← Chapters

(မျိုးနွယ်စု တစ်ခုလုံး နေရာပြောင်းရွေ့ကြခြင်း)

Vol. 8 Ch. 84

(မျိုးနွယ်စု တစ်ခုလုံး နေရာပြောင်းရွေ့ကြခြင်း)

Vol. 8 Ch. 84

မဟူရာဘုရင်က အေးစက်စက်အပြုံးနဲ့ လျှောက်သွားပြီး "အရူးကောင်!"

အော့ခ်မျိုးနွယ်စုဟာ သူတို့ ပိုင်ဆိုင်မှုတွေကို ထုပ်ပိုးနေတာနဲ့ပဲ အလုပ်များနေကြသည်။ ဤနေရာတွင်က သူတို့၏ ဘိုးဘေးစဉ်ဆက်နေထိုင်ခဲ့ကြသည်ဖြစ်၍ ထုပ်ပိုးစရာတွေက အတော်များသည်။

မျိုးနွယ်စု တစ်ခုလုံးမှာ လူနှစ်ယောက်သာလျှင် အား

နေ၏။ တစ်ယောက်က ဘုန်းတော်ကြီး ဖြစ်သည်။ သူက အသက်ကြီးနေပြီဖြစ်ပြီး ခြေလက်အရိုးအဆစ်များက သိပ်မကောင်းတော့ပေ။ ပြီးတော့လည်း သူ့တွင် မြင့်မားသော အဆင့်အတန်းရှိတာကြောင့် သူလုပ်စရာမလိုတာက သဘာဝကျသည်။

တခြားတစ်ယောက်က လင်းချီ ဖြစ်သည်။ မျိုးနွယ်စုရဲ့ သူရဲကောင်းဖြစ်တာကြောင့် ဘယ်သူမှလည်း သူ့ကို အလေလိုက်နေလို့ဆိုပြီး အပြစ်တင်ကြမှာ မဟုတ်ပေ။

လင်းချီကိုယ်တိုင်ကလည်း အလိုလိုက်ခံရတာကို နှစ်သက်သူမဟုတ်ပေ။ အကြောင်းမှာ သူ ပြသနာတစ်ခုကို တွေးတောနေရသောကြောင့်ဖြစ်၏။

မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို 'ရှင်က ငကြောက်' လို့ ပြောတယ်ဆို သူမ သူ့ကို ချစ်တာလား မချစ်တာလား?

ဒါက ရာစုနှစ်ရဲ့ ပဟေဠိတွေပဲ

..

အော့ခ်မျိုးနွယ်တို့မှာ အလုပ်လုပ်တာ မြန်ဆန်သည်။ သုံးရက်ထဲနဲ့တင် အားလုံးအဆင်သင့်ဖြစ်နေခဲ့ပြီ။

ထိုနေ့တွင် အော့ခ်တွေ အကုန်လုံး ရင်ပြင်တွေ စုစည်းကြသည်။ သူတို့ရဲ့ ရှေ့တွင် ကြီးမားတဲ့ လေးထောင့်ပုံကျောက်တုံးစင်မြင့်ရှိနေသည်။

ကျောက်တုံးစင်မြင့်ပေါ်တွင် ဘုန်းတော်ကြီးတစ်ပါးက ရပ်နေပြီး လင်းချီဟာ ဘုန်းတော်ကြီးအား တွဲထိန်းပေးရင်း ဘေးမှာ ရပ်နေသည်။

ဘုန်းတော်ကြီးဟာ လည်ချောင်းရှင်းလိုက်ပြီး "အော့ခ်မျိုးနွယ်စုဝင် မျိုးနွယ်သားတို့ ငါတို့တွေ အက်စစ်မိုးနဲ့ နတ်ဆိုးသားရဲတွေ ရန်ကနေ ရုန်းကန်ရတာ အတော်ကြာမြင့်ခဲ့ပြီ။ အစာရေစာရှားတာကြောင့် ငါတို့မှာ တခါတလေ စားဖို့တောင် မရှိဘူး အခုတော့ ငါတို့ရဲ့ ကယ်တင်ရှင် လင်းချီဟာ ငါတို့ကို သုခဘုံဆီခေါ်သွားပေးလိမ့်မယ် အဲ့ဒီမှာ မိစ္ဆာသားရဲတွေ တိုက်ခိုက်တာ မရှိတော့ဘူး အက်စစ်မိုးလည်း မရှိတော့ဘူး ငါတို့ အဲ့မှာ နေလို့ရကြပြီး ငါတို့ ဘဝသစ်စလို့ ရပြီ!"

