← Chapters

(ဆန္ဒကို သိက္ခာနဲ့ ထိန်းပါ)

Vol. 8 Ch. 80

(ဆန္ဒကို သိက္ခာနဲ့ ထိန်းပါ)

Vol. 8 Ch. 80

သူတော်စင်မိန်းမပျို၏လက်က လင်းချီ၏မျက်နှာကို ပွတ်သပ်ကာ ဖြည်းညှင်းစွာ အောက်သို့ ရွေ့လျား

သွားသည်။ သူ၏နှုတ်ခမ်းအား သူမ၏လက်ညိုးထိပ်ဖြင့် အသာအယာထိလိုက်၏။

သူ၏ မေးစေ့မှတစ်ဆင့် လည်ပင်းကို ထိတွေ့ကာ အောက်သို့ ဆက်လက်ရွေ့လျားသွားသည်။

လင်းချီ၏ မျက်နှာမှာ နီမြန်းလာသည်။ သူ စိတ်လှုပ်ရှားစွာ မျက်လုံးကိုမှိတ်ထားပြီး သူ၏အသက်ရှုသံသည်လည်း တဖြည်းဖြည်း မြန်လာတော့သည်။

နောက်ဆုံးတွင် သူတော်စင်မိန်းမပျို၏လက်သည် လင်းချီ၏ရင်ဘတ်ပေါ်တွင် ရပ်တန့်သွားခဲ့သည်။

သူမက လင်းချီ၏ ရင်ဘတ်ကြွက်သားများကို လိုက်စမ်းနေသည်။ “ရှင်က အရမ်းသန်မာတာဘဲ။ ကျွန်မ ဒါကို အရင်က သတိမပြုမိလိုက်ဘူး။"

သူတော်စင်မိန်းမပျိုသည် လင်းချီကို ကျီစားနေလေသည်။ သူမသည် လင်းချီ၏ရင်ဘတ်ပေါ်တွင် စက်ဝိုင်းပုံများ ခပ်ဖွဖွ ရေးဆွဲလိုက်ရာ လင်းချီ တုန်လှုပ်သွားပြီး သူ၏အစာအိမ်ထဲမှ ပူနွေးသော လျှပ်စီးကြောင်းကို ခံစားလိုက်ရ၏။

"လူငယ်လေး၊ ရှင်က အရမ်းရှက်တတ်တာပဲ" သူတော်စင်မိန်းမပျိုက ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သည်။

သူမသည် ဆက်လက်၍ အောက်သို့ဆင်းခါနီး၌ လင်းချီသည် သူမ၏လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်လေသည်။ "ဒါကို ကျနော်တို့ ဒီအတိုင်းထားလိုက်ကြရင်ရော? ဒါက သိပ်မကောင်းဘူးလို့ ထင်တယ်နော်.…”

"ဟားဟား ဒါက မကောင်းဘူးတဲ့လား" သူတော်စင် မိန်းမပျို၏ မျက်နှာသည် အနီရောင် ပန်းသီးမှည့်တစ်လုံးကဲ့သို့ ရဲတွတ်နေသည်။

"ဒါဆိုရင် ရှင့်ရဲ့ သူငယ်ချင်းလေးက ဘာလို့…. တက်ကြွနေတာလဲ" သူမ၏ ဝမ်းဗိုက်အောက်ပိုင်းကို တစ်ခုခုကထိုးနေသကဲ့သို့ သူမ ခံစားလိုက်ရ၏။

ထိုအခိုက်အတန့်တွင် လင်းချီသည် ပုန်းအောင်းရန် အပေါက်တစ်ပေါက်ကို ရှာချင်သော်လည်း သူ ဘာမှမတတ်နိုင်ပေ။ သူတော်စင်မိန်းမပျိုက အလွန်ဆွဲဆောင်မှုရှိနေသောကြောင့် သူ တောင့်မခံနိုင်တော့

ပေ။

သူသည် သူ၏မျက်လုံးများကို မှိတ်ထားပြီး သူတော်စင်မိန်းမပျိုအား သူမ နှစ်သက်သလို လုပ်ခွင့်ပေးလိုက်သော်လည်း အချိန်အတော်ကြာအောင် မည်သည့်လှုပ်ရှားမှုကိုမှ သူမခံစားရပေ။

သူ၏မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ သူတော်စင် မိန်းမပျိုက သူ့ခန္ဓာကိုယ်ပေါ်တွင် ဒူးထောက်လျက် ရှိနေသည်ကို တွေ့လိုက်ရသည်။

