← Chapters

(နောင်တ)

Vol. 9 Ch. 91

(နောင်တ)

Vol. 9 Ch. 91

သာမာန်လူတစ်ယောက်၏ အတွေးအမြင်အရ တိုက်လျှင်တိုက် မဟုတ်လျှင်သတ်ပစ်မည်ဖြစ်သည်။ လူလုံးမပြဘဲ ဖမ်းထားခြင်းက ဘာသဘောလဲ။

နားမလည်နိုင်ဘူး!

ရုတ်တရက် လင်းချီ သူ့အား မအီမသာအန်ချင်သွားစေသည့် ကြောက်မက်ဖွယ်ဖြစ်နိုင်ချေကို တွေးလိုက်မိသည်။

မြင့်မြတ်သော အပျိုစင်နှင့် မဟူရာဘုရင်က လင်းချီ၏ ရုတ်တရက် ဖြူဖျော့သွားသော မျက်နှာကို ကြည့်လိုက်သည်။ "မင်းဘာတွေတွေးနေတာလဲ"

“ဘာကြောင့် သူတို့ မျိုးနွယ်စုဝင်တွေကို ဖမ်းချင်ကြတာလဲဆိုတာ ငါ မှန်းဆလို့ရသွားသလိုပဲ” လင်းချီမှာ အော့အန်ချင်စိတ်ကို ထိန်းချုပ်ရန် ခေါင်းငုံ့လိုက်ရသည်။

"ဘာလဲ? မြန်မြန်ပြောကြည့်!” မြင့်မြတ်သော အပျိုစင်သည် သေလုမတတ် စိတ်ပူနေ၏။

လင်းချီ ဘာမှပြန်မပြောဘဲ ကြီးမားသောအရိုးစုရှိရာ

ဆီသို့ ကြည့်ရန် ခေါင်းကိုလှည့်လိုက်သည်။

မဟူရာဘုရင်က ထိုအခြင်းအရာကိုကြည့်ပြီး တစ်ခုခုကို ရုတ်တရက် သဘောပေါက်သွားသည်။ သူက လေးနက်သောမျက်နှာထားဖြင့် ရေရွတ်မိလိုက်၏။ “လူသားစားတာလား? ရွံစရာကောင်းလိုက်တာ!”

မြင့်မြတ်သော အပျိုစင်သည် သူတို့ဘာတွေကြည့်နေသည်ကို မသိသော်လည်း မဟူရာဘုရင်၏ပါးစပ်မှ 'စား' ဟူသော စကားလုံးကို သူမ မသိမသာ ကြားလိုက်ရသည်။

သူမမျက်နှာ ချက်ချင်းဖျော့တော့သွားကာ ဘေးသို့ပြေးသွားပြီး နံရံကို ထောက်ကာ အော့အန်တော့သည်။ ခဏအကြာတွင် သူမ ပြန်လည်ကောင်းမွန်လာကာ တုန်ရီနေသော ခန္ဓာကိုယ်ဖြင့် ပြန်လျှောက်လာခဲ့သည်။ "ဒါက တတယ်ဖြစ်လာမှာလား?"

လင်းချီကတော့ မှတ်ချက်မပေး။

သူ့အရင်ဘဝတုန်းက လင်းချီသည် သည်းထိတ်ရင်ဖို

ရုပ်ရှင်တွေကို နှစ်သက်ခဲ့သည်။ သူ့အနှစ်သက်ဆုံး စုံထောက်တစ်ယောက်က ပြောဖူးသည်။ “အရင်ဆုံး မဖြစ်နိုင်တဲ့ ကောက်ချက်တွေကို ရှင်းပစ်ရမယ်။ ဒါဆိုရင် ကျန်တာတွေက ဘယ်လောက်ပဲ ထူးဆန်းပြီး မယုံနိုင်စရာဖြစ်နေပါစေ ငြင်းလို့မရတဲ့ အမှန်တရားပဲ ဖြစ်ရမယ်။”

