← Chapters

(နောက်ဆုံးတော့ ကုန်းမြေကိုတွေ့ခဲ့ပြီ)

Vol. 8 Ch. 78

(နောက်ဆုံးတော့ ကုန်းမြေကိုတွေ့ခဲ့ပြီ)

Vol. 8 Ch. 78

"ငါ ဒါကိုကြားပဲ ကြားဖူးတာ တစ်ခါမှ မမြင်ဖူးဘူး။” မဟူရာဘုရင်က ခေါင်းယမ်းလိုက်သည်။

"ဒါပေမယ့် အဲဒီငါးကတော့ လုပ်နိုင်တယ်!"

လင်းချီသည် အမှောင်ဘုရင်၏ အမြင်လမ်းကြောင်း နောက်ကို လိုက်ကာ ပူးတွဲချည်နှောင်ထားသည့် မြင့်မြတ်ရောင်စဥ်ငါးကို ကြည့်လိုက်သည်။ စောစောက မြင်ကွင်းကို သူ ရုတ်တရက် သတိရမိသွား၏။

လင်းချီသည် မရေရာမသေချာသော ခံစားချက်ရှိသော်လည်း ဘာလဲဆိုတာ ကောင်းကောင်း မဖမ်းဆုပ်နိုင်သေးချေ။

အမှောင်ဘုရင်က ဆက်လက်ရှင်းပြသည်။ "ဒဏ္ဍာရီအရတော့ မြင့်မြတ်ရောင်စဥ်ငါးနဲ့ နတ်ဆိုးငါးတွေက ကမ္ဘာ့ရန်ဘက်တွေဘဲ သူတို့တွေ တွေ့ဆုံကြတဲ့အခါ သေတဲ့အထိ တိုက်ကြလိမ့်မယ်။ ဒါပေမဲ့ မြင့်မြတ်ရောင်စဥ်ငါးတွေက အုပ်စုဖွဲ့နေထိုင်ကြပြီး နတ်ဆိုးငါးတွေက အများအားဖြင့် တစ်ကောင်တည်းသွားလာကြတာကြောင့် နတ်ဆိုးငါးတွေ ရှုံးနိမ့်တာ

က ပိုများတယ်။ အဲ့တာကြောင့် နတ်ဆိုးငါးတွေ မျိုးသုဉ်းသွားပြီလို့ ငါထင်ခဲ့တာ”

မဟူရာဘုရင်သည် မြင့်မြတ်ရောင်စဥ်ငါးကို လွှတ်ပေးလိုက်ပြီး သူ၏ပါးစပ်ကိုဖွင့်ကာ ကိုက်၍ ငါး၏သွေးများကို ပင်လယ်ထဲသို့ တစ်စက်စက်စီးကျစေခဲ့သည်။

“နတ်ဆိုးငါးနဲ့ မြင့်မြတ်ရောင်စဥ်ငါးတွေပာာ သူသေကိုယ်သေတိုက်ကြမယ့် ရန်သူတွေဖြစ်တာကြောင့် ထိခိုက်ဒဏ်ရာရနေတဲ့ မြင့်မြတ်ရောင်စဥ်ငါးတစ်ကောင်ကို သေချာပေါက် လျစ်လျူရှုထားမှာ မဟုတ်ဘူး။ နတ်ဆိုးငါးကို ငါတို့တွေ ရှာမတွေ့နိုင်မှတော့ သူတို့ကို လာရှာခိုင်းလိုက်တာပေါ့"

မဟူရာဘုရင်က ကောက်ကျစ်စွာ ရယ်မောလိုက်သည်။ အနက်ရောင်မျက်နှာကြီးသည် မြင့်မြတ်ရောင်စဥ်အလင်းရောင်အောက်တွင် ထူးထူးဆန်းဆန်းဖြစ်နေပုံရသည်။

လင်းချီသည်လည်း အလားတူ ရယ်မောလိုက်သည်။ ထို့နောက် သူသည် စနစ်ထဲမှ ပေါက်ကွဲစေတတ်

သော အမဲသားအသားလုံးများကို လက်တစ်ဆုပ်စာ ထုတ်ယူလိုက်သည်။ "ဟားဟား၊ ဧည့်သည်လာမယ်ဆိုမှတော့ ငါတို့ဒီမှာရှိနေချိန်အတွင်း သူ့ရဲ့ 'ဂရုစိုက်မှု' ကို ပြန်ပေးဆပ်ဖို့ လက်ဆောင်တွေကို ငါ ပြင်ဆင်ထားလိုက်တာပေါ့!"