သူမသည် တစ်စုံတစ်ရာကို ဖြည်နေသကဲ့သို့ သူမ၏ဦးခေါင်းနောက်သို့ လက်နှစ်ဖက်ကို မြှောက်လိုက်သည်။ သူမ၏ လှပသော ဆံနွယ်များက ဖြာဆင်းကျလာသည်။

သူမ၏ လှပသော ဆံနွယ်များ ကျဆင်းလာသည့် အခိုက်တွင် လင်းချီသည် အံ့အားသင့်သွား၏။ သူမ၏တစ်ကိုယ်လုံးသည် လရောင်၏ ပက်ဖြန်းမှုကို ခံယူနေသည်မှာ နတ်သမီးလေးတစ်ပါး သေမျိုးကမ္ဘာသို့ ဆင်းသက်လာသကဲ့သို့ပင်ဖြစ်၏။

ထို့နောက် သူတော်စင်မိန်းမပျိုသည် သူမ၏ အပေါ်အင်္ကျီကို ကြယ်သီးဖြုတ်ကာ ချွတ်ပစ်လိုက်သည်။ သူမ၏ အနီရောင်အတွင်းခံတစ်ခုတည်းသာ သူမ၏ ရင်ဘတ်ပေါ်တွင် ကျန်ရစ်နေခဲ့သည်။

သူမ၏အင်္ကျီကို ချွတ်ပြီးနောက် သူတော်စင် မိန်းမပျိုသည် အခြားဘာကိုမှ ဆက်လက်၍ မချွတ်တော့ပေ။ ထို့အစား သူမက ငုံ့ကိုင်းပြီး လင်းချီ၏နားထဲသို့ ခပ်တိုးတိုးပြောလာသည်။ "လင်းချီ မင်းရဲ့အငယ်လေးက အခုပိုပြီး တက်ကြွလာတဲ့ပုံပဲ~”

လင်းချီသည် သူ၏ ဝမ်းဗိုက်အောက်ပိုင်းတွင် ပူနွေးသော လျှပ်စီးကြောင်းတစ်ခု စုစည်းနေသည်ကို ခံစားလိုက်ရသည်။ သူ့တွင်အဖျားရှိနေသကဲ့သို့ သူ၏တစ်ကိုယ်လုံးသည် ခြစ်ခြစ်တောက်ပူလောင်နေလေ၏။

သူတော်စင်မိန်းမပျိုသည် သူမ၏ စကတ်ကို အနည်းငယ် မ,တင်လိုက်ပြီး သူမ၏ ရှည်လျားပြီး ချောမွေ့သော ခြေတံများကို ပေါ်လွင်စေလိုက်သည်။ သူမသည် လင်းချီ၏လက်ကိုဆွဲကိုင်လိုက်ပြီး သူမ၏ပေါင်ဆီသို့ ဦးတည်လိုက်သည်။

အစပထမ၌ သူမ၏ခြေသလုံးသားမှနေ၍ တဖြည်းဖြည်းချင်း အပေါ် တက်သွား၏။ သူတော်စင် မိန်းမပျိုသည် အလွန်ဖျတ်လတ်သွက်လက်ကာ သူမ၏ပေါင်သည် အဆီနည်းပြီး ကျစ်လျစ်နေသော ကြွက်သားများရှိသည်။

ထို့နောက် ပို၍အမြင့်သို့တက်သွားချိန်၌ လင်းချီ၏ လက် အနည်းငယ်တုန်ယင်လာသည်။ မိန်းမတစ်ယောက်၏ပေါင်သည် ဤမျှချောမွေ့နိုင်လိမ့်မည်ဟု သူတစ်ခါမှ မတွေးဖူးခဲ့ပေ။

လင်းချီ၏လက်များ အမြင့်သို့ရောက်လုနီး နေပြီဖြစ်သည်။ အခန်းတွင်းလေထုသည် အထွတ်အထိပ်သို့ရောက်နေချိန်၌ တံခါးအပြင်ဘက်မှ ရုတ်တရက်တွန်းဖွင့်လိုက်သည်။

ကုတင်ပေါ်ရှိ လင်းချီနှင့် သူတော်စင်မိန်းမပျိုတို့မှာ ခိုးလုပ်နေကြရင်း ဖမ်းမိသွားသကဲ့သို့ပင်။ သူတို့ ချက်ချင်း ကုတင်ပေါ်မှ ခုန်ဆင်းလိုက်ကြသည်။

သူတော်စင်မိန်းမပျိုသည် သူမ၏ဘေးနားမှ အဝတ်အစားများကို ဆွဲယူလိုက်ပြီး ဝတ်ဆင်

လိုက်၏။

ဝင်လာသူကား ယွီမုန့်ဖြစ်သည်။ "ရှင်တို့ ဘာလုပ်နေကြတာလဲ!"

