်းကျင်မှ မြူများမှာ ပျောက်ကွယ်သွားသည့် အရိပ်အယောင် မပြသလာခဲ့ပေ။

သူတို့ မနက်အစောကြီး အိပ်ရာမှ နိုးနေခဲ့သည်ဆိုလျှင်တောင်မှ အချိန်အတော်ကြာပြီးနောက်ပိုင်း မွန်းတည့်ချိန်တော့ရောက်နေသင့်နေပြီမဟုတ်လား?

လင်းချီသည် မဟူရာဘုရင်အား လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည် ။ "ဒါက ပုံမှန် မြူခိုးတွေ မဟုတ်ဘူး!"

မဟူရာဘုရင်သည် အနည်းငယ် စကားမပြောနိုင်ဖြစ်သွားခဲ့သည်။ "အရူးတစ်ယောက်တောင်မှ အဲဒါကို သိတယ်! မင်းဘာလို့ ရုတ်တရက်ကြီး အသည်းအသန် ဖြစ်လာရတာလဲ..."

လင်းချီသည် အခြေအနေမှာ မျှော်လင့်ချက် ကင်းမဲ့သွားပြီဟု ချက်ချင်းခံစားလိုက်ရသည်။

"ဒါဆို ငါတို့ ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ"

"ဟမ်၊ ငါ အဖြေရှာဖို့ စိတ်ကူးထားနှင့်ပြီးသားပါ။ ငါ့ကို စောင့်ကြည့်လိုက်။” အမှောင်ဘုရင်က ၎င်း၏ ထူထဲပြီး သန်မာတဲ့အမြီးကို မြှောက်လိုက်ပြီး ရေထဲ

ထည့်လိုက်ကာ အမြန်လှည့်လိုက်၏။

အမှောင်ဘုရင်၏ အရှိန်အောက်တွင် သစ်ဖောင်သည် ရှေ့သို့ လျင်မြန်စွာ ရွေ့လျားသွားသည်။

ခွေးနက်ကြီးက အရှိန်ကို ပိုမြှင့်တင်လိုက်ရင်း လင်းချီအား ကြွားလုံးထုတ်လိုက်သည်။ “ဒီမြူက ဘယ်ကနေ စတင်ဖြစ်ပေါ်လာတာပဲဖြစ်ဖြစ် ငါတို့က ထူးဆန်းတဲ့ နေရာထဲကို ရောက်သွားပြီလို့ ဆိုလိုတာဘဲ ငါတို့ ဒီနေရာကနေ မြန်မြန်ထွက်သွားရင် အဆင်ပြေမှာပါ”

မဟူရာဘုရင်၏ ရုတ်တရက် လေးနက်လာမှုက လင်းချီကို ကြက်သေသေသွားစေခဲ့သည်။

ကြားကြားချင်းကတော့ ထိုစကားမှာ ကြားရတာ အလွန်ကျိုးကြောင်းဆီလျော်ပုံပေါ်သည်။

သို့သော်လည်း အမှောင်ဘုရင်၏အရှိန်အဟုန်ဖြင့်ပင် သူတို့သည် မြူခိုးကို မကျော်လွန်နိုင်သေးပေ။

အမှုမဲ့အမှတ်မဲ့ သူတို့အနီးအနား၀န်းကျင်ရှိ အလင်းရောင်သည် တဖြည်းဖြည်း မှိန်သွားခဲ့သည်။

နေဝင်သွားခဲ့ပုံရသည်။

မြူခိုးထဲတွင် လင်းချီနှင့် မဟူရာဘုရင်အား အမှောင်ထုက ဝန်းရံထားသည်။ သူတို့၀န်းကျင်၌ အလင်းအားလုံးကို စုပ်ယူထားသော တွင်းနက်ကြီးတစ်ခု ရှိနေသလိုဖြစ်နေခဲ့သည်။

လင်းချီသည် စနစ်ထဲမှ မြင့်မြတ်ရောင်စဥ် ငါးတစ်ကောင်နှင့် သစ်သားချောင်းတစ်ချောင်းကို ထုတ်ယူလိုက်သည်။ သူသည် မြင့်မြတ်ရောင်စဥ်ငါးကို သစ်သားချောင်းတွင် ပူးတွဲချည်နှောင်လိုက်ပြီး မီးတုတ်တစ်ချောင်းအဖြစ် အသုံးပြုလိုက်သည်။

