(ငါးစာ)
Vol. 9 Ch. 87
လင်းချီမှာ မူလက အော့ခ်များကို ပျော်ရွှင်သော ဘဝနေထိုင်မှုဆီ ဦးဆောင်စေလိုပြီး အစာပြတ်လပ်မှုအတွက်ကိုလည်း မစိုးရိမ်ရစေလိုတော့ပေ။
နတ်ဆိုးသားရဲတို့၏ တိုက်ခိုက်မှုများအတွက်လည်း သူတို့ စိတ်ပူစရာမလိုတော့။ သို့သော် သူလမ်းတစ်လျှောက်တွင် လူဆယ်ဦးလောက် ဆုံးရှုံးသွားရလိမ့်မည်ဟု မထင်မိခဲ့ပေ။ ထို့အပြင် ယခု အော့ခ်ကိုးယောက်မှာ ဘယ်ဆီနေမှန်း မသိရသေးချေ။
လင်းချီမှာ အနည်းငယ် အပြစ်ရှိသလို ခံစားခဲ့ရသည်။
ဘုန်းတော်ကြီးက လင်းချီအား “ကလေး၊ ငါတို့ မင်းကို အပြစ်မတင်ပါဘူး။ ငါတို့အတွက် စားနပ်ရိက္ခာပြတ်လပ်မှုပြဿနာကို ဖြေရှင်းပေးခဲ့တာက မင်းပဲ၊ ငါတို့ကို ဒီလှပတဲ့ မက်မွန်ပွင့်ကျွန်းဆီ ပို့ဆောင်ပေးခဲ့တာလည်း မင်းပဲလေ”
ဘုန်းတော်ကြီးသည် လင်းချီ၏ နှလုံးသားထဲမှ အပြစ်ရှိနေရသလို ခံစားချက်ကို ထိုးဖောက်မြင်ကာ နှစ်သိမ့်ပေးခဲ့သည်။
“အမှန်ပဲ” မြင့်မြတ်မိန်းမပျိုမှ ထပ်တူပြောလာသည်။ “ရှင်သာမရှိရင် ကျွန်မတို့ ငတ်ပြီးသေသွားနိုင်တယ်။”
ထိုမှသာ လင်းချီသည် အနည်းငယ် သက်သာလာသည်။ “မင်းတို့အားလုံး နောက်ရက်အနည်းငယ်လောက်ထိ စခန်းထဲမှာပဲ နေကြပါ။ အစောင့်အကြပ်တွေကိုလည်း ထပ်တိုးရမယ်။ မဟူရာဘုရင်နဲ့ ကျုပ်က သွားပြီး ဒီလှည့်ကွက်တွေ ကစားနေတာ ဘယ်သူလဲဆိုတာ ရှာကြည့်လိုက်မယ်။”
လင်းချီသည် လက်သီးဆုပ်ထားလိုက်မိသည်။
ဘုန်းတော်ကြီးက သူ့ခေါင်းကို ပုတ်ပေးလိုက်ပြီး “မင်းရဲ့လုံခြုံရေးကို ဂရုစိုက်ရမယ်နော် ကလေး.. ဘေးကင်းစွာ ပြန်လာခဲ့ပါ။”
လင်းချီ ခေါင်းညိတ်ပြပြီး နောက်လှည့်ကာ မဟူရာဘုရင်နှင့်အတူ ထွက်လာခဲ့သည်။
သူသည် စနစ်အတွင်းရှိ ပစ္စည်းများကို ဦးစွာ စစ်ဆေးပြီးနောက် ရိုးရှင်းသော အစားအစာများကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် ပြုလုပ်ခဲ့သည်။
သူသည် အစောင့်များကို အင်အားတိုးရန် အော့ခ်တပ်မှူးအချို့ကိုလည်း ပြောခဲ့သည်။
လင်းချီနှင့် မဟူရာဘုရင်တို့စခန်းမှ ထွက်ခွာခါနီးတွင် ယွီမုန့်နှင့် လူသာတို့လည်း သူတို့နောက်သို့ လိုက်လာခဲ့သည်။
“မင်းတို့ဒီကိုဘာလိုက်လုပ်တာလဲ။ ပြန်သွားကြတော့! အန္တရာယ်များတယ်!” လင်းချီ သူတို့ကို တားသည်။
