← Chapters

(သုတ်သင်ရှင်းလင်းခြင်း)

Vol. 9 Ch. 89

(သုတ်သင်ရှင်းလင်းခြင်း)

Vol. 9 Ch. 89

လင်းချီနှင့် အခြားသူများသည် ညကြီးမင်းကြီး အဘာလူနှင့်အတူ စခန်းသို့ ပြန်ပြေးလာကြသည်။ ဘုန်း

တော်ကြီးနှင့် မြင့်မြတ်မိန်းမပျိုတို့ကို နှိုးလိုက်ကာ ထို့နောက် သမားတော်နှင့် အဘာလူ၏ မိသားစုကိုပါ ခေါ်လိုက်သည်။

သမားတော်ရောက်လာပြီးနောက် အဘာလူ၏ ဒဏ်ရာများကို သေချာစစ်ဆေးသည်။ “ဒဏ်ရာက အရမ်းပြင်းထန်တယ် သူ သွေးတွေလည်းအများကြီး ဆုံးရှုံးထားပြီးတော့ သူ့ရဲ့ ဘယ်ဘက်လက်ကလည်း မရှိတော့ဘူး အခုချိန်ထိ ဘယ်လိုများ ရှင်သန်ခဲ့လဲတော့ မသိဘူး”

သူက ပြောနေတာကို ရပ်လိုက်ပြီး “ဒါပေမယ့် လက်မောင်းဒဏ်ရာကတော့ ကောင်းကောင်းကုသထားနိုင်လိုက်တယ် ကူးစက်နိုင်ခြေ မရှိဘူး ဒါပေမယ့်…”

သမားတော်က အဘာလူ၏ မျက်လုံးများကို လှန်ကြည့်လိုက်သည်။ “ဒါပေမယ့် သူက အဓိကဒဏ်ရာကြောင့် မဟုတ်ဘဲ သက်ရောက်မှုအရှိန်တစ်ခုကြောင့် ကိုမာဝင်နေတာလို့ ထင်တယ်”

သူစကားပြောပြီးသည်နှင့် လင်းချီနှင့် အခြား

သူများ၏အမူအရာမှာ အနည်းငယ်ထူးဆန်းသွားသည်ကို လူတိုင်းသတိပြုမိလိုက်သည်။ မဟူရာဘုရင်က နှစ်ကြိမ်မျှ ချောင်းဆိုးပြီး “ငါတို့ သူ့ကို တွေ့တုန်းက တစ်ခုခုက သူ့ကို လိုက်ဖမ်းနေပုံရတယ် သူ ငါတို့ကိုမြင်တာနဲ့ တစ်ခါတည်း မေ့လဲသွားတော့တာပဲ တစ်ယောက်ယောက်နဲ့ တိုက်ခိုက်လာတာနေမှာပေါ့”

ဆရာဝန်က ဒီကိစ္စကို သိပ်ပြီး စဉ်းစားမနေတော့ချေ။ အခြားသုံးယောက်က မဟူရာဘုရင်ကို ထူးထူးခြားခြားကြည့်နေသည်ကို မြင့်မြတ်သောအပျိုစင်ကသာ သတိပြုမိသည်။

သို့သော် ယင်းကို စူးစမ်းလေ့လာရန် အချိန်မဟုတ်ပေ။ အတင်းအဖျင်းစကားမစမီ အရာအားလုံးပြေလည်သွားသည်အထိ စောင့်သင့်သည်။

သမားတော်သည် အဘာလူ၏ဒဏ်ရာများကို ကုသနေစဉ်တွင် အမျိုးသမီးတစ်ဦးသည် အော့ခ်ငယ်လေးကိုချီ၍ ပြေးဝင်လာခဲ့သည်။

အဘာလူ၏ ဇနီးနှင့်ကလေးဖြစ်၏။

သူမသည် ပထမဆုံးလှည့်ပတ်ကြည့်လိုက်ရာတွင် ကုတင်ပေါ်တွင် အဘာလူလဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ သူမသည် သမားတော်ကို တွန်းဖယ်ပြီး အဘာလူကို ထုရိုက်ကာ အော်ငိုနေခဲ့သည်။