သို့သော် ၎င်းသည် ရေရှည်အတွက် ဖြေရှင်းချက်တစ်ခုမဟုတ်ခဲ့ပေ။ မြူခိုးမှ မရုန်းထွက်နိုင်လျှင် သူတို့ဘဝ၏ နောက်ဆုံး ထွက်သက်အထိ ပင်လယ်ပြင်၌ ကုန်ဆုံးသွားရနိုင်သည်။ အချိန်တိုအတွင်းတော့ အစားအသောက်အတွက် စိတ်ပူစရာမလိုသော်ငြားလည်း၊ စနစ်၏ အစားအစာများကို လေထဲမှ ဖန်တီးလို့မရနိုင်ပေ။

လင်းချီသည် အခမဲ့ပါဝင်ပစ္စည်းများရရှိရန် စနစ်

အဆင့်မြှင့်ခြင်းအပေါ် အမှန်တကယ် မှီခို အားကိုးနိုင်သော်လည်း ယခုအချိန်တွင် ၎င်းအဆင့်မြှင့်ရန်အတွက် လိုအပ်သော ရွှေဒင်္ဂါးပြားတစ်ဝက်မျှပင် သူ့တွင်မရှိခဲ့ပေ။

ထိုသို့သောပတ်၀န်းကျင်မျိုးတွင် မဟူရာဘုရင်သည် သူ၏တည်ငြိမ်အေးဆေးမှုကို မထိန်းသိမ်းနိုင်တော့ချေ။

ဖောင်ပေါ်တွင် စက်ဝိုင်းအတိုင်း ဟိုဟိုဒီဒီ လှည့်ပတ်နေမိသည်။

လင်းချီသည်လည်း သူ့ကိုကြည့်ပြီး စိတ်အနှောင့်အယှက် ဖြစ်လာ၏။ " မင်း လှည့်ပတ်နေတာကို ရပ်လိုက်လို့ရမလား!"

"ဒါက ငါ့ကို ပိုပြီးတော့ စိတ်သက်သာရာ ရစေတယ် ဒါနဲ့ပတ်သက်ပြီး မင်းဘာလုပ်နိုင်လို့လဲ။" မဟူရာဘုရင်လည်း စတင်ပြီး စိတ်ကသိကအောက်ဖြစ်လာတော့သည်။

"မင်း စိတ်သက်သာရာရတယ် ဟုတ်လား? နဂါးဥ

တွေခိုးယူဖို့သာ ငါ့ကို မခေါ်သွားခဲ့ဘူးဆိုရင် ငါတို့ အခု ဒီနေရာမှာ ရှိနေအုံးမှာလား?!" လင်းချီက မတ်တပ်ထရပ်လိုက်ပြီး အမှောင်ဘုရင်၏ နှာခေါင်းကို လက်ညိုးဖြင့် တငေါက်ငေါက်ထိုးရင်း အော်ပြောလိုက်သည်။

"ငါ-ိုး မင်းက လူသားတစ်ယောက်သာသာပဲလေ ငါသာ မင်းကို မကယ်တင်ခဲ့ရင် မင်း ဟိုးအချိန်တွေကတည်းက ချော်ရည်တွေကြောင့် လောင်ကျွမ်းပြီး အရိုးပြာဖြစ်သွားပြီးနေလောက်ပြီ!"

"မင်းမှာ ဒီလိုပြောဖို့ သတ္တိရှိသေးတယ်ပေါ့?! မင်းသာ ငါ့ရဲ့စွပ်ပြုတ်ကို အရင်မခိုးခဲ့ဘူးဆိုရင် ဒါက ဘယ်တော့မှ ဖြစ်မလာဘူး!"

“မင်း ...” ငြင်းခုံမှုက ပို၍ပို၍ပြင်းထန်လာသောအခါ သူတို့ ရန်ဖြစ်ကြတော့မလိုဖြစ်သွားခဲ့ကြသည်။

သစ်သားချောင်းတွင် ပူးတွဲချည်နှောင်ထားသော မြင့်မြတ်ရောင်စဥ်ငါးသည် တုန်လှုပ်သွားပြီး ပိုမိုတောက်ပရွှန်းလက်သော မီးစုန်းဓာတ်ကို ထုတ်လွှတ်လိုက်သည်။

လူနှင့် ခွေးတို့သည် တောက်ပသောအလင်းရောင်အောက်တွင် တဖြည်းဖြည်းနှင့် တစ်စတစ်စ ငြိမ်ကျသွားသည်။

များမကြာခင်တွင် သူတို့ ငြိမ်သက်သွားပြီး သူတို့၏ လုပ်ရပ်များကို စတင်နောင်တရလာကြသည်။