ယခုအချိန်အတွင်း တစ်ဖက်လူမှ လုပ်ဆောင်ခဲ့သည့်အရာများကိုကြည့်လျှင် လူသားစားခြင်းသည် လက်ခံရန် မည်မျှပင်ခက်ခဲစေကာမူ တစ်ခုတည်းသော ဖြစ်နိုင်ခြေဖြစ်သည်။

လင်းချီ ခဏလောက်စဉ်းစားပြီးမှ ပြောသည်။ “ထောင်ချောက်ကို အသက်သွင်းပြီးပြီဆိုတော့ အဲ့လူ စစ်ဆေးဖို့ ရောက်လာနိုင်တယ်။ ငါတို့ အခုဒီမှာစောင့်နေရုံပဲ”

သူသည် မြင့်မြတ်သော အပျိုစင်ကို ပြန်၍ကြည့်၏။ "မင်း မြန်မြန်ပြန်သင့်တယ်။ ဒီမှာ အရမ်းအန္တရာယ်များတယ်။"

"မပြန်ဘူး!" မြင့်မြတ်သော အပျိုစင်က ငြင်းသည်။

“တကယ်တမ်းကျ ကျွန်မက အော့ခ်မျိုးနွယ်ရဲ့ သူတော်စင်မိန်းမပျိုလေ ကျွန်မကို သာမန်မိန်းမတစ်ယောက်လို့မြင်ရင် ရှင်မှားသွားလိမ့်မယ်။"

ထို့နောက် သူမဘေးနားရှိ သစ်ပင်ကို ထိုးလိုက်ရာ အပေါက်ကြီးတစ်ခု ဖြစ်သွားသည်။

လင်းချီ ပြောစရာ စကားမရှိတော့ချေ။

သူမက လက်ခံလာအောင် ဆက်ပြီးပြောသည်။ “ကျွန်မ အခုပြန်သွားရင်း လမ်းမှာ သူတို့ဆီ မိသွားရင် ဘယ်လိုလုပ်မလဲ”

လင်းချီ သဘောတူရုံမှလွဲ၍ ရွေးချယ်စရာမရှိပေ။ တကယ်တော့၊ မြင့်မြတ်သော အပျိုစင်က စွမ်းအားကြီးသည်ဖြစ်စေ မကြီးသည်ဖြစ်စေ အသုံးမဝင်ပါ။ သူမကို စခန်းသို့ တစ်ယောက်တည်း ပြန်သွားခွင့်မပြုနိုင်။ လမ်းမှာ တစ်ခုခုဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲ။ ထိုအခါမှ သူ နောင်တအကြီးအကျယ်ရနေလိမ့်မည်။

..

စခန်းတွင် ယွီမုန့်နဲ့ လူသာသည် လင်းချီနဲ့ မဟူရာဘုရင်အား ရှာမတွေ့တာကို သတိပြုမိလိုက်သည်။ လင်းချီသည် သဲလွန်စရှာရန် တောထဲသို့ သွားနိုင်သည်ဟု သူတို့ ခန့်မှန်းကြသည်။

သူတို့ လင်းချီ၏ ခိုးကြောင်ခိုးဝှက်သွားခြင်းကို ဆူပူကြိမ်းမောင်းရင်း လင်းချီနှင့် မဟူရာဘုရင်ကို ရှာဖွေရန်အတွက် တောထဲသို့သွားရန် အစီစဉ်ဆွဲလိုက်ကြသည်။

သို့သော်လည်း သူတို့စခန်းမှ မထွက်ခွာမီတွင် မြင့်မြတ်သော အပျိုစင်လည်း ထွက်သွားကြောင်း အော့ခ်များထံမှ ကြားသိခဲ့ရသည်။

ယွီမုန့်၏ မျက်နှာသည် ချက်ချင်း အေးစက်သွားသည်ကို လူသာ သတိပြုမိသည်။ သူမ လှည့်၍ လာရာလမ်းအတိုင်း ပြန်သွားခဲ့သည်။

လူသာက မေးသည်။ “ဘာဖြစ်လို့လဲ၊ ငါတို့ သူတို့ကို လိုက်ရှာမှာ မဟုတ်ဘူးလား"

ယွီမုန့်က ခေါင်းပင်မလှည့်လာဘဲ ပြောသည်။ “မဟုတ်ဘူး! အပြင်မှာပဲ သေသွားပါစေ။"

. .

