(အိမ်မှ ထွက်ပြေးခြင်း)
Vol. 8 Ch. 81
"ကံကောင်းပါစေ" လင်းချီကို သူတော်စင်မိန်းမပျိုက လက်ဝေ့ပြလိုက်သည်။
လင်းချီဟာလည်း သူတော်စင်မိန်းမပျိုကို နှုတ်ဆက်လိုက်ပြီး တံခါးကို ပိတ်လိုက်ကာ အိပ်ရာပေါ် လှဲလိုက်သည်။
'ဒီနေ့က လူမျိုးစုအတွက် ကောင်းမွန်တဲ့နေ့ပဲကို ယွီ
မုန့်က ဘာလို့ ဒေါသထွက်သွားတာလဲ? သူက ငါ့ကို ကြိုက်နေတာလား ငါ့သူ့ကို သွားရှာရမလား?'
'ဘာလို့ သူတော်စင်မိန်းမပျိုက ငါ့ကို လာနမ်းရတာလဲ? သူရော ငါ့ကို ကြိုက်နေတာလား တကယ်လို့ သူတော်စင်မိန်းမပျိုက ငါ့ကို ဝန်ခံရင်ရော လက်ခံလိုက်ရမလား? ငါ့ရော တကယ်လက်ခံချင်ရဲ့လား?'
'ဟူး….ငါ ဒီလောက် လူကြိုက်များလိမ့်မယ်လို့ မထင်ထားမိဘူး'
သူ၏ အတွေးတို့ ခုန်ပေါက်ပြေးလွှားနေတုန်းမှာပင် ဖြည်းဖြည်းချင်း အိပ်ပျော်သွားခဲ့သည်။
..
နောက်တစ်နေ့ မနက်စောစော၌ လင်းချီထကာ မျက်နှာသစ်ဆေးကြောပြီး အဝတ်လဲလိုက်သည်။
သူ ယွီမုန့် ကြိုက်လောက်မည့် အရသာရှိသော မနက်စာကို လုပ်သွားပြီး သူတော်စင်မိန်းမပျို ပြောထားတဲ့အတိုင်း တောင်အရပ်က ဘယ်ဘက်ရဲ့ ပထမဆုံး
အိမ်ဆီကို ထွက်လာခဲ့သည်။
ဒေါက်! ဒေါက်! ဒေါက်!
လင်းချီဟာ တံခါးခေါက်လိုက်ပြီး "ယွီမုန့် မင်းနိုးပြီလား?"
ဘာသံမှ မကြားရချေ။
"ကိုယ် မင်းအတွက် မင်းကြိုက်တဲ့ စားစရာတွေ ချက်ပြုတ်လာတယ် နွေးနေတုန်းရှိသေးတယ် ထပြီး လာစားပါလား"
ဒီတစ်ခါလည်း ပြန်ဖြေသံကို မကြားခဲ့ပေ။
သူ တံခါးကို နောက်တစ်ကြိမ် ထပ်ခေါက်လိုက်သည်။
"ယွီမုန့် မင်း စိတ်ဆိုးနေတုန်းလား? အဲ့တုန်းက အော့ခ်တွေ မက်မွန်ပွင့်ကျွန်းကို ပြောင်းရွှေ့ဖို့အတွက် ဆွေးနွေးနေရုံပဲလို့ ပြောရင် မင်း ယုံမလား?"
လင်းချီဟာ ယွီမုန့်ရဲ့ တံခါးရှေ့မှာ အချိန်အကြာကြီး
ရပ်ပြီး စကားတွေ တစ်စီစီပြောပြနေပေမဲ့ ဘာစကားမှ ပြန်ပြောလာတာကိုမှ မကြားရပေ။
သူဟာ တံခါးကို အားထည့်ခေါက်လိုက်တော့ အထဲကနေ တရှဲရှဲမြည်သံကို ရုတ်တရက်ကြားလိုက်ရသည်။
"ယွီမုန့် နောက်ဆုံးတော့ ငါ့ကို တွေ့ခွင့်ပေးပြီပေါ့ ငါမင်းကို နှောက်ယှက်မိသွားလား? မနေ့ညကအကြောင်း ငါရှင်းပြတာကို နားထောင်ပေးပါလား အဲဒါက မဟုတ်ဘူး… ငါပြောတာကို ယုံပေးပါ ငါတို့က… ဒီတိုင်း ဟမ်?"