ဘုန်းတော်ကြီးဟာ သူ့လက်တွေကို မြှောက်လိုက်ပြီး အောက်က အော့ခ်တွေကလည်း လှပသည့် အနာဂတ်ကို ကြိုဆိုရန် အဆင်သင့်ဖြစ်နေသည့်အလား အောင်ပွဲခံနေကြသည်။

ခေတ္တကြာတော့ ဘုန်းတော်ကြီးဟာ လေထဲတွင် လက်ကို ဖိချလိုက်တော့ အော့ခ်တွေဟာလည်း စကားပြောနေတာတွေ ရပ်တန့်သွားခဲ့သည် ။

"ငါတို့နှစ်ပေါင်းများစွာနေထိုင်ခဲ့ကြတဲ့ ကုန်းမြေပေါ်ကနေ ထွက်သွားပြီး မက်မွန်ပွင့်ကျွန်းဆီပြောင်းရွှေ့နေထိုင်ကြတော့မယ်ဆိုပေမယ့် ငါတို့က အမြဲတမ်း ရဲရင့်တဲ့ အော့ခ်တွေပဲ! မျိုးနွယ်စုအတွက်!"

အော့ခ်အားလုံးဟာ သူတို့ရဲ့ ညာဘက်လက်တွေကို မြှောက်လိုက်ပြီး "မျိုးနွယ်စုအတွက်!"

"မျိုးနွယ်စု အတွက်!"

ဘုန်းတော်ကြီးဟာ သူရဲ့ တုတ်ကောက်ကို မြှောက်လိုက်ပြီး အရှေ့ကို ညွှန်ပြကာ "ရှေ့ဆက်ကြမယ်!"

အော့ခ်တွေဟာ သူတို့ရဲ့ အိတ်တွေ လက်နက်တွေကို သယ်ပြီး မနက်ခင်းနေရောင်အောက်တွင် သူတို့ရဲ့ ဘဝသစ်ဆီသို့ စတင်ထွက်ခွာခဲ့ကြသည်။

..

အော့ခ်တွေဟာ နှေးကွေးစွာ ရှေ့ဆက်နေကြသည်။ သူတို့က မျိုးနွယ်စုထဲရှိ သက်ကြီးရွယ်အိုနှင့် ကလေးများကို အဓိက စောင့်ရှောက်သည်။

အုပ်စု၏ အလယ်တွင်က ကြီးမားသောသစ်သားဝေါယာဥ်ကြီးဖြစ်၏။ အထဲတွင်တော့ ဘုန်းတော်ကြီး၊ သူတော်စင်မိန်းမပျို နှင့် လင်းချီတို့ထိုင်နေကြသည်။

ဘုန်းတော်ကြီးမှာ အခမ်းအနားပြီးချိန်တွင် အနားယူနေခဲ့သော်လည်း လင်းချီနဲ့ သူတော်စင်မိန်းမပျိုကြားက လေထုမှာ ကသိကအောက်ဖြစ်နေသည်။

အဲ့နေ့ပြီးနောက် လင်းချီ သူမကို တွေ့လိုက်တဲ့အချိန်တိုင်း အဲ့နေ့ညရဲ့ စွဲမက်ဖွယ်ကောင်းတဲ့ အကြောင်းတွေကို ပြန်တွေးမိနေသည်။

သူ့ရဲ့ စိတ်ထဲတွင် ဖြူဖွေးတဲ့ အသားအရေနှင့် ၎င်းအားထိတွေ့လိုက်ရသည့် နူးညံ့ညံ့အထိအတွေ့တို့မှာ ရံဖန်ရံခါပေါ်လာတတ်သည်။

အချိန်တိုင်း ထိုအတွေးတို့ဝင်လာတိုင်း သူ့ကိုယ်သူ တည်ငြိမ်အောင်မထိန်းနိုင်ပေ။

သူတော်စင်မိန်းမပျိုဟာ ထိုအဖြစ်အပျက်ကြောင့် ရှက်ရွံ့နေပုံပေါ်သည်။

ဒီအချိန်တွင်တောင် လင်းချီမှာ သူ့ခြေထောက်တွေကို ချိတ်ထားပြီး သူတတ်နိုင်သမျှ အောက်ကို ငုံ့ထားရသည်။ သူတော်စင်မိန်းမပျိုသည်လည်း နီရဲသောမျက်နှာဖြင့် သူမရဲ့ ခေါင်းကို ငုံ့ထားပြီး လင်းချီရဲ့ ဝမ်းဗိုက်အောက်ပိုင်းကို လှမ်းလှမ်းကြည့်နေမိသည်။