"ဟင့် ရှင် ခွေးကောင်ကြီး! ကျွန်မတို့ကို ဘာလို့ ထားခဲ့တာလဲ? ရှင် ကျွန်မကိုနောက်ဆုံးပြောခဲ့တာက နောက်ထပ်ကလေးလိုချင်တယ်ဆိုပြီးတော့! ရှင်အဲ့လိုပြောပြီးတော့မှ ဘာလို့ထွက်သွားရတာလဲ? ရှင်မရှိရင် ကျွန်မတို့ဘာလုပ်ရမှာလဲ"

သူမပြောရင်းပဲ အဘာလူရဲ့ ရင်ဘတ်ကို ထုရိုက်နေသည်။ သူမဘေးနားက အော့ခ်လေးကလည်း အဘာလူရဲ့ပေါင်ကို ပွေ့ဖက်ပြီး ငိုပါတော့သည်။

လူတိုင်းဆွံ့အနေကြသည်။ သူ မသေသေးဘူးလေ ဒါပေမယ့် မင်း ဒီလိုမျိုး ဆက်ထုရိုက်နေရင်တော့ သူတကယ်သေသွားလိမ့်မယ်။

မြင့်မြတ်သောအပျိုစင်သည် သူမကို နောက်သို့ ဆွဲရန် ရှေ့သို့ တိုးသွားသည်။

ထို့နောက် သမားတော်သည်လည်း သူမကို ဆွဲရန် ရှေ့တိုးလိုက်သော်လည်း သူမသည် သူတို့ကို နောက်တစ်ကြိမ် ပြန်တွန်းထုတ်လိုက်သည်။

အလုပ်မဖြစ်တာကိုမြင်တော့ လင်းချီလည်း သူမကို ဆွဲဖို့ ရှေ့ကို တိုးသွားပေမယ့် သူသည်လည်းပဲ နောက်ကို တွန်းထုတ်ခံလိုက်ရသည်။

ယုတ္တိကျကျပြောရရင် အဘာလူရဲ့ဇနီးဟာ တကယ်ကို သန်မာပေသည်။

ဘုန်းတော်ကြီးက သည်းမခံနိုင်တော့ဘဲ လမ်းလျှောက်တုတ်ကို ပြင်းပြင်းထန်ထန် ဆောင့်ချလိုက်မှသာ သူမ တဖြည်းဖြည်း ရပ်သွားခဲ့သည်။

ထို့နောက် ဘုန်းတော်ကြီးသည် မျက်ရည်ကျနေသော သူမအား ကြည့်လိုက်၏။ "သူ မသေသေးဘူး!"

အမျိုးသမီးမှာ အံ့ဩသွားသည်။ ထို့နောက် သူမသည် အဘာလူကို ဂရုတစိုက်ကြည့်ကာ သူ့ရင်ဘတ်မှာ အနည်းငယ် နိမ့်လိုက်မြင့်လိုက်ဖြစ်နေသည်ကို တွေ့ရှိခဲ့သည်။ သူမ သက်ပြင်းတစ်ချက်ချကာ

မျက်ရည်များကို အဝတ်ထောင့်ဖြင့် သုတ်လိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။

"ဒင်းမသေသေးသရွေ့တော့ ဒင်းနိုးလာတဲ့အခါမှ စာရင်းရှင်းအုံးမယ်!" ထိုစကားကို ပြောပြီးနောက် ကလေးကို ဆွဲထုတ်ကာ ထွက်ခွာတော့မည်ပြုသည်။

သူမရဲ့တုံ့ပြန်မှုကိုမြင်တော့ လင်းချီက စူးစမ်းစွာ မေးလိုက်သည်။ “မင်း သူ့ကို ဂရုစိုက်ဖို့ ဒီကိုလာတာ မဟုတ်ဘူးလား”

အမျိုးသမီးက ခဏတာ အံ့အားသင့်သွားသည်။ သူမက သမားတော်ကို လက်ညှိုးထိုးပြပြီး “သူ ဒီမှာ ရှိနေတယ်မဟုတ်ဘူးလား ကျွန်မက လူတွေကို သတ်နိုင်ပေမယ့် လူတွေကို ကယ်တင်တဲ့ နေရာမှာတော့ တကယ့်ကို အပျော်တမ်းအဆင့်လောက်ပဲရှိတယ် ဒီမှာနေပြီး ရှိတဲ့သူတွေကို ဒုက္ခပေးရမှာလား"