သေချာပေါက် ယွီမုန့်တစ်ယောက် အခြေအနေကို နားလည်မှုလွဲသွားပြန်ပြီဆိုတာ လူသာမသိခဲ့ပေ။ ထိုအချိန်တွင် လင်းချီသည် သစ်ပင်ပေါ်တွင် ဇောက်ထိုး တွဲလောင်းကျနေသည်။

သူတို့ထဲမှ တစ်ယောက်ကို ငါးစာအဖြစ် အသုံးပြုရန် ကြံစည်ခဲ့ကြပြီး ကျန်နှစ်ဦးမှာ ချုံခိုနေခဲ့ကြသည်။

အစပိုင်းမှာတော့ လင်းချီက မဟူရာဘုရင်ကို ငါးစာအဖြစ် အသုံးချချင်ပေမယ့် မဟူရာဘုရင်က ဆန္ဒမရှိ။ မဟူရာဘုရင်က ပိုစားတာကြောင့် အလုပ်ပိုလုပ်ရမယ်လို့ လင်းချီ ပြောခဲ့သည့်အတွက် သူတို့နှစ်ယောက် ရန်ဖြစ်ခဲ့ရသေးသည်။

မြင့်မြတ်သော အပျိုစင်က ရုတ်တရက် မေးသည်။ “ကျွန်မဘာလို့ မလုပ်ရတာလဲ!”

လင်းချီ သူ့လက်ကို ဖြောင့်မှန်စွာ ဝှေ့ယမ်းပြီး

"မိန်းကလေးတစ်ယောက်ကို ငါးစာဖြစ် ဘယ်လိုထားလို့ရမလဲ။ မင်းသွားမယ်ဆိုရင် ငါပဲသွားလိုက်မယ်!"

ထို့နောက်...

မဟူရာဘုရင်က ပြောသည်။ "သဘောတူတယ်!"

မြင့်မြတ်သော အပျိုစင်ကလည်း ပြောသည်။ “ကျွန်မလည်း သဘောတူတယ်!”

ထိုကဲ့သို့ပင် လင်းချီမှာ သစ်ပင်ပေါ်တွင် ဇောက်ထိုးချိတ်ဆွဲခံလိုက်ရသည်။ သူ့ အင်္ကျီလက်ထဲတွင် ဓားမြှောင်တစ်ချောင်းကို ဝှက်ထားသည်။ တစ်ခုခုဖြစ်ခဲ့ရင် ကြိုးကို တတ်နိုင်သမျှ မြန်မြန်ဖြတ်နိုင်မည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူသည် သူ၏လက်ဖဝါးထဲတွင် စွမ်းအင်ပေါက်ကွဲ အမဲသားလုံးနှစ်လုံးကို ဝှက်ထားသည်။

အချိန်အတော်ကြာအောင် စောင့်ပြီးသောအချိန်တွင် လင်းချီ၏ခေါင်းထဲတွင် သွေးများစုပုံလာသည်။ သူ

သတိလစ်တော့မည်။

နောက်ဆုံးတော့ ခြေသံကို အဝေးကနေ ကြားလိုက်ရ၏။ ကြီးမားသော အသွင်အပြင်တစ်ခု ဖြတ်လျှောက်လာသည်။ အရိပ်ထဲမှ ထွက်လာသောအခါ လူတိုင်း နောက်ဆုံးတွင် ၎င်း၏ မျက်နှာအစစ်ကို မြင်လိုက်ရသည်။

၎င်းသည် လူပုံသဏ္ဍာန်ဖြစ်သော်လည်း ပို၍ကြီးမားသည်။ အနည်းဆုံး ခုနစ်ပေမြင့်သည်။ ဆံပင်မရှိ၊ မျက်ခုံးမရှိ။ ဦးခေါင်းတစ်ခုလုံး ပြောင်နေပြီး အနံ့ဆိုးများထွက်နေသည်။

သူ့တွင် မျက်လုံးတစ်လုံးတည်းရှိသည်!

