← Chapters

(ပျောက်ဆုံးခြင်း)

Vol. 9 Ch. 85

(ပျောက်ဆုံးခြင်း)

Vol. 9 Ch. 85

နေ့တစ်ဝက်တာမျှ အလုပ်ကြိုးစားကြပြီးနောက် သူတို့နောက်ဆုံးတော့ လုံလောက်သောဖောင်များကို ပြင်ဆင်ပြီးကြပြီးဖြစ်သည်။

ထိုကဲ့သို့ဖြင့် ဘရူမျိုးနွယ်စုသည် သူတို့မွေးဖွားကြီးပြင်းလာသော ကုန်းမြေကို ချန်လှပ်ကာ ပိုမိုကောင်းမွန်သော ဘဝသစ်ဆီသို့ ဦးတည်ကြတော့သည်။

လင်းချီနှင့် ခွေးနက်ကြီးမှာ မှော်ကုန်းမြေသို့ ပြန်ရောက်လာရန် အချိန်ခုနစ်ရက်ယူခဲ့ရသည်။ ကြားထဲတွင် ရေနဂါးကြီးနှင့် တိုက်ခိုက်ကာ နတ်ဆိုးငါးတစ်ကောင်ကိုလည်း သတ်ဖြတ်ခဲ့သေး၏။

ထို့ကြောင့် ပြန်သွားရန်မှာလည်း ခုနစ်ရက်တာမျှ ကြာမြင့်သည်။

သို့သော် လင်းချီမှာ ပါဝင်ပစ္စည်းအမယ်များ အများအပြားရှိသောကြောင့် စားစရာအတွက် စိုးရိမ်ပူပန်ရန် မလိုအပ်ချေ။

သူတို့ ဖြတ်ကျော်နိုင်သော အခက်အခဲများကိုလည်း ဖြတ်ကျော်လာခဲ့ပြီးပြီဖြစ်၍ အခြားသောပြသနာများ မကြုံရလောက်တော့ချေ။ သို့သော် သူတို့ သတိချပ်ထားရန် လိုအပ်နေဆဲဖြစ်သည်။

လင်းချီဘက်တွင်တော့ မဟူရာဘုရင်၊ သူတော်စဉ်မိန်းမပျို၊ ယွီမုန့်နှင့် လူသာတို့မှာ ဖောင်တစ်ခုတည်း စီးနေကြသည်။

လင်းချီမှာ အမျိုးသမီးနှစ်ယောက်ကြားတွင် ညှပ်နေပြီး အလွန်ပင် ရှက်ရွံ့နေလေသည်။ တစ်ဖက်တွင်တော့ သူတော်စင်မိန်းမပျိုနှင့် ယွီမုန့်မှာ အရင်ကထက် ပိုရင်းနှီးလာကြပုံပေါ်ပြီး ရယ်ရယ်မောမောစကားပြောနေကြသည်။

လင်းချီမှာလည်း ဇဝေဇဝါဖြစ်နေ၏။ သူ အမျိုးသမီးတွေကြားမှ နားလည်ရ ရှုပ်ထွေးသော ခင်မင်မှုအပေါ် သက်ပြင်းသာချနိုင်လေသည်။

တစ်ချိန်တည်းမှာပင် ယွီမုန့်နှင့် သူတော်စင်မိန်းမပျိုမှာ လင်းချီကို လျစ်လျူရှုထားကြသည်။ အစားစား

ချိန်ရောက်မှသာ လင်းချီရှိမှန်း မှတ်မိကြသည့်ပုံပင်။

ထိုကဲ့သို့သော ထူးဆန်းသည့်လေထုအောက်တွင် ပထမဆုံးသုံးရက်တာမှာ တိတ်တိတ်ဆိတ်ဆိတ်ဖြင့် ကုန်လွန်သွားခဲ့ချေပြီ။ စတုတ္ထမြောက်နေ့၌ ကောင်းကင်ကြီးမှာ ပို၍ မှောင်မည်းလာခဲ့သည်။ နေလုံးဝမရှိဘဲ တိမ်မည်းများကိုသာ မြင်နိုင်သည်။

လင်းချီမှာလည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားမိလိုက်သည်။ သူ အခြားအော့ခ်များကို အမိန့်ပေးလိုက်သည်။ "အခုကစပြီး ငါတို့ငါးယောက် အလှည့်ကျအနားယူကြမယ်၊ ဒါပေမယ့် တစ်ချိန်တည်းမှာ လှေလှော်တဲ့သူက သုံးယောက်ရှိနေဖို့လိုတယ် ငါတို့ အရှိန်မြှင့်ကြမယ်"

