← Chapters

(မက်မွန်ပွင့်တောအုပ်အတွင်း)

Vol. 9 Ch. 90

(မက်မွန်ပွင့်တောအုပ်အတွင်း)

Vol. 9 Ch. 90

ထိုမြင်ကွင်းကို ကြည့်ရင်း လင်းချီ ရုတ်တရက် နဖူးကို ရိုက်လိုက်မိသည်။

ဖြစ်ကတတ်ဆန်းနိုင်လိုက်တာ! သူ ခုနက သူတို့နောက်ကနေ လိုက်ခဲ့သင့်ပေမယ့် အခုတော့ သူ အဝိုင်းခံလိုက်ရပြန်ပြီ။

လင်းချီ ခဏလောက် စဉ်းစားပြီး ထိုအမျိုးသမီးထံမှ သင်ယူရန် ဆုံးဖြတ်လိုက်သည်။

သူအော်လိုက်သည် “အားလုံး ထွက်သွားကြ!"

… လှုပ်ရှားမှုလုံးဝမရှိပါ။ လင်းချီနှင့် အနီးဆုံး အော့ခ်ကသာ အနည်းငယ် စိတ်ဆိုးသွားပြီး အော်ငေါက်နေသော ကောင်လေးကို သင်ခန်းစာပေးချင်နေသည်။

သို့သော် သူလက်ကို မြှောက်လိုက်သည်နှင့် ထိုလူသည် မျိုးနွယ်စု၏ သူရဲကောင်း လင်းချီဖြစ်ကြောင်း သိလိုက်ရ၏။ ထို့ကြောင့် ခေါင်းကို ခပ်ပြင်းပြင်းကုတ်ပြီး အရှေ့ကို ပြန်လှည့်ရုံသာ တတ်နိုင်သည်။

လင်းချီ အံ့အားသင့်သွားသည်။

'ဘာကိုဆိုလိုတာလဲ? ဆက်ဆံပုံက လုံးဝကွာခြားလွန်းတယ်!'

..

..

နောက်ဆုံး လင်းချီ အိမ်ထဲသို့ဝင်နိုင်သွားခဲ့သော်လည်း နာရီဝက်မျှ ကြာသွားခဲ့သည်။ အဘာလူ၏ ဇနီး အိမ်ထဲမှ ထွက်လာမှသာ အော့ခ်များအားလုံးက သူ့အတွက် လမ်းဖွင့်ပေးခဲ့သည်။ ထိုအချိန်တွင်မှ လင်းချီ အထဲသို့ဝင်ခဲ့ရသည်။

အဘာလူသည် သတိလစ်နေသေးသော်လည်း သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးများ ပြောင်သွားကာ သန့်ရှင်းသောအ၀တ်အစားများအဖြစ် ပြောင်းလဲသွားခဲ့သည်။ ပြားကပ်နေသော ဘယ်ဘက်လက်အင်္ကျီစကြောင့်သာ မဟုတ်ပါက ဒဏ်ရာအပြင်းအထန်ရပြီး သတိလစ်သွားတယ်လို့ ပြောနိုင်မည်မဟုတ်။

လင်းချီသည် အိမ်ထဲသို့ဝင်ကာ သူ့ဘေးနားရှိ ဆရာဝန်ကို ကြည့်လိုက်သည်။ "သူ ဘယ်လိုနေသေးလဲ?"

ဆရာဝန်က ခေါင်းခါသည်။ "သူ့အသက်ကိုတော့ ကယ်တင်လိုက်ပါပြီ။ ဒါပေမယ့် ဘယ်တော့ နိုးလာမယ်ဆိုတာတော့ မပြောနိုင်ဘူး"

လင်းချီ မျက်မှောင်ကြုတ်လိုက်သည်။ "သူ့ဒဏ်ရာက အရမ်းပြင်းထန်နေလား"

“ပြင်းထန်တဲ့ ဒဏ်ရာက တစ်ချက်ပါပဲ” ဟု ဆရာဝန်က ရပ်လိုက်ပြီး ပြောသည်။ “သူ တော်တော် ခံစားခဲ့ရမယ်ထင်တယ် နှိပ်စက်ညှဉ်းပန်းမှုတွေက သူ့ကို