ဧရာမလူကြီးသည် လည်ပင်းမရှိ၊ ထို့ကြောင့် ခေါင်းမလှည့်နိုင်ပေ။ လည်နေသော မျက်လုံးကြီးတစ်ခုသာ ရှိသည်။

ထိုမျက်လုံးက သူ့ကို စိုက်ကြည့်နေတာကို လင်းချီ ခံစားမိနေသော်လည်း ထိုအကောင်ကြီးမှာ မလှုပ်ရှားလာခဲ့ချေ။

အဲ့ဒီအစား ၎င်းက နေရာတွင်ရပ်ကာ ပါးစပ်ကြီးအား ဖွင့်လိုက်သည်။ သွားတိုင်းသည် ချွန်ထက်နေပြီး သွားများပေါ်တွင် သွေးများစွန်းနေပုံရသည်။ ထိုအခိုက်တွင် ၎င်း၏ပုံစံမှာ အလွန်ရက်စက်ပုံပေါ်နေသည်။

လင်းချီ မွေးညင်းများထောင်ထလာသည်။ သူ့လက်ထဲက အသားလုံးတွေကို လွှင့်ပစ်ခါနီးမှာ ဧရာမ လူကြီးက အရိပ်တွေသို့ ဖြည်းဖြည်းချင်း ဆုတ်ခွာသွားပြီး တဖြည်းတဖြည်း ထွက်ခွာသွားတာကို တွေ့လိုက်ရ၏။

သူတို့ ဘာသံမှ မကြားနိုင်တော့သောအခါ မဟူရာဘုရင်နှင့် မြင့်မြတ်သော အပျိုစင်သည် ချုံထဲမှ ထွက်လာပြီး လင်းချီကို အောက်သို့ ချလိုက်သည်။

လင်းချီသည် မဟူရာဘုရင်ကိုကြည့်လိုက်သည်။ မဟူရာဘုရင်၏ ပုံစံမှာ ရွံရှာနေပုံပေါ်သည်။ "ဘာလို့လဲ? မင်းသူ့ကိုသိလား?"

"အင်း...သိတယ်၊ သူက ကြယ်ကိုးပွင့်လူသားစား

ကောင်။ ညစ်ပတ်တဲ့ သတ္တဝါ!" မဟူရာဘုရင် တံတွေးထွေးလိုက်သည်။

လင်းချီနှင့် မြင့်မြတ်သော အပျိုစင်တို့သည် မေးခွန်းများ ပြည့်နှက်နေသည်။ "ကြယ်ကိုးပွင့် လူသားစားကောင်ဆိုတာ ဘာလဲ"

“ဧရာမဘီလူးအမျိုးသမီးတွေနဲ့ လူသားအမျိုးသားတွေကနေ ပေါက်ဖွားလာတဲ့ မျိုးစိတ်တွေ။ သူတို့က ဧရာမဘီလူးတွေရဲ့ ရက်စက်မှုနဲ့ လူသားတွေရဲ့ ကောက်ကျစ်မှုကို အမွေဆက်ခံထားကြတာ၊ သူတို့က သူတို့ရဲ့ အဖေတွေကို စားဖို့မွေးဖွားလာတာကြောင့် သူတို့ကို လူသားတွေနဲ့ ဧရာမဘီလူးတွေပါ သည်းမခံနိုင်ကြဘူး။"

“သူတို့မှာ ချွေးဂလင်းတွေ မရှိတဲ့အတွက် ရွှံ့ထဲမှာ အိပ်ရတာ ကြိုက်တယ်။ ငါတို့ အကြိမ်ပေါင်းများစွာ ရှာပြီးတာတောင် ခြေရာ မတွေ့ခဲ့ရတာ အံ့သြစရာမရှိတော့ဘူး"

“ဒီသတ္တဝါတွေက အထူးသဖြင့် လူပုံသဏ္ဍာန်ရှိတဲ့ သတ္တဝါတွေကို စားရတာ ကြိုက်တဲ့အတွက် သူတို့

ကို လူသားစားတွေလို့ ခေါ်တာ"

ထိုစကားကိုကြားသောအခါ လင်းချီ၏ဆံပင်များ ထောင်သွား၏။ မျိုးစပ်တွေ? သူတို့ရဲ့ လူသားဖခင်ကို စားကြတယ်တဲ့လား?

