(ရှင်က ငကြောက်မလို့လေ)
Vol. 8 Ch. 83
လင်းချီနဲ့ ချန်းလင်ဟာ ဒါ ပထမဆုံးအကြိမ်ဆုံတွေ့ခြင်း မဟုတ်ပေ။ အလယ်အလတ်တန်းစား မှော်ဆရာတစ်ယောက်က ဒီလိုထောင်လွှားမှုမျိုးကို ဘယ်ကနေ ဘယ်လိုရလာလဲတော့ သူမသိပေ။ သူက သူ့ကိုယ်သူ အသန်မာဆုံး၊ သူ့စကားကို လူတိုင်း နားထောင်ရမယ်လို့ ထင်နေတာ။
ပိုပြီးဆိုးတာက ချန်းလင်ရဲ့ အကျင့်စရိုက်က မကောင်းတာပဲ အော့ခ်မျိုးနွယ်စုက သူတို့ကို လက်ခံခေါ်ယူထားတဲ့အထိ ကြင်နာတာတောင်မှ ဒီကောင်က သူ့လူတွေနဲ့အတူ ရိက္ခာတွေ ခိုးသွားတယ်တဲ့လေ
သူက တိရစ္ဆာန်ထက်တောင် ဆိုးသေးတယ်!
လင်းချီမှာ အမြဲတမ်း သူ့ကိုယ်ပိုင်စည်းမျဉ်းနှစ်ခုကို လိုက်နာခဲ့သည်။
ပထမတစ်ချက်က လူတစ်ယောက်ဟာ အသိစိတ်ရှိရမည်။ လူတစ်ဦးတစ်ယောက်က အမှားကိုကျူးလွန်နိုင်ပေမယ့် သူက အဲ့အမှားကို ဝန်ကို ဝန်ခံရမယ် ဝန်ခံပြီးရင် အပြစ်ပေးခံရမယ်။
ဒုတိယတစ်ချက်ကတော့ အရူးတွေက သေသင့်တယ်။
ချန်းလင်ဟာ သူ့ရဲ့ သည်းခံနိုင်မှုကို အကြိမ်ကြိမ် စိန်ခေါ်နေသည်။ ဒီတစ်ကြိမ်တော့ သူဟာ ယွီမုန့်ကို ပြန်ပေးဆွဲခဲ့သည်။ လင်းချီဟာ လုံးဝ စိတ်တိုသွားခဲ့ပြီဖြစ်၏။
လင်းချီဟာ ချန်းလင်၏ မောက်မာဝင့်ကြွားလှသော အပြုံးကို ကြည့်လိုက်ကာ သူ့နှလုံးထဲမှာ မီးတောက်လာသည်။
"မဟူရာဘုရင်!" လို့ သူအော်လိုက်သည်။
မဟူရာဘုရင်ဟာ လင်းချီ၏ အနောက်ဘက် အရိပ်ထဲကနေ ရုတ်တရက် ထွက်လာခဲ့သည်။
ချန်လင် ဘာမှ မလုပ်နိုင်ခင်မှာပဲ သူဟာ ချန်လင်ကို အဝေးသို့ ကန်ထုတ်လိုက်သည်။
သူတို့ရှေ့က မြင်ကွင်းကြောင့် တခြားလူတွေဟာ အံ့ဩသွားခဲ့သည်။ သူတို့ဟာ သူတို့ရဲ့ လက်နက်တွေကို အမြန် ကိုင်ယူလိုက်ပြီး သူတို့ထဲက တချို့ဟာ မဟူရာဘုရင်ကို သိနေသည်။
"ဒါ အဲ့ဒီတုန်းက ခွေးမလား" သူတို့ဟာ တအံ့တဩနဲ့ ပြောလာကြသည်။
မဟူရာဘုရင်ဟာ လှောင်ရယ်လိုက်ပြီး ပြောလိုက်သည်။
"အာ မင်းတို့ပဲကိုး အဲနေ့ကလည်း ငါ့ကို လိုက်ဖမ်းရလို့ ပျော်နေတာမလား ငါ့ကိုတောင် ရိုက်ရဲသေးတယ်လေ"
"မင်း…မင်းက စကားပြောတတ်တယ်ပေါ့!"သူတို့ဟာ အံ့ဩနေခဲ့သည်။
ကန်ထုတ်ခံလိုက်ရသည့် ဖရိုဖရဲအခြေအနေတွင်ကျရောက်နေသော ချန်းလင်သည်လည်း ဘေးနားက လူအကူအညီနဲ့ ပြန်ထလာပြီး တခြားသူတွေရဲ့ လက်ကို ဖယ်ထုတ်ပစ်လိုက်သည်။
"စောက်ခွေး ငါ့ကို ကန်ရဲတယ်ပေါ့ ငါမင်းကို သတ်ပစ်မယ်!"