စိတ်ဒဏ်ရာ ရစေခဲ့လိမ့်မယ်။ မင်းသူ့ကိုတွေ့တုန်းက အရှိန်ပြင်းပြင်းနဲ့ပြေးနေတယ်လို့ မင်းပြောခဲ့တယ်မလား"

လင်းချီက ခေါင်းညိတ်လိုက်သည်။ ဆရာဝန်က ဆက်ပြောသည်။ “မှန်တယ် အဲ့အချိန် သူ့မှာ သတိတောင်မရှိတော့ဘူး။ သူ တောင့်ခံထားပုံရတယ်။ အဲ့ဒီနောက် သက်သာရာရပြီး မေ့မြောသွားခဲ့တာ”

“ဒါဆို… သူသတိပြန်ရဖို့ တခြားနည်းလမ်းရှိလား” လင်းချီက အနည်းငယ် စိတ်ပူပန်နေသည်။

“မဟုတ်ဘူး… ဒီအခြေအနေမှာ သူ့ကို အတင်းနှိုးလိုက်ရင် အဘာလူ အရူးဖြစ်သွားလိမ့်တယ်။”

လင်းချီ သက်ပြင်းချလိုက်သည်။ “ဒါဆို မေ့လိုက်ပါ… အဘာလူ နိုးလာပြီးမှ ဘာတွေဖြစ်ခဲ့သလဲ၊ တခြားပျောက်ဆုံးနေတဲ့ မျိုးနွယ်စုတွေ ဘယ်ရောက်သွားလဲ ဆိုတာ ပြောပြနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ထားတာ။ အခုတော့...ကျွန်တော်ပဲ နောက်တစ်ခုစဥ်းစားကြည့်လိုက်ပါအုံးမယ်။"

အဲ့ဒါက အဖြေတော့မဟုတ်။ မျိုးနွယ်စု ပြန်လည်တည်ဆောက်ရေးကို လုံးဝရပ်တန့်ရန် မဖြစ်နိုင်ပေ။ လေနဲ့မိုးဒဏ်ကို ခံဖို့ ရိုးရှင်းတဲ့ သစ်ပင်အိမ်တစ်လုံးရှိရင်တောင် အနာဂတ်မှာ ဘာတွေဖြစ်လာမလဲမသိနိုင်။ ထို့အပြင် ဖုံးကွယ်ထားသော အန္တရာယ်ကို မဖယ်ရှားရသေးချေ။ ဤကဲ့သို့သော နေရာမျိုးတွင် အော့ခ်များ မည်သို့နေထိုင်ပြီး မည်သို့အလုပ်လုပ်နိုင်မည်နည်း။

သို့သော် ရှေ့ဆက်လုပ်ဆောင်ပါက မျိုးနွယ်စုဝင်အချို့ ဆက်လက်ပျောက်ကွယ်သွားနိုင်သည်။ အခု အဘာလူ ပြန်ရောက်တော့ သူ့လက်တစ်ဖက်တောင် ပါမလာပေ။

ကျန်ရှစ်ဦးကတော့ သေကြေပျက်စီးဖွယ် ရှိသည်။

လင်းချီ တခဏလောက်စဉ်းစားပြီး ရှာဖွေသည့်ဧရိယာကို တိုးချဲ့ဖို့ ဆုံးဖြတ်လိုက်သည်။ သူနှင့်အတူလိုက်ပါရန် မဟူရာဘုရင်ကို ခေါ်ခဲ့သည်။

“အပြင်ထွက်ပြီး ပြန်ရှာကြည့်ရအောင်။ ဒီအတိုင်းဆက်သွားလို့တော့ မဖြစ်ဘူး။"