လင်းချီ ပြန်ရောက်လာသည်ကို တွေ့လိုက်ရသောအခါ ယွီမုန့်သည် အရသာရှိသော အစားအစာများကို လိုချင်လာတော့သည်။ လင်းချီ အဝေးရောက်နေချိန်က ယွီမုန့်သည် နေ့တိုင်း ကျောက်တုံးပိုင်မုန့်များကိုသာ စားခဲ့ရသည်။ သူမသည် ၎င်းမုန့်များ စားရသည်ကို အမှန်တကယ် ငြီးငွေ့နေခဲ့လေ၏။

အခြားအော့ခ်များက အမဲလိုက်ထွက်နိုင်သော်လည်း ယွီမုန့်နှင့် လူသာတို့မှာ ဓားစာခံများဖြစ်သောကြောင့် မျိုးနွယ်စုမှ မထွက်ခွာနိုင်ပေ။

လူသာသည်လည်း လာချင်ခဲ့သော်လည်း ယွီမုန့်က လူသာအား အနောက်မှ လိုက်လာခွင့်မပေးခဲ့ပေ။ သို့သော် ရောက်ရောက်ချင်း အိမ်အတွင်းမှ ထူးဆန်းသောအသံများကို ကြားရမည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

သူမသည် နံရံကိုမှီကာ ခဏတဖြုတ် ဂရုတစိုက် နားထောင်နေခဲ့သည်။ ထို့နောက်တွင် တစ်ခုခုမှားနေပြီဆိုသည်ကို သူမ သိလိုက်ရ၏။ ယွီမုန့်သည် တစ်ခါမှ ချစ်သူရည်းစားမထားဖူးသော်ငြားလည်း အရွယ်ရောက်နေပြီဖြစ်သောကြောင့် တစ်ခုခုဖြစ်နေပြီဆိုသည်ကို သူမ သိလိုက်၏။

အခြေအနေပိုမပြင်းထန်လာမီအချိန်တွင် ယွီမုန့်က တံခါးကိုကန်ဖွင့်လိုက်ပြီး 'ဖောက်ပြန်နေသောစုံတွဲ' အား ဆက်လက်လုပ်ဆောင်ခြင်းမှ ဟန့်တားလိုက်သည်။

ယွီမုန့်သည် တစ်ဝက်ကိုယ်လုံးတီးဖြစ်နေသော လင်းချီနှင့် ကုတ်အင်္ကျီဝတ်ထားပြီး ဆံနွယ်များ ဖရိုဖရဲဖြစ်နေသော သူတော်စင်မိန်းမပျိုတို့ကို တွေ့လိုက်ရလေသည်။

"လင်းချီ! ရှင် လူရှုပ်! ကျွန်မ ရှင့်ကို မှားယွင်းအကဲဖြတ်မိခဲ့တာပဲ!" ယွီမုန့်သည် ထိုအချိန်တွင် အလွန်ဒေါသထွက်နေသဖြင့် လှည့်ထွက်သွားတော့သည်။

လင်းချီလည်း သူမ၏အနောက်သို့ ကမန်းကတန်း လိုက်ခဲ့သော်လည်း ခြေလှမ်းနှစ်လှမ်းလှမ်းပြီးနောက် သူ၏ဘောင်းဘီရှည်ကြောင့် ခလုတ်တိုက်မိရန် မမျှော်လင့်ထားခဲ့ပေ။ သူသည် အောက်သို့ငုံ့ကြည့်လိုက်သည့် အချိန်တွင် သူတော်စင်မိန်းမပျိုက သူ၏ဘောင်းဘီရှည်ကို တစ်ချိန်ချိန်က ကြယ်သီးဖြုတ်ထားသည်ကို တွေ့လိုက်ရလေ၏။

သူသည် သူ၏ဦးခေါင်းကို မော့လိုက်ပြီး သူမအား ပဟေဠိဆန်သော အကြည့်ဖြင့် ကြည့်လိုက်လေသည်။ လင်းချီ၏ အကြည့်ကြောင့် သူတော်စင်မိန်းမပျိုလည်း အနည်းငယ် ရှက်သွားလေသည်။

လင်းချီ ထိုကိစ္စကို တ၀ဲလည်လည် မပြောနေတော့ပေ။ သူ အလျင်အမြန်ထရပ်လိုက်ပြီး ဘောင်းဘီရှည်ကို ဆွဲတင်လိုက်သည်။ ထို့နောက် လှည့်ကာ တံခါးဆီသို့ ပြေးသွားလေ၏။ သူ ရုတ်တရက် တစ်ခုခုကို တွေးမိလိုက်ပြီး သူတော်စင် မိန်းမပျိုဆီသို့ လှည့်ကြည့်လိုက်သည်။