အမှန်မှာ ဆင်ခြင်တုံတရားရှိသော သတ္တဝါများအဖို့ ကျိုးကြောင်းဆီလျော်မှုရှိရန်မှာ အလွန်ခက်ခဲသည်။ ဆိုရိုးစကားအတိုင်းဆိုရလျှင် ဂရုစိုက်ခြင်းက ပရမ်းပတာဖြစ်စေသည်။ လင်းချီ၏ ယခင်ဘဝတွင်

ဆရာဝန်များကို မယုံကြည်ကြသော လူနာများ၏ မိသားစုများပင် ရှိသေးသည်။

အဲ့ဒီအစား သူတို့က အင်တာနက်မှာ ရှာဖွေပြီး ဆရာဝန်များကို ကဂျီကဂျောင်ကျကြသည်။ သူတို့က ဆရာဝန်တွေကို ပရော်ဖက်ရှင်နယ် မဟုတ်ဘူးလို့တောင် စွပ်စွဲကြသေးသည်။ လူနာသေဆုံးသွားသည့်တိုင်အောင် သူတို့နောင်တမရကြချေ။

လင်းချီ ဆက်မေးသည်။ "မင်း အဲ့ဒါကို မကြောက်ဘူးလား... သူ ဘယ်တော့မှ မနိုးထလာတော့မှာကိုလေ"

ထိုမေးခွန်းကိုကြားသောအခါ အမျိုးသမီးက ရယ်သည်။ လင်းချီ၏ မေးခွန်းကို သူမ မဖြေခဲ့ပေ။ အဲ့ဒီအစား "ကျွန်မရဲ့ခင်ပွန်း ဘာကြောင့် ဒီမျိုးနွယ်စုမှာ အကောင်းဆုံး စစ်သည်တော်ဖြစ်နေတယ်ဆိုတာ ရှင်သိလား"

လင်းချီရဲ့ အဖြေကို စောင့်မနေဘဲ သူမက ဆက်ပြောသည်။ "ကျွန်မခင်ပွန်းက မျိုးနွယ်စုထဲမှာ အကောင်းဆုံး တိုက်ခိုက်ရေးသမား မဟုတ်သလို သူ့

ရဲ့ ဉာဏ်ရည်ကလည်း အမြင့်ဆုံး မဟုတ်ဘူး အဲဒီ့အစား သူက တစ်လမ်းတည်းကိုပဲ တွေးတောလုပ်ကိုင်တတ်တဲ့သူမျိုး။ ဒါပေမယ့် ကျွန်မခင်ပွန်းက ဒီမျိုးနွယ်စုထဲမှာ ဇွဲအရှိဆုံးလူဆိုတာတော့ သေချာတယ်!"

“တစ်ခါက ဆောင်းရာသီတစ်ခုမှာ ကျွန်မတို့ သားကောင်တစ်ကောင်ကိုတောင် အမဲမလိုက်နိုင်ခဲ့ကြတာ ကြာပြီ၊ နောက်ဆုံး အမဲလိုက်ဖို့ ထွက်သွားတဲ့ မုဆိုးတွေ အကုန်လုံး လက်ဗလာနဲ့ ပြန်လာခဲ့ကြတာ ကျွန်မခင်ပွန်းတစ်ယောက်တည်းကပဲ နှင်းထဲမှာ သုံးရက်နဲ့ နှစ်ညနေခဲ့ပြီး တောဝက်တစ်ကောင်ကို အောင်အောင်မြင်မြင် အမဲလိုက်နိုင်ခဲ့တာလေ အဲ့တာကြောင့်သာ ကျွန်မတို့ရဲ့ အရေးကြီးပြဿနာကို ဖြေရှင်းနိုင်ခဲ့တယ် အဲ့ဒီအချိန် သူပြန်လာတော့ သူ့တစ်ကိုယ်လုံး အေးစက်မှုကြောင့် နှင်းကိုက်နာတွေနဲ့ ဖုံးလွှမ်းနေခဲ့တယ်"

"ကျွန်မ သူ့ကိုမေးခဲ့တယ် ရှင်အပြင်မှာ အေးခဲပြီး သေရမှာကို မကြောက်ဘူးလားလို့ သူ့အဖြေက ဘာလဲ သိလား"