မဟူရာဘုရင်လည်း ဒီလိုပဲ တွေးသည်။ အစပိုင်းတွင် အော့ခ်အုပ်စုသည် မဟူရာဘုရင်အတွက် ဇိမ်ခံအိမ်ငယ်တစ်လုံးကို တည်ဆောက်ပေးရန် သဘောတူခဲ့ကြသည်။ အခုဆို အိမ်ဆောက်မည့်အစီအစဉ်မှာ ပျက်စီးရုံတင်မကဘဲ သူတို့လည်း ပျော်ပျော်ရွှင်ရွှင်မရှိကြတော့ပေ။

သို့သော် ထိုအချိန်တွင် သူတို့ ယွီမုန့်နှင့် လူသာဆီသို့ ဦးတည်မသွားပေ။ ဒီလောက်အချိန်တွေ ကြာပြီးနောက်မှာ လူနဲ့ ခွေးတို့ဟာ အပြန်အလှန် နားလည်မှုတစ်ခုကို ထူထောင်ထားပြီးဖြစ်၏။ သူတို့သည် တိုက်ခိုက်ခြင်းနဲ့ ပြေးလွှားလွတ်မြောက်ခြင်းတို့တွင် ထူးချွန်ကြသည်။

ဗွင်းဗွင်းရှင်းရှင်းပြောရလျှင် ယွီမုန့်နှင့် လူသာတို့ကို သူတို့၏ အစီအစဥ်များတွင် ဝန်ထုပ်ဝန်ပိုးအဖြစ် နှစ်ယောက်လုံး တွေးထင်ခဲ့ကြသည်။

ဘေးပတ်ဝန်းကျင်တွင် ဘယ်သူမှ မရှိတုန်း သူတို့နှစ်ဦးသည် မျိုးနွယ်စုမှ တိတ်တဆိတ်ထွက်ခွာသွားကြသည်။

အိမ်ကထွက်လာသော မြင့်မြတ်အပျိုစင်သည် သူတို့ကို မြင်သွားကြောင်း သူတို့သတိမထားခဲ့မိပေ။ သူမသည် အနည်းငယ် စူးစမ်းလိုသောကြောင့် သူတို့နောက်မှ တိတ်တဆိတ် လိုက်လာခဲ့သည်။

လင်းချီနှင့် မဟူရာဘုရင်တို့သည် ချောက်ထဲသို့ တစ်ဖန်ရောက်ရှိလာကြသည်။ ကြီးမားသော အရိုးစုကြီးသည်လည်း ထိုနေရာတွင် ရှိနေသေးသည်။

ထိုအချိန်တွင် သူတို့သည် အရိုးစုကို ဂရုတစိုက်ကြည့်ရှုခဲ့ကြသည်။ မဟူရာဘုရင်သည် အနီးနား မြေပြင်ပေါ်တွင် လှဲလျောင်းလိုက်ပြီး ဂရုတစိုက် အနံ့ခံနေလေသည်။

လင်းချီက အရိုးစုပေါ်သို့ တက်သွားပြီး သူ့ကို ထိတ်လန့်စေသော သဲလွန်စများကို တွေ့လိုက်ရသည်။

"မဟူရာဘုရင်! မြန်မြန်လာ!"

မဟူရာဘုရင် ခုန်တက်လာပြီး အရိုးစုဆီသို့

ရောက်လာသည်။ လင်းချီကြည့်နေသောအရာကို ကြည့်လိုက်တော့ အရိုးစုပေါ်တွင် သွားတန်းကိုက်ရာကြီးကို တွေ့လိုက်ရသည်။

အလွန်သေသပ်ပြီး ရှင်းလင်းလှသည်။ ကြည့်ရသည်မှာ…

“လူ့သွား အရာ…” လင်းချီက သူ့ထင်ကြေးအတိုင်း ပြောလိုက်သော်လည်း ထိုသွားများမှာ သာမန်လူများထက် ပိုကြီးနေလေသည်။

လင်းချီနှင့် မဟူရာဘုရင်တို့ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ “ဒီကျွန်းမှာ တစ်စုံတစ်ယောက် ရှိနေတယ်။ မဟုတ်ဘူး၊ အဲ့ဒါက လူနဲ့တူတဲ့ သတ္တဝါပဲ”

“ပြီးတော့ အဲ့ဒါက ဉာဏ်ရည်ရှိ သတ္တဝါတစ်ကောင်!”