မြင့်မြတ်ရောင်စဥ်ငါး၏သွေးသည် ပင်လယ်ရေပြင်ထဲတွင် ပျံ့နှံ့သွားသည်။ လင်းချီနှင့် အမှောင်ဘုရင် တို့သည် ၎င်းတို့၏အနီးအနားဝန်းကျင်တွင် မြူခိုးများ စတင်၍ တလိပ်လိပ်တက်လာသည်ကို သတိပြုမိလိုက်ကြတော့သည်။

လာနေပြီ! သိပ်ကောင်းတယ်!

လင်းချီနှင့် မဟူရာဘုရင်တို့သည် အသက်အောင့်ထား၍ အာရုံစုစည်းလိုက်ကာ ၎င်းတို့၏ ပတ်ဝန်းကျင်ကို ဂရုတစိုက် စောင့်ကြည့်နေကြသည်။

သူတို့၏လက်ချောင်းများကိုပင် မမြင်နိုင်တော့သည့် အခြေအနေအထိ မြူခိုးထုကြီးသည် ထူထပ်သထက် ထူထပ်လာသည်ကို သူတို့ မြင်လိုက်ကြရ၏။ လင်းချီနှင့် အမှောင်ဘုရင်တို့ဟာ တစ်ယောက်ကို

တစ်ယောက်ပင် မမြင်နိုင်ကြတော့ပေ။

ရုတ်တရက် ရေထဲမှ တစ်ခုခု ခုန်ထွက်လာသလိုမျိုး သစ်ဖောင်၏ ညာဘက်ခြမ်းကနေ ဗွမ်းခနဲမြည်သံ ကြားလိုက်ရသည်။ မဟူရာဘုရင်၏ မျက်လုံးများသည် သွေးနီရောင်သန်းနေ၏။ ၄င်းသည် လှည့်ပတ်လိုက်ပြီး ၎င်း၏ထူထဲသောအမြီးသည် ချဉ်းကပ်လာသည့် အရာအား အဝေးသို့ ရိုက်ထုတ်ပစ်လိုက်သည်။

"လင်းချီ!" မဟူရာဘုရင်က အော်ပာစ်လိုက်၏။

လင်းချီသည် သူ့လက်ထဲမှ ပေါက်ကွဲစေတတ်သော အမဲသားလုံးများအား ပစ်လွှတ်လိုက်သည်။ သူသည် ပေါက်ကွဲမှု၏ အကွာအဝေးကို တိတ်တဆိတ် တွက်ချက်လိုက်၏။

ပေါက်ကွဲအသားလုံးသည် ပစ်မှတ်နှင့် အလုံအလောက် နီးကပ်လာသောအခါတွင် လင်းချီက သူ့စိတ်ထဲတွင် 'ပေါက်ကွဲတော့!' ဟု အော်ပာစ်လိုက်သည်။

ပေါက်ကွဲသံနှင့်အတူ အနှီပုံရိပ်သည် လွင့်ပျံသွားပြီး နေရာအနှံ သွေးများ စင်ထွက်သွားသည်။

တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်မှ မြူခိုးများက အရှိန်အဟုန်ဖြင့် ပျောက်ကွယ်သွားသည်။ သိပ်မကြာခင်၌ လင်းချီက သူ၏ပတ်ဝန်းကျင်ကို မြင်လိုက်ရသည်။

သွေးစသွေးနများဖြင့် လွင့်စင်သွားသော နတ်ဆိုးငါးသည် ပင်လယ်ပြင်ထဲသို့ အရှိန်အဟုန်ပြင်းစွာ ထိုးဆင်းသွားသည်။ အစိမ်းရင့်ရောင် သွေးများက တဖြည်းဖြည်း ပြန့်ကျဲလာသည်။