သန်မာတဲ့ အော့ခ်တစ်ကောင်က တံခါးကို ဖြည်းဖြည်းချင်း ဖွင့်လာပြီး လင်းချီကို ဇဝေဇဝါဖြင့် ကြည့်လာသည်။
"သူရဲကောင်း? မင်းက…ဘယ်လိုဖြစ်ပြီး ဒီရောက်နေတာလဲ?"
"မင်း…ငါ…မဟုတ်ဘူး မင်း ဘာလို့ ယွီမုန့်ရဲ့ အိမ်ထဲ ရောက်နေတာလဲ? မင်းတို့နှစ်ယောက်… ငါမယုံဘူး!"
လင်းချီဟာ ပြိုလဲလုနီးပါးဖြစ်နေလေသည်။
"ယွီမုန့်? အိုး မင်းပြောတာ မိန်းကလေးယွီမုန့်လား သူက ဒီမှာ မဟုတ်ဘူးလေ အနောက်ဘက်မှာနေတာ ပြီးတော့ မင်းရဲ့ မိတ်ဆွေလူသာကကျ ဘေးအိမ်မှာ"
အော့ခ်ဟာ ဦးတည်ရာတစ်ခုဆီကို လက်ညှိုးညွှန်ပြလိုက်သည်။
လင်းချီ နည်းနည်းရှက်သွားသည်။ အထင်လွဲသွားတာပင်။
'အဓိပ္ပာယ်ရှိတာပဲ ယွီမုန့်က သူ့ကို ဘာလို့ ကြိုက်ရမှာလဲ ဟုတ်တယ်မလား သူက ငါ့လိုလည်း မချောဘဲနဲ့' လင်းချီမှာ တွေးရင်းတောရင်း ကွန်ပလိန်းတက်နေလေသည်။
"အိပ်နေတာ နှောင့်ယှက်မိလို့ တောင်းပန်တယ်နော်၊ ငါသွားတော့မယ် အာ…ဒါက မင်းအတွက်ပါ နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်" လင်းချီဟာ အော့ခ်ရဲ့ လက်ထဲကို ပေါင်မုန့်တစ်ခု ထည့်ပေးလိုက်ပြီး ပြေးထွက်လာခဲ့သည်။
သူတော်စင်မိန်းမပျိုက မနေ့က "ကံကောင်းပါစေ"လို့ ဆုတောင်းပေးတဲ့ချိန်မှာ ကျီစယ်ပြုံး ပြုံးနေတာ ဒါကြောင့်ကိုး။
သူမဟာ လင်းချီကို စနောက်ချင်လို့ အစကတည်းကပင် နေရာမှားကို ပေးလိုက်တာဖြစ်သည်။ သူမဟာ အမျိုးသမီးတစ်ယောက်ဖြစ်တဲ့အပြင် ပထမတန်းစား အလှလေးပင်။ သူမဟာ သူမရဲ့ မာနကို ဘေးဖယ်ပြီး လင်းချီကို ဆွဲဆောင်ရန် ပထမဆုံး လက်ဦးမှုယူခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
သူတော်စင်မိန်းမပျိုဟာ သူ့သိက္ခာသူ ပြန်ဆယ်ဖို့အတွက် လင်းချီကို အပြစ်သေးသေးလေး ပေးလိုက်ခြင်းပင်။
"မိန်းမတွေက စိတ်သဘောထား သေးလိုက်တာ" လင်းချီ သူ့စိတ်ထဲကနေ ကျိန်ဆဲမိလိုက်သည်။
..