လူသာက ဘဝင်ခိုက်နေသောအကြည့်ဖြင့် “ကျုပ်က အဆင့်မြင့်ဓားသခင်ပါဗျာ သခင်လေးထက်တောင် အများကြီး ပိုအစွမ်းထက်တယ်။ သခင်လေးသာ အန္တရာယ်ကိုရင်ဆိုင်ချင် ရင်ဆိုင်ရမှာ ကျုပ်အတွက် စိတ်ပူမနေနဲ့”
“ဒါပေမယ့်…” လင်းချီ တစ်ခုခုပြောချင်သော်လည်း ယွီမုန့်က ဖြတ်ပြောသည်။
“ရှင်ဘယ်ကိုသွားသွား၊ ကျွန်မသွားမယ်” ယွီမုန့်က သူ့
မျက်နှာကို တည့်တည့်ကြည့်ကာ ပြောလိုက်သည်။
ထုံးစံအတိုင်း သူမသည် တိုက်ရိုက်တဲ့တိုးပြောလေ့ရှိပြီး လင်းချီကို စကားပြောခွင့်မပေးပေ။
ရိုးရိုးသားသားပြောရလျှင် လူသာနှင့် ယွီမုန့်တို့သည် မတိုင်မီက မည်သည့်အန္တရာယ်မှ မကြုံခဲ့ရပေ။ လွန်ခဲ့သည့်လအတွင်း လင်းချီကသာ သူတို့ကို စောင့်ရှောက်ပေးခဲ့သူဖြစ်သည်။ သူတို့ကို ကယ်တင်ဖို့အတွက် တစ်ယောက်တည်းတောင် အစာရှာထွက်ခဲ့သေးသည်။
ပြန်ရောက်လာပြီးနောက်တွင်လည်း လင်းချီမှာ နောက်တစ်ကြိမ်ထပ်ပြီး တစ်ယောက်တည်း ရင်ဆိုင်တော့မည့်အကြောင်း တည်တည်ငြိမ်ငြိမ် ပြောနေသည်ကို သူတို့ ကြားလိုက်ရပြန်သည်။ သူတို့ ရင်ထဲတွင် လုံးဝမငြိမ်သက်နေတော့ပေ။
ထို့ကြောင့် ထိုကဲ့သို့ အချိန်မျိုးတွင် သူတို့ လင်းချီအား ဘယ်တော့မှ အန္တရာယ်ကို တစ်ယောက်တည်း ရင်ဆိုင်ခွင့်မပြုရန် ဆုံးဖြတ်ခဲ့ကြသည်။
ဒီလိုနှင့် သူတို့ သုံးယောက်နဲ့ ခွေးနက်ကြီးဟာ ခရီးထွက်လာခဲ့ကြသည်။
“မင်းမှာ အကြံရှိလား” လူသာက လင်းချီကို မေးသည်။
“ဟင့်အင်း ဘာအကြံအစည်မှ မရှိဘူး၊ ဒါပေမယ့် သူတို့ ပျောက်သွားတဲ့နေရာကို အရင်သွားကြည့်ဖို့တော့ တွေးထားတယ်”
လင်းချီ ရှုပ်ထွေးနေတုန်းဖြစ်သည်။ မျက်မြင်သက်သေမရှိ၊ ပြင်းထန်သော တိုက်ပွဲသံများလည်း မရှိ၊ အနည်းဆုံး ဆောက်လုပ်ရေးလုပ်ငန်းခွင်နှင့် စခန်းတွင် ရှိသော မည်သူမျှ မကြားခဲ့ရဟု ဆို၏။
အလွန်ကွာဝေးနေသည်လည်း မဟုတ်ဘူး။ လင်းချီသည် နာရီဝက်ကြာအောင် အမြန်လမ်းလျှောက်နေခဲ့ပြီး အော့ခ်များလျှောက်လျှင် ပိုမိုမြန်ဆန်ပေလိမ့်မည်။
ထို့အပြင်၊ အော့ခ်များသည် ရဲရင့်ပြီး တိုက်ခိုက်
ရာတွင် ကောင်းမွန်ပြီး အဘာလူသည် သူတို့ထဲတွင် အကောင်းဆုံးဖြစ်သည်။ အသံမထွက်ဘဲ ဘယ်လို ပျောက်ကွယ်သွားတယ်တဲ့လား? ဒါဟာ လုံးဝ ယုတ္တိမတန်ပေ။
