(အော့ခ်များပျောက်ဆုံးခြင်း)
Vol. 9 Ch. 86
အော့ခ်များသည် မက်မွန်ပွင့်ကျွန်းတွင်အိမ်ဆောက်
ရန် ကြိုးစားလုပ်ကိုင်နေကြသည်။ သူတို့သည် ပထမဆုံးအနေနဲ့ သစ်သားခြောက်များနှင့် ကျောက်တုံးများကို အသုံးပြုကာ အမျိုးသမီးများနှင့် ကလေးငယ်များ နေထိုင်ရန်အတွက် ရိုးရှင်းသော သစ်သားအိမ်ကလေးများ စတင်တည်ဆောက်ကြသည်။
သို့သော် အပေါ်ယံတွင် အဆင်ပြေနေသည်ဟု ထင်ရသော်လည်း နောက်ကွယ်တွင်လျှို့ဝှက်ထားသော အန္တရာယ်က ရှိနေသေး၏။
ထိုအချိန်များအတွင်း လင်းချီနှင့် မဟူရာဘုရင်တို့သည် မက်မွန်ပွင့်ကျွန်းတစ်ခုလုံးကို ဆက်တိုက်ရှာဖွေခဲ့ကြသော်လည်း မည်သည့်အန္တရာယ်ရှိသတ္တဝါကိုမှ မတွေ့ခဲ့ကြပေ။
အော့ခ်များ ကျွန်းပေါ်၌ နေထိုင်ပြီး ၁၀ ရက်ကြာသွားပြီးနောက် သူတို့သည်တဖြည်းဖြည်း တစ်ယောက်ပြီးတစ်ယောက် ပျောက်သွားကြသည်။ အစပိုင်းတွင် မည်သူမှ သတိမထားမိကြ။
အော့ခ်များသည် ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းကြ၍ လွယ်လွယ်နှင့်ဖျားနာခြင်း မရှိတတ်ကြပေ။ ထို့ကြော
င့် ကျွန်းပေါ်၌ အိမ်ဆောက်ခြင်းကို အရှိန်မြှင့်တင်ရန် အပြင်၌သာ အိပ်သော အော့ခ်များ မကြာခဏရှိတတ်ကြသည်။ ထိုကဲ့သို့ အပြင်ဘက်တွင် အုပ်စုနှင့်ကွဲကာ ကျန်ရစ်နေခဲ့ခြင်းက သူတို့အား ပြီးပြည့်စုံသော ပစ်မှတ်တစ်ခုဖြစ်လာစေမည်အား သူတို့မသိခဲ့ကြပေ။
တစ်ခုခုမှားယွင်းနေပြီဟု အားလုံးသတိထားမိချိန်တွင် ပျောက်ကွယ်သွားသော အမျိုးသားအော့ခ်များ ဒါဇင်နှင့်ချီရှိနေပြီဖြစ်သည်။
အစ၌ ထိုသူတို့၏ဇနီးမယားများသည် သူတို့ခင်ပွန်းသည်များ အိမ်ပြန်မလာခြင်းအတွက် တိုင်ကြားကြသော်လည်း မျိုးနွယ်စုအတွက် ရိက္ခာမပေးလိုခြင်းကြောင့် ဖြစ်မည်ဟု ယူဆကြကာ လျှို့ဝှက်စွာပင် ကြိမ်းမောင်းခဲ့ကြသည်။
ထို့နောက် ရှာဖွေကြရင်း ပင်ပန်းနွမ်းနွယ်ကာ တစ်ခုခုဖြစ်မည်ကို စိုးသောကြောင့် အုပ်စုတစ်ခုဖွဲ့ကာ ပျောက်ဆုံးသွားသော အော့ခ်များကို ရှာဖွေရန် စေလွှတ်ခဲ့သည်။
ဆောက်လုပ်ရေးနေရာသို့ ရောက်လျှင်ရောက်ချင်း အော့ခ်များကို မည်သည့်နေရာတွင်မှ မတွေ့ရကြောင်း သူတို့တွေ့ရှိခဲ့ကြသည်။ ဆောက်လုပ်ရေးရှိ လူများအားမေးသောအခါတွင်လည်း ၎င်းအော့ခ်များ အိမ်ပြန်သွားပြီဖြစ်ကြောင်းနှင့် သူတို့ပြန်သွားသည်မှာ ၃ရက်မျှ ရှိနေပြီဖြစ်ကြောင်း ပြောကြသည်။ သူတို့လည်း ထိုအော့ခ်များ အဘယ့်ကြောင့် အလုပ်မလာကြသည်အား သိချင်နေကြသည်ဟု ဆိုသည်။
ထိုနေ့တွင် လင်းချီသည် သူတော်စင်မိန်းမပျို၊ ဘုန်းတော်ကြီးတို့နှင့် မျိုးနွယ်စု၏ အနာဂတ်အစီအစဥ်များအား ဆွေးနွေးနေချိန်တွင် အော့ခ်တစ်ယောက်သည် ထိတ်လန့်တကြား ပြေးဝင်လာခဲ့သည်။
"မကောင်းတော့ဘူး! မကောင်းတော့ဘူး! လုံးဝ မကောင်းတော့ဘူး!"