မဟူရာဘုရင်က ချန်းလင်ရဲ့ မျက်နှာကို တမင်သက်သက် ကန်ခဲ့တာလား မတော်တဆလားဆိုလားဆိုတာ သူတို့မသိပေ။ သို့ပေမဲ့ မဟူရာဘုရင်၏ ခြေဖဝါးဟာ ကြီးတာကြောင့် ချန်းလင်၏မျက်နှာပေါ်တွင် ကြီးမားသော အမည်းရောင်အမှတ်ကြီးကို ချန်ရစ်ထားခဲ့လေသည်။ ၎င်းကား ခွေးနက်ကြီး၏ ခြေဖဝါး အမှတ်ပင်ဖြစ်၏။
ချန်လင်ဟာ မဟူရာဘုရင်နှင့် လင်းချီကို သူ့ရဲ့ မီးလုံးတွေနဲ့ ပစ်ဖို့ ချိန်လိုက်သည်။ သို့သော် သူဘေးနားက နောက်လိုက်ဟာ သူ့ကို မပစ်ဖို့အတွက် တားလာ၏။
"သတိထား အဲ့ခွေးက မှတ်တမ်းမဲ့မိစ္ဆာသားရဲပဲ သူက မီးမှုတ်နိုင်တယ်!"
ချန်းလင်ဟာ သံသယဖြစ်စွာနဲ့ မေးလိုက်သည်။
"မှတ်တမ်းမဲ့မိစ္ဆာသားရဲဆိုတာ ဘာလဲ?"
အဲ့လူက ချန်းလင်ကို စတင်၍ ရှင်းပြလေသည်။
ချန်းလင်ဟာ ဒါကို ကြားပြီးတော့ ပို၍ပင် စိတ်ဝင်စားသွားပြီး "ဒါက ကြယ်ခုနစ်ပွင့် နတ်ဆိုးသားရဲနဲ့တောင် ယှဥ်လို့ရတယ် ဒါပေမဲ့ သူ့မှာ ကြယ်ခုနစ်ပွင့်သားရဲနဲ့ ဆိုင်တဲ့ခွန်အားမျိုးတော့မရှိဘူး ဒါ့ကြောင့် သူကအရမ်းတန်ဖိုးရှိတယ် ဟုတ်လား?"
ထို့နောက် သူစတင်ရယ်မောလိုက်သည်။
သူတို့က အဝေးကြီးမှာ ရှိပြီး အသံတိုးတိုးနဲ့ ပြောနေကြခြင်းဖြစ်တာကြောင့် လင်းချီနှင့် မဟူရာဘုရင်မှာ သူတို့ ဘာပြောနေကြမှန်း မကြားရပေ။ ထို့ကြောင့် ခွေးနက်ကြီးမှာ ချန်းလင်၏ အကြည့်ကြောင့် လန့်
သွားခဲ့သည်။
လင်းချီအား တိုးတိုးလေးကပ်ပြောလိုက်၏။ "သူ့မှာ ဟို.. ဝါသနာအဆန်းတွေ ဘာတွေများ ရှိလား?"
လင်းချီဟာ ထိုနောက်လိုက်ကို မှတ်မိနေဆဲပင်။ ထိုနေ့က ခွေးနက်ကြီးဟာ မှတ်တမ်းမဲ့မိစ္ဆာသားရဲဆိုတာကို ပထမဆုံး မှတ်မိတဲ့ တစ်ယောက်ပဲ
"ဖြစ်နိုင်တာပဲ…ငါ ကောလဟလတချို့ပဲ ကြားဖူးတာ ဒါပေမဲ့ အဲ့တာတွေက အမှန်ဖြစ်မယ်လို့တော့ မထင်မိခဲ့ဘူး" ထိုကဲ့သို့ပြောပြီး လင်းချီမှာ သူမသိသော အရာတစ်ခုကို သိလိုက်ရသကဲ့သို့ စုတ်သပ်မိသွားသည်။
သူ ဘာမှ မရှင်းပြရန် မလိုအပ်ပေ။ ဒီအခြေအနေမှာဆို မဟူရာဘုရင်ဒေါသပိုထွက်လေ၊ သူတို့အတွက် ပိုအခြေအနေဆိုးလေပဲ..