ပဉ္စမမြောက်နေ့၌ ပင်လယ်ရေပြင်ပေါ်၌ ရုတ်တရက် လေထန်လာခဲ့သည်။ အော့ခ်များမှာ သူတို့ကို သူတို့ ပြုတ်မကျသွားစေရန် ဖောင်များကို တင်းတင်းကြပ်ကြပ်ဖက်တွယ်ထားရန်မှလွဲ ရွေးချယ်စရာမရှိချေ။

ဆဠမမြောက်နေ့တွင်တော့ အဆိုးဆုံးအရာတစ်ခု ဖြစ်ပွားခဲ့လေသည်။

သူတို့ မိုးသည်း၊ လေထန်လှပါသော မုန်တိုင်းတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။

ရေလှိုင်းများမှာ ဖောင်များဆီသို့ တစ်လုံးပြီးတစ်လုံးရိုက်ခတ်လာသည်။

လင်းချီက အော်ဟစ်လိုက်သည်။ "သွားကြ!" ထို့နောက် သူ စွမ်းအင်ပေါက်ကွဲ အမဲသားလုံးများကို စနစ်မှ ထုတ်ယူကာ လှိုင်းများဆီသို့ ပစ်ပေါက်လိုက်သည်။

ဘုန်း!

ပေါက်ကွဲမှုက လှိုင်းများ၏ တိုက်ခိုက်မှုမှ ခေတ္တကာကွယ်ပေးသော်လည်း သုံးစွဲနိုင်သော အမဲသားလုံးအရေအတွက်မှာ အကန့်အသတ်ရှိသည်။ သို့သော် ရိုက်ခတ်လာသော လှိုင်းများမှာမူ အဆုံးမဲ့လှ၏။

လင်းချီတွင် ရွေးချယ်စရာမရှိဘဲ အော်ခေါ်လိုက်ရသည်။ "မဟူရာဘုရင်!"

မဟူရာဘုရင်က ဖောင်ပေါ်တွင် ရပ်လိုက်ကာ လှိုင်းလုံးများဆီသို့ မီးလုံးများ ပစ်လွှတ်နေသည်။

အော့ခ်များမှာလည်း နောက်ဆုံးတော့ အနားယူချိန်ရသွားခဲ့ကြသည်။ သူတို့ငါးယောက်မှာ ရှေ့သို့ ဦးတည်ကာ အားသွန်ခွန်စိုက် လှော်ကြတော့၏။

လင်းချီဘက်တွင် မဟူရာဘုရင်မှာ သူ့ရှိသမျှအားဖြင့် မီးလုံးများကို မှုတ်ထုတ်နေသည်။ အခြားသူများမှာလည်း လှော်တက်များကိုကိုင်ကာ တတ်နိုင်သမျှ ဖောင်ကို အရှိန်မြင့်သွားစေရန် ကူညီပေးနေကြသည်။

လင်းချီက သူ့မျက်နှာကို သပ်ချလိုက်ကာ ရှေ့သို့ ဂရုတစိုက်ကြည့်လိုက်သည်။

နောက်ဆုံးတော့ သူ မက်မွန်ပွင့်ကျွန်းကို လှမ်းမြင်လိုက်ရပြီ။

"မက်မွန်ပွင့်ကျွန်းက ငါတို့ ရှေ့လေးတင်ပဲ အားလုံးပဲ ကြိုးစားထားကြ ငါတို့ရောက်ခါနီးပြီ!" လင်းချီက စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

လူတိုင်း လင်းချီ၏ အကြည့်နောက်သို့ လိုက်လိုက်ရာ မက်မွန်ပွင့်ကျွန်းကို တွေ့လိုက်ရသည်။ ထို့နောက် ပို၍ မြန်အောင် လှော်ခတ်ကြတော့သည်။

ဒါက လူ့သဘာဝပင်ဖြစ်၏၊ ပန်းတိုင်ရှိတာနဲ့ မရှိတာကြားမှာ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာက လုံးဝကွာခြားသွားလေသည်။ ယခု လူတိုင်းက မက်မွန်ပွင့်ကျွန်း သူတို့ရှေ့လေးတင်ရှိနေပြီဆိုတာကို မြင်လိုက်ရချိန် ရှိရှိသမျှ အားအင်တို့ကို အသုံးပြုကာ လှော်ခတ်နိုင်ဖို့ မျှော်လင့်နေမိကြသည်။