လင်းချီက ခဏလောက်စဉ်းစားပြီး ခေါင်းယမ်းလိုက်သည်။

“ဘာပဲဖြစ်ဖြစ် မင်းကို ကိုယ် အငတ်မထားနိုင်ဘူးတဲ့လေ အဲ့တာအပြင် မျိုးနွယ်စုက လူတွေက သူ့ကို စောင့်နေကြတုန်းပဲတဲ့” ထိုသို့ ပြောနေချိန် အမျိုးသမီး၏ မျက်နှာသည် ဂုဏ်ယူမှုအပြည့်နှင့်။

ထို့နောက် သူမသည် လူစုလူဝေးထဲမှ ကလေးကိုခေါ်ကာ ထွက်သွားခဲ့သည်။ သူတို့ အပြင်မရောက်သွားခင်အထိ လူအုပ်ကြီးမှာ ကလေးကို သင်ပြပေးနေတဲ့ အမျိုးသမီး၏အသံကို ကြားနေရဆဲဖြစ်သည်။

"ကောင်စုတ်လေး မင်း ကြီးပြင်းလာတဲ့အခါ ကောင်းကောင်းလေ့ကျင့်ပြီး မင်းအဖေအတွက် လက်စားချေရမယ်နော်"

"ဟုတ် ကျွန်တော် ကောင်းကောင်းလေ့ကျင့်မယ် ပြီးရင် ဖေဖေ့ကို အဲ့လိုဖြစ်အောင် လုပ်တဲ့သူကို ရိုက်ပစ်မယ်!”

“ချစ်ရတဲ့သားလေး မင်းဒီလိုလုပ်တာ မမှန်ဘူး မင်း

သူတို့ရဲ့ မျိုးနွယ်စုတစ်ခုလုံးကို ရှင်းပစ်သင့်တာ"

“ဟုတ်!”

အခန်းထဲရှိလူတိုင်းမှာ နောက်ထပ်တစ်ဖန် ဆွံ့အသွားကြပြန်သည်။

လင်းချီမှာ မြင့်မြတ်သောအပျိုစင်နှင့် ဘုန်းတော်ကြီးကို ကြည့်လိုက်သည်။ "မင်းတို့ မျိုးနွယ်စုက သားသမီးတွေကို ဒီလိုပဲ သင်ပေးတာလား"

ဘုန်းတော်ကြီးလည်း ကသိကအောက်ဖြစ်စွာဖြင့် ချောင်းဆိုးသည်။

သို့သော်လည်း အမျိုးသမီး၏ ရုတ်ရုတ်သဲသဲအဖြစ်အပျက်ပြီးနောက် သူတို့သည် အဘာလူ နိုးမနိုး ကိစ္စနှင့်ပတ်သတ်ပြီး မစိုးရိမ်ကြတော့ချေ။

လူသာက ခဏလောက်စဉ်းစားပြီး ပြောသည်။ “နောက်ဆုံးတော့ ကျုပ်သိသွားပြီ… သူဘာလို့ အသက်ရှင်လျက် လွတ်မြောက်လာခဲ့တာလဲဆိုတာ”

သူ့မိန်းမပြောသလိုပဲ သူ့လူတွေနဲ့ မိသားစုအပေါ်

တာဝန်သိစိတ်ပြင်းထန်တဲ့ အမျိုးသားတစ်ယောက်က ဘယ်လိုလုပ် လွယ်လွယ်နဲ့ ကျဆုံးနိုင်မှာလဲ။

ဘုန်းတော်ကြီးက သူတို့ကိုကြည့်ကာ “သူ့ကို ငါတို့ဆီ အပ်ထားခဲ့လိုက် မင်းတို့ တစ်နေကုန်ကြိုးစားခဲ့ရတာ စောစောပြန်ပြီး အနားယူကြလေ"

ယင်းသို့ ပြောလိုက်မှပဲ လင်းချီနှင့် အခြားသူများ အထူးသဖြင့် လူသာမှာ ပင်ပန်းနွမ်းနယ်လာသယောင် ခံစားလိုက်ရသည်။ သူသည် ငါးစာဖြစ်နေရသောအခါ အလွန်စိတ်လှုပ်ရှားနေခဲ့ပြီး အကြိမ်ပေါင်းများစွာ အပြန်ပြန်အလှန်လှန် ပြေးနေခဲ့ရသေးသည်။ သူချက်ချင်းအိပ်မပျော်သွားတာပဲ လုံလောက်နေပြီဖြစ်သည်။