လင်းချီ အသက်ပြင်းပြင်းရှူလိုက်သည်။ နောက်ဆုံးတွင် သူတို့သည် မြူခိုးများကို ရှင်းထုတ်ပစ်ပြီး သန့်ရှင်းလတ်ဆတ်သောလေကို ရှူရှိုက်မိကြပြီဖြစ်သည်။

မဟူရာဘုရင်ကလည်း ၎င်း၏ရှေ့တွင်ရှိနေသော လင်းချီအား မြင့်မြတ်ရောင်စဥ်ငါးကို ပစ်ပေးလိုက်သည်။ " မင်း ဒါကို အခြားမြင့်မြတ်ရောင်စဥ်ငါးတွေနဲ့ အတူတူထည့်ထားရင် သူအသက်ရှင်နိုင်တယ်။"

လင်းချီနှင့် မဟူရာဘုရင်တို့ ကံကောင်းသွားခဲ့ကြသည်။ မြင့်မြတ်ရောင်စဥ်ငါးအချို့ကိုသာ သူတို့ မဖမ်းမိပါက မြူခိုးထုထဲတွင် ခြေဦးတည့်ရာ သွားလာ နေရလိမ့်မည်ဖြစ်ပြီး အချင်းချင်း သတ်ဖြတ်ခြင်းပင် ဖြစ်နိုင်သည်။

လင်းချီသည် မဟူရာဘုရင်ကိုကြည့်ကာ "နတ်ဆိုးငါးကရော?"

မဟူရာဘုရင်သည် ၎င်း၏ လက်သည်းကြီးများကို ဝှေ့ယမ်းလိုက်သည်။ “အဆင်ပြေပါတယ်။ နတ်ဆိုးငါးက မသေရင်တောင် အရေပြားတစ်လွှာလောက်တော့ ဆုံးရှုံးသွားမှာ အခုက ငါတို့အတွက် အန္တရာယ်မရှိတော့ဘူး။ ဒါ့အပြင် နတ်ဆိုးငါးတွေက မကြာခင် မျိုးသုဉ်းတော့မယ်။ လွှတ်ထားလိုက်ပါ။"

အကြောင်းရင်းမှာ မဟူရာဘုရင်၏ နှလုံးသားသည် ကြင်နာမှုများနှင့် ပြည့်လျှံနေခြင်းကြောင့် မဟုတ်သော်လည်း ဖြစ်နိုင်လျှင် အတတ်နိုင်ဆုံးတော့ ကရုဏာတရားထားလိုသောကြောင့်ဖြစ်သည်။ တစ်ကယ်တော့ နတ်ဆိုးငါးများက ၎င်းတို့အား အမှန်တကယ် အန္တရာယ် တစ်စုံတစ်ရာ မဖြစ်စေခဲ့ပေ။

အနည်းဆုံးတော့ ၎င်းမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရနေပြီဖြစ်သောကြောင့် အခြားသူများအတွက် ဘေးအန္တရာယ် ရှိတော့မည်မဟုတ်ပေ။

လင်းချီနှင့် မဟူရာဘုရင်တို့သည် တစ်နေ့လုံး သူတို့ကိုယ်သူတို့ ညှဥ်းဆဲပြီးနောက် အနည်းငယ် ပင်ပန်းနေကြပြီဖြစ်သည်။

သို့သော် သူတို့ မြန်မြန်ဆန်ဆန်သွားရန် ဆုံးဖြတ်လိုက်ကြသည်။ အနီးနားတွင် အခြားသော နတ်ဆိုးငါးများရှိနေခဲ့လျှင် မည်သို့လုပ်မည်နည်း။ နောက်တစ်ကြိမ်တွင် သူတို့သည် အလွန်ကံကောင်းလိမ့်မည် မဟုတ်တော့ပေ။

သူတို့ နောက်နေ့မနက် နေထွက်ချိန်အထိ လှော်ခတ်ပြီးရင်း လှော်ခတ်နေခဲ့ကြသည်။ ထို့နောက် ရိုးရှင်းသော အစားအစာကိုစားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကြသည်။