ခဏကြာတော့ သူတို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ရောက်သွားသည်။ အော့ခ်များကို ရုတ်တရက် ပြန်ခေါ်သွားသောကြောင့် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ပုဆိန်များနှင့် ခုတ်လှဲခံထားရသော်လည်း အချိန်မီ မရွှေ့ရသေးသော သစ်လုံးအချို့ ရှိနေသေးသည်။
မဟူရာဘုရင်သည် မြေကြီးပေါ်ကို သေချာ အနံ့ခံနေစဉ် ကျန်သုံးဦးသည် အသုံးဝင်သော သဲလွန်စများ ရှိမရှိကို သိရှိရန် လှည့်ပတ်ကြည့်ရှုကြသည်။
နာရီဝက်အကြာတွင် လူသုံးဦးနှင့် ခွေးသည် သူတို့၏ တွေ့ရှိချက်များကို မျှဝေရန် တစ်ဖန်စုစည်းခဲ့သည်။ မဟူရာဘုရင်က “ဒီမှာ သစ်ပင်တွေရဲ့ အနံ့က အရမ်းပြင်းတယ်။ ပြီးတော့ ဒီအော့ခ်တွေက တစ်ကိုယ်ရေသန့်ရှင်းရေးကို သိပ်ဂရုမစိုက်ကြဘဲ နေရာအနှံ့ ဆီးသွားပြီး မစင်စွန့်ကြတာ။ ဘာပဲဖြစ်ဖြစ် ထူး
ထူးခြားခြား အနံ့တော့ မရဘူး”
လူသာက မျှဝေပြောဆိုသည်။ “ဒီနေရာမှာ တိုက်ပွဲဖြစ်ပြီး ကျန်ခဲ့တဲ့ အရိပ်အယောင်တွေမရှိဘူး။ သွေးကွက်တွေလိုမျိုးလည်းမရှိဘူး။”
ယွီမုန့်က ဆက်ပြောသည်။ “မှော်စွမ်းအင်သုံးထားတဲ့အရိပ်အယောင်လည်း မရှိဘူး”
လင်းချီ ခဏလောက်စဉ်းစားပြီး “မဟုတ်သေးဘူး၊ ဒီလိုပုံစံနဲ့ဆို တိုးတက်မှုရှိလာမှာမဟုတ်ဘူး။ နေ့တိုင်း လူ ၃ ယောက် ပျောက်ဆုံးနေတယ်ဆိုမှတော့ ဒါ တခြားတစ်ယောက်ယောက်က ငါတို့ကို စောင့်ကြည့်နေတယ်လို့ ဆိုလိုတာပဲ။ ငါတို့ဒီမှာစောင့်နေသရွေ့ အဲ့လူက ငါတို့ထောင်ချောက်ထဲကို ဝင်လာနိုင်တယ်။”
လူသာက မတူညီတဲ့အမြင်တစ်ခုကို အကြံပြုခဲ့သည်။ “ဒါပေမယ့်၊ ဒီနေရာမှာ တိုက်ပွဲဖြစ်ထားတဲ့ အရိပ်အယောင်မရှိဘူး၊ ဆိုလိုတာက အဲ့လူက ဒီမှာ အမဲမလိုက်တာလည်း ဖြစ်နိုင်တယ်။ သူတို့ သတ်မှတ်ထားတဲ့ လမ်းကြောင်းတစ်ခုခုရှိရမယ်”
“မှန်တယ်!” ယွီမုန့်သည် လူသာနှင့် အတွေးတူခဲ့သည်။ “ရှင်တို့ ခုနက မရှိတုန်း ကျွန်မတို့ အော့ခ်တွေဆီက အချက်အလက်တချို့တောင်းထားတယ်။ ပျောက်ဆုံးနေတဲ့အော့ခ်တွေက စခန်းကို ပြန်သွားတဲ့လမ်းမှာ ပျောက်ကွယ်သွားပြီး အချိန်က အတိအကျမရှိဘူး။ တချို့က ညဘက်အလုပ်ပြီးလို့ ပြန်သွားတဲ့အချိန် ပျောက်သွားကြတယ်၊ တစ်ချို့ကကျ နောက်နေ့မနက်မှာမှ ပြန်ဖို့လုပ်ကြပြီး အဲ့မှာ ပျောက်သွားကြပြန်တယ်၊ တစ်ချို့က နေ့လည်ဘက်မှာ ဗိုက်ဆာတယ်လို့ပြောပြီး ခဏကြာတော့ ပျောက်သွားတယ်တဲ့”