လင်းချီနှင့် အခြားလူများမှာ ဇဝေဇဝါဖြစ်သွားကြသည်။ "ဘာဖြစ်လို့လဲ.. တစ်ယောက်ယောက် ဒဏ်ရာရသွားလို့လား?"
ထိုအော့ခ်သည် အထိတ်တလန့်ဖြင့် "အဘာလူနဲ့
တခြားသူတွေပျောက်နေတယ်!"
"ဘာ!" လင်းချီသည် ထိတ်လန့်အံ့ဩစွာနှင့်ခုံပေါ်မှ မတ်တပ်ထရပ်လိုက်သည်။
"ဟုတ်ပါတယ်.. သူတို့ဇနီးတွေက သူတို့ပြန်မလာတာ ၅ရက်ရှိနေပြီလို့ပြောတယ်... သူတို့နဲ့ အလုပ်အတူ လုပ်နေတဲ့ ဒယ်နီမာကကျတော့ အဘာလးနဲ့ တခြားသူတွေ ဆောက်လုပ်ရေးကို မလာတာ ၃ရက်ရှိပြီတဲ့"
လင်းချီသည် သူ၏မေးအား ပွတ်ကာတွေး၍
"လမ်းများပျောက်တာလား ဒါမှမဟုတ် သူတို့ တစ်ခုခုကို ရှာတွေ့လိုက်လို့များလား?"
"လုံးဝမဖြစ်နိုင်ဘူး... အဘာလူက မျိုးနွယ်စုထဲမှာ အတော်ဆုံးမုဆိုးပဲ.. သူတို့က ဘယ်တော့မှ လမ်းမှားမယ့်သူတွေ မဟုတ်ဘူး.. တစ်ခုခုရှာတွေ့ခဲ့ရင်တောင် စကားတစ်ခွန်းမှမပြောဘဲ ဘယ်တော့မှထွက်သွားမှာမဟုတ်ဘူး" ထိုအော့ခ်က အသေအချာပြောနေသည်။
"မင်းက ဘာလို့ ဒီလောက်တောင် သေချာနေရတာလဲ" လင်းချီက ဇဝေဇဝါဖြင့် မေးလိုက်သည်။
"ဘာလို့လဲဆိုတော့..." ထိုအော့ခ်သည် စကားထစ်ထစ်အအဖြစ်သွားကာ ပြောရန်တုံ့ဆိုင်းသွားခဲ့သည်။
ဘုန်းတော်ကြီးက မျက်မှောင်ကြုံ့လိုက်ပြီး "မြန်မြန်ပြော!"