အဲ့သည်လိုပဲ သူတို့နှစ်ယောက် အနောက်အရပ်သို့ ဦးတည်၍ ဆက်သွားကြသည်။ နောက်နှစ်ရက် ကြာပြီးနောက် သူတို့ အဝေးမှ ကုန်းမြေကို မြင်လိုက်

ရ၏။

မဟူရာဘုရင်သည် အလွန်စိတ်လှုပ်ရှားလွန်းသဖြင့် ဖောင်ကို အရှိန်မြှင့်ရန်အတွက် နောက်ထပ်အမြီးတစ်ချောင်းကိုတောင် ထပ်ပေါက်လာစေလိုခဲ့သည်။

နောက်ထပ်နေ့တစ်ဝက်လောက်ကုန်ဆုံးသွားတော့ ကမ်းစပ်ကို သူတို့ရောက်သွားကြ၏။ ပင်လယ်ပြင် ပေါ်တွင် အချိန်အတော်ကြာ လွင့်မျောပြီးနောက် နောက်ဆုံး၌ လင်းချီသည် မြေပြင်ပေါ် ခြေချရသည်မှာ မည်မျှဘေးကင်းလုံခြုံသည်ကို တန်ဖိုးထားမိခဲ့သည်။

သူတို့ ချောက်ကမ်းပါးပေါ်မှ ခုန်ချသည်မှာ အချိန်ကြာမြင့်ပြီဖြစ်သော်လည်း မဟူရာဘုရင်က ထိုနေရာနှင့် အရမ်းရင်းနှီးကျွမ်း၀င်နေဆဲဖြစ်၏။

လင်းချီသည် အစွမ်းကုန်အသက်ရှူသွင်းလိုက်ပြီး သူ၏ ခြေဖဝါးအောက်ရှိ မြေဆီလွှာကို ခံစားလိုက်သည်။ သူသည် ပင်လယ်ထဲလွင့်မျှောနေချိန်၌ သူ့ခန္ဓာကိုယ်ပေါ်တွင် ငါးညှီနံ့ပင် စွဲငြိနေခဲ့သည်။

"မဟူရာဘုရင် ကျုပ်ကို အော့ခ်မျိုးနွယ်စုဆီ ခေါ်

သွားပါလား အဲ့မျိုးနွယ်စုကို ဘရူ မျိုးနွယ်စုလို့လည်းခေါ်တယ်။ အဲ့တာ ဘယ်မှာရှိလဲဆိုတာ ခင်ဗျားသိလား?" လင်းချီက အလွန်စိတ်လှုပ်ရှားနေ၏။ နောက်ဆုံးတော့ သူသည် ပြန်လာနိုင်ခဲ့ပြီ။

"ငါ စဉ်းစားကြည့်ပါရစေ ဘရူ... ဘရူ" မဟူရာဘုရင်က သူ၏ ခွေးခေါင်းကို ကုတ်ခြစ်လိုက်သည်။ ခဏအကြာ၌ သူက “အာ၊ ငါမှတ်မိပြီ။ ဒါပေမယ့် အဲ့တာက နည်းနည်းဝေးတယ်။ အခုငါတို့ရောက်နေတာနဲ့ဆန့်ကျင်ဘက်ပဲ။”

"ဒါဆိုရင် မြန်မြန်သွားကြရအောင်။ ကျုပ် မစောင့်နိုင်တော့ဘူး။"

"ဘာလို့ အလောသုံးဆယ်ဖြစ်နေတာလဲ။ အခု ညရောက်နေပြီ။ မနက်ဖြန်မှ ထွက်ကြရအောင်။" မဟူရာဘုရင်သည် အနည်းငယ် စိတ်မချမ်းသာဖြစ်သွားခဲ့သည်။

“စောစောထွက်ရင် စောစောရောက်မယ်။ ဘာလို့ မနက်ဖြန်အထိ စောင့်နေရတာလဲ"

"ဧရာမနဂါးကြီးတွေကို ထပ်ပြီး ထိပ်တိုက်ရင်ဆိုင်ရမှာကို မင်း မကြောက်ဘူးလား။ ဒီနေရာက နဂါးတောင်ကြားနဲ့ မဝေးဘူး” မဟူရာဘုရင်က လင်းချီကို ခြိမ်းခြောက်လိုက်သည်။