လင်းချီဟာ လေထုက ပိုပို ပူလာတယ်လို့ ခံစားလာရသည်။ သူဟာ သူတော်စင်မိန်းမပျို၏ ဖြူဖွေးသွယ်လျသော ခြေတံမှ ပေါ်နေသော အစိတ်အပိုင်းကို ကြည့်နေရင်း တံထွေးမျိုချမိလိုက်သည်။

ဒီအခြေအနေကနေ ရုန်းထွက်ဖို့ အတွက် သူဟာ အ

မြန်ပင် လေကောင်းလေသန့်ရရန် အပြင်သို့ ထွက်လာခဲ့သည်။

သူဟာ ဝေါယာဉ်ထဲကနေ ခုန်ထွက်လိုက်ပြီး အနားတစ်ဝိုက်ကို ကြည့်လိုက်သည်။

ယွီမုန့်နှင့် လူသာရှိနေသောနေရာကို လင်းချီ ရှာတွေ့သွားတော့ သူတို့ရှိရာဆီ အမြန်လျှောက်လာလေသည်။ သူတို့ကို နှုတ်ဆက်မလို့ ကြံလိုက်ရုံရှိသေးချိန် ယွီမုန့်က သူ့ကို မမြင်ချင်ယောင်ဆောင်ပြီး ထွက်သွားသည်။

လူသာက လင်းချီ၏ ပုခုံးကို တိုက်လိုက်ပြီး "မင်း သူ့ကို ဘာသွားရန်စထားပြန်ပြီလဲ?"

လင်းချီဟာ ပုခုံးတွန့်လိုက်ပြီး "မသိဘူးလေ!"

သူတော်စင်မိန်းမပျိုကြောင့်ပဲဖြစ်ရမယ်လို့ သူထင်နေမိသည်။ သူနဲ့ သူတော်စင်မိန်းမပျို က အခုလေးတင် တူညီသော ဝေါယာဉ်ကို အသုံးပြုခဲ့ကြခြင်း ဖြစ်သည်။ ထိုနေရာတွင် ဘုန်းတော်ကြီးလည်း ရှိနေတာတောင် သူမက စိတ်မပျော်မရွှင်ဖြစ်နေဆဲဖြစ်သည်။

ဤသို့ဖြင့် အချို့က သဝန်တိုကာ အချို့မှာကျ ရှက်ရွံ့နေကြပြီး အချို့သည်က ခက်ခဲသော အခြေအနေတွင် နှစ်ရက်လုံးလုံးရုန်းကန်လိုက်ရသည်။ တချို့ကတော့ ပွဲကြည့်နေကြသည်လေ ပြီးတော့ တချို့... အမ်း တချို့ခွေးတွေကျတော့လည်း အရသာရှိတဲ့ အစားအစာတွေကိုချည်း နင်းကန်ထိုးသွပ်နေသည်လေ။

နှစ်ရက်ကြာတော့ နောက်ဆုံးတော့ သူတို့ ကမ်းခြေကို ရောက်လာကြပြီ။ ထိုကမ်းခြေဟာ လင်းချီနဲ့ မဟူရာဘုရင်တို့ ကုန်းပေါ်ကို ရောက်လာတုန်းက ကမ်းခြေဖြစ်ပြီး သစ်ဖောင်ဟာလည်း အခုထိရှိနေဆဲဖြစ်၏။

လင်းချီဟာ အော့ခ်တွေကို ဖောင်လုပ်နည်းကို ရှင်းပြနေခဲ့သည်။ "အဖွဲ့ ငါးဖွဲ့ခွဲပြီး သစ်ဖောင်တွေ ပြင်ဆင်ကြဖို့ အကြံပေးချင်တယ်"