လင်းချီက မေးစေ့ကို ပွတ်ပြီး ခဏလောက် စဉ်းစားသည်။ “ဒီလိုဆိုရင်ရော? ငါတို့ ညမှောင်တဲ့အထိ ဒီမှာစောင့်နေပြီးတော့ ငါတို့ထဲက တစ်ယောက်က စခန်းကို ပြန်သွားပြီး ကျန်တဲ့သူတွေက သူ့ကို နောက်ကနေ အကာအကွယ်ပေးမယ်။”
ယွီမုန့်က “ငါတို့ထဲက တစ်ယောက်က သူတို့ကို ကာကွယ်ပေးမယ်။ ငါတို့ သုံးယောက်ဆို သိပ်သိသာလွန်းနေလိမ့်မယ် ဒါ့ကြောင့် ကျန်နှစ်ယောက်က ဒီမှာစောင့်နေမယ်။ တိုက်ခိုက်ခံရရင် အမြန် အချက်ပြ
လိုက်တာနဲ့ ကျန်တဲ့နှစ်ယောက်က တတ်နိုင်သမျှ အမြန်ဆုံး စစ်ကူလာပေးပေါ့”
ဒါက လုံခြုံတဲ့ အကြံဥာဏ်မဟုတ်ဘူးလို့ လင်းချီ ခံစားရသည်။ “ဒါပေမယ့်… အဲ့ဒါက အန္တရာယ်များတယ်လေ”
သူ၏ထင်မြင်ချက်ကို မဖော်ပြခဲ့သော မဟူရာဘုရင်က ယွီမုန့်နှင့် သဘောတူခဲ့သည်။ “သူရဲ့စကားကို နားထောင်ရအောင်။ လူသုံးယောက်က တကယ်ကို သိသာလွန်းတယ်။”
လင်းချီက သူတို့ကို မဖြောင်းဖျနိုင်ဘဲ သဘောတူလိုက်ရသည်။ “ဒါဆို ကျုပ် ငါးစာလုပ်မယ် မဟူရာဘုရင်က ကျုပ်ကို ကာကွယ်ပေးပေါ့”
လူသာက ပြုံးလိုက်ပြီး “မေ့လိုက်ပါ။ မင်းက အတွေ့အကြုံနည်းလွန်းတယ်။ ဒီလိုဟာမျိုးက ကျုပ်လို အဆင့်မြင့်ဓားသခင်လုပ်မှ ရမှာပေါ့ ရန်သူက အော့ခ်တွေကိုတောင် အသံတစ်ချက်မထွက်ဘဲ ခေါ်သွားနိုင်တယ်ဆိုရင် မင်းကိုဆို ချက်ချင်း အနိုင်ယူလိုက်နိုင်တယ်”
လင်းချီ တစ်ခုခုပြောချင်နေသေးတာကို မြင်လိုက်ရတော့ သူက လက်သီးကို မြှောက်လိုက်ပြီး ရင်ဘတ်ကို အသာအယာရိုက်လိုက်သည်။ “အဲ့လိုပဲ သတ်မှတ်လိုက်ပြီနော် အရမ်း ဇီဇာကြောင်ပြီး မိန်းကလေးလို လုပ်မနေပါနဲ့ဗျာ”
အုပ်စုထဲရှိ အစစ်အမှန်အမျိုးသမီးလေးက သူ့ကို အေးစက်စွာ စိုက်ကြည့်ကာ လင်းချီအား ပြောလိုက်သည်။ “မှန်တယ်။ သန်မာတဲ့ ခြေလက်တွေနဲ့ ရိုးရှင်းတဲ့ အတွေးအခေါ်ရှိတဲ့ လူမိုက်က ရှင့်ထက် ဒီလိုကိစ္စတွေလုပ်ဖို့ ပိုသင့်တော်တယ်။”
ဘေးတွင် လူသာက ပခုံးတွန့်လိုက်သည်။ သူက တကယ်ကို အမြင်ကျဉ်းမြောင်းတာပဲ။
လင်းချီ လက်လျှော့လိုက်ရုံသာ။ “ဒါဆို လူသာက ငါးစာလုပ်ပြီး မဟူရာဘုရင်က မင်းကို နောက်ကွယ်ကနေ ကာကွယ်ပေးလိမ့်မယ်။”
မဟူရာဘုရင်က စိတ်မချမ်းသာပေ။ “ငါက ဘာလို့ မင်းကို အနောက်ကနေ ကာကွယ်ပေးရမှာလဲ? မင်း
ဘာသာ မင်းလုပ်ပါလား”
လူသာက “မင်းက အပြေးမြန်လို့လေ?”