"သူက သူ့ဇနီးနဲ့ပတ်သတ်ပြီး စည်းကမ်းကြီးလို့ပါ။ သူက သူ့ဇနီးကိုအရမ်းချစ်တာ၊ အမဲလိုက်တဲ့အချိန် အလျင်လိုနေရင်တောင် သူ့အိမ်ကိုပြန်ပြီး သူ့ဇနီးကိုပြောသွားသေးတာ.. ဒါပေမယ့်အခုကျ သူ့ဇနီးတောင်သူ့ကိုမတွေ့တာ ၅ရက်ရှိသွားပြီလေ" အော့ခ်က အမှန်အတိုင်းပြောပြ၏။
ထိုအချိန်တွင် ဘေးနားရှိ သူတော်စင်မိန်းမပျိုက ပြောလေသည်။ "အမှန်ပဲ ကျွန်မလည်း ဒီကိစ္စကို ကြားဖူးတယ် တစ်ခါတစ်လေ အဘာလူရဲ့ဇနီးကတောင် သူ့ကို စိတ်ရှုပ်ဖို့ကောင်းတယ်ဆိုပြီး ပြောနေတာ"
ထိုအရာများကြားပြီးနောက် တစ်စုံတစ်ရာမှားနေပြီမှန်း လင်းချီ ခံစားမိလိုက်သည်။ 'သူ့အမျိုးသမီးကိုအရမ်းချစ်တဲ့ လူတစ်ယောက်က စကားတစ်ခွန်းလေးတောင်မပြောဘဲ ထွက်သွားနိုင်ပါ့မလား? လုံးဝမဖြစ်နိုင်ဘူး သူအရေးပေါ်အခြေအနေတစ်ခုခုနဲ့ကြုံနေရလို့...တခြားသူတွေကို အကြောင်းမကြားနိုင်တာပဲ ဖြစ်ရမယ်"
ထိုအချိန်တွင် လင်းချီသည် သူတွေ့ခဲ့သော ထူးဆန်းသော အရိုးစုအကြောင်းကိုရုတ်တရက်တွေးမိသွားသည်။ ခိုးဝင်ကာ အတင်းအဖျင်းစကားများ နားထောင်ချင်သော မဟူရာဘုရင်နှင့် လင်းချီတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။
သူတို့နှစ်ယောက်လုံး ထိုထူးဆန်းသောအရိုးစုအကြောင်းတွေးမိသွားကြ၍ဖြစ်သည်။ အဘာလူသည် လမ်းပျောက်နေခြင်းမဟုတ်ခဲ့လျှင် မက်မွန်ပွင့်ကျွန်း၌ မည်သူမှ မသိသော အန္တရာယ်တစ်ခုခု ကိန်းအောင်းနေသည်ဟု ဆိုလိုခြင်းဖြစ်သည်။
လင်းချီက အော့ခ်အားညွှန်ကြားလိုက်သည်။ "ဒီလိုဆိုရင်ရော.."
"မင်း အော့ခ်တွေအကုန်လုံးကို စုလိုက်.. မမှားစေနဲ့ သေချာပေါက် အော့ခ်အကုန်လုံးဖြစ်ရမယ် သူတို့ဘာပဲလုပ်နေလုပ်နေ.. လုပ်နေတာတွေအကုန်ရပ်ပြီး လူဘယ်နှစ်ယောက်ပျောက်နေလဲဆိုတာ ရေတွက်ဖို့ ပြောလိုက်ပါ"
မက်မွန်ပွင့်ကျွန်းမှာသာ အန္တရာယ်ရှိသော နတ်ဆိုးသားရဲတွေ တကယ်ရှိနေတယ်ဆိုရင် အကုန်လုံးကို စုဝေးလိုက်ဖို့က အရေးကြီးဆုံးပင်။
သို့သော်လည်း လင်းချီမှာ လုံးဝမစိုးရိမ်ပေ။ အကယ်၍ ထိုတည်ရှိမှုကသာ အလွန်စွမ်းအားကြီးပါက သူသည် တစ်ယောက်တည်းသွားလာနေသောသူများအား ပစ်မှတ်ထားမည်မဟုတ်ပေ။ သူတို့ပင်ပန်းနေသောအချိန်တွင်သာ လာတိုက်ပါက အော့ခ်မျိုးနွယ်စုတွင် ပြန်လည်တိုက်ခိုက်ရန် အင်အားရှိမည်မဟုတ်ပေ။
ထို့ကြောင့် လူမည်မျှပျောက်နေသည်အား ရေတွက်ခြင်းက ပို၍ကောင်းလိမ့်မည်။ ထိုသူတို့လမ်းပျောက်နေကြသည်ဟု ပြောရန်မှာလည်း အလွန်ခက်ခဲလှ
သည်။
အော့ခ်သည် ချက်ချင်းပြေးသွားပြီး အပြင်တွင် အလုပ်လုပ်နေသောမျိုးနွယ်စုများအား ပြန်ခေါ်ရန် သူ၏အဖော်များအား စုစည်းလိုက်သည်။
မကြာမီတွင် အော့ခ်များအားလုံး စုဝေးရာနေရာသို့ ပြန်လည်ရောက်ရှိလာကြသည်။
လင်းချီသည် လူအုပ်ကြီးအားကြည့်ကာ "တိတ်တိတ်နေကြပါ!"