လင်းချီဟာ နောက်ဆုံးတော့ တကယ့်အိမ်ရှေ့ကို
ရောက်လာပေမဲ့ တံခါး သေချာပိတ်မထားတာကို တွေ့လိုက်သည်။
သူဟာ တံခါးခေါက်လိုက်ပြီး "ယွီမုန့် ယွီမုန့် မင်း အထဲမှာ ရှိလား?"
ပြန်ဖြေသံကို မကြားရပေ။
"ဒါဆို ငါဝင်လာပြီနော်" လင်းချီဟာ အားတင်းပြီး တံခါးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ နောက်တော့ ဘေးပတ်လည်ကို ကြည့်ကြည့်လိုက်သည်။
အထဲမှာ ဘယ်သူမှ မရှိပေ။
လင်းချီက အိမ်ထဲသို့ ဝင်လိုက်ပြီး အရသာရှိသော ဟင်းလျာများကို စားပွဲပေါ်တင်ထားလိုက်သည်။
'ထူးဆန်းတယ် သူ အစောကြီး ဘယ်ကို သွားနေတာလဲ?'
လင်းချီ အိမ်ထဲတွင် လျှောက်ပတ်ကြည့်လိုက်သည်။ အရမ်း ပြောင်ရှင်းနေလွန်းတယ်..
'တစ်ခုခုတော့ မှားနေပြီ' လင်းချီဟာ တစ်ခုခု မူမမှန်တာကို ခံစားမိသွားသည်။
အိမ်က အရမ်းသန့်ရှင်းနေတာ ဘယ်သူမှ မနေခဲ့တဲ့ အတိုင်းပင်။
ယွီမုန့်ရဲ့ အိတ်လည်း မရှိတော့ဘူး!
သူဟာ အိမ်ကို နောက်တစ်ကြိမ်ထပ်ပြီး ရှာကြည့်လိုက်ရာ အမှန်တကယ် ဘာမျှရှိမနေတော့။
လင်းချီ လူ့သာ၏ အိမ်ကို ပြေးသွားလိုက်သည်။
မကြာခင် လူ့သာက စိတ်ရှုပ်သည့် အကြည့်နဲ့ တံခါးဖွင့်လာခဲ့သည်။
လူသာက အိပ်ချင်နေတဲ့ မျက်လုံးတွေနဲ့ လင်းချီကို ကြည့်လိုက်ပြီး "ဘာလုပ်နေတာလဲ သခင်လေး?"
"ယွီမုန့်ကို တွေ့မိသေးလား?" လင်းချီမှာ ရှင်းပြဖို့အတွက် အချိန်မရှိပေ။
"မတွေ့မိဘူး ယွီမုန့်ကို မနေ့က ပါတီကတည်းက မတွေ့တော့တာ ဘာဖြစ်လို့လဲ?"
လူသာက သူ့အကျီကို ဝတ်လိုက်ပြီး ပြောလိုက်သည်။
"သူထွက်သွားပြီ အိမ်ထဲမှာ ဘယ်သူမှ မရှိတော့ဘူး" လင်းချီက စိတ်ပျက်စွာ ပြောလိုက်သည်။
ယွီမုန့်က သူ့ကို တကယ် စိတ်ဆိုးသွားပုံပင်။ မနေ့က သူတော်စင် မိန်းမပျို ပြောတာကို နားမထောင်ဘဲ သူမကို ချက်ချင်း သွားရှာခဲ့ရမှာ။
"သူမရဲ့ ပစ္စည်းတွေရောလား?" လူသာဟာ ဘေးအခန်းကို လျှောက်သွားလိုက်ပြီး ဘေးပတ်လည်ကို ကြည့်လိုက်သည်။ "တကယ်ကြီးလား? သခင်လေးတို့နှစ်ယောက်ကြားမှာ ဘာတွေဖြစ်သွားကြတာလဲ?"