မဟူရာဘုရင်ဟာ လင်းချီရဲ့ စကားကို ကြားလိုက်ရပြီး သူဟာ ပို၍ နားလည်သဘောပေါက်သွားခဲ့သည်။
မဟူရာဘုရင်ဟာ မာန်ဖီပြီး ချန်းလင်ကိုကြည့်လိုက်ကာ
"ဟိုစောက်ကလေး…ဒီဘုရင်က အထီးကွ!"
မဟူရာဘုရင်၏ ရုတ်တရက် ဝန်ခံချက်ကြောင့် ချန်းလင်နှင့် တခြားသူတွေဟာ ဆွံ့အသွားကြသည် ။
"ဘာ? အထီး? အဲ့တာက ဘာနဲ့ ဘယ်လိုသက်ဆိုင်လို့လဲ?"
"မသိဘူးလေ လူစကားပြောနိုင်တဲ့ နတ်ဆိုးသားရဲကို ငါမှ အရင်က တစ်ခါမှ မတွေ့ဖူးတာ"
"အာ ငါနားလည်ပြီ" အဲ့အချိန်မှာပင် တစ်ယောက်ယောက်က ထပြောလာသည်။ "သူ ငါတို့ကိုများ ခွေးမလေးတွေ သွားရှာခိုင်းစေချင်တာများလား?"
ခွေးမတွေ?
သို့ပေမဲ့လည်း ဘယ်သူမှ အခြားဖြစ်နိုင်သော
ဖြေရှင်းချက်ကို ရှာမတွေ့ချေ။
ချန်းလင်ဟာ တခဏလောက် စဉ်းစားပြီး မဟူရာဘုရင်ကို ပြောလိုက်သည်။
"မင်း လင်းချီကို စွန့်ပစ်ပြီး ငါ့နောက်ကိုလိုက်ရင် အနာဂတ်မှာ ငါမင်းလိုချင်သလောက် ခွေးမလေးတွေ ပေးမယ်လေ မင်းအလိုရှိတဲ့အချိန်တိုင်းပေါ့"
"......." မဟူရာဘုရင်ဟာ ဇဝေဇဝါဖြစ်လွန်းလို့ ဆွံ့အစွာရပ်နေမိဆဲဖြစ်သည်။
သူ့ရဲ့ ခေါင်းကို လင်းချီဘက် လှည့်လိုက်ပြီး "သူ…ငါ့ကို စော်ကားနေတာလား?"
"ခွေးမ" ဆိုတဲ့ စကားလုံးကို လင်းချီကြားလိုက်ရချိန် သေချာရှင်းပြလို့မရအောင် အထင်လွဲနေပြီဆိုတာ သူသိသွား၏။ ဒီအခြေအနေမှာသာ မဟုတ်ရင် သူ ကြမ်းပေါ်လှိမ့်ပြီး ရယ်နေလောက်ပြီ။
အဲ့တာတောင် လင်းချီမှာ ရယ်ချင်တာကို ထိန်းထားရတာကြောင့် တစ်ကိုယ်လုံးတုန်ရီနေလေသည်။
"သံသယဖြစ်မနေနဲ့ သူက မင်းကို သေချာပေါက်စော်ကားနေတာ!" လင်းချီဟာ မဟူရာဘုရင်ကို ကြည့်လိုက်ပြီး အသေအချာကို ပြောလိုက်သည်။
အမှောင်ဘုရင်ဟာ ပေါက်ကွဲနိုင်လောက်တဲ့အထိ ဒေါကန်နေပြီဖြစ်၏။
သူ့ရဲ့ ကြွက်သားတွေဟာ ဖောင်းထွက်လာကာ ခန္ဓာကိုယ်ကလည်း သုံးဆလောက်ကြီးလာသည်။ မျက်လုံးများဟာလည်း နီရဲလာသည်။
ချန်းလင်နဲ့ တခြားသူတွေပင်မဟုတ်ဘဲ လင်းချီပင် လန့်သွားသည်။ သူ တကယ်ပဲ ဒေါသထွက်သွားတာလား? သည်းခံနိုင်စွမ်းကုန်ဆုံးသွားပြီထင်တယ်...
'ကြည့်ရတာ…ငါလုပ်လိုက်တာ များသွားတဲ့ပုံပဲ?'