လင်းချီမထွက်လာခင်မှာ သူ လန်းဆန်းစေသောအချိုရည် ပုလင်းနှစ်ပုလင်းကို ထုတ်ယူပြီး ဆရာဝန်ကိုပြောသည်။ “ဒီဟာက သူ့စိတ်ကို မြန်မြန် ငြိမ်သက်သွားစေလိမ့်မယ် သူနိုးလာလို့ နည်းနည်းရှုပ်ထွေးနေရင် အဲ့အချိန် သူ့ကို ဒါလေး နည်းနည်းလောက် တိုက်လိုက်ပါ”

ထိုမှသာ စိတ်သက်သာရာရပြီး မိမိနေထိုင်ရာသို့ ပြန်ထွက်လာခဲ့သည်။

..

နောက်တစ်နေ့မနက်တွင် လင်းချီ နိုးနိုးချင်း ဆေးကြောသန့်စင်ပြီးနောက် အဘာလူဆီ ထွက်လာခဲ့သည်။

အိမ်အနီးနားကို ရောက်သွားတော့ သူ အံ့ဩသွားရသည်။ အိမ်တစ်ခုလုံးကို အော့ခ်များက ဝန်းရံထားသည်။

ပျောက်ဆုံးနေသော အဘာလူကိုတွေ့ရှိကြောင်း အော့ခ်များကြားသိရသောကြောင့် သူတို့ဘာဖြစ်နေလဲဆိုတာ သိရရန် အမြန်လာကြည့်ကြခြင်းဖြစ်သည်။

လင်းချီသည် အပြင်ဘက်တွင် အချိန်အတော်ကြာ ရုန်းကန်ခဲ့ရသော်လည်း အထဲကို မဝင်နိုင်တော့ဘဲ အနည်းငယ် စိတ်ရှုပ်လာသည်။ "ဘာလုပ်နေကြတာလဲ? ဘာတွေဖြစ်နေတာလဲ? ဘာတွေဖြစ်နေတာ

လဲ?!"

သို့သော်... မည်သူမျှ သူ့ကို ဂရုမစိုက်။ သူတို့အားလုံး အိမ်ထဲကို လှမ်းကြည့်ဖို့သာ ကြိုးစားနေကြသည်။

ရုတ်တရက် အနောက်မှ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာသည်။ "မင်းတို့ အားလုံး ထွက်သွားကြ!" အသံက ကျယ်လောင်လွန်းလို့ ပတ်ဝန်းကျင်က လူတွေကိုပင် ကြောက်လန့်သွားစေခဲ့သည်။

လင်းချီလည်း ထိတ်လန့်သွားသည်။ သူလှည့်ကြည့်လိုက်တော့ အဘာလူရဲ့ဇနီးမှန်း သိလိုက်ရသည်။

သူမသည် ရေနွေးဇလုံကြီးနှင့် အဝတ်အစားအနည်းငယ်ကို လက်တွင် ကိုင်ထားသည်။ သူမက ရန်လိုနေသောပုံစံဖြင့် ဖြတ်လျှောက်သွားရာ သူ့အနီးနားရှိ အော့ခ်များက သူမအတွက် လမ်းကြောင်းတစ်ခုကို တိတ်တဆိတ် ပြုလုပ်ပေးလာသည်။ အမျိုးသမီးသည် တံခါးဆီသို့ လာ၍ သူ့ပတ်ဝန်းကျင်ရှိ အော့ခ်များကို ကြည့်ကာ “မင်းတို့ဘာ

လုပ်နေကြတာလဲ ပြန်သွား အခုမထွက်ရင် အကြီးအကဲဆီ သွားတိုင်မယ်!”

ထိုစကားကိုပြောပြီးနောက် သူမလှည့်သွားကာ သူတို့ကို ဂရုမစိုက်ဘဲ လျှောက်သွားသည်။

အော့ခ်တွေက ဂရုမစိုက်ဘဲ သူမကို ဝိုင်းထားကြပြန်သည်။

••••••••

All Chapters