သို့သော်လည်း ကိစ္စများက စီစဉ်ထားသည့်တိုင်း မဖြစ်လာချေ။ မဟူရာဘုရင်၏ မီးလုံးများ မှုတ်သည့်နှုန်းမှာလည်း တဖြည်းဖြည်းလျော့ကျလာကာ သူ၏ ပင်ပန်းနွမ်းနွယ်မှုကို မျက်စိနှင့် အထင်းသားမြင်နေရ၏။

အဆုံးတွင် မဟူရာဘုရင်မှာ သတိပင်လစ်သွားခဲ့သည်။ သူ မမေ့လဲသွားခင်လေးတွင် လင်းချီကို ကြည့်ပြီး ပြောလိုက်သေးသည်။ "ငါ့အတွက် စားစရာတွေ ထပ်လုပ်ပေးဖို့ မမေ့နဲ့!"

လင်းချီမှာ အမှန်တကယ်ထိရှသွားခဲ့သော်လည်း မဟူရာဘုရင်ကတော့ ထိုသို့ဖြစ်ရန် ခွင့်မပြုပေ။

ခွေးနက်ကြီး၏ မီးလုံးများတားဆီးမှု မရှိတော့သောကြောင့် ကောင်းကင်ထိ မြင့်မားလှသော လှိုင်းလုံးကြီးများမှာ လူတိုင်းဆီသို့ ဦးတည်လာသည်။

ထိုသို့ ကျဉ်းထဲကျပ်ထဲအခြေအနေ၌ ယွီမုန့်က သူမ၏ မှော်တုတ်တံကိုထုတ်လာကာ "အလယ်အလတ်အဆင့် ရေခဲမှော်မန္တန် : မဟာရေခဲနံရံ!"

အချိန်ယူကာ လေ့ကျင့်ပေးပြီးနောက် ယွီမုန့်မှာ ယခုဆို အလယ်အလတ်အဆင့်ရေခဲမန္တန်များကို ကျွမ်းကျင်နေပြီဖြစ်၏။

အခြေခံမန္တန်၏ ပါးလွှာသော ရေခဲနံရံများနှင့် မတူဘဲ သုံးဆပိုမိုကြီးမားထူထဲသည့် ရေခဲနံရံကြီးမှာ လေထဲမှ ရုတ်တရက်ထွက်ပေါ်လာသည်။ ၎င်းက ပင်လယ်ရေအများစုကို ကာပေးနိုင်လိုက်သော်လည်း အချို့မှာ ဖောင်များဆီသို့ ဦးတည်လာနေဆဲဖြစ်သည်။

ဖောင်နှစ်ခုမှာ ချက်ချင်းမှောက်သွားပြီး ထိုဖောင်ပေါ်ရှိ အော့ခ်များမှာလည်း ပင်လယ်ထဲသို့ လှိုင်းလုံးနှင့်အတူ မျောပါသွားကြသည်။

သူတို့ဘေးနားရှိ အော့ခ်များက သူတို့ကို ကယ်တင်ချင်သော်လည်း လင်းချီက လှမ်းတားလိုက်၏။ "ဘယ်သူမှ ကိုယ့်သဘောနဲ့ကိုယ် လှုပ်ရှားခွင့်မရှိဘူး အစီအစဉ်အတိုင်းဆက်သွား!"

ယခုလိုအချိန်မျိုးတွင် သူတို့တစ်ဦးတစ်ယောက်ကိုမှ လုံးဝကယ်နိုင်မည်မဟုတ်။ မဟုတ်ရင် အကုန်လုံးကို အန္တရာယ်တွင်းထဲ ကျရောက်စေလိမ့်မည်။

ကြည့်ရသည်မှာ ဘုရားသခင်က သူတို့ကို အပြစ်ပေးတာ လုံလောက်သွားပါပြီထင်ပါရဲ့၊ ထိုလှိုင်းလုံးကြီးရိုက်ခတ်ပြီးနောက် နောက်ထပ် ဘာမှ မရိုက်ခတ်လာတော့ပေ။

အော့ခ်မျိုးနွယ်စုဘက်၌ လူအသေအပျောက်မရှိချေ။

လင်းချီက သူ့ပတ်လည်ရှိ စိတ်ဓာတ်ကျနေဟန်ရှိသော အော့ခ်များကို ကြည့်လိုက်သည်။ "အားလုံးပဲ အားတင်းထားကြပါ! မင်းတို့က သေခြင်းတရားကိုတောင် မကြောက်ရွံ့တဲ့ အော့ခ်တွေမဟုတ်လား! မျှော်လင့်ချက်က ကျုပ်တို့အရှေ့လေးတင်ရှိနေတာ... လူတိုင်း အတူကြိုးစားကြရအောင်!"