မဟူရာဘုရင်ဟာ နဂါးတွေကို တိုက်ခိုက်တဲ့အချိန်တုန်းက သုံးခဲ့တဲ့ အန္တိမတိုက်ကွက်ကို ထုတ်သုံးလိုက်ခြင်းပင်။
ချန်းလင် ဒီအခြေအနေနှင့် မဟူရာဘုရင်ကို တွေ့
လိုက်ရပြီး နောက်ဆုံးတော့ သူမှားသွားပြီ ဆိုတာကို သဘောပေါက်သွားသည်။ သို့ပေမဲ့ အရမ်းနောက်ကျသွားခဲ့ပြီ။ သူ အမြန်ဆုံးနှုန်းနဲ့ လက်ထဲက မှော်တုတ်တံကို မြောက်ကာ မဟူရာဘုရင်ကို ချိန်ရွယ်လိုက်သည်။
သူ့ရဲ့ မျက်လုံးတွေဟာ အနီရောင်ကြာပန်းမီးတောက်လို ဖြစ်နေပြီး အော်ဟစ်လိုက်သည်။ "အလယ်အလတ်အဆင့် မီးလုံး!"
ကြီးမားတဲ့ မီးလုံးကြီးဟာ မဟူရာဘုရင်ဆီကို လွှင့်လာခဲ့သည်။
ချန်းလင်ရဲ့ ဘေးနားက လူဟာ တားချင်ပေမဲ့ နောက်ကျသွားပြီပင်။ "မလုပ်နဲ့ သူ မီးကို သုံးနိုင်…"
မဟူရာဘုရင်ဟာ အသက်ပြင်းပြင်းရှူပြီး သူ့ရဲ့ ပါးစပ်ကို ဖွင့်လိုက်သည်။
ပိုကြီးမားတဲ့ မီးလုံးကြီး ထွက်လာသည်။ ၎င်း၏ တောက်လောင်နေသော အပူဟာ အလယ်အလတ်အဆင့်မီးလုံးမန္တန်ကို အလွယ်လေးပင် ဖြိုခွဲလိုက်သည်။
ချန်းလင်သည် သူ့ရဲ့ အသန်မာဆုံးမှော်မန္တန်မှာ အလွယ်တကူပဲ ပျောက်သွားတာကို တွေ့လိုက်ရတော့ သူ့ဘေးနားက လူကို ကြည့်လိုက်ပြီး "ဒါက မင်းပြောတဲ့ စွမ်းအားမရှိဘူးဆိုတာလား"
"အမြန် ဘယ်မှာလဲ ရေခဲမှော်ဆရာတွေရော?"
ရေခဲမှော်ဆရာ ငါးယောက်မှာ တုန်တုန်ယင်ယင်နဲ့ ထွက်လာပြီး တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ လက်နက်တွေကို ဝေ့ယမ်းလိုက်သည်။ "အခြေခံ…အခြေခံအဆင့် ရေခဲနံရံ"
ရေခဲနံရံငါးထပ်ဟာ လေထဲကနေ ရုတ်တရက်ပေါ်လာပြီး တိုးဝင်လာသော မီးလုံးကြီးကို ပိတ်ဆို့လိုက်သည်။
မဟူရာဘုရင်ဟာ လှောင်ရယ်လိုက်ပြီး "ဒါပဲလား? ပေါက်ကွဲစမ်း!"