လူသာဟာ လင်းချီနဲ့ ယွီမုန့်ကြားမှာ တစ်ခုခုဖြစ်သွားခဲ့သည်ကို အလိုလိုသိစိတ်ကနေ သိလိုက်သည်။ မဟုတ်ရင် လင်းချီပြန်ရောက်လာတာနဲ့ ယွီမုန့်က ဘာကိစ္စပျောက်သွားရမှာလဲ?
"အို အဲ့တာလား မနေ့က ယွီမုန့် ငါနဲ့ သူတော်စင်မိန်းမပျိုတို့ အတူရှိနေတာကို တွေ့သွား…."
"နေပါဦး၊ အဲ့တာက မင်းနဲ့ဘာဆိုင်လို့လဲ?" လင်းချီဟာ စိတ်မရှည်စွာ ကြည့်လိုက်သည်။
လူ့သာဟာ သဘောပေါက်သွားပြီး "သူတော်စင်မိန်းမပျို ဟုတ်လား? အဲ့မိန်းကလေးက ကျုပ်ကိုဆို လျစ်လျူရှူထားတာ ဘာဖြစ်တာလဲ မြန်မြန်ပြောစမ်းပါဗျာ"
လူသာက လျှောက်လာကာ လင်းချီ၏ ပခုံးပေါ် သူ့လက်မောင်းများကို တင်လိုက်သည်။
လင်းချီ သူ့ရဲ့ ပုခုံးတွေကို မတ်လိုက်ပြီး အမြန်ပင် ပြေးသွားသည်။
"ဟေ့ ဘာလုပ်နေတာလဲ"
"ငါ ယွီမုန့်ကို သွားရှာလိုက်ဦးမယ် သူ့ရဲ့ အိမ်ထဲမှာ မနက်စာ ငါထားထားခဲ့တယ် မင်းစားလိုက်လို့ရ
တယ်" လင်းချီဟာ လှည့်မကြည့်ဘဲ ပြောလိုက်သည်။
လင်းချီဟာ မျိုးနွယ်စုဝင်ပေါက်က အစောင့်တွေကို မေးဖို့ စီစဉ်ထားသည်။ ၎င်းဝင်ပေါက်ဟာ မျိုးနွယ်စု၏ တစ်ခုတည်းသော အဝင်အထွက် တံခါးပေါက်ဖြစ်ပြီး အော့ခ်တွေဟာ အမြဲတမ်းစောင့်ကြည့်နေကြသည်။
ယွီမုန့်ကိုတော့ သေချာပေါက် မြင်မိလောက်တယ်!
လင်းချီ ပင်မဝင်ပေါက်သို့ မရောက်ခင် ရင်းနှီးတဲ့ ပုံရိပ်တစ်ခုကို မြင်လိုက်သည်။
၎င်းမှာ ယွီမုန့် မဟုတ်ဘဲ မဟူရာဘုရင်ဖြစ်နေသည်။
မြေပြင်မှာ လှဲပြီး နေပူစာ လှုံနေခြင်းပင်။
လင်းချီဟာ လျှောက်လာပြီး မေးလိုက်သည်။
"မဟူရာဘုရင် မင်းဘာလုပ်နေတာလဲ"
မဟူရာဘုရင်က ပျင်းရိစွာ ပြောလိုက်သည် "မင်းကန်းနေလား ငါ နေပူစာလှုံနေတယ်လေ။ လဝက်လောက် ပင်လယ်ထဲမှာ မျောနေတော့ ငါ့ရဲ့ အမွှေးတွေက မှိုစော်နံနေပြီ။ နေပူစာလှုံတာ အရမ်းနေလို့ ကောင်းတာပဲ"
"မင်း ဒီမှာ အိပ်နေတာ ဘယ်လောက်ကြာပြီလဲ? လူသားမိန်းကလေးတစ်ယောက်ကို တွေ့မိသေးလား သူက အရမ်းလှတာလေ"