သူတော်စင်မိန်းမပျိုသည်လည်း ဘေးမှ ထောက်ခံလိုက်သည်။ "လင်းချီပြောတာ မှန်တယ် မင်းတို့အားလုံးဟာ ဘရူမျိုးနွယ်စုရဲ့ စစ်သည်တော်တွေပဲ၊ မင်းတို့အားလုံး အသက်ရှင်ရမယ် ဒါ့ကြောင့် စိတ်ဓာတ်တွေကို မြှင့်တင်ထားကြပါ"

ပုံမှန်အားဖြင့်တော့ ဘုန်းတော်ကြီး၏ စကားလုံးများက အထိရောက်ဆုံးဖြစ်လိမ့်မည်။ သို့သော် ဘုန်းတော်ကြီးက လှိုင်းမူးနေပုံရပြီး အနည်းငယ်မူးဝေနေဆဲဖြစ်သည်။

လင်းချီနှင့် သူတော်စင်မိန်းမပျိုတို့ရဲ့ ဆက်တိုက်အားပေးမှုအောက်တွင် အော့ခ်များမှာ နောက်ဆုံးတော့ စိတ်ပြန်တက်ကြွလာကြသည်။

ဒီလိုနှင့်ပဲ အော့ခ်အုပ်စုကြီးနှင့် သူတို့၏ သစ်ဖောင်များမှာ လေထန်လှိုင်းထန်သည့်ကြားမှ ရုန်းကန်ဖြတ်သန်း၍ နောက်ဆုံးတွင် မက်မွန်ပွင့်ကျွန်းဆီသို့ ရောက်ရှိလာကြသည်။

သူတို့ ကျွန်းပေါ်ရောက်သောအခါ အားလုံးပင်ပန်းနေကြပြီဖြစ်၏။ တစ်အုပ်လုံး လေကို အလုအယက်ရှူကြရင်း ကမ်းခြေပေါ်တွင် ပြိုလဲသွားကြသည်။

ကြည့်ရတာ ဘုရားသခင်က သူတို့အပေါ် သက်ညှာလိုက်သည့်ပုံပင်။ ရာသီဥတုမှာ တဖြည်းဖြည်းကြည်ရှင်းလာကာ နောက်ဆုံးတွင် နေမင်းကြီးကို ပြန်မြင်လာရလေသည်။

အော့ခ်များမှာ သူတို့အပေါ် နေရောင်ခြည်တို့ ဖြာကျစေလျက် ကမ်းခြေပေါ်တွင် လဲလျောင်းနေကြသည်။

ခေတ္တကြာပြီးနောက် နေအပူကြောင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ ရေများ ခြောက်လုနီးပါးဖြစ်ပြီဟု လင်းချီခံစားရသောအခါ မတ်တပ်ထရပ်ရန် ကြိုးစားရုန်းကန်လိုက်သည်

"အားလုံးပဲ ဒါက မက်မွန်ပွင့်ကျွန်းလို့ခေါ်တယ် မင်းတို့ရဲ့ အနာဂတ်အိမ်ဖြစ်လာမယ့်နေရာပေါ့... ငါတို့... အောင်မြင်သွားခဲ့ပြီ!"

"ဟိုးဟိုး!" အော့ခ်များမှာ တစ်ယောက်ပြီး တစ်ယောက် ထရပ်ကာ သူတို့၏ညာဘက်လက်ကိုမြှောက်ပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြတော့သည်။

ထို့နောက် တစ်ယောက်ပြီးတစ်ယောက် ဘေးပတ်လည်ကို စူးစမ်းရင်း တောထဲ ဝင်လာကြသည်။ အချို့ကလေးများမှာ သစ်ပင်များပေါ်တက်ပြီး သစ်သီးများပင် ခူးယူစားသောက်နေကြသည်။

လင်းချီနှင့် အခြားသူများမှာ ဘေးတွင်ရပ်ပြီး သူတို့ရှေ့ရှိ မြင်ကွင်းကိုကြည့်ရင်း ကြိုးစားရကျိုးနပ်သည်ဟု ခံစားလိုက်ရသည်။

အော့ခ်များ စူးစမ်းရဝပြီဆိုမှ လင်းချီက အားလုံးကို ပြန်ခေါ်လိုက်သည်။

"ဒီနေ့ အရင်အနားယူကြတာပေါ့ မနက်ဖြန်မနက်ကျမှ သစ်ပင်တွေခုတ်ပြီး အိမ်ဆောက်ကြမယ်"