လူအုပ်ကြီးက ငြိမ်သက်တိတ်ဆိတ်သွားပြီးနောက် လင်းချီသည် အော့ခ်တစ်ယောက်အား ခေါ်လိုက်သည်။ "ကိုယ့်ဘာသာတန်းစီပြီး လူဘယ်နှစ်ယောက်ပျောက်နေလဲစစ်ကြ... ပြီးတော့ သူတို့ ဘယ်အချိန်တွေမှာ ပျောက်တယ်ဆိုတာနဲ့ ဘယ်နေရာမှာနောက်ဆုံးမြင်ခဲ့တယ်ဆိုတာပါ စာရင်းပြုစုဖို့ မမေ့နဲ့ နားလည်ကြလား?"
"ဟုတ်ကဲ့" အော့ခ်က ခေါင်းညိတ်လိုက်ကြသည်။
လင်းချီသည် သူတော်စင်မိန်းမပျိုကို ကြည့်ကာပြောလိုက်သည်။
"မိန်းမပျို မင်းက မျိုးနွယ်စုက လူတွေနဲ့ ပိုပြီးရင်းနှီးတယ် သူတို့ကို ကူညီပြီး စစ်ဆေးပေးပါ"
မိန်းမပျိုသည်ခေါင်းငြိမ့်ကာ လူများအားစစ်ဆေးရန် ဆင်းသွားသည်။ လင်းချီနှင့် မဟူရာဘုရင်တို့ အချင်းချင်း တီးတိုးမေးလိုက်ကြသည်။ "မင်း ဘယ်လိုထင်လဲ?"
မဟူရာဘုရင်သည် အနည်းငယ်ဇဝေဇဝါဖြစ်သွားကာ ပြောလာ၏။ "အဲ့တာက ပြောဖို့ခက်တယ်..ငါတို့ ဒီကျွန်းမှာနေတာ ကြာနေပြီ.. ညဘက်မှာတောင် ကင်းစောင့်ထားတာ မဟုတ်ဘူး.. အသိဥာဏ်ရှိတဲ့ ဘယ်သက်ရှိမဆို ငါတို့ကို အရင်ထဲကတိုက်ခိုက်ခဲ့မှာပေါ့"
ခဏကြာတိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည်။ "အဲဒီနေ့က အရိုးစုကြီး အဲ့မှာပဲဆက်ရှိနေမယ်လို့ ထင်လား?"
လင်းချီက လုံးဝသေချာဟန်ဖြင့် ဖြေလိုက်သည်။ "အဲ့
ဒီမှာရှိနေသေးတယ်.. အရင်နေ့က ငါသွားကြည့်ခဲ့တာ ရေညှိတွေတောင်အရိုးစုပေါ်မှာ ပေါက်နေပြီ.. ရက်အနည်းငယ်လေ့လာပြီးနောက် အဲဒီအရိုးစုကြီးက မက်မွန်ပွင့်ကျွန်းပေါ်က ဆင်ကြီးတစ်ကောင်ရဲ့ အရိုးစုပဲဖြစ်လိမ့်မယ်လို့ ယူဆရတယ်.. အဲ့လိုဆင်ကြီးတွေက ပေ၃၀လောက် မြင့်တယ် အဲ့အရိုးစုရဲ့ အမြင့်ကလဲ အဲ့ဒီလောက်ပတ်လည်အတိအကျပဲ"
"ပြီးတော့.. ဒီလိုဆင်မျိုးကို အမ်း.. လောလောဆယ်တော့ ချွန်းဆင်လို့ပဲ ခေါ်ကြတာပေါ့.. အဲ့ဒီဆင်ရိုင်းကို စားတဲ့ တခြားသားရဲတိရစ္ဆာန်တွေလဲ ရှိသေးတယ်.. လွန်ခဲ့တဲ့ရက်အနည်းငယ်ကတောင် တစ်ကောင်လောက်သတ်ဖို့ အော့ခ်တွေကို ကျုပ်ဦးဆောင်သွားသေးတယ်"
မဟူရာဘုရင်က ထိတ်လန့်သွားပြီးမေးလိုက်သည်။ "ဘယ်အချိန်က သတ်လိုက်တာလဲ..ငါက ဘာလို့မသိလိုက်ရတာလဲ?"
လင်းချီမှာ စကားပင် ပြန်မပြောနိုင်ဘဲ ဖြစ်သွားရ၏။ "လွန်ခဲ့တဲ့နှစ်ရက်ကလေကွာ ခင်ဗျားတောင် စားလိုက်သေးတာကို"
"အို ... ငါမှတ်မိပြီ အဲ့ဒီ သိပ်အရသာမရှိတဲ့ အဲ့အသားကိုး"
"...ပြောလက်စဟာကိုပဲ ဆက်ဆွေးနွေးရအောင် ငါတို့ အခုဘာလုပ်ကြမလဲ?"