"ဒါပေမယ့်... အရင်တစ်ခေါက်တုန်းက ဘာလို့ ငါတို့ကို မတိုက်ခိုက်ခဲ့တာလဲ" လင်းချီ အနည်းငယ် မဟေဠိဖြစ်နေသည်။

ရုတ်တရက်ပင် အဝေးကနေ အမျိုးသမီးတစ်

ယောက်၏ အော်သံ ထွက်ပေါ်လာသည်။

လင်းချီနှင့် မဟူရာဘုရင်တို့သည် အရိုးစုမှ အမြန်ခုန်ဆင်းပြီး တောအုပ်ထဲတွင် ပုန်းနေလိုက်သည်။ ထို့နောက် အသံကြားရာသို့ အမြန်သွားကြသည်။

လင်းချီသည် စွမ်းအားပေါက်ကွဲ အမဲသားလုံးများကို ယူလိုက်သည်။ မဟူရာဘုရင်၏ မျက်လုံးများသည်လည်း နီရဲနေ၏။ အချိန်မရွေး ပေါက်ကွဲရန် အသင့်ဖြစ်နေသည်။

သူတို့ နီးကပ်လာသောအခါတွင် တစ်စုံတစ်ဦးသည် လေထဲတွင် ခိုင်ခံ့သော နွယ်ပင်များကြား တွဲလောင်းကျနေပြီး လှုပ်နေဆဲဖြစ်ကြောင်း တွေ့ရှိရသည်။

လင်းချီက မဟူရာဘုရင်ကို ကြည့်ကာ သူ့လက်ဖြင့် အမူအရာပြသည်။ "သုံး၊ နှစ်၊ တစ်၊ သွား!"

လူတစ်ယောက်နှင့် ခွေးတစ်ကောင် ရှေ့နှင့် အနောက်ကနေ ထိုသူ့ကို ဝိုင်းထားသည်။ လင်းချီ သူ့လက်ထဲက အသားလုံးတွေကို ထုတ်ယူပြီး အဲဒီလူကို ချိန်

ရွယ်လိုက်ပေမယ့် ထိုသူက မြင့်မြတ်သော အပျိုစင်ဖြစ်ကြောင်း သူသိလိုက်ရသည်။

မြင့်မြတ်သော အပျိုစင်သည် လင်းချီဖြစ်သည်ကို သိရှိပြီးနောက် အော်သည်။ "လင်းချီ ကျွန်မကို အမြန်ချပေးပါ!"

မဟူရာဘုရင်သည် နွယ်ပင်၏ အမြစ်ကို ရှာတွေ့ပြီး ပါးစပ်ကိုဖွင့်ကာ ကြိုးကို ကိုက်လိုက်သည်။

မြင့်မြတ်သော အပျိုစင် အပေါ်ကနေ ပြုတ်ကျလာပြီး လင်းချီ သူမကို ဖမ်းလိုက်သည်။

"မင်းဘာလို့ဒီကိုရောက်နေတာလဲ?" လင်းချီ စိတ်ရှုပ်သွားသည်။

“အင်း… ရှင်တို့တွေ ထွက်လာတာကို မြင်တော့ ကျွန်မလည်း စူးစမ်းချင်တာနဲ့ အနောက်ကနေ လိုက်လာခဲ့တာ” မြင့်မြတ်သော အပျိုစင်က ရှက်ရွံ့စွာ ပြန်ဖြေသည်။

"နောက်နေတာလား?" လင်းချီ ဒေါသထွက်သွား

သည်။ "စခန်းကထွက်လာပြီး မင်းပျောက်သွားရင် ဘယ်လိုလုပ်မလဲ"

ထိုစကားကို ကြားသောအခါ မြင့်မြတ်သော အပျိုစင်၏ မျက်လုံးများ အရောင်လက်သွားသည်။ "ကျွန်မကို စိတ်ပူနေတာလား"

လင်းချီ ပြောစရာ စကားမရှိတော့ချေ။

ဒီလိုပြောရမယ့်အချိန်လား။ ထို့အပြင် ယွီမုန့်နှင့် သူ၏ဆက်ဆံရေးသည် ယခုမှသာ တဖြည်းဖြည်းပြေလျော့လာခဲ့ခြင်းဖြစ်သည်။ သူ ဝန်ခံလို့ရလား? လုံးဝပဲ!