"အင်း... တောင်းပန်ပါတယ်၊ ဒါပေမယ့် ဒါက

မှားယွင်းတယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းထဲမှာ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်က သူတို့ချစ်မိမှသာ ဒီလိုတွေ လုပ်ကြတာ”

လင်းချီက လေးနက်တည်ကြည်သောအသံဖြင့် ဆက်ပြောလိုက်လေ၏။ “မိန်းကလေးတစ်ယောက်ရဲ့ ပထမဆုံးညက အရမ်းတန်ဖိုးရှိပါတယ်။ ဒါကို သူမရဲ့ချစ်သူအတွက် သီးသန့်ထားသင့်တယ်။ မျိုးနွယ်စုတွေ အခြေချနေထိုင်ဖို့ အစားအစာနဲ့ နေရာတစ်နေရာကို ကျွန်တော် ရှာတွေ့ခဲ့တယ်။ မင်းရဲ့ မျိုးနွယ်စုနဲ့ ကျွန်တော် တကယ်ပဲ မိတ်ဆွေတွေ ဖြစ်ချင်တာပါ"

“ဒါကြောင့်…”

သူတော်စင်မိန်းမပျိုက လင်းချီကို စကားဖြတ်ပြောလိုက်လေသည်။ " ရှင် ဘာကိုဆိုလိုမှန်း ကျွန်မ နားမလည်ပေမယ့် ဒီနေ့ ကျွန်မ ရှင့်ကို ဒုက္ခပေးမိခဲ့တာ သိပါတယ်။"

" ယွီမုန့်နဲ့ အချိန်ကုန်ဆုံးပြီးနောက်မှာ သူမဟာ တက

ယ့်မိန်းမကောင်းလေးတစ်ယောက်ဆိုတာကို ကျွန်မသိခဲ့ရတယ်။ သူမက ရှင်နဲ့ ပိုသင့်တော်တဲ့သူ တစ်ယောက် ဖြစ်နိုင်မှာပါ။"

လင်းချီက သူတော်စင်မိန်းမပျိုကို ပြုံးပြလိုက်သည်။ "ကျေးဇူးပါပဲ!"

ထို့နောက် သူသည် နောက်လှည့်ကာ အခန်းပြင်သို့ အလျင်အမြန်ထွက်သွားလေသည်။

သူတော်စင်မိန်းမပျိုသည် အခန်းထဲတွင် နက်နက်ရှိုင်းရှိုင်းတွေးတောနေလေ၏။ သူမသည် လင်းချီ ခုနကပြောခဲ့သောစကားများကို တွေးတောနေခြင်းဖြစ်သည်။ အချစ်ဆိုတာဘာများလဲ? သူမတွေးနေစဥ် လင်းချီ အပြေးကလေး ပြန်လာသည်ကို တွေ့လိုက်ရ၏။

လင်းချီက ရှက်ရွံ့စွာ သူ၏ဦးခေါင်းအား ကုတ်လိုက်ရင်း "အမ်း... ယွီမုန့် ဘယ်မှာနေလဲဆိုတာ မင်းသိလား"

သူတော်စင်မိန်းမပျိုက ကြောင်သွားရာမှ ရယ်ချမိလိုက်လေသည်။ ထို့နောက် အနည်းငယ် မသင့်လျော်

သည်ဟု ထင်မိသောကြောင့် သူမ၏ပါးစပ်ကို လက်နှင့် အမြန်အုပ်လိုက်လေသည်။

“သူမက မျိုးနွယ်စုရဲ့ တောင်ဘက်ခြမ်းက အိမ်တန်းတွေမှာ နေတယ်၊ ညာဘက်မှာရှိတဲ့ ပထမဆုံးအိမ်ပဲ။"

"ကောင်းပါပြီ မင်းကိုကျေးဇူးတင်ပါတယ်!" လင်းချီသည် သူ၏ဦးခေါင်းကို လှည့်တော့မည့်အချိန်တွင် သူတော်စင်မိန်းမပျိုက သူ့ကို ပြန်ခေါ်လိုက်လေသည်။

"ဘာများဖြစ်လို့လဲ" လင်းချီက သိချင်စိတ်ပြင်းပြစွာ မေးမြန်းလိုက်လေ၏။

"ရှင် အခု သူမဆီကိုသွားရင်လည်း လက်ဗလာနဲ့ ပြန်လာနေရလိမ့်မယ်လို့ ကျွန်မထင်တယ်။ ကျွန်မက မိန်းမတစ်ယောက်ဆိုတော့ ရှင့်ထက် မိန်းမတွေ အကြောင်းကို ပိုသိတယ်။ သူမ စိတ်ဆိုးနေရင် ရှင်ပြောသမျှကို ဘာမှနားထောင်မှာ မဟုတ်လောက်ဘူး”