မဟူရာဘုရင်က ခေတ္တတွေးတောလိုက်ပြီး "အခုကတော့ အော့ခ်ဘယ်နှစ်ယောက်လောက်ပျောက်နေလဲဆိုတာ အရင်ကြည့်ရတာမှာပဲ အဓိကက ပုံစံတစ်ခုရှိနေလားဆိုတာပဲ ပြောရမယ်ဆို မိစ္ဆာသားရဲဖြစ်စေ၊ တောရိုင်းတိရစ္ဆာန်တွေဖြစ်စေ သူတို့အမဲလိုက်တဲ့အချိန်က ပုံသေမရှိဘူး သူတို့ဗိုက်ဆာလာတဲ့အချိန် အမဲထလိုက်တာမျိုး ဒါ့ကြောင့် အော့ခ်တွေ ပျောက်သွားတာ အသိဉာဏ်ရှိ သတ္တဝါကြောင့်သာဆိုရင် သဲလွန်စတစ်ခုခုတော့ ရှိမှာပဲ"
လင်းချီ စဉ်းစားကြည့်လိုက်ပြီး ထိုကိစ္စမှာ မှန်ကန်ကြောင်း သိလိုက်ရသည်။ "အဓိပ္ပာယ်ရှိတယ်"
နေ့တစ်ဝက်လောက်ကြာပြီးနောက် စုံစမ်းစစ်ဆေးခြင်းမှာ ပြီးဆုံးသွားခဲ့သည်။
"အဘာလူက ပထမဦးဆုံးပျောက်သွားတဲ့သူပဲ။ လွန်ခဲ့တဲ့သုံးရက်လောက်က ဖြစ်သွားတာ။ အခုထိတော့ မျိုးနွယ်စုထဲကပျောက်နေတာ ၉ယောက်ရှိသွားပြီ" အော့ခ်က လင်းချီထံသို့ အစီရင်ခံတင်ပြ၏။
"ပြီးတော့" အော့ခ်သည် အနည်းငယ်ကြောက်ရွံ့နေပုံရပြီး တံထွေးမြိုချလိုက်သည်။ "အဘာလူပျောက်တဲ့အချိန်မှာပဲ နောက်လူနှစ်ယောက်လဲပျောက်သွားခဲ့တာ။ နောက်နေ့မှာ လူသုံးယောက်ထပ်ပျောက်တယ်၊ ပြီးတော့နောက်နေ့မှာ သုံးယောက်ထပ်ပျောက်ပြန်တယ်"
လင်းချီနှင့် မဟူရာဘုရင်တို့၏ မျက်လုံးများမှာ အံ့အားသင့်ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်လာပြီး တစ်ဦးကိုတစ်ဦးကြည့်ခဲ့ကြသည်။
သူတို့စဉ်းစားထားသမျှထဲမှာ အဆိုးရွားဆုံးအခြေအနေပဲ!
လင်းချီသည် ဘုန်းတော်ကြီးကိုကြည့်ကာ တည်ငြိမ်သောအသံဖြင့် ပြောလိုက်သည်။ "အခုချိန်ကစပြီး
ဘယ်သူမှ စခန်းထဲက ထွက်ခွင့်မပြုတော့ဘူးလို့ ကြေညာလိုက်ပါ"
အော့ခ်ထွက်သွားပြီးတဲ့နောက်တွင် လင်းချီသည် ဘုန်းတော်ကြီးအား ပြောလိုက်၏။ "မက်မွန်ပွင့်ကျွန်းပေါ်မှာ အော့ခ်တွေကို အမဲလိုက်နေတဲ့ အသိဉာဏ်ရှိတဲ့သတ္တဝါတွေ ရှိနေတယ်လို့ ယူဆရတယ်"
သူ ခေတ္တရပ်တန့်သွားပြီး "တောင်းပန်ပါတယ်၊ ဒီလိုဖြစ်သွားမယ်လို့ ကျွန်တော်လည်း မထင်မိခဲ့ဘူး ဒါပေမယ့် ကျွန်တော် အဆုံးထိ တာဝန်ယူသွားမှာပါ"
ထိုသို့ပြောပြီးနောက် သူသည် မဟူရာဘုရင်အား သစ်သားအိမ်ကလေးအတွင်းမှခေါ်ထုတ်တော့မည်ကြံရုံရှိသေး၏။
••••••••