"မိန်းကလေး? ဘယ်မိန်းကလေးလဲ သူက မနေ့ညက မင်း အိမ်ထဲကို ပထမဆုံး ဝင်သွားတဲ့သူလား နောက်မှ ဝင်တဲ့သူလား"
မဟူရာဘုရင်ဟာ ခေါင်းကို မမော့ဘဲ ပြောလိုက်သည်။
"နောက်မှဝင်တဲ့ မိန်းကလေး… မကြာခင်ပဲ သူပြန်ထွက်သွားတယ်လေ"
"နေပါဦး မင်းက ဘယ်လိုသိတာလဲ" လင်းချီက အံ့ဩစွာ ပြောလိုက်သည်။
"ဟားဟား ဒီဘုရင် မသိတဲ့အရာဆိုလို့ ရှိမတဲ့လား?" မဟူရာဘုရင်က လှောင်ပြုံး ပြုံးပြီး ပြောလိုက်သည်။
လင်းချီဟာ ဆွံ့အသွား၏။
ဒီစောက်ခွေးက မနေ့ညက မြေကြီးမှာ အိပ်ပြီး ခိုးကြည့်နေခဲ့တယ်ပေါ့လေ။
ကံကောင်းတာက သူနဲ့ သူတော်စင် မိန်းမပျိုတို့ကြားမှာ ဘာမှ မဖြစ်ခဲ့တာပင်။ မဟုတ်ရင် ဒီသေချင်းဆိုးခွေးက အားလုံးကို မြင်သွားမှာ သေချာတယ်!
"အဲတော့ မင်း မြင်ခဲ့တယ်ပေါ့?"
"ငါ မမြင်ပါဘူး!"
"…မင်း ဘယ်ဟာကို ပြောနေတာလဲ"
"ငါ မမြင်ခဲ့တဲ့ဟာကို ပြောနေတာ"
သူက မဟူရာဘုရင်၏ ခေါင်းကို ရိုက်လိုက်ပြီး "ချောင်းကြည့်တယ်ပေါ့လေ ပေါက်ကရတွေ ပြောတယ်ပေါ့လေ ကြည့်ရတာတော့ ငါအခုတလော အရမ်းတွေ သဘောကောင်းမိသွားတယ် ထင်တယ်!"
မဟူရာဘုရင်ဟာ ဒေါသထွက်သွားခဲ့သည်။ "ကောင်လေး မင်း…"
"ပေါက်ကရတွေ တော်လိုက်တော့ ယွီမုန့်ကို ရှာဖို့ လိုက်ခဲ့" လင်းချီဟာ လှည့်ထွက်ကာ ထွက်ခွာသွားသည်။
သူ ထွက်သွားရမည်။ သူမသွားရင် နောက်ထပ် ခွေးကိုက်တာ ခံရလိမ့်မည်ပင်။
"ဘာလို့ ငါက မင်းနဲ့ လိုက်ရမှာလဲ? မင်း…"
လင်းချီဟာ စနစ်ထဲက မြင့်မြတ်ရောင်စင်ငါးကို ထုတ်လိုက်ပြီး မဟူရာဘုရင်ကို ပေးလိုက်သည်။
ပါးစပ်ကြီးက ဖွင့်လာပြီး မြင့်မြတ်ရောင်စဉ်ငါးကို တစ်လုပ်ထဲနဲ့ပင် မျိုချလိုက်လေသည်။ လေချဉ်ပင် တက်လိုက်သေး၏။
"လာပြီ လာပြီ!" မဟူရာဘုရင်ဟာ လင်းချီနောက်က လိုက်လာခဲ့လေသည်။
မဟူရာဘုရင်က ဒါဟာ မိတ်ဆွေဆိုသော ဆက်ဆံရေးကြောင့် လိုက်ခဲ့ခြင်းဟု သူ့ကိုယ့်သူ လက်ခံယုံကြည်လိုက်သည်။ ဒီအရသာရှိတဲ့ ငါးကြောင့် မဟုတ်ဘူး။ လုံးဝမဟုတ်ဘူး။ လုံးဝ လုံးဝ မဟုတ်ဘူး!
•••••••••