"ဒါဆိုရင်…. ကျွန်တော် ဘာလုပ်သင့်လဲ" လင်းချီက

ခေါင်းကုတ်လိုက်သည်။ ထိုကိစ္စသည် အမှန်ပင် သူမကျွမ်းကျင်သော နယ်ပယ်ထဲ ရောက်နေသည်။ သူ၏အရင်ဘဝတွင်ဖြစ်စေ၊ လက်ရှိဘ၀တွင်ဖြစ်စေ၊ သူသည် တစ်ခါမှ ချစ်သူရည်းစား မထားခဲ့ဖူးပေ။

"ကျွန်မသာ ရှင့်နေရာမှာဆိုရင် သူမကို စိတ်တည်ငြိမ်သွားအောင် အချိန်တစ်ခုပေးလိုက်မယ်။ မနက်ဖြန်မနက် သူမရဲ့ဒေါသတွေပြေသွားတဲ့အခါမှ ရှင် သူမကိုသွားနှစ်သိမ့်လို့ရတာပဲ သေချာရှင်းပြလိုက်ရင် သူမ ရှင့်ကို ခွင့်လွှတ်မှာပါ။"

လင်းချီက ရုတ်တရက် သဘောပေါက်သွားပြီး သူမကို အလျင်အမြန်ကျေးဇူးတင်လိုက်လေ၏။

"ကျေးဇူးတင်ပါတယ်! ကျေးဇူးတင်ပါတယ်!! ဒါဆိုရင် ကျွန်တော်အရင်ပြန်သွားလိုက်အုံးမယ်။"

လင်းချီသည် နောက်နေ့တွင် တောင်းပန်ရန် စကားကို တွေးတောရင်း အိမ်မှ ထွက်လာခဲ့သည်။ ထို့နောက် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားမိသောအခါတွင် သူသည် ခြေနှစ်လှမ်းသာ လှမ်းရ

သေး၏။

"ဟေး မဟုတ်သေးဘူးလေ။ ဒါ ငါ့အခန်းပါ"

သူ ရပ်တန့်လိုက်ပြီး ပြန်လျှောက်ဝင်သွားလေ၏။ သူတော်စင်မိန်းမပျိုသည် ၀တ်စားဆင်ယင်ထားနှင့်ပြီးဖြစ်သည်ကို သူမြင်လိုက်သည်။ သူမသည် ကုတင်ဘေးတွင်ထိုင်ကာ သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် သူ့အားကြည့်နေလေသည်။ သူပြန်လာလိမ့်မည်ဆိုတာကို သူမ သိနေခဲ့လေ၏။

လင်းချီ၏ ရှက်ရွံ့နေသောအမူအရာကို မြင်လိုက်ရသောအခါတွင် သူတော်စင်မိန်းမပျိုသည် သူမရှေ့က ယောက်ျားပျိုမှာ ထိုမျှမဆိုးရွားလှကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ ကြွက်သားများသာရှိပြီး ဉာဏ်ရည်ဉာဏ်သွေးမရှိသော မျိုးနွယ်စုထဲရှိ ယောက်ျားများကို သူမ မလိုချင်ခဲ့ပါ။

လင်းချီသည် ထက်မြက်၊ ကြင်နာတတ်ပြီး ဟင်းချက် တတ်သော်လည်း အနည်းငယ် ရှက်ကြောက်တတ်ပါသည်။ တခြားမိန်းမများသာဆိုလျှင် သူ့အား စားခဲ့ပြီးသည်မှာ ကြာနေလောက်ပေပြီ။

သူမ ကုတင်ပေါ်မှ မတ်တပ်ထရပ်လိုက်ပြီး လင်းချီဆီသို့ လျှောက်သွားလိုက်သည်။ သူမက သူ၏ရှေ့တွင် ခြေဖျားထောက်ကာ နားထဲသို့ "ကောင်းသောညပါ!" ဟု တိုးတိုးပြောလိုက်လေသည်။ ထို့နောက် သူ၏ပါးကို နမ်းလိုက်ပြီး တံခါးအပြင်သို့ ထွက်လာခဲ့လေသည်။

လင်းချီသည် တံခါးဝတွင် ကျန်နေရစ်ခဲ့ပြီး သူ၏မျက်နှာသည် နီမြန်းသွားလေသည်။

•••••••••

All Chapters