ဧရာမနဂါးများအကြောင်းပြောသောအခါ လင်းချီသည် အနည်းငယ် ကြောက်ရွံ့နေသေးသည်။ သူသာ ထပ်ဆုံဖြစ်ခဲ့လျှင် အရင်တစ်ခါကလို ကံကောင်းမည် မဟုတ်လောက် တော့ပေ။

ထို့အပြင် အတုခိုးသစ်သီးသည်လည်း မရှိတော့။

မဟူရာဘုရင်က မထွက်ခွာချင်တဲ့အပြင် သူကိုယ်တိုင်လည်း လမ်းမသိတာကြောင့် လက်လျှော့လိုက်ရတော့၏။

သူပြန်သွားနိုင်သ၍တော့ မနက်ဖြန်ဆိုလည်း အဆင်ပြေပါတယ်။

မဟူရာဘုရင်သည် လင်းချီအား လှိုဏ်ဂူတစ်ခုဆီ ခေါ်သွားသည်။ သူတို့ကုန်းမြေကို ပြန်ရောက်လာကြသည်ကို ဂုဏ်ပြုရန်အတွက် သူ လင်းချီကို

အထူးတလည် အစားအသောက်များ ချက်ပြုတ်ခိုင်းလိုက်သည်။

လင်းချီသည် စနစ်ကိုဖွင့်လိုက်ပြီး ရရှိနိုင်သော အရသာရှိသည့် အစားအစာအားလုံးကို ချက်ပြုတ်လိုက်သည်။ လူနှင့် ခွေးတို့သည် ဂူထဲတွင် အားရပါးရ မြိန်ရှက်စွာ စားသောက်နေကြသည်။

နောက်တစ်နေ့မနက်တွင် လင်းချီသည် မဟူရာဘုရင်အား နိုးလိုက်သောအချိန်မှာ နေထွက်လာစသာရှိသေးသည်။

“သွားကြစို့၊ ဘရူမျိုးနွယ်စုဆီကို သွားကြရအောင်” လင်းချီက တိုက်တွန်းလိုက်သည်။

"အင်းပါ...ငါသိတယ်၊ ငါသိတယ်။" အမှောင်ဘုရင်သည်လည်း အားကိုးရာမဲ့နေခဲ့သည်။

သူတို့သည် ဧရာမနဂါးကြီးမျိုးနွယ်စု၏ ရှာဖွေတွေ့ရှိခြင်းမှ ရှောင်ရှားနိုင်ရန်အလို့ငှာ နဂါးတောင်ကြား တစ်ဝိုက် ကွေ့ပတ်၍လမ်းလွှဲသွားခဲ့ကြသည်။ သူတို့ ကျောက်နက်နယ်မြေသို့ ထပ်မံရောက်ရှိနေခဲ့ကြောင်း

ကို လင်းချီသိလိုက်ရချိန် မဟူရာဘုရင်သည် မကြောက်ရွံ့ဘဲ ချက်ချင်း ဖြတ်သွားခဲ့သည်။

သို့သော် လင်းချီမှာတော့ ကြောက်ရွံ့နေဆဲဖြစ်၏။ သူသည် ခွေးနက်ကြီး၏ နောက်ကျောပေါ်တွင် အရှက်မဲ့စွာ ထိုင်နေလိုက်လေသည်။ သို့မဟုတ်လျှင် ထိုနေရာကိုကွေ့ဝိုက်သွားပါက အချိန်အတော်ကြာမြင့် ပေလိမ့်မည်။

လင်းချီသည် ကျောက်နက်နယ်မြေအနီးတစ်ဝိုက်တွင် အထုပ်အပိုးများစွာကို ရှာဖွေတွေ့ရှိခဲ့သည်။ မီးလောင်ကျွမ်းထားသော ရှူးဖိနပ်များလည်း ရှိ၏။ အများစုမှာ ရင်းနှီးသလိုလိုဖြစ်နေခဲ့သည်။ ၎င်းတို့သည် စမ်းသပ်ပွဲတွင် ပါဝင်ယှဥ်ပြိုင်သူများ၏ ပစ္စည်းများဖြစ်ကြသည်။