"သူတို့က လူသားတွေကနေ မွေးဖွားလာကြတာ ဘာကြောင့် လူသားတွေကို စားချင်ကြတာလဲ" မြင့်မြတ်သော အပျိုစင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

မဟူရာဘုရင်က ခဏလောက် စဉ်းစားပြီး ရှင်းပြတယ် “ဒဏ္ဍာရီမှာတော့ ဒါဟာ သွေးမျိုးဆက်ကိစ္စလို့ ပြောကြတယ်။ သူတို့က ဘီလူးကြီးတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုကို အမွေဆက်ခံခဲ့ကြပေမဲ့ အသိတရား၊ ခံစားနိုင်စွမ်းတွေမရှိဘူး၊ လူသားတွေရဲ့ ကောက်ကျစ်မှုကို ဆက်ခံခဲ့ပေမယ့် ကျိုးကြောင်းဆင်ခြင်တွေးတောနိုင်စွမ်းမရှိပြန်ဘူး ဒါ့ကြောင့် ခန့်မှန်းချက်တွေကတော့ လူသားတို့အပေါ်ထားတဲ့ သူတို့ရဲ့စွဲလမ်းမှုက မတူတဲ့ဆန္ဒတစ်မျိုးအဖြစ်နဲ့ ပြောင်းသွားတယ်လို့ ပြောကြတယ်"

“အဲဒီသတ္တဝါတွေ မျိုးသုဉ်းသွားပြီလို့ ငါထင်ခဲ့တာ။ ဒီစောက်ကျိုးနည်းကျွန်းမှာ ကြယ်ကိုးပွင့် လူသားစားကောင်တွေ ရှိမယ်လို့ မမျှော်လင့်ထားဘူး ဘယ်လောက်ကံဆိုးလိုက်လဲ!" မဟူရာဘုရင်က ကံဆိုးခြင်းတွေကို မောင်းထုတ်လိုက်သလိုမျိုး မြေပြင်ပေါ် ထပ်မံ တံထွေးထွေးချလိုက်သည်။

လင်းချီသည် မြင့်မြတ်သော အပျိုစင်ကို ကြည့်လိုက်သည်။ “ကျန်တဲ့ မျိုးနွယ်စု ရှစ်ယောက်ကတော့ .... အစားခံလိုက်ရပြီထင်တယ်”

ထိုစကားကိုကြားသောအခါ မြင့်မြတ်သော အပျိုစင်သည် စိတ်ထဲတွင်ဝေခွဲမရနိုင်ရှိသည်။ ဝမ်းနည်းရမည်လား၊ ရွံရှာရမည်လား မသိတော့...

လူသားစားများသည် ပါးနပ်လွန်းသည်။ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု သူတို့ ခံစားမိကြပြီး လင်းချီကို မတိုက်ခိုက်ကြခြင်းဖြစ်သည်။

ဒီမှာ ဆက်နေရင်လည်း အသုံးမဝင်တော့ပေ။ စခန်းကိုပြန်ပြီး ရေရှည်စီမံချက်ချတာက ပိုကောင်းမည်။

လမ်းတွင် လင်းချီသည် ကြယ်ကိုးပွင့် လူသားစား

များအကြောင်း တွေးနေသေးသည်။ “ဒီလူသားစားမျိုးတွေ အများကြီးရှိလား” ဟု မဟူရာဘုရင်ကို မေးသည်။

မဟူရာဘုရင်က ခဏလောက်စဉ်းစားပြီး “မဖြစ်နိုင်ဘူး။ သူတို့ရဲ့ အမျိုးအနွယ်နဲ့ ပတ်သက်တဲ့ ပြဿနာတချို့ ရှိတာမလို့ သူတို့က ဧရာမနဂါးမျိုးနွယ်နဲ့ တူတယ်။ မျိုးပွားဖို့က အရမ်းခက်တယ်။”

လင်းချီ ခေါင်းညိတ်လိုက်သည်။ အများကြီးမရှိသရွေ့ တော်သေးတာပေါ့!

••••••••

All Chapters