လေထုမှာ ချက်ချင်းပင် အနေခက်လာသည်။

လင်းချီနှင့် မဟူရ။ဘုရင်တို့ဟာ တစ်ယောက်ကို တစ်ယောက် မကြည့်ဝံ့ကြပေ။ ရှက်ရွံ့စွာဖြင့် သူတို့၏ဦးခေါင်းများအား ငုံ့ထားလိုက်ကြသည်။

ခဏအကြာတွင် လင်းချီသည် တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလိုက်သည်။ "တောင်းပန်ပါတယ် ငါ...တကယ်တော့ ခုနက ခံပြင်းပြီး ဒီစကားတွေကို ဒေါသနဲ့ ပြောခဲ့တာ။ စိတ်ထဲမထားပါနဲ့။"

“ငါလည်း ဒေါသနဲ့ ဒီစကားတွေကို ပြောလိုက်မိတာ မင်းကို အချိန်အတော်ကြာအောင် သိလိုက်ရပြီးနောက်ပိုင်း ငါ တော်တော်လေးပျော်ရွှင်ရတယ်။ မင်းရဲ့အချက်အပြုတ်က အရမ်းအရသာရှိတယ်လေ

ပာားဟား...” အမှောင်ဘုရင်က အားတောင့်အားနာနှင့် ရယ်မောလိုက်သည်။

တစ်ယောက်ကို တစ်ယောက်ကြည့်ကာ နှစ်ကြိမ်မျှ ရယ်မောမိလိုက်ကြသည်။ ထို့နောက် သူတို့သည် မြင့်မြတ်ရောင်စဥ်ငါးကို တစ်ပြိုင်နက် ကြည့်လိုက်ကြသည်။

လူနှင့်ခွေးသည် တစ်ချိန်တည်းမှာပင် နက်နက်ရှိုင်းရှိုင်း သက်ပြင်းချမိလိုက်သည်။ အဲဒီငါးက သူ့နာမည် ဂုဏ်သတင်းနဲ့သူ တကယ်ထိုက်တန်တယ်။ ကံကောင်းထောက်မစွာနဲ့ လင်းချီက ၎င်းမှ ထုတ်လွှတ်သောအလင်းရောင်ကို မီးအိမ်အဖြစ် အသုံးပြုရန် စိတ်ကူးခဲ့ပေလို့ပဲ။

မဟူရာဘုရင်သည် မြူခိုးထုကို ကြည့်ပြီးနောက် မြင့်မြတ်ရောင်စဥ်ငါးကို ကြည့်လိုက်သည်။ ၎င်းသည် ရုတ်တရက် တစ်ခုခုကို တွေးတောလိုက်ပြီး အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။ "ဒါဆို ဒဏ္ဍာရီက မှန်တာပေါ့!"

လင်းချီက “မင်း ဘာပြောလိုက်တာလဲ” ဟု သိချင်

စိတ်ပြင်းပြစွာ မေးမြန်းလိုက်သည်။

ထို့နောက် မဟူရာဘုရင်က “ဒဏ္ဍာရီအရတော့ အဆုံးမဲ့ပင်လယ်ပြင်ထဲမှာ ထူးခြားတဲ့ နတ်ဆိုးငါးတစ်ကောင်ရှိတယ်။ နတ်ဆိုးငါးတွေက ထူးခြားတဲ့ မြူခိုးတွေကို ထုတ်လွှတ်နိုင်တယ်။ ဒီမြူခိုးတွေထဲ ဝင်လာတဲ့ သက်ရှိသတ္တဝါတွေ အားလုံးဟာ သူတို့ရဲ့ ဦးတည်ရာ အမြင်အာရုံကို ဆုံးရှုံးပြီး ပင်ပန်းနွမ်းနယ်စွာနဲ့ သေတဲ့အထိ တစ်နေရာတည်းမှာပဲ လည်ပတ်နေလိမ့်မယ်။" ဟု စတင်ပြောလိုက်သည်။

"ဒီနည်းနဲ့ နတ်ဆိုးငါးတွေက သူတို့ရဲ့သားကောင်ကို သွေးထွက်သံယိုမရှိဘဲ စားသောက်နိုင်ကြတယ်။ ဒါပေမဲ့ ဒါဟာ ဒီငါးရဲ့ တိုက်ခိုက်နိုင်စွမ်းက မမြင့်မားဘူးဆိုတာကိုလည်း ပြသနေတယ်။"

"ဒါဆိုရင် ငါတို့ နတ်ဆိုးငါးကို အမြန်ရှာပြီး သတ်ပစ်ရမယ်!" လင်းချီက စိတ်အားထက်သန် တက်ကြွစွာပြောလိုက်သည်။

•••••••

All Chapters