အော့ခ်များမှာ အလွန်အမင်းစိတ်လှုပ်ရှားနေကြသည်။

နောက်တစ်နေ့မနက်စောစော၌ အော့ခ်အုပ်စုကြီးမှာ ပုဆိန်များကိုင်၍ သစ်ပင်များ ခုတ်လှဲရရန် မစောင့်နိုင်တော့ပေ။ အမျိုးသမီးများမှာ သစ်သီးများကောက်ရန်နှင့် အိမ်များကို ပြင်ဆင်ဖို့ရာ ထင်းခြောက်များ ကောက်ရိုးခြောက်များ စုဆောင်းရန် တာဝန်ယူကြရသည်။

အော့ခ်များ၏ အစီအစဉ်တကျ ကြိုးပမ်းလုပ်ဆောင်မှုကြောင့် အိမ်တစ်လုံးပြီး တစ်လုံး အလျင်အမြန်ပဲ ပြီးစီးသွားခဲ့သည်။

အမျိုးသမီးများ၏ ဂရုစိုက်မှုအောက်တွင် အေးစက်စက်အိမ်များမှာ နွေးထွေးမှုများနှင့် ပြည့်လာခဲ့၏။

ယွီမုန့်ပင်လျှင် အိမ်ပြင်ဆင်မွမ်းမံခြင်းတွင် ပါဝင်ကူညီသည်။ လင်းချီက အိမ်အထဲ အပြင် ဟိုသွားဒီသွားနှင့် အလုပ်ရှုပ်နေသော ယွီမုန့်ကို ကြည့်လိုက်

သည်။ သူမ၏ မျက်နှာထက်က ချွေးသီးလေးများကို သတိထားမိသောအခါ သူမဟာ အလွန်တရာမှ ချစ်ဖို့ကောင်းသည်ဟု ခံစားလိုက်မိသည်။

ရုတ်တရက် သူ ဤနေရာ၌ပင် လက်ကျန်သက်တမ်းတစ်လျှောက် ယွီမုန့်နှင့်အတူ ဖြတ်သန်းသွားရလျှင် ကောင်းလိမ့်မည်ဟု ခံစားလိုက်ရသည်။ အအေးဒဏ်လား? ကိစ္စမရှိဘူး သူတို့က တက်ကြွတဲ့လူငယ်တွေပဲကို၊ သူ အိမ်အလုပ်ဘယ်လိုလုပ်ရမယ်ဆိုတာကို မသိတာလား? ကိစ္စမရှိဘူး သူက ချက်ပြုတ်နိုင်တာဖြစ်တဲ့အတွက် အခြားအရာကတော့ သူကူညီနိုင်တာကို ဝင်လုပ်ရုံပေါ့။

သူ အတွေးရေကြောမှာ ကူးခတ်နေတုန်း ရုတ်တရက် တစ်စုံတစ်ခုက သူ့ကို ရိုက်လိုက်သည်။

သူငုံ့ကြည့်သောအခါ မဟူရာဘုရင်ကို မြင်လိုက်ရ၏။ သူ့တွင် ကြီးမားသော ပါးစပ်ကြီးရှိပြီး သူ၏မျက်လုံးများမှာ အစိမ်းရောင်တောက်နေသည်။

"ငါ ဗိုက်ဆာတယ်!" လင်းချီက သူ့နဖူးသူ ရိုက်လိုက်မိ၏။ သွားပြီ သူလုံးလုံးလျားလျားကို မေ့သွားတာ။

လင်းချီက အရသာရှိသော ဟင်းလျာများကို စနစ်ထဲမှ ခပ်မြန်မြန်ထုတ်လိုက်ပြီး မဟူရာဘုရင်၏ ပါးစပ်ထဲ ထိုးထည့်လိုက်သည်။ မဟူရာခွေးနက်ကြီးမှာတော့ ကျွေးလာသမျှကို အမြန်မျိုချစားသုံးကာ ထိုအခါမှသာ သူ့ကိုယ်သူ အသက်ရှိနေသေးသလို ခံစားလိုက်ရသည်။

...

ထိုကဲ့သို့ဖြင့် အော့ခ်များမှာ နေ့တိုင်း ပြည့်စုံသော ဘဝကို နေထိုင်ကြတော့သည်။ သူတို့ နိုးလာတာနဲ့ အလုပ်စတင်လုပ်ကြပြီး ဗိုက်ဆာလာသည့်အခါ စားကြသည်။ ပင်ပန်းလာလျှင် သွားအိပ်ကြသည်။

ရုတ်တရက် ဆယ်ရက်မြောက်နေ့တွင် ပြောင်းလဲမှုများ စတင်ဖြစ်ပေါ်လာ၏။

••••••••

All Chapters