မီးလုံးကြီးဟာ ပေါက်ကွဲသွားပြီး ရေခဲနံရံ ငါးထပ်ကလည်း အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည်။
ရေခဲနံရံနောက်မှာရှိတဲ့ လူတွေဟာလည်း ပေါက်ကွဲအားကြောင့် အဝေးကို လွှင့်ထွက်ကုန်သည်။
အချိန်ခဏကြာတော့ လင်းချီနဲ့ ယွီမုန့်ကလွဲလို့ ဘယ်သူမှ ဂူထဲမှာ မတ်တပ်ရပ်နေတဲ့သူမရှိတော့ပေ။
လင်းချီဟာ မီးကျွမ်းနေတဲ့ မြေပြင်ပေါ်မှာ လမ်းလျှောက်လာပြီး ချန်းလင်ရှေ့တွင် ရပ်လိုက်ကာ သူ့ကို ငုံ့ကြည့်လိုက်သည်။
"ဒါက ငါ မင်းအသက်ကို သက်ညှာပေးတာ နောက်ဆုံးအကြိမ်ပဲ နောက်ထပ်တစ်ခေါက် အနာဂတ်မှာ ပိုဆိုးတာတွေ လုပ်ခဲ့ရင် ငါမင်းကို သေချာပေါက် သတ်ပေးမယ်"
မီးစွမ်းအားသုံးတဲ့သူတစ်ယောက်အနေနဲ့ ချန်လင်းဟာ သာမန်သူတွေထက် မီးကို ပိုခံနိုင်ရည်ရှိသည်။
သို့ပေမဲ့လည်း သူရဲ့အဝတ်တွေဟာ ပြာကျသွားပြီး ဆံပင်တွေကလည်း မီးလောင်နေကာ သူ့ရဲ့ မျက်နှာကလည်း မီးအပူရှိန်ကြောင့်နီရဲနေသည်။ မီးလောင်
ထားသော နေရာတွေသည်လည်း တဆစ်ဆစ်နာကျင်နေသည်။
သူဟာ ဘာမှ မပြောနိုင်ဘဲ လင်းချီ ထွက်သွားတာကိုသာ ကြည့်နေနိုင်တော့သည်။
"လင်းချီ ငါမင်းကို ခွင့်မလွှတ်ဘူး!"
...
လင်းချီနဲ့ ယွီမုန့်ဟာ အရှေ့ကနေ လျှောက်ပြီး မဟူရာဘုရင်ဟာ အနောက်ကနေ ဖြေးဖြေးလေးလျှောက်၍ လိုက်လာခဲ့သည်။ ယခုအချိန်တွင် ခွေးနက်ကြီးမှာ သူ့ရဲ့ ပုံမှန်အရွယ်အစားကို ပြန်ရောက်သွားပြီဖြစ်၏။
လေထုက နည်းနည်းတော့ ထူးဆန်းနေသည်။
အဆုံးသတ်ကြတော့ လင်းချီဟာ တိတ်ဆိတ်မှုကို စတင် ဖြိုခွဲလိုက်ပြီး "အဟမ်း အဲအကြောင်းကလေ မနေ့ညက…"
သူ မပြီးခင်မှာပင် ယွီမုန့်ဟာ ကြားဖြတ်ပြောလိုက်
သည်။ "မနေ့ညက အကြောင်း မပြောတော့နဲ့ ကျွန်မ စိတ်လောသွားတယ် ပြီးတော့…ကျွန်မ ရှင့်ကို ယုံပါတယ်"
လင်းချီဟာ အံ့ဩသွားပြီး "တကယ်လား မင်းကိုယ့်ကို စိတ်မဆိုးဘူးဆို ပြီးတာပါပဲ"
ခဏကြာပြီးနောက် သူတို့ မျိုးနွယ်စုကိုပင် မြင်နေရပြီ။
လင်းချီဟာ ရုတ်တရက် ယွီမုန့်ကို မေးလိုက်သည်။ "အဲ့တာကလေ…ဘာလို့ မင်းငါ့ကို အရမ်း ယုံရတာလဲ?"
ဒီမေးခွန်းက ဈေးပေါသလို ဖြစ်နေပေမဲ့ လင်းချီဟာ ယွီမုန့်က သူ့ကို ကြိုက်လားဆိုတာ အတည်ပြုချင်သည်။
သူ့ရဲ့ နှလုံးသားထဲမှာ ဖြစ်နိုင်ချေရှိတဲ့ အဖြေတွေကို တွေးကြည့်နေမိသည်။ ယွီမုန့် ဘာပြောပြော ကိစ္စမရှိဘူး ယွီမုန့်ရဲ့ ခံစားချက်ကို သူသေချာသိချင်ရုံသာ။
သို့သော်လည်း ယွီမုန့်ဟာ သူ့ကို အံ့သြဖို့ကောင်းသည့် အဖြေတစ်ခု ပြန်ပေးခဲ့သည်။
"ဘာလို့ဆို ရှင်က ငကြောက်မလို့လေ"
လင်းချီဟာ ခဏလောက် ဆွံ့အသွားသည်။ ယွီမုန့်ဟာ သူ့ရဲ့ အမူအရာကို မြင်တော့ ပျော်ရွှင်စွာ ရယ်မောနေခဲ့သည်။ သူမက ကြောင်အနေသော သူ့ကို ထားခဲ့ကာ မျိုးနွယ်စုဆီကို ပြန်သွားခဲ့၏။
•••••••••