အော့ခ်တွေဟာ သန်မာတယ် ငါးယောက်ဆို သူတို့ တစ်ယောက်ကို တစ်ယောက် ဂရုစိုက်နိုင်ကြသည်။

"ကျုပ်တို့ သစ်သားတွေ အများကြီး လိုတယ် သစ်သားဟာ တတ်နိုင်သမျှ ထူပြီး မာရမယ် သစ်သားတွေကို တွဲချည်ဖို့ နွယ်ပင်တွေလည်း လိုတယ် ဒါကြောင့် ခိုင်ခံ့တဲ့ ကြိုးတွေကို အသုံးပြုဖို့လည်း လိုတယ်"

လင်းချီဟာ အော့ခ်တွေ လုပ်သော ဖောင်က သုံးလို့မရမှာကို စိုးရိမ်နေသည်။ ဒါကြောင့် သူဟာ အရှင်းလင်းဆုံး ရှင်းပြနိုင်ဖို့ ကြိုးစားခဲ့သည်။

သူဟာ လက်ခုပ်တီးလိုက်ပြီး "စလိုက်ရအောင်"

လင်းချီ၏ ညွှန်ကြားချက်နဲ့ အော့ခ်တွေဟာ သူတို့ရဲ့ အိတ်တွေကို မြေပြင်မှာ ချပြီး ပုဆိန်တွေကို ဆွဲကိုင်ကာ တောထဲက သစ်ပင်တွေကို စတင်ခုတ်ကြလေသည်။

လင်းချီကတော့ သူတို့ ယခင်ကလုပ်ထားတဲ့ ဖောင်ကိုသာ အသုံးပြုဖို့ စီစဉ်ထားလေသည်။ ၎င်းဖောင်ဟာ နောက်ထပ် လူသုံးယောက် တက်နိုင်လောက်အောင်အထိ လုံလုံလောက်လောက်ကြီးနေဆဲဖြစ်၏။

သူဟာ တောအုပ်ထဲတွင် ဟိုဟိုဒီဒီဖြတ်သန်းသွားရင်း အော့ခ်များကို သစ်သားတွေ ဖြတ်ဖို့ ညွှန်ကြားနေသည်။

"တတ်နိုင်သမျှ ချောမွေ့နေအောင် ဖြတ်နော် ပြီးတော့ အရှည်ကလည်း တူရမယ် ဟင်းး….ဒီအပင်က ကောက်နေတယ်လေ ဘာလို့ အဲ့တာကို ရွေးတာလဲ? အားလုံးပဲ ကျုပ်ထပ်ပြောမယ်နော် ဖြောင့်နေတဲ့ သစ်သားမှ ရမှာ!"

လင်းချီဟာ ကလေးထိန်းလို လုပ်နေပြီး အော့ခ်တွေကို အချိန်ပြည့် ညွှန်ကြားနေသည်။

အမျိုးသမီးတစ်ယောက်အနေနဲ့ ယွီမုန့်ဟာ သစ်ပင်ခုတ်တဲ့ အလုပ်တွေမှာ မပါဝင်ပေ။ ထို့ကြောင့် သူမဟာ ထိုင်ချပြီး လင်းချီ ပြေးလွှားနေတာကိုသာ ကြည့်နေခဲ့သည်။

သူမမျက်နှာပေါ်တွင် အပြုံးတစ်ခု ဘယ်အချိန်က ပေါ်ပေါက်လာမှန်း သူမကိုယ်တိုင်တောင် သတိမထားမိပေ။

"မင်း သူ့ကို ကြိုက်နေတာပဲ" ယွီမုန့်ရဲ့ နားရွက်နားကနေ အသံတစ်ခု ရုတ်တရက်ထွက်လာသည်။

ယွီမုန့် လန့်ဖြန့်သွားသည်။ သူမ လှည့်လိုက်တဲ့ အချိန်မှာ သူတော်စင်မိန်းမပျိုကို တွေ့လိုက်ရတော့ သူမရဲ့ အမူအရာတွေဟာ အေးစက်သွားသည်။ "ရှင် အထင်လွဲနေပြီ ကျွန်မ မကြိုက်ပါဘူး"

သူတော်စင်မိန်းမပျိုက ယွီမုန့်၏ ဘေးမှာ ထိုင်လိုက်သည်။ ယွီမုန့်မှာ နဂိုက ရှောင်ပြေးပုန်းကွယ်ချင်ပေမယ့် သူတော်စင်မိန်းမပျို၏ ကိုယ်ပေါ်မှရသော အမွှေးနံ့သင်းသင်းလေးကြောင့် သက်တောင့်သက်သာဖြစ်လာခဲ့သည်။ အဆုံး၌ ယွီမုန့်ဟာ အဲ့မှာပဲ ဆက်ထိုင်နေခဲ့သည်။