ထိုလူများ ဘယ်လိုနေကြသလဲဆိုတာကို သူမသိပါ။ ထိုနေ့က ကျောက်တုံးမိုးရွာသွန်းပြီးနောက် အက်ဆစ်မိုးအနည်းငယ်လည်း ရွာသွန်းခဲ့သည်။ ထို့အပြင် မီးတောင်ပေါက်ကွဲမှုကြောင့် နေရာများစွာ ထိခိုက်ခဲ့သည်။

သူတို့ အသက်ရှင်နေသေးသည်လို့သာ မျှော်လင့်မိပါ၏။

လွန်ခဲ့သည့် ရက်အနည်းငယ်က လင်းချီ၏ အတွေ့အကြုံကြောင့်သာ မဟုတ်ပါက မည်သည့် သာမန်လူမဆို ဆယ်ကြိမ်မကရင် ရှစ်ကြိမ်လောက်တော့ သေဆုံးခဲ့ရပေလိမ့်မည်။

သူတို့သည် တစ်လမ်းလုံး လမ်းလျှောက်သွားခဲ့ကြပြီး အမှတ်တရများကို ပြန်လည်တွေးတောနေလေသည်။ လင်းချီသည် မဟူရာဘုရင်ကို ပထမဆုံးတွေ့ခဲ့သည့် နေရာကို ရောက်လာခဲ့ကြသည်။ တစ်၀က် မီးလောင်ကျွမ်းထားသော သားရဲဖမ်းပိုက်ကွန်သည် ထိုနေရာတွင် ရှိနေဆဲဖြစ်၏။

"အဲဒီအချိန်တုန်းက ကျုပ်မှာ သရဲတစ္ဆေတစ်ကောင်များ မြင်လိုက်တာလားလို့ ထင်နေခဲ့တာ။ ခင်ဗျား ဗိုက်ဆာတယ်ဆိုရင်လည်း ဒီအတိုင်း ပြောလိုက်သင့်တယ်။ ဒါပေမယ့် ခင်ဗျားကတော့ ခိုးကို ခိုးလိုက်ရမှ” လင်းချီက ပျက်ရယ်ပြုလိုက်သည်။

“ဒီလောက်အရသာရှိတဲ့ အစားအစာတွေကို

ချက်ပြုတ်ဖို့ မင်းကို ဘယ်သူက ပြောခဲ့လို့လဲ။ ဒါ့အပြင် မင်းက ငါ့ကို အချိန်တွေအကြာကြီး လိုက်ဖမ်းနေခဲ့ပြီး ငါ့ကို အကြိမ်ရေအချို့တောင် ရိုက်ခဲ့သေးတယ်လေ။ အနည်းဆုံးတော့ ငါ မင်းကို တစ်ချက်တည်းနဲ့ မသတ်ပစ်ခဲ့ဘူး။ မင်း အဲ့တာနဲ့တင် ကျေနပ်သင့်တယ်။”

မဟူရာဘုရင်သည် ထိုနေ့ကို သတိရသွားသောအခါ အနည်းငယ် ဒေါသထွက်နေသေးသည်။

လင်းချီသည်လည်း ကျောက်တုံးပိုင်မုန့်များ သိမ်းဆည်းထားသည့်နေရာကို လှမ်းမြင်လိုက်သည်။ သူတက်သွားကာ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ သူချန်ထားခဲ့သမျှကျောက်တုံးပိုင်မုန့်များနှင့် ဟင်းလျာပန်းကန်များမှာ အကုန်ပျောက်ကွယ်သွားပြီဖြစ်သည်။

အော့ခ်မျိုးနွယ်စုက ၎င်းတို့ကို သိမ်းယူသွားပုံပေါ်သည်။ အနည်းဆုံးတော့ သူမရှိစဥ်အချိန်အတောအတွင်းမှာ အော့ခ်မျိုးနွယ်စု ဆာလောင်နေကြလိမ့်မည် မဟုတ်ပေ။

•••••••

All Chapters