ထိုအချိန်တွင် မဟူရာဘုရင်က ချောင်းဟန့်လိုက်ပြီး "အဟမ်း မင်းတို့ ပွေ့ဖက်တာကို ရပ်အုံးမှာလား။"

နောက်ဆုံးတွင် သူတို့နှစ်ယောက် သတိဝင်လာကြသည်။ မြင့်မြတ်သော အပျိုစင်သည် မျက်နှာနီရဲကာ လင်းချီ၏လက်များမှ ခုန်ထွက်လာသည်။

သူရှက်နေသည်ကို ဖုံးကွယ်ရန်အတွက် လင်းချီက

နွယ်ပင်ကို လေ့လာရန် လှည့်လာသည်။

“ဒါက မျိုးနွယ်စုဝင်တွေလုပ်ထားတဲ့ ထောင်ချောက်လား”

“မထင်ပါဘူး…” မြင့်မြတ်သော အပျိုစင်သည် ထောင်ချောက်ကို သေချာကြည့်ကာ အနည်းငယ် မသေမချာ ပြောသည်။

ခဏအကြာတွင်၊ မြင့်မြတ်သော အပျိုစင်က ရုတ်တရက် သေချာသွားဟန်ဖြင့် ပြောလိုက်၏။ “ဒါက မျိုးနွယ်စုဝင်တွေလုပ်ထားတာ သေချာပေါက် မဟုတ်ဘူး”

"ဘယ်လိုဖြစ်လို့ အရမ်းသေချာနေတာလဲ?"

“ကြည့်” သစ်ပင်ရဲ့ အမြစ်မှာ ချည်ထားတဲ့ ကြိုးကို ညွှန်ပြသည်။ "ကျွန်မတို့မျိုးနွယ်စုက ဒီလိုထောင်ချောက်မျိုးကို မကြာခဏ စီစဉ်တတ်တယ်ဆိုပေမယ့် ကြိုးထုံးချည်နည်းကို ဘုန်းတော်ကြီးက သင်ပေးထားတာ၊ ဆိုလိုတာက ကျွန်မတို့ မျိုးနွယ်စုထဲက မုဆိုးတွေက ထုံးနည်းတစ်နည်းပဲ သိတယ်"

မြင့်မြတ်သော အပျိုစင်သည် ကြိုးထုံးကို ဖြေရန် အားထုတ်လိုက်သည်။ “ဒီလို ချည်နှောင်တာမျိုးကို တစ်ခါမှ မတွေ့ဖူးဘူး။"

လင်းချီ ခဏလောက်စဉ်းစားပြီး ပြောသည် “လက်ရှိသဲလွန်စတွေအရ ဒီကျွန်းပေါ်မှာ ပုန်းကွယ်နေတဲ့ လူသားနဲ့တူတဲ့ ဉာဏ်ရည်ဉာဏ်သွေးရှိ သတ္တဝါအုပ်စုတစ်ခု ရှိတယ်။ သူတို့က အမဲလိုက်တဲ့နေရာမှာ ထူးချွန်ပြီး သဘာဝအားဖြင့် ကြမ်းတမ်းတယ်။ ဒါပေမယ့် သူတို့က ဘာလို့ အော့ခ်တွေကို ဖမ်းရတာလဲ။"

သူ အဲဒါကို နားမလည်နိုင်ပေ။ "သားကောင်ဖမ်းနေတာလား။ ဒါမှမဟုတ် သူတို့က ငါတို့ကို ကျူးကျော်သူတွေလို့ထင်ပြီး နှိမ်နင်းချင်နေတာလား။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ဘာလို့ လူအချို့ကိုပဲ ဖမ်းသွားရတာလဲ။”

သူ အဲ့ဒါကို အဖြေမထုတ်နိုင်ပေ။

••••••••

All Chapters