"အဲ့ဒီအရူးကောင် လင်းချီက မပြောနိုင်ဘူးဆိုပေမယ့် ငါတို့နှစ်ယောက်လုံးက မိန်းမသားတွေပဲဆိုတော့ ငါ အဲ့လောက်တော့ မြင်နိုင်ပါသေးတယ်" သူတော်စင်မိန်းမပျိုက ယွီမုန့်ကို ဘေးကနေကြည့်လိုက်ပြီး "မင်းသိလား မင်းကို အရမ်း မနာလိုဖြစ်တာပဲ"

"မနာလိုတယ်?"

"ဟုတ်တယ် ငါက သူတော်စင် မိန်းမပျို အဖြစ် မွေးလာတာ ငါက စိတ်ရှိတိုင်း ချစ်ကြိုက်လို့ မရဘူး ငါတို့ မျိုးနွယ်စု အတွက် အကြိမ်ပေါင်းများစွာ ပေးဆပ်ခဲ့ရတာ"

သူမရဲ့ မျက်နှာပေါ်မှာ အထီးကျန်မှုကို မြင်တွေ့နေရသည်။ "ငါ့ဘဝက သူရဲကောင်းတစ်ယောက် ရောက်လာမှာကိုပဲ ထိုင်စောင့်နေနိုင်တယ် ပြီးရင် ငါ့ကိုယ်ငါ သူ့ကို ပေးအပ်လိုက်ဖို့ပဲ ရှိတာ"

"လင်းချီက မင်းကို ကြိုက်သလို မင်းကလည်း လင်းချီကို ကြိုက်နေတယ်ဆိုတာကို ငါ သိတယ် ဒါကြောင့် ငါမင်းကို မနာလိုဖြစ်တာ"

သူတော်စင် မိန်းမပျိုဟာ မေးထောက်ထားရင်း အဝေးမှာ ရှိနေတဲ့ လင်းချီကို ကြည့်လိုက်သည်။

"ဒါကြောင့် ငါလည်း ငါ့ကို သဘောကျတဲ့သူကို လိုချင်တယ်"

သူတော်စင်မိန်းမပျိုရဲ့ စကားတွေကို ကြားတော့ ယွီ

မုန့်ရဲ့ မျက်နှာအမူအရာဟာ နူးညံ့လာသည်။ သူမဟာ အဝေးမှာ ရှိနေတဲ့ လင်းချီကို ကြည့်လိုက်ပြီး "သူ့ကို ဘယ်သူက ကြိုက်လို့လဲ အရူးကြီးကို"

"ဟုတ်ပြီ သူ့ကို စိတ်ဆိုးမနေပါနဲ့တော့ အဲ့ညက ငါကသာ သူ့ကို တစ်ခုခုလုပ်ဖို့ ကြိုးစားခဲ့တာ ဒါပေမဲ့ သူက ငြင်းခဲ့တယ်လေ" သူတော်စင်မိန်းမပျိုဟာ ယွီမုန့်ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး "မမပြောတာကို နားထောင် ခံစားချက်တွေဆိုတာ စောစောစီးစီးပြောလိုက်လေ ပိုကောင်းလေပဲ"

ယွီမုန့်ဟာ သူတော်စင် မိန်းမပျို ထွက်သွားတာကို ကြည့်ပြီး အတွေးလွန်နေသည်။

"ငါ…ငါ ပြောသင့်လား?" ယွီမုန့်အတွေးနက်နေသည့်ပုံလေးက အလွန်ပင် ချစ်ဖို့ကောင်းနေသည်။

ထိုအချိန် လင်းချီဟာ ယွီမုန့်ကို လှမ်းကြည့်လိုက်သည်။ သူတို့ အကြည့်ချင်းဆုံတော့ လင်းချီဟာ ပျော်ရွှင်စွာနဲ့ ယွီမုန့်ကို လက်ဝှေ့ယမ်းပြလိုက်၏။

ယွီမုန့်ဟာ မျက်နှာထားကို ပြင်လိုက်ပြီး သူမ၏ ခေါင်းကို ဘေးဘက်သို့ လှည့်ကာ စဉ်းစားနေသည်။

'ဒါက သိပ်မဆိုးလောက်ပါဘူး!'

••••••••

All Chapters