ယွီမုန့်က “ရှင့်က အကောင်းဆုံးမို့”
လင်းချီက “မင်းက အဆိုးဆုံးမို့လို့ပေါ့?”
“… ပထမနှစ်ခုကို မေ့လိုက်။ ဘယ်သူက အဆိုးဆုံး?”
“မင်းမှာ ပုန်းအောင်းပြီး ကာကွယ်ပေးရမယ့်နေရာမှာ သင့်တော်တဲ့ နက်မှောင်တဲ့ အမွှေးတွေရှိတယ်လေ”
မဟူရာဘုရင်သည် လင်းချီနှင့် ငြင်းခုံပြီး စိတ်အနှောက်အယှက်မဖြစ်လိုသောကြောင့် သဘောတူရန်မှတပါး ရွေးချယ်စရာမရှိချေ။ လင်းချီကို ဆွဲဆောင့်လိုက်ကာ သူ့ပုံစံမှာ တစ်ခုခုပြောချင်ဟန်ဖြင့်။
“ကျုပ် သိပါတယ်” လင်းချီက မမေးရသေးဘဲ အရင်ဖြေလိုက်သည်။ “စားစရာတွေ ထပ်လုပ်ပေးမယ်!”
ဘာမှပြန်မပြောဘဲ စနစ်ထဲကနေ ဆာလောင်မှုငြိမ်း လတ်ဆတ်သော မှိုဟင်းချိုပန်းကန်လုံးကြီးကို ထုတ်ယူလိုက်သည်။ “မင်း သောက်ချင်တာသာ သောက်၊ မင်း ကြိုက်သလောက် စားလို့ သောက်လို့ရတယ်!”
...
မကြာခင် ညအချိန်သို့ ကျရောက်လာခဲ့ပြီ။ လူသာသည် သူ့လက်နက်ကို ကိုင်ကာ ထွက်ခွာရန် အသင့်ဖြစ်နေပြီဖြစ်၏။
သူ မထွက်ခွာမီ လင်းချီသည် စွမ်းအင်ပေါက်ကွဲ အမဲသားလုံးများကို လက်တစ်ဆုပ်စာ ကိုင်ဆောင်ကာ လူသာထံ ပေးအပ်ခဲ့သည်။ “ဒီအရာတွေက ... မင်းစားဖို့ မဟုတ်ဘူး။ နေဦးဟ!”
ခက်ခက်ခဲခဲဖြင့် လင်းချီသည် လူသာ၏ မတော်တဆ သတ်သေရန် ကြိုးစားမှုကို အလျင်အမြန် ရပ်တန့်လိုက်ရသည်။ “ဒါတွေကို စွမ်းအင်ပေါက်ကွဲ အမဲသားလုံးလို့ခေါ်တယ်။ ဟုတ်တယ်၊ အဲ့တာက နာမည်အတိုင်းပဲ ပေါက်ကွဲနိုင်တယ်။ အန္တရာယ်ကြုံလာရင် မြန်မြန်သာပစ်လိုက်။
မင်းကို ကယ်တင်ဖို့ မဟူရာဘုရင် လာတဲ့အခါ အဲ့အသံကြားတာနဲ့ ငါတို့ မင်းကို လိုက်ရှာမယ်။”
လူသာသည် အသားလုံးများကို အိတ်ကပ်ထဲသို့ ထည့်ကာ ပြောသည်။ “ကျေးဇူးပါပဲ ညီအစ်ကို”
မဟူရာဘုရင်သည် နောက်မှ ဖြည်းညှင်းစွာ လိုက်လာသည်။ ထွက်မသွားခင် လင်းချီကို တစ်ချက်ကြည့်လိုက်၏။
အဓိပ္ပါယ်ကတော့ “စိတ်မပူပါနဲ့ ငါ့ကိုအပ်ထားလိုက်”
••••••••